SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ(18) - zawgyi

11 1 0
By Florist520

(၁၈)

၂၀၀၇ ခုနစ်

အသက်၂၀ရဲ့ငါးနှစ်အလွန် အသက်နှစ်ဆယ့်ငါးနှစ်မှာ Rikuက ထူးချွန်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ်နေပြီ။အိုဆာကာရဲ့ အသစ်ဆောက်တဲ့ ရှောပင်းမောတွေအကုန်လုံးမှာ Rikuလက်ရာတွေက အပါမဖြစ်။အခုကတော့ တိုကျိုက siteတစ်ခုမှာ ရောက်နေတယ်။အကြောင်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ခနလောက်ဖြစ်ဖြစ် လာခဲ့ပါခေါ်နေတာနဲ့ အားနာစွာ ရောက်လာခဲ့ခြင်း။

"‌ဆရာကြီး အပေါ်ဆုံးထပ်ကို လိုက်ကြည့်လိုက်ဗျာ ဒီဇိုင်းကအဆင်ရောပြေရဲ့လား အကြံပေးပါအုံး"

"မင်းက ငါ့ကိုဆို ခိုင်းဖို့ပဲသိ တိုကျိုမှာ ကောင်မလေးချောချောလေးရတာကိုတောင် လက်မတို့တဲ့ကောင် "

Rikuက တစ်ဖက်သူငယ်ချင်းရဲ့လက်မောင်းကို ထိုး၍ စလိုက်ခြင်း။တစ်ဖက်လူကလဲ တဟားဟားနဲ့ အတော်သဘောကျနေတယ်။လုပ်ငန်းသုံး ယာယီဓာတ်လှေကားနဲ့ ၇လွှာကို တက်ခဲ့ကြတယ်။ရာသီဥတုက ခပ်အုံ့အုံ့ပဲ။ဆောက်လုပ်ရေးဦးထုပ်လေးနဲ့ ချစ်စရာကောင်းတဲ့ အင်ဂျင်နီယာလေးက အပေါ်ထပ်ကိုတက်သွားခဲ့တယ်။

"ဘယ်နှယ့်လဲ တိုကျိုက လှတယ်မို့လား အပေါ်ကမြင်ရတဲ့မြင်ကွင်းက တမူထူးခြားပြီးကို လှနေတာဗျ မြေပြင်က နတ်သမီးလေးတွေက ပိုလှတာပေါ့ ဟုတ်တယ်မို့လား"

Rikuက ထိုလူ့စကားကြောင့် ခေါင်းကို အနည်းငယ်ရမ်းပြီး ရယ်လိုက်မိတယ်။

အပေါ်ဆုံးအထပ်ကိုရောက်မှ ကောင်းကင်ကြီးက ပြိုကျတော့မယ့်အတိုင်း ချက်ချင်းငိုချတော့မယ့်အတိုင်း ညွှတ်ကျလာတယ်။

"ဟ ဒီလိုရာသီဥတုကတော့ လွမ်းစရာပဲဗျာ ချစ်သူလေးကိုတောင်လွမ်းမိတယ် ဆရာသမားရော လွမ်းစရာလို့မထင်ဘူးလား"

Rikuက နှာခေါင်းကို အနည်းငယ်ရှုံ့လိုက်တယ်။အဲ့တာဟာ တစ်ခုခုကို အလိုမကျဖြစ်နေတယ်ဆိုတာ တစ်ယောက်သောသူကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။

"ဘယ်ကသာလွမ်းစရာလဲ စိတ်ပျက်စရာ စိတ်ညစ်စရာကြီး ရာသီဥတုက အုံ့နေရင် လူကလဲ နုံးပြီး ဘာမှလုပ်ချင်စိတ်မရှိတော့တာ လွမ်းဖို့တောင် လွမ်းချင်စိတ်မရှိဘူး"

"ဟားဟား အဲ့ဒါကြောင့် ဒို့ဆရာကြီးက တစ်ယောက်တည်းဖြစ်နေတာကိုး"

Rikuပုခုံးကို လာဖက်တဲ့ လက်ကို Rikuက ဖယ်ချပြီး မျက်စောင်းထိုးလိုက်တယ်။ဒါသူ့ကိုသက်သက်စော်ကားတာ ဒီMaedaက တစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူး တစ်ယောက်ထဲ နေချင်တာဗျ။

"မင်း မင်္ဂလာဆောင်ကျ ငါ့ကို လာမဖိတ်နဲ့ ကျေးဇူးနဲ့မတန်တဲ့အကောင်"

"ဟာ မင်းလာမှ ငါ့မင်္ဂလာဆောင်မှာ အစီအစဉ်တင်ဆက်သူချောချောလေးရှိမှာပေါ့ကွ လာခဲ့ပါ လာခဲ့ပါ"

"လာစေချင်ရင်လဲ မင်းနှုတ်သီးကို ဆင်ခြင်ပြီးပြော"

သူငယ်ချင်းဖြစ်သူနဲ့ စကားခနပြောပြီး တည်းနေတဲ့ ဟိုတယ်ကို စောစောပြန်ခဲ့လိုက်တယ်။အပြန်လမ်းမှာ မြေအောက်ရထားစီးရင်း ကောင်းကင်ကိုကြည့်ပြီး တွေးမိတယ်။

အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးက သနားဖို့ကောင်းတယ်
အထီးကျန်စွာ မငိုမိအောင် ထိန်းထားရတာမို့လား

အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးက လွမ်းဖို့ကောင်းပါတယ်
ဒါပေမယ့် လွမ်းခွင့်မှမရှိတော့ဘဲ
လွမ်းဖို့မကောင်းဘူးလို့ပဲ လိမ်လိုက်တယ်။

ဟိုတယ်ပြန်ရောက်တော့ ရေချိုးပြီး အိုဆာကာမှာလက်ခံထားတဲ့အလုပ်တွေအတွက် အချိန်ဇယားကို ကြည့်လိုက်တယ်။တော်ပါသေးတယ် အခုလက်ခံလက်စတစ်ခုပြီးရင် ကြားထဲမှာ နှစ်ပတ်လောက်နားချိန်ရပြီးမှ အလုပ်တွေဆက်တိုက်လာတော့မှာ။

နားရက်ဆိုတာလဲ ဒီအတိုင်းအိမ်မှာပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ကုန်သွားရော။တစ်ချို့လူတွေကတော့ မွေးရပ်မြေဖြစ်ဖြစ် ပြည်ပနိုင်ငံတွေခရီးသွားတာဖြစ်ဖြစ်လုပ်ကြတယ်တဲ့။Rikuကတော့ ဖူကူအီကို မပြန်ချင်ဘူး။ပြည်ပနိုင်ငံဆိုလို့ ကိုရီးယားတစ်ခုပဲ ပေါ်လာလို့ မသွားဖို့ဆုံးဖြတ်လိုက်တယ်။

အတွေးတွေဗလပွကို ဖုန်းမြည်သံက ဖြတ်တောက်လိုက်တယ်။

"ဟယ်လို"

"သား Riku နေကောင်းရဲ့လား"

Daeyoung အမေပါ။အမြဲတမ်း နှစ်ရက်တစ်ခါလောက်ဖုန်းဆက်ပြီး အဆင်ပြေရဲ့လား မေးတတ်တယ်။အခုတော့ Rikuရဲ့ တကယ့်အမေအရင်းလိုဖြစ်နေပါပြီ။

"ဟုတ် အမေ သားနေကောင်းပါတယ် အမေအခုဘာလုပ်နေလဲ"

Rikuရဲ့အသံက အငယ်ဆုံးသားလေးက အမေ့ကိုချွဲနေသလိုမျိုးလေး။

"လာမယ့်အပတ်မှာ အမေ့မွေးနေ့ရှိတာ သိတယ်မို့လား"

"ဒါပေါ့ သားကဘယ်မေ့မလဲ"

