<Unicode>
ဒေါက်...ဒေါက်....ဒေါက်...
"ဝင်ခဲ့"
suitကိုသပ်သပ်ရပ်ရပ်ဝတ်ရင်းCEO၏ ရုံးခန်းထဲသို့ထယ်ယောင်းဝင်သွားလိုက်သည်။
မောင်ကသူဝင်လာတာကိုပင်ဂရုမစိုက်ပဲ စာရင်းဇယားများကိုသာ သဲကြီးမဲကြီးကြည့်နေခဲ့သည်။
"အဟမ်း.. ကျွန်တော်ရောက်လာပါပြီးခင်ဗျ"
"အော်.. ရှေ့နေကင်မ် ထိုင်ပါအုံး"
မောင်က သူ့ကိုစာရွက်အထပ်လိုက်ကမ်းပေးလာသည်။
"ကျွန်တော် ဒယ်ဂူးကမြေကွက်တစ်ချို့ကိုစိတ်ဝင်စားနေတာ အဲ့ဒီကမြေကွက်တွေကအရှုပ်အရှင်းသိပ်မကင်းဘူးကြားလို့ ရှေ့နေကမ်င် ကျွန်တော့်အတွက် စုံစမ်းပေးလို့ရမလား"
Suitအနက်ကိုသပ်သပ်ရပ်ရပ်ဝတ်ထားပြီး ဆံပင်များအား ရှင်းရှင်းလင်းလင်းသပ်တင်ထားပေမဲ့ လွန်ခဲ့သော ငါးနှစ်လောက်က ကောင်ငယ်လေး၏အငွေ့အသက်များကို သူခံစားမိတုန်းပင်။
"ရှေ့နေကင်မ်"
"ဟမ်"
"ကျွန်တော်ပြောတာ ကြားပါရဲ့လား"
"အာ..ဟုတ်ဟုတ် ကျွန်တော်စုံစမ်းလိုက်ပါ့မယ်"
"အလုပ်ကိုအာရုံစိုက်ပါ ကိုယ်ရေးကိုယ်တာခံစားချက်တွေကိုဘေးဖယ်ထားရင်ကောင်းမယ်"
ဝဲတက်လာသော ထယ်ယောင်း၏မျက်ဝန်းအစုံကို သူမသိချင်ယောင်ဆောင်လိုက်ပေမဲ့ နှလုံးသားကတဆစ်ဆစ်။
"ဒါဆိုခွင့်ပြုပါအုံးCEO"
"ကောင်းပြီ"
လေးလံနေသေ ခြေလှမ်းအစုံက သူ့ကိုယ်ပိုင်ရုံးခန်းသို့သာဦးတည်လိုက်သည်။
ဝဲတက်လာသောမျက်ရည်များအား ဘယ်လိုမှထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
မောင်ကဘာလို့သူ့အပေါ်ပြောင်းလဲသွားခဲ့ရတာပါလိမ့်။
တီ...တီ....
'Hello..'
'ဟျောင်း ကျွန်တော် ဟျောင်းရဲ့compayရှေ့ရောက်နေတယ် ခဏထွက်ခဲ့လို့ရမလား'
'ဟျောင်းအခုဆင်းလာခဲ့မယ် ဆော့ကီလေး'
ထယ်ယောင်းဖုန်းအားချပြီး အောက်ထပ်သို့ဆင်းလာခဲ့တော့ သူ့လိုလက်ပြနေသောကောင်လေးတစ်ယောက်။
"ရော့ ဟျောင်းအတွက်"
ဆော့ကီလေး ကမ်းပေးလာသော ရွှေအိုရောင်ဖိတ်စာကိုယူလိုက်တော့ ထိုကောင်လေးက ပါးမို့မို့များပေါ်လာသည်အထိပြုံးပြသည်။
"အိမ်တော်ရဲ့Partyပွဲအတွက် ဟျောင်းက လာပေးလို့ရမလာ "
"အားတော့နာပေမဲ့လေ ဟျောင်းက.."
