One Night Stand

Af LYT744

41.9K 1K 50

မိန်းမ မလိုချင်လို့ ကောင်လေးတစ်ယောက်ကို cover ယူထားရာမှ ချစ်မိသွားသော်အခါ Mere

pre 🔞Episode-1🔞
🔞Episode-1🔞(ဂူးအား သိမ်းပိုက်ခြင်း)🔞
🔞Episode=2🔞
🔞Episode-3🔞
🔞Episode-4🔞
🔞Episode-5🔞
Episode🔞-6 🔞
Ep-7🔞
🔞Episode-7🔞
🔞Episode-8🔞
🔞Episode-9🔞
Episode-10🔞
🔞Episode-11🔞
🔞Episode-12🔞
Episode-14
Episode-15
Episode-16
🔞Episode-17🔞
🔞Episode-18🔞
🔞Episode -19🔞
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-26 🔞
🔞Episode-27🔞
🔞Episode-28🔞
🔞Episode -29🔞

Episode-13

850 41 7
Af LYT744

ဂူးမှာ ပြတင်းပေါက်လေးအား မေးတင်ကာ
မောင်များ ရောက်လာမလား ဆိုပြီး မျှော်နေမိပါရဲ့.။

ဦးမြတ်သာမှာ သားဖြစ်သူ လက်မထပ်မပြီးသေးသ၍
ဂူးကို အပြင်ထွက်ခိုင်းမည်မဟုတ်ပေ ထို့ကြောင့်
အိမ်အကူ တစ်ယောက်ပါ ထိုအိမ်၌ထားရှိစေ၏

ဂူး၏ မျက်ရည်များနှင့် ပင်ပန်းနေတာကို အိမ်အကူ အမျိုးသမီးကပင် သနားမိတာ အမှန်...

"ဂူး.... အ မ ထမင်းဝိုင်း ပြင်ပြီးပြီး စားရအောင်နော်
မစားချင်ဘူး ဆိုလည်း နည်းနည်းလောက်တော့
စားလိုက်ပါလား"

"..............."

ဂူးမှာ ငိုသံလေးနှင့် အပြင်ဘက်သို့ ကြည့်နေတာ မျက်နှာပင်
မလွှဲ....

"နေပါစေ အမရယ်... မောင်လာရင် ထွက်ကြိုမလို့
စောင့်နေတာ... ။ မောင်လာမှ တူတူစားချင်လို့ "

ဂူး၏ မျက်ရည်ကျနေသော မျက်လုံးလေးက
ဘယ်လောက်တောင် ငိုထားသည်မသိ....
မျက်လုံးတစ်စုံ နီရဲနေသည်။

"ဂူးရယ်.... မေ့လိုက်ပါတော့နော်... သူက
မကြာခင် လက်ထပ်ရတော့မှာ.."

"ရင်ထဲထိ ရောက်ပြီးသားလူတစ်ယောက်ကို
မေ့ဖို့ဆိုတာ လွယ်တယ်များ ထင်နေတာလား အမရယ်.

မမျှောင့်ဘဲ တွေ့ဆုံခဲ့ပြီး မယုံကြည်နိုင်လောက်အောင်
ချစ်မိသွားတဲ့သူကို ဂူးအသက်ရှင်နေသ၍ မျှော်နေမှာ"

ပြောနေရင်း စီးကျလာသော မျက်ရည်များကို သုတ်ကာ

"ဘာပဲ ဖြစ်ဖြစ် မောင် ဂူးကို လာခေါ်တာ စောင့်ရမယ်
မောင်က သူ့ကို စောင့်မနေရင် စိတ်တိုလိမ့်မယ် အမရဲ့"

အငိုမျက်လုံးအပြုံးမျက်နှာလေးနှင့် ဂူး၏ စကားသံတွေကို ကြားနေရသူ အိမ်အကူ က ပင် ဆက်မကြားနိုင်တော့အောင် ပြင်းထန်းလှ၏ ။

"မောင်ရေ... အမြန်လာခေါ်တော့နော် ဟောဒီက မိန်းမက
မောင်ဝယ်ပေးထားတဲ့ အိကျီလေးကို ဝတ်ပြီး တံခါးနားလေးမှာ စောင့်နေတယ်နော်... 😞 "

