SILENCE

بواسطة Florist520

2.2K 315 204

Your Silence Is Killing Me المزيد

Intro
💌 (1)
💌(1)-zawgyi
💌 (2)
💌(2)-zawgyi
💌 (3)
💌(3)-zawgyi
💌 (4)
💌(4)-zawgyi
💌 (5)
💌(5)-zawgyi
💌 (6)
💌(6)-zawgyi
💌 (7)
💌(7)-zawgyi
💌 (8)
💌(8)-zawgyi
💌
💌 (9)
💌(9)-zawgyi
💌 (10)
💌(10)-zawgyi
💌 (11)
💌(11) - zawgyi
💌(12)
💌(12) - zawgyi
💌 (13)
💌 (13) - zawgyi
💌 (14)
💌 (14) - zawgyi
💌 (15)
💌 (15) - zawgyi
💌 (16)
💌 (16) - zawgyi
💌 (17)
💌 (17) - zawgyi
💌(18)
💌(18) - zawgyi
💌(19)-1
💌(19)-2
💌(19) - zawgyi
💌(19)-2- zawgyi
💌(20) - zawgyi
💌

💌(20)

64 13 6
بواسطة Florist520

(၂၀)

မိုးရေထဲပြေးထွက်သွားတဲ့ Rikuနောက်ကို Daeyoung က အပြေးလိုက်သွားခဲ့ပေမယ့် အရှေ့ကလူကတော့ တက္ကစီပေါ်တက်သွားလေပြီ။Maedaသာ လက်ခံရင် ဒီဇာတ်လမ်းဟာ ဒီမှာတင်ရပ်လိမ့်မယ်။

နောက်တစ်ရက်တော့ ဆရာ ဆရာမတွေနဲ့တွေ့ဆုံပွဲရှိလို့ ဟိုတယ်မှာ ပြင်ဆင်ပြီး သွားဖို့ရာ အသင့်ဖြစ်နေပြီ။မနေ့ညက မိုးမိထားလို့ Rikuတစ်ယောက် ဖျားနေမှာကို စိုးရိမ်ပေမယ့် သူနေတဲ့တိုက်ခန်းကိုမှမသိဘဲ။နောက်မှ သူငယ်ချင်းတွေကို မေးကြည့်ပြီး သွားရမယ်လို့ပဲ တွေးလိုက်တယ်။

အချိန်အကြာကြီးနေမှ တက္ကသိုလ်ကျောင်းဝင်းထဲ ခြေပြန်ချရတော့ ခံစားချက်ကထူးဆန်းနေတယ်။Daeyoungအတွက်တော့ အင်ဂျင်နီယာကျောင်းဆောင်ကို ချောင်းပေါက်အောင်သွားခဲ့တဲ့ အမှတ်တရတွေ ပြန်ပေါ်လာခဲ့တယ်။

"ယို့ Daeyoung"

အနောက် ခေါ်သံကြားလို့လှည့်ကြည့်တော့ Amiနဲ့နောက်ထက် ကောင်လေးသူငယ်ချင်းနှစ်ယောက်။အဲ့အနောက်မှာမှ ညှိုးငယ်နေတဲ့မျက်နှာနဲ့ Maeda Riku။သေချာပါတယ် Rikuတစ်ယောက်ဖျားနေပြီ။

"လာ အတူတူသွားရအောင် Rikuက နေမကောင်းဘူးတဲ့ ခနတစ်ဖြုတ်နေပြီးရင်ပြန်မယ်ပြောတယ် နင့်ကားနဲ့ ပြန်လိုက်ပို့လိုက်"

Amiစကားကို ခေါင်းငြိမ့်ပြလိုက်တယ်။ပြီးတော့ Rikuနဖူးပေါ် လက်ဖဝါးနဲ့စမ်းကြည့်လိုက်တယ်။

"အခုမှ လာစမ်းမနေနဲ့ ဖျားတာဘယ်သူ့ကြောင့်လဲ"

"ဟော"

ရန်တွေ့နေပုံကိုကြည့်ကြပါအုံး မသိရင် Kim Daeyoung တစ်ယောက် တရားခံလုံးလုံးဖြစ်နေရော။

"ဟယ် လက်ဆောင်ထုတ်တစ်ခု စတိုးဆိုင်မှာ မေ့နေခဲ့တယ် ထင်တယ် အထုတ်ရေမပြည့်တော့ဘူး"

Amiရဲ့ ညည်းတွာနေသံကိုကြားတော့ သူတို့နှစ်ယောင်လုံး ပြိုင်တူလှည့်ကြည့်မိတယ်။

"ငါသွားယူပေးမယ် "

Rikuက ပြောရင်းဆိုရင်းပြေးထွက်သွားတယ်။Daeyoung ဖြင့်တားချိန်တောင် မရလိုက်ဘူး။Rikuက သက်သက် သူ့ကို ရှောင်ချင်လို့ ထွက်သွားမှန်း Daeyoung က သိပ်သိတာပေါ့။

"Rikuသွားယူပြီဆိုတော့ ငါတို့သွားနှင့်ကြမလား
Daeyoung နင်ကစောင့်နေအုံးမှာလား"

"အေး နင့်ထီးခနငှားအုံး"

Amiလက်ထဲက ထီးကို လုယူပြီး ဟိုငဂျစ်ကောင်နောက် ပြေးလိုက်သွားတော့တယ်။ထင်တဲ့အတိုင်း လမ်းတစ်ဝက်ရောက်တော့ မိုးစရွာလာတယ်။ဖျားနေတဲ့သူက မိုးစိုရင် ပိုဖျားပြန်အုံးမယ်။

"Maeda Riku"

မိုးကျလာပြီဖြစ်လို့ အရှေ့က လူငို လှမ်းအော်ခေါ်လိုက်တယ်။အသံက ကျယ်သွားလို့ထင်ပါတယ် အရှေ့ကလူရဲ့ ခန္ဓာကိုယ်လေးက သိမ့်ခနဲ တုန်သွားတယ်။

"မိုးကျလာပြီ ထီးထဲပဲနေ အပြင်လျှောက်‌မပြေးနဲ့"

Daeyoung ရဲ့ Rikuရဲ့ခါးကိုဖက်ပြီး လွှတ်မသွားအောင် ဖမ်းချုပ်ကာ ထီးမိုးပေးတယ်။မိုးကသည်းကြီးမည်းကြီး မဟုတ်ဘဲ တစ်ဖြောက်နှစ်ဖြောက်ပဲ ကျနေတယ်။ထီးအောက်က လူနှစ်ယောက်ကတော့ ဘာစကားမှတောင် မဆိုနိုင်ကြဘူး။

"ဖူကူအီကို ပြန်လိုက်မယ်မို့လား"

Daeyoung ဘက်က စကားစလိုက်ခြင်းပင်။

"အင်း ငါ့အဝတ်အိတ်တွေ ယူရအုံးမယ်"

"ဟုတ်ပြီ ဖူကူအီကို ပြန်ရောက်မှ ငါမင်းကိုရှင်းပြတော့မယ်"

အဲ့လိုနဲ့ အဲ့တစ်နေတာအတွက် သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကပြီးပြတ်သွားခဲ့တယ်။တက္ကသိုလ်ဝင်းကို သူငယ်ချင်းတွေနဲ့လျှောက်ကြည့်ပြီး အရင်ကအမှတ်တရအကြောင်းတွေ ပြန်ပြောကြတယ်။Daeyoungမှာတော့ Maedaနဲ့ပတ်သက်တဲ့အမှတ်တရကလွဲပြီး တစ်ခြားမှတ်မိတာမရှိဘူး။

ချောင်းတဟွတ်ဟွတ်နဲ့လူကို ဂရုစိုက်ပေးရတာလဲ အမော။အစောပြန်မယ်ပြောလို့ Daeyoung က ကားနဲ့လိုက်ပို့မယ်ပြောတာကို ငြင်းတယ်တဲ့လေ။

"Maeda မင်း ဘာလို့ဒီလောက်တောင် ခေါင်းမာရတာလဲ"

"ငါက အရင်ကတည်းက ခေါင်းမာတယ် မင်းမသိဘူးလား"

အခုက Daeyoung ကားရှေ့မှာ။ကားနဲ့အလိုက်ချင်တဲ့သူရဲ့လက်ကိုဆွဲပြီး ရန်ဖြစ်နေခြင်းပင်။

"အဲ့လိုဆို ဟိုးအရင်တုန်းက ဘာလို့ငါ့ကို ဆွဲမထားခဲ့တာလဲ ငါ့ကိုခေါင်းမာမာနဲ့ ဆွဲထားခဲ့သင့်တာပေါ့ "

"ငါသာမင်းကို အဲ့လိုဆွဲထားခဲ့ရင် မင်းအခုလို ပျော်နေနိုင်မှာလား
မင်းအမေကရော မင်းကို သားအဖြစ်လက်ခံပါ့မလား
မင်းအမေက ငါ့ကိုရော သားတစ်ယောက်လို ဆက်တံပါ့မလား
မင်းမှာ ပခုလို မနက်စာချက်ကျွေးတဲ့ မိန်းမရှိပါ့မလား
ဟမ် Daeyoung မင်းအခုလို မိသားစုနဲ့ပျော်‌ရွှင်နေနိုင်တာက ငါလက်လွှတ်ပေးခဲ့လို့ပဲမဟုတ်လား"

Rikuက ပြောရင်း အသံတွေတုန်လာတာမို့ စကားစကို ဖြတ်ချလိုက်တယ်။

"မဟုတ်ဘူး Riku မင်းမှားနေပြီ မင်းမရှိတဲ့ရက်တွေမှာ ငါပျော်ခဲ့တဲ့ရက် တစ်ရက်လေးတောင်မရှိခဲ့ဘူး ငါအခုထိ လက်မထပ်ရသေးဘူး"

Rikuရဲ့ မျက်လုံးဝိုင်းတွေဟာ ပိုလို့ဝိုင်းစက်သွားတယ်။မျက်ခမ်းစက်နားမှာလဲ မျက်ရည်တွေတွဲခိုလာတယ်။

"ငါအခုထိ လက်မထပ်ရသေးဘူး Riku. ငါ့ကို ယုံပေးပါ ငါ့အမေက ငါဘယ်သူ့ကိုချစ်နေတာလဲဆိုတာ သိ‌နှင့်ပြီးသားမို့ တစ်ခြားသူအတွက်မတွေးဘဲ မင်းကိုယ်တိုင်အတွက် ဆုံးဖြတ်ချက်ချပါ ငါ့ကိုခေါင်းမာမာနဲ့ ဆွဲထားလိုက်စမ်းပါ နော်"

Daeyoung က Rikuပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောတယ်။Rikuမှာတော့ ဘာစကားမှမပြောနိုင်ဘဲ ကြောင်အမ်းအမ်းလေးဖြစ်နေတယ်။ခနကြာမှ လက်မောင်းတွေကို ကိုင်ထားတဲ့ Daeyoung လက်တွေကို ဖယ်ချလိုက်တယ်။

"အရူးကောင် လက်မထပ်ရသေးဘူးဆိုလဲ ပြန်လာမှပေါ့ ငါ့မှာတော့ ဘယ်လောက်တောင်မင်းကို လွမ်းနေခဲ့ရလဲ မင်းသတင်းကြားရမှာကို သေလောက်အောင်ကြောက်နေခဲ့တဲ့ ခံစားချက်တွေကို မင်းသိရဲ့လား
ဘာလို့ ကြားထဲက နှစ်တွေမှာ တစ်ရက်လေးတောင် ပြန်မလာရတာလဲ
မင်းက လူဆိုးကောင် လူညစ်ကောင်ပဲ"

Rikuက ပြောလဲပြော ငိုလဲငို Daeyoung ရဲ့ ရင်ဘတ်တွေကို ရိုက်ရိုက်ပြီး ပြောတယ်။သူပြောလို့ပြီးမှာ Daeyoung ရင်ခွင်ထဲဝင်လို့ ဖက်လိုက်တယ်။

"မောင်ပြန်လာပါတယ် အချစ်ရယ်"

Daeyoung က အကြာကီုးနေမှာ ပွေ့ဖက်ရတဲ့ခန္ဓာကိုယ်လေးကို လေပေါ်မြှောက်တက်တဲ့အထိ သိမ်းကျုံးဖက်လိုက်တယ်။ပြီးတော့ လက်တစ်ဖက်ကလဲ Riku ရဲ့ ခေါင်း‌အနောက်ကို အသာထိန်းပေးထားတယ်။

"မင်းလက်မထပ်ရသေးရင် ငါမှာခေါင်းမာခွင့်ရှိသေးတယ်မို့လား ငါလဲ မင်းကိုလွမ်းတယ် ငါ့ကိုအနိုင်ကျင့်တဲ့သူတွေလဲ အများကြီးပဲ ငါ့ကို ထပ်မထားခဲ့နဲ့တော့နော်"

