1970 ခုနှစ်မှလှပသောအရံဇာတ်ကေ...

Por Doh_Clover

148K 15.9K 84

Paid GP 5လပိုင်း 20 တွင် စပါမည်။ Más

Description
Chapter 1
Chapter 2
Paid GP
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Paid
1st Anniversary
1st
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Promotion
Chapter 23
Chapter 24 - 1
Chapter 24 - 2
Chapter 26 -1
Chapter 25
Chapter 26-2
Chapter 27
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
promotion
Chapter 30
Chapter 30-2
Chapter 31
Chapter 32
Chapter 33
Chapter 34-1
Chapter 34-2
Chapter 35-1
Chapter 35-2
Chapter 36
Chapter 37
Chapter 37.2
Chapter 38
Chapter 39
Promotion
Noti
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52.1
Chapter 52.2
Chapter 53
Chapter 54
Chapter 54.2
Chapter 56
Chapter 57
Chapter 58
Chapter 58.2
Chapter 59
Chapter 60
Chapter 60.2
Chapter 61
Chapter 62
Chapter 62.2
Chapter 63
Chapter 64
Chapter 64.2

Chapter 55

786 101 0
Por Doh_Clover

Chapter 55
July 26, 2023 by Yamin Aung
အပိုင်း - ၅၅

ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ ရေချိုးခန်းအတွင်းကနေ ထွက်လာကြသည့်အချိန်မှာ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့လည်း အပေါ်ထပ်ကနေ‌ အောက်ကိုဆင်းလာကြပြီဖြစ်သည်။

သူတို့လေးယောက်သား ထမင်းစားဝိုင်းမှာ ပြန်ထိုင်ပြီးတာနဲ့ ယွမ်ဟောင်ဂျန်က သူ့အဖေဘက်ကို လှည့်ကာ
"အဖေ၊ ဒီရက်ပိုင်း ကျွန်တော်လိမ္မာနေတယ်နော်။ အဲ့တော့ အဝတ်အစားအသစ်လေးများ ဝယ်မပေးချင်ဘူးလား"
ဟု မေးလိုက်၏။

ယွမ်ချန်းဖူလည်း ယွမ်ဟောင်ဂျန်အား ‌မျက်လုံးလှည့်ကြည့်ရင်း
"ဘယ်ရက်တွေကများ လိမ္မာသွားတာတုန်း"
ဟု ပြန်မေးလိုက်၏။

ယွမ်ဟောင်ဂျန် : ".........."

ဟု မေးလိုက်၏။

ယွမ်ချန်းဖူ၏အကြည့်က ယွမ်ချူးယန်ထံကျရောက်သွားကာ
"မေးရဲတယ်နော်။ ဒီရက်ပိုင်း အိမ်မှာ ပြဿနာအရှာဆုံးလူက နင်နော်။ ဟောင်ဂျန်ထက်တောင်မှ ပြဿနာပိုရှာလိုက်သေးတယ်။ ဒါကိုတောင်မှ အဝတ်အစားအသစ် ရချင်သေးတာလား"
ဟု ပြောလိုက်သည်။

ယွမ်ချူးယန်လည်း ခေါင်းငုံ့ကာ
"ယွမ်ရိနဲ့ယွမ်ကျဲကျတော့ရော သူတို့က မနက်တုန်းက အဖေ့ကိုဒေါသထွက်အောင်လုပ်ခဲ့တာလေ။ ဒါကိုတောင်မှ သူတို့အတွက်ကျ အဝတ်အစားအသစ်တွေ ဝယ်ပေးတာကို"
ဟု မကျေမနပ်ဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။
ယွမ်ချန်းဖူက ယွမ်ချူးယန်၏ရေရွတ်သံကို ကြားလိုက်ရတာမို့
"ယွမ်ရိက ငါ့ကိုဘဲ ဒေါသထွက်စေတာလေ။ အဲ့တာကလွဲပြီး တခြား ဘာပြဿနာကိုများ သူမက ဖြစ်စေခဲ့လို့လဲ"
ဟု ပြန်မေးလိုက်၏။
သူမအဖေထံမှ ထိုကဲ့သို့ကြားလိုက်ရတာမို့ မယုံနိုင်ဖြစ်သွားကာ
"အဖေ့ အကြောင်းပြချက်ကြီးကလည်း............."
ဟု အော်ပြောလိုက်၏။