မောင်ရောက်မလာမှန်းသိပေမဲ့ မျှော်လင့်တကြီး စောင့်နေမိတာ ညပင် မှောင်လာပြီ

"ဂူး.... ထမင်းမစားရင်တောင် ခနလောက် အိပ်လိုက်ပါလားကွယ် ။ ဂူးကျမ်းမာရေး ထိခိုက်လိမ့်မယ် "

"ခနလေးပါပဲ အမရယ်... မောင်လာတော့မှာပါ။
ဂူး.. မောင့်ကို စောင့်ချင်သေးတယ်"

ခြံပေါက်ဝလေးကို စိုရွှဲနေသော မျက်လုံးလေးဖြင့်
မျှော်ငေးကာ....မောင် မလာမှန်း သိပေမဲ့ မျှော်နေမိပါရဲ့

"အမုန်းမရှိဘဲ လမ်းလွှဲတော့မဲ့ ဆက်ဆံရေးမှာ
ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ချင်တော့ပါဘူး မောင်ရယ်...."

ဂူး၏ စို့နင့်နေသော စကားတွေကို မောင်တစ်ယောက် ကြားများကြားနေပါ့မလား ။

မောင်ကရော... သူ့အမျိုးသမီးနဲ့ ပျော်နေပါ့မလား ။

သေချာတာတစ်ခုကတော့ ယခု မောင့်တို့မိသားစု
ညစာ စားဝိုင်း၌ မင်္ဂလာပွဲအကြောင့် ဆွေးနွေးနေ၏

"သမီး သံသာက ချစ်စရာလေးပဲ ။ အန်ကယ်တို့က
သမီးကို ချွေးမတော်ချင်တာ သမီးလက်ခံရဲ့လား"

"ဟုတ် အန်ကယ်.."

မောင်၏ နုတ်ခမ်းမှာ ပြုံးရယ်ခြင်းမရှိ တိတ်ဆိတ်နေပြီး ဂူးအဆင်များပြေပါ့မလားဟူသော အတွေးများပင် ပျံ့လွင့်နေပြီး စိတ်ပူနေမိတာအမှန်ပင်

" သန့်စင်ခန်းခနသွားချင်လို့ ကျနော့်ကို ခွင့်ပြုပါဦးဗျ"

မောင်တစ်ယောက် ထမင်းစားနေရင်း သန့်စင်ခန်းဘက် ထွက်လာပြီး အလိုလိုစီးကျလာသော မျက်ရည်များကိုပင် သုတ်၍ ဆေးလိပ်သောက်ရန် ဟန်ပြင်နေချိန် ဂူးအကြောင်းမှာ ခေါင်းထဲသို့ အဆက်မပြတ်ပင် ဝင်လာ၏ ။

"ဂူး.... မောင်အခု ဆေးလိပ်သောက်နေတယ်လေ။
ဟောဒီက လူဆိုးကြီးကို လာဆူပါဦးကွာ.......
အရင်ကလို မောင် ဆေးလိပ်သောက်ရင် စိတ်ကောက်ဖို့
အမြန်လာပါတော့ကွာ.... ကျစ်...

မောင်လေ ဂူးကို အရမ်းချစ်တယ် ။ မောင့်မိန်းမလေး
ဘေးကင်းဖို့အတွက် မောင်လုပ်သင့်တာ လုပ်ခွင့်ပြုပါနော်။
မောင် မင်းကိုတော့ ကာကွယ်ပါရစေကွာ..."

မောင့်မှာ ယောကျာ်းတန်မှန့် ငိုနေမိတာ... ဘာကြောင့်များလည်း...။ အချစ်ဆိုသော အရာက သက်ရှိတွေအတွက်ဆိုပေမဲ့ သက်ရှိတိုင်းအတွက်တော့ ရှိမနေပေ။

သန့်စင်ခန်းထောင့်လေးမှာ ငိုနေသော မောင်ရယ်
အိမ်ပေါက်ဝ ပြတင်းပေါက်နားမှာ ငိုနေသော ဂူးရယ်
သူတို့နှစ်ယောက်ကို အဖော်ပြုပေးနေသော လမင်းကြီးရယ်က ထိုအဖြစ်အပျက်ကို ဝမ်းနည်းအတိပင် ဖြစ်စေ၏

"မနက်ဖြန်ဆို လက်ထပ်ရတော့မဲ့ မောင့်ရဲ့ ဘယ်ဘက်လက်မောင်းလေးကို ချိတ်ကိုင်မဲ့သူက ဂူးဖြစ်မနေတာတော့ မောင် ရင်နာတယ် ။ "

အက်တဲ့တဲ့ငိုသံလေးနှင့် မောင့်ရင်ထဲမှာ ဘယ်လိုများ ခံစားနေရမှာပါလိမ့်........... သေချာတာတစ်ခုကတော့ ထိုညက
စို့နင့်ဖွယ်ရာ ခံစားချက်ပင် ဖြစ်လို့နေစဲ....

.................................

(မနက်ပိုင်း မင်္ဂလာဆောင်သည့် နေ့ပင်)

မှူးတံခွန်မှာ... လက်ထဲ၌ သေနတ်ကိုင်ကာ...

"ကိုကို.... ရယ်.. မှူးအချစ်တွေကို မမြင်ဘဲ
အခြားတစ်ယောက်နဲ့ လက်ထပ်မယ်ပေါ့။
ကိုကိုက မှူးအချစ်တွေ မမြင်မှတော့ ကိုကိုကိုယ်
ဒီလောကကြီးထဲမှာ.. အသက်ရှင်ခွင့်မပေးဘူး။
စိတ်ချ ဒီနေ့ ကိုကို ​ေ သ ရမယ်"

မိန်းမတစ်ယောက်ရဲ့ အချစ်တွေက ထားသင့်တာထက် ပိုလွန်နေတော့ အဆုံးစွန်ထိ မှားတတ်ချေ၏

တစ်ဖက်က ဂူးမှာတော့ မောင့်အား မျှော်နေဆဲ....

"ဂူး  ညက မအိပ်ထားဘူးလားကွယ်.. မျက်နှာလေး
ချောင်ကျသွားလိုက်တာ ။ လာ မနက်စာ ကောင်းကောင်းလေး အမ ပြင်ထားတယ်"

"ဟင့်အင်း... မောင့်ကို စောင့်ချင်သေးတယ်..."

အသံပျော့ပျော့သာရှိတော့တဲ့ ဂူးမှာ မောင်ရောက်လာမလားဆိုသော အကြည့်လေးနှင့် ခြံပေါက်ဆီ၌ အကြည့်မခွာခဲ့

"ဂူး.... မင်း သူ့ကို စိတ်နာသင့်မဲ့ အချိန်ရောက်ပြီ
သူလည်း သူဘဝနဲ့ သူ ဖြစ်တော့မှာ...
ဒီနေ့လည်း သူလာမှာမဟုတ်ဘူး မနက်လည်း
လာဦးမှာ မဟုတ်ဘူး ။ ဘယ်တော့မှလည်း လာတော့မှလည်း
လာတေယ့မှာ မဟုတ်ဘူးကွဲ့.။ ဘာလို့ဆို ဒီနေ့က
သူမင်္ဂလာဆောင်မဲ့နေ့ "

ထိုစကားသံကြောင့် ခြံပေါကဝလေးကို ကြည့်နေတဲ့ ဂူးက
အိမ်အကူ အမ ဆီ၌ ကြည့်လိုက်ပြီး ပါးစပ်လေး ဟ ကာ
အသက်ရှူသံပင် ပြင်းလာ၏

"မ မဟုတ် မဟုတ်ဘူး ။ အမ ဘာတွေ ပြောနေတာလည်း
မောင်က မောင်က ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး"

"ဂူးရယ်.... အမ မင်းကို ရုပ်ရှင်ထဲကလို ဇာတ်နာတဲ့ ဇာတ်ဆောင်လိုမျိုး မဖြစ်စေချင်ဘူး ။ မင်း သူ့ကို
မေ့လိုက်ပါနော် ။ အမ တောင်းပန်ပါတယ်။ "

"ဟင့် ဟင့်အင်း ဂူး အမ ကို ပြန်တောင်းပန်ပါတယ်
မောင့်ရှိတဲ့ နေရာကို ဂူးကို လိုက်ပို့ပါနော်... နော်
အမကို တောင်းပန်ပါတယ် ။ ဂူး မောင့်မျက်နှာလေးကိုတော့
ကြည့်နေပါရစေ ။ မောင်က ဂူးတားရင် လက်ထပ်မှာ
မဟုတ်ဘူး။ လိုက်ပို့ပါနော် အမ "

ခံစားတတ်သူ ထိုအမျိုးသမီး ဂူး၏ တောင်းပန်မှုကို
ကြာကြာတောင့်မခံနိုင်ချေ။ ထို့ကြောင့် မောင်ရှိရာ
မင်္ဂလာ ခန်းမသို့ ရောက်ချလာပြီး ဂူးမှာ ကားပေါ်မှ ပြေးဆင်းကာ... မောင့်ဆီသို့ အပြေးရောက်လာပေမဲ့ မောင့်၏ ဘေးမှာ ထိုအမျိုးသမီးက နေရာယူနေလေပြီး

"ဟင့် ဟင့်အင်း ဟင့်အင်း.... ဟင်း ဟင့်"

"......."

"မဟုတ်ဘူး။ ငါ လက်မခံနိုင်ဘူး ။ ဇာတ်လမ်းထဲကလို
သူလက်ထပ်တာ ထိုင်းကြည့်ပြီး မောင့်ကို အဆုံးရှုံးမခံနိုင်ဘူး ။ ငါနုနေလို့ မရဘူး။ မဟုတ်ရင် မောင့်ကို ဆုံးရှုံးရလိမ့်မယ်"

ထိုသို့ ပြောပြီး မျက်ရည်သုတ်ကာ ကော်ဇောနီ လမ်းအတိုင်း လက်သီးဆုတ်ကာ မောင့်၏ ရှေးလှမ်းလှမ်း၌ ရပ်လိုက်၏

မောင့်မှာ... သူ့မိန်းမလေးကို မြင်တော့ ဝမ်းသာမိသလိုနှင့် ဝမ်းနည်းမိ၏ ။

((မောင် တောင်းပန်ပါတယ် မိန်းမရယ်))

ဂူးအား ဆွဲထုတ်ရန် အမိန့်ပေးတော့မည် ဖခင်အား
မောင် တားလိုက်၏

"ဒယ်ဒီ ဂူးကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး
ကျနော်ပဲ လုပ်မယ်"

ရှိသမျှ အားအင်တွေ စုကာ သူ့မိန်းမ​လေး အန္တရာယ် မဖြစ်စေဖို့ သူအမုန်းခံရမည်။

ထို့ကြောင့် ဂူးဆီလျှောက်လာပြီး ရင့်သီသော စကားများနှင့် အစပျိုးလိုက်၏

"မင်း ဒီကို ဘာလာလုပ်တာလည်း ။ ငါမင်းကို မကြိုဆိုဘူး"

"မောင်...?"

"မင်းထွက်သွား... ငါမင်းကို စိတ်ကုန်နေပြီမို့..
ငါ့ရှေ့က ထွက်သွားလိုက်တော့"

မောင့်၏ စကားတွေကြောင့် ရပ်တည်နေသော ဂူးမှာ
ခွေလဲမတက် ခံစားရ၏

"မောင်.... မောင်ဘာလို့ ဂူးကို ရက်စက်ရတာလည်း
မောင့်လိမ်နေတာမလား ။ မောင် လိမ်နေတာမလားလို့
တောင်းပန်ပါတယ် မောင်ရယ်.... အဲ့လို စကားတွေ မပြောပါနဲ့နော်"

"ငါမင်းကို ပြန်ပြီးတောင်းပန်ပါတယ်ကွာ... ငါ့ မင်္ဂလာပွဲ တော့ မဖျက်ဆီးပါနဲ့ ။ ထွက်သွားပါကွာ.. တောင်းပန်ပါတယ် "

"မောင် အဲ့လောက်တောင် အဲ့ ကောင်မကို လက်ထပ်ချင်နေတာလား ။ မောင် သူကြောင့် စိတ်ပြောင်းသွားတာပေါ့ ဟုတ်လား ။ ကောင်းပြီးလေ"

မောင့်၏ သတို့သမီး ဖြစ်သော သံသာ ဆီသို့ လျှောက်လာပြီး
သံသား၏ ပါးအား.. ပြင်းထန်စွာ ရိုက်လိုက်သော ဂူးမှာ
စိတ်ထဲ၌ မောင့်သာ ရှိနေတော့ ဒေါသထွက်မိတာ အမှန်ပင်

"ဖြန်း.... အဲ့တာ ငါ့ မောင့်ကို လုချင်ဦး "

"မင်း... ငါ့ ဇနီးလောင်းကို ထိစရာမလိုဘူးကွ
သွားကွာ... "

"အာ့ "

ဂူးအား ဆော့တွန်းလိုက်တာကြောင့် ဂူးမှာ
ကော်ဇောနီပေါ် လဲကျသွား၏

ဤအခိုက်အတန့်က ဂူးအတွက် အပြသ်ပန်းနာတာထက် ရင်ထဲမှာ မခံစားနိုင်အောင်ပင်

"ငါမင်းကို မုန်းတယ် ။ ငါမင်းကို ပိုက်ဆံနဲ့ ဝယ်ခဲ့တာလေ
ဒါပေမဲ့ အခု ငါမင်းကို ရိုးသွားပြီ။ ဒယ်ဒီပြောတာမှန်တယ်
ယောကျာ်းချင်ကြိုက်တာ ဘာများ ကောင်းနေလို့လည်း။
အထူးသဖြင့် မင်းနဲ့ကြိုက်တာ ဘာများ ကောင်းကျိုးရှိလို့လည်း ဟမ်

ဆင်းရဲတဲ့  မင်းက ငါ့လို သူဌေးသားနဲ့ မတန်ဘူး
ထွက်သွား... ငါ့ရှေ့ကို တစ်သက်လုံးပေါ်မလာနဲ့"

မောင့်၏ စကားတွေအောက်မှာ ဂူး နာကျင်နေပါပြီမောင်ရယ်. . မောင့်၏ စကားတွေနှင့် အတူ ဂူး ခေါင်းလေး အောက်စိုက်ကာ ကျဆင်းလာသော မျက်ရည်တွေနှင့်
ထ ရပ် လိုက်ပြီး ထွက်သွားမည် အလုပ် ပွဲခင်းထဲမှ
မှူးတံမှာ သေနတ်ကိုင်ကာ မောင်အား ချိန်ပြီး ပစ်မည်အလုပ်
မောင့်၏ ရှေ့၌ ဝင်နေလိုက်၏

"ဒိုင်း....အ့.. "

ဂူးမှာ မောင့်ထိမှာစိုး၍ ဝင်ကာလိုက်တာ အနီရောင်
သေ.ွးများ ပင် စီးကျလာ၏

"ဂူး... ဟင့်အင်း...ဂူး မောင့်ကို ကြည့် ။
ဂူး ဘာမှ မဖြစ်ဘူးနော်... မောင်ရှိတယ်"

"မောင် ဂူးကို ဖတ်ထားတာ ခံရတာ အေးမြလိုက်တာ
မောင်ရယ်......။ ဂူး...အိပ်ချင်တယ် ပုံပြင်ပြောပြီး
ချော့သိမ့်နော်..."

"ဟင့်အင်း.. မအိပ်ရဘူး... မောင် မပြောနိုင်ဘူး
မောင့်အနားက ထွက်မသွားပါနဲ့နော်"

"အင်းပါ မောင်ရဲ့ ခနပဲ အိပ်မှာပါ... ခနလေးပဲလေ
မောင်ပြောပြတဲ့ ပုံပြင်လေး နားထောင်ပြီး
အနားယူချင်လို့ပါ မောင်ရယ်....နော်.. နော် မောင်"

"အင်း... ဟိုး.... ဟင့် အဟင့် ဟိုး...ရှေ့ရှေုတုန်းက....
.......................................................
........ "

((မောင့်ရဲ့ နုတ်ခမ်းထက်က ပူံပြင်လေးက သိပ်ချိုမြနေတာပဲ မောင်ရယ်... ဘာလို့ လူတွေ အများရီးက ဂူးတို့ကို ကြည့်ပြီး မျက်ရည်တွေ ကျနေတာလည်းဟင်... ))

ဂူ၏ မျက်လုံးလေး ဖွဖွလေး မှိတ်ထားလိုက်ပြီး မောင့်၏ ပုံပြင်လေးကို နားထောင်မိနေ၏ ။ ဘေးနားက လူတွေ
ငိုနေတာ ဂူး.ဘာမှ မဖြစ်ပါဘူး ။

မောင်ပါ ငိုနေတော့ ဂူးပါ ငိုချင်တယ် မောင်ရယ်.....

Episode-14 မျှော်ရန်......

Ep-14 ရေးဖို့ ပရိတ်သတ်ရဲ့ အားဆေးတွေ လိုပါတယ်ဗျ။

Fortsæt med at læse

You'll Also Like

74.4K 6.7K 23
ဇာတ်လမ်းတစ်ပုဒ်မှာအရေးအကြီးဆုံးကနောက်ဆုံးဇာတ်သိမ်းပဲ ကြားထဲမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
15.5K 763 9
"ရှူ့ မင်း အိမ်မက်က ဘာလဲ" "ဦးလို ဆရာဝန်"
792K 58.9K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...