ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20.2K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

180 29 0
By phyolay1991

🍬Chapter 41
------------

"အင်း ကျွန်တော်အခုပဲ လေယာဉ်ပေါ်က ဆင်းလာတာ ကျွန်တော်က နှစ်သစ်ကူးကို ရိုက်ကွင်းမှာပဲ အချိန်ကုန်ရမယ်ထင်နေတာ ဒါရိုက်တာချူးက အရမ်းကြင်နာတတ်လိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူးရယ်"

ရုတ်တရက် သူ့နာမည်ကို တစ်ယောက်ယောက်ကအော်ခေါ်လိုက်တာကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သောအခါ၊ သူ့အရှေ့မှ ခပ်လှမ်းလှမ်းတစ်နေရာတွင် ပရိတ်သတ်များက စုဝေးနေကာ သူ့နာမည်ပါသည့် ဆိုင်းဘုတ်များကိုင်ထားတာကို မြင်လိုက်ရသည်။

မန်နေဂျာရော၊ လက်ထောက်ရော ပါမလာသည့်ရွှီလော့ယန်မှာ စိတ်ရှုပ်သွားရသည်။

လခွမ်း၊ သူ့ပရိသတ်တွေက FBI ကများလား။

သို့သော် နှစ်ဖက်လုံး၌ အမြဲလိုလို နားလည်မှုရှိကြရာ၊ ရွှီလော့ယန်က သူ့တို့ထံလျှောက်သွားပြီး အသံကိုမြှင့်ကာ "ပျော်ရွှင်စရာ နွေဦးပွဲတော်ပါ ကောင်မလေးတို့ ငါ နှစ်မိနစ်လောက် ရပ်ပြီး ပို့စ်ပေးမှာမို့ မင်းတို့ ရိုက်ချင်သလောက်ပုံတွေရိုက်လို့ရတယ် ဟုတ်ပြီလား ပြီးသွားရင်တော့ ငါ့ကိုသွားခွင့်ပြုနော် နှစ်သစ်ကူးအကြိုနေ့ဖြစ်တာမို့ ငါ့မိသားစုက နှစ်သစ်ကူးညစာစားပွဲအတွက် စောင့်နေတယ်လေ"

သူ၏သနားစဖွယ်အမူအရာကြောင့် ပရိသတ်များက သဘောတကျနှင့် သဘောတူလိုက်ကြသည်။ ထို့နောက် အတိအကျကို နှစ်မိနစ်ကြာပြီးသည့်အခါ၊ သူတို့က အသိစိတ်ရှိရှိဖြင့် သူ့သွားရန်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သို့သော် အိမ်၌ နှစ်သစ်ကူးညစာစားပွဲအတွက် သူ့ကိုစောင့်နေမည့်သူ တစ်စုံတစ်ယောက်မျှမရှိပေ။ တံခါးကို ဖွင့်လိုက်သည့်အခါ၊ အိမ်ကတိတ်ဆိတ်နေခဲ့သည်။ မည်သည့်အစွန်းအထင်းမျှမရှိ သန့်ရှင်းနေသော်လည်း လူအများ ပြောဆိုဆက်ဆံရာမှထွက်ပေါ်လာသည့် ဆူညံသံတစ်စုံတစ်ခုမှ ရှိမနေပေ။ သူ့ခရီးဆောင်သေတ္တာကို ဧည့်ခန်းတွင်ထားလိုက်ပြီး သူက ရေချိုးခန်းထဲသို့ တန်းဝင်ကာ ရေချိုးပြီး အိပ်ရာထဲ ပစ်လှဲလိုက်သည်။ နှစ်သစ်၏ပထဆုံးရက်သို့ရောက်သည်အထိ အိပ်စက်ရန် သူကအဆင်သင့်ဖြစ်နေလေပြီ။

သူက မှိန်းနေစဉ် တံခါးမှလူခေါ်ခေါင်းလောင်းမြည်သံကို ကြားလိုက်ရသည်။ ဆံပင်များရှုပ်ပွနေသည့် ရွှီလော့ယန်က သူ့ခြေထောက်များကို အိမ်တွင်းစီးဖိနပ်ထဲ ထိုးထည့်ကာ တံခါးထံသို့ လျှောက်သွားလိုက်သည်။ အဆောက်အဦးကြေးလည်းပေးပြီးပြီ ၊ စားသောက်ဆိုင်မှ မှာယူထားတာလည်းမရှိ၊ ပစ္စည်းလာပို့လာရန်လည်း မရှိ၊ ကျန်းကောသည်ပင် သူ့မိသားစုနှင့် နှစ်သစ်ကူးရန် အိမ်ပြန်သွားပြီဖြစ်သည်။

