SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ(19)-1

43 11 2
By Florist520

(၁၉)

"ဘာလဲ အိပ်စရာမရှိရင် မင်းနဲ့အတူအိပ်ခိုင်းမလို့လား"

Rikuက ပြောလဲပြောရင်း Daeyoung မျက်နှာနဲ့အနီးကပ်ထိရောက်အောင် ခန္ဓာကိုယ်ကိုနှိမ့်ချလိုက်တယ်။ဒီMaedaက Kim Daeyoung ရဲ့သမာဓိကို လာစမ်းနေတာပဲ။

"မင်းသာဆန္ဒရှိရင်.."

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး Rikuက ရုတ်တရက်ကြီး ထရပ်တယ်။

"ငါအဆင်ပြေပြီး အိပ်တော့မှာမို့ မင်းပြန်တော့ ပေး ငါ့အိတ်"

Daeyoung မျက်ခုံးတွေက တွန့်သွားတယ်။မြင်လား ထပ်ပြီး နှင်ပြန်ပြီ။

"အိုဆာကာမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်တဲ့ မင်းသွားမှာလား"

"အင်း သွားရမှာပေါ့"

"ငါတို့အတူသွားမလား"

"ဟင့်အင်း"

ဒီMaedaကတော့လေ မတွေ့ရတဲ့နှစ်တွေမှာ ငြင်းတဲ့စကားကိုပဲ လေ့ကျင့်ခဲ့တာလား မသိပါဘူး။Daeyoungလဲ ခေါင်းညိမ့်ပြီးပဲ အိမ်ပြန်ခဲ့လိုက်တော့တယ်။သက်ပြင်းချသံတွေကတော့ အိမ်ထဲရော အိမ်ပြင်ရော ပျံ့နှံ့လို့။

နောက်တစ်နေ့မနက်မှာ Rikuက ကတိအတိုင်း Daeyoung အိမ်မှာ မနက်စာသွားစားရတယ်။မစားရင်လဲ Kim Daeyoung တစ်ယောက် သူ့ဆီ ဆိုက်ဆျုက်မြိုက်မြိုက် ထပ်ရောက်လာမှဖြင့် ခုန်နေတဲ့နှလုံးသားကို သိသွားရင် ခက်ရချည်။

"သား အစောကြီးပါလား အမေတောင် အခုမှထမင်းကျက်တယ်"

အစောကြီးလာဖို့က Riku ရဲ့ ပလန်အေပဲလေ။ဒါမှ Daeyoung နဲ့ မျက်နှာချင်းဆိုင်မတွေ့ဖြစ်မှာ။

"အမေ သားရဲ့သွားတိုက်တံရှိသေးလား"

ပလန်အေ ကျရှုံး။ဆရာသမားက ဘယ်အချိန်ကထတယ်မသိဘူး အခုလဲ ရေချိုးခန်းထဲကနေ ရေချိုးဝတ်တဘတ်တထည်ပဲ ပတ်ထားပြီး ထွက်လာတယ်။

"အရင်က သွားတိုက်တံကတော့မရှိတော့ဘူး ဟိုတစ်နေ့က Rikuတိုက်တဲ့သွားတိုင်တံတော့ရှိတယ် ရေချိုးခန်းထဲက စင်ပေါ်မှာ အပြာရောင်လေး"

Riku မျက်လုံးပြူးသွားမိတယ်။Daeyoungက သူတိုက်ထားပြီးသားသွားတိုက်တံနဲ့တိုက်မလို့တဲ့လား။အမေကလဲ မတားတဲ့အပြင်အကြံတောင်ပေးသေး။သားဖြစ်သူကလဲ ခေါင်းညိမ့်ပြီး ရေချိုးခန်းထဲ ပြန်ဝင်သွားတယ်။ဘုရားရေ ဒီအိမ်မှာ ဘာတွေဖြစ်နေတာလဲ။

"သား ညကအိပ်ရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ် ဖုန်တွေကိုတော့ ဒီနေ့မှသေချာရှင်းရမှာ"

"အဲ့ဒါကြောင့်ပြောတာ အလုပ်ရှုပ်ခံနေသေး ဒီမှာပဲ Daeyoung နဲ့နှစ်ယောက်တစ်ခန်းသုံးကြပေါ့ ခနတစ်ဖြုတ်ပဲဟာ"

အမေရေ ကျွန်တော်တို့က တစ်ခန်းထဲ အတူသုံးလို့ရမယ့် ဆက်ဆံရေးမျိုးမဟုတ်ဘူးဆိုတာ ဘယ်လိုရှင်းပြရမလဲ။