"ကျွန်တော့်ကိုမငြင်းပါနဲ့လား"
တိုးရှရှနှင့် မှုန်လျလျမျက်ဝန်းအစုံကြောင့် ထယ်ယောင်းဝမ်းနည်းမိသွားတာအမှန်ပင်။
သူ့အနေနဲ့ လူများတဲ့နေရာတွေကိုမကြိုက်သော်ငှား ဆော့ကီလေးကိုလည်းခင်တာကြောင့် ခေါင်းညိတ်လက်ခံလိုက်သည်။
"ဟျောင်းလာခဲ့ပါ့မယ်"
ချက်ချင်းပြုံးရိပ်သန်းသွားသော ဟိုဆော့၏မျက်ဝန်းအစုံ။
"ဒါဆို ကျွန်တော်ဒီညဟျောင်းကိုစောင့်နေမယ်နော် ဆက်ဆက်လာခဲ့ရမယ်နော်"
"စိတ်ချပါ"
ဟိုဆော့က လိုချင်တာရသွားသော ကလေးတစ်ယောက်လို ထယ်ယောင်းအားနှုတ်ဆက်ပြီး ကားပေါ်သို့တက်သွားသည်။
အချိန်ကလည်း အလုပ်ချိန်ကျော်သွားပြီးဖြစ်တာကြောင့် ထယ်ယောင်းလည်း အိမ်ပြန်ရေမိုးချိုးပြီး ပြင်ဆင်ရန်လုပ်ရတော့သည်။
ရေပန်းအားဖွင့်ချလိုက်တော့ စိတ်ရှုပ်စရာများက အနည်းငယ်သက်သာသွားသလိုပင်။
အညိုရောင်suitအား ဝတ်လိုက်ပြီး ဆံပင်အားသပ်သပ်ရပ်ရပ်ဖီးလိုက်ကာ အညိုရောင်နာရီလေးအားဝတ်ဆင်လိုက်သည်။
ကိုယ်လုံးပေါ်မှန်ထဲတွင်မြင်နေရသော.သူ့ပုံစံမှာ အချိုးကျကျဖြင့် ကြည့်ကောင်းလှသည်။
အိမ်ဖြူတော်၏ကြီးကျယ်ခမ်းနားမှုက အံ့မခန်းပင်။ပါတနာကိုယ်စီဖြင့် ပွဲတက်လာသော လုပ်ငန်းရှင်များ အနုပညာရှင်များကြားတွင် ထယ်ယောင်းတစ်ယောက်တည်းသာ မျက်စိကလယ်ကလယ်ဖြင့်။
"ဟျောင်း"
အသံလာရာကိုလှည့်ကြည့်လိုက်တော့ ဆော့ကီလေးက အနက်ရောင်suitအပြည့်ဖြင့် လူကြီးလူကောင်းဆန်နေသည်။
"ဟျောင်းကို မလာတော့ဘူးထင်နေတာဗျာ ကျွန်တော်တကယ်ငိုချင်သွားတယ်"
"မင်းက ကလေးလားဆော့ကီရ"
"ဟျောင်းနဲ့ဆို ကလေးပဲလေဗျာ"
ဟိုဆော့၏စကားကြောင့် နှစ်ဦးသား ရယ်မိသွားသည်။
ကျယ်ဝန်းသောရေကူးကန်ကြီးဘေးတွင် ဝိုင်ခွက်ကိုယ်စီဖြင့် partyပွဲမှာငြိမ့်ငြိမ့်လေးဖြစ်နေသည်။ ဆော့ကီလေးက အခြားသော အဖိုးဖြစ်သူဘေးတွင် မျက်နှာသေဖြင့် ထိုင်နေသည်။
စောဏကမှ သူနှင့်ရယ်ရယ်မောမောဖြစ်နေတဲ့ကလေးက မိသားစုနဲ့ဆိုရင် ဒီလိုပုံစံတဲ့လား။ အမြဲတမ်းပြုံးနေတဲ့ လူတွေဆီမှာလည်း ဖုံးကွယ်ထားသော စိတ်ဒဏ်ရာများရှိ၏။
"ကင်မ်ထယ်ယောင်း တို့နမယ်က ဂျွန်ဟေနာ "
"ဂျွန်ဟေနာ?"