တကယ်တော့ Rikuမေ့နေ့တာပါ။နှစိတိုင်းနှစ်တိုင်း အခုလိုဖုန်းဆက်ပြောမှ သတိရတတ်တာကို အမေမသိခဲ့ဘူး။
အလိုက်ကမ်းဆိုးမသိ တစ်စုံတစ်ယောက်ရဲ့ မွေးနေ့ကိုကျ မှတ်မိနေတတ်တဲ့ ဦး‌ခေါင်းကို ဖောက်ပြီးဦး‌နှောက်ကိုသာ ထုတ်ပစ်လိုက်ချင်တယ်။

"အမေ့မွေးနေ့မှာ သားလာခဲ့နော် အိမ်မှာ တစ်ယောက်ထဲ အထီးကျန်လို့ ငါ့သားလေးတွေလာရင်ကောင်းမှာပဲလို တွေးမိသေးတယ် မနှစ်ကလဲ မလာကြဘူးမို့လား Daeyoung ကလဲ..."

အဲ့လူရဲ့နာမည်ကို ကြားလိုက်ရုံနဲ့တင် အသားတွေတဆတ်ဆတ်တုန်လာတာမျိုးဖြစ်ဖူးရဲ့လား။အဆမတန်ခုန်နေတဲ့ နှလုံးသားကိုရော ထိန်းချုပ်လို့ရကြရဲ့လား။

"အာ အမေကလဲ လာခဲ့မယ် သေချာလာခဲ့မယ်နော် အခုသား အလုပ်ရှိသေးလို့ဒါပဲနော်"

တစ်ဖက်ဖုန်းရဲ့စကားမဆုံးခင် ဖြတ်ပြောပြီး တစ်ဖက်သတ်ဖုန်းချပစ်လိုက်မိတယ်။ရင်ဘတ်ပေါ် လက်တစ်စုံဖိလို့ သက်ပြင်းချမိပြန်တယ်။အဲ့နာမည်ကိုရှောင်ရင်းနေလာခဲ့တာ ငါးနှစ်တောင်ရှိပါပေါ့။အခုတော့လဲ နာမည်လေးကြားတာတောင် အရူးလိုတွေ ဖြစ်နေတာပဲ။ရယ်ရတယ်။

သူ့သတင်းမကြားရတာလဲ ငါးနှစ်ရှိပြီ။မကြားဆို Rikuက အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်ထားမိတာကိုး။Daeyoungအမေဆီကတောင် Daeyoung ဆိုတဲ့အသံကြားရင် ထွက်ပြေးတော့တာပဲ နည်းအမျိုးမျိုးနဲ့။

ကိုယ့်ကိုယ့်ကိုယ် အခြေအနေတည်ငြိမ်ပြီလို့ ယူဆရမှ ညစာစားဖို့ ဟိုတယ်အပြင်ဘက်ထွက်လာလိုက်တယ်။မိုးရိပ်တွေကြောင့် ကြယ်တောင်မမြင်ရတော့ဘူး။

-SILENCE-

ကတိအတိုင်း ဖူကူအီကို မွေးနေ့အတွက်ပြန်ရမယ်။ကားလမ်းနဲ့ပဲ ပြန်လာခဲ့တယ်။ဘူတာတို့ ရထားဥဩသံတို့ကြားရင် ရင်ဘတ်က တဆစ်ဆစ်ကိုက်လာရော။ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့အမှတ်တရတွေလဲ။

"အမေ"

Rikuခေါ်သံကြားတော့ အိမ်ထဲကနေ မျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်က ထွက်လာပြီး အားရပါးရကြိုဆိုတယ်။ကားဆရာကိုလဲ ကျေးဇူးတင်ကြောင်းပြောပြီး မုန့်လက်ဆောင်တွေပါပေးလိုက်သေးတယ်။

"ကားလမ်းက အဲ့လောက်တောင်မြန်သလား "

Rikuက ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အမေကို တွဲခေါ်ပေးလိုက်တယ်။အရင်နှစ်တွေတုန်းက ရေချိုးခန်းမှာ ချော်လဲပြီးကတည်းက ခြေခောက်ကထော့နဲ့ထော့နဲ့။Kim Daeyoung ဆိုတာ Maeda Riku ကို ဘယ်လောက်တောင်မုန်းနေလဲဆို သူ့အမေဆီကို တစ်ခါလေးတောင် ပြန်မလာတာပဲ။ကျေးဇူးမသိတတ်တဲ့သား။