ဒါပေမယ့် ယွမ်ချန်းဖူ၏အကြည့်ထဲကနေ ဒေါသတရားကို ခံစားမိလိုက်တာမို့ သူမ၏လေသံဟာနောက်ဆုံးမှာ တိမ်ဝင်သွားခဲ့သည်။

ထို့နောက် ဘာမှ ဆက်မပြောတော့ဘဲ ညစာကိုဘဲ ပြီးအောင်စားလိုက်တော့သည်။ ဒါပေမဲ့ သူမစိတ်ထဲမှာတော့ ဒေါသတရားတွေပြည့်လို့နေ၏။

ညစာစားပြီးတာနဲ့ အပေါ်ထပ်ကိုမြန်မြန်တက်လာကာ အခန်းထဲဝင်လိုက်၏။ ပြီးတာနဲ့ နေ့ခင်းတုန်းက ဆရာမမှာလိုက်သည့် သင်္ချာပုစ္ဆာအားဆယ်ခေါက် ကူးရေးရမည့်အိမ်စာအား စတင်လုပ်တော့သည်။


သူမတို့ကုတင်ပေါ်မထိုင်ခင်မှာဘဲ အပြင်ကနေ အခန်းတံခါးခေါက်သံကိုကြားလိုက်သည်။ ဒါ့ကြောင့် ယွမ်ရိသွားဖွင့်လိုက်သည့်အခါ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်ကို သူမတို့၏အခန်းတံခါးရှေ့မှာတွေ့လိုက်ရသည်။

"အမ ခုနက အထုပ်‌ထဲ ဘာတွေပါတာလဲဟင်။ ခုနကတုန်းက သေချာမကြည့်လိုက်ရလို့"
ယွမ်ရိလည်း အပေါက်ဝမှာ ပိတ်ရပ်ထားတာကို ဖယ်ပေးလိုက်ပြီး
"ဝင်ခဲ့ကြလေ"
ဟု ပြောလိုက်၏။

ရဲ့ဖန်က ယွမ်ဟောင်ဂျန်လို စပ်စုစိတ်မဖြစ်မိပေမယ့် သိချင်စိတ်တော့ရှိနေတုန်းပင်။ ဒါ့ကြောင့် ယွမ်ဟောင်ဂျန်နဲ့အတူ ယွမ်ရိ၏အခန်းထဲကို ဝင်လာခဲ့ကြ၏။

အခန်းထဲကိုရောက်တာနဲ့ သူတို့မောင်နှမတွေဟာ သူတို့အဖေ ယွမ်ရိအတွက် ‌ဝယ်ပေးသည့် အထုပ်ကြီးကို ဖွင့်ဖောက်ကြည့်ကြတော့သည်။

ယွမ်ဟောင်ဂျန်က ဝတ်စုံအသစ်ကို ကိုင်ထားပြီး ရနံ့ကိုရှူရှိုက်ကြည့်လိုက်ကာ
"ဝါးးးး ဒါအသစ်နံ့လေးတွေ သင်းပျံ့နေတာဘဲ"

ရဲ့ဖန်လည်း ယွမ်ဟောင်ဂျန်၏ခေါင်းကို တချက်လောက်ပုတ်လိုက်ပြီး
"အဲ့လောက်ကြီးကျတော့ ချဲ့ကားလွန်းသွားပြီကွ"

ယွမ်ဟောင်ဂျန်က သူ့ခေါင်းကို လက်ဖြင့်ပွတ်ကာ
"ဘာမှ ချဲ့ကားတာမဟုတ်ဘူးကွ။ အကယ်၍ ဒီဝတ်စုံဟာ မိန်းကလေးဝတ်မဟုတ်ခဲ့ရင် အမယွမ်ရိဆီကနေ နှစ်ရက်လောက်ငှားပြီးတော့ကို ဝတ်ပစ်လိုက်ချင်တာ"
ဟု ပြန်တုံ့ပြန်လိုက်သည်။

သူတို့ညီအကိုနှစ်ယောက်ဟာ ယွမ်ရိတို့၏အခန်းအတွင်း ခဏမျှနေပြီးသည့်နောက် အပြင်ကို ပြန်ထွက်လာကြသည်။ ဒါပေမယ့် အောက်ထပ်ကို ချက်ချင်းမဆင်းသေးဘဲ ရဲ့ချူးဝမ်တို့၏အခန်းတံခါးကို ယွမ်ဟောင်ဂျန် သွားခေါက်လိုက်၏။
ရဲ့ချူးဝမ်လည်း တံခါးခေါက်သံကြောင့် တံခါးသွားဖွင့်လိုက်သည့်အခါ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်ကို တွေ့လိုက်ရတာကြောင့်
"ဘာပြောမလို့လဲ"
ဟု မေးလိုက်သည်။

ယွမ်ဟောင်ဂျန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ရဲ့ချူးဝမ် : "................"
'ဒီခပ်တုံးတုံးကောင်ကတော့'


တစ်ဖက်မှာတော့ ယွမ်ကျဲက ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့ အခန်းထဲက ထွက်သွားတာနဲ့ ဝတ်စုံအသစ်အား စမ်းဝတ်ကြည့်၏။
ယွမ်ရိကတော့ ဝတ်စုံတွေကို ဝတ်မကြည့်ခဲ့ဘဲ ကျောင်းသုံးစာအုပ်တွေ စုံလင်ခြင်းရှိမရှိကိုသာ စစ်ဆေးနေခဲ့သည်။

ယွမ်ကျဲက ဝတ်စုံအား ဝတ်ကြည့်ပြီးတာနဲ့ ယွမ်ချူးရွယ်အား
"ဘယ်လိုလဲ။ ဒီဝတ်စုံနဲ့ ငါကြည့်လို့ကောင်းသလား"

ယွမ်ချူးရွယ်က ခေါင်းညိတ်ကာ
"အရမ်းကြည့်ကောင်းတယ်။ အမရှောင်ကျဲနဲ့ လိုက်တယ်"
ဟု ချီးမွမ်းလိုက်သည်။

ယွမ်ကျဲလည်း ပြုံးလိုက်ပြီး ဝတ်စုံကို ချွတ်ကာ
"ရော့ နင်ရော ဝတ်ကြည့်လေ"
ဟု ပြောရင်း ဝတ်စုံကို ယွမ်ချူးရွယ်အား ပေးလိုက်၏။

ယွမ်ချူးရွယ်က ခေါင်းယမ်းကာ
"အမဝတ်စုံက ညီကခန္ဓာကိုယ်နဲ့ယှဉ်ရင် အရမ်းကြီးနေတယ်။ ညီမဝတ်လို့အဆင်မပြေဘူး"
ဟု ပြောကာ ငြင်းလိုက်၏။

ပြီးတာနဲ့သူမက အခြားသော ပစ္စည်းတွေကို ‌လျှောက်ကြည့်၏။ သူမက အထုပ်အပိုးအတွင်းမှ ရေခွက်အသစ်တစ်လုံးအား ကောက်ယူလိုက်ကာ
"ဒါတွေကို အဖေတစ်ယောက်တည်း သွားဝယ်တာတော့ မဟုတ်လောက်ဘူး၊ အမေရော ပါလောက်တယ်နော်"
ဟု ခန့်မှန်းလိုက်သည်။

ယွမ်ရိက
"အင်း။ အဲ့လိုဖြစ်ရင်လည်း ဖြစ်မှာပေါ့"
ဟု ပြန်ပြောလိုက်၏။

ယွမ်ချူးရွယ်က ရေခွက်အား စားပွဲပေါ်မှာတင်ကာ ယွမ်ရိကိုကြည့်လျက်
"အမ နင်က အရမ်းမိုက်တာဘဲ"
ဟု တလက်လက်တောက်ပနေသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

ယွမ်ရိက
"ဘာကို မိုက်တာလဲ"

"အမကလည်း မိုက်တာဆိုတာက မိုက်တာဘဲပေါ့"
ယွမ်ချူးရွယ်က ရှင်းမပြတတ်သဖြင့် စကားကို ခပ်တိုတိုဖြင့်ဖြတ်လိုက်၏။

တကယ်တော့ ယွမ်ချူးရွယ်က ယွမ်ရိအနေနဲ့ မိဘတွေအပေါ်မှာ ဒေါသတွေထွက်အောက်လုပ်ဆောင်ထားတာတောင်မှ ဝတ်စုံအသစ်တွေ၊ ပစ္စည်းအသစ်တွေ ဝယ်ပေးသဖြင့် မိုက်တာဘဲဟု ပြောခြင်းဖြစ်ပေသည်။

ထို့နောက် မိုးလည်းချုပ်နေပြီဖြစ်သဖြင့် ယွမ်ချူးရွယ်လည်း သူမအခန်းကိုသူမပြန်သွားကာ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း အိပ်စက်လိုက်ကြတော့သည်။

နောက်ရက်မနက်ရောက်တာနဲ့ သူမတို့ဟာအိပ်ရာကနေ စောစောထကာ မနက်စာစားခဲ့ကြ၏။ ပြီးတာနဲ့ကျောင်းကို ထွက်လာခဲ့ကြတော့သည်။

ဒီနေ့က စနေနေ့ဖြစ်တာမို့ ဒီနေ့အတန်းပြီး မနက်ဖြန် တနင်္ဂနွေနေ့ရောက်တာနဲ့ ကျောင်းတစ်ရက်ပိတ်မှာဖြစ်သည်။

‌မနေ့တုန်းက ပဉ္စမတန်းမှာ ဝင်ရောက်သင်ကြားပြီးသည့်နောက် ယွမ်ကျဲအတွက် အခက်အခဲမရှိဘူးဟု ယူဆမိကာ ယွမ်ရိက မူလတန်းကိုမသွားတော့ဘဲ အလယ်တန်းကျောင်းကိုဘဲ တန်းလာခဲ့သည်။

ဒါပေမယ့် တကယ်တော့ စာသင်နှစ်ကနှစ်ဝက်ကျိုးနေပြီဖြစ်ကာ သင်ခန်းစာတွေကလည်း တော်တော်လေးရှေ့ရောက်နေပြီဖြစ်သည့်အတွက် ယွမ်ကျဲတစ်ယောက် အခက်အခဲတချို့ကို ကြုံတွေ့နေရ၏။

ဒါ့ကြောင့် ညနေကျောင်းဆင်းချိန် အိမ်ပြန်လမ်းမှာ ယွမ်ကျဲက
"အမ ပဉ္စမတန်းမှာ သင်ရတာ‌က ညီမအတွက် အခက်အခဲတွေ့နေပြီ။ စာတွေက အရမ်းခက်တာဘဲ"
ဟု သူမအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

ထိုအခါ ယွမ်ရိက
"ဟုတ်လား။ အဲ့တာဆို ငါတို့ မူလတန်းသင်ခန်းစာတွေကိုဘဲ အရင်လေ့လာကြ‌တာပေါ့။ မူလတန်းစာတွေနဲ့ အခြေခိုင်ပြီဆိုမှ အလယ်တန်းကို တက်ကြမယ်"

"အမ နင်တို့ အဲ့လောက်ကြီးအထိ စိတ်နှစ်ပြီး လုပ်ဖို့မလိုပါဘူး"
ယွမ်ချူးရွယ်က ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"တကယ်တော့ ကျောင်းမှာ စာလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ အချိန်တန်လို့ကျောင်းပြီးတဲ့အခါ အဖေက အောင်လက်မှတ်တောင်းပေးမှာဘဲဟာကို"
ဟု ရှင်းပြလိုက်၏။

ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ချူးရွယ်က အမတို့ တောင်ပေါ်ဒေသမှာ မနေဖူးတော့ အမတို့ကို နားလည်မှာမဟုတ်ဘူး။ တောင်ပေါ်မှာဆိုရင် စာသင်ဖို့အတွက် စာအုပ်လုံးဝမရှိတော့ အမတို့ ကောင်းကောင်းမွန်မွန်စာသင်နိုင်တာမျိုး မရှိဘူး။ ဒါ့ကြောင့် အမတို့က အခုလိုမျိုး ကောင်းကောင်းမွန်မွန်စာသင်နိုင်တဲ့အခါမှာ ဂရုတစိုက်နဲ့ စွဲစွဲမြဲမြဲလေ့လာကြရမှာကွဲ့"
ဟု ရှင်းပြလိုက်၏။
ဆက်လက်ပြီးသူမက
"ချူးရွယ်။ အမတို့အနေနဲ့ ဘယ်လောက်တောင် ကံကောင်းတယ်ထင်လဲ။ ဒီကမ္ဘာမှာ စာသင်ချင်တာတောင်မှ သင်လို့မရတဲ့သူတွေအများကြီးဘဲ ရှိတယ်။ အမတို့ကတော့ အေးအေးဆေးဆေးလေး စာသင်နိုင်တယ်နော်။ ဒါ့ကြောင့် အခွင့်အရေးကိုအသုံးပြုပြီး သေချာတတ်အောင်သင်ရမယ်။ အဖေ့ကို အားကိုးပြီး အောင်လက်မှတ်ထုတ်ခိုင်းတာမျိုး မလုပ်ရဘူး"

ယွမ်ချူးရွယ်လည်း ယွမ်ရိ၏စကားများကြောင့် အသတိတရားရသွားကာ ရှက်ရွံ့သွားပြီး
"ဟုတ်ကဲ့အမ ညီမ နားလည်ပါပြီ"
လို့ပြောကာ ယွမ်ရိလက်ကို ကိုင်လိုက်ပြီး
"အခုက စပြီး စာကို ‌ပေါ့ပျက်ပျက်မလုပ်တော့ဘဲ အလေးအနက်ထားလုပ်ပါ့မယ်"

ထို့နောက် ညီအမသုံးယောက် လက်ချင်းတွဲလို့ အိမ်ကိုတန်းပြန်ခဲ့ကြတော့သည်။
ညဘက်ရေမိုးချိုးပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက်ဟာ မူလတန်းစာအုပ်များကို ပြန်လေ့လာခဲ့ကြသည်။ သူမတို့ဟာ အခြေခံပိုင်နိုင်အောင်လို့ အစကနေ ပြန်လေ့လာခဲ့ကြ၏။


ညီအမသုံးယောက်လုံး စာလုပ်ရာမှာဘဲဈာန်ဝင်သွား၍ မီးမှိတ်သွားသည့်အခါမှ ညဉ့်တော်တော်လေးနက်နေပြီဖြစ်တာကို သတိပြုမိလိုက်ကြတော့သည်။ ဒါ့ကြောင့် သူမတို့ဟာ စာလုပ်နေတာကိုရပ်နားလိုက်ကြပြီး အိပ်ရာဝင်ခဲ့ကြတော့သည်။

နောက်နေ့မနက်ရောက်သည့်အခါမှာ ညဉ့်နက်သည်အထိစာလုပ်ထားကြ၍ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့သုံးယောက်လုံး အိပ်ရာကနေ မိုးလင်းတာတောင်မှ မထနိုင်ခဲ့ကြပေ။

သူမတို့ဟာ ယွမ်ဟောင်ဂျန်လာနှိုးသည့်အချိန်မှဘဲ နိုးလာကြတော့သည်။ ထို့နောက် မျက်နှာသစ်ပြီး  ပြင်ဆင်စရာရှိတာများကို မြန်မြန်ပြင်ဆင်၍ အောက်ထပ်ကိုဆင်းလာခဲ့ကြတော့သည်။

ထမင်းစားဝိုင်းကိုရောက်သည့်အခါမှာ သူမတို့သုံးယောက်ကလွဲရင် လူစုံနေကြပြီဖြစ်သည်။
ယွမ်ချူးယန်ဟာ မနေ့တုန်းက ရဲ့ချူးဝမ်ပြောခဲ့သည့်စကားကြောင့် ယွမ်ရိနဲ့ယွမ်ကျဲအပေါ် စကားနာထိုးရန်စတာမျိုးမလုပ်တော့ချေ။ ဒါပေမယ့် သူမက ယွမ်ချူးရွယ်ကို ကြည့်ကာ
"ညီမလေးချူးရွယ်၊ ဒီနေ့အိပ်ရာထတာနောက်ကျတယ်နော်။ အဖေနဲ့အမေတို့က နင်တို့ဆင်းမလာသေးလို့ စောင့်နေကြရတာ"
ဟု ပြောလိုက်၏။

ယွမ်ချူးရွယ်ကတော့ ယွမ်ချူးယန်၏စကားကို ဘာတုံ့ပြန်မှုမှ မပေးခဲ့ဘဲ ထမင်းစားဝိုင်းမှာဝင်ထိုင်လိုက်၏။ ပြီးမှ ရဲ့ချူးဝမ်ကို ကြည့်ကာ
"အမ၊ ဒီတလော ထူးထူးဆန်းဆန်းရနံ့တစ်ခုကိုများ မရဘူးလား"
ဟု မေးလိုက်၏။

ရဲ့ချူးဝမ်လည်း ခေါင်းခါကာ
"မရပါဘူး"
ဟု အဖြေပေးလိုက်သည်။

ထို့နောက် သူမက မနက်စာကို လက်စသတ်ကာ ထမင်းစားဝိုင်းမှ ထသွားဖို့ပြင်လိုက်သည်။ ယွမ်ချူးယန်ကလည်း စားပြီးသွားပြီဖြစ်၍ ရဲ့ချူးဝမ်နည်းတူ ထထွက်ဖို့ပြင်၏။

ဒီအချိန်ကျမှ ယွမ်ချူးရွယ်လည်း ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့နှစ်ယောက်လုံးကို မသွားဖို့ တားလိုက်၏။ ပြီးတာနဲ့ မတ်တတ်ထရပ်ပြီး ယွမ်ချန်းဖူကိုကြည့်ကာ
"အဖေ၊ ဒီနေ့ မိသားစုအတွင်း လူစုံတက်စုံဖြစ်တုန်း ပြောစရာရှိလို့"

ယွမ်ချန်းဖူလည်း မနက်စာစားသောက်နေရာကနေ မျက်မှောင်ကြုတ်လိုက်ရင်း
"ဘာအကြောင်းလဲ"
ဟု ပြန်မေးလိုက်သည်။

ယွမ်ချူးရွယ်လည်း ယွမ်ချူးယန်၏လက်ကို သွားကိုင်လိုက်ပြီး
"ယွမ်ချူးယန်က အမချူးဝမ်ရဲ့မိတ်ကပ်တွေကို ခိုးသုံးနေတဲ့အကြောင်းလေ"
ဟု ပြောချလိုက်တော့သည်။

ထိုစကားကြောင့် ရဲ့ချူးဝမ်ဟာ ယွမ်ချူးယန်အား မယုံကြည်နိုင်ဖြစ်သွားသော မျက်လုံးများဖြင့် လှည့်ကြည့်မိလိုက်၏။

ယွမ်ချူးယန်လည်း အခုလို ဖော်ထုတ်ခံလိုက်ရတာကြောင့် ပြာပြာသလဲဖြစ်သွားကာ
"မဟုတ်ဘူး။ သမီး၊ ခိုးမသုံးဘူး။ အဲ့တာသမီး မဟုတ်ဘူး"
ဟု ငြင်းတော့သည်။

ပြီးတာနဲ့ ယွမ်ချူးရွယ်ကို ကြည့်ကာ
"ဟဲ့။ အမချူးဝမ်ရဲ့ မိတ်ကပ်ကို ငါခိုးသုံးတယ် ပြောရအောင် နင့်မှာ သက်သေ‌ရှိလို့လား"
ဟု ပြန်ရန်တွေ့လိုက်၏။

ယွမ်ချူးရွယ် ဘာမှမပြောခင်မှာဘဲ နေရာတကာဝင်ပါချင်သည့် ယွမ်ဟောင်ဂျန်က ယွမ်ချူးယန်အား
"အမချူးယန်၊ သက်သေတွေဘာတွေ လိုမနေတော့ပါဘူး။ တစ်မိသားစုလုံးက အမလိမ်နေတာမှန် သိနေကြတာဘဲဟာကို။ အမက လိမ်လို့ရှိရင် အမူအရာတွေက အရမ်းသိသာနေတဲ့ဟာကို။ အမှန်တရားကို ဝန်ခံလိုက်စမ်းပါ"
ဟု ဝင်ပြောလိုက်၏။

ဒါ့ကြောင့် ယွမ်ချူးယန်၏မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများက ယွမ်ဟောင်ဂျန်ထံ ကျရောက်သွားကာ
ဟု ခြိမ်းခြောက်လိုက်သည်။

ယွမ်ဟောင်ဂျန်ကလည်း အကြောမခံဘဲ
"နင်ကမှ ငတုံးမကြီး"
ဟု ပြန်အော်၏။
နည်းနည်းလေးမှ သေးသေးတင်မခံသည့် ယွမ်ချူးယန်ကလည်း လုံးဝမလျော့မပေးဘဲ
"နင်သာ ငတုံးကောင်ဟဲ့"

ဒီလိုနဲ့‌ မောင်နှမနှစ်ယောက် အပြန်အလှန်အော်နေကြတာကြောင့် ယွမ်ချန်းဖူကဘဲ ကြားထဲကနေ တားလိုက်ရတော့သည်။
"နှစ်ယောက်လုံး တော်ကြတော့"

