ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

189 35 0
By phyolay1991

🍬Chapter 44

------------

ချူးဝေ့က ကော်ဖီတစ်ခွက်ကိုင်လျက်သောက်နေရင်း ရွှီလော့ယန်ကိုကြည့်နေကာ သူ့ဘေးမှာရပ်နေတဲ့လက်ထောက်ကိုပြောလိုက်သည်။

"ဆယ်မိနစ်လောက်ဆိုရင် အပီအပြင်နင်းခြေပစ်ဖို့အတွက်အချိန်လုံလောက်တယ်မလား"

"ဟမ်" လက်ထောက်ကအံဩနေပုံရသည်။

ချူးဝေ့က သူ့ကိုယ်သူရေရွတ်လိုက်ပြီး"ဒီလောက်ဆို လုံလောက်ပါပြီ"

ပြီးနောက် ကော်ဖီခွက်ကိုဘေးမှာချလိုက်ကာအသံကိုမြှင့်လိုက်ပြီး"ကဲ အားလုံးအဆင်သင့်ပြင်ထားကြ မိတ်ကပ်ပြင်တဲ့သူ ကျစ်ချူးရဲ့မိတ်ကပ်ကိုပြန်ပြင် နောက်5မိနစ်နေရင် ရိုက်ကူးရေးစမယ်"

ချူးဝေ့ရဲ့စကားကိုကြားတော့ ရွှီလော့ယန်ကသူ့ခေါင်းကိုလှည့်ပြီး ပြန်ဖြေလိုက်ကာ ချောကလတ်ပူပူလေးအားချီချန်အန်းကို မပေးချင်ပေးချင်ဖြင့်ပြန်ပေးလိုက်ရင်း "ဒါဆိုရင် ငါသွားပြင်တော့မယ်"

"အင်း ကိုယ် ဒီမှာမင်းကိုစောင့်နေမယ်"

ရွှီလော့ယန်က သူ့ကိုမမှိတ်မသုန်ကြည့်နေသေးတာကိုတွေ့တော့ ချီးချန်အန်းကပြုံးပြလိုက်ကာ"မနက်ဖြန်ကျမှ Bမြို့ကိုပြန်မှာ"

ရွှီလော့ယန်မှာ ချက်ချင်းကိုပျော်ရွှင်သွားကာ အမြန်ပြန်ပြောလိုက်သည်။

"ဒါဆို ဒီတစ်ခန်းရိုက်လို့ပြီးရင် မင်းကိုတစ်ခုခုအရသာရှိတာစားဖို့ခေါ်သွားမယ်လေ၊အရင်တစ်ခါ ဖုန်းထဲမှာပြောတဲ့နေရာ‌လေ မင်းကြိုက်မှာသေချာတယ်"

"ကောင်းပြီလေ"

သူ မိတ်ကပ်ပြင်လို့ပြီးတော့ ရွှီလော့ယန်မနေနိုင်ဘဲ မနီးမဝေးမှာရပ်နေတဲ့ ချီချန်အန်းကို တချက်ကြည့်လိုက်ကာ ဒါကိုအသစ်အဆန်းအတွေ့အကြုံတစ်ခုဟုတွေးနေမိသည်။

အရင်တုန်းက ရိုက်ကွင်းမှာ သူတို့နှစ်ယောက်အမြဲအတူတူသရုပ်ဆောင်ရတာဖြစ်သည်။တယောက်က ရွှီကျန်းဖြစ်ပြီး နောက်တယောက်ကချင်းချောင်ဖြစ်လေသည်။

သို့ပေမယ့် ယခုတစ်ခေါက်မှာမူမတူညီတော့ပေ။ သူက ရိုက်ကူးရေးလုပ်နေရတဲ့သူဖြစ်ပြီး ချီချန်အန်းကတော့ ရိုက်ကူးရေးအပြင်ဘက်က ပွဲကြည့်ပရိတ်သက်ဖြစ်လေသည်။

ရွှီလော့ယန် ရုတ်တရတ် နည်းနည်းလေး စိတ်လှုပ်ရှားလာရသည်။

သူ့သံချပ်ကာအင်္ကျီကိုပြန်ပြင်ပေးနေတဲ့stylistထန်ဖန်းကို ရွှီလော့ယန် တိုးတိုးလေးကပ်ပြောလိုက်သည်။

"ဖန်းကျဲ သံချပ်ကာကို နည်းနည်းလောက်‌ပြောင်နေအောင်ပွတ်ပေးလို့ရသေးလား"

ချီချန်အန်းကပထမဆုံးအကြိမ်သူဆီကိုလာလည်ခြင်းဖြစ်တာကြောင့် သူကြည့်ကောင်းနေဖို့လိုသည်။

