စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ...

By Doh_Clover

37.3K 4.1K 61

translator - Utopia More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
🥲
Chapter 36
Chapter 37
Chapter 38

Chapter 33

832 113 1
By Doh_Clover

Chapter 33
December 15, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 33
Translator – Utopia

“နိုးထလာခြင်း” 
“ကျွန်မက အရှင့်သားရဲ့ မရီးပါ၊ ကျွန်မတို့ကြားက ပတ်သက်မှုကို စည်းမကျော်ပါနဲ့”
နောက်တစ်နေ့မနက် သူမ နိုးလာတဲ့အချိန်အထိလည်း အခန်းထဲ မှန်တင်ခုံက ရောက်မလာသေးချေ။
 
ဒါပေါ့ ကျန်းအိမ်တော်က အစေခံတွေကို သူမ ယုံစားလို့မရဘူးပဲ။ အစေခံနှစ်ယောက်က အိမ်တော်ပါအစေခံတွေဆိုပေမဲ့ တကယ်တမ်းကျ သူမကို စောင့်ကြည့်ဖို့ ပို့ထားတဲ့ သူလျှိုသာသာပါပဲ။ ဒါပေမဲ့ မုမင်ထန် ချီယန်အိမ်တော်ကို ရောက်ပြီးကတည်းက စံအိမ်တော်ထဲက မထွက်ခဲ့သလို သူမတို့လည်း ဝင်မလာရဲချေ။ သူတို့နှစ်ယောက်က ကျန်းသခင်မရဲ့ငွေတွေကို လက်ခံထားပြီး သူမကို အလုပ်အကျွေးမပြုကြချေ။ သူတို့ကို အမိန့်နာခံဖို့ သူမ ဘယ်လိုလုပ် မျှော်လင့်နိုင်မှာတဲ့လဲ?
 
မုမင်ထန် သက်ပြင်းချရင်း ရိုးရိုးရှင်းရှင်း ဆံထုံးပဲ ထုံးလိုက်တယ်။ သူမရဲ့မင်္ဂလာပွဲကလည်း နာမည်သက်သက်ပါပဲ။ အားလုံးကို ထုံးတမ်းတွေအတိုင်းပဲ လုပ်ခဲ့ကြရုံသာ။ ရှဲ့ရွှမ်းချန်ရဲ့ ဦးရီးတော် (လက်ရှိဧကရာဇ်) ဆီ အလည်အပတ်သွားပြီး အရိုအသေပေးတာ၊ မိသားစုဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာတွေ အားလုံးကိုလည်း ကျော်လိုက်ရတယ်။ အားလုံး ကျော်လိုက်တာလည်း တစ်ခုတော့ ကောင်းပါတယ်လေ၊ သူမရဲ့အခုလို ပုံစံကို ဘယ်သူမှ ပေးမြင်စရာမလိုတော့ဘူးပေါ့။
 
ဒါပေမဲ့ မုမင်ထန် ဒီအတိုင်းပဲ ဆက်သွားဖို့ အစီအစဉ်မရှိချေ။ ဘယ်အခြေအနေပဲ ‌ရောက်ပါစေ သူမ ရအောင် အသက်ရှင်ရမယ်။ သူများတွေက သူမကို ပိတ်လှောင်ထားရုံပဲ တတ်နိုင်တယ်၊ တကယ်လို့ သူမသာ ရေစုန်မျောပြီး ဘဝကို ရည်ရွယ်ချက်မဲ့ ဖြတ်သန်းလိုက်ရင် အဲ့ကျမှ သူမ တကယ် ပိတ်မိသွားမှာ။
 
မုမင်ထန် ဆံပင်ဖြီးလိမ်းပြီးတဲ့နောက် ပထမဆုံးလုပ်တဲ့အရာကတော့ ဝမ်ရယ့်အခန်းကို သွားပြီး နှုတ်ဆက်တာပဲ ဖြစ်တယ်။
 
“ကောင်းသောမနက်ခင်းပါ အရှင်”
 