ထယ်ယောင်း၏အံ့သြနေသောမျက်နှာကိုကြည့်ပြီး ထိုမိန်းမက ခနဲ့သလိုနေရင်း သူ့လက်သူကြွယ်အား ထယ်ယောင်းမြင်အောင်ပြရင်း..
"မသိသေးဘူးလား ဂျွန်က မနေ့ကတင် တို့နဲ့တရားရုံးမှာတရားဝင်လက်မှတ်ထိုးပြီး လက်ထပ်ခဲ့တာကိုလေ"
"ဂျွန်ဂျောင်ကုနဲ့လက်ထပ်ခဲ့တယ်?"
"အွန်း"
"မင်း ဘာပေါက်ကရတွေပြောနေတာလည်း!!"
ဝမ်းနည်းမှုအောင်ဖြစ်လာသော စိတ်အစုံက ဒေါသအဖြစ်ပြောင်းသွားပြီး အသံအနည်းငယ်ကျယ်သွားတော့ partyပွဲမှ လူအများက သူတို့က စုပြုံကြည့်လာသည်။
"ဘေဘီ အဆင်ပြေရဲ့လား"
တစ်ဖက်ဝိုင်းတွင် လုပ်ငန်းရှင်များနှင့်စကားပြောနေသော မောင်က သူ ဂျွန်ဟေနာကို အော်လိုက်တာမြင်တော့ ထိုမိန်းကလေး၏အနားအနီးသို့ချက်ချင်းစိုးရိမ်တကြီးရောက်လာသည်။
"ဟင့် ဂျွန်
ဘေဘီက ဒီအတိုင်း ဂျွန့်ရဲ့ရှေ့နေမို့လာနှုတ်ဆက်မိတာပါ ဒါကို သူက ဟေနာ့ကိုမတူသလိုမတန်သလိုပြန်အော်နေတာ "
"ကင်မ်ထယ်ယောင်း မင်းကိုယ်ရေးကိုယ်တာခံစားချက်တွေကိုဖယ်ပြီး ဟေနာ့ကိုဆက်ဆံပေးလို့မရဘူးလား ဟေနာက ငါ့ရဲ့တရားဝင်ဇနီးမယား!"
ဂျောင်ကုစကားပြောနေရင်း မျက်လုံးထောင့်မှ ဂျော်နီကို ရုတ်တရက်မြင်လိုက်ပေမဲ့ မမြင်ချင်ယောင်ဆောင်လိုက်သည်။
ဒီကောင်က တစ်ချိန်လုံးကင်မ်ထယ်ယောင်းနောက်ကိုလိုက်နေပုံပင်။
ဂျောင်ကုမည်သို့လုပ်ရမည်ကိုကြုံရမရသည်အဆုံး..
ခွပ်!!
ဆစ်ကနဲနာသွားသော ပါးတစ်ခြမ်းနှင့်အတူ ထယ်ယောင်းမှာ ရေကူးကန်ထဲသို့နောက်ပြန်လှန်ကျသွားသည်။
မောင်ကသူ့ကိုထိုးလိုက်တာ။ မောင်က ထိုမိန်းကလေးအတွက်နဲ့ သူ့ကိုထိုးလိုက်တာတဲ့လား။
ရေကန်ထဲသို့ တစ်ရိပ်ရိပ်နှစ်မြှုပ်သွားသောခန္ဓာကိုယ်လေးတစ်ခု။
သူသတိရှိပါတယ်။
သို့ပေမဲ့ မလှုပ်ရှားချင်တော့ပါ။
အရာရာကိုစိတ်ပျက်လက်ပျက်ဖြစ်သွားတာလား။
ဒါမှမဟုတ် မောင်ကသူ့ကိုချစ်နေသေးတယ်လို့ထင်တဲ့ ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာလားဆိုတာကိုတော့ မတွေးတတ်တော့ပါ။
"ဟျောင်း!"