ရင်ခွင်ထဲက ကောင်လေးက စကားတွေဗလုံးဗထွေးနဲ့ပြော‌ပြန်တော့လဲ Daeyoung ခမျာ ခေါင်းညိမ့်ပြီး လက်ခံပေးရသေးတယ်။

အကုန်လုံးထဲမှာ Daeyoung လိုချင်တာက
Rikuအနေနဲ့ သူ့ကိုဆွဲထားပေးဖို့ လက်မလွှတ်လို့ဖို့ပါပဲ။

Rikuလိုချင်ခဲ့တာက Daeyoung ပျော်ရွှင်မှုနဲ့ Daeyoung တို့မိသားစု မပြိုလဲဖို့ပဲ ဖြစ်တယ်။

အခုအချိန်မှာ Rikuတွေးမိတာက သူဟာ တစ်ခြားသူတွေပျော်ရွှင်စေဖို့ သူ့တစ်ဘဝလုံး ပေးဆပ်ပြီးနေခဲ့ရတာ။အခုတော့ သူ့ပျော်ရွှင်မှုအတွက် တစ်ကိုယ်ကောင်းဆန်လို့တော့ ရလောက်ပါတယ်။ဟင့်အင်း Riku က တစ်ကိုယ်ကောင်းဆန်‌တော့မှာ။

"Daeyoung ဒီဘက်တံခါးလေးချပေးပါလား ငါလေကောင်းလေသန့်ရချင်လို့"

"မောင်လို့ ခေါ်ရင် ချပေးမယ်"

ဖူကူအီရဲ့ အပြန်လမ်းမှာ ကားတစ်စီးလေးက အချစ်တွေအပြည့်နဲ့မောင်းနှင်နေတယ်။

"နေ နေ ‌မခေါ်ချင်ဘူး ချလဲချမပေးနဲ့တော့"

"ကဲပါ မောင်လို့ မခေါ်နဲ့ ဘယ်လောက်ထိချစ်လဲဆိုတာပြော"

"ဟိုးမှာမြင်ရတဲ့ ပင်လယ်ကြီးလောက်"

"ပင်လယ်က ရေတွေခမ်းသွားရင်ရော"

"အဲ့လိုဆို မင်းက နေမင်နဲ့စစ်ခင်းလိုက်ပေါ့ သူ့ကြောင့်ရေတွေခမ်းတာကို"

"နေမင်းနဲ့စစ်ခင်းပြီး မောင်က ရှုံးသွားရင်ရော"

"မရှုံးပါဘူး မင်းက လေးလုံး နေမင်းကတစ်လုံးတည်းလေ"

Rikuစကားအဆုံးမှာ Daeyoung က အားရပါးရရယ်တယ်။စီယာတိုင်ကို ဘယ်ဘက်လက်တစ်ဖက်နဲ့ပဲထိန်းကိုင်ပြီး ညာဘက်လက်ထဲမှာတော့ စတော်ဘယ်ရီလုံးလေးရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အိမ်ရှိရာဆီကို ဦးတည်သွားနေတဲ့ကားတစ်စီး။

"ဟော သားတို့ပြန်လာပြီလား"

"ဟုတ်အမေ "

ကားထဲက ဆင်းဆင်းချင်း Daeyoung က Rikuလက်ကို ဆုပ်ကိုင်ပြီး ဖြေလိုက်တာကြောင့် Rikuမှာတော့ တောင့်တောင့်ကြီး။အမေကတော့ သူတို့နှစ်ယောက်ကိုမြင်ပြီး Daeyoung ကို သိနေတယ်နော် ဆိုတဲ့အကြည့်လေးနဲ့ Rikuကိုတော့ ပြုံးပြတယ်။

"လာ လာ ညစာစားရအောင်"

အခု Daeyoung အမေမှာတော့ သားတင်မဟုတ်ပဲ သားမက်ကလေးပါ အပိုလက်ဆောင်ရလိုက်ရတာမို့ အိမ်ထဲမှာ ရယ်သံတွေလွှမ်းမိုးသွားတယ်။

"အမေ Kim Daeyoung ငယ်ငယ်တုန်းကအငိုသန်လား"

"ဘယ်ကသာ နို့ဆာရင်နောင်မငိုတတ်တဲ့ကလေး ခိုင်းမိရင်လဲ မငိုဘူး သူ့ဟာသူကြိတ်မှိတ်ခံတာ အသက်ကြီးလာမှ မျက်ရည်ပိုလွယ်တာလားမသိပါဘူး
သားမရှိတဲ့နှစ်တွေတုန်းက ညတိုင်းငိုတာ"