Rikuက သူ့အတွေးလေးနဲ့ သူ နှာခေါင်းကို ရှုံ့လိုက်ပြန်တယ်။

"မင်းသူငယ်ချင်း Daeyoung ကတော့ ထုံးစံအတိုင်းမလာချင်ဘူးတဲ့လေ"

Rikuက အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။လူဆိုးကောင်ပဲ

"နားအုံး နားအုံး မနက်ဖြန်မှ ဘုရားကျောင်းသွားရအောင် ညစာဘာစားချင်လဲ အမေချက်ထားလိုက်မယ်"

"ရှိတာနဲ့ပဲစားပါ့မယ်ဗျ သခင်မကြီးက အေးအေးဆေးဆေးလေး ထိုင်နားပေးရင် ပိုပြီးကျေးဇူးတင်မိမှာပါ"

အသက်ရနေပြီဖြစ်တဲ့ အမေကို လှုပ်စိလှုပ်စိ ကုလားထိုင်ပေါ် ထိုင်စေပြီး မေးလိုက်တယ်။

"ကုလားထိုင်အသစ်ပါလား အရင်က မတွေ့ဖူးပါဘူး"

"အရင်နှစ်နှစ်လောက်ကလားပဲ Daeyoung ပြန်လာပြီး ကိုယ်တိုင်ရိုက်ပေးသွားတာ အမေက အင်ဂျင်နီယာRikuလေးကို ရိုက်ခိုင်းမယ်ပြောတာကို သူရိုက်ပေးပါ့မယ်ဆိုပြီး ဇွတ်အတင်းလုပ်သွားတာ အခုတော့ မညီပဲ လှုပ်တုတ်တုတ်ဖြစ်နေတာ"

Riku က အနည်းငယ်ပြုံးမိသွားတယ်။အဲ့Kim မျိုရိုးက အရမ်းခေါင်းမာတာ။သူလုပ်ချင်တာ သူလိုချင်တာပဲသိတာ။နောက်ဆက်တွဲတွေကို မစဉ်းစားတတ်တဲ့ ကလေးတစ်ယောက်ပဲ။

ခနကြာတော့ Rikuက ကွန်ပြူတာကိုဖွင့်လို့ မေးလ်တွေကို စစ်နေတယ်။ပြီးတော့ ကုလားထိုင်ပေါ်ထိုင်နေတဲ့ အမေဆီကို လှမ်းကြည့်တော့ ကလေးပိစိလေးအင်္ကျီကို ချည်ထိုးနေတယ်လေ။အင်းးးးအမေတစ်ယောက်တော့  မြေးများချီရတော့မှာလား ဆိုပြီး အတွေးဝင်မိသေးတယ်။

ညရောက်တော့ Daeyoung ရဲ့အခန်းမှာပဲ အိပ်ဖို့စီစဉ်ပေးတယ်။အခန်းက သန့်ရှင်းမြဲပါပဲ။စာကြည့်စားပွဲလေးရှိတယ်။စားပွဲပေါ်မှာ ဘောပင်တွေနဲ့ပွနေအောင် စာတွေရေးထားတယ်။ပုံတွေလဲဆွဲထားသေးတယ်။စက်ဘီးပုံ ကားပုံ ဆာကူရာပန်းပုံနဲ့ ကောင်လေးနှစ်ယောက် အတူတူကျောင်းသွားနေတဲ့ပုံ။

မင်နီနဲ့ထင်းနေတဲ့စကားလုံးတစ်ခုက
"Maedaကို မုန်းလိုက်တာ" ဆိုပြီး အနောက်က ရုပ်ပြောင်ပုံလေးဆွဲထားသေးတာ။Kim Daeyoung က အဲ့တုန်းက ပုံကိုဆွဲနေရင်း ချစ်စရာလေးဖြစ်နေမှာ။Rikuက ပြုံးလိုက်တယ်။ပြီးတော့ ငိုတယ်။