"သား Daeyoung လာထိုင် သားကြိုက်တဲ့ မနက်စာပြင်ပေးထားတယ်
ဆော့ကတော့ ယောလေးလက်ရာ ဘယ်မှီမလဲလေ နော့်"

ယောလေး ဆိုတဲ့နာမည်ကြားပြန်တော့လဲ Rikuရဲ့ လှုပ်ရှားနေတဲ့လက်တွေက ရုတ်ချည်း ငြိမ်သက်သွားတယ်။

"ယောလေးက အခုရက်ပိုင်းလုပ်မကျွေးတော့ဘူး ဝယ်ပဲစားခိုင်းတော့တာ အဲ့ဟာမလေးက အကျင့်ယုတ်မလေး"

Daeyoung ဆီက သူမအပေါ်ကျိန်ဆဲတာတောင် ချစ်စရာကောင်းတဲ့လေသံလေးနဲ့ပြောနေတာ။ဘယ်လောက်တောင် ချစ်နေရှာမလဲ။

"သားတို့ အလုပ်ကရော အဆင်ပြေလား မပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး သားကယောလေးကို ကူညီရုံတင်လေ ကျန်တာ သူပဲဦးစီးတာ"

Rikuက နေရာမှာတင် သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်ချင်တယ်။အခုစကားဝိုင်းမှာ သူက အရေးမပါတဲ့လူလိုပဲ။

"ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်ဆို Rikuနဲ့အတူသွားမယ်မို့လား"

Daeyoung ရေခွက်ထဲ ရေထည့်ပေးရင်း အမေက မေးလိုက်ခြင်း။Daeyoungက Rikuကို မျက်စပစ်ပြပြီး မျက်နှာကို ရှုံ့မဲ့ပြတယ်။

"ဘာလဲ ငါဘာလုပ်လို့လဲ"

Riku ကတော့ ကြောင်တောင်တောင်လေးနဲ့ Daeyoung ကို မေးခွန်းပြနါထုတ်တယ်။

"Rikuကလဲ Daeyoung နဲ့နှစ်ယောက်အတူသွားကြပေါ့ သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား"

Rikuက လိပ်ပြာမလုံသလိုနဲ့ မျက်စိကတောင်ပြေး မြောက်ပြေးဖြစ်နေတယ်။

"ဟုတ် ဟုတ် အတူတူသွားလိုက်ပါမယ်"

Rikuတွေးမိသေးတယ်။ဒီသားအမိက သူ့ကို သက်သက်မဲ့များ နှိပ်ကွပ်နေသလားလို့လေ။

မနက်ဖြန်ကျ အိုဆာကာကို တက်ရမှာမို့ လိုတဲ့ပစ္စည်းလေးတွေ စုထားလိုက်တယ်။ပြီးတော့ အိမ်ကိုသန့်ရှင်းရေးလုပ်လိုက်တယ်။တံမြက်စည်း အကြမ်းမရှိတာနဲ့ မြို့ထဲ ထွက်ရင်း တစ်ခြားအိမ်အတွက်လိုတာတွေပါ ပေါင်းဝယ်ခဲ့လိုက်တယ်။

လမ်းတစ်လျှောက်လုံးလဲ အဲ့ဒီKimမျိုးရိုးအကြောင်းက မတွေးပါဘဲ ခေါင်းထဲ ဝင်ဝင်လာတယ်။

အိမ်ရှေ့ရောက်တော့ Rikuခြေလှမ်းတွေက တုံ့ကလဲ ချက်ချင်းရပ်လိုက်မိတယ်။အိမ်ရှေ့မှာ Rikuအဖေ မဟုတ်ဘူး Riku ပထွေးက ရောက်နေခဲ့တယ်။Rikuကို မြင်တော့ အကြည့်စူးစူးတွေနဲ့ကြည့်တယ်။အဲ့အကြည့်က ခြိမ်းခြောက်ချင်နေတဲ့အကြည့်လား ဒေါသဖြစ်နေတဲ့အကြည့်လား စိတ်ဆျုးနေတဲ့အကြည့်လား Rikuမမှန်းတတ်ဘူး

နောက်ကျောက ဒဏ်ရာတွေက ပိုနာလာတယ်။ကျော‌က တဆစ်ဆစ်နာကျင်လာတယ်။Rikuအောက်နှုတ်ခမ်းကို ကိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။Rikuက ကလေးမှမဟုတ်တော့ဘဲ။ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်တဲ့ လူငယ်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်ဖြစ်နေပြီ သူရဲဘောကြောင်တဲ့သူမဟုတ်တော့ဘူး။