Rikuက အပြစ်ရှိသလို ခံစားလိုက်ရပြန်တယ်။သူ့ကြောင့် Daeyoung က ငိုတယ်တဲ့လား။Rikuက အမေ့ပေါင်ပေါ်ခေါင်းအုံးပြီး ကောင်းကင်က ကြယ်တွေကို ကြည့်နေတယ်။ခနကြာတော့ Daeyoung က ကော်ဖီခွက်နဲ့အတူ Rikuတို့နား ရောက်လာခဲ့တယ်။ပြီးတော့ အမေ့ဘေးနားထိုင်ပြီး ကော်ဖီခွက်ကို အမေ့လက်ထဲထည့်ပေးလိုက်တယ်။

"ဒီသားအမိ သူများအတင်းတုပ်နေတာမို့လား"

"ဟုတ်တယ် မင်းငယ်ငယ်တုန်းက ငိုရင် အရမ်းရုပ်ဆိုးတာပဲတဲ့ အမေကပြောတာ"

"အမေက ငါ့ကို ဘယ်တော့မှ ရုပ်ဆိုးတယ်လို့မပြောဖူးဘူး မင်းပဲပြောတာ "

Daeyoung က Rikuနဖူးကို လက်နဲ့အသာတောက်ပြီး ပြောလိုက်တယ်။

"သား ဘယ်နေ့ အိုဆာကာကို ပြန်မလဲ"

"သဘက်ခါလောက်ပြန်မှဖြစ်မှာ ဟိုမှာ အလုပ်တွေက ဆီးကြိုနေပြီ "

"သား Daeyoung ကရော"

"Rikuနဲ့မှ အတူပြန်လိုက်မယ်"

"ဟုတ်ပါပြီရှင် အခုတော့ မိုးချုပ်နေပြီ သွားအိပ်ကြတော့"

Daeyoung နဲ့ Rikuနှစ်ယောက်လုံး အိပ်ခန်းထဲဝင်လာခဲ့ကြတယ်။

"ကဲ ဆရာသမား ဘာလုပ်ကြမလဲ"

"ဘာ ဘာကို ဘာလုပ်ရမှာလဲ Kim Daeyoung မင်းတအားကဲတာပဲ ငါရေချိုးအုံးမယ်"

Rikuက ဗီရိုထဲက တဘတ်ထုတ်နေချိန်မှာပဲ အနောက်ကနေ ခါးကို လာဖက်တယ်။မေးဖျားကို Riku ပုခုံးပေါ်တင်ထားပြီး Rikuနားဖျားလေးကို ဖွဖွလေးနမ်းတယ်။

"ဘာလဲ အရှုပ်ထုပ် မင်းက ကပ်ပါးကောင်လား ငါနဲ့ခနလောက်ပဲဖြသ်ဖြစ် ခွဲနေပေးပါလား"

"ဟင့်အင်း ခွဲမနေချင်ပါဘူး ငါက Maeda Riku ရဲ့ကပ်ပါးကောင်လေး Maedaရဲ့ အသွေး‌ရောအသားရော စားပစ်မယ်"

"အိုးဟိုး ကြောက်စရာကြီးပဲ"

Daeyoung က Rikuကို သူနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်ပြီး Riku ရဲ့ကျောပြင်ဟာ ဗီရိုမှာကပ်နေတယ်။Rikuရဲ့ခါးကို ဖက်ထားတဲ့ Daeyoung လက်တွေကတော့ နေရာမရွေ့ခဲ့ဘူး။

"မောင်တို့ အတူနေရအောင် အိုဆာကာမှာ"

"မင်းကုမ္ပဏီကရော"

"မဟုတ်တောင် ဂျပန်က ရုံးခွဲကို ပြောင်းဖို့လုပ်နေတာ ကိုရီးယားမှာက ယောလေးရှိတယ်လေ မင်းကို တစ်ရက်ကျမှ ယောလေးနဲ့မိတ်ဆက်ပေးမယ်"

"မင်းအဆင်ပြေရင် ငါလဲအဆင်ပြေပါတယ်"

"မရင့်ကျက်ပါနဲ့လား မောင်တော့ အရင်ကလို အချစ်ရဲ့ပေါက်ကရစကားတွေကို လွမ်းနေရတာ"