"ငါ့ကို စနောက်ပြီးတော့တောင် မုန်းတယ်တဲ့လား  မောင်ရယ်"

-SILENCE-

ဒီနေ့က အမေ့မွေးနေ့။မနက်ခင်းပိုင်းကတည်းက ဘုရားကျောင်းသွားပြီး ညနေခင်းလောက်မှ အိမ်ကိုပြန်လာခဲ့တယ်။ထူးထူးဆန်းဆန်း အိမ်ရှေ့မှာ ကားတစ်စီး ရောက်နေတယ်။အိမ်စီးကား နောက်ဆုံးပေါ်ကားပဲ။လိုင်စင်နံပါတ်က ဂျပန်နိုင်ငံက ကားတွေလိုမဟုတ်ဘဲ နည်းနည်းကွဲနေတယ်။
ထူးဆန်းသလိုကြည့်နေတဲ့ Rikuကို အမေက တစ်ချက်ပြုံးပြပြီး ပြောတယ်။

"အဲ့တာ Daeyoung ကားလေ သူပြန်ရောက်နေပြီ"

"ဟင်"

Rikuက ခေါင်းမွှေးတွေထောင်ကုန်တယ်။သူက ဘယ်လိုလုပ် မဟုတ်ဘူး ဘာလို့ ချက်ချင်းကြီး ရောက်လာရတာလဲ။မဟုတ်မှ မိန်းမရောပါလာတာလား ဒါမှမဟုတ် အမေ့ကို မြေးချီရတော့မယ့်အကြောင်းလာပြောတာလား အဲ့ဒါမှမဟုတ်ရင် သူ့ရဲ့မွေးကင်းစကလေးကို ငါ့ကိုထိန်းခိုင်းဖို့ ရောက်လာတာလား။
Rikuက အတွေးတွေကို ခါထုတ်လိုက်တယ်။

"အမေ သားအိမ်ကိုပဲပြန်အိပ်လိုက်တော့မယ် "

"ဘာလို့လဲ သားရယ်"

"ဟိုကောင်ပြန်ရောက်လာပြီမို့လား သူ့အခန်းကိုတော့ အပိုင်စီးယူမထားချင်လို့ပါ အိမ်က နီးနီးလေးပဲကို လှမ်းခေါ်လိုက်ရတယ်လေ နော်"

Rikuက အမေ့လက်မောင်းကို ကိုင်ပြီး ချွဲတော့တာပဲ

"ဟုတ်ပါပြီရှင် ဒါပေမယ့် မနက်စာတော့ အတူတူလာစားနော် မစားရင် Daeyoung ကို မနက်စာလာပို့ခိုင်းလိုက်မယ်"

"အာ လာစားမှာပေါ့ လာစားမယ် လာစားမယ်နော် အခုသွားပြီနော်"

Rikuတစ်ယောက် တစ်ချိုးတည်းအိမ်ထဲဝင်ပြေးတော့တာပဲ။အိမ်သော့က ခြံဝန်းထဲက ပန်းအိုးထဲမှာရှိနေသေးလို့သာတော်တော့တယ်။မဟုတ်ရင် Daeyoung တို့အိမ်ထဲ တစ်ခေါက်ပြန်ဝင်နေရအုံးမှာ။အဲ အဝတ်အိတ်ကကျတော့ရော မတတ်နိုင်ဘူး မနက်ဖြန်မနက်စောစော Daeyoung မထခင်သွားပြီးမှ ယူရုံပဲ။

အတွေးတွေနဲ့ အိမ်တံခါးဖွင့်ပြီး ဝင်တာ အိမ်ပေါက်ဝမှာ ခလုတ်တိုက်ပြီး ပစ်လဲတယ်။ကောင်းရော ပြာယာခတ်တော့ ဒူးပွန်းကုန်ပြီ။

Rikuတို့အိမ်ကတော့ မသုံးတာ ဆယ်စုနှစ်လောက်ရှိပြီမို့ ဖုန်တွေချည်းပဲ။အိပ်ဖို့တစ်နေရာကိုတော့ အခုရှင်းလိုက်မယ် ကျန်တာကိုတော့ မနက်ဖြန်မှပဲ ရှင်းတော့မယ်။ပစ်စရာရှိတဲ့အမှိုက်တွေစုလို့ အမှိုက်ကန်ကိုသွားပစ်ဖို့ထွက်ခဲ့လိုက်တယ်။

"Wtf"

ကားနားမှာ Kim Daeyoung ရပ်နေတာမြင်တော့ အာမေဋိုတ်နဲ့အတူ အထဲပြန်ဝင်ပုံးလိုက်တယ်။Maeda Rikuရဲ့ဘဝက ဘာလို့ဒီလောက်တောင်ခက်ခဲနေရတာလဲ။

ညစာကို မှာစားလိုက်ပြီး အနားယူဖို့နေရာချလိုက်တယ်။ရေချိုးပြီး အဝတ်အစားလဲချင်တာတောင် အဝတ်အိတ်က တစ်ဖက်အိမ်မှာမို့ မလဲရတဲ့ဘဝ။မိုးရာသီဆိုပေမယ့် မိုးမရွာရင် ရာသီဥတုက ပူစပ်ပူလောင်မို့ အိမ်ထဲမှာတွေ့တဲ့ စွပ်ကျယ်ချိုင်းပြတ်နဲ့ ပေါင်လယ်ဘောင်းဘီကိုပဲ လဲဝတ်ထားလိုက်တယ်။ညနေက ရှပ်စလူးထပြီး ဒူးပြဲတာကို ဆေးထည့်ဖို့ ဆေးဆိုင်ကိုသွားလိုက်သေးတယ်။

"အန်တီ အနာကျက်ဆေး ပေးပါ ပတ်တီးနဲ့ဂွမ်းနဲ့ရောတစ်ခါထဲ ထည့်ပေးပါ"

"ဟယ် Maeda Rikuပါလား ဘယ်တုန်းက ပြန်ရောက်လဲ "

ဆိုင်ရှင်အဒေါ်က Rikuကိုသိတဲ့ပုံပဲ။Rikuကတော့ သိပ်မမှတ်မိတာမို့ ရယ်ပဲပြလိုက်တယ်။

"မင်းတို့အိမ်ရှေ့က ကိုရီးယားသားလေးက ကားအကောင်းစားကြီးနဲ့ပြန်လာတယ်ဆို မင်းသူငယ်ချင်းမို့လား"

"ဟုတ်"

"မင်းတို့အတူတူ အိုဆာကာမှာ ကျောင်းတက်ကျတယ်မို့လား သူကတော့ကားကြီးနဲ့ မင်းလဲ အင်ဂျင်နီယာဖြစ်နေပြီဆို ကားတို့ အိမ်တို့ ပိုင်လောက်ရောပေါ့"

Rikuက တကယ်မပြောတတ်မဆိုတတ်လေးမို့ ဘာမှမပြောမိအောင် ပါးစပ်ကို တင်းတင်းစိလို့ထားလိုက်တယ်။

ပြီးတော့ ရှည်ရှည်ဝေးဝေးတွေမပြောချင်တာမို့ ပေးတဲ့ဆေးထုတ်ကိုယူ ပိုက်ဆံရှင်းပြီးပဲ အမြန်အမြန် ထွက်လာလိုက်တယ်။

"အမလေး လူကဖြင့် အင်ဂျင်နီယာသာသာကို မ‌ခန့်လေးစားနဲ့"

နောက်မှာတော့ မြည်တွန်တောက်တီးနေတဲ့ အဒေါ်ကြီး တစ်ယောက်ကျန်နေခဲ့တယ်။

အိမ်ပြန်ရောက်တော့ ကွပ်ပျစ်ပေါ်ထိုင်ပြီး ဒူးပြဲကို ဆေးထည့်ခြင်းလုပ်ငန်းစဉ်စရတော့တာပဲ။အချိန်အားဖြင့် ည၇နာရီ။