"သား Riku လာ အမေနဲ့အတူရှင်းရအောင်"

သားအဖနှစ်ယောက်ရဲ့ အကြည့်လျင်းဖလှယ်မှုတွေကြား ဝင်ရောက်လာသူက Daeyoung အမေပင်။Rikuကို အသာတွဲပြီး အိမ်ထဲခေါ်သွားပေးတယ်။

"သား အဆင်ပြေရဲ့လား အကိုကြီးက သားကိုစောင့်နေတာထင်တယ် စကားပြောကြည့်ကြမလား"

"ဟင့်အင်း ကျွန်တော်မပြောချင်ဘူး သူ့ဆီက ဘာစကားပဲထွက်လာထွက်လာ
အဲ့စကားတွေက တောင်းပန်စကားတွေဆိုရင်တောင် အတိတ်ကိုပြန်ဖော်သလိုဖြစ်တာမို့ ကျွန်တော် နာကျင်ရတယ် ရေစက်ကို ဒီမှာပဲ ဖြတ်လိုက်ချင်တယ်"

Daeyoung အမေက ခေါင်းလေးညိမ့်လို့ Rikuကျောကို လက်နဲ့အသာလေးပုတ်ပြီး နှစ်သိမ့်ပေးတယ်။ဒါပေမယ့် Rikuက စိတ်ဒဏ်ရာခံစားထားရတဲ့ နစ်နာသူတစ်ယောက်မို့ ဘယ်လောက်ပဲ ပါးစပ်က ဘာမှမဖြစ်ဘူးပြောပြော သူ့ရဲ့ရင်ဘတ်အစုံက နာကျင်နေတုန်း ကြောက်ရွံ့နေတုန်း။Daeyoungကို ထိခိုက်အောင်လုပ်မှာ ကြောက်မိနေတုန်း။သူ့ကြောင့်နဲ့ Daeyoung တို့ မိသားစုပြိုလဲသွားမှာ ကြောက်မိနေတုန်း။

တစ်နေကုန်လုံး ‌အမေနဲ့ အိမ်သန့်ရှင်းရေးအတူတူလုပ်ပြီး ညခင်းတော့ ခြေဆန့်ပြီး အပြည့်အဝအနားယူလိုက်တယ်။အိမ်သန့်ရှင်းရင်း အံစာတုံးအဟောင်းလေး ပြန်တွေ့သေးတယ်။အ‌ရောင်ဆင်တူလေးတွေ စီထားပြီးသား အံစားတုံလေးမှာ အမှတ်တရတစ်ချို့ကပ်ပါနေတယ်။

နောက်နေ့ညနေခင်းမှ အိုဆာကာကို သွားဖို့ပြင်ကြတယ်။ကားရဲ့နောက်ခုံမှာ ထိုင်ဖို့ပြင်တဲ့ Rikuကို Kim Daeyoung က ရှေ့ခုံကိုအတင်းလာထိုင်ခိုင်းတယ်။မထိုင်ရင် ကားမမောင်းပါဘူးဆိုပြီး လက်ပိုက်ပြီး နေနေတာမို့ မနိုင်တဲ့အဆုံး အရှေ့ခုံမှာ ပြောင်းထိုင်ပေးလိုက်ရတယ်။

နေပါအုံး သူကRikuလား ငါကRikuလား မကွဲပြားတော့ဘူး။

ကားလမ်းတစ်လျှောက်က မြင်ကွင်းတွေကြည့်လို့ရပေမယ့် ကားထဲမှာတော့ လေထုအခြေအနေက အရမ်းအေးစက်နေတယ်။နှစ်ယောက်လုံး ဘာစကားမှမပြောကြဘူး။Daeyoungဆီကတော့ ချောင်းဟန့်သံ တသ်ချက်တစ်ချက်ကြားရတယ်။

"ဟို မင်းအလုပ်ရော အဆင်ပြေရဲ့လား"

"ဟင် အင်း အဆင်ပြေပါတယ် နည်းနည်းတော့ နေပူခံရတာပေါ့ ဆိုက်တွေက အကျယ်ကြီးတွေဆို အလုပ်မလုပ်ရဘဲ လမ်းလျှောက်နေရတာနဲ့‌တင် အချိန်တွေကုန်ရော စစအလုပ်ဝင်ချင်းတုန်းကဆို အိမ်ဆောက်မယ့်အစား ယာဉ်ပျံတစ်ခုခု ဖန်တီးလိုက်ရမလားလို့ တွေးမိသေးတယ် မင်းသိတယ်မို့လား ငယ်ငယ်ကကြည့်ခဲ့တဲ့ကာတွန်းကားထဲကလို ပန်းကန်ပြားလို ယာဉ်မျိုး"

Rikuက လုံးဝပေါ့ပေါ့ပါးပါးပဲ စကားပြောလိုက်တယ်။အဲ့ဒါမှပဲ ဒီလေထုကိုဖြိုခွဲနိုင်မှာလေ။

"မိုးရွာမယ်ထင်တယ် Daeyoung မင်းမှာ ထီးပါခဲ့လား"

"မပါခဲ့ဘူး မိုးရွာရင် ကားကိုလမ်းဘေးခနရပ်ထားလိုက်မယ်"

Riku လဲ လက်ခံတဲ့သဘောနဲ့ ခေါင်းငြိမ့်လိုက်တယ်။

"ရားး မင်းတို့ကိုရီးယားမှာ ကေပေါ့ဆိုလား ခေတ်စားတယ်ဆို ငါ့ကိုပြောပြပါလား"

"ကေပေါ့က ခေတ်စားတာပေါ့ အခုဆို အဆောက်အဦးတွေမှာ LEDအကြီးကြီးတွေတပ်ပြီး ကေပေါ့အိုင်ဒေါပုံတွေပြထားတာ အဲ့လိုဆို လူတွေရဲ့ Attraction ပိုရတယ်လေ"

"ဟုတ်လား ငါတို့ဆီမှာလဲ အဲ့လိုထည့်ရင်ကောင်းမယ်ထင်တယ် ရှောပင်းမော်လ‌်တွေမှာတော့ LEDအသေးစားလေးတွေပဲ ထည့်ထားတာ ကြော်ညာဆိုင်းဘုတ်ကို သုံးကြတာမဖားတယ် ရုပ်သေထပ်ရုပ်ရှင်ဆိုရင် လူတွေပိုစိတ်ဝင်စားကြမယ်ထင်တယ်"

အိုဆာကာမရောက်ခင်တစ်လျှောက်လုံး သူတို့နှစ်ယောက်ရဲ့စကားဝိုင်းက ပြတ်တောင်း မသွားခဲ့ဘူး။အများစုက စီးပွ‌ားရေးအကြောင်းတွေပဲ။
ပုံမှန်ငယ်သူငယ်ချင်းတွေပြန်တွေ့ကြရင် ငယ်ငယ်က အမှတ်တရအကြောင်းတွေပြောကြမှာဆိုပေမယ့် သူတို့နှစ်ယောက်ကတော့ အဲ့လိုအကြောင်းအရာတွေကို ကွေ့ဝိုက်ပြီး ပြောကြတယ်။ကားနဲ့ ၃နာရီကျော်ကျော်လာက်မောင်းပြီးတော့ အိုဆာကာကိုရောက်တယ်။

စုရပ်ဖြစ်တဲ့ ဘားတစ်ခုကို တစ်ခါထဲ ဦးတည်လိုက်တယ်။မနက်ဖြန်မှ ဆရာဆရာမတွေနဲ့တွေ့မှာဖြစ်ပေမယ့် သိတဲ့အတိုင်း ဆရာ ဆရာမတွေနဲ့မတွေ့ခင် သူငယ်ချင်းတွေချည်း သောက်ကြစားကြနဲ့။

"ဟော ဟိုးမယ် Maeda Rikuကြီးပါလား"

Rikuကတော့ social butterfly လေးဆိုတော့ တွေ့တဲ့လူတိုင်းက နှုတ်ဆက်တာပဲ။Daeyoungကို နှုတ်ဆက်မယ့်သူကတော့ Amiတစ်ယောက်ပဲရှိတယ်။သူတို့နှစ်ယောက်က မေဂျာလဲ မတူတော့ ထိုင်တဲ့ဝိုင်းကလဲ မတူတော့ဘူး။
Rikuက သတိရတိုင်းတစ်ချက်ချက်လှမ်းကြည့်မိတော့ Amiနဲ့တီးတိုးပြောပြီး ရယ်မောနေကြတာ။ဒီKimမျိုးရိုးကို သူ့မိန်းမယောလေးနဲ့‌တိုင်ပြောရမယ်လို့ ကြိမ်းထားလိုက်မိတယ်။

ညမိုးချုပ်လောက်မှာ လူစုခွဲဖို့ပြင်တယ်။မပြန်ခင် အုပ်စုလိုက်ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ဆိုင်ရဲ့ အလယ်ဗဟိုနေရာမှာ အကုန်စုကြတယ်။
Daeyoung ပြီးတော့ Amiပြီးတော့ Rikuအဲ့လိုအစဉ်လိုက်ရပ်ပြီး ပထမတစ်ပုံရိုက်လိုက်တယ်။ဒုတိယတစ်ပုံရိုက်မယ်ပြောတော့ Amiက Daeyoung နဲ့နေရာချင်းချိန်းလိုက်လို့ Daeyoung နဲ့Rikuက နီးနီးကပ်ကပ်လေး ရပ်မိသွားတယ်။

"Amiက ဟိုဘက်က ကောက်လေးကို စိတ်ဝင်စားတယ်ဆိုလို့ လဲပေးလိုက်တာ"

"အော်"

Rikuက ခေါင်းလေးစောင်းပြီး Amiကို ကြည့်လိုက်တယ်။အော် သူတောင် ခရက်ရှ်ကို ချဉ်းကပ်နည်းတွေသိနေပြီပဲ။

ထူးဆန်းတာက ပထမဓာတ်ပုံရိုက်တုန်းက လူသိပ်မကြပ်ပေမယ့် ဒုတိယတစ်ပုံကြောင့် လူတွေကြပ်လွန်းလို့ Daeyoung နဲ့ Rikuရဲ့ ပုခုံးတွေက ပူးကပ်ပြီး လက်ခုံတွေလဲ ထိနေတယ်။

"ကဲ နောက်ဆုံးပုံပါ ၁ ၂ ၃"

အုပ်စုလိုက်ဓာတ်ပုံရိုက်ပြီးတာတောင် မိAmiတို့က မပြီးနိုင်ဘူး။Daeyoungနဲ့Riku နှစ်ယောက်တည်းကို ဓာတ်ပုံရိုက်ချင်လို့ပါဆိုပြီး အတင်းခေါ်တာနဲ့ သည်းခံလိုက်ရတယ်။

"စရိုက်တော့မယ်နော်
ဟာာာ နင်တို့ကလဲ ပတ်စ်ပို့ပုံရိုက်နေတာမှမဟုတ်တာ နည်းနည်းပါးပါးလုပ်ပါအုံး ပို့စ်လေး ဘာလေး မသိရင်ရန်ဖြစ်ထားတဲ့အတွဲတွေကျနေတာပဲ"

Daeyoung ရော Rikuရော ရှက်ရမ်းရမ်းပြီး Daeyoung က သုဂုတ်သူလက်နဲ့ပွတ်လိုက်တယ် Rikuက ရှက်ပြုံးလေးပဲ ပြုံးလိုက်တယ်။အဲ့တာလေးက ဓာတ်ပုံတစ်ပုံအဖြစ်ထွက်ပေါ်လာတယ်။

"ကဲ နောက်တစ်ပုံ ဒီကိုကြည့်ပေးပါ ကြောင်နဲ့ကြွက်"

"ဟမ် ကြောင်နဲ့ကြွက်ဟုတ်လား အဲ့လိုဆို ငါက ကြွက်ပဲ Kim Daeyoung ကကြောင်"

"ငါကဘာလို့ကြောင်လဲ မင်းကမှကြောင်"

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အငြင်းပွားနေတဲ့ပုံကလဲ ဓာတ်ပုံပေါ်က ပုံရိပ်လေးအဖြစ်ထွက်ပေါ်လာတယ်။

ညဉ့်နက်နေပြီမို့ Daeyoung က ဘယ်ကိုသွားချင်လဲလို့မေးတယ်။Rikuက အိုဆာကာမှာ သူ့တိုက်ခန်းရှိလို့ အဲ့ကိုပဲ လိုပ်ပို့ပေးပါလို့ပြောလိုက်တယ်။Daeyoungကတော့ ဟိုတယ်တစ်ခုမှာ တည်းမယ်လို့ပြောတယ်။

ကံဆိုးသလား ကံကောင်းသလား မသိတော့ဘူး။ကားစထွက်ပြီး ဆယ်မိနစ်အကြာမှာ မိုးက သည်းကြီးမည်းကြီး ရွာချလာတာမို့ ကားကို လမ်းဘေး ခနရပ်ထားလိုက်တယ်။ကားရပ်ထားတဲ့နေရာရဲ့ ဟိုးအရှေ့မှာတော့ မီးပွိုင့်အနီကို မြင်နေရတယ်။

မိုးသံနဲ့ဝီစကီတွေကြောင့် Rikuက စိတ်တွေထွေနေတယ်။Daeyoungကတော့ ကားမောင်းရမှာမို့ သောက်ခဲ့ပုံမပေါ်ဘူး။Rikuတစ်ယောက် ကားဘေးမှန်ပြတင်းပေါက်ပေါ်မှာ ပုံတွေလျှောက်ဆွဲရင်း အပျင်းဖြေနေတယ်။

"Kim Dae young"

Daeyoung နာမည်ကို ကိုရီးယားလိုရေးပြီး ပါးစက်ကနေလဲ တတွတ်တွတ်ပြောနေသေးတာ။

"Riku ငါမင်းကို ပြောပြစရာရှိတယ်"

"မင်းမိန်းမအကြောင်းဆို ငါနားမထောင်ချင်ဘူး"

"မဟုတ်ဘူး တစ်ခြားအကြောင်း"

အပြင်က မိုးသံတွေနဲ့မို့ ပြောလိုက်တဲ့စကားကို မကြားမှာဆိုးလို့ Riku ထိုင်ခုံဘက်ကို အရမ်းတိုးပြီး ပြောလိုက်တယ်။

"မင်းရဲ့ shampoo ကလဲ မွှေးလိုက်တာ"

"Riku ငါပြောတာကို နားထောင်မယ်မို့လား"

"အင်း ဒါပေမယ့် မင်းငါ့အနားထပ်တိုးမလာရင် ကောင်းမယ်ထင်တယ် အန္တရယ်များလွန်းတယ်"

Rikuက သူ့လက်ညှိုးနဲ့ Daeyoung ရင်ဘတ်ကို ထိုးပြီး ပြောတယ်။

"Riku တကယ်တော့ ငါလက်မထပ်ရသေး...."

Daeyoung စကားမဆုံးခင်မှာတင် Rikuနှုတ်ခမ်းတွေက သူရှိသင့်တဲ့နေရာကို အပိုင်ယူလိုက်တယ်။စစချင်းဦးဆောင်သူဟာ Rikuဆိုပေမယ့် နောက်တော့ Daeyoung က ဦးဆောင်ပြီး အနမ်းပန်းခြွေတဲ့သူဖြစ်သွားတယ်။

၂မိနစ်လောက် နမ်းပြီးတော့ Rikuက Daeyoung ကို တွန်းထုတ်လိုက်တယ်။

"ငါတို့ မဖြစ်ဘူး"

ပြီးတော့ ကားတံခါးကိုဖွင့်ပြီး မိုးရေတွေထဲ ပြေးထွက်သွားတယ်။

Maedaက Daeyoung ကိုနည်းနည်းလေးပဲ ဖြစ်ဖြစ် ယုံကြည်ပေးရင်ကောင်းမယ်။သုံးကြိမ်မြောက် မစွန့်ပစ်တော့ရင်ကောင်းမယ်။

-SILENCE-

Continue Reading

You'll Also Like

3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally โฃ๏ธ Cover credit...
21.2K 750 17
Jack, Merida, Hiccup and Rapunzel are all normal kids in our modern world. But everything changes.Pitch Black destroys the darkness seperating ours f...
CLOUD By Berry

Short Story

6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...
2.6K 418 14
Jaeyong๐Ÿ–ค แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€แ€ฒแ€ทTimingแ€แ€…แ€บแ€แ€ฏแ€™แ€พแ€ฌ แ€†แ€ฏแ€ถแ€แ€ฝแ€ฑแ€ทแ€•แ€ผแ€ฎแ€ธแ€”แ€ฌแ€€แ€ปแ€„แ€บแ€›แ€แ€ฌแ€‘แ€€แ€บ แ€˜แ€šแ€บแ€žแ€ฑแ€ฌแ€กแ€แ€ซแ€€แ€™แ€พ แ€„แ€ซแ€แ€ญแ€ฏแ€ทแ€€แ€™แ€€แ€ผแ€ฏแ€ถแ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€›แ€„แ€บ.... แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€žแ€ญแ€•แ€บแ€แ€ปแ€…แ€บแ€แ€ฌแ€•แ€ฑแ€ซแ€ท แ€’แ€ซแ€™แ€ฒแ€ทWrong Timeแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€”...