သူနောက်ဆုံးကြားလိုက်တာ ဆော့ကီလေး၏အသံကိုပင်။
မျက်ရည်စက်များက များပြားလှသောရေပမာဏနှင့်ရောနှောသွားတာကြောင့် မသိသာပါ။
ဒါဆိုသူ့ရဲ့ခံစားချက်တွေကရော...။
အတိတ်ကိုပြန်ခေါ်သွားပေးပါ။
ဖေဖေ.. မေမေ။
ဝုန်း!!!
ဟိုဆော့မှာရေကန်ထဲသို့ခုန်ချသွားတာကြောင့် အခြေအနေမှာရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
"ကိုယ်တို့ပြန်မယ်"
ဂျောင်ကုမှာ ဟေနာ့ကိုလက်မှဆွဲပြီး ထိုမြင်ကွင်းထဲမှကျောခိုင်းခဲ့လိုက်သည်။ ပါးပြင်ပေါ်လှိမ့်ကျလာသော မျက်ရည်စက်များကို လက်ခုံဖြင့် မသိမသာသုတ်လိုက်ရင်း...။
"ဟျောင်း... ဟျောင်း.!"
ရေထဲမှ ပြန်ဆယ်တက်လာသည့်တိုင် ထယ်ယောင်း၏ခန္ဓာကိုယ်မှာ အေးစက်နေတာကြောင့် ဟိုဆော့မှာ သွေးရူးသွေးတန်းဖြစ်ကုန်သည်။
"ခုချက်ချင်း ဆရာဝန်တွေခေါ်ခဲ့!!!"
ဝရုန်းသုန်းကားဖြစ်သွားသော ပွဲတော်နှင့်အတူ လူတိုင်းပြာယာခပ်ကုန်ကြသည်။
သမ္မတကြီး၏တစ်ဦးတည်းသောမြေး၏တစ်ချက်လွှတ်အမိန့်ကြောင့် ဆရာဝန်များမှာလည်းအပြေးအလွှားရောက်လာသည်။
ထိုအခွင့်အရေးကိုအသုံးချပြီး ဂျော်နီကို အာရုံလွှဲနိုင်ဖို့သူမျှော်လင့်သည်။
ကားမောင်းနေသော ဂျောင်ကု၏ မျက်ဝန်းအစုံမှာစူးရှနေသည်။
ထိုယောကျာ်းက လူကြားသူကြားထဲဆိုလျှင် သူ့ကိုလိုအပ်တာထက်ပိုဂရုစိုက်ပြလွန်းသည်။
မြင်နေရပေမဲ့ ပိုင်နေရပေမဲ့ ကိုယ့်အပိုင်မဟုတ်သလိုခံစားရသည့် ခံစားချက်က ဆိုးလွန်းသည်။
ဒါပေမဲ့ ဟေနာ ဂျွန့်ကိုချစ်တယ်။
<Zawgyi>
ေဒါက္...ေဒါက္....ေဒါက္...