ထန်ဖန်းက သူရဲ့ရည်ရွယ်ချက်လေးကို ဖော်ထုတ်မနေတော့ဘဲ ပြုံးရုံသာပြုံးလိုက်ပြီး "အိုကေ နောက်တစ်ကြိမ် ပြောင်နေအောင်ထပ်ပွတ်ပေးမယ်"

"ကျေးဇူးပဲ ဖန်းကျဲ"

ထိုနောက် ချူးဝေ့ကအခုရိုက်မယ့်အခန်းအတွက် ရွှီလော့ယန်အတော်လေးကြည့်ကောင်းနေတာကိုသတိထားမိ‌လိုက်သည်။သူ့ဘေးမှာ အာရုံစူးစိုက်မှုအပြည့်ဖြင့်ထိုင်နေတဲ့ ချီချန်အန်းကိုတစ်ချက်ကြည့်လိုက်မိပြီးနောက် ဒီနှစ်ယောက်ကအတော်လေးကိုစိတ်၀င်စားဖို့ကောင်းတာပဲဟုတွေးလိုက်၏။

ဤအခန်းမှာ ကင်မရာရဲ့အဓိကရိုက်ချက်က ယင်းချွမ်ဘုရင်ရဲ့ရှေ့မှောက်၌စစ်ပြေငြိမ်းရန်အားပေးထောက်ခံတဲ့စစ်သူကြီးတစ်ဦးကိုခေါင်းဖြတ်သတ်လိုက်သည့်ရွှီလော့ယန်ဖြစ်ပြီး ယင်းချွမ်ဘုရင်အားအနားယူဖို့‌ခေါ်သွားရန် သူ့အစောင့်များအား အမိန့်ပေးလိုက်သည်။အချိန်တော်တော်ကြာတဲ့အထိ ဘယ်သူမှသူ့ကိုတိုက်ရိုက်မျက်နှာချင်းမဆိုင်ရဲပေ။

ကျစ်ချူးက သစ်သားခုံရှည်ပေါ်တွင်ထိုင်လျက် မေးစေ့ကိုလက်ဖြင့်ထောက်ထားကာ မျက်လုံးတွေကပြုံးရိပ်သန်းနေပေမဲ့ လေသံကတော့ အတော်လေးကိုအေးစက်လျက်ရှိသည်။

"ချစ်လှစွာသောစစ်သူကြီးတို့ မင်းတို့ကိုမေးပါရစေ စစ်တိုက်ချင်တာလား မတိုက်ချင်ဘူးလား"

သူကသွေးကိုမြင်ဖူးသွားပြီဖြစ်တဲ့ ဓားမြှောင်တစ်ချောင်းလိုပင် ဒုတိယတစ်‌ခေါက်တွေးတောင်မနေဘဲ နောက်ထပ်အသက်တစ်ခုတောင်နှုတ်ယူနိုင်လေသည်။

အစကတဲထဲမှာစစ်သူကြီး၁၈ယောက်ရှိပေမယ့် အခုတော့၁၀ယောက်သာကျန်တော့သည်။

ဤလူဆယ်ယောက်ကကြောက်လွန်းတာကြောင့်သူတို့မျက်လုံးတွေကိုအောက်ချထားကြပြီး ဒူးတစ်ဖက်စီထောက်ထားကြကာ ကျယ်လောင်သောအသံဖြင့် "တိုက်ကြမယ် ကျွန်တော်မျိုးတို့ရဲ့ဘုရင်မင်းမြတ် နိုင်ရမယ်"

ထိုကြွေးကြော်သံကိုကြားပြီးတော့ ကျစ်ချူးရဲ့မျက်လုံးထဲ၌လှောင်ပြောင်သရော်တဲ့အရိပ်အယောင်အချို့ဖြင့်ပြည့်နှက်သွားပြီး"ဟမ့်.... ကြည့်စမ်းပါဦး... ဒါမှ ကျန်းရဲ့စစ်သူကြီးတွေနဲ့တူမှာပေါ့"

သူကအလျင်အမြန်မတ်တပ်ထရပ်လိုက်ချိန်တွင် သူရဲ့စစ်သံချပ်ကာ၀တ်စုံက အေးစက်နေတဲ့အလင်းရောင်တန်ပြန်ဟပ်နေသည်။

သူကလည်ချောင်းထဲကနေထွက်တဲ့အသံဖြင့်"မင်းတို့စစ်ပွဲကိုလိုလိုလားလားသွားတိုက်ပြီးတော့ ရန်သူကိုသတ်ပြီးဂိတ်တံခါး‌နားဝေးအောင်ထားမလား ကျန်း ဓားတစ်ချောင်းနဲ့မင်းတို့ကိုဖိအားပေးရမလား ဟက် ပြောကြစမ်းပါဦး"

