SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ(19)-2

36 9 8
By Florist520

(၁၉)

Daeyoung 's pov

ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့

ဂျပန်-ကိုရီးယား ဖက်စပ်ကုမ္ပဏီတစ်ခုရဲ့ translator တစ်ယောက်တစ်ဖြစ်လဲ ထိုကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးမန်ဘာတစ်ယောက်ဖြစ်တဲ့ Kim Daeyoung တစ်ယာက် တိုးလာတဲ့ပါဝါမျက်မှန်ကြီးကို ပင့်တင်ပြီး စာရွက်စာတမ်းတွေကြားထဲ ခေါင်းမြှပ်နေတယ်။
ခနကြာတော့ ရုံးဖုန်းမဟုတ်ဘဲ ကိုယ်ပိုင်လက်ကိုင်ဖုန်းလေးက မြည်လာတယ်။

"ဟယ်လို အမေ"

"သား မနက်ဖြန်အမေ့မွေးနေ့လာမယ်မို့လား"

"ကျွန်တော်အခုရက်ပိုင်းအလုပ်ရှုပ်နေလို့ နောက်ကျမှ လာဖြစ်မယ်ထင်တယ် "

"အယ် ရတယ် ရတယ် ငါ့သားလေးပြန်လာရင်ပြီးရော နောက်ကျလဲ ကိစ္စမရှိဘူး Riku ကတော့ ရောက်နှင့်နေပြီ ကလေးက အခုသားအခန်းထဲမှာ အနားယူနေတယ်"

မျက်မှန်အောက်က မျက်ဝန်းတစ်စုံမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတယ်။

"ဟုတ် ကျွန်တော် တတ်နိုင်သမျှ အမြန်ပြန်လာခဲ့ပါ့မယ်"

ဖုန်းခေါ်ဆိုမှုပြီးတာနဲ့ အချိန်ဇယားကိုစစ်ပြီး ဖျက်သင့်တာကို ဖျက်လိုက်တယ်။

"အကို မနက်ဖြန်အစည်းအဝေးက အရေးကြီးလို့ ဖျက်လို့မရဘူး "

"ယောလေးပဲ ကိုယ်စားသွားပေးလို့မရဘူးလား အကိုအခုအလျင်စလိုဖြစ်နေလို့"

"မရ မရနော် ဟိုတစ်နှစ်ကလဲ အလောတကောပြန်သွားလို့ ယောလေးဘယ်လောက်တောင် ကြိုးစားဖြေရှင်းလိုက်ရလဲ တစ်ခါပဲရမယ် နှစ်ခါမရဘူး"

နှုတ်ခမ်းကို စူပုတ်လို့ ရနါထောင်နေတဲ့ ယောလေးဆိုတဲ့ကလေးမ ခေါင်းကို ခပ်ဖွဖွပုတ်လို့ ရယ်လိုက်တယ်။

"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုး အစည်းအဝေးကို ရအောင်သွားပါ့မယ်"

"အမလေး မိန်းမအတ‌ွက် စိန်နားကတ် အမေ့အတွက် ပဲကြီးလှော် ဆိုတာမျိုးဖြစ်နေပြီ အမေ့ကို လွမ်းတာနည်းနည်း မိန်းမကို လွမ်းတာများများ"

အပြေးလေးထွက်သွားတဲ့ Kim Daeyoung ကြားအောင် ယောလေးက အော်ပြီး ပြောလိုက်တယ်။

မနက်ဖြန်အတွက် လေယာဉ်လက်မှတ်ကို အခုကတည်းက ကြိုဖြတ်ထားရင် အရမ်းကဲလွန်းရာ ကျနေမလား။မနက်ဖြန်ကျမှ လေယာဉ်လက်မှတ်မရရင်ရော။

"ဟယ်လို ကျွန်တော် Kim ပါ ကျွန်တော့်အတွက် ဂျပန်မှာစီးဖို့ကားတစ်စီး စီစဉ်ပေးလို့ရမလား"

မတက်နိုင်ဘူး။အချစ်အတွက် ရှိသမျှအကုန်ထုတ်သုံးရတော့မှာပဲ။
အဖွားဖြစ်သူက ယောလေးနဲ့လက်ထပ်စေချင်ခဲ့တယ်။Daeyoungကတော့ ငြင်းဖို့အခွင့်မသာခဲ့ပေမယ့် ယောလေးဘက်က စငြင်းခဲ့တယ်။အဲ့တုန်းက Daeyoung တစ်ယောက် Rikuနဲ့စကားအကြီးအကျယ်များပြီး အဘွားဆန္ဒအတိုင်းလုပ်ဖို့ ကိုရီးယားကိုပြန်လာခဲ့တုန်းက။ယောလေး က စကားတစ်ခွန်းတည်းနဲ့ မင်္ဂလာပွဲကိုငြင်းတယ်။

"အခုလက်ထပ်ပွဲက အဘိုးရဲ့ကုမ္ပဏီမှာ ဦးစီးမယ့်သူမရှိလို့ အကိုနဲ့နှစ်ယောက်အတူဦးစီးစေချင်လို့မို့လား လက်မထပ်ပဲနဲ့လဲ ဦးစီးလို့ရတာပဲလေ ပြီးတော့ အကိုကို ယောလေးအကိုအဖြစ်နဲ့ပဲ ရှိစေချင်တာမို့ ငြင်းပါရစေ"

ပြီးတော့ Daeyoung နဲ့ယောလေးတို့ နှစ်ယောက်တည်းစကားပြောဖြစ်တော့ ယောလေးက ဒီလိုပြောပြန်တယ်။

"အချစ်ကိုပဲလွမ်းဆွတ်ရင်း ဘဝနိဂုံးချုပ်သွားရတဲ့ အဘိုးအဖြစ်ကိုကြည့်ပြီး ယောလေးသိပ်သနားတာပဲ အကို့ကိုတော့ အဲ့လိုမဖြစ်စေချင်ဘူး သွားပါ အကိုချစ်တဲ့သူဆီ"

Daeyoung က ခေါင်းခါခဲ့တယ်။ချစ်တဲ့သူဆီပြန်မသွားတော့ဘူး။နောက်တစ်ခါ ထပ်အစွန့်ပစ်ခံရမှာကို ကြောက်တယ်။နှစ်ခါ အစွန့်ပစ်ခံခဲ့ရတဲ့သူက Daeyoung မို့ အနာက မကျက်သေးဘူး။ဒီအတိုင်း အချိန်တစ်ခုကို စောင့်ပြီးမှ အချစ်ရှေ့ကို သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဒါပေမယ့် ၆လလောက်ကြာပြီးတော့ အိုဆာကာကို နောက်တစ်ခေါက် သွားကြည့်သေးတယ်။အရင်အိမ်မှာ Rikuမနေတော့ဘူးတဲ့။အိမ်ရ‌ှင်အဒေါ်ကြီးက အိမ်ကို တစ်ခြားတစ်ယောက်ဆီ ငှားမယ်လုပ်နေတာနဲ့ ပိုက်ဆံပိုပေးပြီး တစ်ခြားသူကို မငှားပစ်ဖို့ တောင်းဆိုခဲ့တယ်။

နှစ်တိုင်း ဖူကူအီကို ပြန်လာဖြစ်တယ်။ပြန်လာတိုင်း ဘေးအိမ်က ကောင်လေးများရောက်နှင့်လေမလားမျှော်တယ်။ဒါပေမယ့် အိုဆာကာထိတော့ လိုက်မကြည့်ဖြစ်ခဲ့ဘူး။အခုတော့ အချစ်နဲ့တွေ့ဖို့ အချိန်ကျပြီထင်ပါတယ်။

Rikuမရှိတဲ့ရက်တွေမှာ Daeyoung က နားအေးပါးအေးနေခဲ့ရတယ်ဆိုမလား။အထီးကျန်တယ်ဆိုမလား Rikuရဲ့တီတီတာတာနဲ့ ပေါက်ကရစကားတွေကို လွမ်းနေမိတယ်။အခုတစ်ခေါက်ပြန်လို့ တွေ့ဖြစ်ရင် အားရပါးရဖက်ထားပစ်မယ် ပြန်လွှတ်မပေးတော့ဘူး။

ဇာတ်ကားတွေထဲကလို ကားအကောင်းစားကြီးနဲ့ Rikuအရှေ့မှာ ထိုးရပ်မယ် ကားပေါ်က ဆင်းပြီး Rikuကို ပြေးဖက်မယ်စိတ်ကူးပေမယ့် တကယ်တမ်းအိမ်ရောက်တော့ ဘယ်သူမှရှိမနေဘူး။အဲ့ဒါနဲ့ပဲ အိမ်ထဲ စိတ်ပျက်လက်ပျက်ထိုင်နေလိုက်တော့တယ်။အမေကလေ ဘာလို့ Rikuကို ဘုရားကျောင်းခေါ်သွားလဲ မသိတော့ဘူး။

"အမေ Rikuရော မပါလာဘူးလား"

ယောလေးရဲ့စကားက မှန်နေပြီထင်ပါရဲ့။အမေကျော် ဒွေးတော်လွမ်းမဟုတ်ဘဲ အမေကျော် ချစ်သူကိုလွမ်းဖြစ်နေပြီ။

"ဒီနေ့ကျ သူ့အိမ်မှာအိပ်မယ်တဲ့ အိမ်က ဖုန်တွေနဲ့ဖြစ်နေမှာကို အဆင်ပြေရဲ့လားမသိပါဘူး သား လိုက်သွားကြည့်လိုက်အုံး"

"ဟုတ်"

နှစ်ခါမငြင်းတဲ့ သားလိမ္မာလေးပါ။တကယ်တမ်း Rikuအိမ်ရှေ့လဲရောက်ရော အထဲမဝင်ရဲပြန်ဘူး။ခြံစည်းရိုးကိုပျော်ပြီးပဲ ချောင်းကြည့်လိုက်‌တယ်။တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေလိုက်တာ။ဆံပင်တွေလဲရှည်လို့ မြို့ကြီးမှာနေလို့လားမသိ အသားကလဲ ပိုဝင်းလာတယ်။ဖုန်တွေကြောင့် နှာချေတာလဲ ခနခနပဲ။

ကြည့်ကောင်းနေတုန်း Rikuက အမှိုက်ပုံးကိုကိုင်ပြီး ထွက်လာတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ကားနားမှာပဲ ရစ်သီ ရစ်သီလုပ်နေလိုက်တယ်။အိမ်ထဲကလူကလဲ သူ့ကို မြင်လို့ ထင်ပါတယ် ထွက်မလာဘူး။

မောင့်ကို အဲ့လောက်တောင် မတွေ့ချင်တာလား အချစ်ရယ်။

ညရောက်တော့ Daeyoung နဲ့ အမေနှစ်ယောက်တည်း စကားပြောဖြစ်ကြတယ်။

"အမေ သားကို စိတ်မဆိုးဘူးလား"

Daeyoung က အမေဖြစ်သူရဲ့ပေါင်ကို ခေါင်းအုံးလို့ အိပ်ရင်း မေးတယ်။

"အမေ့သားလေးကို ဘာလို့စိတ်ဆိုးရမှာလဲ အင်းးး အခုတော့ စိတ်မဆိုးတော့ဘူးပေါ့ အရင်က အမေ့မှာ ရင်ကွဲခဲ့ရပါတယ်။အခုကျတော့ အမေရင်မကွဲရလေအောင် ဝမ်းမနည်းရလေအောင် သားတို့က ကြိုးစားပေးနေတော့ အမေ့မယ် ဘယ်စိတ်ဆိုးရက်မလဲ သားတို့က လူငယ်ပဲရှိသေးတယ်လေ လုပ်ချင်ရာကို လုပ်ပြီးရှင်သန်သင့်တာပေါ့ အမေကတော့ အသက်ကြီးနေပါပြီ ဘာအလိုရမ္မက်မှမရှိတော့တာမို့ သားတို့ဘဝ သားတို့လျှောက်ကြပါလို့ပဲ အမေပြောနိုင်တယ်"

Daeyoung က အမြဲတမ်း အမေ့ဆီက စကားတွေကိုကြားရင် ခွန်အားတွေဖြစ်လာတယ်။လမ်းစကို ရှာတွေ့လာတယ်။

"အော် သား Rikuရဲ့ အဝတ်အိတ်လေး သွားပေးလိုက်ပါအုံး ကလေးက အဝတ်အစားမလဲဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ သွား သွား"

အရင်နှစ်တွေ ပြန်လာတုန်းကထက် အခုတစ်ခေါက်ပြန်လာတော့ Daeyoung က ရွှင်မြူးနေတာမြင်တော့ အမေ့ခမျာ ပြုံးမိပြန်တယ်။

-SILENCE-

ကဲ ယောရောဘွန်းတို့
Happy ending ပါလို့ ယုံကြပြီလားရှင် 😞

Continue Reading

You'll Also Like

CLOUD By Berry

Short Story

6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...
751 111 10
LOVE on the ICE - YUSION short story
89.7K 4.9K 53
แ€’แ€ซแ€€แ€แ€ฑแ€ฌแ€ท แ€แ€›แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ€ทแ€แ€แ€นแ€‘แ€ฏแ€œแ€ฑแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€บแ€แ€…แ€บแ€œแ€ฑแ€ฌแ€™แ€พแ€ฌ แ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€แ€…แ€บแ€แ€ฏแ€กแ€”แ€ฑแ€”แ€ฒแ€ท แ€‘แ€ฏแ€แ€บแ€œแ€ฝแ€„แ€บแ€ทแ€”แ€ฑแ€•แ€ซแ€•แ€ผแ€ฎแ‹ ... แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท แ€แ‚แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€นแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ‚•แ€แ€แณแ€ณแ€ฑแ€œแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€นแ€แ€…แ€นแ€ฑแ€œแ€ฌแ€™แ€ฝ...
1.7M 104K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...