သူမ ဘယ်သူ့ကိုမှလည်း စကားမပြောရရင် ကြာရင် ရူးသွားနိုင်တယ်။ ဒါကြောင့်မို့ မုမင်ထန် သူ့ကိုပဲ ပုံမှန်လူတစ်ယောက်လို တစ်နေ့တာဖြစ်ပျက်သမျှကို ပြောပြနေမိတယ်။ မနက်ခင်းတိုင်း ညနေခင်းတိုင်း နှုတ်ဆက်တတ်ပြီး ဒီနေ့တော့ ဘာတွေချက်တယ် ပြောပြတတ်တယ်။ သူမ ရှဲ့ရွှမ်းချန်ကို မျက်နှာသစ်ပေး၊ နေ့တိုင်းထည့်ပေးနေကြ ဆေးတွေ ထည့်ပြီးတဲ့နောက် မနက်စာပို့တဲ့သူလည်း ‌ရောက်လာပြီဖြစ်တယ်။ ဒီအိမ်တော်မှာ မနက်စာက တကယ်ကို တသီးတသန့်ပဲ၊ လှလှပပ ပြုလုပ်ထားတဲ့ ဒင်းဆမ်းတွေကို သူမ စားနိုင်သမျှ အကုန်စားပြီးတဲ့နောက် ထမင်းဘူးကို ပြန်ပေးလိုက်တယ်။ ထို့နောက် သူမ လမ်းလျှောက်ထွက်လာခဲ့တယ်။
 
သူမ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် ရအောင် အပြင်ထွက်ပြီး အနည်းဆုံးတော့ မှန်တင်ခုံတစ်လုံး ရှာလာမှဖြစ်မယ်။
သေချာတာပေါ့ သူမ တံခါးဝမှာတင် တပ်စုခေါင်းဆောင်ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရတယ်။ မုမင်ထန်ကတော့ ဘာလုပ်ရမလဲ သိပြီးသားမို့ သူ့ကို တစ်စက်မှ ကြောက်မနေချေ။ သူမက သူနဲ့တောင် စျေးသွားညှိနေလိုက်သေး။
 
“လူကြီးမင်းလည်း အမိန့်အရ ကျွန်မကို ပေးမထွက်တာမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မက အိမ်တော်အပြင်ကို ထွက်သွားမှာလည်း မဟုတ်ဘူးလေ၊ ဒီအတိုင်း ချင့်ရှင်ခန်းမဆောင်မှာ ကျွန်မရဲ့လက်ဖွဲ့တွေကို သွားရှာမို့ပါရယ်။ အိမ်တော်ရဲ့ အဓိကခန်းမဆောင်မှာ ပရိဘောဂအပြည့်အစုံနဲ့ တည်ဆောက်ထားပေမဲ့လည်း အမျိုးသမီးတစ်ယောက်မှ မရှိခဲ့ဖူးတော့ အိမ်တော်ထဲ မှန်တင်ခုံမရှိဘူးဖြစ်နေတယ်။ နောက်ပြီး ကျွန်မရဲ့အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေအကုန်လုံးကလည်း အဲ့မှာ ရောက်နေတာ။ ကျွန်မကို ဒီအဝတ်အစားတစ်စုံတည်းနဲ့ပဲ တစ်သက်လုံးနေသွားခိုင်းမှာတော့မဟုတ်ဘူးမလား??”
 
မနေ့က တစ်နေ့လုံး ရှာတာတောင် ဝတ်စရာမိန်းကလေးအဝတ်အစား တစ်စုံမှ မရှိချေ။ ဒါနဲ့ပဲ ‌‌ရွေးချယ်စရာမရှိတဲ့အဆုံး မင်္ဂလာဝတ်စုံကိုပဲ ဆက်ဝတ်ထားရတာဖြစ်တယ်။ သေချာတာပေါ့ သူမ ဒါကိုပဲ ဆက်ဝတ်နေလို့ မဖြစ်ချေ။ သူမ အဝတ်အစားလဲဖို့ လိုနေပြီ။
 