‌အနာကျက်ဆေးထည့်တော့ စပ်တာမို့ ပါးစပ်ကနေလဲ တကျွတ်ကျွတ်လုပ်နေသေးတာ။ခနကြာတော့ Rikuရှေ့ကို လူရိပ်တစ်ခုက လွှမ်းမိုးလာတယ်။ထိုလူက Rikuရဲ့အဝတ်အိတ်ကိုလဲ ဆွဲလာသေးတယ်။

"Maeda Riku"

Rikuက ခေါ်သံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ဘုရားရေ
သူချစ်ခဲ့ရတဲ့ Kim Daeyoung ပါလား။

Kim Daeyoung က အသားတွေဖွေးလာလိုက်တာ။ဆံပင်ကရှည်ရှည်နဲ့ အသက်၂၀တုန်းကလို ကလေးဆန်တဲ့ပုံရိပ်မရှိတော့သလိုပဲ။အင်းလေ သူကအိမ်ထောင်သည်ဖြစ်နေပြီပဲ ရင့်ကျက်သင့်ပါတယ်။

"အမေက မင်းရဲ့အဝတ်အိတ်လာပေးခိုင်းလို့"

"အော်"

Rikuမှာ အခုလိုအချိန်မျိုးအတွက် ပြောစရာရှိမနေဘူး။
မဟုတ်ဘူး... ပြောစရာတွေအများကြီးရှိတယ် ပြောခွင့်ရှိမနေတာ။

Daeyoung က သူဌေးသားပုံစံလေးပဲ။သူအကြိုက်ဆုံး အပြာရင့်ရောင် တီရှပ်ကို စတိုင်လ်ပန့်ထဲထပ်ဝတ်ထားပုံက ခန္ဓာကိုယ်ပေါ်မှာ လိုက်ဖတ်နေတယ်။နောက်ကိုလှန်တင်ထားတဲ့ ဆံပင်ရှည်တွေက နဖူးပေါ်မှာ ဟိုတစ်စ ဒီတစ်စ ဖွာကျနေတယ်။ဒီအချိန်ကျမှ အိမ်ထောင်ဖက်အမျိုးသမီးကို မနာလိုလိုက်တာလို့ပြောရင် နောက်ကျလေမလား။

Rikuက သူ့အတွေးနဲ့သူမို့ အနာထည့်လက်စကိုတောင် ဆက်မထည့်နိုင်ပဲ ငြိမ်နေတယ်။

"မင်း ဒူးက ဘာဖြစ်တာလဲ"

"အာ ငါညနေက ချော်လဲလို့"

ဘာလို့ ဒီKim မျိုးရိုးရှေ့ရောက်ရင် Rikuက သနားစရာကလေးတစ်ယောက်လို ဖြစ်နေရတာလဲ။အရင်တုန်းကရော အခုရော။
ဒါပေမယ့် အဲ့လိုသနားစရာကလေးလေးကို Kim Daeyoung က အမြဲတမ်းဂရုတစိုက်ရှိနေပေးတုန်း အနားမှာရှိနေပေးတုန်း။

အခုလဲ Rikuရှေ့မှာ ဒူးထောက်ချပြီး Rikuရဲ့ဒူးပြဲဒဏ်ရာကို ဆေးထည့်ပေးတယ်။ကဲ ဒါကိုမှ မကြွေရင် ဘာဟာကို သွားကြွေရမှာလဲ။

"ငါ့ဘာသာထည့်လိုက်မယ် မင်းဒူးထောက်ထားရတာ နာနေလိမ့်မယ်"

တစ်ဖက်လူက Riku စကားကို လျစ်လျူရှုတယ်ထင်ပါတယ်။ဆေးကိုဆက်ထည့်ပေးပြီး ပတ်တီးစည်းပေးဖို့ပြင်တယ်။တိတ်ဆိတ်နေလိုက်တာဆိုတာ ပုစဉ်းရင်ကွဲကောင် အော်သံတွေပဲ ကြီးစိုးနေတယ်။Rikuက တိတ်ဆိတ်နေတာမကြိုက်ဘူး။

"တိုကျိုမှာ ငါ့သူငယ်ချင်းအင်ဂျင်နီယာတစ်ယောက်ရှိတယ် သိလား
သူကလေ အရမ်းအကျင့်ယုတ်တာပဲ တိုကျိုက ကောင်မလေးချောချောလေးရတာတောင် ငါ့ကိုမပြောဘူး ပြီးတော့ သူတို့မင်္ဂလာပွဲမှာလဲ ငါ့ကို အစီအစဉ်တင်ဆက်သူလုပ်ခိုင်းအုံးမယ်တဲ့ အဆိုးဆုံးကတော့ ငါက တစ်ယောက်ထဲဖြစ်နေလို့ ခနခနလှောင်တာပဲ"

Rikuက နှာခေါင်းလေး ရှုံ့လို့ပြောတယ်။Daeyoungကတော့ ဒူးထောက်ရက်ပဲ Rikuကြည့်ပြီး မျက်နှာမှာ ပြုံးရိပ်သန်းနေတယ်။

"ပတ်တီးက မနက်ဖြန်ကျ မစည်းထားနဲ့တော့ အခုညတော့ ခနစည်းထားလိုက် မင်းအိမ်မှာ အိပ်ဖို့နေရာရော ရှိလား"

Daeyoung ဘက်က Rikuကို အခုလို ဂရုတစိုက်နဲ့မှာကြားနေရင် Rikuက ဆိုးချင်တယ်။

"ဘာလဲ အိပ်စရာမရှိရင် မင်းနဲ့အတူအိပ်ခိုင်းမလို့လား"

Rikuက ပြောလဲပြောရင်း Daeyoung မျက်နှာနဒ့အနီးကပ်ထိရောက်အောင် ခန္ဓာကိုယ်ကိုနှိမ့်ချလိုက်တယ်။

"မင်းသာဆန္ဒရှိရင်.."

Rikuက ကိုယ့်အတက်နဲ့ကိုယ်ပြန်ဆူးတာပဲ။စချင်တဲ့စိတ်နဲ့ မေးလိုက်ပေမယ့် Daeyoung ဆီက အသံတိုးတိုးလေးကို ကြားရပြန်တော့ ကြကါသီးတဖြန်းဖြန်းနဲ့ ရင်ခုန်ပြန်ရော။

Maeda Rikuက တွေးလိုက်တယ်
သူ့ဆီမှာ ဒီKim မျိုးရိုးနဲ့ပတ်သက်ပြီး မူမမှန်တာတွေရှိနေသေးတယ်
ရှောင်မှ ဖြစ်မယ် တဲ့။

-SILENCE-

Continue Reading

You'll Also Like

4.1K 140 5
"แ€…แ€ฎแ€ธแ€€แ€›แ€€แ€บแ€บแ€แ€ฝแ€ฑแ€‘แ€€แ€บ แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€•แ€ผแ€ฎแ€ธ แ€…แ€ญแ€แ€บแ€แ€„แ€บแ€…แ€ฌแ€ธแ€•แ€ฑแ€ธแ€™แ€œแ€ฌแ€ธ "
CLOUD By Berry

Short Story

6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...
89.7K 4.9K 53
แ€’แ€ซแ€€แ€แ€ฑแ€ฌแ€ท แ€แ€›แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ€ทแ€แ€แ€นแ€‘แ€ฏแ€œแ€ฑแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€บแ€แ€…แ€บแ€œแ€ฑแ€ฌแ€™แ€พแ€ฌ แ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€แ€…แ€บแ€แ€ฏแ€กแ€”แ€ฑแ€”แ€ฒแ€ท แ€‘แ€ฏแ€แ€บแ€œแ€ฝแ€„แ€บแ€ทแ€”แ€ฑแ€•แ€ซแ€•แ€ผแ€ฎแ‹ ... แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท แ€แ‚แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€นแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ‚•แ€แ€แณแ€ณแ€ฑแ€œแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€นแ€แ€…แ€นแ€ฑแ€œแ€ฌแ€™แ€ฝ...
1.1M 28.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...