ပြီးတာနဲ့ သူက ယွမ်ချူးရွယ်ကို တဖန်လှည့်ကြည့်ကာ
"ချူးရွယ်၊ သမီးရဲ့ စကားလေးတစ်ခွန်းကြောင့် သမီးအကိုနဲ့အမနှစ်ယောက် ရန်ဖြစ်ကြရတာနော်။ဒီတော့ သမီးစကားနဲ့ပတ်သက်ပြီး သမီးတာဝန်ယူရမယ်။ သမီးပြောခဲ့တာနဲ့ ပတ်သက်ပြီး သက်သေရှိလား"
ဟု မေးလိုက်၏။

ယွမ်ချူးရွယ်က ခေါင်းညိတ်ပြလိုက်ပြီး
ဟု ပြောကာ ထမင်းစားခန်းထဲကနေ ထွက်သွားတော့သည်။

ယွမ်ချန်းဖူလည်း နောက်ကနေ လိုက်သွား၏။

ရဲ့ဖန်သည်လည်း ယွမ်ချန်းဖူနောက်ကနေ အပေါ်ထပ်ကို လိုက်သွား၏။

ပါလေရာယွမ်ဟောင်ဂျန်ကတော့ အထူးတလည်ပြောစရာမလိုအောင်ပင် ‌အပေါ်ထပ်ကိုလိုက်သွားခဲ့ပါသည်။
ဖန်းရှုံးယန်ကတော့ အပေါ်ထပ်သို့ လိုက်မသွားခဲ့ဘဲ ထမင်းစားဝိုင်းမှာဘဲ ငူငူကြီးထိုင်နေကာ အတွေးများနေခဲ့၏။

သူမစိတ်ထဲမှာ ယွမ်ရိကိုခေါ်လာမိသည့်အတွက် နောင်တတွေ ရနေပြီဖြစ်သည်။ အကယ်၍ ယွမ်ရိနဲ့ယွမ်ကျဲကိုသာ တောင်ပေါ်ကနေ သွားခေါ်လာတာမျိုး မရှိခဲ့ပါက မိသားစုအတွင်း အခုလိုမျိုး ဆူပူမှုတွေ ရှိမလာနိုင်လောက်ဘူးဟုပင် သူမစိတ်ထဲ တွေးနေမိတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲကတော့ အဖြစ်အပျက်တွေကို သိပြီးသားဖြစ်နေ၍ အပေါ်ထပ်ကို တက်မလာတော့ခြင်းဖြစ်သည်။

ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်ကလည်း ထမင်းစားခန်းအတွင်း မတ်တတ်ကြီးတွေကျန်နေခဲ့၏။

နောက်ဆုံး ရဲ့ချူးဝမ်၏မျက်နှာအရောင်ဟာ အမျိုးမျိုး ပြောင်းလဲသွားပြီး ယွမ်ချူးယန်ကိုကြည့်ကာ
"ချူးယန်၊ ချူးရွယ်ပြောသလို အမရဲ့မိတ်ကပ်တွေ ယူသုံးထားတယ်ဆိုတာက အမှန်ဘဲလား"
ဟု မေးမြန်းလိုက်၏။

ယွမ်ချူးယန်ဟာ ခေါင်းကိုသာ ငုံ့ထားပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

ထိုအချိန်မှာဘဲ အပေါ်ထပ်ကို တက်သွားကြသည့် ယွမ်ချန်းဖူတို့တတွေဟာ အောက်ကိုပြန်ဆင်းလာကြ၏။ ယွမ်ချန်းဖူလက်ထဲမှာလည်း မိတ်ကပ်ဗူးနှစ်ဗူးကို ကိုင်ယူလာသည်။ ထိုထဲမှ တစ်ဗူးဟာ ယွမ်ချူးရွယ်၏ဟာဖြစ်ပြီး ကျန်တစ်ဗူးကတော့ ရဲ့ချူးဝမ်၏ဟာဘဲဖြစ်သည်။

ယွမ်ချန်းဖူက ယွမ်ချူးယန်အား မဲမှောင်နေသော မျက်နှာထားဖြင့်ကြည့်ကာ
"ယွမ်ချူးယန်၊ မင်းအမရဲ့ မိတ်ကပ်ဗူးက ဘယ့်နှယ့်ကြောင့်မို့ အများကြီး လျော့ကျသွားရတာလဲ။ အဲ့ဒီဗူးက သူတစ်ယောက်တည်း သုံးရင်တောင်မှ အခုလောက်ကြီး လျော့ကျမသွားသင့်ဘူး။ ဒီတော့ နင်၊နင့်အမရဲ့မိတ်ကပ်ဗူးကို ယူသုံးမိသလား။ မယူသုံးမိဘူးလား။ ငါ့ကို အမှန်အတိုင်းပြော"