"ဝင္ခဲ့"
suitကိုသပ္သပ္ရပ္ရပ္ဝတ္ရင္းCEO၏ ႐ုံးခန္းထဲသို႔ထယ္ေယာင္းဝင္သြားလိုက္သည္။
ေမာင္ကသူဝင္လာတာကိုပင္ဂ႐ုမစိုက္ပဲ စာရင္းဇယားမ်ားကိုသာ သဲႀကီးမဲႀကီးၾကည့္ေနခဲ့သည္။
"အဟမ္း.. ကြၽန္ေတာ္ေရာက္လာပါၿပီးခင္ဗ်"
"ေအာ္.. ေရွ႕ေနကင္မ္ ထိုင္ပါအုံး"
ေမာင္က သူ့ကိုစာရြက္အထပ္လိုက္ကမ္းေပးလာသည္။
"ကြၽန္ေတာ္ ဒယ္ဂူးကေျမကြက္တစ္ခ်ိဳ႕ကိုစိတ္ဝင္စားေနတာ အဲ့ဒီကေျမကြက္ေတြကအရႈပ္အရွင္းသိပ္မကင္းဘူးၾကားလို႔ ေရွ႕ေနကမ္င္ ကြၽန္ေတာ့္အတြက္ စုံစမ္းေပးလို႔ရမလား"
Suitအနက္ကိုသပ္သပ္ရပ္ရပ္ဝတ္ထားၿပီး ဆံပင္မ်ားအား ရွင္းရွင္းလင္းလင္းသပ္တင္ထားေပမဲ့ လြန္ခဲ့ေသာ ငါးႏွစ္ေလာက္က ေကာင္ငယ္ေလး၏အေငြ႕အသက္မ်ားကို သူခံစားမိတုန္းပင္။
"ေရွ႕ေနကင္မ္"
"ဟမ္"
"ကြၽန္ေတာ္ေျပာတာ ၾကားပါရဲ႕လား"
"အာ..ဟုတ္ဟုတ္ ကြၽန္ေတာ္စုံစမ္းလိုက္ပါ႔မယ္"
"အလုပ္ကိုအာ႐ုံစိုက္ပါ ကိုယ္ေရးကိုယ္တာခံစားခ်က္ေတြကိုေဘးဖယ္ထားရင္ေကာင္းမယ္"
ဝဲတက္လာေသာ ထယ္ေယာင္း၏မ်က္ဝန္းအစုံကို သူမသိခ်င္ေယာင္ေဆာင္လိုက္ေပမဲ့ ႏွလုံးသားကတဆစ္ဆစ္။
"ဒါဆိုခြင့္ျပဳပါအုံးCEO"
"ေကာင္းၿပီ"
ေလးလံေနေသ ေျခလွမ္းအစုံက သူ့ကိုယ္ပိုင္႐ုံးခန္းသို႔သာဦးတည္လိုက္သည္။
ဝဲတက္လာေသာမ်က္ရည္မ်ားအား ဘယ္လိုမွထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ေပ။
ေမာင္ကဘာလို႔သူ့အေပၚေျပာင္းလဲသြားခဲ့ရတာပါလိမ့္။
တီ...တီ....
'Hello..'
'ေဟ်ာင္း ကြၽန္ေတာ္ ေဟ်ာင္းရဲ႕compayေရွ႕ေရာက္ေနတယ္ ခဏထြက္ခဲ့လို႔ရမလား'
'ေဟ်ာင္းအခုဆင္းလာခဲ့မယ္ ေဆာ့ကီေလး'
ထယ္ေယာင္းဖုန္းအားခ်ၿပီး ေအာက္ထပ္သို႔ဆင္းလာခဲ့ေတာ့ သူ့လိုလက္ျပေနေသာေကာင္ေလးတစ္ေယာက္။
"ေရာ့ ေဟ်ာင္းအတြက္"
ေဆာ့ကီေလး ကမ္းေပးလာေသာ ေရႊအိုေရာင္ဖိတ္စာကိုယူလိုက္ေတာ့ ထိုေကာင္ေလးက ပါးမို႔မို႔မ်ားေပၚလာသည္အထိၿပဳံးျပသည္။
"အိမ္ေတာ္ရဲ႕Partyပြဲအတြက္ ေဟ်ာင္းက လာေပးလို႔ရမလာ "
"အားေတာ့နာေပမဲ့ေလ ေဟ်ာင္းက.."