ယခုအချိန်ကြီး သူ့ကိုလာရှာနေသည်မှာ မည်သူဖြစ်နိုင်မည်နည်းဟု သူ့မျက်လုံးများကို ပွတ်သပ်ကာ စဉ်းစားနေမိသည်။

တံခါးကိုဖွင့်လိုက်ပြီး အရှေ့တွင်ရပ်နေသောသူကို မြင်လိုက်ရသည့်အခါ ရွှီလော့ယန်က ကြောင်အသွားရသည်။ ထို့နောက် သူက "ချန်အန်း" ဟု ရေရွတ်လိုက်မိ၏။

ချီချန်အန်းက သူ့တံခါးကိုခေါက်နေသကဲ့သို့သောအဖြစ်အပျက်မျိုး သူ့ထံမရှိခဲ့ဖူးပေ။

တစ်လပိုင်း တစ်ဆယ့်ရှစ်ရက်နေမှစတင်၍ ချီချန်အန်းကို သူမမြင်ရသည်မှာ တစ်လပင်ရှိနေပြီဖြစ်သည့်အတွက် သူက ထိုသူ၏မျက်နှာဆီမှ အကြည့်မလွှဲနိုင်ဖြစ်နေရသည်။

"နျောင်နျောင်၊ ပျော်ရွှင်စရာ နှစ်သစ်ကူးပွဲတော်နေ့ပါ"

ချီချန်အန်းက အိုဗာဆိုဒ်ကုတ်အင်္ကျီအရှည်၊ အနက်ရောင်ကိုဝတ်ဆင်ကာ လက်ထဲ၌လည်း နေ့လည်စာဘူးကြီးနှစ်ဘူးကိုကိုင်ထား၍ တံခါးဝ၌ရပ်နေလေ၏။

ရွှီလော့ယန်က ရုတ်တရက်စကားမပြောနိုင်ဖြစ်သွားရကာ၊ အတန်ကြာသည်အခါမှ 'ပျော်ရွှင်စရာ နှစ်သစ်ပါ" ဟု ပြန်ပြောနိုင်သွားသည်။

သူက အူကြောင်ကြားနှင့် သူ့လက်ချောင်းများကိုပင်ဆွဲဆိတ်မိလိုက်၏။

အဲ့ဒါကနာတယ်၊ နာတယ်၊ နာတယ်။ ဒါက တကယ်ကြီး အိပ်မက်မဟုတ်ဘူးဘဲ။

ရိုက်ကွင်း၌ အဖွဲ့သားများအားလုံးရှိနေသည့်အခါကလွဲ၍၊ မည်သူတစ်စုံ‌တစ်ယောက်ကမျှ သူနှင့်အတူတူ နှစ်သစ်ကူးအကြိုနေ့ကို မဖြတ်သန်းသည်မှာ အင်မတန်မှ ကြာမြင့်လှပြီဖြစ်သည်။ သူ့အနားရှိသူငယ်ချင်းများအားလုံးမှာလည်း ပြန်လည်တွေ့ဆုံခြင်းပွဲပြုလုပ်ရန် အသီးသီးမိသားစုများ ရှိကြသည်။ နှစ်သစ်ကူးအကြိုနေ့တွင် သူ့ထံဖုန်းခေါ်ဆိုသည်ကပင် အတော်လေးကို ကောင်းမွန်သည့် သူငယ်ချင်းဆက်ဆံရေးဖြစ်နေလေပြီ။ ထို့ပြင် သူက နှစ်သစ်ကူးအကြိုနေ့၌ တစ်ယောက်တည်းဖြစ်နေတာကို ကျင့်သားရနေပြီဖြစ်၏။