"ဟုတ်လား အဲ့လိုဆို မင်းငါ့မိန်းမလုပ်ပါလား"

"ဘာ"

"ဟုတ်တယ်လေ အင်းငါ့မိန်းမလုပ်ရင် ငါမင်ူကို ပျင်းမနေရအောင် ပေါက်ကရတွေပြောပေးမယ် နေ့တိုင်း"

Daeyoung က ရယ်လိုက်တယ်။ဒီ Maedaကိုတော့ အူယားလို့ ပါးစပ်ထဲသာ ဆွဲငုံထားပစ်လိုက်ချင်တော့တယ်။

"ငါက မင်းယောင်္ကျားလေ မင်းမိန်းမမှမဟုတ်ဘဲ"

Daeyoung က ပြောပြီး Rikuရဲ့ ဘယ်ဘက် လည်တိုင်ကို နမ်းလိုက်တယ်။

"ယားတယ် မလုပ်နဲ့"

Rikuက ရယ်ပြီး Daeyoung ကိုတွန်းထုတ်ပေမယ့် ရှောင်လွှဲနိုင်မယ်လို့ ထင်သလား။

"အားးးး Kim Daeyoung မလုပ်နဲ့လို့ ယားတယ်လို့"

"မောင် လို့ခေါ်"

အခန်းထဲမှာ ရယ်သံတွေအပြည့်နဲ့ ခနကြာတော့ အသံတိုးတိုးလေးတစ်ခု ပျံ့လွှင့်သွားတယ်။

"မောင်"...... တဲ့။

-SILENCE-

"ဟင် ဒါငါတို့အရင်နေခဲ့တဲ့အိမ်"

"ဟုတ်တယ်လေ မောင်ဆက်ငှားထာတာ အခုတော့ဝယ်လိုက်ပြီ မောင်တို့ဒီမှာနေ‌ရအောင်"

Riku က Daeyoung လည်တိုင်မှာ လက်ချိတ်ပြီး Daeyoung နှုတ်ခမ်းကို နမ်းလိုက်တယ်။Daeyoungကတော့ ကျေနပ်ပြုံးနဲ့ အနမ်းတွေကို ထပ်ဆင့်ပေးလိုက်တယ်။

"လာ အိမ်ထဲဝင်ရအောင်"

ဝရံတာလေးနှစ်ခုက တစ်ခုအဖြစ်ပေါင်းစည်းသွားတယ်။
အိုဆာကာမှာ တိမ်ကင်းစင်သွားပြီ။
မနင်းတတ်ပဲ ဝယ်ထားတဲ့စက်ဘီးလေးမှာ ထိန်းကိုင‌်ပေးမယ့်သူရှိလာပြီ။

Maeda Rikuမှာတော့ အမြင်ကတ်စရာ Kim မျိုးရိုး ရှိနေပြီ။
အသက်၁၅နှစ်မှာ စတွေ့တဲ့အချစ်တွေက ၂၅နှစ်အထိ တည်မြဲသတဲ့။
ယုံနိုင်စရာရှိပါ့မလား။

"ဂျပိုးကောင်" လို့စခေါ်ခဲ့ရာက
"မောင်" ဆိုတဲ့နာမ်စားလေးဆီသို့...

"Maeda" ဆိုတဲ့ နာမည်လေးဟာ
"အချစ်" ဆိုတဲ့လူသားလေးအဖြစ်...

စက်ဘီးလေးက အောင်သွယ်တော်လေးအဖြစ်
ဝရံတာကမီးလုံးလေးက ဒီဇာတ်လမ်းရဲ့ ပေါင်းကူးတံတားလေးအဖြစ်
ပါဝင်သရုပ်ဆောင်ထားလေတယ်။

အဓိက ဇာတ်ကောင် ကောင်လေးနှစ်ယောက်ကတော့ အချစ်တွေနဲ့ လုံခြုံရာ ရပ်ဝန်းလေးဆီသို့.....

واصل القراءة

ستعجبك أيضاً

10.7K 1K 16
'မေတ္တာမှာ အလျားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်တဲ့ ' Ricky x TaeRae
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
405K 25.4K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
546 111 9
ကိုယ့်ရဲ့အချစ်တွေကို ပန်းတွေနဲ့ဖော်ပြပါရစေ။ #hanibani [short story🍀] -April 15 2024- fictionထဲတွင်သုံးထားသော ပန်းနှင့်ပတ်သက်သော စာသားများကို creditအ...