စကားအဆုံး၌သူ့အသံကအက်ကွဲကွဲဖြစ်သွားရသည်။

ဘယ်သူမှ ပြန်မဖြေရဲဝံပေ၊တဲထဲ၌တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျစ်ချူးက ရှေ့မှာဒူးထောက်နေတဲ့စစ်သူကြီးဆီကိုဖြည်းဖြည်းချင်းတလှမ်းဆီလျှောက်လာနေသည်။သူ ကိုယ်ကိုကုန်းလိုက်ကာခေါင်းကိုအသာငုံလိုက်ပြီး ညင်သာလှတဲ့လေသံဖြင့်မေးလိုက်သည်။

"ကျန်းရဲ့ကြီးမြတ်လှတဲ့စစ်သူကြီး မေးနေတယ်လေ ဖြေပါဦး"

မြေပြင်ပေါ်၌တည့်တည့်မတ်မတ်ရပ်နေတဲ့ ကျစ်ချူးရဲ့မျက်လုံးများကနီရဲနေသည်။ သူရဲ့ကြက်သွေးရောင်နှုတ်ခမ်းတွေကတင်းတင်းစေ့ထားလျက်ရှိပြီး သူရဲ့လေသံကမူပျော့ပျောင်းနေသည်။

"ထွက်သွားစမ်း"

" အရှင်မင်းကြီး "

"ထွက်သွား မင်းတို့အားလုံးထွက်သွားကြ "

သံချပ်ကာအချင်းချင်း ထိမိသည့်အသံများထွက်လာကာ ဒူးထောက်နေတဲ့စစ်သူကြီးတွေအားလုံးထ၍ တဲထဲကနေအမြန်ထွက်သွားကြလေသည်။

ကင်မရာက ကျစ်ချူးရဲ့မျက်နှာကိုအနီးကပ်ရိုက်နေသည်။သူကခြောက်ကပ်နေတဲ့တဲထဲရပ်နေလျက်ရှိပြီး မျက်လုံးကိုဖြည်းညင်းစွာမှိတ်လိုက်ကာ ခံစားချက်အားလုံးကိုဖုံးကွယ်လိုက်ပြီး နှုတ်ခမ်းထောင့်ကလှောင်ပြောင်သရော်ဟန်ကသူရဲ့ခါးသီးမှု၊စိတ်ပျက်မှုတွေကိုကွယ်ပျောက်စေသည်။

သို့ပေမယ့်သိပ်မကြာမီ သူရှေ့တန်းစစ်နယ်နိမိတ်ပုံကိုစိုက်ကြည့်နေရင်း သူရဲ့မျက်နှာအမှုအယာကနောက်တစ်ကြိမ်ပြတ်သားသည့်အသွင်အပြင်ပြန်ပေါ်လာလေသည်။လက်နက်တွေရှိရာစင်ဆီသို့ လျှောက်သွားလိုက်ကာ ကျစ်ချူးကသူ့ဓားရှည်၏ဓားရိုးကိုဆုပ်ကိုင်ထားပြီး ဆွဲထုတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကြိုးစားကြည့်ပေမယ့်လည်း သေစမ်း သူဘာလို့မလို့မရတာလဲ။

ရွှီလော့ယန်ကသူ့ရဲ့မျက်နှာအမှုအယာကိုထိန်းလိုက်ကာ ထပ်မံကြိုးစားလိုက်သည်။

ဒါပေမယ့်မရပေ။

ဒီနေ့ ဒီဓားနဲ့သူ ရေစက်မရှိလို့များလား...အရမ်းရက်စက်တာပဲ...အား...။

ချူးဝေ့ကလည်းတစ်ခုခုဖြစ်နေတာကိုသတိထားမိသွားကာ မော်နီတာနောက်ကနေမတ်တပ်ရပ်လိုက်ပြီးရွှီလော့ယန်ကိုမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ရွှီလော့ယန်က အသက်ပြင်းပြင်းတချက်ရှူလိုက်ကာ"ကျွန်တော်ဆွဲထုတ်လို့မရဘူး"

သူမျက်နှာအမူအရာကတစ်ချက်လေးတောင်ပျက်မသွားပေမယ့်စိတ်ထဲမှာတော့ငိုကြွေးနေပြီဖြစ်သည်။ကြည့်လို့ကောင်းစေရန် ရိုက်ကူးရေးအဖွဲရဲ့လက်နက်တွေကပလတ်စတစ်ဖြင့်ပြုလုပ်ထားတာမဟုတ်ဘဲ ဓားနဲ့လက်နတ်တွေအားလုံးအစစ်နီးပါးနှင့်တူကြပြီး ကိုင်လိုက်တိုင်းအတော်လေးကိုလေးလံသည်။

"မင်းရဲ့လက်တွေ အားမရှိလို့လား"

ချူးဝေ့ကချက်ချင်းကို"ရပ်လိုက်တော့ ရွှီလော့ယန်အရင်သွားပြီးအနားယူလိုက် ပြီးတော့မှ ယင်းချွမ်းမင်းသား ကျစ်ရှန်နဲ့အခန်းကိုရိုက်ဖို့ပြင်ထားလိုက်"

ရွှီလော့ယန်ကခေါင်းငိုက်စိုက်ဖြင့်ချီချန်အန်းဘေးနား၀င်ထိုင်လိုက်ပြီး သူ့ရေနွေးဘူးထဲကနေရေအနည်းငယ်သောက်လိုက်ကာမလှုပ်မယှက်ရှိနေသည်။

ထိုအကြောင်းကိုတွေးတောပြီးနောက် ချီချန်အန်းကိုဆွဲထူလိုက်ကာ"အပြင်မှာအရမ်းအေးတယ်၊ မင်းကိုနားနေခန်းထဲအရင်ခေါ်သွားပေးမယ်"

တံခါးဖွင့်ပြီးအထဲကို၀င်လိုက်တော့ ရွှီလော့ယန်‌ဝေခွဲမရဖြစ်နေပေမယ့် သည်းမခံနိုင်တော့ဘဲ ချီးချန်အန်းအားမေးလိုက်မိသည်။

"ခုနက ကျွန်တော်ပုံက ဦးနှောက်မရှိတဲ့လူနဲ့တူနေလား"

သူလက်ကအားမရှိတာကြောင့်ဇာတ်၀င်ခန်းသုံးပစ္စည်းတစ်ခုခုကိုတောင်မှမမနိုင်တာ တော်တော်လေးကိုရှက်ဖို့ကောင်း၏။

သူကစိုးရိမ်တာကြောင့်နှစ်ခါတောင်လုပ်ပြလိုက်မိသည်။

"အရင်တုန်းက ကျွန်တော်ဓားကိုင်တဲ့ပုံကအတော်လေးကိုကြည့်ကောင်းပြီး မျက်စိပဒေသာဖြစ်တယ်"

ချီချန်အန်းရယ်မောလိုက်မျတော့ ရွှီလော့ယန်ဆီက၀မ်းနည်းတဲ့အကြည့်ကိုချက်ချင်းလက်ခံရရှိလိုက်သည်။

သူကရယ်နေတာကိုရပ်လိုက်ပြီး ‌လေးလေးနက်နက်ဖြင့်"ကိုယ်ကဇာတ်ညွှန်းကိုမဖတ်ဖူးဘဲ ဒီအခန်းကို အခုမှမြင်ဖူးတာလေ ဒါပေမယ့် မင်းသရုပ်ဆောင်ရတဲ့ဘုရင်က ရုပ်ပိုင်းဆိုင်ရာသန်မာလွန်းတာမဟုတ်ပေမယ့် သူရဲ့ပင်ကိုယ်စရိုက်ကကြမ်းတမ်းတယ်ဆိုတာ ကိုယ်ပြောနိုင်တယ်၊နောက်ပြီးတော့ သူဇာတ်ကောင်ကနည်းနည်း မကောင်းတဲ့ပုံပဲ"

"ဟုတ်တယ် ဟုတ်တယ် မကောင်းဘူး"

ရွှီလော့ယန်ရဲ့အာရုံကချက်ချင်းလက်ငင်းကိုပြောင်းသွားပြီး "ပြီးတော့ကော"

"မင်းရဲ့စာသားတွေက အစကနေအဆုံးထိ အသံနေအသံထားကော အသံထွက်ကော စည်းချက်ကောအရမ်းကောင်းပြီး အားလုံးကိုဖမ်းစားနိုင်တယ်၊ပြီးတော့ မင်းရဲ့မျက်လုံးကိုမှိတ်လိုက်တဲ့အခန်းဆို မျက်နှာအမှုအယာသေးသေးလေးတွေကအစမြင်ရတယ်၊မင်းရဲ့နာကျည်းချက်၊ကြိတ်မှိတ်သည်းခံခြင်းတွေ စိုးရိမ်ပူပန်မှု ကို့ယ်ကိုယ်ကိုအတင်းအကြပ်ချုပ်တည်းထားမှုတွေက ဇာတ်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုတောင်မှာမှလှည့်ကွက်အနည်းငယ်ရှိလာစေတယ် အားလုံးချုံပြောရရင် မင်းရဲ့စိတ်ခံစားချက်တွေကို သုံးဘက်မြင်ပုံရိပ်လိုမြင်ရတယ်"

ချီးကျူးခံရခြင်းကြောင့် ရွှီလော့ယန်ရဲ့နှုတ်ခမ်းထောင့်မှာမြင့်တတ်လာရကာ နှိမ့်ချခြင်းပင်လုံး၀ကိုမရှိတော့ပေ။

"ကျွန်တော်က တော်တယ်မလား ဟုတ်တယ်ဟုတ်"

ချီချန်အန်း ခေါင်းညိတ်ပြလိုက်ကာ"အင်း မင်းကအရမ်းတော်တာပဲ မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကအရင်ကထက်ပိုပြီးတိုးတတ်လာတယ်"

သူ့နှလုံးသားထဲစိတ်လှုပ်ရှားမှုတွေ အပြည့်ဖြစ်သွားတာကြောင့် ရွှီလော့ယန်ကဖုန်းကိုထုတ်လိုက်ကာ အမြန်တင်လိုက်သည်။

"ချန်အန်းကပြောတယ် ငါ သရုပ်ဆောင်တာတိုးတတ်လာတယ်တဲ့"

ချီချန်အန်းကပြန်ပြီးrepostလုပ်တဲ့အချိန်ရောက်တော့ postအောက်ကမှတ်ချက်တွေကဂဏန်း ငါးလုံးနီးပါးရှိနေလေပြီ။

[ အိုး...သိပြီ ငါတို့အားလုံးသဘောပေါက်ပြီ စိတ်ကူးယဉ်နေတဲ့ခွေးတွေကိုညှင်းပန်းနိုက်စက်နေတာပဲ ]

[ မင်း ချီးကျူးခံရပြန်တာလား အမ် ခွေးစာတွေကိုနောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ကြဲနေတာပဲ ]

[ တရား၀င်ချစ်ခင်ကြောင်းပြသတဲ့ပွဲကို ငါစိတ်တောင်မလှုပ်ရှားပါဘူး၊မီတာ၈၀၀ပြေးလမ်းမှာခွေးစာတွေကိုတိတ်တိတ်လေးကောက်နေတယ် ]

တွေးကြည့်တော့မှ ချီချန်အန်းက မှတ်ချက်မပေးဘဲ ဒီအတိုင်းပြန်တင်လိုက်တာပဲ။

မှောင်လာတော့မှ ရိုက်ကူးရေးသိမ်းလိုက်သည်။ရွှီလော့ယန်က အင်္ကျီလဲလိုက်ပြီး ချီချန်အန်းကိုညစာစားဖို့ခေါ်သွားသည်။နှစ်ယောက်သား မြို့တစ်ပတ်လျှောက်သွားနေပြီး ၉နာရီကျော်တော့မှပဲ ဟိုတယ်ကိုပြန်ရောက်လာတော့ ချူးဝေ့နှင့်အပေါက်၀မှာတိုးလေသည်။

"ဟယ်လို ဒါရိုက်တာချူး"

ရွှီလော့ယန်ရဲ့မျက်နှာပေါ်မှအပြုံးတစ်ခုကြောင့် စိတ်အခြေအနေကြည်လင်ကောင်းမွန်နေပုံရပြီး နှုတ်ဆက်လိုက်ကာ ချီချန်အန်းကိုင်ထားတဲ့တုပ်ထိုးသကြားလုံးများစွာထဲကတစ်ခုကို ချူးဝေ့အားပေးလိုက်သည်။

ချူးဝေ့က တုပ်ထိုးသကြားလုံးကိုယူလိုက်ပြီး ပုံမှန်အတိုင်းမေးလိုက်သည်။

"ချန်အန်းကမနက်ဖြန်ပြန်တော့မှာ မှတ်လား၊ဒီဟိုတယ်ကလူပြည့်နေလို့ အခန်းမကျန်တော့ဘူး၊ဘေးနားကဟိုတယ်ကို အခန်းလွတ်ကျန်သေးလားမေးမလို့ပြင်နေတာ"

ချီချန်အန်းက ရပ်နေလျက် ဘာမှပြန်မပြောပေ။

နောက်ထုတ်တုတ်ထိုးသကြားလုံးတစ်ချောင်းကိုဆွဲယူလိုက်ပြီး ရွှီလော့ယန်ကပြုံးပြုံးရွှင်ရွှင့်ဖြင့်ပြန်ဖြေလေသည်။

"ကျေးဇူးပါ ဒါရိုက်တာချူး၊ဒါပေမယ့် မေးဖို့မလိုဘူး ချန်းအန်းကဒီညကျွန်တော်နဲ့နေလိမ့်မယ်"

ပြောရင်း ချီချန်အန်းကိုထပ်ကြည့်လိုက်ပြီး "ဟုတ်တယ်မလား"

ရွှီလော့ယန်စိတ်ထဲမှာတွေးနေတာက ဒီတခေါက်လျန်ချိုးပါမလာတော့ ချီချန်အန်း အဝေးမှာနေပြီး ညသန်းခေါင်ကြီးဖျားနေရင် သူဘယ်လိုလုပ်မလဲ၊အဲ့တော့သူနဲ့နေတာပိုပြီးတော့ စိတ်ချရလေသည်။

"အင်း"

ချီချန်အန်းက ခေါင်းညိတ်ပြလိုက်ပြီး "လော့ယန်နဲ့ပဲနေလိုက်ပါတော့မယ် ကျေးဇူးတင်ပါတယ် ဒါရိုက်တာချူး"

ချူးဝေ့က ညလယ်စာစားရန်အပြင်ထွက်တော့မှာဖြစ်တာကြောင့် သူဘာမှလုပ်ပေးစရာမလိုတာကိုသိလိုက်ရသည်နှင့်ချက်ချင်းပင်လက်ခံလိုက်၏။

"ကောင်းပြီးလေ မင်းတို့တွေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိရင်လည်း ပြီးတာပဲ"

နှစ်ယောက်သား ဧည့်ကြိုကောင်တာကိုသွားကာခရီးဆောင်အိတ်ကိုသွားယူလိုက်ပြီး အခန်းထဲကိုတူတူပြန်လာကြသည်။တံခါးကိုပိတ်လိုက်ပြီးနောက် ရွှီလော့ယန်တသ်ယောက် ဗီရိုထဲကနေသန့်ရှင်းတဲ့ခေါင်းအုံးတွေကိုထုတ်ယူလိုက်ပြီး ကုတင်ပေါ်ကိုတင်လိုက်သည်။ဘေးချင်းကပ်နေတဲ့ခေါင်းအုံးနှစ်လုံးကိုမြင်တော့ သူချက်ချင်းကိုပြုံးမိသွားရသည်။

သူရဲ့လခြမ်းပုံစံမျက်ခုံးတွေကိုမြင်တော့ ချီချန်အန်းကမထိန်းနိုင်ဘဲပြုံးမိသွားရသည်။

ချီချန်အန်းရေချိုးပြီးထွက်လာတာနဲ့ ရွှီလော့ယန်က ရေချိုးခန်းထဲတန်း၀င်သွားသည်။သူ့ဆံပင်ကိုလေမှုတ်နေတုန်း စားပွဲပေါ်မှာ ရွှီလော့ယန်လက်ရေးဖြင့်ရေးထားသည့် ဇာတ်ကောင်ခွဲခြမ်းစိတ်ဖြာထားတဲ့ စာရွက်အထပ်လိုက်ကိုတွေ့လိုက်ရသည်၊ထိုထဲ၌ ဇာတ်ကောင်ရဲ့စိတ်ခံစားချက်၊စိတ်ပိုင်းဆိုင်ရာအခြေအနေ နှင့် သူနဲ့အတူတွဲဖက်ပြီးသရုပ်ဆောင်ရတဲ့ အဓိကဇာတ်ပို့များကိုနားလည်မှု စသည့်ဖြင့်ပါ၀င်လေသည်။ရှငရှင်းလင်းလင်းဖြင့်စနစ်တကျရေးသားထားကာ စာရွက်တွေကိုအစဉ်လိုက်နံပါတ်တပ်ထားပြီး ဘေးနားကဇာတ်ညွှန်းစာအုပ်ရဲ့အနားတွေပင် ဟောင်းနွမ်းနေ၏။

ချီချန်အန်း၏နှလုံးသားမှာ ရုတ်တရတ်ဆိုသလိုပျော့ပျောင်းသွားရသည်။ရွှီလော့ယန်က အမှန်တကယ်ပင်အလုပ်ကြိုးစားနေတာဖြစ်သည်။ထိုအချိန် တံခါးခေါက်သံကိုကြားလိုက်ရတာကြောင့် ချီချန်အန်းတံခါးသွားဖွင့်လိုက်လေသည်။

"ရှားလောင်ရှီး" ချီချန်အန်းက အံဩမသွားပေ။

ရှားနန်ရဲ့မျက်နှာပေါ်ကအပြုံးအားလုံး တံခါးလာဖွင်တဲ့သူကချီချန်အန်းဖြစ်နေတာကိုမြင်တော့ ပျောက်ကွယ်သွားရသည်။

"ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေရတာလဲ"

သူကအထဲကိုတချက်ကြည့်လိုက်ကာ ပြုံးလျက်"လော့ယန်ကော"

"သူ ရေချိုးနေတယ်"

ချီချန်အန်းရဲ့မျက်နှာအမှုအရာကပုံမှန်အတိုင်းပင်ဖြစ်ပြီး လေသံကမူ နူးညံညင်သာနေဆဲပင်။

"ခင်ဗျား အတွက်ဘယ်လုပ်ပေးရမလဲ"

ရှားနန် စကားတောင်မပြောနိုင်တော့ချေ။

သူနှင့်လော့ယန် variety showတစ်ခု၌တွေ့ခဲ့ကြပြီး showကြောင့် လပေါင်းများစွာအတူနေခဲ့ကြရသည်။variety showပြီးတော့ သူစိတ်ကိုဆုံးဖြတ်ချက်ချကာရွှီလော့ယန်ကို နှစ်နှစ်တိတိပိုးပန်းခဲ့လေသည်။သို့ပေမယ့် နောက်ဆုံးမှာတော့ သူရွှီလော့ယန်ကိုတကယ်ကြိုက်လို့လား ဒါမှမဟုတ် သူနှလုံးသားကိုအနိုင်မယူနိုင်တာကြောင့် မကျေနပ်တာလားဆိုတာကိုတောင်မှ မသေချာတော့ပေ။

ရွှီလော့ယန် မကြာခင် အချိန်မရွေး ရည်းစားရသွားမှာမဟုတ်တာသေချာမှပဲ သူအချိန်အတိုင်းအတာတစ်ခုထိလက်လျော့လိုက်ကာ အရာအားလုံးပြန်စဉ်စားဖို့ပြင်လိုက်လေသည်။လွန်ခဲ့တဲ့အချိန်အတိုင်းအတာအတွင်း ရွှီလော့ယန်နဲ့ ပတ်သတ်သည့်သတင်းများတွင် ချီချန်အန်းဆိုသည့်တခြားလူတစ်ဦးဦးရဲ့နာမည်ပါလာတာများပြားလာတော့မှပဲ သူရုတ်တရတ် ဘေးကျပ်နံကျပ်ဖြစ်လာရတော့သည်။

အစကသူထင်တာ ရွှီလော့ယန်သူ့ကိုမတုံ့ပြန်တာက အလုပ်ကိုပဲအာရုံစိုက်ချင်ပြီး ရည်စားထားရန်အဆင်သင့်မဖြစ်သေးတာကြောင့်ဟုထင်ခဲ့လေသည်။

ဒါပေမယ့် ကြည့်ရတာသူထင်တာမှားသွားပုံရသည်။

"မင်းနဲ့လော့ယန်က"

အဲ့ဒီအချိန်၌ ရွှီလော့ယန်ရဲ့အသံတိုးတိုးထွက်လာပြီး "ချန်အန်း ကျွန်တော်ကိုတဘက်ယူလာပေးဦး"

"တဘက်ယူလာပေးလို့ရမလား"ဟုယဉ်ယဉ်ကျေးကျေးပြောတာမျိုးမဟုတ်ဘဲ ထိုအစား "ကျွန်တော်အတွက် တဘက်ယူလာပေး"လို့ပြောတာဖြစ်သည်။

ရင်းနှီးတာကတော်ရုံမဟုတ်ပေ။

"ရှားလောင်ရှီး အထဲကို၀င်ပြီးစောင့်မလား"

ရှားနန်ကခေါင်းခါလိုက်ကာ "မဟုတ်ဘူး ရတယ်၊လော့ယန်ကိုလက်သက်သာသွားပြီးလားလို့မေးချင်ရုံလေးပါ"

သူ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပေမယ့် အဆုံးတွင် ဘာမှမပြော‌ဘဲထွက်သွားလေသည်။

ချီချန်အန်းက သူ့နောက်ကတံခါးကိုပိတ်လိုက်ကာ ကုတင်ဘေးကရေချိုးတဘက်ကိုယူပေးလိုက်ပြီး ရေချိုးခန်းထဲထည့်ပေးလိုက်သည်။ကုတင်ပေါ်၌တစ်ခုနှင့်တစ်ခု ဘေးချင်းယှဉ်ပြီးချထားတဲ့ခေါင်းအုံးနှစ်ခုကိုလှည့်ကြည့်လိုက်ကာ မတ်တပ်ရပ်ရင်း ပြုံးလိုက်မိသည်။

သူဘေးနားမှာ သူငယ်ချင်းအဖြစ်နဲ့နေဖို့ဆုံးဖြတ်ထားကာ သူရဲ့ပိုင်ဆိုင်လိုစိတ်ကိုချုပ်ထိန်းထားပေမယ့် တစ်စုံတစ်ယောက်က သူကိုချည်းကပ်နေတာကိုသိလိုက်ရတော့ သူသာအမြန်ရောက်မလာဘဲ တစ်စက္ကန်လေးသာနောက်ကျသွားပါလျှင် ရွှီလော့ယန်ကိုလုယူသွားမှာကို သူစိုးရိမ်နေခဲ့ရ၏။

အသံတိုးတိုးဖြင့် ရေချိုးခန်းတံခါးပွင့်လာပြီး အဖြူရောင်ရေနွေးငွေ့တွေထွက်လာလေသည်။ရွှီလော့ယန်ကညအိပ်အင်္ကျီ၀တ်ထားကာအပူရှိန်ကြောင့်သူ့အသားရေကနည်းနည်းနီနေသည်။

"တံခါးခေါက်သံ ကြားလိုက်သလိုပဲ"

ချီချန်အန်းက ခေါင်းညိတ်လိုက်ပြီး"အင်း ရှားနန်ပါ၊မင်းလက်သက်သာသွားပြီးလားလို့ လာမေးတာ"

ရွှီလော့ယန်က စိတ်အေးသွားသည့်ပုံဖြင့်သက်ပြင်းချလိုက်ကာ"ဇာတ်ညွှန်းအကြောင်းပြောမလို့များ ကျွန်တော်ကိုလာတွေ့တာလားလို့ထင်သွားတာ"

"သူ အမြဲမင်းဆီကိုလာနေကျလား"

"အင်း သူဒီကိုပထမဆုံးစရောက်တဲ့နေက စာသားတွေကောင်းကောင်းမမှတ်နိုင်လို့ ဒါရိုက်တာချူးဆီကနေဆူခံထားရတာ ဒါကြောင့် သူအမြဲကြိုးစားပြီး ကျွန်တော်ဆီလာလို့ရရင်လာနေကျလေ"

ရွှီလော့ယန်က ဆံပင်အားသဘက်ဖြင့်သုပ်လိုက်ကာ "ဒါပေမယ့် ကျွန်တော်တို့ကရိုက်ကူးရေးတစ်ခုတည်းကဆိုပေမယ့်အရင်တည်းက တစ်ယောက်နဲ့တစ်ယောက်သိတယ်လေ၊ ဒါကြောင် ကူလို့ရရင်ကူပေးလိုက်တာ နောက်ပြီး သူစာသားတွေပြောနိုင်ရင် ရိုက်ကူးရတာပိုမြန်တာပေါ့"

သူကပြောနေရင်း ပြုံးလိုက်ကာ"ဒါပေမယ့် သူကအားနာ‌တတ်ပုံရတယ် သူလာတိုင်းအမြဲမုန့်တွေယူလာပေးတယ် ကျွန်တော်ကဝိတ်ထိန်းနေရတော့ တိဇီဆီပဲအကုန်ရောက်တာပါလေ"

ချီချန်အန်းကစကားကိုဆက်ပြီးမပြောတော့ဘဲ ထို့အစား"မင်းရဲ့လက်တွေ အားမရှိဘူးဆို ကိုယ်ကူပြီးလေမှုတ်ပေးရမလား" ဟုသာမေးလိုက်သည်။

"တကယ်တော့ ကျွန်တော်လက်ကသက်သာသွားပါပြီ"

ထိုသို့ ပြောလိုက်ပေမယ့် ရွှီလော့ယန်ကအမြန်ထိုင်ခုံတစ်လုံးကိုယူကာ ချီချန်အန်းရှေ့၌၀င်ထိုင်လိုက်သည်။

လေမှုတ်စက်ကိုဖွင့်လိုက်ကာ ချီချန်အန်းရဲ့လက်တွေကရွှီလော့ယန်ရဲ့ဆံပင်တွေကိုညင်သာစွာဂရုတစိုက်ပွတ်သပ်နေပြီး အခန်းထဲ၌လေမှုတ်စက်ကထွက်တဲ့အသံကိုသာကြားနေရသည်။

တစ်နေ့လုံးအလုပ်လုပ်ထားရတာကြောင့်ရွှီလော့ယန်ကစိတ်ကောလူကောပင်ပန်းနေပြီဖြစ်ကာ ဦးရေပြားပေါ်ကလက်ရဲ့ဖိအားကအရမ်းကိုသက်တောင့်သက်သာရှိလွန်းလှတာကြောင့် ထိုင်ခုံပေါ်၌အိပ်ပျော်သွားလေသည်။

ရွှီလော့ယန်ဆံပင်တွေကိုခြောက်သွေ့အောင်မှုတ်လို့ပြီးသွားတော့ချီချန်အန်းကလေမှုတ်စက်အားစားပွဲပေါ်သို့ထင်လိုက်ကာ ကုန်းလိုက်ပြီးရွှီလော့ယန်အားမကာ ကုတင်ပေါ်ကိုတင်ပေးလိုက်သည်။အိပ်ချင်မူးတူးဖြင့် ရွှီလော့ယန်ကသူ့ဘက်ကိုလှည့်လာပြီး ချီချန်အန်းအိပ်ရန် ကုတင်တစ်၀က်နေရာချန်ပေးရန်သတိရသွားလေသည်။

ချီချန်အန်းက ကုတင်အစွန်းနားမှာရပ်နေပြီး ရွှီလော့ယန်ရဲ့လှုပ်ရှားမှုတွေကြောင့်ပေါ်လာတဲ့လည်ပင်းကpeace claspလေးကိုကြည့်ကာ ဘာလုပ်ရမလဲမသိတော့ပေ။

သူက တကယ့်ကိုသူရဲ့အန္တရာယ်ပင်။

သူက ဘာမှမလုပ်ရင်တောင်မှ အလွယ်လေးသူရဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကိုလဲပြိုသွားစေနိုင်၏။

___

Translated By IQ-Team.

Continue Reading

You'll Also Like

35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
2K 262 18
BL novel အသစ်လေး update ထားပါတယ် ဖတ်ရှုအားပေးကြပါဦးရှင့်🥰🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Tr...
255K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
28.6K 2.7K 34
Status in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆ...