|| Unicode ||
အပိုင်း ၁၀ - “လိင်စိတ်တိမ်းညွတ်မှု” လင်ဝူယွီက ဆိုသည်။
___________
သည်တစ်ခေါက် လင်ဝူယွီ၏ အိမ်ပေါ်မှ ဆင်းခြင်းက အလွန်ပင် ကတိုက်ကရိုက်ဆန်လွန်းခဲ့သည်။
တင်းကျိသည် သူ့အား ဤပစ္စည်းအကုန်လုံးကို လောလောဆယ် မည်သည့်နေရာသို့ ရွှေ့ထားမည့်အကြောင်းကို မေးတော့မှ သူက လုံးဝမစဉ်းစားရသေးကြောင်း သိလိုက်ရ၏။
စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် လင်ဝူယွီက သက်ပြင်းချကာ စားပွဲပေါ် မှီလိုက်သည်။
“ထားလိုက်တော့”
“ဘာ?”
တင်းကျိက ခေါင်းငုံ့လျက် ပုံးထဲသို့ အမျိုးအမည်မသိသော အားသွင်းခေါင်းတစ်ခုကို ထိုးထည့်နေသည်။
“ဒါတွေ မယူတော့ဘူး” လင်ဝူယွီက ဆိုသည်။
သောက်ချီးတဲ့မ ဘာတွေ လာကြောင်နေတာလဲ။
တင်းကျိက သူ့ကို မော့ကြည့်လိုက်သည်။ သို့သော်လည်း စကားလုံးတို့ကိုတော့ ထုတ်မပြောဖြစ်လိုက်။
လင်ဝူယွီ၏ အမူအရာက အနည်းငယ် မှိုင်တွေတွေနှင့်။ စိတ်ပင်ပန်းလူပင်ပန်းမှုမှ ဖြစ်တည်လာသည့် ပုံစံမျိုးပင်။
တင်းကျိက စကားထပ်မဆိုလိုက်တော့ပေ။ သူသည် ခေါင်းငုံ့၍သာ ပုံးထဲထည့်ထားသော ပစ္စည်းတို့ကို အကုန် တစ်ခုပြီး တစ်ခု ပြန်ထုတ်လိုက်ပြီး ယခင်ထားနေကျနေရာအတိုင်း ပြန်ထားလိုက်သည်။
သူ အလုပ်ရှုပ်၍ ပြီးသွားတော့ လင်ဝူယွီက ဆိုလာခဲ့သည်။
“မင်းမှတ်ဉာဏ်က တော်တော်ကောင်းတာပဲ။ ငါ့ပစ္စည်းတွေကို ငါ့ဘာသာတောင် နေရာတကျ ပြန်မထားနိုင်ဘူး”
"သေမလို ပင်ပန်းနေတာ။ နှစ်ခါလောက် ချီးကျူးလိုက်ရုံနဲ့ ဒေါသတွေ လျော့သွားမယ် မထင်နဲ့" တင်းကျိက ပြောလိုက်သည်။
“နှစ်ခါမဟုတ်ပါဘူး။ တစ်ခါပဲ ရှိသေးတယ်” လင်ဝူယွီက ရယ်သည်။
“ထပ်ချီးကျူးပေးရအုံးမလား”
“မလိုဘူး” တင်းကျိက ဆိုသည်။
"ငါက စိတ်ထားကောင်းတယ်"
လင်ဝူယွီသည် အဝတ်အစားနည်းနည်းသာ ယူလိုက်သည်။ စာအုပ်များ၊ အမျိုးမျိုးသော Figure များ၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ အားလုံးကို အိမ်တွင်သာ ထားခဲ့၏။
တင်းကျိက သူ့ကို ဖုကျုံးသို့ ပြန်မောင်းပို့ပေးသည်။
Luggage က သိပ်မကြီးပေ။ သို့ရာတွင်မူ သူတို့၏ သယ်ယူပို့ဆောင်ရေးမှာကား လျှပ်စစ်စကူတာလေးတစ်ခုမျှသာ ဖြစ်လေရာ အနည်းငယ် ကသီကလင်နိုင်သည်။
တင်းကျိ၏ အကြံမှာ Luggage က များများစားစားလည်း မပါတော့ နောက်တွင်ထိုင်ကာ လက်ဖြင့် သယ်လာရန်ဖြစ်သည်။ သို့သော်လည်း လင်ဝူယွီကတော့ လူတို့ကို တိုက်မိမည့်အရေးကို ကာကွယ်ရန် Luggage ကို နှစ်ယောက်သားကြား၌ အတင်းကာရော ညှပ်ထည့်သည်။
"ငါ မင်းကိုပြောမယ်" တင်းကျိက အတော်ပင် စိတ်တိုနေပြီဖြစ်သည်။
"ဒိီနေရာမှာ ငါ့အသိတွေနဲ့ မတိုးနိုင်လို့သာ မင်းနဲ့ ပြိုင်မငြင်းနေတော့တာ။ ငါ့နေရာမှာဆိုလို့ကတော့ ဒီလို ဥကြော်နေသလို ကျောကြီးကို မတ်ထားတဲ့ ပုံစံကြီးနဲ့ ငါ ဒီဆိုင်ကယ်ကိုတောင် ယူမနေတော့ဘူး။ မင်းဘာသာပဲ ပြန်မောင်းသွားလိုက်ရမှာ"
"ဥကြော်တယ်?" လင်ဝူယွီက Luggage နောက်မှ သံယောင်လိုက်သည်။
"ဘယ်ဥကို ကြော်တာလဲ။ ဘယ်လို ကြော်တာလဲ"
"ငါ့ဥကို ကြော်တာဟေး!" တင်းကျိက အော်သည်။
"ဘယ်လိုကြော်လဲ ပြော! ဖိညှစ်ပြီး ကြော်တယ်!"
ခဏမျှ တန့်သွားပြီးနောက် လင်ဝူယွီက ဝါးလုံးကွဲအော်ရယ်လေတော့၏။ စကူတာပင်လျှင် လှုပ်ယမ်းသွားခဲ့သည်။
"ရယ်ထား။ ရယ်ထား" တင်းကျိက ပြောလိုက်သည်။
"တစ်ခါရယ်ရင် အသက်ဆယ်နှစ်ပိုငယ်သွားစေတယ်တဲ့။ မင်းအမေဗိုက်တဲ့ ပြန်ရောက်သွားတဲ့အထိ ရယ်။ မင်းမိဘတွေနဲ့ စကားများပြီး အိမ်ပေါ်က ဆင်းလာဖို့ မလိုတော့အောင်"
"အဲလိုတော့ မဖြစ်ဘူး" လင်ဝူယွီက ဆိုသည်။
"ငါ ဒီထိပဲ ရောက်လာပြီးသွားပြီ"
စကားလုံးတို့မှာ သာမန်ကာလျှံကာ ဆိုလိုက်သည့်ဟန် ရှိသော်ငြား သူ့လေသံထဲတွင်တော့ သွေးကြီးဟန်၊ ဝံ့ကြွားဟန်တို့ စွန်းနေခဲ့သည်။ တင်းကျိသည် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိတော့၏။
လင်ဝူယွီ၏အမူအရာကို မမြင်ရပေ။ Luggage အပေါ်မှ ပေါ်နေသော မျက်ဝန်းတို့ကိုသာ မြင်ရသည်။ မျက်ဝန်းတို့က ပကတိတည်ငြိမ်နေသည်။ သို့သော် အင်မတန်ခိုင်ကြည်နေကြ၏။
တစ်ချက်ကြည့်ရုံနှင့် သွားရှုပ်၍မရသော သူတစ်ဦးကဲ့သို့။
Luggage ကို အဆောင်သို့ သယ်လာခဲ့ကြချိန်၌ မည်သူနှင့်မှ မဆုံပေ။ အများစုက စနေ၊ တနင်္ဂနွေပိတ်ရက် အိမ်ပြန်ကြပြီး မပြန်ကြသူတို့ကလည်း ကန်တင်း၊ မဟုတ်လျှင် စာသင်ခန်းထဲ ရောက်နေကြသည်။
လင်ဝူယွီသည် တင်းကျိ၏ စာအုပ်ကို ယူ၍ ကျောင်းဂိတ်ဝသို့ ပြန်လာခဲ့၏။
"ကျေးဇူးပဲ" သူက စာအုပ်ကို တင်းကျိအား ပေးလိုက်သည်။
တင်းကျိက စာအုပ်ကို ယူလိုက်ပြီး စာအုပ်အဖုံးကို မြင်တော့ အံ့သာတကြီးဖြစ်သွားခဲ့သည်။
"ဘာလို့ ဒါနဲ့ ဖုံးထားတာလဲ"
"ပျက်စီးသွားမှာ၊ ညစ်ပတ်သွားမှာ စိုးလို့လေ" လင်ဝူယွီက ဆိုသည်။
"မင်းမိသားစုအမွေအနှစ်မလား"
"ဖတ်လို့ပြီးသွားပြီလား" တင်းကျိက ရယ်ကျဲကျဲနှင့် စာအုပ်ကို စကူတာ၏ တူးဘောက်စ်ထဲ ထည့်လိုက်သည်။
"နှစ်ခါလောက် ဟိုလှန်၊ ဒီလှန် ဖတ်ထားတယ်" လင်ဝူယွီက ဆိုသည်။
"ဖတ်ပြီးတာနဲ့ နားလည်တာနဲ့က ဘာမှမဆိုင်ဘူး။ ငါ့လက်ကိုငါ ကြည့်ကြည့်လိုက်သေးတယ်။ ဒါပေမဲ့ တခြားစီပဲ"
"မင်းအတန်းဖော်တွေလက်ကို ကြည့်ဖို့ကျ ရှက်တယ်မလား"
တင်းကျိက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူ့ထံသို့ လက်ဆန့်ပေးလိုက်၏။
"ငါ့လက်ကို ကြည့်"
"ငါ မင်းကို တစ်ခုခု လိုက်ကျွေးမယ်" လင်ဝူယွီက ပြုံးလျက် လက်ကို တွန်းဖယ်လိုက်သည်။
"ဟိုလုပ်ဒီလုပ်နဲ့ မင်း ပင်ပန်းသွားပြီ"
အိမ်သို့အချိန်မီပြန်မည့်တင်းကျိကို ဤကိစ္စက စာသေချာလုပ်ရန် ဆုံးဖြတ်ချက်ထက် များစွာ ပို၍ ဆွဲဆောင်နိုင်နေခဲ့၏။
ယနေ့ သူသည် စာအုပ် သွားယူ၍ အိမ်သို့ အချိန်မီပြန်ပြီး မိသားစုအတွင်း စကားများရမည့်ကိစ္စတို့ကို မီးစာထပ်မဖြည့်ရေးအတွက် ကျောင်းမှ စောစောထွက်လာခဲ့သော်ငြားလည်း လင်ဝူယွီကို အိမ်သို့ အသွားအပြန်ပို့ပေးရန် တွေဝေတုံ့ဆိုင်းခြင်း အလျှင်းမရှိခဲ့။
အခြားသူများကို ကူညီခြင်းကား ကောင်းသောကိစ္စရပ်တစ်ခုပါပင်။
လင်ဝူယွီက သူ့ကို မုန့်လိုက်စားရန် ခေါ်တော့လည်း သူ မငြင်းခဲ့ပေ။ နောက်လည်း ကျနေပြီဖြစ်ရာ ထပ်နောက်ကျလိုက်၍လည်း ထူးမနေတော့။
တင်းကျိသည် ရင်ထဲသာ သက်ပြင်းချလိုက်သည်။ အိမ်သို့ မပြန်ရန် မြောက်မြားစွာသော အကြောင်းပြချက်တို့ကို ရှာဖွေနေခြင်းပါပင်။ ပြီးလျှင် ညစာစားပြီးနောက် ပြန်ရောက်ပါက ထမင်းဝိုင်းတွင် ထိုင်၍ ဩဝါဒအခြွေခံရမည့်ကိစ္စကိုလည်း ရှောင်ရှားနိုင်သည်။
"ခေါက်ဆွဲဖြစ်ဖြစ်၊ အသင့်စားတစ်ခုခုဖြစ်ဖြစ်လောက်ဆို ရတယ်" တင်းကျိက တီးတိုးဆိုလိုက်သည်။
လင်ဝူယွီသည် သူ့ကို ဖုကျုံးနှင့် လမ်းအနည်းငယ်ခြားသည့် စားသောက်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ ဆိုင်နောက်ဘက်၌ ရေကူးကန်အရွယ်အစားခန့် ရှိသည့် အထူးပြုလုပ်ထားသော လူလုပ်ကန်သေးသေးလေးတစ်ကန်ရှိ၏။
"ခေါက်ဆွဲစားမလား" လင်ဝူယွီက မေးသည်။
"ခေါက်ဆွဲမစားချင်ဘူး။ မင်းက ငါ့ကို ကြယ် ၃ ပွင့်ဆိုင်မှာ ကျွေးရင်တော့လဲ မငြင်းပါဘူး" တင်းကျိက ဆိုသည်။
"အိပ်မက်မက်နေလိုက်" လင်ဝူယွီက ပြောလိုက်သည်။
"ကန်ဘေး ထိုင်မှာလား"
တင်းကျိက သူ့နောက်မှ အထဲသို့ လိုက်ဝင်လာခဲ့သည်။
"အခုဆို ခြင်တွေ ရှိမှာပေါ့။ အဲမှာက လဟာပြင်ကြီး၊ အပင်တွေလဲ အများကြီးပဲ"
"မရှိဘူး" လင်ဝူယွီက တိုတိုတုတ်တုတ် ပြန်ဖြေသည်။
ရေကူးကန်အရွယ်အစားရှိ ရေကန်လေးဘေးမှ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြပြီးနောက် လင်ဝူယွီက စားပွဲထိုးကို ပြောလိုက်သည်။
"ခြင်ဆေးခွေလေး ယူခဲ့ပေးပါ"
"ဘေးမှာ ခြင်နိုင်မီးအိမ် ထားပေးရမလားဗျ" စားပွဲထိုးက အကြံပြုသည်။
"ခြင်ဆေးခွေ။ မီးခိုးထွက်တဲ့ဟာမျိုးပဲ" လင်ဝူယွီက မလျှော့။
"ကျေးဇူး"
စားပွဲထိုး ထွက်သွားတော့ တင်းကျိက သူ့ကို ကြည့်လိုက်သည်။
"မင်းပြောတော့ ခြင်မရှိဘူးဆို"
"ခြင်ဆေးခွေထွန်းလိုက်ရင် မရှိတော့ဘူးလေ" လင်ဝူယွီက ဆို၏။
"မင်းသာ ခြင်တွေကို မဆွဲဆောင်ရင် ငါ ဒီမှာ တစ်ညလုံးနေတောင် အကိုက်မခံရဘူး"
"ငါက ခြင်တွေကို ဆွဲဆောင်တယ်?" တင်းကျိက မေးသည်။
"မင်း သေချာလို့လား"
"ဘယ်ဘက်လက်မောင်းပေါ်က အဲဒီခြင်ကိုက်ရာလေးခုက ပမွှားလေးတွေလား" လင်ဝူယွီက ပြန်မေးသည်။
တင်းကျိက သူ့လက်မောင်းကိုသူ ပြန်ကြည့်လိုက်ပြီး တစ်၊ နှစ်၊ သုံး၊ လေး ရေလိုက်၏။
သူ့ကိုယ်သူပင် သတိမထားမိခဲ့ပေ။
"ဒီရာသီကြီးမှာ ဒီလိုအကိုက်ခံရတာမျိုးက ရှားရှားပါးပါးပဲ" လင်ဝူယွီက ပြောလာသည်။
"ဟုတ်ပါပြီ" တင်းကျိက သူ့လက်မောင်းပေါ်မှ အနီဖုလေးများကို ကုတ်လိုက်သည်။
စားပွဲထိုးက ခြင်ဆေးခွေထွန်းထားသော ပန်းကန်ပြားတစ်ချပ်ကို ယူလာပြီး စားပွဲဝိုင်းနှင့် မီတာဝက်ခန့်အကွာ၌ ထားလိုက်သည်။
လင်ဝူယွီက ခြေထောက်ဆန့်၍ ခြင်ဆေးခွေကို စားပွဲခုံအောက်သို့ တွန်းထည့်လိုက်သည်။
"ငါ့ကို ကြည့်ပေး" တင်းကျိက ခုံပေါ် မှီထိုင်လိုက်သည်။
"ဘာကို ကြည့်ရမှာလဲ" လင်ဝူယွီက ကြည့်လာသည်။
တင်းကျိက လေစုန်ဘက်၌ ဖြစ်ပြီး စားပွဲခုံအောက်မှ တဖြည်းဖြည်း တက်လာသော ခြင်ဆေးခွေအငွေ့တို့က သူ့အနား ဝိုင်းဝိုင်းလည်နေသည်။
"ဒီက တောက်ရောင်းရင်း" တင်းကျိက အငွေ့များကြားမှ သူ့ကို ကြည့်လိုက်သည်။
"ဒီနေ့ ငါ အမတအဖြစ် ကောင်းကင်ဘုံကို စံမြန်းတက်လှမ်းသွားတာကို မင်း မြင်လိုက်ရတာဆိုတော့ ငါတို့နှစ်ယောက်ကြား ပဋ္ဌာန်းဆက်ရှိတယ်လို့ ဆိုနိုင်..."
စကားပင် မဆုံးလိုက်၊ မီးခိုးမွန်ကာ ချောင်းတဟွတ်ဟွတ်ဆိုးလေတော့၏။
လင်ဝူယွီသည် ခြေထောက်ဖြင့် ခြင်ဆေးခွေကို မူလနေရာသို့ ပြန်တွန်းပို့လိုက်သည်။ သို့သော်လည်း မီးခိုးငွေ့တို့က သူ့ထံသို့သာ သွားနေသေးဆဲပင်။
"မင်းပဲ တွက်ကြည့်လိုက်ပါလား။ မင်း တကယ် အမတအဖြစ် အဆင့်တက်လှမ်းနိုင်တော့မယ်လို့ ငါ ခံစားနေရတယ်" လင်ဝူယွီက ဆိုသည်။
"မြေကြီးလက်ခတ်မလွဲပဲ"
"ငါ မင်းဘက်မှာ ထိုင်မယ်" တင်းကျိက ထရပ်လိုက်သည်။
လင်ဝူယွီက အထဲဘက် တိုး၍ နေရာဖယ်ပေးလိုက်သည်။
တင်းကျိက လာရန်အပြင်၌ တံခါးမှ လူနှစ်ယောက် ဝင်လာကြ၏။
လင်ဝူယွီသည် ကနဦးက မြူအုပ်အတုသေးသေးလေးထဲ ရိုမန့်တစ်ဆန်သောညလေးတစ်ညကို ခံစားရန် ရောက်လာကြသည့် လူငယ်စုံတွဲလေးတစ်တွဲ ဖြစ်လိမ့်မည်ဟု ထင်လိုက်သော်လည်း အကြည့်တစ်ချက်ဝေ့လိုက်ချိန်တွင်တော့ ဖုကျုံးမှ ကျောင်းသားများဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
ကျောင်းသား ဝတ်ထားသည့် ထရက်စုမှာ ဖုကျုံး၏ အားကာအသင်းဝတ်စုံဖြစ်ပြီး ကျောင်းတံဆိပ်ပါသည်။ ကျောင်းသူလေးဝတ်စုံမှာ ပို၍ ထင်းနေ၏။ ကျောင်းအင်္ကျီနှင့် စကပ်ကို ဝတ်ဆင်ထားသည်။
လင်ဝူယွီသည် ခဏမျှ ချီတုံချတုံဖြစ်သွားခဲ့ပြီးနောက် သူ့ဘေး၌ ဝင်ထိုင်လိုက်ခါစဖြစ်သော တင်းကျိကို လှည့်ကြည့်လိုက်သည်။
"ကိုယ့်နေရာကိုယ် ပြန်သွားထိုင်"
ဖုကျုံးတွင် သူ့ကို မသိသောသူ မရှိတော့သလောက်ပါပင်။ အထူးသဖြင့် ခေါင်မိုးထပ်မှ ကြေညာချက်ပြီးသည့်နောက်၌။
သူ့အနေနှင့် သူ့အပေါ် အခြားသူတို့ မည်သို့ပင် ထင်ထင်၊ အတင်းပင် တုပ်တုပ်၊ အထင်ပင် လွဲလွဲ ဂရုမစိုက်ပေ။ သို့ရာတွင်မူ သူသည် မည်သူကမှ တင်းကျိကို မသိသည့်တိုင်အောင် တင်းကျိကို အထင်လွဲမခံစေချင်ပေ။
"ဘာ?" တင်းကျိက သူ့ကို နားဝေတိမ်တောင် ကြည့်လိုက်မိသည်။
"မျက်နှာချင်းဆိုင်ခုံမှာ ပြန်သွားထိုင်လို့ ပြောတာ" လင်ဝူယွီက ဆို၏။
တင်းကျိ၏ အမူအရာမှာ "သောက်ချီးလို လာနောက်နေတာလား" ဆိုသည့် စာကြောင်းကြီး ထင်းနေသည်။
"ဒီမှာပဲ ထိုင်မှာ" တင်းကျိက ပြောလိုက်သည်။
"မင်းမကြိုက်ရင်လဲ မင်းပဲ ဟိုဘက် သွားထိုင်လိုက်ပေါ့။ ဒါလေးများ"
ကျောင်းသားနှစ်ယောက်က လှမ်းကြည့်နေကြလေပြီ။ လင်ဝူယွီက ထရပ်လိုက်သည်။
"သောက်ချီးတဲ့မ!"
တင်းကျိက စိတ်တိုသွားခဲ့ပြီး ထရပ်ကာ ထွက်သွားလေတော့၏။
လင်ဝူယွီက သက်ပြင်းချလိုက်ပြီး တင်းကျိ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲ၍ မျက်နှာချင်းဆိုင်ခုံ၌ ပြန်ထိုင်စေသည်။
"ထိုင်နေ" လင်ဝူယွီက သူ့ကို ပြောလိုက်သည်။
"ဟမ်?"
တင်းကျိက သူ့လက်ကောက်ဝတ်ကို ရုန်းလိုက်သော်လည်း မရ။
လင်ဝူယွီက ပြန်ထိုင်လိုက်ပြီးနောက် လွှတ်ပေးလိုက်သည်။
အနှီကိစ္စရပ်မှာ “လင်ဝူယွီက သူ့ကောင်လေးနဲ့အတူတူ ညစာစားနေတယ်” အဖြစ်မှ “လင်ဝူယွီနဲ့ သူ့ကောင်လေးက ညစာစားရင်း စကားများနေကြတယ်” အဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့၏။
ထပ်ဖြေရှင်း၍ မရလိုက်တော့ပါ။
လင်ဝူယွီသည် အနည်းငယ် စိတ်ဇောဝင်သွားမိသည်။ ပထမဆုံးအကြိမ် Come Out လုပ်ဖူးခြင်းဖြစ်ပြီး အတွေ့အကြုံများများစားစားလည်း မရှိလေရာ ရုတ်တရက်ကြီး ဤသို့ ကြုံလိုက်ရလေတော့ သူ့မှာ သေချာ မဖြေရှင်းတတ်ဖြစ်နေရ၏။
ကိစ္စမရှိဘူး။ နောက်ပိုင်းကျ Come Out နည်းနည်းထပ်လုပ်ပြီးသွားရင် ဘာမှမဖြစ်တော့ဘူး။
"အဲဒါ မင်းတို့ကျောင်းက ကျောင်းသားတွေမလား" တင်းကျိ၏အကြည့်တို့က သူ့နောက်တွင်။
"အင်း" လင်ဝူယွီက ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့လဲ။ ထိပ်တန်းကျောင်းသားက ၁၀၉/၁၁၀ လူငယ်လေးနဲ့ တွဲသွားတွဲလာလုပ်နေတာ လူတွေကို မမြင်စေချင်လို့လား။ ငါ မင်းတို့ကျောင်းထိတောင် ရောက်လာပြီး မင်းကို လာရှာခဲ့ဖူးသေးတာပဲကို"
တင်းကျိက ပမာမခန့်ဟန်နှင့် ဆိုသည်။
"ပြီးတော့ ငါက ၁၀၉/၁၁၀ လို့ မင်း တကယ်ကြီး ထင်နေတာလား"
"မဟုတ်ရင် ဘာလဲ" လင်ဝူယွီက မေးသည်။
"ငါက စန်းကျုံးက အထက်တန်းတတိယနှစ်" တင်းကျိက ပြောလိုက်သည်။
"ဝါး"
လင်ဝူယွီက အေးအေးဆေးဆေးပင် အံ့ဩဟန်ပြ၏။
"စန်းကျုံးနဲ့ ဖုကျုံးက ပြိုင်ဘက်တွေဆိုတာ သိတယ်မလား။ ငါက မင်း ပါးကျုံးက ဖြစ်ဖြစ်၊ ချီးကျုံးကဖြစ်ဖြစ်လို့ ပြောမယ်ထင်လိုက်တာ"
"ငါလူးတဲ့မ!"
တင်းကျိက သူ့အိတ်ထဲ မွှေနှောက်၍ အထဲမှ လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်ကာ လင်ဝူယွီရှေ့၌ ပုတ်ပြလိုက်သည်။
"မင်းဘာသာ ကြည့်ကြည့်"
လင်ဝူယွီက တစ်ချက်ကြည့်ကြည့်လိုက်တော့ အမှန်တကယ်ပင် အထက်တန်းတတိယနှစ် လေ့ကျင့်ခန်းစာအုပ်တစ်အုပ်မှန်း သိလိုက်ရသည်။ သူ့ထံတွင်လည်း ဤစာအုပ်တစ်အုပ်ရှိသည်။ သို့သော်...
"တတိယနှစ်၊ အခန်း ၃၇၉"
သူက တင်းကျိကို မော့ကြည့်လိုက်သည်။
"ရှီရှန်းယန်။ မင်း ဒီစာအုပ်ကို ဘယ်ကရလာတာလဲ"
"ငါ့ထိုင်ခုံဖော်ဆီက" တင်းကျိက ပြောလိုက်သည်။
လင်ဝူယွီက တသောသောအော်ရယ်လေတော့၏။ ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ အရယ်ကို မရပ်နိုင်တော့။
"တကယ် ငါ့ထိုင်ခုံဖော်ဆီကပါဆို" တင်းကျိက အနည်းငယ် စိတ်တိုလာခဲ့သည်။
"ဟုတ်ပါပြီ"
လင်ဝူယွီသည် ခဏမျှ ရယ်နေခဲ့ပြီးသည့်နောက်တွင်မှ ပြန်လှည့်လာပြီး လေ့ကျင့်ခန်းစာအုပ်ကို သူ့ထံသို့ ပြန်တွန်းပေးလာသည်။
"တကယ်ပြောတာ။ တကယ်လို့ မင်းသာ တကယ်ပဲ ဒီလိုစာအုပ်မျိုးဖတ်ချင်ရင် ငါ့မှာရှိတယ်။ ငါ မင်းကို ငှားပေးလို့ရတယ်။ မင်းနားမလည်တာတွေကိုလဲ ငါ မင်းကို ရှင်းပြပေးလို့ရတယ်"
"ဟမ်?" တင်းကျိက သူ့ကို ကြည့်လိုက်သည်။
"မင်း အရမ်းအားယားနေတာလား"
"မအားပါဘူး။ ငါက တော်တော်လေး အလုပ်ရှုပ်တဲ့သူ" လင်ဝူယွီက ဆိုသည်။
"ငါက ဒီတိုင်း... ဘာပဲဖြစ်ဖြစ် အကယ်၍ မင်း တကယ် ဖတ်ချင်ရင် ငါ့ကိုသာပြော"
"ကောင်းပါပြီ"
တင်းကျိက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ဘာလို့ ငါ့ကို မင်းဘေးမှာ မထိုင်ခိုင်းတာလဲ"
လင်ဝူယွီက မည်သို့မှ မဆို။
"ငါ တကယ် ဒေါသကို ထိန်းထားရတာ"
တင်းကျိက အံကြိတ်လျက် စကားဆိုလာသည်။
"ငါ ဒီအသက်ဒီအရွယ်ထိ တစ်ခါမှ လူကြားသူကြားထဲ ခွေးနေရာမရမဖြစ်ဖူးဘူး။ မင်းက လူကောင်းတစ်ယောက်မှန်း ငါ သိနေလို့သာမဟုတ်ရင် အခုနေ မင်း ငါ့ဆီမှာ...
"ဒီညရဲ့ အလင်းထိန်ဆုံး လျှပ်စစ်ဂျင်ဖြစ်နေလောက်ပြီ" လင်ဝူယွီက ပြောလိုက်သည်။
"... ဟုတ်တယ်" တင်းကျိက စူးစိုက်ကြည့်လိုက်သည်။
"နောက်တစ်ခါ သတိထားတာ။ ငါ့စကားကို မခိုးနဲ့"
"မင်း လက္ခဏာဖတ်တဲ့အခါလေ"
လင်ဝူယွီက သူ့ဘယ်ဘက်လက်ကို မြှောက်၍ သူ့ထံသို့ ဆန့်တန်းလာသည်။
"အချစ်ရေးရော ကြည့်တတ်လား"
"ငါ အရင်တစ်ခေါက်က ပြောခဲ့ပြီးပြီမလား"
တင်းကျိက သူ့လက်ကို ဆွဲယူ၍ သူ့လက်ချောင်းများဖြင့် အနည်းငယ် ခြစ်ဆွဲပြလိုက်သည်။
"မင်းရဲ့အချစ်ရေးက မချောမွေ့နိုင်ဘူး"
"တခြားဟာတွေရော ထပ်မြင်သေးလား" လင်ဝူယွီက မေးသည်။
"မင်း ဘာကို မေးချင်တာလဲ"
တင်းကျိက ခေါင်းကို စောင်းလိုက်သည်။ လက်ဖဝါးအစွန်းထက် မျက်လုံးဖော်၍ သူ့ကို ကြည့်လာ၏။
"လိင်စိတ်တိမ်းညွတ်မှု" လင်ဝူယွီက ဆိုသည်။
တင်းကျိသည် စက္ကန့်ပိုင်းမျှ ကြက်သေသေမိသွားခဲ့ပြီးသည့်နောက်တွင်မှ လင်ဝူယွီဆိုလိုသည်ကို သဘောပေါက်သွားခဲ့သည်။
ယင်းက အမှန်ပင် မမြင်ခဲ့ပေ။
ခန့်လည်း မခန့်မှန်းမိခဲ့ပါချေ။
အစကတည်းက အဆိုပါရှုထောင့်ကို စဉ်းပင်မစဉ်းစားခဲ့ပါ။
သို့သော် ဤကိစ္စက သူ၏ အတွေး
ဘောင်ထက် ကျော်လွန်နေသည့်တိုင် အထူးအထွေကြီးရယ်တော့လည်း မဟုတ်ပါချေ။
သူက စကားဝိုင်းကို ပြန်မဖြေမိသဖြင့် လေထုကတော့ အနည်းငယ် ကသိကအောက်ဖြစ်လာခဲ့တော့၏။
"မင်း မဟုတ်မှလွဲ..."
တင်းကျိက သူ့ရှေ့တွင် ရှိနေသေးဆဲ လင်ဝူယွီ၏ လက်ကို ဘေးသို့ တွန်းဖယ်လိုက်သည်။
"ငါ့အပေါ် ခံစားချက်တစ်ခုခု ရှိနေတာတော့ မဟုတ်ဘူးမလား"
လင်ဝူယွီ၏ ညာဘက်မျက်ခုံးက ပင့်တက်သွားသည်။ သူ့အကြည့်တို့သည်လည်း ရုတ်ခြည်းပင် ပြောင်းလဲသွားခဲ့၏။
သောက်ကျိုးနည်းထေ့ပြုံးကြီးနဲ့!
ပုံစံအရကတော့ လှောင်နေခြင်းပင်။
"လုံးဝ မဟုတ်ရပါဘူး" လင်ဝူယွီက ဆိုသည်။
"မင်း အတွေးလွန်နေပြီ ဆရာကြီး"
"ဟုတ်လား" တင်းကျိသည်လည်း မျက်ခုံးပင့်လိုက်သည်။
"ပထမဆုံးတွေ့တုန်းက မင်း အရင် ငါ့ကို စကားအရင်လာစပြောတာလေ"
"ဟုတ်လား" လင်ဝူယွီက မျက်ခုံးပင့်သည်။
"နံရံကျော်တက်ပြီး ကျောင်းမှာ ငါ့ကို လာရှာတာ မင်းလေ"
"ဟုတ်လား" တင်းကျိက မျက်ခုံးကို ဆက်ပင့်သည်။
"ငါ့ကို လက္ခဏာလာကြည့်ခိုင်းတာ မင်းလေ"
"ဟုတ်လား" လင်ဝူယွီက မျက်ခုံးကို ဘက်ပြောင်းပင့်သည်။
"ငါ့ကို ကိုယ့်သဘောနဲ့ကိုယ် စာအုပ်ငှားလိုက်တာ မင်းလေ"
"ဟုတ်လား" တင်းကျိကလည်း ဘက်လိုက်ပြောင်းသည်။
"ငါ့ကို ဘောလုံးသွင်းပြီး လျှပ်စစ်မီးဖို ကူယူပေးပါ့မယ်လို့ ပြောခဲ့တာ မင်းလေ"
"ငါ့ကို အတင်း အိမ်လိုက်ပို့ပေးပြီး Luggage ကိစ္စကူပေးတာ မင်းလေ"
လင်ဝူယွီက မျက်ဝန်းတို့ကို မှေးစင်းလိုက်သည်။
"ငါ့ကို အတင်း လိုက်ကျွေးတာ မင်းလေ"
တင်းကျိကလည်း မျက်ဝန်းတို့ကို ပြန်မှေးစင်းပြလိုက်သည်။
လင်ဝူယွီက ရယ်သည်။
"ပြန်မပြောနိုင်တော့ဘူးမလား" တင်းကျိက အင်မတန်ကျေနပ်ဝံ့ကြွားဟန်နှင့်။
"မင်းအပေါ် ခံစားချက်ရှိနေတယ်လို့ မင်း ငါ့အပေါ် ထင်နေတဲ့ ခံစားချက်တွေက အရမ်းတွေ ခိုင်မာနေပါ့လား" လင်ဝူယွီက ဆိုသည်။
"... မင်းမေ!"
တင်းကျိက ခဏမျှ ကြက်သေသေသွားခဲ့လေတော့၏။
"ငါက အသားမကျရုံတင်! ငယ်ငယ်ကတည်းက အခုချိန်ထိ အမြဲတမ်း တခြားသူတွေကပဲ ငါ့အပေါ် ခံစားချက်တွေ ရှိခဲ့ကြတာ"
"ငါလဲ အတူတူပဲ"
လင်ဝူယွီက ရေနွေးကြမ်း တစ်ငုံသောက်လိုက်သည်။
"မင်း အဲစကားကတော့ မှန်မနေဘူး!"
တင်းကျိက ချက်ချင်းပင် သူ့ကောက်ရိုးမျှင်လေးကို ဖမ်းဆုပ်လိုက်သည်။
"မင်းက ခရက်ခ်ျဆီက ပြန်အကြိုက်မခံရတဲ့သူလေ"
"အိုး" လင်ဝူယွီက ခဏ တန့်သွားသည်။
"မေ့တော့မလို့"
"ဟုတ်ပြီ" တင်းကျိက လက်ခါယမ်းလိုက်သည်။ မူလက ကသိကအောက်ဖြစ်နေမှုကို ဖျောက်ရန် ကြိုးစားလိုက်ခြင်းဖြစ်သော်လည်း အပြိုင်အဆိုင်တစ်ပွဲ နွှဲပြီးသွားသည့်နောက်တွင်တော့ စကားစကို ပြန်ရှာမရလိုက်တော့။
"အဲတော့ မင်း ကြောက်တာက ဖုကျုံးက အဲနှစ်ယောက်က မင်းကို... မဟုတ်သေးဘူး။ အဲနှစ်ယောက်က အသိမဟုတ်လို့ နှုတ်တောင်မဆက်ဘူးဆိုတော့ မင်းကို ဘယ်လိုလုပ်ပြီး သိ... အာ! မင်းမှာ ကောင်... လေးရှိနေလို့ သူတို့က ကောလာဟလတွေ လွှင့်မှာ ကြောက်... မဟုတ်သေးဘူး! မင်းက သူတို့နဲ့ သိတောင် မသိတာကို မင်းရဲ့ ကောင်... လေးက ဘယ်သူမှန်း ဘယ်လိုလုပ်ပြီး သိ... ... အားး! မဟုတ်မှလွဲ မင်း Come out လုပ်ထားတာလား။ သွေးကြီးချက်ကတော့..."
လင်ဝူယွီက မည်သို့မှ မဆို။ ရေနွေးကြမ်းသာ သောက်နေလျက် တင်းကျိတစ်ယောက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေပုံကို ထိုင်ကြည့်နေခဲ့သည်။
"အာ! မင်း ဒီနေ့ အိမ်က ဆင်းလာတာ မဟုတ်ဘူးမလား။ ဒီကိစ္စကြောင့် အိမ်ပေါ်က နှင်ချခံရတာတော့ မဟုတ်ဘူးမလား"
တင်းကျိက စားပွဲကို ရိုက်ချလိုက်သည်။
"မင်း လူတွေကို ဗေဒင်ဟောပေးတဲ့အခါ လုပ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်လား" လင်ဝူယွီက မေးလာခဲ့၏။
"မဟုတ်တာ... အဲဒီခွဲခြမ်းစိတ်ဖြာမှုက အရမ်းအခြေခံကျလွန်းတယ်။ သိုင်းလောကထဲက ငါ့ဂုဏ်ပုဒ်နဲ့ မအပ်စပ်ဘူး" တင်းကျိက ဆိုသည်။
"ငါက နည်းနည်း... မင်းက ရုတ်တရက်ကြီး ထပြောလိုက်တော့"
"အင်း" လင်ဝူယွီက ခေါင်းညိတ်သည်။
"ကိစ္စက တော်တော်လေးရှုပ်တယ်။ တကယ်တော့ ငါက သူတို့ မင်းကို အထင်လွဲသွားမှာ စိုးရုံတင်"
"... မင်းက မင်းကိုယ်မင်း အထင်လွဲခံရမှာကို မစိုးရိမ်ဘူးလား" တင်းကျိက ပြောလိုက်၏။
"ဂရုမစိုက်ဘူး" လင်ဝူယွီက ပြုံးသည်။
"ဇာတ်လိုက်က ဘာလို့ ဖြတ်လျှောက်တွေရဲ့ အတွေးကို ဂရုစိုက်နေရမှာလဲ"
တင်းကျိက သူ့ကို လက်မထောင်ပြလိုက်သည်။
"မင်း ဒီစကားပြောလိုက်တဲ့အချိန် တကယ်ကြီး လုံးဝ မရှက်နေဘူး"
"ရှက်လဲ မင်း မြင်ရမှာမဟုတ်ဘူး" လင်ဝူယွီက ဆို၏။
"အဲတော့ မင်းက ဒီကိစ္စကြောင့် အိမ်ပေါ်က နှင်ချခံလိုက်ရတာပေါ့?" တင်းကျိက သက်ပြင်းချသည်။
"အပေါ်ယံအကြောင်းပြချက်တစ်ခုပါပဲ" လင်ဝူယွီကလည်း သက်ပြင်းချ၏။
"ဘာပဲဖြစ်ဖြစ် Come out တာလေးပဲကို"
"စာကို မထိခိုက်စေနဲ့ပေါ့။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဘယ်လောက်မှ မလိုတော့ဘူး" တင်းကျိက ပြောလိုက်သည်။
"မထိခိုက်ပါဘူး" လင်ဝူယွီက ပေါ့ပေါ့ပါးပါးပင် ဆို၏။
တင်းကျိက ထပ်မမေးလိုက်တော့ပေ။ လင်ဝူယွီနောက်ရှိ ဖုကျုံးမှ လူငယ်စုံတွဲက သူတို့ကို ဆက်တိုက် လှမ်းကြည့်နေကြသည်မှာ သူ့အား အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်
"မင်း ကျောင်းမှာ ဘာလုပ်ထားတာလဲ။ စိတ်ဝင်တစား ကြည့်နေတဲ့ပုံက နည်းနည်းတော့ အရမ်းစိတ်နှစ်ကိုယ်နှစ်ကြီး ဖြစ်နေသလားလို့"
တင်းကျိက ပြောလိုက်သည်။
"ငါ ဒေါသထွက်မိတော့မယ်"
"ထွက်လိုက်လေ" လင်ဝူယွီက ပြုံးလိုက်၏။
တင်းကျိကလည်း ချီတုံချတုံဖြစ်သွားခြင်း တစ်ချက်မရှိ။ ခေါင်းလှည့်ကာ တစ်ဖက်ခြမ်းသို့ လှမ်းအော်လိုက်သည်။
"တော်လောက်ပြီပေါ့။ မင်းတို့နှစ်ယောက် ငါတို့နဲ့ စားပွဲတစ်ဝိုင်းတည်း လာပေါင်းထိုင်လိုက်ပါလား"
တစ်ဖက်မှ မည်သည့်အသံမှ ထွက်မလာ။ လင်ဝူယွီသည် လှည့်မကြည့်သော်လည်း ဖြစ်နေမည့်အခြေအနေကို ခန့်မှန်းနိုင်ပေ၏။
"ငါက မင်း သူတို့ကို ဆဲတော့မယ် ထင်လိုက်တာ"
သူက တင်းကျိကို ကြည့်လိုက်သည်။
"မလုပ်ပါဘူး" တင်းကျိက ပြောလိုက်၏။
"ငါက အဲလိုကိစ္စမျိုးတွေအတွက် ပြဿနာမရှာတတ်ဘူး"
လူငယ်စုံတွဲက အခြားအစီအစဉ်များ ရှိဟန်တူသည်။ မြန်မြန်သွက်သွက်စားသောက်ပြီး ထွက်သွားကြလေတော့၏။
သူတို့ ထွက်သွားကြချိန်၌ လင်ဝူယွီက အမှန်တကယ်ပင် ဗိုက်ဝသွားခဲ့ပြီးဖြစ်သည်။ သို့သော် တင်းကျိ၏ အစားစားသည့်နှုန်းက အနည်းငယ် နှေးလေရာ...
ဒါပေါ့... သူ မြန်မြန်ဆန်ဆန်စားလိုက်တာလဲ ဖြစ်နိုင်တာပဲလေ။
"မင်း စားလို့ပြီးသွားပြီလား" တင်းကျိက မေးလိုက်သည်။
"အင်း... ဖြည်းဖြည်းစား" လင်ဝူယွီက ပြန်ဖြေသည်။
"မင်းက မဝါးဘဲ မျိုချတာလား" တင်းကျိက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းအစာအိမ် မသက်မသာမဖြစ်ဘူးလား။ ငါ့အဘွားက ပြောတယ် ကျန်းမာရေးနဲ့ညီညွတ်အောင် အစားကို အကြိမ် ၃၀ ဝါးစားရတယ်တဲ့"
"ပါးစပ်ထဲ ဝါးစရာရော ကျန်ခဲ့သေးလို့လား" လင်ဝူယွီက ဆိုသည်။
"ငါဆို ၃ ကြိမ်ဝါးပြီးတာနဲ့ လေပဲ ကျန်တော့တယ်"
"မင်း..." တင်းကျိက မျက်မှောင်ကြုတ်ထားဆဲ။
"ပေါက်ကရတွေ ပြောမနေနဲ့။ စားစရာရှိတာ စား" လင်ဝူယွီက ပြောလိုက်သည်။
သူ့အိတ်ကပ်ထဲမှ ဖုန်းက နှစ်ကြိမ် တုန်ခါလာသည်။ ဖုန်းခေါ်ဆိုသူကို မကြည့်ရသေးမီ တစ်ဖက်က ဖုန်းချသွားခဲ့လေပြီ။
သို့ရာတွင် ဖုန်းက ထပ်ဝင်လာခဲ့၏။
သူ့အမေဖုန်းနံပါတ်ပင်။
လင်ဝူယွီက ထရပ်လိုက်ပြီး အနားရှိ တံစက်မြိတ်နားသို့ သွားမှီကာ ဖုန်းကိုင်လိုက်သည်။
၂ မီတာအကွာအဝေးခန့်ကပင် တင်းကျိသည် ဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏ ဒေါသတကြီးအော်သံတို့ကို ကြားနေရသည်။
စက်သေနက်တစ်လက်ကဲ့သို့ပင် ရုတ်တရက် လင်ဝူယွီ၏ လက်မောင်းကို ထိသွားကာ ဖုန်းကိုပင် နားအနား ကပ်ကိုင်မထားနိုင်လိုက်တော့။ သူက လက်ကို တွဲလွဲချ၍သာ ရေကန်သေးသေးလေးကို ဗလာကျင်းနေသောအကြည့်တို့ဖြင့် စိုက်ကြည့်နေခဲ့သည်။
လင်ဝူယွီ၏အမေထံမှ ဖုန်းဖြစ်ကြောင်း ခန့်မှန်းစရာပင် မလိုပါချေ။
အစောပိုင်းက လင်ဝူယွီ၏ လုံးလုံးလျားလျား ဂရုမစိုက်သည့်ပုံစံကြောင့် သူ အံ့အားသင့်ခဲ့ရသည်။ အဆိုပါဖုန်းကောသည် လင်ဝူယွီ၏ အပြင်ပန်းပုံသဏ္ဍန်တစ်ခုလုံးကို အနည်းငယ်မှိုင်းအုံ့ပျော့ယိုင်သွားစေ၏။
တင်းကျိမှာ နားမလည်နိုင် ဖြစ်နေရသည်။ သူသည် အမြဲတစေ သူ့မိဘတို့နှင့် တကျက်ကျက်ဖြစ်နေရသည့်တိုင် သူတို့၏ နောက်ဆုံးပန်းတိုင်မှာ စာမေးပွဲသာဖြစ်သည်။ သားဖြစ်သူ၏ နီးကပ်နေသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ခေါင်းထဲလုံးဝမရှိဘဲ တရားလွန်အကျယ်ချဲ့နေသော လင်ဝူယွီ၏မိသားစုပုံစံမှာ သူ့အတွက် နားလည်နားစွမ်းဘောင်ကို ကျော်လွန်နေသည်။
လိပ်တက်လာသည့် တရားမျှတမှုစိတ်ကြောင့် တင်းကျိသည် တူကို ချလိုက်ပြီး လင်ဝူယွီ၏ဘေးသို့ သွားကာ သူ့လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည်။
"ဟမ်?"
လင်ဝူယွီက အလန့်တကြားဖြစ်သွားပြီး သူ့ကို လှည့်ကြည့်လာ၏။
တင်းကျိက စခရင်ကို တောက်၍ ဖုန်းချလိုက်သည်။
သို့သော် ဖုန်းချလိုက်သည့် အခိုက်တွင်ပင် ဖုန်းတစ်ဖက်မှ အမျိုးသမီး၏ အော်သံကို ကြားလိုက်ရသည်။
"နင် ငါတို့အတွက် တစ်ခါလောက် ထည့်တွေးဖူးရဲ့လား။ နင် နေမကောင်းဖြစ်ရင် ဘယ်လို လုပ်မလဲ! ထိခိုက်ဒဏ်ရာရရင် ဘယ်လို လုပ်မလဲ!"
ယင်းက တင်းကျိအား ရုတ်တရက် ထိတ်ပြာသွားစေခဲ့၏။
"ငလူးတဲ့မ! ငါ... ဖုန်းမချလိုက်သင့်တာလား"
"ကျေးဇူး" လင်ဝူယွီက သူ့လက်မောင်းကို ပုတ်လိုက်သည်။
"သွားရအောင်" တင်းကျိက ပြောလိုက်သည်။
"ငါ စားလို့ပြီးပြီ"
လင်ဝူယွီသည် သူ့ပန်းကန်ထဲမှ ထက်ဝက်ခန့်ကျန်သေးသော အစားအသောက်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သို့မှ မဆိုဘဲ ငွေရှင်းရန် စားပွဲထိုးကို ခေါ်လိုက်သည်။
"မင်းအမေက မင်းကို စိတ်ပူနေတာလား"
တင်းကျိက အနည်းငယ် အပြစ်မကင်းခံစားနေရသည်။
"ငါက သူ မင်းကို ဆူနေတယ် ထင်လို့ ဖုန်းချလိုက်တာ..."
"ဆူနေတာ" လင်ဝူယွီက ရယ်သည်။
"ငါ နားကြားမှားတာ မဟုတ်ဘူးမလား" တင်းကျိမှာ ဇဝေဇဝါဖြစ်သွားခဲ့၏။
"သူ မင်းကို အဲလောက်နူးနူးညံ့ညံ့လေး ဆူနေတာလား"
"ငါ့မိဘတွေက... ငါ တစ်ခုခုဖြစ်သွားမှာကို အရမ်းစိုးရိမ်ကြတယ်။ နေမကောင်းဖြစ်မှာ၊ ထိခိုက်ဒဏ်ရာမှာ၊ ပြီးတော့... ပျောက်သွားမှာ"
လင်ဝူယွီက ပြောလာသည်။
"ဒါပေမဲ့ အဲဒါက မင်းနားလည်ထားတဲ့ စိတ်ပူမှုမျိုး လုံးဝမဟုတ်ဘူး"
စားသောက်ဆိုင်ထဲမှ ထွက်လာတော့ တင်းကျိက မေးလိုက်သည်။
"မင်း ငါ့ကို ရှာခိုင်းတဲ့ လူက မင်းအစ်ကိုလား၊ အစ်မလား"
လင်ဝူယွီက တဒင်္ဂမျှ တန့်သွား၏။
"ငါ့အစ်ကို"
"မင်းအစ်ကိုက ပျောက်သွားတာလား" တင်းကျိက ထပ်မေးလိုက်သည်။
"ဆိုပါတော့"
လင်ဝူယွီသည် ခဏမျှ စဉ်းစားလိုက်သည်။
"အိမ်က ထွက်ပြေးသွားတာ"
"မင်းနဲ့ ဆိုင်နေလား" တင်းကျိမှာ ဆက်မမေးဘဲ မနေနိုင်ခဲ့။
"ဘယ်က ငါနဲ့ ဆိုင်ရမှာလဲ"
လင်ဝူယွီက စကူတာပေါ် ထိုင်လိုက်ပြီးနောက် ပြုံးသည်။
"သူ ထွက်မသွားခင်တုန်းက ငါက အိမ်မှာ လေလိုပဲ"
*
________________________
|| Zawgyi ||
အပိုင္း ၁၀ - "လိင္စိတ္တိမ္းၫြတ္မႈ" လင္ဝူယြီက ဆိုသည္။
___________
သည္တစ္ေခါက္ လင္ဝူယြီ၏ အိမ္ေပၚမွ ဆင္းျခင္းက အလြန္ပင္ ကတိုက္ကရိုက္ဆန္လြန္းခဲ့သည္။
တင္းက်ိသည္ သူ႕အား ဤပစၥည္းအကုန္လုံးကို ေလာေလာဆယ္ မည္သည့္ေနရာသို႔ ေ႐ႊ႕ထားမည့္အေၾကာင္းကို ေမးေတာ့မွ သူက လုံးဝမစဥ္းစားရေသးေၾကာင္း သိလိုက္ရ၏။
စကၠန႔္ပိုင္းမွ် တိတ္ဆိတ္ေနခဲ့ၿပီးေနာက္ လင္ဝူယြီက သက္ျပင္းခ်ကာ စားပြဲေပၚ မွီလိုက္သည္။
"ထားလိုက္ေတာ့"
"ဘာ?"
တင္းက်ိက ေခါင္းငုံ႕လ်က္ ပုံးထဲသို႔ အမ်ိဳးအမည္မသိေသာ အားသြင္းေခါင္းတစ္ခုကို ထိုးထည့္ေနသည္။
"ဒါေတြ မယူေတာ့ဘူး"
လင္ဝူယြီက ဆိုသည္။
ေသာက္ခ်ီးတဲ့မ ဘာေတြ လာေၾကာင္ေနတာလဲ။
တင္းက်ိက သူ႕ကို ေမာ့ၾကည့္လိုက္သည္။ သို႔ေသာ္လည္း စကားလုံးတို႔ကိုေတာ့ ထုတ္မေျပာျဖစ္လိုက္။
လင္ဝူယြီ၏ အမူအရာက အနည္းငယ္ မွိုင္ေတြေတြႏွင့္။ စိတ္ပင္ပန္းလူပင္ပန္းမႈမွ ျဖစ္တည္လာသည့္ ပုံစံမ်ိဳးပင္။
တင္းက်ိက စကားထပ္မဆိုလိုက္ေတာ့ေပ။ သူသည္ ေခါင္းငုံ႕၍သာ ပုံးထဲထည့္ထားေသာ ပစၥည္းတို႔ကို အကုန္ တစ္ခုၿပီး တစ္ခု ျပန္ထုတ္လိုက္ၿပီး ယခင္ထားေနက်ေနရာအတိုင္း ျပန္ထားလိုက္သည္။
သူ အလုပ္ရႈပ္၍ ၿပီးသြားေတာ့ လင္ဝူယြီက ဆိုလာခဲ့သည္။
"မင္းမွတ္ဉာဏ္က ေတာ္ေတာ္ေကာင္းတာပဲ။ ငါ့ပစၥည္းေတြကို ငါ့ဘာသာေတာင္ ေနရာတက် ျပန္မထားနိုင္ဘူး"
"ေသမလို ပင္ပန္းေနတာ။ ႏွစ္ခါေလာက္ ခ်ီးက်ဴးလိုက္႐ုံနဲ႕ ေဒါသေတြ ေလ်ာ့သြားမယ္ မထင္နဲ႕"
တင္းက်ိက ေျပာလိုက္သည္။
"ႏွစ္ခါမဟုတ္ပါဘူး။ တစ္ခါပဲ ရွိေသးတယ္"
လင္ဝူယြီက ရယ္သည္။
"ထပ္ခ်ီးက်ဴးေပးရအုံးမလား"
"မလိုဘူး"
တင္းက်ိက ဆိုသည္။
"ငါက စိတ္ထားေကာင္းတယ္"
လင္ဝူယြီသည္ အဝတ္အစားနည္းနည္းသာ ယူလိုက္သည္။ စာအုပ္မ်ား၊ အမ်ိဳးမ်ိဳးေသာ Figure မ်ား၊ ဒ႐ုန္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အားလုံးကို အိမ္တြင္သာ ထားခဲ့၏။
တင္းက်ိက သူ႕ကို ဖုက်ဳံးသို႔ ျပန္ေမာင္းပို႔ေပးသည္။
Luggage က သိပ္မႀကီးေပ။ သို႔ရာတြင္မူ သူတို႔၏ သယ္ယူပို႔ေဆာင္ေရးမွာကား လွ်ပ္စစ္စကူတာေလးတစ္ခုမွ်သာ ျဖစ္ေလရာ အနည္းငယ္ ကသီကလင္နိုင္သည္။
တင္းက်ိ၏ အႀကံမွာ Luggage က မ်ားမ်ားစားစားလည္း မပါေတာ့ ေနာက္တြင္ထိုင္ကာ လက္ျဖင့္ သယ္လာရန္ျဖစ္သည္။ သို႔ေသာ္လည္း လင္ဝူယြီကေတာ့ လူတို႔ကို တိုက္မိမည့္အေရးကို ကာကြယ္ရန္ Luggage ကို ႏွစ္ေယာက္သားၾကား၌ အတင္းကာေရာ ညွပ္ထည့္သည္။
"ငါ မင္းကိုေျပာမယ္"
တင္းက်ိက အေတာ္ပင္ စိတ္တိုေနၿပီျဖစ္သည္။
"ဒိီေနရာမွာ ငါ့အသိေတြနဲ႕ မတိုးနိုင္လို႔သာ မင္းနဲ႕ ၿပိဳင္မျငင္းေနေတာ့တာ။ ငါ့ေနရာမွာဆိုလို႔ကေတာ့ ဒီလို ဥေၾကာ္ေနသလို ေက်ာႀကီးကို မတ္ထားတဲ့ ပုံစံႀကီးနဲ႕ ငါ ဒီဆိုင္ကယ္ကိုေတာင္ ယူမေနေတာ့ဘူး။ မင္းဘာသာပဲ ျပန္ေမာင္းသြားလိုက္ရမွာ"
"ဥေၾကာ္တယ္?"
လင္ဝူယြီက Luggage ေနာက္မွ သံေယာင္လိုက္သည္။
"ဘယ္ဥကို ေၾကာ္တာလဲ။ ဘယ္လို ေၾကာ္တာလဲ"
"ငါ့ဥကို ေၾကာ္တာေဟး!"
တင္းက်ိက ေအာ္သည္။
"ဘယ္လိုေၾကာ္လဲ ေျပာ! ဖိညွစ္ၿပီး ေၾကာ္တယ္!"
ခဏမွ် တန႔္သြားၿပီးေနာက္ လင္ဝူယြီက ဝါးလုံးကြဲေအာ္ရယ္ေလေတာ့၏။ စကူတာပင္လွ်င္ လႈပ္ယမ္းသြားခဲ့သည္။
"ရယ္ထား။ ရယ္ထား"
တင္းက်ိက ေျပာလိုက္သည္။
"တစ္ခါရယ္ရင္ အသက္ဆယ္ႏွစ္ပိုငယ္သြားေစတယ္တဲ့။ မင္းအေမဗိုက္တဲ့ ျပန္ေရာက္သြားတဲ့အထိ ရယ္။ မင္းမိဘေတြနဲ႕ စကားမ်ားၿပီး အိမ္ေပၚက ဆင္းလာဖို႔ မလိုေတာ့ေအာင္"
"အဲလိုေတာ့ မျဖစ္ဘူး"
လင္ဝူယြီက ဆိုသည္။
"ငါ ဒီထိပဲ ေရာက္လာၿပီးသြားၿပီ"
စကားလုံးတို႔မွာ သာမန္ကာလွ်ံကာ ဆိုလိုက္သည့္ဟန္ ရွိေသာ္ျငား သူ႕ေလသံထဲတြင္ေတာ့ ေသြးႀကီးဟန္၊ ဝံ့ႂကြားဟန္တို႔ စြန္းေနခဲ့သည္။ တင္းက်ိသည္ မေနနိုင္ဘဲ လွည့္ၾကည့္လိုက္မိေတာ့၏။
လင္ဝူယြီ၏အမူအရာကို မျမင္ရေပ။ Luggage အေပၚမွ ေပၚေနေသာ မ်က္ဝန္းတို႔ကိုသာ ျမင္ရသည္။ မ်က္ဝန္းတို႔က ပကတိတည္ၿငိမ္ေနသည္။ သို႔ေသာ္ အင္မတန္ခိုင္ၾကည္ေနၾက၏။
တစ္ခ်က္ၾကည့္႐ုံႏွင့္ သြားရႈပ္၍မရေသာ သူတစ္ဦးကဲ့သို႔။
Luggage ကို အေဆာင္သို႔ သယ္လာခဲ့ၾကခ်ိန္၌ မည္သူႏွင့္မွ မဆုံေပ။ အမ်ားစုက စေန၊ တနဂၤေႏြပိတ္ရက္ အိမ္ျပန္ၾကၿပီး မျပန္ၾကသူတို႔ကလည္း ကန္တင္း၊ မဟုတ္လွ်င္ စာသင္ခန္းထဲ ေရာက္ေနၾကသည္။
လင္ဝူယြီသည္ တင္းက်ိ၏ စာအုပ္ကို ယူ၍ ေက်ာင္းဂိတ္ဝသို႔ ျပန္လာခဲ့၏။
"ေက်းဇူးပဲ"
သူက စာအုပ္ကို တင္းက်ိအား ေပးလိုက္သည္။
တင္းက်ိက စာအုပ္ကို ယူလိုက္ၿပီး စာအုပ္အဖုံးကို ျမင္ေတာ့ အံ့သာတႀကီးျဖစ္သြားခဲ့သည္။
"ဘာလို႔ ဒါနဲ႕ ဖုံးထားတာလဲ"
"ပ်က္စီးသြားမွာ၊ ညစ္ပတ္သြားမွာ စိုးလို႔ေလ"
လင္ဝူယြီက ဆိုသည္။
"မင္းမိသားစုအေမြအႏွစ္မလား"
"ဖတ္လို႔ၿပီးသြားၿပီလား"
တင္းက်ိက ရယ္က်ဲက်ဲႏွင့္ စာအုပ္ကို စကူတာ၏ တူးေဘာက္စ္ထဲ ထည့္လိုက္သည္။
"ႏွစ္ခါေလာက္ ဟိုလွန္၊ ဒီလွန္ ဖတ္ထားတယ္"
လင္ဝူယြီက ဆိုသည္။
"ဖတ္ၿပီးတာနဲ႕ နားလည္တာနဲ႕က ဘာမွမဆိုင္ဘူး။ ငါ့လက္ကိုငါ ၾကည့္ၾကည့္လိုက္ေသးတယ္။ ဒါေပမဲ့ တျခားစီပဲ"
"မင္းအတန္းေဖာ္ေတြလက္ကို ၾကည့္ဖို႔က် ရွက္တယ္မလား"
တင္းက်ိက မ်က္ခုံးတစ္ဖက္ပင့္လိုက္ၿပီး သူ႕ထံသို႔ လက္ဆန႔္ေပးလိုက္၏။
"ငါ့လက္ကို ၾကည့္"
"ငါ မင္းကို တစ္ခုခု လိုက္ေကြၽးမယ္"
လင္ဝူယြီက ၿပဳံးလ်က္ လက္ကို တြန္းဖယ္လိုက္သည္။
"ဟိုလုပ္ဒီလုပ္နဲ႕ မင္း ပင္ပန္းသြားၿပီ"
အိမ္သို႔အခ်ိန္မီျပန္မည့္တင္းက်ိကို ဤကိစၥက စာေသခ်ာလုပ္ရန္ ဆုံးျဖတ္ခ်က္ထက္ မ်ားစြာ ပို၍ ဆြဲေဆာင္နိုင္ေနခဲ့၏။
ယေန႕ သူသည္ စာအုပ္ သြားယူ၍ အိမ္သို႔ အခ်ိန္မီျပန္ၿပီး မိသားစုအတြင္း စကားမ်ားရမည့္ကိစၥတို႔ကို မီးစာထပ္မျဖည့္ေရးအတြက္ ေက်ာင္းမွ ေစာေစာထြက္လာခဲ့ေသာ္ျငားလည္း လင္ဝူယြီကို အိမ္သို႔ အသြားအျပန္ပို႔ေပးရန္ ေတြေဝတုံ႕ဆိုင္းျခင္း အလွ်င္းမရွိခဲ့။
အျခားသူမ်ားကို ကူညီျခင္းကား ေကာင္းေသာကိစၥရပ္တစ္ခုပါပင္။
လင္ဝူယြီက သူ႕ကို မုန႔္လိုက္စားရန္ ေခၚေတာ့လည္း သူ မျငင္းခဲ့ေပ။ ေနာက္လည္း က်ေနၿပီျဖစ္ရာ ထပ္ေနာက္က်လိဳက္၍လည္း ထူးမေနေတာ့။
တင္းက်ိသည္ ရင္ထဲသာ သက္ျပင္းခ်လိဳက္သည္။ အိမ္သို႔ မျပန္ရန္ ေျမာက္ျမားစြာေသာ အေၾကာင္းျပခ်က္တို႔ကို ရွာေဖြေနျခင္းပါပင္။ ၿပီးလွ်င္ ညစာစားၿပီးေနာက္ ျပန္ေရာက္ပါက ထမင္းဝိုင္းတြင္ ထိုင္၍ ဩဝါဒအေႁခြခံရမည့္ကိစၥကိုလည္း ေရွာင္ရွားနိုင္သည္။
"ေခါက္ဆြဲျဖစ္ျဖစ္၊ အသင့္စားတစ္ခုခုျဖစ္ျဖစ္ေလာက္ဆို ရတယ္"
တင္းက်ိက တီးတိုးဆိုလိုက္သည္။
လင္ဝူယြီသည္ သူ႕ကို ဖုက်ဳံးႏွင့္ လမ္းအနည္းငယ္ျခားသည့္ စားေသာက္ဆိုင္ေကာင္းေကာင္းေလးတစ္ဆိုင္သို႔ ေခၚသြားခဲ့သည္။ ဆိုင္ေနာက္ဘက္၌ ေရကူးကန္အ႐ြယ္အစားခန႔္ ရွိသည့္ အထူးျပဳလုပ္ထားေသာ လူလုပ္ကန္ေသးေသးေလးတစ္ကန္ရွိ၏။
"ေခါက္ဆြဲစားမလား"
လင္ဝူယြီက ေမးသည္။
"ေခါက္ဆြဲမစားခ်င္ဘူး။ မင္းက ငါ့ကို ၾကယ္ ၃ ပြင့္ဆိုင္မွာ ေကြၽးရင္ေတာ့လဲ မျငင္းပါဘူး"
တင္းက်ိက ဆိုသည္။
"အိပ္မက္မက္ေနလိုက္"
လင္ဝူယြီက ေျပာလိုက္သည္။
"ကန္ေဘး ထိုင္မွာလား"
တင္းက်ိက သူ႕ေနာက္မွ အထဲသို႔ လိုက္ဝင္လာခဲ့သည္။
"အခုဆို ျခင္ေတြ ရွိမွာေပါ့။ အဲမွာက လဟာျပင္ႀကီး၊ အပင္ေတြလဲ အမ်ားႀကီးပဲ"
"မရွိဘူး"
လင္ဝူယြီက တိုတိုတုတ္တုတ္ ျပန္ေျဖသည္။
ေရကူးကန္အ႐ြယ္အစားရွိ ေရကန္ေလးေဘးမွ စားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္ၾကၿပီးေနာက္ လင္ဝူယြီက စားပြဲထိုးကို ေျပာလိုက္သည္။
"ျခင္ေဆးေခြေလး ယူခဲ့ေပးပါ"
"ေဘးမွာ ျခင္နိုင္မီးအိမ္ ထားေပးရမလားဗ်"
စားပြဲထိုးက အႀကံျပဳသည္။
"ျခင္ေဆးေခြ။ မီးခိုးထြက္တဲ့ဟာမ်ိဳးပဲ"
လင္ဝူယြီက မေလွ်ာ့။
"ေက်းဇူး"
စားပြဲထိုး ထြက္သြားေတာ့ တင္းက်ိက သူ႕ကို ၾကည့္လိုက္သည္။
"မင္းေျပာေတာ့ ျခင္မရွိဘူးဆို"
"ျခင္ေဆးေခြထြန္းလိုက္ရင္ မရွိေတာ့ဘူးေလ"
လင္ဝူယြီက ဆို၏။
"မင္းသာ ျခင္ေတြကို မဆြဲေဆာင္ရင္ ငါ ဒီမွာ တစ္ညလုံးေနေတာင္ အကိုက္မခံရဘူး"
"ငါက ျခင္ေတြကို ဆြဲေဆာင္တယ္?"
တင္းက်ိက ေမးသည္။
"မင္း ေသခ်ာလို႔လား"
"ဘယ္ဘက္လက္ေမာင္းေပၚက အဲဒီျခင္ကိုက္ရာေလးခုက ပမႊားေလးေတြလား"
လင္ဝူယြီက ျပန္ေမးသည္။
တင္းက်ိက သူ႕လက္ေမာင္းကိုသူ ျပန္ၾကည့္လိုက္ၿပီး တစ္၊ ႏွစ္၊ သုံး၊ ေလး ေရလိုက္၏။
သူ႕ကိုယ္သူပင္ သတိမထားမိခဲ့ေပ။
"ဒီရာသီႀကီးမွာ ဒီလိုအကိုက္ခံရတာမ်ိဳးက ရွားရွားပါးပါးပဲ"
လင္ဝူယြီက ေျပာလာသည္။
"ဟုတ္ပါၿပီ"
တင္းက်ိက သူ႕လက္ေမာင္းေပၚမွ အနီဖုေလးမ်ားကို ကုတ္လိုက္သည္။
စားပြဲထိုးက ျခင္ေဆးေခြထြန္းထားေသာ ပန္းကန္ျပားတစ္ခ်ပ္ကို ယူလာၿပီး စားပြဲဝိုင္းႏွင့္ မီတာဝက္ခန႔္အကြာ၌ ထားလိုက္သည္။
လင္ဝူယြီက ေျခေထာက္ဆန႔္၍ ျခင္ေဆးေခြကို စားပြဲခုံေအာက္သို႔ တြန္းထည့္လိုက္သည္။
"ငါ့ကို ၾကည့္ေပး"
တင္းက်ိက ခုံေပၚ မွီထိုင္လိုက္သည္။
"ဘာကို ၾကည့္ရမွာလဲ"
လင္ဝူယြီက ၾကည့္လာသည္။
တင္းက်ိက ေလစုန္ဘက္၌ ျဖစ္ၿပီး စားပြဲခုံေအာက္မွ တျဖည္းျဖည္း တက္လာေသာ ျခင္ေဆးေခြအေငြ႕တို႔က သူ႕အနား ဝိုင္းဝိုင္းလည္ေနသည္။
"ဒီက ေတာက္ေရာင္းရင္း"
တင္းက်ိက အေငြ႕မ်ားၾကားမွ သူ႕ကို ၾကည့္လိုက္သည္။
"ဒီေန႕ ငါ အမတအျဖစ္ ေကာင္းကင္ဘုံကို စံျမန္းတက္လွမ္းသြားတာကို မင္း ျမင္လိုက္ရတာဆိုေတာ့ ငါတို႔ႏွစ္ေယာက္ၾကား ပ႒ာန္းဆက္ရွိတယ္လို႔ ဆိုနိုင္..."
စကားပင္ မဆုံးလိုက္၊ မီးခိုးမြန္ကာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေလေတာ့၏။
လင္ဝူယြီသည္ ေျခေထာက္ျဖင့္ ျခင္ေဆးေခြကို မူလေနရာသို႔ ျပန္တြန္းပို႔လိုက္သည္။ သို႔ေသာ္လည္း မီးခိုးေငြ႕တို႔က သူ႕ထံသို႔သာ သြားေနေသးဆဲပင္။
"မင္းပဲ တြက္ၾကည့္လိုက္ပါလား။ မင္း တကယ္ အမတအျဖစ္ အဆင့္တက္လွမ္းနိုင္ေတာ့မယ္လို႔ ငါ ခံစားေနရတယ္"
လင္ဝူယြီက ဆိုသည္။
"ေျမႀကီးလက္ခတ္မလြဲပဲ"
"ငါ မင္းဘက္မွာ ထိုင္မယ္"
တင္းက်ိက ထရပ္လိုက္သည္။
လင္ဝူယြီက အထဲဘက္ တိုး၍ ေနရာဖယ္ေပးလိုက္သည္။
တင္းက်ိက လာရန္အျပင္၌ တံခါးမွ လူႏွစ္ေယာက္ ဝင္လာၾက၏။
လင္ဝူယြီသည္ ကနဦးက ျမဴအုပ္အတုေသးေသးေလးထဲ ရိုမန႔္တစ္ဆန္ေသာညေလးတစ္ညကို ခံစားရန္ ေရာက္လာၾကသည့္ လူငယ္စုံတြဲေလးတစ္တြဲ ျဖစ္လိမ့္မည္ဟု ထင္လိုက္ေသာ္လည္း အၾကည့္တစ္ခ်က္ေဝ့လိုက္ခ်ိန္တြင္ေတာ့ ဖုက်ဳံးမွ ေက်ာင္းသားမ်ားျဖစ္ေၾကာင္း ေတြ႕လိုက္ရေလ၏။
ေက်ာင္းသား ဝတ္ထားသည့္ ထရက္စုမွာ ဖုက်ဳံး၏ အားကာအသင္းဝတ္စုံျဖစ္ၿပီး ေက်ာင္းတံဆိပ္ပါသည္။ ေက်ာင္းသူေလးဝတ္စုံမွာ ပို၍ ထင္းေန၏။ ေက်ာင္းအကၤ်ီႏွင့္ စကပ္ကို ဝတ္ဆင္ထားသည္။
လင္ဝူယြီသည္ ခဏမွ် ခ်ီတုံခ်တဳံျဖစ္သြားခဲ့ၿပီးေနာက္ သူ႕ေဘး၌ ဝင္ထိုင္လိုက္ခါစျဖစ္ေသာ တင္းက်ိကို လွည့္ၾကည့္လိုက္သည္။
"ကိုယ့္ေနရာကိုယ္ ျပန္သြားထိုင္"
ဖုက်ဳံးတြင္ သူ႕ကို မသိေသာသူ မရွိေတာ့သေလာက္ပါပင္။ အထူးသျဖင့္ ေခါင္မိုးထပ္မွ ေၾကညာခ်က္ၿပီးသည့္ေနာက္၌။
သူ႕အေနႏွင့္ သူ႕အေပၚ အျခားသူတို႔ မည္သို႔ပင္ ထင္ထင္၊ အတင္းပင္ တုပ္တုပ္၊ အထင္ပင္ လြဲလြဲ ဂ႐ုမစိုက္ေပ။ သို႔ရာတြင္မူ သူသည္ မည္သူကမွ တင္းက်ိကို မသိသည့္တိုင္ေအာင္ တင္းက်ိကို အထင္လြဲမခံေစခ်င္ေပ။
"ဘာ?"
တင္းက်ိက သူ႕ကို နားေဝတိမ္ေတာင္ ၾကည့္လိုက္မိသည္။
"မ်က္ႏွာခ်င္းဆိုင္ခုံမွာ ျပန္သြားထိုင္လို႔ ေျပာတာ"
လင္ဝူယြီက ဆို၏။
တင္းက်ိ၏ အမူအရာမွာ "ေသာက္ခ်ီးလို လာေနာက္ေနတာလား" ဆိုသည့္ စာေၾကာင္းႀကီး ထင္းေနသည္။
"ဒီမွာပဲ ထိုင္မွာ"
တင္းက်ိက ေျပာလိုက္သည္။
"မင္းမႀကိဳက္ရင္လဲ မင္းပဲ ဟိုဘက္ သြားထိုင္လိုက္ေပါ့။ ဒါေလးမ်ား"
ေက်ာင္းသားႏွစ္ေယာက္က လွမ္းၾကည့္ေနၾကေလၿပီ။ လင္ဝူယြီက ထရပ္လိုက္သည္။
"ေသာက္ခ်ီးတဲ့မ!"
တင္းက်ိက စိတ္တိုသြားခဲ့ၿပီး ထရပ္ကာ ထြက္သြားေလေတာ့၏။
လင္ဝူယြီက သက္ျပင္းခ်လိဳက္ၿပီး တင္းက်ိ၏ လက္ေကာက္ဝတ္ကို လွမ္းဆြဲ၍ မ်က္ႏွာခ်င္းဆိုင္ခုံ၌ ျပန္ထိုင္ေစသည္။
"ထိုင္ေန"
လင္ဝူယြီက သူ႕ကို ေျပာလိုက္သည္။
"ဟမ္?"
တင္းက်ိက သူ႕လက္ေကာက္ဝတ္ကို ႐ုန္းလိုက္ေသာ္လည္း မရ။
လင္ဝူယြီက ျပန္ထိုင္လိုက္ၿပီးေနာက္ လႊတ္ေပးလိုက္သည္။
အႏွီကိစၥရပ္မွာ "လင္ဝူယြီက သူ႕ေကာင္ေလးနဲ႕အတူတူ ညစာစားေနတယ္" အျဖစ္မွ "လင္ဝူယြီနဲ႕ သူ႕ေကာင္ေလးက ညစာစားရင္း စကားမ်ားေနၾကတယ္" အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ေလေတာ့၏။
ထပ္ေျဖရွင္း၍ မရလိုက္ေတာ့ပါ။
လင္ဝူယြီသည္ အနည္းငယ္ စိတ္ေဇာဝင္သြားမိသည္။ ပထမဆုံးအႀကိမ္ Come Out လုပ္ဖူးျခင္းျဖစ္ၿပီး အေတြ႕အႀကဳံမ်ားမ်ားစားစားလည္း မရွိေလရာ ႐ုတ္တရက္ႀကီး ဤသို႔ ႀကဳံလိုက္ရေလေတာ့ သူ႕မွာ ေသခ်ာ မေျဖရွင္းတတ္ျဖစ္ေနရ၏။
ကိစၥမရွိဘူး။ ေနာက္ပိုင္းက် Come Out နည္းနည္းထပ္လုပ္ၿပီးသြားရင္ ဘာမွမျဖစ္ေတာ့ဘူး။
"အဲဒါ မင္းတို႔ေက်ာင္းက ေက်ာင္းသားေတြမလား"
တင္းက်ိ၏အၾကည့္တို႔က သူ႕ေနာက္တြင္။
"အင္း"
လင္ဝူယြီက ျပန္ေျဖလိုက္သည္။
"ဘာျဖစ္လို႔လဲ။ ထိပ္တန္းေက်ာင္းသားက ၁၀၉/၁၁၀ လူငယ္ေလးနဲ႕ တြဲသြားတြဲလာလုပ္ေနတာ လူေတြကို မျမင္ေစခ်င္လို႔လား။ ငါ မင္းတို႔ေက်ာင္းထိေတာင္ ေရာက္လာၿပီး မင္းကို လာရွာခဲ့ဖူးေသးတာပဲကို"
တင္းက်ိက ပမာမခန႔္ဟန္ႏွင့္ ဆိုသည္။
"ၿပီးေတာ့ ငါက ၁၀၉/၁၁၀ လို႔ မင္း တကယ္ႀကီး ထင္ေနတာလား"
"မဟုတ္ရင္ ဘာလဲ"
လင္ဝူယြီက ေမးသည္။
"ငါက စန္းက်ဳံးက အထက္တန္းတတိယႏွစ္"
တင္းက်ိက ေျပာလိုက္သည္။
"ဝါး"
လင္ဝူယြီက ေအးေအးေဆးေဆးပင္ အံ့ဩဟန္ျပ၏။
"စန္းက်ဳံးနဲ႕ ဖုက်ဳံးက ၿပိဳင္ဘက္ေတြဆိုတာ သိတယ္မလား။ ငါက မင္း ပါးက်ဳံးက ျဖစ္ျဖစ္၊ ခ်ီးက်ဳံးကျဖစ္ျဖစ္လို႔ ေျပာမယ္ထင္လိုက္တာ"
"ငါလူးတဲ့မ!"
တင္းက်ိက သူ႕အိတ္ထဲ ေမႊေႏွာက္၍ အထဲမွ ေလ့က်င့္ခန္းစာအုပ္တစ္အုပ္ကို ထုတ္လိုက္ကာ လင္ဝူယြီေရွ႕၌ ပုတ္ျပလိုက္သည္။
"မင္းဘာသာ ၾကည့္ၾကည့္"
လင္ဝူယြီက တစ္ခ်က္ၾကည့္ၾကည့္လိုက္ေတာ့ အမွန္တကယ္ပင္ အထက္တန္းတတိယႏွစ္ ေလ့က်င့္ခန္းစာအုပ္တစ္အုပ္မွန္း သိလိုက္ရသည္။ သူ႕ထံတြင္လည္း ဤစာအုပ္တစ္အုပ္ရွိသည္။ သို႔ေသာ္...
"တတိယႏွစ္၊ အခန္း ၃၇၉"
သူက တင္းက်ိကို ေမာ့ၾကည့္လိုက္သည္။
"ရွီရွန္းယန္။ မင္း ဒီစာအုပ္ကို ဘယ္ကရလာတာလဲ"
"ငါ့ထိုင္ခုံေဖာ္ဆီက"
တင္းက်ိက ေျပာလိုက္သည္။
လင္ဝူယြီက တေသာေသာေအာ္ရယ္ေလေတာ့၏။ ေခါင္းကို တစ္ဖက္သို႔လွည့္လိုက္ကာ အရယ္ကို မရပ္နိုင္ေတာ့။
"တကယ္ ငါ့ထိုင္ခုံေဖာ္ဆီကပါဆို"
တင္းက်ိက အနည္းငယ္ စိတ္တိုလာခဲ့သည္။
"ဟုတ္ပါၿပီ"
လင္ဝူယြီသည္ ခဏမွ် ရယ္ေနခဲ့ၿပီးသည့္ေနာက္တြင္မွ ျပန္လွည့္လာၿပီး ေလ့က်င့္ခန္းစာအုပ္ကို သူ႕ထံသို႔ ျပန္တြန္းေပးလာသည္။
"တကယ္ေျပာတာ။ တကယ္လို႔ မင္းသာ တကယ္ပဲ ဒီလိုစာအုပ္မ်ိဳးဖတ္ခ်င္ရင္ ငါ့မွာရွိတယ္။ ငါ မင္းကို ငွားေပးလို႔ရတယ္။ မင္းနားမလည္တာေတြကိုလဲ ငါ မင္းကို ရွင္းျပေပးလို႔ရတယ္"
"ဟမ္?"
တင္းက်ိက သူ႕ကို ၾကည့္လိုက္သည္။
"မင္း အရမ္းအားယားေနတာလား"
"မအားပါဘူး။ ငါက ေတာ္ေတာ္ေလး အလုပ္ရႈပ္တဲ့သူ"
လင္ဝူယြီက ဆိုသည္။
"ငါက ဒီတိုင္း... ဘာပဲျဖစ္ျဖစ္ အကယ္၍ မင္း တကယ္ ဖတ္ခ်င္ရင္ ငါ့ကိုသာေျပာ"
"ေကာင္းပါၿပီ"
တင္းက်ိက ေခါင္းညိတ္ျပလိုက္သည္။
"ဒါဆို ဘာလို႔ ငါ့ကို မင္းေဘးမွာ မထိုင္ခိုင္းတာလဲ"
လင္ဝူယြီက မည္သို႔မွ မဆို။
"ငါ တကယ္ ေဒါသကို ထိန္းထားရတာ"
တင္းက်ိက အံႀကိတ္လ်က္ စကားဆိုလာသည္။
"ငါ ဒီအသက္ဒီအ႐ြယ္ထိ တစ္ခါမွ လူၾကားသူၾကားထဲ ေခြးေနရာမရမျဖစ္ဖူးဘူး။ မင္းက လူေကာင္းတစ္ေယာက္မွန္း ငါ သိေနလို႔သာမဟုတ္ရင္ အခုေန မင္း ငါ့ဆီမွာ...
"ဒီညရဲ႕ အလင္းထိန္ဆုံး လွ်ပ္စစ္ဂ်င္ျဖစ္ေနေလာက္ၿပီ"
လင္ဝူယြီက ေျပာလိုက္သည္။
"... ဟုတ္တယ္"
တင္းက်ိက စူးစိုက္ၾကည့္လိုက္သည္။
"ေနာက္တစ္ခါ သတိထားတာ။ ငါ့စကားကို မခိုးနဲ႕"
"မင္း လကၡဏာဖတ္တဲ့အခါေလ"
လင္ဝူယြီက သူ႕ဘယ္ဘက္လက္ကို ျမႇောက္၍ သူ႕ထံသို႔ ဆန႔္တန္းလာသည္။
"အခ်စ္ေရးေရာ ၾကည့္တတ္လား"
"ငါ အရင္တစ္ေခါက္က ေျပာခဲ့ၿပီးၿပီမလား"
တင္းက်ိက သူ႕လက္ကို ဆြဲယူ၍ သူ႕လက္ေခ်ာင္းမ်ားျဖင့္ အနည္းငယ္ ျခစ္ဆြဲျပလိုက္သည္။
"မင္းရဲ႕အခ်စ္ေရးက မေခ်ာေမြ႕နိုင္ဘူး"
"တျခားဟာေတြေရာ ထပ္ျမင္ေသးလား"
လင္ဝူယြီက ေမးသည္။
"မင္း ဘာကို ေမးခ်င္တာလဲ"
တင္းက်ိက ေခါင္းကို ေစာင္းလိုက္သည္။ လက္ဖဝါးအစြန္းထက္ မ်က္လုံးေဖာ္၍ သူ႕ကို ၾကည့္လာ၏။
"လိင္စိတ္တိမ္းၫြတ္မႈ"
လင္ဝူယြီက ဆိုသည္။
တင္းက်ိသည္ စကၠန႔္ပိုင္းမွ် ၾကက္ေသေသမိသြားခဲ့ၿပီးသည့္ေနာက္တြင္မွ လင္ဝူယြီဆိုလိုသည္ကို သေဘာေပါက္သြားခဲ့သည္။
ယင္းက အမွန္ပင္ မျမင္ခဲ့ေပ။
ခန႔္လည္း မခန႔္မွန္းမိခဲ့ပါေခ်။
အစကတည္းက အဆိုပါရႈေထာင့္ကို စဥ္းပင္မစဥ္းစားခဲ့ပါ။
သို႔ေသာ္ ဤကိစၥက သူ၏ အေတြး
ေဘာင္ထက္ ေက်ာ္လြန္ေနသည့္တိုင္ အထူးအေထြႀကီးရယ္ေတာ့လည္း မဟုတ္ပါေခ်။
သူက စကားဝိုင္းကို ျပန္မေျဖမိသျဖင့္ ေလထုကေတာ့ အနည္းငယ္ ကသိကေအာက္ျဖစ္လာခဲ့ေတာ့၏။
"မင္း မဟုတ္မွလြဲ..."
တင္းက်ိက သူ႕ေရွ႕တြင္ ရွိေနေသးဆဲ လင္ဝူယြီ၏ လက္ကို ေဘးသို႔ တြန္းဖယ္လိုက္သည္။
"ငါ့အေပၚ ခံစားခ်က္တစ္ခုခု ရွိေနတာေတာ့ မဟုတ္ဘူးမလား"
လင္ဝူယြီ၏ ညာဘက္မ်က္ခုံးက ပင့္တက္သြားသည္။ သူ႕အၾကည့္တို႔သည္လည္း ႐ုတ္ျခည္းပင္ ေျပာင္းလဲသြားခဲ့၏။
ေသာက္က်ိဳးနည္းေထ့ၿပဳံးႀကီးနဲ႕!
ပုံစံအရကေတာ့ ေလွာင္ေနျခင္းပင္။
"လုံးဝ မဟုတ္ရပါဘူး"
လင္ဝူယြီက ဆိုသည္။
"မင္း အေတြးလြန္ေနၿပီ ဆရာႀကီး"
"ဟုတ္လား"
တင္းက်ိသည္လည္း မ်က္ခုံးပင့္လိုက္သည္။
"ပထမဆုံးေတြ႕တုန္းက မင္း အရင္ ငါ့ကို စကားအရင္လာစေျပာတာေလ"
"ဟုတ္လား"
လင္ဝူယြီက မ်က္ခုံးပင့္သည္။
"နံရံေက်ာ္တက္ၿပီး ေက်ာင္းမွာ ငါ့ကို လာရွာတာ မင္းေလ"
"ဟုတ္လား"
တင္းက်ိက မ်က္ခုံးကို ဆက္ပင့္သည္။
"ငါ့ကို လကၡဏာလာၾကည့္ခိုင္းတာ မင္းေလ"
"ဟုတ္လား"
လင္ဝူယြီက မ်က္ခုံးကို ဘက္ေျပာင္းပင့္သည္။
"ငါ့ကို ကိုယ့္သေဘာနဲ႕ကိုယ္ စာအုပ္ငွားလိုက္တာ မင္းေလ"
"ဟုတ္လား"
တင္းက်ိကလည္း ဘက္လိုက္ေျပာင္းသည္။
"ငါ့ကို ေဘာလုံးသြင္းၿပီး လွ်ပ္စစ္မီးဖို ကူယူေပးပါ့မယ္လို႔ ေျပာခဲ့တာ မင္းေလ"
"ငါ့ကို အတင္း အိမ္လိုက္ပို႔ေပးၿပီး Luggage ကိစၥကူေပးတာ မင္းေလ"
လင္ဝူယြီက မ်က္ဝန္းတို႔ကို ေမွးစင္းလိုက္သည္။
"ငါ့ကို အတင္း လိုက္ေကြၽးတာ မင္းေလ"
တင္းက်ိကလည္း မ်က္ဝန္းတို႔ကို ျပန္ေမွးစင္းျပလိုက္သည္။
လင္ဝူယြီက ရယ္သည္။
"ျပန္မေျပာနိုင္ေတာ့ဘူးမလား"
"တင္းက်ိက အင္မတန္ေက်နပ္ဝံ့ႂကြားဟန္ႏွင့္။
"မင္းအေပၚ ခံစားခ်က္ရွိေနတယ္လို႔ မင္း ငါ့အေပၚ ထင္ေနတဲ့ ခံစားခ်က္ေတြက အရမ္းေတြ ခိုင္မာေနပါ့လား"
လင္ဝူယြီက ဆိုသည္။
"... မင္းေမ!"
တင္းက်ိက ခဏမွ် ၾကက္ေသေသသြားခဲ့ေလေတာ့၏။
"ငါက အသားမက်႐ုံတင္! ငယ္ငယ္ကတည္းက အခုခ်ိန္ထိ အၿမဲတမ္း တျခားသူေတြကပဲ ငါ့အေပၚ ခံစားခ်က္ေတြ ရွိခဲ့ၾကတာ"
"ငါလဲ အတူတူပဲ"
လင္ဝူယြီက ေရေႏြးၾကမ္း တစ္ငုံေသာက္လိုက္သည္။
"မင္း အဲစကားကေတာ့ မွန္မေနဘူး!"
တင္းက်ိက ခ်က္ခ်င္းပင္ သူ႕ေကာက္ရိုးမွ်င္ေလးကို ဖမ္းဆုပ္လိုက္သည္။
"မင္းက ခရက္ခ္်ဆီက ျပန္အႀကိဳက္မခံရတဲ့သူေလ"
"အိုး"
လင္ဝူယြီက ခဏ တန႔္သြားသည္။
"ေမ့ေတာ့မလို႔"
"ဟုတ္ၿပီ"
တင္းက်ိက လက္ခါယမ္းလိုက္သည္။ မူလက ကသိကေအာက္ျဖစ္ေနမႈကို ေဖ်ာက္ရန္ ႀကိဳးစားလိုက္ျခင္းျဖစ္ေသာ္လည္း အၿပိဳင္အဆိုင္တစ္ပြဲ ႏႊဲၿပီးသြားသည့္ေနာက္တြင္ေတာ့ စကားစကို ျပန္ရွာမရလိုက္ေတာ့။
"အဲေတာ့ မင္း ေၾကာက္တာက ဖုက်ဳံးက အဲႏွစ္ေယာက္က မင္းကို... မဟုတ္ေသးဘူး။ အဲႏွစ္ေယာက္က အသိမဟုတ္လို႔ ႏႈတ္ေတာင္မဆက္ဘူးဆိုေတာ့ မင္းကို ဘယ္လိုလုပ္ၿပီး သိ... အာ! မင္းမွာ ေကာင္... ေလးရွိေနလို႔ သူတို႔က ေကာလာဟလေတြ လႊင့္မွာ ေၾကာက္... မဟုတ္ေသးဘူး! မင္းက သူတို႔နဲ႕ သိေတာင္ မသိတာကို မင္းရဲ႕ ေကာင္... ေလးက ဘယ္သူမွန္း ဘယ္လိုလုပ္ၿပီး သိ... ... အားး! မဟုတ္မွလြဲ မင္း Come out လုပ္ထားတာလား။ ေသြးႀကီးခ်က္ကေတာ့..."
လင္ဝူယြီက မည္သို႔မွ မဆို။ ေရေႏြးၾကမ္းသာ ေသာက္ေနလ်က္ တင္းက်ိတစ္ေယာက္ အေျခအေနကို ခြဲျခမ္းစိတ္ျဖာေနပုံကို ထိုင္ၾကည့္ေနခဲ့သည္။
"အာ! မင္း ဒီေန႕ အိမ္က ဆင္းလာတာ မဟုတ္ဘူးမလား။ ဒီကိစၥေၾကာင့္ အိမ္ေပၚက ႏွင္ခ်ခံရတာေတာ့ မဟုတ္ဘူးမလား"
တင္းက်ိက စားပြဲကို ရိုက္ခ်လိဳက္သည္။
"မင္း လူေတြကို ေဗဒင္ေဟာေပးတဲ့အခါ လုပ္ေလ့ရွိတဲ့ စိတ္ပိုင္းဆိုင္ရာလုပ္ငန္းစဥ္လား"
လင္ဝူယြီက ေမးလာခဲ့၏။
"မဟုတ္တာ... အဲဒီခြဲျခမ္းစိတ္ျဖာမႈက အရမ္းအေျခခံက်လြန္းတယ္။ သိုင္းေလာကထဲက ငါ့ဂုဏ္ပုဒ္နဲ႕ မအပ္စပ္ဘူး"
တင္းက်ိက ဆိုသည္။
"ငါက နည္းနည္း... မင္းက ႐ုတ္တရက္ႀကီး ထေျပာလိုက္ေတာ့"
"အင္း"
လင္ဝူယြီက ေခါင္းညိတ္သည္။
"ကိစၥက ေတာ္ေတာ္ေလးရႈပ္တယ္။ တကယ္ေတာ့ ငါက သူတို႔ မင္းကို အထင္လြဲသြားမွာ စိုး႐ုံတင္"
"... မင္းက မင္းကိုယ္မင္း အထင္လြဲခံရမွာကို မစိုးရိမ္ဘူးလား"
တင္းက်ိက ေျပာလိုက္၏။
"ဂ႐ုမစိုက္ဘူး"
လင္ဝူယြီက ၿပဳံးသည္။
"ဇာတ္လိုက္က ဘာလို႔ ျဖတ္ေလွ်ာက္ေတြရဲ႕ အေတြးကို ဂ႐ုစိုက္ေနရမွာလဲ"
တင္းက်ိက သူ႕ကို လက္မေထာင္ျပလိုက္သည္။
"မင္း ဒီစကားေျပာလိုက္တဲ့အခ်ိန္ တကယ္ႀကီး လုံးဝ မရွက္ေနဘူး"
"ရွက္လဲ မင္း ျမင္ရမွာမဟုတ္ဘူး"
လင္ဝူယြီက ဆို၏။
"အဲေတာ့ မင္းက ဒီကိစၥေၾကာင့္ အိမ္ေပၚက ႏွင္ခ်ခံလိုက္ရတာေပါ့?"
တင္းက်ိက သက္ျပင္းခ်သည္။
"အေပၚယံအေၾကာင္းျပခ်က္တစ္ခု ပါပဲ"
လင္ဝူယြီကလည္း သက္ျပင္းခ်၏။
"ဘာပဲျဖစ္ျဖစ္ Come out တာေလးပဲကို"
"စာကို မထိခိုက္ေစနဲ႕ေပါ့။ တကၠသိုလ္ဝင္ခြင့္စာေမးပြဲက ဘယ္ေလာက္မွ မလိုေတာ့ဘူး"
တင္းက်ိက ေျပာလိုက္သည္။
"မထိခိုက္ပါဘူး"
လင္ဝူယြီက ေပါ့ေပါ့ပါးပါးပင္ ဆို၏။
တင္းက်ိက ထပ္မေမးလိုက္ေတာ့ေပ။ လင္ဝူယြီေနာက္ရွိ ဖုက်ဳံးမွ လူငယ္စုံတြဲက သူတို႔ကို ဆက္တိုက္ လွမ္းၾကည့္ေနၾကသည္မွာ သူ႕အား အလြန္ပင္ စိတ္အေႏွာင့္အယွက္ျဖစ္ေစသည္
"မင္း ေက်ာင္းမွာ ဘာလုပ္ထားတာလဲ။ စိတ္ဝင္တစား ၾကည့္ေနတဲ့ပုံက နည္းနည္းေတာ့ အရမ္းစိတ္ႏွစ္ကိုယ္ႏွစ္ႀကီး ျဖစ္ေနသလားလို႔"
တင္းက်ိက ေျပာလိုက္သည္။
"ငါ ေဒါသထြက္မိေတာ့မယ္"
"ထြက္လိုက္ေလ"
လင္ဝူယြီက ၿပဳံးလိုက္၏။
တင္းက်ိကလည္း ခ်ီတုံခ်တဳံျဖစ္သြားျခင္း တစ္ခ်က္မရွိ။ ေခါင္းလွည့္ကာ တစ္ဖက္ျခမ္းသို႔ လွမ္းေအာ္လိုက္သည္။
"ေတာ္ေလာက္ၿပီေပါ့။ မင္းတို႔ႏွစ္ေယာက္ ငါတို႔နဲ႕ စားပြဲတစ္ဝိုင္းတည္း လာေပါင္းထိုင္လိုက္ပါလား"
တစ္ဖက္မွ မည္သည့္အသံမွ ထြက္မလာ။ လင္ဝူယြီသည္ လွည့္မၾကည့္ေသာ္လည္း ျဖစ္ေနမည့္အေျခအေနကို ခန႔္မွန္းနိုင္ေပ၏။
"ငါက မင္း သူတို႔ကို ဆဲေတာ့မယ္ ထင္လိုက္တာ"
သူက တင္းက်ိကို ၾကည့္လိုက္သည္။
"မလုပ္ပါဘူး"
တင္းက်ိက ေျပာလိုက္၏။
"ငါက အဲလိုကိစၥမ်ိဳးေတြအတြက္ ျပႆနာမရွာတတ္ဘူး"
လူငယ္စုံတြဲက အျခားအစီအစဥ္မ်ား ရွိဟန္တူသည္။ ျမန္ျမန္သြက္သြက္စားေသာက္ၿပီး ထြက္သြားၾကေလေတာ့၏။
သူတို႔ ထြက္သြားၾကခ်ိန္၌ လင္ဝူယြီက အမွန္တကယ္ပင္ ဗိုက္ဝသြားခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ တင္းက်ိ၏ အစားစားသည့္ႏႈန္းက အနည္းငယ္ ေႏွးေလရာ...
ဒါေပါ့... သူ ျမန္ျမန္ဆန္ဆန္စားလိုက္တာလဲ ျဖစ္နိုင္တာပဲေလ။
"မင္း စားလို႔ၿပီးသြားၿပီလား"
တင္းက်ိက ေမးလိုက္သည္။
"အင္း... ျဖည္းျဖည္းစား"
လင္ဝူယြီက ျပန္ေျဖသည္။
"မင္းက မဝါးဘဲ မ်ိဳခ်တာလား"
တင္းက်ိက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မင္းအစာအိမ္ မသက္မသာမျဖစ္ဘူးလား။ ငါ့အဘြားက ေျပာတယ္ က်န္းမာေရးနဲ႕ညီၫြတ္ေအာင္ အစားကို အႀကိမ္ ၃၀ ဝါးစားရတယ္တဲ့"
"ပါးစပ္ထဲ ဝါးစရာေရာ က်န္ခဲ့ေသးလို႔လား"
လင္ဝူယြီက ဆိုသည္။
"ငါဆို ၃ ႀကိမ္ဝါးၿပီးတာနဲ႕ ေလပဲ က်န္ေတာ့တယ္"
"မင္း..."
တင္းက်ိက မ်က္ေမွာင္ၾကဳတ္ထားဆဲ။
"ေပါက္ကရေတြ ေျပာမေနနဲ႕။ စားစရာရွိတာ စား"
လင္ဝူယြီက ေျပာလိုက္သည္။
သူ႕အိတ္ကပ္ထဲမွ ဖုန္းက ႏွစ္ႀကိမ္ တုန္ခါလာသည္။ ဖုန္းေခၚဆိုသူကို မၾကည့္ရေသးမီ တစ္ဖက္က ဖုန္းခ်သြားခဲ့ေလၿပီ။
သို႔ရာတြင္ ဖုန္းက ထပ္ဝင္လာခဲ့၏။
သူ႕အေမဖုန္းနံပါတ္ပင္။
လင္ဝူယြီက ထရပ္လိုက္ၿပီး အနားရွိ တံစက္ၿမိတ္နားသို႔ သြားမွီကာ ဖုန္းကိုင္လိုက္သည္။
၂ မီတာအကြာအေဝးခန႔္ကပင္ တင္းက်ိသည္ ဖုန္းထဲမွ အမ်ိဳးသမီးတစ္ဦး၏ ေဒါသတႀကီးေအာ္သံတို႔ကို ၾကားေနရသည္။
စက္ေသနက္တစ္လက္ကဲ့သို႔ပင္ ႐ုတ္တရက္ လင္ဝူယြီ၏ လက္ေမာင္းကို ထိသြားကာ ဖုန္းကိုပင္ နားအနား ကပ္ကိုင္မထားနိုင္လိုက္ေတာ့။ သူက လက္ကို တြဲလြဲခ်၍သာ ေရကန္ေသးေသးေလးကို ဗလာက်င္းေနေသာအၾကည့္တို႔ျဖင့္ စိုက္ၾကည့္ေနခဲ့သည္။
လင္ဝူယြီ၏အေမထံမွ ဖုန္းျဖစ္ေၾကာင္း ခန႔္မွန္းစရာပင္ မလိုပါေခ်။
အေစာပိုင္းက လင္ဝူယြီ၏ လုံးလုံးလ်ားလ်ား ဂ႐ုမစိုက္သည့္ပုံစံေၾကာင့္ သူ အံ့အားသင့္ခဲ့ရသည္။ အဆိုပါဖုန္းေကာသည္ လင္ဝူယြီ၏ အျပင္ပန္းပုံသ႑န္တစ္ခုလုံးကို အနည္းငယ္မွိုင္းအုံ႕ေပ်ာ့ယိုင္သြားေစ၏။
တင္းက်ိမွာ နားမလည္နိုင္ ျဖစ္ေနရသည္။ သူသည္ အၿမဲတေစ သူ႕မိဘတို႔ႏွင့္ တက်က္က်က္ျဖစ္ေနရသည့္တိုင္ သူတို႔၏ ေနာက္ဆုံးပန္းတိုင္မွာ စာေမးပြဲသာျဖစ္သည္။ သားျဖစ္သူ၏ နီးကပ္ေနေသာ တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို ေခါင္းထဲလုံးဝမရွိဘဲ တရားလြန္အက်ယ္ခ်ဲ့ေနေသာ လင္ဝူယြီ၏မိသားစုပုံစံမွာ သူ႕အတြက္ နားလည္နားစြမ္းေဘာင္ကို ေက်ာ္လြန္ေနသည္။
လိပ္တက္လာသည့္ တရားမွ်တမႈစိတ္ေၾကာင့္ တင္းက်ိသည္ တူကို ခ်လိဳက္ၿပီး လင္ဝူယြီ၏ေဘးသို႔ သြားကာ သူ႕လက္ထဲမွ ဖုန္းကို ဆြဲယူလိုက္သည္။
"ဟမ္?"
လင္ဝူယြီက အလန႔္တၾကားျဖစ္သြားၿပီး သူ႕ကို လွည့္ၾကည့္လာ၏။
တင္းက်ိက စခရင္ကို ေတာက္၍ ဖုန္းခ်လိဳက္သည္။
သို႔ေသာ္ ဖုန္းခ်လိဳက္သည့္ အခိုက္တြင္ပင္ ဖုန္းတစ္ဖက္မွ အမ်ိဳးသမီး၏ ေအာ္သံကို ၾကားလိုက္ရသည္။
"နင္ ငါတို႔အတြက္ တစ္ခါေလာက္ ထည့္ေတြးဖူးရဲ႕လား။ နင္ ေနမေကာင္းျဖစ္ရင္ ဘယ္လို လုပ္မလဲ! ထိခိုက္ဒဏ္ရာရရင္ ဘယ္လို လုပ္မလဲ!"
ယင္းက တင္းက်ိအား ႐ုတ္တရက္ ထိတ္ျပာသြားေစခဲ့၏။
"ငလူးတဲ့မ! ငါ... ဖုန္းမခ်လိဳက္သင့္တာလား"
"ေက်းဇူး"
လင္ဝူယြီက သူ႕လက္ေမာင္းကို ပုတ္လိုက္သည္။
"သြားရေအာင္"
တင္းက်ိက ေျပာလိုက္သည္။
"ငါ စားလို႔ၿပီးၿပီ"
လင္ဝူယြီသည္ သူ႕ပန္းကန္ထဲမွ ထက္ဝက္ခန႔္က်န္ေသးေသာ အစားအေသာက္တို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ မည္သို႔မွ မဆိုဘဲ ေငြရွင္းရန္ စားပြဲထိုးကို ေခၚလိုက္သည္။
"မင္းအေမက မင္းကို စိတ္ပူေနတာလား"
တင္းက်ိက အနည္းငယ္ အျပစ္မကင္းခံစားေနရသည္။
"ငါက သူ မင္းကို ဆူေနတယ္ ထင္လို႔ ဖုန္းခ်လိဳက္တာ..."
"ဆူေနတာ"
လင္ဝူယြီက ရယ္သည္။
"ငါ နားၾကားမွားတာ မဟုတ္ဘူးမလား"
တင္းက်ိမွာ ဇေဝဇဝါျဖစ္သြားခဲ့၏။
"သူ မင္းကို အဲေလာက္ႏူးႏူးညံ့ညံ့ေလး ဆူေနတာလား"
"ငါ့မိဘေတြက... ငါ တစ္ခုခုျဖစ္သြားမွာကို အရမ္းစိုးရိမ္ၾကတယ္။ ေနမေကာင္းျဖစ္မွာ၊ ထိခိုက္ဒဏ္ရာမွာ၊ ၿပီးေတာ့... ေပ်ာက္သြားမွာ"
လင္ဝူယြီက ေျပာလာသည္။
"ဒါေပမဲ့ အဲဒါက မင္းနားလည္ထားတဲ့ စိတ္ပူမႈမ်ိဳး လုံးဝမဟုတ္ဘူး"
စားေသာက္ဆိုင္ထဲမွ ထြက္လာေတာ့ တင္းက်ိက ေမးလိုက္သည္။
"မင္း ငါ့ကို ရွာခိုင္းတဲ့ လူက မင္းအစ္ကိုလား၊ အစ္မလား"
လင္ဝူယြီက တဒဂၤမွ် တန႔္သြား၏။
"ငါ့အစ္ကို"
"မင္းအစ္ကိုက ေပ်ာက္သြားတာလား"
တင္းက်ိက ထပ္ေမးလိုက္သည္။
"ဆိုပါေတာ့"
လင္ဝူယြီသည္ ခဏမွ် စဥ္းစားလိုက္သည္။
"အိမ္က ထြက္ေျပးသြားတာ"
"မင္းနဲ႕ ဆိုင္ေနလား"
တင္းက်ိမွာ ဆက္မေမးဘဲ မေနနိုင္ခဲ့။
"ဘယ္က ငါနဲ႕ ဆိုင္ရမွာလဲ"
လင္ဝူယြီက စကူတာေပၚ ထိုင္လိုက္ၿပီးေနာက္ ၿပဳံးသည္။
"သူ ထြက္မသြားခင္တုန္းက ငါက အိမ္မွာ ေလလိုပဲ"
*
___________________________