"ကြၽန္ေတာ့္ကိုမျငင္းပါနဲ႔လား"
တိုးရွရွႏွင့္ မႈန္လ်လ်မ်က္ဝန္းအစုံေၾကာင့္ ထယ္ေယာင္းဝမ္းနည္းမိသြားတာအမွန္ပင္။
သူ့အေနနဲ႔ လူမ်ားတဲ့ေနရာေတြကိုမႀကိဳက္ေသာ္ငွား ေဆာ့ကီေလးကိုလည္းခင္တာေၾကာင့္ ေခါင္းညိတ္လက္ခံလိုက္သည္။
"ေဟ်ာင္းလာခဲ့ပါ႔မယ္"
ခ်က္ခ်င္းၿပဳံးရိပ္သန္းသြားေသာ ဟိုေဆာ့၏မ်က္ဝန္းအစုံ။
"ဒါဆို ကြၽန္ေတာ္ဒီညေဟ်ာင္းကိုေစာင့္ေနမယ္ေနာ္ ဆက္ဆက္လာခဲ့ရမယ္ေနာ္"
"စိတ္ခ်ပါ"
ဟိုေဆာ့က လိုခ်င္တာရသြားေသာ ကေလးတစ္ေယာက္လို ထယ္ေယာင္းအားႏႈတ္ဆက္ၿပီး ကားေပၚသို႔တက္သြားသည္။
အခ်ိန္ကလည္း အလုပ္ခ်ိန္ေက်ာ္သြားၿပီးျဖစ္တာေၾကာင့္ ထယ္ေယာင္းလည္း အိမ္ျပန္ေရမိုးခ်ိဳးၿပီး ျပင္ဆင္ရန္လုပ္ရေတာ့သည္။
ေရပန္းအားဖြင့္ခ်လိုက္ေတာ့ စိတ္ရႈပ္စရာမ်ားက အနည္းငယ္သက္သာသြားသလိုပင္။
အညိဳေရာင္suitအား ဝတ္လိုက္ၿပီး ဆံပင္အားသပ္သပ္ရပ္ရပ္ဖီးလိုက္ကာ အညိဳေရာင္နာရီေလးအားဝတ္ဆင္လိုက္သည္။
ကိုယ္လုံးေပၚမွန္ထဲတြင္ျမင္ေနရေသာ.သူ့ပုံစံမွာ အခ်ိဳးက်က်ျဖင့္ ၾကည့္ေကာင္းလွသည္။
အိမ္ျဖဴေတာ္၏ႀကီးက်ယ္ခမ္းနားမႈက အံ့မခန္းပင္။ပါတနာကိုယ္စီျဖင့္ ပြဲတက္လာေသာ လုပ္ငန္းရွင္မ်ား အႏုပညာရွင္မ်ားၾကားတြင္ ထယ္ေယာင္းတစ္ေယာက္တည္းသာ မ်က္စိကလယ္ကလယ္ျဖင့္။
"ေဟ်ာင္း"
အသံလာရာကိုလွည့္ၾကည့္လိုက္ေတာ့ ေဆာ့ကီေလးက အနက္ေရာင္suitအျပည့္ျဖင့္ လူႀကီးလူေကာင္းဆန္ေနသည္။
"ေဟ်ာင္းကို မလာေတာ့ဘူးထင္ေနတာဗ်ာ ကြၽန္ေတာ္တကယ္ငိုခ်င္သြားတယ္"
"မင္းက ကေလးလားေဆာ့ကီရ"
"ေဟ်ာင္းနဲ႔ဆို ကေလးပဲေလဗ်ာ"
ဟိုေဆာ့၏စကားေၾကာင့္ ႏွစ္ဦးသား ရယ္မိသြားသည္။
က်ယ္ဝန္းေသာေရကူးကန္ႀကီးေဘးတြင္ ဝိုင္ခြက္ကိုယ္စီျဖင့္ partyပြဲမွာၿငိမ့္ၿငိမ့္ေလးျဖစ္ေနသည္။ ေဆာ့ကီေလးက အျခားေသာ အဖိုးျဖစ္သူေဘးတြင္ မ်က္ႏွာေသျဖင့္ ထိုင္ေနသည္။
ေစာဏကမွ သူႏွင့္ရယ္ရယ္ေမာေမာျဖစ္ေနတဲ့ကေလးက မိသားစုနဲ႔ဆိုရင္ ဒီလိုပုံစံတဲ့လား။ အၿမဲတမ္းၿပဳံးေနတဲ့ လူေတြဆီမွာလည္း ဖုံးကြယ္ထားေသာ စိတ္ဒဏ္ရာမ်ားရွိ၏။
"ကင္မ္ထယ္ေယာင္း တို႔နမယ္က ဂြၽန္ေဟနာ "
"ဂြၽန္ေဟနာ?"
