(Uni)
" ဟေး..! အုတ်ကားတွေ ရောက်ပြီတဲ့ကွ! လာသယ်ကြတော့ဟေ့.. "
" ဗျာ.. လာပြီဗျို့! လာပြီ "
" လာပါပြီ! လာပါပြီ! "
ထမင်းစားနားချိန်ခဏမှာ ဆောက်လုပ်ရေးအတွက် အုတ်ကားတွေတန်းစီ ရောက်ချလာတာကြောင့် ဆိုက်အတွင်းရှိ အလုပ်သမားများက စားလက်စထမင်းတွေကို အသော့နှင်စားလိုက်ပြီး အပြေးသွားသယ်ကြလေသည်။
အိမ်မှာခညောင်းဦး သင်္ချာဂိုက် စသင်ချိန်တည်းကစပြီး ယခင်ထက်ပိုတဲ့ဝင်ငွေတွေ ထပ်တိုး ရရှိလာဖို့အရေးအတွက် လူးလွန့်မောင် အလုပ်ရှာဖွေနေခဲ့တာပင်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်အတွက် နှစ်ယောက်ပေါင်းပြီး ကိုယ်တတ်နိုင်ရာဘက်မှာ ရုန်းကန်ရှာဖွေဖို့ကို တိုင်ပင်ထားခဲ့ကြသည်လေ။
ထိုအခါ မူဆယ်ဘက်မှာ ကုန်ကားမောင်းနှင်ပါက ငွေများများဝင်ကြောင်းကို သိရှိလာရသည်။ သို့သော် ကားမမောင်းတတ်သေးသည်က တစ်ကြောင်း..၊ ခရီးဝေးထွက်ရမည်က တစ်ကြောင်းဖြစ်လို့ ယင်းအလုပ်ကိုပယ်ကာ ဆောက်လုပ်ရေးဆိုက်ထဲတွင်သာ လူးလွန့်မောင်အလုပ်ဝင်ဖို့ အကြောင်းဖန်လာခဲ့တော့သည်။
" မင်းသားတို့ကတော့ လောဘတယ်ကြီးသကိုး။ နေကပူရတဲ့ကြားထဲ တော်သင့်ရုံလေးပဲ သယ်စမ်းပါကွာ "
" ကျွန်တော် နိုင်ပါတယ်ဗျ။ အလုပ်စောစောပြီးတော့ စောစောပြန်ရတယ်လေ ဦးလေးရိုးရ "
အုတ်တွေသယ်တဲ့ အခေါက်တိုင်းမှာ သူများတွေထက် အရေအတွက်များများ ပိုသယ်တတ်တဲ့ လူးလွန့်မောင်ကြောင့် ဆိုက်ထဲကဦးလေးတွေမှာ သဘောတကျကြီး ဖြစ်နေကြရသည်။ ထို့အပြင် အရပ်ရှည်ပြီး သန်မာလွန်းတဲ့ ခန္ဓာကိုယ်နဲ့အတူ ချောမောလွန်းတဲ့ မျက်နှာသွင်ပြင်ပိုင်ဆိုင်ထားသူ လူးလွန့်မောင်ကိုလည်း ဆိုက်ထဲရှိလူအားလုံးက ' မင်းသား ' ဟုသာ ခေါ်တွင်ခဲ့ပြန်သည်။
" ဟားဟား! ဒီကောင်ကွာ..။ လူကြည့်တော့ လူပျိုလေး.. စကားပြောလိုက်ရင် အိမ်ထောင်သည်ကြီးကျလို့ပဲ "
" ဟောဗျာ! ဦးလေးရိုးတို့ရော.. အိမ်အမြန်ပြန်ပြီး မိန်းမနဲ့ မတွေ့ချင်ဘူးလားဗျ "
" အဟေး! ဘယ်ပြောကောင်းမလဲ။ ငါတို့လည်း သိပ်သိပ်ပြန်ချင်တာပေါ့ကွ.. ဟားဟားဟား! "
" အဟွန်း! ကျွန်တော်ရောပဲလေ "
ထိုအခါ စကားတစ်ပြောပြောနဲ့ အသွားအပြန် ခြေချင်းလိမ်နေအောင် အုတ်သယ်ချကြရင်းက ဦးအရိုးခံတစ်ယောက် တစ်စုံတစ်ရာ မူမမှန်သည်မှန်းကို တွေးမိသွားလေသည်။
" ဟေး! မင်းသား.. "
" ပြောစေဗျာ "
" ငါတို့ကို ထောက်ခံနေရအောင်.. မင်းက မိန်းမရှိပြီမို့လားကွ "
" ကျွန်တော် မိန်းမ မယူဘူးဗျ "
လူးလွန့်မောင်က ခပ်မြန်မြန်ပြန်ဖြေလာတော့ ဦးအရိုးခံလည်း ခေါင်းတဆတ်ဆတ် ညိတ်လေသည်။
" အေးကွာ..။ အသက်ကလေးက ငယ်ငယ်.. အိမ်ထောင်တော့ စောမပြုချင်စမ်းပါနဲ့ မင်းသားရ "
" စိတ်ချစမ်းပါ ဦးလေးရိုးရ! ကျွန်တော်လည်း အခုမှ ပိုက်ဆံတွေစုတုန်းပါ "
" အမ်! ပြောတော့ မယူဘူးဆို.. "
ဦးအရိုးခံရဲ့ စကားအထောက်ကို လူးလွန့်မောင် အုတ်သယ်နေရင်းက သဘောတကျကြီးနဲ့ အော်ရယ်ပစ်လိုက်သည်။
" ဟားဟား! ကျွန်တော်ပြောတာက မိန်းမလေဗျာ "
" နို့.. နေပါဦး။ မင်းကမိန်းမ မယူလို့ ယောကျာ်းယူမို့လားကွ "
" သေချာတာပေါ့ "
" အမ်! "
တွေဝေခြင်းမရှိ လူးလွန့်မောင် ထောက်ခံလာခဲ့တော့ ဦးအရိုးခံရော တခြားသူတွေပါ လုပ်လက်စအလုပ်တွေ ကိုယ်စီ ရပ်တန့်သွားကြလေသည်။
" မင်း.. တကယ်ကြီး ယောကျာ်းယူမို့လားဟေ "
" ဟုတ်တယ်ဗျ "
" ဖွီးဟားဟား! ဒီကောင် တကယ်မင်းသားလုပ်ရမှာ..။ ကြည့်ဦးကွာ.. ရုပ်တည်ကြီးနဲ့.. "
" ဟောဗျာ! အမှန်ဗျ "
တဟားဟားရယ်မောရင်းက အလုပ်ကိုယ်စီ ဆက်လုပ်နေကြတာကြောင့် လူးလွန့်မောင်လည်း ဘာမှထပ်ပြီး မပြောမိတော့ပါချေ။ လူးလွန့်မောင်အနေနဲ့ သူအတည်ပြောတာ သူကိုယ်တိုင်ပဲသိမည်ထင်..။
ညနေပိုင်းရောက်တော့ အလုပ်နားပြီဖြစ်တာကြောင့် ဆိုက်ထဲရှိ အလုပ်သမားများက တန်းစီရေချိုးပြီး အိမ်ပြန်ဖို့ကို တာစူနေကြသည်။ တချို့ကတော့ အချင်းချင်းအဖော်ညှိပြီး ကမ်းနားလမ်းဘက်မှာ နည်းနည်းပါးပါး သွားကစ်ဖို့ကို တိုင်ပင်ကြလေသည်။
" ဟျောင့်! လူးမောင်.. ငါတို့နဲ့ အတူလိုက်ခဲ့မလား "
" တော်ပြီ "
" ကြည့်ကြည့်! တစ်ရက်တလေလောက်တော့ လိုက်ခဲ့စမ်းပါဦးကွာ။ ငါတို့အားလုံး လူပျိုလူလွတ်တွေချည်းပါ လူးမောင်ရ.. "
" ငါစိတ်မပါလို့ကွ။ မင်းတို့ပဲပျော်ခဲ့ကြ ဟုတ်လား.. ငါသွားပြီ ဟျောင့်တွေ! "
ထိုကဲ့သို့ပင် ဘယ်နှကြိမ် ဘယ်နှစ်ခါခေါ်ခေါ် အမြဲတစေ ငြင်းဆန်တတ်တဲ့ လူးလွန့်မောင်တစ်ယောက်ရယ်။ အိမ်ထောင်သည်တွေထက် ပိုပြီး အိမ်ထောင်သည်ဆန်နေတဲ့ လူးလွန့်မောင်ကို သက်တူရွယ်တူ လူပျိုတွေမှာလည်း လက်မြှောက်ကာ အရှုံးပေးထားကြရသည်။
Bus ကားစီးဖို့ရန် မှတ်တိုင်ဆီကို လျှောက်လာခဲ့စဉ်..၊ အနားတွင် ပွတ်ကာသီကာ ဖြတ်မောင်းပြီး ထိုးရပ်သွားတဲ့ ကားအမည်းတစ်စီးကြောင့် လူးလွန့်မောင် မျက်မှောင်ကြုတ်သွားလေသည်။ ထင်သည့်အတိုင်းပင် ပိတ်ထားတဲ့ ကားမှန်ပွင့်လာချိန်မှာ မြင်တွေ့လိုက်ရသည်က စပ်ဖြဲဖြဲမျက်နှာကြီးနဲ့ နှစ်ယောက်မရှိ မင်းသန့်ပိုင်ရယ်။
" ကိုကိုလူး! "
" ဘောလား "
" ဟင့်အင်း.. ဘောလို့ မပြောရဘူးလေကွာ။ ကိုကိုလူးရဲ့ ချစ်ချစ်လေးပါလားလို့.. ပြော "
" ဒါပဲရမယ် "
လူးလွန့်မောင်ရဲ့ လက်ခလယ်ကြီးကို မြင်တော့ မင်းသန့်ပိုင်လည်း မလျော့စတမ်းသာ ပြန်ထောင်ပြလာသည်။
" ကိုကိုလူးက အရိုင်းကောင်ကြီးဟ "
မင်းသန့်ပိုင် ပြောရင်းဆိုရင်းက ကားပေါ်မှဆင်းချလာပြီး နှုတ်ခမ်းနားတေ့ထားတဲ့ စီးကရက်ကိုမီးညှိကာ တစ်ရှ်ိုက်ဖွာလေသည်။ ထိုအခါ လူးလွန့်မောင်လည်း ဆက်သွားခြင်းမပြုတော့ဘဲ မင်းသန့်ပိုင်အနားမှာ ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။
" သောက်မလား "
" မင်းဘာသာပဲ ဝအောင်သောက် "
" ဟားဟား.. ဟမ်! ထမင်းချိုင့်ကြီးနဲ့ပါလား။ မင်း ဘယ်လာတာလဲ "
" အလုပ်သွားတာ "
" ဪ.. အခုက အိမ်ပြန်ဖို့မလား။ ငါပို့ပေးမယ်လေ "
" တော်ပါကွာ။ မင်းလမ်းကြောင်းရှာနေတာ ငါမသိတာကျလို့.. "
လူးလွန့်မောင်အပြောကြောင့် မင်းသန့်ပိုင် သဘောတကျနဲ့ ခေါင်းတညိတ်ညိတ်လုပ်ကာ လက်ထဲကစီးကရက်ကို နှစ်ရှိုက်လောက်ဖွာပြီးတာနဲ့ မြေပေါ်ပစ်ချပြီး နင်းချေလိုက်လေသည်။
" ငါ စီးကရက်ဖြတ်တော့မယ် "
" စိတ်မဝင်စားဘူး ဟျောင့်! "
" ဟဲဟဲ! လျှာရှည်ချင်လို့ပါကွာ။ တက်တော့.. ကြုံတုန်းလေး လိုက်ပို့ပေးမယ်နော် ကိုကိုလူး "
ထိုအခါ ဆက်ပြီးတော့လည်း ငြင်းမရမှန်းသိတာကြောင့် လူးလွန့်မောင်တစ်ယောက် ဝင်ထိုင်လိုက်ရပါသည်။ ကားပေါ်ရောက်တော့ အခွက်ပြောင်လို့မဝသေးတဲ့ မင်းသန့်ပိုင်က လူးလွန့်မောင်ကိုပြုံးစစနဲ့ ကြည့်နေပြန်သည်။
" ခါးပတ် ပတ်ပေးရဦးမလား ကိုကိုလူးရေ "
" လက်အချိုးခံချင်ရင် လုပ်ကြည့်လိုက်လေ "
" ဟားဟား! မင်းကွာ။ ပြူးလေးရှေ့ကျတော့ တစ်မျိုးလေးနော် အဟက်ဟက်! ငါ့ကောင်ကြီးက ပိစိလေးနဲ့တွေ့မှပဲ အရည်ပျော်သွားရတယ်လို့.. "
ကားမောင်းနေရင်းက လှမ်းဖဲ့နေတဲ့ မင်းသန့်ပိုင်ကို လူးလွန့်မောင် ဖက်မပြောတော့ဘဲ ထိုင်ခုံကိုခေါင်းမှီလို့ ခဏတဖြုတ်လေး မှေးအိပ်နေလိုက်သည်။ ယခုတလောတွင် မနက်အစောကြီးထပြီး တစ်နေကုန် အလုပ်ကြမ်းလုပ်နေရသည်ကြောင့် ခညောင်းဦးကိုပင် အဖော်မပြုနိုင်သည်အထိ လူကပင်ပန်းနေခဲ့သည်လေ။
" ဆိုက်ကား မနင်းတော့ဘူးလား.. ဟျောင့်! "
" အင်း..။ ဦးလေးထင်ကျော်ကိုပဲ လောလောဆယ် အပ်ထားလိုက်တယ် "
" ဪ.. အုံနာကြေးပြန်ရလား "
" အင်း "
" အာ့ဆို.. အခုမင်းဘယ်မှာ အလုပ်ဝင်နေတာလဲ "
" ဆောက်လုပ်ရေးထဲမှာ "
" ဘယ်ဆိုက်လဲ "
" မင်းက ဘာလုပ်မို့.. "
လူးလွန့်မောင် လှမ်းကြည့်လာတော့ မင်းသန့်ပိုင်က မျက်စပစ်ပြလာသည်။
" ငါ့ဖားသားကြီးအလုပ်ထဲမှာ မင်းကို အလုပ်သွင်းပေးမယ်လေ "
" တော်တော်! အလုပ်များနေတဲ့သူကို အရှုပ်တွေ မပေးစမ်းပါနဲ့ကွာ "
" ဟမ့်! ဘယ်မှာ အလုပ်များနေလို့..။ လင်မယားနှစ်ယောက်က သွားလိုက်တဲ့ အပျော်ခရီးတွေဆိုတာ.. မနည်းမနောပဲ။ ငါ့တောင် မခေါ်ကြဘူး.. စိတ်ဓာတ်တွေ "
" မင်းလည်း ဘားတွေကလပ်တွေ သွားနေတာနဲ့တင် အချိန်မလောက်ဘူးလေ.. ဟုတ်တယ်မလား "
လူးလွန့်မောင် စကားပြန်ထောက်လာတော့ မင်းသန့်ပိုင်ခမျာ မျက်နှာကြီးရှုံ့ပြီး လှည့်ကြည့်လာသည်။
" ငါ့ဘေဘီလေးကို မဟုတ်ကဟုတ်ကတွေ ပြောပြီး ဂျင်းသွားမထည့်နဲ့နော်။ ငါလိမ္မာတာ ငါပဲသိတယ်.. ဟျောင့်! "
" ဂျင်းတွေဘာတွေ စိတ်မဝင်စားအားဘူး။ မင်းတို့အဆင်ပြေရင်လည်း အေးဆေးနေကြတော့.. ဟုတ်လား..။ ပြီးကာမှပဲ ငါတို့ကို လာလာမနွယ်ကြနဲ့ "
" အေးပါကွာ။ အဟေး! မင်းမသိလို့.. ငါ့ဘေဘီလေးကလေ လုံးကစ်နေတဲ့ မက်မွန်သီးလေးကွ။ ပြောရင်းဆိုရင်း ကိုက်တောင်စားချင်လာပြီ.. အဟွန်းဟွန်း! "
" ..... "
အံကြိတ်ပြောနေတဲ့ မင်းသန့်ပိုင်ကြောင့် လူးလွန့်မောင် စိတ်လေစွာဖြင့်သာ မျက်လုံးများကို ပြန်လည် မှေးမှိတ်ထားလိုက်မိသည်။
အဟွန်း! မောင့်ချစ်ဦးကို လင်းခန့်ကျော်က မီဦးမယ်တဲ့လား..။ ဆုသာ ထိုင်တောင်းနေလိုက်ပါကွာ.. ဟုတ်လား။
________
ST ဆောက်လုပ်ရေးကုမ္ပဏီရဲ့ MD ဖြစ်တဲ့ ဦးရှင်းသန့်မှာ ဆောက်လုပ်ရေးတာဝန်ခံ ငွေလိမ်ပြေးသွားသည့် သတင်းကြောင့် ရုံးခန်းထဲတွင် ခေါင်းမီးတောက်နေရသည်။
" ဆရာရှင့်..။ အစ်ကိုလေးမင်းသန့်ပိုင် ရောက်နေပါတယ် "
" ငါမအားဘူးလို့ ပြော.. "
ဝုန်း!
ဦးရှင်းသန့်ခမျာ အတွင်းရေးမှူးကို ဖုန်းပြန်ဖြေနေတုန်းရှိသေး..။ ဝုန်းခနဲပွင့်လာတဲ့ ရုံးခန်းတံခါးနဲ့အတူ ဘယ်ခွေးမှလူမထင်တဲ့ ပုံစံဖြင့် မင်းသန့်ပိုင် ဝင်ချလာလေသည်။
" ရို့! ဖားသားကြီး "
" မင်းအဖေကို ဖားသားကြီးလား "
" ဪ.. ဖားသားကြီးမဟုတ်လို့ မားသားကြီးလား "
ဖားသားကြီးလို့ခေါ်တာနဲ့ ပတ်သက်ပြီး စကားအချေအတင် ဖြစ်ရလွန်းလို့ ဦးရှင်းသန့် အငြင်းမပွါးတော့ဘဲနဲ့ လာရင်းကိစ္စကိုသာ ပြောစေတော့သည်။
" မျက်နှာကြီးက ဘာဖြစ်နေတာတုံး "
" ငါပြောလည်း မင်းနားလည်မှာမို့လား "
" ဒေါသကိုထိန်းစမ်းပါ ဖားသားကြီးရ။ ဘာတဲ့.. ဆိုက်တာဝန်ခံက ငွေလိမ်သွားတယ်ဆို.. "
" အဲ့တော့.. "
" ကျွန်တော့်သူငယ်ချင်း လူးလွန့်မောင်ကို သိတယ်မလား "
" အင်း.. ခပ်ရေးရေးပဲ "
မင်းသန့်ပိုင်က ဆိုဖာပေါ်ဝင်ထိုင်ပြီး သူပြောနေလက်စ စကားဦးတည်ချက်ဆီသို့ ဦးရှင်းသန့်ကို ဆက်ဆွဲခေါ်လာသည်။
" ကိုကိုလူးကို ဖားသားကြီးရဲ့ဆိုက်ထဲမှာ အလုပ်သွင်းပေးချင်လို့.. "
ထိုအခါ မင်းသန့်ပိုင်ကို ဦးရှင်းသန့် လက်နှစ်ဖက်ယှက်လို့သာ ခပ်စိမ်းစိမ်းလေး စိုက်ကြည့်နေလိုက်သည်။
" နေပါဦး.. ကိုကိုလူးဟုတ်လား "
" သူက ကျွန်တော့်သူငယ်ချင်းလေ.. ခေါ်ချင်သလို ခေါ်မှာပေါ့ဗျ။ ဖားသားကြီးရဲ့ သူငယ်ချင်းမှ မဟုတ်တာ.. "
" တယ်! နားရင်းအုပ်လိုက်ရ "
ဦးရှင်းသန့်ဘာပြောပြော လုံးဝဂရုမစိုက်ဘဲနဲ့ စားပွဲပေါ်တွင်ချထားတဲ့ ပန်းသီးနီရဲရဲကို မင်းသန့်ပိုင် တစ်လုံးယူပြီး ကိုက်စားနေပြန်သည်။
" အဲ့ဒါ.. အလုပ်သွင်းပေးဦးနော်။ လုပ်ငန်းခွင်တာဝန်ခံဖြစ်ဖြစ်.. မြင့်လေ ကောင်းလေပဲ။ ကိုကိုလူးက တအားစိတ်ချရတာဗျ။ ဘာပဲဖြစ်ဖြစ်.. လူတော်တွေကို သူဌေးတွေကပဲ မြေတောင်မြှောက်ပင့်ရမှာလေ "
" မင်းကသူဌေးလား ငါကသူဌေးလား "
" ဖားသားကြီးပိုက်ဆံက ကျွန်တော့်ပိုက်ဆံပဲလေ။ ဘာတွေလာတွက်.. သူဌေးဖြစ်လည်း အတူတူပေါ့ "
" အပြောကလွယ်တယ်.. အလုပ်သွင်းရတာလည်း မခက်ဘူးကွ။ အေး! တစ်ခုပဲ.. "
ဦးရှင်းသန့်ကို စကားမဆက်စေဘဲ မင်းသန့်ပိုင်က ဆက်ပြောလေသည်။
" ယုံကြည်မှုမလား..။ ဒီမှာ.. ကျွန်တော်ပြောတာ အရင်နားထောင်ကြည့် "
" ..... "
မင်းသန့်ပိုင်က နေရာမှထလာပြီး ဦးရှင်းသန့်စားပွဲပေါ် ဝင်ထိုင်သည်။
" ဟိတ်ကောင်! မင်းဖင်ကို ငါ့စားပွဲပေါ်ကနေ ရွေ့စမ်း "
" ကျွန်တော့်ကို ဒီဆောက်လုပ်ရေးပိုင်းတွေ ဦးစီးခိုင်းတဲ့အခါကျရင်.. အုတ်သယ် ကျောက်သယ်တွေကနေ ဖားသားကြီးက အရင်စလုပ်ခိုင်းမှာလား "
" ဘယ်ကသာ လုပ်ခိုင်းမှာလဲ။ ငါ့လက်ထောက်အဖြစ်နဲ့ အရင် ဝင်လုပ်ခိုင်းမှာပေါ့ကွ "
" အင်း..။ ကျွန်တော်အခုတက်နေတာ သွားဆေးနော် "
" အင်ဂျင်နီယာလုပ်ဖို့ ငါ မင်းကိုပြောခဲ့တာပဲလေ "
" That's the point! "
မင်းသန့်ပိုင်က လက်ဖျောက်တစ်ချက်တီးလျက် ဦးရှင်းသန့်ကို ပြုံးပြလာသည်။
" လုပ်ငန်းနဲ့ပတ်သက်လို့ ဘာမှမသိသေးတဲ့ကျွန်တော်က ဖားသားကြီးရဲ့ သားဖြစ်နေတာနဲ့ပဲ ရာထူးမြင့်မြင့်ကနေဝင်ပြီး အတွေ့အကြုံယူရမယ်လေ။ ကိုကိုလူးလည်း ကျွန်တော့်လိုပဲ.. ဒီအပိုင်းနဲ့ပတ်သက်ရင် ဘာအတွေ့အကြုံမှ သိပ်မရှိထားဘူး။ ဒါမဲ့.. ကျွန်တော်ပြောရဲတယ် သိလား.. "
" အဲ့ ကိုကိုလူးဆိုတာကို မခေါ်စမ်းပါနဲ့ကွာ "
" အဟက်! ကိုကိုလူးက ကျွန်တော့်ထက်စာရင် သင်လွယ်တတ်လွယ်ပြီး ဖားသားကြီးရဲ့လုပ်ငန်းကို တစ်ဖက်
တစ်လမ်းကနေ ဦးစီးဦးဆောင်ပေးနိုင်မှာ သေချာပေါက်ပဲ "
" ဪ "
" Business management လည်း တက်ထားသေးတယ်ဗျ။ အရေးကြီးတာက ကျွန်တော့်ထက်ပိုပြီး ယုံကြည်စိတ်ချရတယ် "
" မင်းကိုကိုလူးက အဲ့လောက် တော်တယ်ပေါ့ "
" တော်ဆို.. ကျွန်တော့် သူငယ်ချင်းလေဗျာ။ လျော့မတွက်နဲ့ဗျ.. အမြဲတမ်း တစ်ကွက်ကျော်ပြီး မြင်တတ်တဲ့သူနော်။ ဖားသားကြီး နောင်တမရချင်ရင် လူရွေးမမှားစေနဲ့တော့..။ ကျွန်တော်အလုပ်ဝင်ရင် ကိုကိုလူးနဲ့ပဲ အလုပ်တွဲလုပ်မှာ "
ထိုအခါ သားဖြစ်သူ မင်းသန့်ပိုင်ကိုယ်တိုင်က အစွမ်းကုန် အာမခံနေပြီဖြစ်တာကြောင့် လူးလွန့်မောင်ကို အခွင့်အရေး တစ်ခါလောက်ပေးဖို့ကို ဦးရှင်းသန့် ခေါင်းထဲထည့်ထားလိုက်သည်။
" ကောင်းပြီလေ.. မင်းသူငယ်ချင်း ဖုန်းနံပါတ်ကို အဖေ့ဆီပေးထားလိုက်..။ အဖေတို့ရဲ့ ဆိုက်တစ်ခုထဲမှာ ဆောက်လုပ်ရေးတာဝန်ခံက လိမ်ပြေးသွားလို့လေ။ အဲ့နေရာမှာ ခဏလစ်လပ်နေတာနဲ့ အတော်ပဲ "
" အမ်! အဲ့တာဝန်ခံနေရာမှာ လူအသစ်ပြန်ခန့်ရင်ရော..။ ဖားသားကြီးက ကျွန်တော့်ရဲ့ကိုကိုလူးကို ဘယ်နားသွားထားမှာလဲ "
" လျှာရှည်လိုက်တာ..။ ငါသဘောကျသလို နေရာစီစဉ်ပေးလိုက်မယ်.. ဟုတ်လား..။ ဖုန်းနံပါတ်သာ ပေးခဲ့စမ်းပါကွာ "
ဦးရှင်းသန့်တောင်းနေတဲ့ လူးလွန့်မောင်ဖုန်းနံပါတ်ကို မင်းသန့်ပိုင် ဖုန်းထုတ်ရှာပြီးကာမှပဲ သတိရသွားလေသည်။
" ကိုကိုလူးကို အလုပ်သွင်းပေးမှာ သေချာတယ်နော် "
" ငါ့ရုပ်က လိမ်နေတဲ့ပုံပေါက်လား "
" အဟဲ! ဒါဆို ကိုကိုလူးကို ဖုန်းတစ်လုံးလောက်တော့ အရင်ဝယ်ပေးလိုက်တော့.. "
" အမ်! "
" အဲ့ဒါသာ ကြည့်တော့..။ ကျွန်တော့်သူငယ်ချင်းက အခုထိ ဖုန်းဝယ်ပြီးမကိုင်ဘူး ဖားသားကြီးရ "
" ဒီခေတ်ကြီးထဲမှာလေ "
" စိတ်ချ အားကိုးချင်စရာကြီးမလား..။ ကိုကိုလူးကို ဖားသားကြီး အထင်ကြီးသွားပြီဟ! ကျွန်တော်ဖုန်းဝယ်ပေးပြီးသွားရင် နံပါတ်ကို message ပို့ထားလိုက်မယ်နော်.. သွားပြီ! "
ပြောချင်ရာပြောပြီး ရုံးခန်းထဲကနေ ပန်းသီးကိုက်လို့ ထွက်သွားပြီဖြစ်တဲ့ မင်းသန့်ပိုင်ကို ဦးရှင်းသန့် အဘယ်စကားမျှ မပြောလိုက်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သားဖြစ်သူရဲ့ အစွမ်းကုန်ထောက်ခံချက်ကြောင့် လူးလွန့်မောင်ရဲ့အရည်အချင်းကို ဦးရှင်းသန့်တစ်ယောက် အကဲစမ်းချင်သွားရသည်။
အတွေးပင် မဆုံးသေးခင်..။ ဖုန်းမြည်လာသံကြောင့် ခေါ်ဆိုသူကို ကြည့်မိရာ..။
" ဖားသားကြီး! "
" မင်း မပြီးသေးဘူးလား "
" ကိုကိုလူးကို လစာဘယ်လောက် စပေးမှာလဲ "
" အင်း.. "
" ဟုတ်ပြီဟုတ်ပြီ.. ၁၀သိန်းအရင် ပေးထားလိုက်မယ်နော်။ ပြီးမှပဲ ဖားသားကြီးဘာသာ ထပ်တိုးပေးပေါ့ "
" ဟျောင့်! ငါ ဘာမှမပြောရသေးဘူးလေ "
တူ! တူ!
မင်းသန့်ပိုင်ဘက်က ဖုန်းချသွားတာကြောင့် မည်းတူးသွားတဲ့ ဖုန်းမျက်နှာပြင်ကို ထိုင်ကြည့်ပြီး ဦးရှင်းသန့် သွေးအန်ချင်သွားလေသည်။ တစ်မိပေါက် တစ်ယောက်ထွန်းဆိုတာ မင်းသန့်ပိုင်လိုလူမျိုးပဲ ဖြစ်ရပေမည်။
________
" မောင့်ချစ်ဦးလေးရေ "
" ဟင် "
ညစာစားနေရင်း မင်းသန့်ပိုင် လှမ်းခေါ်တာကြောင့် နာရီပိုင်းလောက်ပျောက်သွားတဲ့ လူးလွန့်မောင်က အခန်းထဲတွင် ဇက်ကြောတက်လို့ ဆေးလိမ်းနေတဲ့ ခညောင်းဦးအနားကို ဝမ်းသာအားရဖြင့် ပြန်ရောက်ချလာသည်။ ထို့နောက် နားနားကပ်ကာ ခပ်တိုးတိုးပြောလေသည်။
ယခုတစ်ခေါက်တွင်တော့ ခညောင်းဦးရဲ့ဘယ်ဘယ်နားကို အရွေးမမှားတော့သည့် လူးလွန့်မောင်ရယ်။
" မောင်ကြီး ဖုန်းဝယ်လာခဲ့ပြီဗျ "
" တကယ်ကြီး "
" ဒီမှာလေ "
လက်ထဲထည့်ပေးလာတဲ့ အသစ်စက်စက်ဖုန်းလေးကို ခညောင်းဦးကြည့်ပြီး မထိရက်စွာဖြစ်နေမိသည်။ ထို့အပြင် ပေါင်ပေါ်ရောက်လာသည်က လူးလွန့်မောင် လစာကြိုရလာတဲ့ ပိုက်ဆံထုပ်လေးရယ်။
" ဒီငွေတွေကရော.. "
" အဟွန်း! မောင်ကြီး အလုပ်ကောင်းကောင်း ရသွားပြီ.. ချစ်ဦးရ။ ဆောက်လုပ်ရေးတစ်ခုရဲ့ တာဝန်ခံတဲ့.. "
" တကယ်! ဟီး.. ပျော်လိုက်တာ "
" မောင်ကြီး တော်တယ်မလား.. "
" တအားတော်တဲ့ ချစ်မောင်ကြီး "
" ဒီလောက်တော်တဲ့ မောင်ကြီးကို အာဘွားလေးရော မပေးချင်ဘူးလားဗျာ "
ထိုအခါ မျက်နှာလေးတိုးကပ်လို့ ဆုလိုချင်နေတဲ့ ကလေးကြီးရဲ့နဖူးကို ခညောင်းဦးဖိကပ် နမ်းပေးလိုက်သည်။
" ဟာဗျာ! နဖူးပဲလား "
" ပြီးမှလေ..။ ဒါနဲ့ကြီးမေကိုရော ပြောလိုက်ပြီလား "
" ဪ.. ဟုတ်သား "
အလုပ်ရကြောင်းကို မိခင်ဖြစ်သူအား မပြောရသေးတာကြောင့် လူးလွန့်မောင် အလျင်ထထွက်ဖို့ပြင်သည်။ ထိုအခါ ပိုက်ဆံထုပ်ကို လူးလွန့်မောင်လက်ထဲ ပြန်ထည့်ပေးပြီးတာနဲ့ ခညောင်းဦး လှမ်းမှာလေသည်။
" ချစ်မောင်.. ကြီးမေကိုကန်တော့ဖို့ မမေ့နဲ့ဦးနော် "
" စိတ်ချပါ မောင့်ချစ်ဦးရ "
ပါးလေးနှစ်ဖက်ကို အသာဖျစ်ညှစ်ပြီး အခန်းပြင်ထွက်သွားတဲ့ လူးလွန့်မောင်ကို ခညောင်းဦးပြုံးကာ ကြည့်နေမိသည်။
ခညောင်းဦးကိုယ်တိုင်လည်း မနက်ပိုင်းနဲ့နေ့လယ်ပိုင်း နှစ်ချိန်ခွဲသင်နေတာကြောင့် တစ်ချိန်စာလူဦးရေကို အယောက်နှစ်ဆယ်လောက်အထိ ထပ်တိုးပြီး လက်ခံလိုက်သည်။ ထို့ကြောင့် ရလာတဲ့ဝင်ငွေမှာ သိပ်မများသေးသော်လည်း မနည်းခဲ့ပါလေ။
လူးလွန့်မောင် အခန်းထဲ ပြန်မဝင်လာခင်လေးမှာပင် အိပ်ရာကြိုခင်းထားဖို့ကို ခညောင်းဦး အလျင်လုပ်နေမိသည်။ ထိုအချိန် အနောက်ကနေ ပွေ့ဖက်လာသူကြီးကြောင့် ခညောင်းဦး ပြုံးမိသွားရသည်။
" အမေနဲ့ဘွားမေကို ကန်တော့လိုက်ပြီ ချစ်ဦး "
" အာ့ဆို ဒီမှာလာထိုင်တော့ "
" ဟင်.. ဘာလုပ်မလို့ "
" ဘာလုပ်မယ်ထင်လဲ "
အမေးကိုအမေးဖြင့် ပြုံးတုံ့တုံ့လေး ပြန်ဖြေလာလေတော့ လူးလွန့်မောင်ခမျာလည်း မရိုးမရွသာ ဖြစ်သွားရတော့သည်။ အကြောင်းမှာ ခညောင်းဦးက လူးလွန့်မောင်ရဲ့ အင်္ကျီကိုမရမက ဆွဲချွတ်နေသည်ကြောင့်ပင်။
" ချစ်ဦး.. "
" ငြိမ်ငြိမ်နေ "
" အင်း "
သို့သော် အထင်နဲ့အမြင်လွဲမှားစွာဖြင့် ခညောင်းဦးက ဆေးဘူးကြီးဖွင့်ပြီး ပခုံးနဲ့လက်မောင်းပေါ် လိမ်းကာ နှိပ်နယ်ပေးနေတာကြောင့် လူးလွန့်မောင် ဆွံ့အသွားလေသည်။
" ဘာလို့မပြောလဲ "
" ဘာ.. ဘာကို "
" ဒဏ်ရာတွေ ဖြစ်နေတာကိုလေ "
လူးလွန့်မောင် အဝတ်လဲနေတုန်းက အမှတ်မထင်တွေ့လိုက်သည့် ပခုံးနဲ့လက်မောင်းပေါ်ရှိ အညိုအမည်း ဒဏ်ရာများကြောင့် ခညောင်းဦးခမျာ မျက်ရည်ပင် ဝဲတက်သွားခဲ့ရသည်။ ထိုအချက်ကို အသိမခံလိုသည်ကြောင့် လူးလွန့်မောင်က ဆိုက်ထဲမှာတင် ရေအပြီးချိုးပြီးမှ အိမ်ပြန်လာခြင်းဖြစ်သည်။
" အေးအတူပူအမျှဆို..။ ဘာလို့အမြဲ တစ်ယောက်တည်း ကြိတ်ခံနေတာလဲ "
" အင်းပါ။ မောင်ကြီး မှားပါတယ် "
" မှားပါတယ် မဟုတ်ဘူး..။ ယောကျာ်းလေးလည်း နာတတ်တာပဲလေ။ နာရင်နာတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပေါ့ "
အသားကုန် အဆူခံနေရပါသော လူးလွန့်မောင်က ပြုံးပြုံးကြီးဖြင့်သာ နားထောင်နေလေသည်။
" ဟုတ်ပါပြီဗျ "
" နောက်အခါ ဘာဖြစ်နေတယ်မပြောရင်.. အခန်းပြင် ထွက်အိပ်ခိုင်းမှာနော် "
" ရက်စက်ပြီကွာ။ မောင့်ချစ်ဦးမကြိုက်တာ ဘယ်တော့မှမလုပ်ဘူး.. ဟုတ်ပြီလား "
" ဟွန့်! ပြီးရော.. "
ခညောင်းဦးက လူလေးသေးသလောက် အရိုးအားကတော့ တကယ်သန်သည်။ နှိပ်နယ်နေတာမှ လူးလွန့်မောင် အကြောကိုပြေရောပါပဲ။
ကန်တော့ပြီးနောက် အပိုကျန်ခဲ့တဲ့ ငွေအားလုံးကိုလည်း ခညောင်းဦးရဲ့လက်တွင်းသာ လူးလွန့်မောင်က အပြည့်အဝ အပ်ခဲ့လေသည်။ ထို့နောက်တွင် တစ်ယောက်ကိုတစ်ယောက် ဖက်လျက်ဖြင့် အိပ်စက်ဖို့ပြင်ပြီးကာမှ လူးလွန့်မောင်က အကြံထပေါ်လာသည်။
" ချစ်ဦး "
" အင်း "
" ဓာတ်ပုံရိုက်ကြမလား "
" ဟင် "
ဖုန်း အသစ်စက်စက်ကြီးကို လူးလွန့်မောင် လှမ်းယူလိုက်ပြီး camera ဖွင့်လိုက်သည်။
" မှောင်နေတယ် ချစ်ဦး.. ခဏ "
မီးပိတ်ထားတဲ့ အခန်းငယ်ကို မီးပြန်ဖွင့်လိုက်တာကြောင့် ခညောင်းဦး မျက်လုံးလေးကိုချက်ချင်း ပြန်မှိတ်လိုက်မိသည်။ ထိုအခါ လူးလွန့်မောင်က အနားကိုပြန်ရောက်လာပြီး ဖိမှိတ်ထားတဲ့ ခညောင်းဦး မျက်ခွံလေးကို အသာအယာ ဖိကပ်နမ်းလိုက်သည်။
" မီးရောင်စူးသွားလား "
" နည်းနည်း.. ရတယ် "
" ဒါဆို စရိုက်တော့မယ်နော် "
တကယ်တမ်းကျတော့ ဓာတ်ပုံရိုက်တယ်ဆိုတာက ခညောင်းဦးအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ရပ်ပင်။
" ချစ်ဦး.. ကင်မရာကိုကြည့်ပြီး ပြုံး "
" အင်း "
ထိုအခါ ထွက်လာတဲ့ပုံကို ကြည့်ပြီး လူးလွန့်မောင် စနောက်ချင်လာတာကြောင့်..။
" ချစ်ဦးက အပြင်မှာရယ်ရင် ချစ်ဖို့ကောင်းသလောက် ဓာတ်ပုံရိုက်ရင်ကျ ဘယ်လိုဖြစ်ပြီး.. "
" ဘာဖြစ်နေလို့.. "
ချက်ချင်း နှုတ်ခမ်းစူလာသူလေးကို ကြည့်ပြီး လူးလွန့်မောင် မချိသွားဖြဲဖြင့်သာ ဆက်ပြောလေသည်။
" မောင်ကြီးကိုပဲကြည့်ပြီး ရယ်တော့နော် "
" ဟွန်! သူကျကင်မရာကြည့်ပြီး ရယ်မှာတဲ့..။ သူများကိုကျ ပြန်မကြည့်ဘူးတဲ့လား "
" ဟုတ်ပါပြီ မောင့်ချစ်ဦးလေးရ။ မောင်ကြီး မှားပါတယ်ဗျ "
" မှားပါတယ် မဟုတ်ဘူး.. မှားကို မှားနေတာပါနော် "
အမှန်ဆိုရင်တော့ ဓာတ်ပုံရိုက်ဖို့စပြောတည်းက လူးလွန့်မောင် မှားနေခဲ့တာဖြစ်သည်။
(ZawG)
" ေဟး..! အုတ္ကားေတြ ေရာက္ၿပီတဲ့ကြ! လာသယ္ၾကေတာ့ေဟ့.. "
" ဗ်ာ.. လာၿပီဗ်ိဳ႕! လာၿပီ "
" လာပါၿပီ! လာပါၿပီ! "
ထမင္းစားနားခ်ိန္ခဏမွာ ေဆာက္လုပ္ေရးအတြက္ အုတ္ကားေတြတန္းစီ ေရာက္ခ်လာတာေၾကာင့္ ဆိုက္အတြင္းရွိ အလုပ္သမားမ်ားက စားလက္စထမင္းေတြကို အေသာ့ႏွင္စားလိုက္ၿပီး အေျပးသြားသယ္ၾကေလသည္။
အိမ္မွာခေညာင္းဦး သခၤ်ာဂိုက္ စသင္ခ်ိန္တည္းကစၿပီး ယခင္ထက္ပိုတဲ့ဝင္ေငြေတြ ထပ္တိုး ရရွိလာဖို႔အေရးအတြက္ လူးလြန႔္ေမာင္ အလုပ္ရွာေဖြေနခဲ့တာပင္။ အဘယ္ေၾကာင့္ဆိုေသာ္ အနာဂတ္အတြက္ ႏွစ္ေယာက္ေပါင္းၿပီး ကိုယ္တတ္နိုင္ရာဘက္မွာ ႐ုန္းကန္ရွာေဖြဖို႔ကို တိုင္ပင္ထားခဲ့ၾကသည္ေလ။
ထိုအခါ မူဆယ္ဘက္မွာ ကုန္ကားေမာင္းႏွင္ပါက ေငြမ်ားမ်ားဝင္ေၾကာင္းကို သိရွိလာရသည္။ သို႔ေသာ္ ကားမေမာင္းတတ္ေသးသည္က တစ္ေၾကာင္း..၊ ခရီးေဝးထြက္ရမည္က တစ္ေၾကာင္းျဖစ္လို႔ ယင္းအလုပ္ကိုပယ္ကာ ေဆာက္လုပ္ေရးဆိုက္ထဲတြင္သာ လူးလြန႔္ေမာင္အလုပ္ဝင္ဖို႔ အေၾကာင္းဖန္လာခဲ့ေတာ့သည္။
" မင္းသားတို႔ကေတာ့ ေလာဘတယ္ႀကီးသကိုး။ ေနကပူရတဲ့ၾကားထဲ ေတာ္သင့္႐ုံေလးပဲ သယ္စမ္းပါကြာ "
" ကြၽန္ေတာ္ နိုင္ပါတယ္ဗ်။ အလုပ္ေစာေစာၿပီးေတာ့ ေစာေစာျပန္ရတယ္ေလ ဦးေလးရိုးရ "
အုတ္ေတြသယ္တဲ့ အေခါက္တိုင္းမွာ သူမ်ားေတြထက္ အေရအတြက္မ်ားမ်ား ပိုသယ္တတ္တဲ့ လူးလြန႔္ေမာင္ေၾကာင့္ ဆိုက္ထဲကဦးေလးေတြမွာ သေဘာတက်ႀကီး ျဖစ္ေနၾကရသည္။ ထို႔အျပင္ အရပ္ရွည္ၿပီး သန္မာလြန္းတဲ့ ခႏၶာကိုယ္နဲ႕အတူ ေခ်ာေမာလြန္းတဲ့ မ်က္ႏွာသြင္ျပင္ပိုင္ဆိုင္ထားသူ လူးလြန႔္ေမာင္ကိုလည္း ဆိုက္ထဲရွိလူအားလုံးက ' မင္းသား ' ဟုသာ ေခၚတြင္ခဲ့ျပန္သည္။
" ဟားဟား! ဒီေကာင္ကြာ..။ လူၾကည့္ေတာ့ လူပ်ိဳေလး.. စကားေျပာလိုက္ရင္ အိမ္ေထာင္သည္ႀကီးက်လိဳ႕ပဲ "
" ေဟာဗ်ာ! ဦးေလးရိုးတို႔ေရာ.. အိမ္အျမန္ျပန္ၿပီး မိန္းမနဲ႕ မေတြ႕ခ်င္ဘူးလားဗ် "
" အေဟး! ဘယ္ေျပာေကာင္းမလဲ။ ငါတို႔လည္း သိပ္သိပ္ျပန္ခ်င္တာေပါ့ကြ.. ဟားဟားဟား! "
" အဟြန္း! ကြၽန္ေတာ္ေရာပဲေလ "
ထိုအခါ စကားတစ္ေျပာေျပာနဲ႕ အသြားအျပန္ ေျခခ်င္းလိမ္ေနေအာင္ အုတ္သယ္ခ်ၾကရင္းက ဦးအရိုးခံတစ္ေယာက္ တစ္စုံတစ္ရာ မူမမွန္သည္မွန္းကို ေတြးမိသြားေလသည္။
" ေဟး! မင္းသား.. "
" ေျပာေစဗ်ာ "
" ငါတို႔ကို ေထာက္ခံေနရေအာင္.. မင္းက မိန္းမရွိၿပီမို႔လားကြ "
" ကြၽန္ေတာ္ မိန္းမ မယူဘူးဗ် "
လူးလြန႔္ေမာင္က ခပ္ျမန္ျမန္ျပန္ေျဖလာေတာ့ ဦးအရိုးခံလည္း ေခါင္းတဆတ္ဆတ္ ညိတ္ေလသည္။
" ေအးကြာ..။ အသက္ကေလးက ငယ္ငယ္.. အိမ္ေထာင္ေတာ့ ေစာမျပဳခ်င္စမ္းပါနဲ႕ မင္းသားရ "
" စိတ္ခ်စမ္းပါ ဦးေလးရိုးရ! ကြၽန္ေတာ္လည္း အခုမွ ပိုက္ဆံေတြစုတုန္းပါ "
" အမ္! ေျပာေတာ့ မယူဘူးဆို.. "
ဦးအရိုးခံရဲ႕ စကားအေထာက္ကို လူးလြန႔္ေမာင္ အုတ္သယ္ေနရင္းက သေဘာတက်ႀကီးနဲ႕ ေအာ္ရယ္ပစ္လိုက္သည္။
" ဟားဟား! ကြၽန္ေတာ္ေျပာတာက မိန္းမေလဗ်ာ "
" နို႔.. ေနပါဦး။ မင္းကမိန္းမ မယူလို႔ ေယာက်ာ္းယူမို႔လားကြ "
" ေသခ်ာတာေပါ့ "
" အမ္! "
ေတြေဝျခင္းမရွိ လူးလြန႔္ေမာင္ ေထာက္ခံလာခဲ့ေတာ့ ဦးအရိုးခံေရာ တျခားသူေတြပါ လုပ္လက္စအလုပ္ေတြ ကိုယ္စီ ရပ္တန႔္သြားၾကေလသည္။
" မင္း.. တကယ္ႀကီး ေယာက်ာ္းယူမို႔လားေဟ "
" ဟုတ္တယ္ဗ် "
" ဖြီးဟားဟား! ဒီေကာင္ တကယ္မင္းသားလုပ္ရမွာ..။ ၾကည့္ဦးကြာ.. ႐ုပ္တည္ႀကီးနဲ႕.. "
" ေဟာဗ်ာ! အမွန္ဗ် "
တဟားဟားရယ္ေမာရင္းက အလုပ္ကိုယ္စီ ဆက္လုပ္ေနၾကတာေၾကာင့္ လူးလြန့္ေမာင္လည္း ဘာမွထပ္ၿပီး မေျပာမိေတာ့ပါေခ်။ လူးလြန႔္ေမာင္အေနနဲ႕ သူအတည္ေျပာတာ သူကိုယ္တိုင္ပဲသိမည္ထင္..။
ညေနပိုင္းေရာက္ေတာ့ အလုပ္နားၿပီျဖစ္တာေၾကာင့္ ဆိုက္ထဲရွိ အလုပ္သမားမ်ားက တန္းစီေရခ်ိဳးၿပီး အိမ္ျပန္ဖို႔ကို တာစူေနၾကသည္။ တခ်ိဳ႕ကေတာ့ အခ်င္းခ်င္းအေဖာ္ညွိၿပီး ကမ္းနားလမ္းဘက္မွာ နည္းနည္းပါးပါး သြားကစ္ဖို႔ကို တိုင္ပင္ၾကေလသည္။
" ေဟ်ာင့္! လူးေမာင္.. ငါတို႔နဲ႕ အတူလိုက္ခဲ့မလား "
" ေတာ္ၿပီ "
" ၾကည့္ၾကည့္! တစ္ရက္တေလေလာက္ေတာ့ လိုက္ခဲ့စမ္းပါဦးကြာ။ ငါတို႔အားလုံး လူပ်ိဳလူလြတ္ေတြခ်ည္းပါ လူးေမာင္ရ.. "
" ငါစိတ္မပါလို႔ကြ။ မင္းတို႔ပဲေပ်ာ္ခဲ့ၾက ဟုတ္လား.. ငါသြားၿပီ ေဟ်ာင့္ေတြ! "
ထိုကဲ့သို႔ပင္ ဘယ္ႏွႀကိမ္ ဘယ္ႏွစ္ခါေခၚေခၚ အၿမဲတေစ ျငင္းဆန္တတ္တဲ့ လူးလြန့္ေမာင္တစ္ေယာက္ရယ္။ အိမ္ေထာင္သည္ေတြထက္ ပိုၿပီး အိမ္ေထာင္သည္ဆန္ေနတဲ့ လူးလြန့္ေမာင္ကို သက္တူ႐ြယ္တူ လူပ်ိဳေတြမွာလည္း လက္ျမႇောက္ကာ အရႈံးေပးထားၾကရသည္။
Bus ကားစီးဖို႔ရန္ မွတ္တိုင္ဆီကို ေလွ်ာက္လာခဲ့စဥ္..၊ အနားတြင္ ပြတ္ကာသီကာ ျဖတ္ေမာင္းၿပီး ထိုးရပ္သြားတဲ့ ကားအမည္းတစ္စီးေၾကာင့္ လူးလြန့္ေမာင္ မ်က္ေမွာင္ၾကဳတ္သြားေလသည္။ ထင္သည့္အတိုင္းပင္ ပိတ္ထားတဲ့ ကားမွန္ပြင့္လာခ်ိန္မွာ ျမင္ေတြ႕လိုက္ရသည္က စပ္ၿဖဲၿဖဲမ်က္ႏွာႀကီးနဲ႕ ႏွစ္ေယာက္မရွိ မင္းသန့္ပိုင္ရယ္။
" ကိုကိုလူး! "
" ေဘာလား "
" ဟင့္အင္း.. ေဘာလို႔ မေျပာရဘူးေလကြာ။ ကိုကိုလူးရဲ႕ ခ်စ္ခ်စ္ေလးပါလားလို႔.. ေျပာ "
" ဒါပဲရမယ္ "
လူးလြန့္ေမာင္ရဲ႕ လက္ခလယ္ႀကီးကို ျမင္ေတာ့ မင္းသန့္ပိုင္လည္း မေလ်ာ့စတမ္းသာ ျပန္ေထာင္ျပလာသည္။
" ကိုကိုလူးက အရိုင္းေကာင္ႀကီးဟ "
မင္းသန့္ပိုင္ ေျပာရင္းဆိုရင္းက ကားေပၚမွဆင္းခ်လာၿပီး ႏႈတ္ခမ္းနားေတ့ထားတဲ့ စီးကရက္ကိုမီးညွိကာ တစ္ရွ္ိုက္ဖြာေလသည္။ ထိုအခါ လူးလြန့္ေမာင္လည္း ဆက္သြားျခင္းမျပဳေတာ့ဘဲ မင္းသန့္ပိုင္အနားမွာ ေျခလွမ္းေတြကို ရပ္တန့္လိုက္သည္။
" ေသာက္မလား "
" မင္းဘာသာပဲ ဝေအာင္ေသာက္ "
" ဟားဟား.. ဟမ္! ထမင္းခ်ိဳင့္ႀကီးနဲ႕ပါလား။ မင္း ဘယ္လာတာလဲ "
" အလုပ္သြားတာ "
" ဪ.. အခုက အိမ္ျပန္ဖို႔မလား။ ငါပို႔ေပးမယ္ေလ "
" ေတာ္ပါကြာ။ မင္းလမ္းေၾကာင္းရွာေနတာ ငါမသိတာက်လိဳ႕.. "
လူးလြန့္ေမာင္အေျပာေၾကာင့္ မင္းသန့္ပိုင္ သေဘာတက်နဲ႕ ေခါင္းတညိတ္ညိတ္လုပ္ကာ လက္ထဲကစီးကရက္ကို ႏွစ္ရွိုက္ေလာက္ဖြာၿပီးတာနဲ႕ ေျမေပၚပစ္ခ်ၿပီး နင္းေခ်လိဳက္ေလသည္။
" ငါ စီးကရက္ျဖတ္ေတာ့မယ္ "
" စိတ္မဝင္စားဘူး ေဟ်ာင့္! "
" ဟဲဟဲ! လွ်ာရွည္ခ်င္လို႔ပါကြာ။ တက္ေတာ့.. ႀကဳံတုန္းေလး လိုက္ပို႔ေပးမယ္ေနာ္ ကိုကိုလူး "
ထိုအခါ ဆက္ၿပီးေတာ့လည္း ျငင္းမရမွန္းသိတာေၾကာင့္ လူးလြန့္ေမာင္တစ္ေယာက္ ဝင္ထိုင္လိုက္ရပါသည္။ ကားေပၚေရာက္ေတာ့ အခြက္ေျပာင္လို႔မဝေသးတဲ့ မင္းသန့္ပိုင္က လူးလြန့္ေမာင္ကိုၿပဳံးစစနဲ႕ ၾကည့္ေနျပန္သည္။
" ခါးပတ္ ပတ္ေပးရဦးမလား ကိုကိုလူးေရ "
" လက္အခ်ိဳးခံခ်င္ရင္ လုပ္ၾကည့္လိုက္ေလ "
" ဟားဟား! မင္းကြာ။ ျပဴးေလးေရွ႕က်ေတာ့ တစ္မ်ိဳးေလးေနာ္ အဟက္ဟက္! ငါ့ေကာင္ႀကီးက ပိစိေလးနဲ႕ေတြ႕မွပဲ အရည္ေပ်ာ္သြားရတယ္လို႔.. "
ကားေမာင္းေနရင္းက လွမ္းဖဲ့ေနတဲ့ မင္းသန့္ပိုင္ကို လူးလြန့္ေမာင္ ဖက္မေျပာေတာ့ဘဲ ထိုင္ခုံကိုေခါင္းမွီလို႔ ခဏတျဖဳတ္ေလး ေမွးအိပ္ေနလိုက္သည္။ ယခုတေလာတြင္ မနက္အေစာႀကီးထၿပီး တစ္ေနကုန္ အလုပ္ၾကမ္းလုပ္ေနရသည္ေၾကာင့္ ခေညာင္းဦးကိုပင္ အေဖာ္မျပဳနိုင္သည္အထိ လူကပင္ပန္းေနခဲ့သည္ေလ။
" ဆိုက္ကား မနင္းေတာ့ဘူးလား.. ေဟ်ာင့္! "
" အင္း..။ ဦးေလးထင္ေက်ာ္ကိုပဲ ေလာေလာဆယ္ အပ္ထားလိုက္တယ္ "
" ဪ.. အုံနာေၾကးျပန္ရလား "
" အင္း "
" အာ့ဆို.. အခုမင္းဘယ္မွာ အလုပ္ဝင္ေနတာလဲ "
" ေဆာက္လုပ္ေရးထဲမွာ "
" ဘယ္ဆိုက္လဲ "
" မင္းက ဘာလုပ္မို႔.. "
လူးလြန့္ေမာင္ လွမ္းၾကည့္လာေတာ့ မင္းသန့္ပိုင္က မ်က္စပစ္ျပလာသည္။
" ငါ့ဖားသားႀကီးအလုပ္ထဲမွာ မင္းကို အလုပ္သြင္းေပးမယ္ေလ "
" ေတာ္ေတာ္! အလုပ္မ်ားေနတဲ့သူကို အရႈပ္ေတြ မေပးစမ္းပါနဲ႕ကြာ "
" ဟမ့္! ဘယ္မွာ အလုပ္မ်ားေနလို႔..။ လင္မယားႏွစ္ေယာက္က သြားလိုက္တဲ့ အေပ်ာ္ခရီးေတြဆိုတာ.. မနည္းမေနာပဲ။ ငါ့ေတာင္ မေခၚၾကဘူး.. စိတ္ဓာတ္ေတြ "
" မင္းလည္း ဘားေတြကလပ္ေတြ သြားေနတာနဲ႕တင္ အခ်ိန္မေလာက္ဘူးေလ.. ဟုတ္တယ္မလား "
လူးလြန့္ေမာင္ စကားျပန္ေထာက္လာေတာ့ မင္းသန့္ပိုင္ခမ်ာ မ်က္ႏွာႀကီးရႈံ႕ၿပီး လွည့္ၾကည့္လာသည္။
" ငါ့ေဘဘီေလးကို မဟုတ္ကဟုတ္ကေတြ ေျပာၿပီး ဂ်င္းသြားမထည့္နဲ႕ေနာ္။ ငါလိမၼာတာ ငါပဲသိတယ္.. ေဟ်ာင့္! "
" ဂ်င္းေတြဘာေတြ စိတ္မဝင္စားအားဘူး။ မင္းတို႔အဆင္ေျပရင္လည္း ေအးေဆးေနၾကေတာ့.. ဟုတ္လား..။ ၿပီးကာမွပဲ ငါတို႔ကို လာလာမႏြယ္ၾကနဲ႕ "
" ေအးပါကြာ။ အေဟး! မင္းမသိလို႔.. ငါ့ေဘဘီေလးကေလ လုံးကစ္ေနတဲ့ မက္မြန္သီးေလးကြ။ ေျပာရင္းဆိုရင္း ကိုက္ေတာင္စားခ်င္လာၿပီ.. အဟြန္းဟြန္း! "
" ..... "
အံႀကိတ္ေျပာေနတဲ့ မင္းသန့္ပိုင္ေၾကာင့္ လူးလြန့္ေမာင္ စိတ္ေလစြာျဖင့္သာ မ်က္လုံးမ်ားကို ျပန္လည္ ေမွးမွိတ္ထားလိုက္မိသည္။
အဟြန္း! ေမာင့္ခ်စ္ဦးကို လင္းခန့္ေက်ာ္က မီဦးမယ္တဲ့လား..။ ဆုသာ ထိုင္ေတာင္းေနလိုက္ပါကြာ.. ဟုတ္လား။
________
ST ေဆာက္လုပ္ေရးကုမၸဏီရဲ႕ MD ျဖစ္တဲ့ ဦးရွင္းသန့္မွာ ေဆာက္လုပ္ေရးတာဝန္ခံ ေငြလိမ္ေျပးသြားသည့္ သတင္းေၾကာင့္ ႐ုံးခန္းထဲတြင္ ေခါင္းမီးေတာက္ေနရသည္။
" ဆရာရွင့္..။ အစ္ကိုေလးမင္းသန့္ပိုင္ ေရာက္ေနပါတယ္ "
" ငါမအားဘူးလို႔ ေျပာ.. "
ဝုန္း!
ဦးရွင္းသန့္ခမ်ာ အတြင္းေရးမႉးကို ဖုန္းျပန္ေျဖေနတုန္းရွိေသး..။ ဝုန္းခနဲပြင့္လာတဲ့ ႐ုံးခန္းတံခါးနဲ႕အတူ ဘယ္ေခြးမွလူမထင္တဲ့ ပုံစံျဖင့္ မင္းသန့္ပိုင္ ဝင္ခ်လာေလသည္။
" ရို႔! ဖားသားႀကီး "
" မင္းအေဖကို ဖားသားႀကီးလား "
" ဪ.. ဖားသားႀကီးမဟုတ္လို႔ မားသားႀကီးလား "
ဖားသားႀကီးလို႔ေခၚတာနဲ႕ ပတ္သက္ၿပီး စကားအေခ်အတင္ ျဖစ္ရလြန္းလို႔ ဦးရွင္းသန့္ အျငင္းမပြါးေတာ့ဘဲနဲ႕ လာရင္းကိစၥကိုသာ ေျပာေစေတာ့သည္။
" မ်က္ႏွာႀကီးက ဘာျဖစ္ေနတာတုံး "
" ငါေျပာလည္း မင္းနားလည္မွာမို႔လား "
" ေဒါသကိုထိန္းစမ္းပါ ဖားသားႀကီးရ။ ဘာတဲ့.. ဆိုက္တာဝန္ခံက ေငြလိမ္သြားတယ္ဆို.. "
" အဲ့ေတာ့.. "
" ကြၽန္ေတာ့္သူငယ္ခ်င္း လူးလြန့္ေမာင္ကို သိတယ္မလား "
" အင္း.. ခပ္ေရးေရးပဲ "
မင္းသန့္ပိုင္က ဆိုဖာေပၚဝင္ထိုင္ၿပီး သူေျပာေနလက္စ စကားဦးတည္ခ်က္ဆီသို႔ ဦးရွင္းသန့္ကို ဆက္ဆြဲေခၚလာသည္။
" ကိုကိုလူးကို ဖားသားႀကီးရဲ႕ဆိုက္ထဲမွာ အလုပ္သြင္းေပးခ်င္လို႔.. "
ထိုအခါ မင္းသန့္ပိုင္ကို ဦးရွင္းသန့္ လက္ႏွစ္ဖက္ယွက္လို႔သာ ခပ္စိမ္းစိမ္းေလး စိုက္ၾကည့္ေနလိုက္သည္။
" ေနပါဦး.. ကိုကိုလူးဟုတ္လား "
" သူက ကြၽန္ေတာ့္သူငယ္ခ်င္းေလ.. ေခၚခ်င္သလို ေခၚမွာေပါ့ဗ်။ ဖားသားႀကီးရဲ႕ သူငယ္ခ်င္းမွ မဟုတ္တာ.. "
" တယ္! နားရင္းအုပ္လိုက္ရ "
ဦးရွင္းသန့္ဘာေျပာေျပာ လုံးဝဂ႐ုမစိုက္ဘဲနဲ႕ စားပြဲေပၚတြင္ခ်ထားတဲ့ ပန္းသီးနီရဲရဲကို မင္းသန့္ပိုင္ တစ္လုံးယူၿပီး ကိုက္စားေနျပန္သည္။
" အဲ့ဒါ.. အလုပ္သြင္းေပးဦးေနာ္။ လုပ္ငန္းခြင္တာဝန္ခံျဖစ္ျဖစ္.. ျမင့္ေလ ေကာင္းေလပဲ။ ကိုကိုလူးက တအားစိတ္ခ်ရတာဗ်။ ဘာပဲျဖစ္ျဖစ္.. လူေတာ္ေတြကို သူေဌးေတြကပဲ ေျမေတာင္ျမႇောက္ပင့္ရမွာေလ "
" မင္းကသူေဌးလား ငါကသူေဌးလား "
" ဖားသားႀကီးပိုက္ဆံက ကြၽန္ေတာ့္ပိုက္ဆံပဲေလ။ ဘာေတြလာတြက္.. သူေဌးျဖစ္လည္း အတူတူေပါ့ "
" အေျပာကလြယ္တယ္.. အလုပ္သြင္းရတာလည္း မခက္ဘူးကြ။ ေအး! တစ္ခုပဲ.. "
ဦးရွင္းသန့္ကို စကားမဆက္ေစဘဲ မင္းသန့္ပိုင္က ဆက္ေျပာေလသည္။
" ယုံၾကည္မႈမလား..။ ဒီမွာ.. ကြၽန္ေတာ္ေျပာတာ အရင္နားေထာင္ၾကည့္ "
" ..... "
မင္းသန့္ပိုင္က ေနရာမွထလာၿပီး ဦးရွင္းသန့္စားပြဲေပၚ ဝင္ထိုင္သည္။
" ဟိတ္ေကာင္! မင္းဖင္ကို ငါ့စားပြဲေပၚကေန ေ႐ြ႕စမ္း "
" ကြၽန္ေတာ့္ကို ဒီေဆာက္လုပ္ေရးပိုင္းေတြ ဦးစီးခိုင္းတဲ့အခါက်ရင္.. အုတ္သယ္ ေက်ာက္သယ္ေတြကေန ဖားသားႀကီးက အရင္စလုပ္ခိုင္းမွာလား "
" ဘယ္ကသာ လုပ္ခိုင္းမွာလဲ။ ငါ့လက္ေထာက္အျဖစ္နဲ႕ အရင္ ဝင္လုပ္ခိုင္းမွာေပါ့ကြ "
" အင္း..။ ကြၽန္ေတာ္အခုတက္ေနတာ သြားေဆးေနာ္ "
" အင္ဂ်င္နီယာလုပ္ဖို႔ ငါ မင္းကိုေျပာခဲ့တာပဲေလ "
" That's the point! "
မင္းသန့္ပိုင္က လက္ေဖ်ာက္တစ္ခ်က္တီးလ်က္ ဦးရွင္းသန့္ကို ၿပဳံးျပလာသည္။
" လုပ္ငန္းနဲ႕ပတ္သက္လို႔ ဘာမွမသိေသးတဲ့ကြၽန္ေတာ္က ဖားသားႀကီးရဲ႕ သားျဖစ္ေနတာနဲ႕ပဲ ရာထူးျမင့္ျမင့္ကေနဝင္ၿပီး အေတြ႕အႀကဳံယူရမယ္ေလ။ ကိုကိုလူးလည္း ကြၽန္ေတာ့္လိုပဲ.. ဒီအပိုင္းနဲ႕ပတ္သက္ရင္ ဘာအေတြ႕အႀကဳံမွ သိပ္မရွိထားဘူး။ ဒါမဲ့.. ကြၽန္ေတာ္ေျပာရဲတယ္ သိလား.. "
" အဲ့ ကိုကိုလူးဆိုတာကို မေခၚစမ္းပါနဲ႕ကြာ "
" အဟက္! ကိုကိုလူးက ကြၽန္ေတာ့္ထက္စာရင္ သင္လြယ္တတ္လြယ္ၿပီး ဖားသားႀကီးရဲ႕လုပ္ငန္းကို တစ္ဖက္
တစ္လမ္းကေန ဦးစီးဦးေဆာင္ေပးနိုင္မွာ ေသခ်ာေပါက္ပဲ "
" ဪ "
" Business management လည္း တက္ထားေသးတယ္ဗ်။ အေရးႀကီးတာက ကြၽန္ေတာ့္ထက္ပိုၿပီး ယုံၾကည္စိတ္ခ်ရတယ္ "
" မင္းကိုကိုလူးက အဲ့ေလာက္ ေတာ္တယ္ေပါ့ "
" ေတာ္ဆို.. ကြၽန္ေတာ့္ သူငယ္ခ်င္းေလဗ်ာ။ ေလ်ာ့မတြက္နဲ႕ဗ်.. အၿမဲတမ္း တစ္ကြက္ေက်ာ္ၿပီး ျမင္တတ္တဲ့သူေနာ္။ ဖားသားႀကီး ေနာင္တမရခ်င္ရင္ လူေ႐ြးမမွားေစနဲ႕ေတာ့..။ ကြၽန္ေတာ္အလုပ္ဝင္ရင္ ကိုကိုလူးနဲ႕ပဲ အလုပ္တြဲလုပ္မွာ "
ထိုအခါ သားျဖစ္သူ မင္းသန့္ပိုင္ကိုယ္တိုင္က အစြမ္းကုန္ အာမခံေနၿပီျဖစ္တာေၾကာင့္ လူးလြန့္ေမာင္ကို အခြင့္အေရး တစ္ခါေလာက္ေပးဖို႔ကို ဦးရွင္းသန့္ ေခါင္းထဲထည့္ထားလိုက္သည္။
" ေကာင္းၿပီေလ.. မင္းသူငယ္ခ်င္း ဖုန္းနံပါတ္ကို အေဖ့ဆီေပးထားလိုက္..။ အေဖတို႔ရဲ႕ ဆိုက္တစ္ခုထဲမွာ ေဆာက္လုပ္ေရးတာဝန္ခံက လိမ္ေျပးသြားလို႔ေလ။ အဲ့ေနရာမွာ ခဏလစ္လပ္ေနတာနဲ႕ အေတာ္ပဲ "
" အမ္! အဲ့တာဝန္ခံေနရာမွာ လူအသစ္ျပန္ခန့္ရင္ေရာ..။ ဖားသားႀကီးက ကြၽန္ေတာ့္ရဲ႕ကိုကိုလူးကို ဘယ္နားသြားထားမွာလဲ "
" လွ်ာရွည္လိုက္တာ..။ ငါသေဘာက်သလို ေနရာစီစဥ္ေပးလိုက္မယ္.. ဟုတ္လား..။ ဖုန္းနံပါတ္သာ ေပးခဲ့စမ္းပါကြာ "
ဦးရွင္းသန့္ေတာင္းေနတဲ့ လူးလြန့္ေမာင္ဖုန္းနံပါတ္ကို မင္းသန့္ပိုင္ ဖုန္းထုတ္ရွာၿပီးကာမွပဲ သတိရသြားေလသည္။
" ကိုကိုလူးကို အလုပ္သြင္းေပးမွာ ေသခ်ာတယ္ေနာ္ "
" ငါ့႐ုပ္က လိမ္ေနတဲ့ပုံေပါက္လား "
" အဟဲ! ဒါဆို ကိုကိုလူးကို ဖုန္းတစ္လုံးေလာက္ေတာ့ အရင္ဝယ္ေပးလိုက္ေတာ့.. "
" အမ္! "
" အဲ့ဒါသာ ၾကည့္ေတာ့..။ ကြၽန္ေတာ့္သူငယ္ခ်င္းက အခုထိ ဖုန္းဝယ္ၿပီးမကိုင္ဘူး ဖားသားႀကီးရ "
" ဒီေခတ္ႀကီးထဲမွာေလ "
" စိတ္ခ် အားကိုးခ်င္စရာႀကီးမလား..။ ကိုကိုလူးကို ဖားသားႀကီး အထင္ႀကီးသြားၿပီဟ! ကြၽန္ေတာ္ဖုန္းဝယ္ေပးၿပီးသြားရင္ နံပါတ္ကို message ပို႔ထားလိုက္မယ္ေနာ္.. သြားၿပီ! "
ေျပာခ်င္ရာေျပာၿပီး ႐ုံးခန္းထဲကေန ပန္းသီးကိုက္လို႔ ထြက္သြားၿပီျဖစ္တဲ့ မင္းသန့္ပိုင္ကို ဦးရွင္းသန့္ အဘယ္စကားမွ် မေျပာလိုက္နိုင္ေတာ့ေပ။ မည္သို႔ပင္ဆိုေစကာမူ သားျဖစ္သူရဲ႕ အစြမ္းကုန္ေထာက္ခံခ်က္ေၾကာင့္ လူးလြန့္ေမာင္ရဲ႕အရည္အခ်င္းကို ဦးရွင္းသန့္တစ္ေယာက္ အကဲစမ္းခ်င္သြားရသည္။
အေတြးပင္ မဆုံးေသးခင္..။ ဖုန္းျမည္လာသံေၾကာင့္ ေခၚဆိုသူကို ၾကည့္မိရာ..။
" ဖားသားႀကီး! "
" မင္း မၿပီးေသးဘူးလား "
" ကိုကိုလူးကို လစာဘယ္ေလာက္ စေပးမွာလဲ "
" အင္း.. "
" ဟုတ္ၿပီဟုတ္ၿပီ.. ၁၀သိန္းအရင္ ေပးထားလိုက္မယ္ေနာ္။ ၿပီးမွပဲ ဖားသားႀကီးဘာသာ ထပ္တိုးေပးေပါ့ "
" ေဟ်ာင့္! ငါ ဘာမွမေျပာရေသးဘူးေလ "
တူ! တူ!
မင္းသန့္ပိုင္ဘက္က ဖုန္းခ်သြားတာေၾကာင့္ မည္းတူးသြားတဲ့ ဖုန္းမ်က္ႏွာျပင္ကို ထိုင္ၾကည့္ၿပီး ဦးရွင္းသန့္ ေသြးအန္ခ်င္သြားေလသည္။ တစ္မိေပါက္ တစ္ေယာက္ထြန္းဆိုတာ မင္းသန့္ပိုင္လိုလူမ်ိဳးပဲ ျဖစ္ရေပမည္။
________
" ေမာင့္ခ်စ္ဦးေလးေရ "
" ဟင္ "
ညစာစားေနရင္း မင္းသန့္ပိုင္ လွမ္းေခၚတာေၾကာင့္ နာရီပိုင္းေလာက္ေပ်ာက္သြားတဲ့ လူးလြန့္ေမာင္က အခန္းထဲတြင္ ဇက္ေၾကာတက္လို႔ ေဆးလိမ္းေနတဲ့ ခေညာင္းဦးအနားကို ဝမ္းသာအားရျဖင့္ ျပန္ေရာက္ခ်လာသည္။ ထို႔ေနာက္ နားနားကပ္ကာ ခပ္တိုးတိုးေျပာေလသည္။
ယခုတစ္ေခါက္တြင္ေတာ့ ခေညာင္းဦးရဲ႕ဘယ္ဘယ္နားကို အေ႐ြးမမွားေတာ့သည့္ လူးလြန့္ေမာင္ရယ္။
" ေမာင္ႀကီး ဖုန္းဝယ္လာခဲ့ၿပီဗ် "
" တကယ္ႀကီး "
" ဒီမွာေလ "
လက္ထဲထည့္ေပးလာတဲ့ အသစ္စက္စက္ဖုန္းေလးကို ခေညာင္းဦးၾကည့္ၿပီး မထိရက္စြာျဖစ္ေနမိသည္။ ထို႔အျပင္ ေပါင္ေပၚေရာက္လာသည္က လူးလြန့္ေမာင္ လစာႀကိဳရလာတဲ့ ပိုက္ဆံထုပ္ေလးရယ္။
" ဒီေငြေတြကေရာ.. "
" အဟြန္း! ေမာင္ႀကီး အလုပ္ေကာင္းေကာင္း ရသြားၿပီ.. ခ်စ္ဦးရ။ ေဆာက္လုပ္ေရးတစ္ခုရဲ႕ တာဝန္ခံတဲ့.. "
" တကယ္! ဟီး.. ေပ်ာ္လိုက္တာ "
" ေမာင္ႀကီး ေတာ္တယ္မလား.. "
" တအားေတာ္တဲ့ ခ်စ္ေမာင္ႀကီး "
" ဒီေလာက္ေတာ္တဲ့ ေမာင္ႀကီးကို အာဘြားေလးေရာ မေပးခ်င္ဘူးလားဗ်ာ "
ထိုအခါ မ်က္ႏွာေလးတိုးကပ္လို႔ ဆုလိုခ်င္ေနတဲ့ ကေလးႀကီးရဲ႕နဖူးကို ခေညာင္းဦးဖိကပ္ နမ္းေပးလိုက္သည္။
" ဟာဗ်ာ! နဖူးပဲလား "
" ၿပီးမွေလ..။ ဒါနဲ႕ႀကီးေမကိုေရာ ေျပာလိုက္ၿပီလား "
" ဪ.. ဟုတ္သား "
အလုပ္ရေၾကာင္းကို မိခင္ျဖစ္သူအား မေျပာရေသးတာေၾကာင့္ လူးလြန့္ေမာင္ အလ်င္ထထြက္ဖို႔ျပင္သည္။ ထိုအခါ ပိုက္ဆံထုပ္ကို လူးလြန့္ေမာင္လက္ထဲ ျပန္ထည့္ေပးၿပီးတာနဲ႕ ခေညာင္းဦး လွမ္းမွာေလသည္။
" ခ်စ္ေမာင္.. ႀကီးေမကိုကန္ေတာ့ဖို႔ မေမ့နဲ႕ဦးေနာ္ "
" စိတ္ခ်ပါ ေမာင့္ခ်စ္ဦးရ "
ပါးေလးႏွစ္ဖက္ကို အသာဖ်စ္ညွစ္ၿပီး အခန္းျပင္ထြက္သြားတဲ့ လူးလြန့္ေမာင္ကို ခေညာင္းဦးၿပဳံးကာ ၾကည့္ေနမိသည္။
ခေညာင္းဦးကိုယ္တိုင္လည္း မနက္ပိုင္းနဲ႕ေန႕လယ္ပိုင္း ႏွစ္ခ်ိန္ခြဲသင္ေနတာေၾကာင့္ တစ္ခ်ိန္စာလူဦးေရကို အေယာက္ႏွစ္ဆယ္ေလာက္အထိ ထပ္တိုးၿပီး လက္ခံလိုက္သည္။ ထို႔ေၾကာင့္ ရလာတဲ့ဝင္ေငြမွာ သိပ္မမ်ားေသးေသာ္လည္း မနည္းခဲ့ပါေလ။
လူးလြန့္ေမာင္ အခန္းထဲ ျပန္မဝင္လာခင္ေလးမွာပင္ အိပ္ရာႀကိဳခင္းထားဖို႔ကို ခေညာင္းဦး အလ်င္လုပ္ေနမိသည္။ ထိုအခ်ိန္ အေနာက္ကေန ေပြ႕ဖက္လာသူႀကီးေၾကာင့္ ခေညာင္းဦး ၿပဳံးမိသြားရသည္။
" အေမနဲ႕ဘြားေမကို ကန္ေတာ့လိုက္ၿပီ ခ်စ္ဦး "
" အာ့ဆို ဒီမွာလာထိုင္ေတာ့ "
" ဟင္.. ဘာလုပ္မလို႔ "
" ဘာလုပ္မယ္ထင္လဲ "
အေမးကိုအေမးျဖင့္ ၿပဳံးတုံ႕တုံ႕ေလး ျပန္ေျဖလာေလေတာ့ လူးလြန့္ေမာင္ခမ်ာလည္း မရိုးမ႐ြသာ ျဖစ္သြားရေတာ့သည္။ အေၾကာင္းမွာ ခေညာင္းဦးက လူးလြန့္ေမာင္ရဲ႕ အကၤ်ီကိုမရမက ဆြဲခြၽတ္ေနသည္ေၾကာင့္ပင္။
" ခ်စ္ဦး.. "
" ၿငိမ္ၿငိမ္ေန "
" အင္း "
သို႔ေသာ္ အထင္နဲ႕အျမင္လြဲမွားစြာျဖင့္ ခေညာင္းဦးက ေဆးဘူးႀကီးဖြင့္ၿပီး ပခုံးနဲ႕လက္ေမာင္းေပၚ လိမ္းကာ ႏွိပ္နယ္ေပးေနတာေၾကာင့္ လူးလြန့္ေမာင္ ဆြံ႕အသြားေလသည္။
" ဘာလို႔မေျပာလဲ "
" ဘာ.. ဘာကို "
" ဒဏ္ရာေတြ ျဖစ္ေနတာကိုေလ "
လူးလြန့္ေမာင္ အဝတ္လဲေနတုန္းက အမွတ္မထင္ေတြ႕လိုက္သည့္ ပခုံးနဲ႕လက္ေမာင္းေပၚရွိ အညိုအမည္း ဒဏ္ရာမ်ားေၾကာင့္ ခေညာင္းဦးခမ်ာ မ်က္ရည္ပင္ ဝဲတက္သြားခဲ့ရသည္။ ထိုအခ်က္ကို အသိမခံလိုသည္ေၾကာင့္ လူးလြန့္ေမာင္က ဆိုက္ထဲမွာတင္ ေရအၿပီးခ်ိဳးၿပီးမွ အိမ္ျပန္လာျခင္းျဖစ္သည္။
" ေအးအတူပူအမွ်ဆို..။ ဘာလို႔အၿမဲ တစ္ေယာက္တည္း ႀကိတ္ခံေနတာလဲ "
" အင္းပါ။ ေမာင္ႀကီး မွားပါတယ္ "
" မွားပါတယ္ မဟုတ္ဘူး..။ ေယာက်ာ္းေလးလည္း နာတတ္တာပဲေလ။ နာရင္နာတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာရမွာေပါ့ "
အသားကုန္ အဆူခံေနရပါေသာ လူးလြန့္ေမာင္က ၿပဳံးၿပဳံးႀကီးျဖင့္သာ နားေထာင္ေနေလသည္။
" ဟုတ္ပါၿပီဗ် "
" ေနာက္အခါ ဘာျဖစ္ေနတယ္မေျပာရင္.. အခန္းျပင္ ထြက္အိပ္ခိုင္းမွာေနာ္ "
" ရက္စက္ၿပီကြာ။ ေမာင့္ခ်စ္ဦးမႀကိဳက္တာ ဘယ္ေတာ့မွမလုပ္ဘူး.. ဟုတ္ၿပီလား "
" ဟြန့္! ၿပီးေရာ.. "
ခေညာင္းဦးက လူေလးေသးသေလာက္ အရိုးအားကေတာ့ တကယ္သန္သည္။ ႏွိပ္နယ္ေနတာမွ လူးလြန့္ေမာင္ အေၾကာကိုေျပေရာပါပဲ။
ကန္ေတာ့ၿပီးေနာက္ အပိုက်န္ခဲ့တဲ့ ေငြအားလုံးကိုလည္း ခေညာင္းဦးရဲ႕လက္တြင္းသာ လူးလြန့္ေမာင္က အျပည့္အဝ အပ္ခဲ့ေလသည္။ ထို႔ေနာက္တြင္ တစ္ေယာက္ကိုတစ္ေယာက္ ဖက္လ်က္ျဖင့္ အိပ္စက္ဖို႔ျပင္ၿပီးကာမွ လူးလြန့္ေမာင္က အႀကံထေပၚလာသည္။
" ခ်စ္ဦး "
" အင္း "
" ဓာတ္ပုံရိုက္ၾကမလား "
" ဟင္ "
ဖုန္း အသစ္စက္စက္ႀကီးကို လူးလြန့္ေမာင္ လွမ္းယူလိုက္ၿပီး camera ဖြင့္လိုက္သည္။
" ေမွာင္ေနတယ္ ခ်စ္ဦး.. ခဏ "
မီးပိတ္ထားတဲ့ အခန္းငယ္ကို မီးျပန္ဖြင့္လိုက္တာေၾကာင့္ ခေညာင္းဦး မ်က္လုံးေလးကိုခ်က္ခ်င္း ျပန္မွိတ္လိုက္မိသည္။ ထိုအခါ လူးလြန့္ေမာင္က အနားကိုျပန္ေရာက္လာၿပီး ဖိမွိတ္ထားတဲ့ ခေညာင္းဦး မ်က္ခြံေလးကို အသာအယာ ဖိကပ္နမ္းလိုက္သည္။
" မီးေရာင္စူးသြားလား "
" နည္းနည္း.. ရတယ္ "
" ဒါဆို စရိုက္ေတာ့မယ္ေနာ္ "
တကယ္တမ္းက်ေတာ့ ဓာတ္ပုံရိုက္တယ္ဆိုတာက ခေညာင္းဦးအတြက္ အႀကီးမားဆုံး စိန္ေခၚမႈႀကီးတစ္ရပ္ပင္။
" ခ်စ္ဦး.. ကင္မရာကိုၾကည့္ၿပီး ၿပဳံး "
" အင္း "
ထိုအခါ ထြက္လာတဲ့ပုံကို ၾကည့္ၿပီး လူးလြန့္ေမာင္ စေနာက္ခ်င္လာတာေၾကာင့္..။
" ခ်စ္ဦးက အျပင္မွာရယ္ရင္ ခ်စ္ဖို႔ေကာင္းသေလာက္ ဓာတ္ပုံရိုက္ရင္က် ဘယ္လိုျဖစ္ၿပီး.. "
" ဘာျဖစ္ေနလို႔.. "
ခ်က္ခ်င္း ႏႈတ္ခမ္းစူလာသူေလးကို ၾကည့္ၿပီး လူးလြန့္ေမာင္ မခ်ိသြားၿဖဲျဖင့္သာ ဆက္ေျပာေလသည္။
" ေမာင္ႀကီးကိုပဲၾကည့္ၿပီး ရယ္ေတာ့ေနာ္ "
" ဟြန္! သူက်ကင္မရာၾကည့္ၿပီး ရယ္မွာတဲ့..။ သူမ်ားကိုက် ျပန္မၾကည့္ဘူးတဲ့လား "
" ဟုတ္ပါၿပီ ေမာင့္ခ်စ္ဦးေလးရ။ ေမာင္ႀကီး မွားပါတယ္ဗ် "
" မွားပါတယ္ မဟုတ္ဘူး.. မွားကို မွားေနတာပါေနာ္ "
အမွန္ဆိုရင္ေတာ့ ဓာတ္ပုံရိုက္ဖို႔စေျပာတည္းက လူးလြန့္ေမာင္ မွားေနခဲ့တာျဖစ္သည္။
2024 / Apr / 2
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