ယွမ်ချူးယန်လည်း နောက်ဆုံးမှာ ငြင်းလို့မရတော့တာကြောင့် အတုန်တုန်အရီရီဖြင့် မျက်ရည်များစီးကျလာကာ ခေါင်းညိတ်ပြလိုက်ရတော့သည်။

ထိုအခါ ယွမ်ချူးယန်နောက်မှ ယွမ်ဟောင်ဂျန်က ရှေ့ကိုထွက်လာပြီး
ဟု ဝင်ရောက်ပြောလိုက်သည်။

ယွမ်ချူးယန်လည်း ရှိုက်ကြီးတငင်ဖြစ်နေကာ ဘာမှပြန်မပြောခဲ့တော့ချေ။

ဆက်လက်ပြီး ယွမ်ချန်းဖူက ရဲ့ချူးဝမ်ကိုကြည့်ကာ လေသံမာမာဖြင့်
ဟု အော်လိုက်၏။

သူမအဖေထံကနေ တစ်ခါမှ အခုလိုအအော်မခံရဖူး၍ ရဲ့ချူးဝမ်တုန်တက်သွားကာ မျက်ရည်များဝိုင်းလာတော့သည်။

ယွမ်ချန်းဖူက
"နင်ကရော၊ ဒီမိတ်ကပ်က နင့်မျက်နှာနဲ့ဘဲ အဆင်ပြေတာပါဆို။ ကျန်တဲ့သူတွေလိမ်းရင် ဓာတ်မတည့်တော့ ယားယံလိမ့်မယ်ဆို။ ဘာလို့ လိမ်ပြောထားရတာလဲ"

ရဲ့ချူးဝမ်လည်း ဘာမှ ပြန်မပြောနိုင်ဘဲ မျက်လုံးထဲက မျက်ရည်များသာ စီးကျလာကာ ယွမ်ချူးယန်ကဲ့သို့ ငိုယိုလိုက်ရတော့သည်။

ယွမ်ချန်းဖူလည်း သက်ပြင်းချကာ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး
"အခုချိန်က စပြီး အိမ်မှာအကုန်လုံးကို တန်းတူဆက်ဆံမယ်။ ရန်ဖြစ်တယ်ဆိုတာကို ငါမကြာချင်ဘူး။မဟုတ်ရင် ငါ့အကြောင်း ‌နင်တို့အကုန်သိသွားမယ်"
ဟု ကြိမ်းလိုက်၏။

"ယွမ်ချူးယန်၊ ငိုနေတာကို ရပ်ပြီး နင့်အမနဲ့အပေါ်ထပ်တက်ကြတော့။ အခန်းထဲကိုရောက်တာနဲ့ 'အားလုံးကို တောင်းပန်ပါတယ်' ဆိုတဲ့စာသားကို အကြိမ်တစ်ထောင်ရေးထားကြ"

ယွမ်ချူးယန်လည်း သူမအဖေ၏ဒေါသကိုကြောက်တာမို့ ဘာမှအတွ့န်မတက်ရဲဘဲ ရဲ့ချူးဝမ်ကို ခေါ်ကာ အပေါ်ထပ်ကို တက်သွားတော့သည်။

ရဲ့ချူးဝမ်က အပေါ်ထပ်ကို ရောက်တာနဲ့ သူမကိုတွဲထားသည့် ယွမ်ချူးယန်ကို တွန်းထုတ်လိုက်၏။

ယွမ်ချူးယန်လည်း စိတ်ရှုပ်ထွေးသွားကာ ပြန်တွဲပေးရန်ပြင်ချိန်မှာဘဲ ရဲ့ချူးဝမ်က ဒေါသတကြီးဖြင့်
"ငါနဲ့ဝေးဝေးနေ"
ဟု အော်ပြောလိုက်တော့သည်။

Seguir leyendo

También te gustarán

71.7K 7.8K 84
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
80.9K 7.7K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
141K 10.2K 199
LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ် Description ကျန်းရှောင်မန်တစ်ယောက် သူမအသက်သုံးနှစ်အရွယ်တွင် စနစ် တစ်ခုဖြင့်...