ဒါတင်မကဘူး သူမ ချင့်ရှင်ခန်းမဆောင်နဲ့ ယွီလင်စံအိမ်‌တော်ကြား လွတ်လွတ်လပ်လပ် သွားလို့ရအောင်ပါ တိုက်ပွဲဝင်သွားရမယ်။
သူမစကားကြောင့် တပ်စုခေါင်းဆောင်ခမျာ ပြောစရာစကားတောင် ပျောက်ရှသွားတယ်။ သူတို့ရဲ့တာဝန်က ချီယန်ဝမ်ကို စောင့်ကြည့်ဖို့ပဲ၊ သူမကို မဟုတ်ချေ။ နောက်ပြီး မုမင်ထန်ကလည်း ခဏပဲ သွားမှာဆိုတော့ သူမ အိမ်တော်ထဲကနေ ထွက်မသွားသ၍ အဆင်ပြေပါတယ်လေ။
 
သူမရဲ့လက်ဖွဲ့ပစ္စည်းတွေကို ကူသယ်ပေးလို့ရအောင် တပ်စုခေါင်းဆောင်က စစ်သားနှစ်ယောက်ကိုပါ မုမင်ထန်နောက်ကနေ လိုက်ဖို့ အတူလွှတ်လိုက်တယ်။
သူမနောက်က စစ်သားနှစ်ယောက် ပါလာတာမြင်တော့ ဒီလူတွေက သူမကို ကူညီပေးဖို့ထက် သူမထွက်မပြေးသွားအောင် စောင့်ကြည့်ဖို့ပဲ ဖြစ်လိမ့်မယ်လို့ တွေးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမလည်း ထွက်ပြေးဖို့ စိတ်ကူးမရှိတာကြောင့် နောက်က သူလျှိုတွေကိုလည်း စိတ်ထဲ ထားမနေတော့ဘူး။ အဲ့အစား ကောင်းကောင်းတောင် ခိုင်းပေးလိုက်သေးတယ်။
ဒီလို သန်သန်မာမာ ယောက်ျားရင့်မာကြီး နှစ်ယောက်ရှိနေမှတော့ အင်အားတွေကို ဘာလို့ ဖြုန်းတီးပစ်ရမှာလဲ နော့?
 
မုမင်ထန်က တစ်ချိန်တုန်းက ဆင်းရဲခဲ့ဖူးတာကြောင့် ပိုက်ဆံကို သူမအသက်တမျှ တန်ဖိုးထားတယ်။ သူမရဲ့ လက်ဖွဲ့စာရင်းကို ဟိုးအရင်ကတည်းက သေချာ စာရင်းပြုစုထားပြီး သော့ကိုလည်း သူမကိုယ်နဲ့မကွာ ဆောင်ထားတယ်။ လက်ဖွဲ့တွေကို အစေခံတွေကို လက်တစ်လုံးခြား ခိုးယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ သူမကိုတော့ လာလုပ်လို့မရဘူး။
 
ပိုက်ဆံနဲ့ပတ်သက်လာရင် မုမင်ထန်မှာ သိပ်ကောင်းတဲ့မှတ်ဉာဏ်ရှိတာကြောင့် အချိန်ခဏလေးအတွင်းမှာပဲ မှန်တင်ခုံကို ရှာတွေ့သွားတယ်။ အစကတော့ သယ်ရလွယ်တဲ့ မှန်တင်ခုံအသေးလေးပဲ သူမ ယူဖို့ စိတ်ကူးခဲ့ပေမဲ့ ကျန်းမိသားစုရဲ့ ဂုဏ်ကို ထောက်ထားပြီး ပရိဘောဂတိုင်းကို ကြီးမားခမ်းနားစွာ လက်ဖွဲ့ထဲ ထည့်ပေးခဲ့ကြတယ်။ သူမရဲ့မှန်တင်ခုံကလည်း တကယ်ကို အကြီးကြီးပဲ။
 
____________________________________________________________________________
 

Continue Reading

You'll Also Like

8.2K 423 22
Title The Former Wife of Invisible Wealthy Man Author - Bixia Bù Shàng Cháo 陛下不上朝 Genre Comedy Romance Shoujo Supernatural Total Chapters - 145chapte...
322K 11.6K 21
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
28.2K 2.9K 29
Translations (Normal) Unicode only All Credit to Original author IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels...