𝘛𝘩𝘦 𝘓𝘰𝘷𝘦𝘴 𝘖𝘧 𝘉𝘦𝘢...

By Hyacinth_yar_yar

6.4K 792 390

"ငါတို့တွေ အခုကစပြီး ပြိုင်ဆိုင်နေတာ ရပ်လိုက်ကြရအောင်။ " "ဟုတ်တယ်။ ရပ်လိုက်ကြရအောင်။" More

1
2
3
4
5
6
8
9
10
11

7

540 75 46
By Hyacinth_yar_yar

Unicode

"Arr... ဘဲ့ဟာရင်း...! ငါကြောက်
တယ်။ အခုလာခေါ်...။ "(shout)

Sujiရဲ့အော်သံကြောင့် Harin ရေချိုး
ခန်းဘက် အပြေးလေးလာလိုက်သည်။
အနည်းငယ်မြင်နေရတာဘဲကို ထိုင်ချ
ပြီး အော်နေသည့် Sujiကို ကြည့်ပြီး
ဟာရင်း ရယ်ချင်လာသည်။

"ဟဟား... ရား.. နင် တကယ်
အကြောက်ကြီးတာဘဲ။ မထင်ထား
ဘူး။"

"အီး... ရား.. ဓာတ်တိုင် ။ နင် အခု
ငါ့ကို ရယ်ဖို့လာတာဆို သွားလိုက်
တော့။"

"အဲ့တာဆို ငါသွားပြီး။"

"မသွားနဲ့လေ။"

"နင်ဘဲသွားခိုင်းပြီးတော့။ "

"ငါ သွားခိုင်းတိုင်း သွားရလာ။ ကြင်
နာစိတ်ကို မရှိဘူး။ ငါအခု နင့်မိန်းမ
နော်။"

မိန်းမဆိုတဲ့ အသုံးအနှုန်းကြောင့်
ဟာရင်းပြုံးမိသွားသည်။ ထပ် မစချင်
တာကြောင့် ငိုနေတဲ့သူ့ကို သိုင်းချီလိုက်
တော့ ဟာရင်းလည်ပင်းကို အလန့်တ
ကြား ချိတ်တွယ်လာသည့် သူ။

မျက်နှာချင်း နီးကပ်သွားသလို ဟာရင်း
သူ့မျက်နှာလေးကို ငေးကြည့်နေမိ
သည်။ ဟာရင်းလို သူ့နှာတံလေးမှာ
မှဲ့လေးနဲ့။

"ဘာလို့ ချီလိုက်တာလဲ။ ဒီတိုင်း ခေါ်
သွားလည်း ရတာကို။ "

Sujiပြောတော့ Harinက ပြုံးကာ..

"ချီချင်လို့လေ။"

ထူးဆန်းတယ်။ Sujiနှလုံးခုန်သံတွေ
အရမ်းမြန်နေသည်။ သူကြားမှာတောင်
ဆိုးသည်။

"နင့် မျက်နှာလေးရဲနေတယ်။ နင်
ရှက်နေတာလာ။

"..."

Suji ဘာမှပြန်မပြောတော့ Harin
ခေါင်းတခါခါနှင့် ပြုံးကာ အခန်းထဲ
ပြန်လာပြီး ကုတင်ပေါ်မှာ ချပေးလိုက်
သည်။

Sujiက Harinကို ကြည့်မလာပါ။
သူ ရှက်နေတာလေးက ချစ်ဖို့ကောင်း
နေတာတော့အမှန်။

"အိမ်ကို အခုမှ ရောက်တာဆိုတော့
မီးအိမ် ဘယ်မှာလည်း ငါလည်းမသိ
ဘူး။ ပြီးတော့ နင် ဒီမှာဘဲ အင်္ကျီလဲ
လိုက်လေ။ ငါ နင့်ကို ကျောပေးထား
မယ်။"

Harinပုံစံက စ,နေပုံမပေါ်တာမို့ Suji
ခေါင်းငြိမ့်လိုက်သည်။ Harinကျော
ပေးတာ သေချာပြီးဆိုမှ Sujiသူမရဲ့
ပန်းနုရောင် pajamaလေးကို အမြန်
လဲလိုက်သည်။

"ငါ... ပြီးပြီး။ နင် လဲလေ။ ငါကျော
ပေးထားမယ်။"

"အင်း။"

Sujiကျောပေးထားတော့ Harinလည်း
Sujiနှင့် ဆင်တူဖြစ်နေသည့် သူမရဲ့
အပြာနုရောင် pajamaကို လဲလိုက်
သည်။ ဒါပေမဲ့ Harinက ဘောင်းဘီ
ရှည်။ Sujiကတော့ ပေါင်တို။

အနောက်ကကြည့်တော့ Sujiက သေး
သေးလေး။ ဟာရင်း ကိုင်ပေါက်လို့
တောင် ရနေသည်။ ဒါပေမဲ့ အဲ့အစား
အသေးလေးကို ရင်ခွင်ထဲ ဖက်ထား
ချင်သွားသည်။ အူယားစရာကောင်း
နေတာမို့။

"ငါ ပြီးပြီး။"

Sujiလှည့်ကြည့်လိုက်တော့ Harin
ရဲ့ ဘောင်းဘီက အရှည်ဖြစ်ပြီး Suji
က အတိုလေးဖြစ်နေသည်။

အမေတို့က မတရားလိုက်တာ။ Suji
ကိုကျတော့ ပိုပြီးမိန်းကလေးဆန်တာ
ကြီး လုပ်ပေးထားတယ်။ နဂိုထဲက
မှ အရှည်ကောင်က အောက်ထပ်လူ
သားလို့ Sujiကို တွေးနေတာကို။

"အရမ်းချောတာ သိပေမဲ့ တော်ရုံဘဲ
ငေးပါ Sujiရဲ့။ ငါအခု နင့် Darling
ဖြစ်နေပြီးလေ။ နောက်ဆို အားတိုင်း
ငါ့ကို ​ကြိုက်သလောက် ကြည့်လို့ရ
ပြီး။ "

မျက်နှာရူးလို့ပြောရင်လည်း လွန်ရာ
ကျအုံးမယ်။ မျက်စောင်းထိုးပြီးသာ
Sujiကုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ
ဝင်လှဲလိုက်သည်။

Harinကို မျက်စောင်းထိုးသွားတဲ့
အသေးလေးကြောင့် ပြီတီတီသာ
ပြုံးနေမိသည်။ အသေးလေးက သရဲ
ကြောက်တယ်ဆိုတော့ အဟင်း...။

"ငါ တခြားအခန်းမှာ သွားအိပ်လိုက်
မယ်နော်။"

"ခဏ...!"(shout)

Sujiက အသံကျယ်သွားပြီးမှ Harin
ကို ဆက်မကြည့်တော့ဘဲ အသံတိုးတိုး
နှင့်...

"ဒီညတော့ ဒီမှာဘဲ အိပ်ပါလာ။"

Harinကြားပေမဲ့ မကြားချင်ယောင်
ဆောင်ကာ..

"ဘာပြောတယ်။"

"ဒီည ငါနဲ့အတူအိပ်လို့။ မနက်ဖြန်မှ
တခြားအခန်းသွား။ "

"အဟက်! ဘာလဲ။ Bထိုင်ဖို့ စိတ်အဆင်
သင့်ဖြစ်သွားပြီးပေါ့။"

"နင် မဖောက်နဲ့နော်။ ငါ ခေါင်းအုံးနဲ့
ကောက်ထုမှာ။"

"စတာကို။ ငါ လာပြီး။"

Harin ကုတင်ရဲ့ ညာဘက်ခြမ်းမှာ
ဝင်လှဲလိုက်သည်။ Sujiက ထောင့်
ဆုံးမှာ ကပ်လွန်းနေတာကြောင့်...

"ဒီဘက်ရွှေ့ပါဟ။ ငါကိုက်မစားပါ
ဘူး။ ပြုတ်ကျသွားရင် ဘယ်လိုလုပ်
မလဲ။ ငါတို့နှစ်ယောက်ကြားမှာ လူ
တစ်ယောက်စာတောင် ဝင်အိပ်လို့ရ
တယ်။ "

"ငါ အိပ်မဆော့ဘူး။"

ငြင်းနေတဲ့ Sujiကြောင့် Harinနောက်
ဆုံး ideaထုတ်သုံးလိုက်သည်။ အတူ
အိပ်ချင်လို့တော့ မဟုတ်ဘူး။ သူပြုတ်
ကျလို့ တခုခုဖြစ်နေမှဖြင့် Harinဘဲ
အိမ်အလုပ်တွေ အကုန်လုပ်နေရမှာစိုး
သောကြောင့်..

"အဲ့လိုပြောတာ မဟုတ်ဘူးဟ။ ဒီ
လောက်ခြားနေရင် လူဝင်အိပ်လို့ရ
တယ်ဆိုတာ နင်ကြောက်မှာဆိုးလို့
စကား အဖြစ်ပြောတာ။ ငါပြောချင်
တာ သရဲဝင်အိပ်တတ်တယ်ဟ။"

သရဲဆိုမှ Sujiက မသိမသာ Harin
အနားရွှေ့လာသည်။ Harinဘက်တော့
လှည့်မလာပါ။

ဒေါက်!...

"omma..!(shout)

အိမ်နံရံကို ကျောက်တုံးနဲ့ပစ်ပေါက်သံ
လေးဘဲကို အကြောက်လွန်ပြီး Harin
ရင်ခွင်ထဲ တိုးဝင်လာသည့် Sujiကြောင့်
Harin ပြုံးကာ ဖက်ထားပေးလိုက်
သည်။

Harinသိတာပေါ့။ ဒီလောက်မီးမှန်တဲ့
ရွာမှာ မီးပျက်စရာအကြောင်းမှ မရှိ
ဘဲ။ ဟိုကောင်တွေကော Sujiသူငယ်
ချင်းတွေပါ ပေါင်းပြီး နောက်နေကြပြီး
ထင်တယ်။

ဘာဘဲဖြစ်ဖြစ် ဖက်ထားစရာ တစ်ခုခု
ရှိမှ အိပ်တတ်တဲ့ ဟာရင်းအတွက်
အဆင်ပြေသွားတာပေါ့။

"တောင်းပန်ပါတယ်။ ငါ့ကို ဖက်ထား
ပေးပါလာ။ ငါ သရဲကြောက်တယ်။"

"ရတာပေါ့ Sujiရဲ့။"

Harinတို့ရဲ့ မဂ်လာဦးညကတော့
အလွဲလေးတွေနဲ့ မြန်မြန်ဆန်ဆန်ဘဲ
ပြီးသွားတော့မည်။





မနက်စောစော စီးစီး ကြက်တွန်သံ
ကြောင့် Harinနိုးလာသည်။ ဘေးက
ဖြဲကားပြီး သွားရည်တများများနဲ့
အိပ်နေသည့် Sujiကို စိတ်ဆိုးဆိုးနဲ့
ကြည့်ပြီး အပျင်းကျောဆန့်လိုက်
သည်။

"အင်း....

"ဘုတ်! "

"အ့.... shit!.. ဒီဟာ... ငါးခါရှိပြီး။"

တစ်ညလုံး အဆင်ပြေပြေအိပ်ရမည်
မှတ်သည်။ အအိပ်ဆော့သည့် Suji
ရဲ့ ကန်ချက်တွေကြောင့် ကုတင်ပေါ်
က ကျတာ ဒီတစ်ခါနဲ့ဆို ငါးခါရှိပြီး။
နောက်နေ့ကစပြီး တခြားအခန်းဘဲ
သွားအိပ်တော့မယ်။

Harin သူမရဲ့ နာသွားတဲ့ ခါးလေးကို
ဖိကာ ရေချိုးခန်းထဲ အမြန်ဝင်သွား
လိုက်သည်။






Suji နိုးလာတော့ ဘေးနားမှာ Harin
မရှိ။ ဘာဘဲဖြစ်ဖြစ် မရှိလည်းကောင်း
ပါသည်။ ညက အဲ့အရှည်ကောင်
ကြောင့် ကောင်းကောင်းအိပ်မရသလို
ခံစားရပေမဲ့ အိပ်ရေးဝသလိုတော့
ရှိသည်။ ရေချိုးခန်းအမြန်သွားပြီး
Sujiရေချိုးလိုက်သည်။

အိပ်ယာထနောက်ကျလို့ ငပျင်းလို့
တော့ အခေါ်မခံနိုင်။

Sujiရေချိုးပြီးသွားတော့ ထမင်းစား
ခန်းမှာ တစ်ခုခုလုပ်စားဖို့ ထွက်လာ
ခဲ့လိုက်သည်။ အုပ်ဆောင်းပေါ်က
စာရွက်လေးက Sujiအာရုံကို ဖမ်းစား
သွားသည်။

"မဂ်လာ မနက်ခင်းပါ မိန်းမရေ..။
ညက ကောင်းကောင်းအိပ်ပျော်ရဲ့
လာ။ Darlingတော့ မင်းကြောင့်နဲ့
ကောင်းကောင်း အိပ်မရခဲ့ဘူးကွာ။
အုပ်ဆောင်းအောက်မှာ မိန်းမစားဖို့
မနက်စာ ပြင်ခဲ့တယ် သေချာစား
လိုက်နော်။"

Sujiစာကို ဖတ်ပြီး ပြုံးလိုက်ကာ...

ဘာလဲ ညက ငါ့ကိုဖက်ထားရတော့
ရင်ခုန်ပြီး အိပ်မပျော်ဘူးပေါ့။ Arr...
ဒီအရှည်ကောင်.. ခဏလေးနဲ့ ငါ့အပေါ်
ကြွေဆင်းသွားတာဘဲ။ မနက်စာတောင်
ပြင်ပေးထားတယ်။

Sujiကြည်နူးစွာ အုပ်ဆောင်းဖွင့်လိုက်
တော့ ကြည်နူးမှုတွေက ကြက်ပျောက်၊
ငှက်ပျောက်...





"ဘာလဲ... ဒီကြက်ဥပြုတ်က... Shit!
ဒီ အရှည်ကောင်... ငါနဲ့တွေ့လို့က
တော့ နွားချေးကျုံးခိုင်းအုံးမယ်
ကြည့်နေ ဟွန့်။"


Sujiမှာ စိတ်တိုတိုနဲ့ ရေခဲသေတ္တာထဲ
က နွားနို့နဲ့ ပေါင်မုန့်စားကာ ယာခင်း
ထဲ စက်ဘီးပန်းနုရောင်လေးနဲ့ ထွက်
လာခဲ့လိုက်သည်။

Continue Reading

You'll Also Like

1.3K 142 20
pyramid game Team Fanတွေ‌အတွက် အလွမ်းပြေဖို့ ရည်ရွယ်ရင်း ငါတို့ မင်းသမီးလေးတွေရဲ့ အချစ်မေတ္တာလှေကလေး ဆက်လက်ရွက်လွင့်ဖို့ရည်ရွယ်၍ ရေးဖွဲ့သည်။
390K 18.6K 55
𝐖𝐡𝐚𝐭 𝐰𝐢𝐥𝐥 𝐡𝐚𝐩𝐩𝐞𝐧 𝐰𝐡𝐞𝐧 𝐲𝐨𝐮 𝐰𝐢𝐥𝐥 𝐜𝐨𝐦𝐞 𝐭𝐨 𝐤𝐧𝐨𝐰 𝐭𝐡𝐚𝐭 𝐭𝐡𝐞 𝐨𝐧𝐞 𝐲𝐨𝐮 𝐡𝐚𝐯𝐞 𝐟𝐚𝐥𝐥𝐞𝐧 𝐢𝐧 𝐥𝐨𝐯𝐞 𝐰𝐢...
1.9K 173 4
ထာဝရဆိုတာ ဘယ်အချိန်ထိဖြစ်နိုင်မယ်လို့ထင်လဲ ‌ဆူဂျီ ငါတို့ဘေးက ဟန်မြစ်ကြီးခမ်းသွားတဲ့အထိ? ဒါမှမဟုတ် ဒီဖန်ခွက်ထဲကရေကုန်သွားတဲ့အထိ?
3.7K 419 9
သူမဟာ " သူမ " ဖြစ်နေခဲ့တယ်။