ချီချန်အန်းက အိမ်တွင်းစီးဖိနပ်ကိုလဲဝတ်ကာ နေ့လည်စာဘူးများကို မီးဖ်ုချောင်သို့ သယ်သွားတာကို တံခါး၌ ရပ်ကြည့်ရင်း ထိုသူက ညစာပါစားပြီးသွားသည့်အခါမှ ပြန်လျှင် သူကအလွန်ပင် ပျော်နေမိမည်ဟု သူ့ဘာသာသူတွေးနေမိသည်။ ထိုသို့တွေး၍၊ သူ့ရှပ်အင်္ကျီအိပ်ကပ်များထဲ လက်ထည့်ကာ၊ တံခါးဘောင်ကိုမှီရင်း ပြုံးနေမိသည်။

ပန်းကန်များကိုရှာမတွေ့သည့် ချီချန်အန်းက တံခါးဝတွင်ရပ်နေသော သူ့ထံလှည့်ကာ လက်လှမ်းပြ၍ "နျောင်နျောင်၊ ပန်းကန်တွေက ဘယ်မှာလဲ"

သူဝယ်ပြီးသည့်အချိန်မှ ယခုထိတစ်ခါမှ အသုံးမပြုရသေးသည့် ပန်းကန်များကို ထုတ်၍ ဟင်းပွဲများကို ဖြည်ကာ ကူညီနေရာချထားပေးရင်း ရွှီလော့ယန်က ပြုံးနေခြင်းကို မရပ်နိုင်တော့ပေ။

'ဗုဒ္ဓခုန်ထ'ဟင်းပွဲအား တွေ့လိုက်ရချိန် သူ့မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး "သေချာတာပေါ့ ချန်အန်းကောက အကောင်းဆုံးပဲ"

ခံနိုင်ရည်အားမဲ့စွာနှင့် ချီချန်အန်းက သူ့ရဲ့ရှုပ်ပွနေသောဆံပင်များကို ထိုးဖွရန်လက်လှမ်းလိုက်သည်။

"ဒါကို မင်းအခုမှသိတာလား"

ဟင်းပွဲငါးမျိုးနှင့် ပမာဏများများပါသည့်စွတ်ပြုတ်တစ်ပွဲကို သူတို့နှစ်ယောက် စားပွဲပေါ်သို့ သယ်သွားကြသည်။ ရွှီလော့ယန်က ပျော်ရွှင်စွာပင် ဝိုင်ပုလင်းကိုပင် သွား၍ထုတ်ယူကာ၊ တီဗီမှအသံကို နည်းနည်းချဲ့လိုက်ပြီး နှစ်သစ်ကူးညစာစားပွဲပုံစံအတိုင်း စားသောက်လိုက်၏။

ရွှီလော့ယန်ရဲ့ သူ့မျက်လုံးတွေက လခြမ်းကွေးလေးများသဏ္ဍာန်ထွင်းထုထားသည်အလား တစ်ချိန်လုံးပြုံးနေခဲ့သည်။ ဟင်းပွဲတိုင်းက အထူးတလှယ်ပင် စားကောင်းပြီး ဝိုင်ကလည်း အမှန်ပင် အရသာရှိကြောင်း သူကတွေးနေမိသည်။

သူပုလင်းနှစ်ပုလင်းမျှသောက်ပြီးသွားတာကို မြင်သောအခါ၊ ချီချန်အန်းက လှမ်း၍ ပုလင်းကို ဖယ်လိုက်ပြီး "မသောက်နဲ့တော့လေ မင်းမူးနေလိမ့်မယ်"

ခေါင်းကိုခါရမ်းပြနေသည့် ရွှီလော့ယန်က အမှန်တကယ်ပင် သိပ်မမူးသေးပေ။ နည်းနည်းလေး ရီဝေဝေဖြစ်နေရုံသာ။ သူက မေးထောက်လိုက်ပြီး ချီချန်အန်းကို စိုက်ကြည့်ကာ၊ သူ့စိတ်ထဲတွင် ရစ်ဝဲနေသည့်အတွေးများကို ထုတ်ပြောနိုင်သည်အထိ ဝိုင်ရဲ့တွန်းအားဖြင့် သူကသတ္တိရှိနေလေ၏။

"ချန်အန်း မင်း ကျွန်တော်နဲ့အတူတူနေပြီး နှစ်သစ်ကူးအကြိုနေ့ကို ဖြတ်သန်းနိုင်မလားဟင်"

သူ့နှုတ်မှထိုစကားလုံးများထွက်သွားသည်နှင့် သူကနောင်တရသွားသည်။ သူက အရမ်းလွန်သွားတယ်ဟု ခံစားရသော်လည်း ဘာလုပ်ရမှန်းမသိပေ။ သို့သော်လည်း သူက အမှန်ပင် ချီချန်အန်းနှင့်အတူ၊ နှစ်သစ်ကူးအကြိုနေ့ကိုဖြစ်သန်းချင်လေသည်။

ရွှီလော့ယန်က သူညစာစားပြီးသည်နှင့် ပြန်သွားလိမ့်မည်ဟု ရွှီလော့ယန်ကထင်နေမှန်း ချီချန်အန်းကချက်ချင်းနားလည်လိုက်သော်လည်း သူက များများစားစားမရှင်းပြတော့ဘဲ ခေါင်းသာညိတ်ပြလိုက်၏။

"ကောင်းပြီလေ ကိုယ်တို့အတူတူ နှစ်သစ်ကူးအကြိုနေ့ကို ဖြတ်သန်းကြတာပေါ့"

နှစ်စက္ကန့်လောက် ကြောင်အသွားပြီး ချက်ချင်းပင် ရွှီလော့ယန်ရဲ့မျက်နှာထက်မှအပြုံးက ပိုမိုကျယ်ပြန့်သွား၏။

"ကျွန်တော်အရမ်းပျော်တာပဲ"

စားသောက်ပြီးသွားကြသည့်အခါ၊ ချီချန်အန်းက ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ ရွှီလော့ယန်က သူ့နဖူးကိုပွတ်ကာ စန္ဒယားအဖုံးကိုဖွင့်လိုက်၏။

စန္ဒယားခုံ၌ထိုင်၍ ချီချန်အန်းဘက်သို့ ခေါင်းလှည့်ကြည့်ကာ "ကျွန်တော် 'မတူသောလမ်း' ရဲ့ အဆုံးသတ်သီချင်းအတွက် စာသားတွေရေးပြီးသွားပြီ မင်းအတွက် ဆိုပြမယ်လေ မင်းက ဒါကိုကြားရတဲ့ ပထမဆုံးလူပဲ"

အခန်းတွင်းမှ မျက်နှာကြတ်အဲကွန်း၏အပူချိန်ကြောင့် ချီချန်အန်းက အနည်းငယ် ပူလောင်လာသလိုခံစားနေရသဖြင်ါသူ့ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်၍ ဆိုဖာနောက်မှီထံ လက်များတင်ကာ၊ သက်တောင့်သက်သာဖြစ်စေသည့်အပြုံးမျိုးဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

"ကောင်းပြီလေ"

ရွှီလော့ယန် အလေးအနက်သီချင်းဆိုနေတညကို မြင်ရသည်မှာ ချီချန်အန်းအတွက် ယခုက ပထမဆုံးအကြိမ်ပင်။ သူ့သီချင်းဆိုသံက ပုံမှန်စကားပြောသံနှင့် အနည်းငယ်ကွဲလွဲလေသည်။

'မတူသောလမ်း'၏ အဆုံးသတ်သီချင်းက ပို၍စာသားများ များသောကြောင့် ပထမဆုံးစာသားနှစ်ကြောင်းမှာ သိသိသာသာပင် အလွန်နူးညံ့သော အသက်ရှုသံနှင့်အတူ ၊ နှာခေါင်းသံဖြင့် သီဆိုနေသည်မှာ  တောင်ပေါ်မှ စီးဆင်းလာသော ရေများကဲ့သို့ပင်။

သို့သော် အလယ်အပိုဒ်သို့ရောက်သောအခါ ‌ဝမ်းနည်းကြေကွဲနေသည့် အသံအဖြစ်သို့ပြောင်းလဲသွားသည်မှာ သူ့နှလုံးသားအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသကဲ့သို့သော ခံစားချက်အား ပေးစွမ်းလေသည်။

သီချင်းဆုံးသွားသည့်အခါ စန္ဒယားသံ၏ အဆုံးသတ်သံစဉ်က လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားလေသည်။ ရွှီလော့ယန်က စန္ဒယားခုံတွင် ခဏမျှဆက်ထိုင်နေပြီး ရုတ်တရက် သူ့ကိုယ်က ငိုက်ကျသွားကာ သူ့ခေါင်းက စန္ဒယားခလုတ်များနှင့် ဒေါင်ခနဲ ရိုက်မိသွားသည်။

ထိုအသံက ရွှီလော့ယန်အား ရီဝေဝေဖြစ်နေရာမှ ခုန်ထစေကာ၊ သူက ချီချန်အန်းထံ ခြေလှမ်းအနည်းငယ်ဖြင့် အပြေးသွားကာ ကြောက်လန့်စွာမေးလိုက်သည်။

"ချန်အန်း ကျွန်တော်ကို ကူပါဦး အဲ့ဒါက ယောင်သွားပြီ ဖူးယောင်နေပြီလား ကျွန်တော်က ဆံပင်တုဝတ်ပြီး ခေါင်းဆောင်း ဆောင်းရမှာ ကျွန်တော်နဖူးပေါ် အာလူးသီးထပြီးပြန်သွားရင် ဒါရိုက်တာချူးက ကျွန်တော်ကို ဟာသသလုပ်မှာ"

ရယ်ရယ်မောမောဖြင့် ချီချန်အန်းက သူ့နဖူးထက်မှဆံနွယ်စလေးများကို လှန်ကာ သေသေချာချာကြည့်လိုက်ပြီး "မယောင်ပါဘူး မင်းက အရမ်းချောနေတုန်းပါပဲ"

ထိုသို့ပြောကာ၊ သူ့လက်မဖြင့် ရွှီလော့ယန်၏နဖူးကို ဖွဖွလေးပွတ်လိုက်ကာ "နျောင်နျောင် မနာတော့ဘူးနော်"

ချီချန်အန်း၏မျက်ဝန်းများကိုကြည့်ကာ ရွှီလော့ာန်၏မျက်လုံးများက ချဉ်စူးစူးဖြစ်လာရသည်။

သူ့ဆံပင်များကို သပ်သပ်ရပ်ရပ်ပြင်ကာ၊ ဖုန်းဖြင့် ဆယ်လ်ဖီရိုက်ပြီး၊ နှစ်သစ်ကူးဆုတောင်းစကားနှင့်အတူ ဝေးပေါ်သို့ ရွှီလော့ယန် ပို့စ်တင်လိုက်သည့်အခါ တစ်ဆယ့်တစ်နာရီခွဲပင် ရှိနေပြီဖြစ်သည်။ အပေါ်အောက် ဆွဲကြည့်နေရင်း သူ၏ပို့စ်ဆယ်ခုတွင် ငါးခုက ဆယ်လ်ဖီပုံများဖြစ်ကာ  ပုံတစ်ပုံချင်းစီရဲ့ ထောင့်များကပင် မတူညီကြောင်း သူက တွေ့သွားလေ၏။

သူ့ရဲ့ OCD က အဲ့လောက်တောင် ဆိုးနေတာလား။

သူက ချီချန်အန်းကို တံတောင်ဖြင့်တွတ်ကာ၊ "ချန်အန်း၊ ကျွန်တော်ရဲ့ ဆယ်လ်ဖီပုံတွေထဲ ဘယ်ထောင့်ကရိုက်တာ ပိုကြည့်ကောင်းတယ်လို့ မင်းမြင်လဲ"

"မနှစ်က ဇန်နဝါရီတုန်းက မင်းတင်ထားတဲ့ ပုံ၊ အလင်းအမှောင်အနေထားရော၊ ကင်မရာချိန်တာရောက တော်တော်ကောင်းတယ်"

ထိုသို့ပြောပြီးနောက် နှစ်ဦးစလုံး ကြောင်အသွားရ၏။

ရွှီလော့ယန်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့စိတ်ထဲ အချက်အလက်တစ်ချို့ ဖြတ်ပြေးသွားလေသည်။

မနှစ်က နှစ်သစ်ကူးနေ့၊ အဲ့ဒါက ပို့စ်တင်ထားတာ ရက်ပေါင်း လေးရာ့ငါးဆယ် ကြာသွားပြီ။ ပြီးတော့ သူ ပို့စ်အသစ်တင်တဲ့နှုန်းနဲ့ဆို ပို့စ်တစ်ခါတင်ရင် ဓာတ်ပုံက တစ်ပုံတည်းမကလောက်ဘူး။

ချီချန်အန်းကို ကြည့်ကာ သူက မနေနိုင်ဘဲ မေးမိသည်။

"မင်း..."

ချီချန်အန်းက သူမေးလိုတာကို သိနေသည့်ဟန်ဖြင့် "အင်း ကိုယ်အကုန်ကြည့်ထားပြီးပြီ "

မင်းရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ တင်ထားတဲ့ပို့စ်တွေ့အကုန် ကိုယ်ကြည့်ပြီးပြီးပြီ...။

လှောင်အိမ်ထဲမှ ကြမ်းကြုတ်သည့်သားရဲက ရုတ်တရက် ထကြွလာလေသည်။ ပို၍လိုချင်မိကာ ပို၍ နီးကပ်ချင်သည်။ သူ့အား ပြောပြချင်သည်။ သို့သော် အဆုံး၌၊ ချီချန်အန်းက ထိုသားရဲအား ထွက်ခွာခွင့်မပြုဘဲ၊ သံလှောင်အိမ်အား ကြီးမားသည့်သော့ဖြင့် ပြန်လည်ခတ်ထားလိုက်၏။

မင်းက သူ့ကို ပုတ်ပွနေတဲ့ ရွှံ့နွံထဲ ဆွဲချမိသွားလိမ့်မယ်။

ထို့နောက်၊ မီးရှူးမီးပန်းများ ဖောက်ခွဲသံ ခပ်သဲ့သဲ့အကြားတွင် ရွှီလော့ယန် အလေးအနက်ပြောလာတာကို သူကြားလိုက်ရသည်။

"တကယ်တော့၊ မင်းဘယ်လို ပို့စ်ပေးရမှန်းမသိရင် ကျွန်တော်ကို မေးလို့ရတယ်လေ ကျွန်တော်မင်းကို သင်ပေးမယ် ကျွန်တော်ရဲ့ ပို့စ်အဟောင်းတွေကို တစ်ခုချင်းစီလိုက်ရှာကြည့်ရတာ တကယ်ခက်မှာပဲ ပြီးတော့ ကျွန်တောိပိုစ့်အဟောင်းတွေက နမူနာယူဖို့အတွက် သိပ်ပြီးတန်ဖိုးမရှိဘူး အဲ့ဒါတွေက စိတ်အလိုလိုက်ပြီး တင်ထားတဲ့ပို့စ်တွေများတယ်"

ချီချန်အန်း၏ ကိုယ်ပိုင်အကောင့်ထဲဝင်ကြည့်သည့်အခါ၊ ပို့စ်တိုင်းလိုလိုက သူ့ပိုစ်ကိုပြန်ရှယ်ထားသည့်ပို့စ် ဖြစ်နေသည်မှာ မဆန်းတော့ပေ။

ခဏလောက်တွေးလိုက်ပြီး ရွှီလော့ယန်က ဆက်ပြီးပြောသည်။

"ပြောကာမှပဲ မင်းကဒီလို persona မျိုးကို လုပ်စရာမလိုပါဘူး ဝေးပေါ် ပေါ်မှာ မင်းလုပ်ချင်တာဘာမဆို လုပ်လို့ရတယ် ဒါပေမယ့် အဲ့ဒါက အရေးပါနေသေးတယ်ဆိုတော့  မင်းစိုးရိမ်‌တယ်ဆိုတာလည်း ပုံမှန်ပါပဲ မစိုးရိမ်နဲ့တော့၊ ကျွန်တော် မင်းကို သင်ပေးမယ်။ာ"

ချီချန်အန်းက အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သို့သော် သူ့နှလုံးသားမှ တင်းကြပ်သည့်ကြိုးက အနည်းငယ်လျော့ရဲသွားသလိုပင်။

"ကောင်းပြီ ကိုယ့်ကို သင်ပေး‌ပါ"

____

ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး:

ချီချီ၊ မြန်မြန်လေး ကျွန်တော်ကို လောင်ရှီးလို့ခေါ်လေ။

___

[ လောင်ရှီး - ဆရာ ]

___

Translated By IQ-Team.

Continue Reading

You'll Also Like

241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
28.7K 2.7K 34
Status in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆ...
1.3M 46K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...