ထယ္ေယာင္း၏အံ့ၾသေနေသာမ်က္ႏွာကိုၾကည့္ၿပီး ထိုမိန္းမက ခနဲ႔သလိုေနရင္း သူ့လက္သူႂကြယ္အား ထယ္ေယာင္းျမင္ေအာင္ျပရင္း..
"မသိေသးဘူးလား ဂြၽန္က မေန႔ကတင္ တို႔နဲ႔တရား႐ုံးမွာတရားဝင္လက္မွတ္ထိုးၿပီး လက္ထပ္ခဲ့တာကိုေလ"
"ဂြၽန္ေဂ်ာင္ကုနဲ႔လက္ထပ္ခဲ့တယ္?"
"အြန္း"
"မင္း ဘာေပါက္ကရေတြေျပာေနတာလည္း!!"
ဝမ္းနည္းမႈေအာင္ျဖစ္လာေသာ စိတ္အစုံက ေဒါသအျဖစ္ေျပာင္းသြားၿပီး အသံအနည္းငယ္က်ယ္သြားေတာ့ partyပြဲမွ လူအမ်ားက သူတို႔က စုၿပဳံၾကည့္လာသည္။
"ေဘဘီ အဆင္ေျပရဲ႕လား"
တစ္ဖက္ဝိုင္းတြင္ လုပ္ငန္းရွင္မ်ားႏွင့္စကားေျပာေနေသာ ေမာင္က သူ ဂြၽန္ေဟနာကို ေအာ္လိုက္တာျမင္ေတာ့ ထိုမိန္းကေလး၏အနားအနီးသို႔ခ်က္ခ်င္းစိုးရိမ္တႀကီးေရာက္လာသည္။
"ဟင့္ ဂြၽန္
ေဘဘီက ဒီအတိုင္း ဂြၽန္႔ရဲ႕ေရွ႕ေနမို႔လာႏႈတ္ဆက္မိတာပါ ဒါကို သူက ေဟနာ႔ကိုမတူသလိုမတန္သလိုျပန္ေအာ္ေနတာ "
"ကင္မ္ထယ္ေယာင္း မင္းကိုယ္ေရးကိုယ္တာခံစားခ်က္ေတြကိုဖယ္ၿပီး ေဟနာ႔ကိုဆက္ဆံေပးလို႔မရဘူးလား ေဟနာက ငါ႔ရဲ႕တရားဝင္ဇနီးမယား!"
ေဂ်ာင္ကုစကားေျပာေနရင္း မ်က္လုံးေထာင့္မွ ေဂ်ာ္နီကို ႐ုတ္တရက္ျမင္လိုက္ေပမဲ့ မျမင္ခ်င္ေယာင္ေဆာင္လိုက္သည္။
ဒီေကာင္က တစ္ခ်ိန္လုံးကင္မ္ထယ္ေယာင္းေနာက္ကိုလိုက္ေနပုံပင္။
ေဂ်ာင္ကုမည္သို႔လုပ္ရမည္ကိုႀကဳံရမရသည္အဆုံး..
ခြပ္!!
ဆစ္ကနဲနာသြားေသာ ပါးတစ္ျခမ္းႏွင့္အတူ ထယ္ေယာင္းမွာ ေရကူးကန္ထဲသို႔ေနာက္ျပန္လွန္က်သြားသည္။
ေမာင္ကသူ့ကိုထိုးလိုက္တာ။ ေမာင္က ထိုမိန္းကေလးအတြက္နဲ႔ သူ့ကိုထိုးလိုက္တာတဲ့လား။
ေရကန္ထဲသို႔ တစ္ရိပ္ရိပ္ႏွစ္ျမႇဳပ္သြားေသာခႏၶာကိုယ္ေလးတစ္ခု။
သူသတိရွိပါတယ္။
သို႔ေပမဲ့ မလႈပ္ရွားခ်င္ေတာ့ပါ။
အရာရာကိုစိတ္ပ်က္လက္ပ်က္ျဖစ္သြားတာလား။
ဒါမွမဟုတ္ ေမာင္ကသူ့ကိုခ်စ္ေနေသးတယ္လို႔ထင္တဲ့ ကိုယ့္ကိုကိုယ္စိတ္ပ်က္ေနတာလားဆိုတာကိုေတာ့ မေတြးတတ္ေတာ့ပါ။
"ေဟ်ာင္း!"
သူေနာက္ဆုံးၾကားလိုက္တာ ေဆာ့ကီေလး၏အသံကိုပင္။
မ်က္ရည္စက္မ်ားက မ်ားျပားလွေသာေရပမာဏႏွင့္ေရာေႏွာသြားတာေၾကာင့္ မသိသာပါ။
ဒါဆိုသူ့ရဲ႕ခံစားခ်က္ေတြကေရာ...။
အတိတ္ကိုျပန္ေခၚသြားေပးပါ။
ေဖေဖ.. ေမေမ။
ဝုန္း!!!
ဟိုေဆာ့မွာေရကန္ထဲသို႔ခုန္ခ်သြားတာေၾကာင့္ အေျခအေနမွာ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္သည္။
"ကိုယ္တို႔ျပန္မယ္"
ေဂ်ာင္ကုမွာ ေဟနာ႔ကိုလက္မွဆြဲၿပီး ထိုျမင္ကြင္းထဲမွေက်ာခိုင္းခဲ့လိုက္သည္။ ပါးျပင္ေပၚလွိမ့္က်လာေသာ မ်က္ရည္စက္မ်ားကို လက္ခုံျဖင့္ မသိမသာသုတ္လိုက္ရင္း...။
"ေဟ်ာင္း... ေဟ်ာင္း.!"
ေရထဲမွ ျပန္ဆယ္တက္လာသည့္တိုင္ ထယ္ေယာင္း၏ခႏၶာကိုယ္မွာ ေအးစက္ေနတာေၾကာင့္ ဟိုေဆာ့မွာ ေသြး႐ူးေသြးတန္းျဖစ္ကုန္သည္။
"ခုခ်က္ခ်င္း ဆရာဝန္ေတြေခၚခဲ့!!!"
ဝ႐ုန္းသုန္းကားျဖစ္သြားေသာ ပြဲေတာ္ႏွင့္အတူ လူတိုင္းျပာယာခပ္ကုန္ၾကသည္။
သမၼတႀကီး၏တစ္ဦးတည္းေသာေျမး၏တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္ ဆရာဝန္မ်ားမွာလည္းအေျပးအလႊားေရာက္လာသည္။
ထိုအခြင့္အေရးကိုအသုံးခ်ၿပီး ေဂ်ာ္နီကို အာ႐ုံလႊဲႏိုင္ဖို႔သူေမွ်ာ္လင့္သည္။
ကားေမာင္းေနေသာ ေဂ်ာင္ကု၏ မ်က္ဝန္းအစုံမွာစူးရွေနသည္။
ထိုေယာက်ာ္းက လူၾကားသူၾကားထဲဆိုလွ်င္ သူ့ကိုလိုအပ္တာထက္ပိုဂ႐ုစိုက္ျပလြန္းသည္။
ျမင္ေနရေပမဲ့ ပိုင္ေနရေပမဲ့ ကိုယ့္အပိုင္မဟုတ္သလိုခံစားရသည့္ ခံစားခ်က္က ဆိုးလြန္းသည္။
ဒါေပမဲ့ ေဟနာ ဂြၽန္႔ကိုခ်စ္တယ္။