ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

Galing kay phyolay1991

20.1K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... Higit pa

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

180 29 0
Galing kay phyolay1991

🍬Chapter 39

------------

ပြောရင်းနှင့်ကျန်းသုန့်က သူ့ဖုန်းကို ရွှီလော့ယန်ဆီ ကမ်းပေးလိုက်သည်။

"အကယ်လို့များ သူမဘက်က စန်းတင်ရဲရင် ငါလည်း သူမကို လူမုန်းအောင်လုပ်နိုင်တယ် ဒါပေမယ့် မင်းကတော့ အခုရက်ပိုင်းအတွင်း အရာရာမှာ ပိုပြီး သတိထားပေါ့ မင်းကအခုတလော တော်တော်လေး လူပြောများတဲ့အကြောင်းအရာဖြစ်နေပြီးတော့ အကြောင်းကြောင်းကြောင့် hot search ပေါ်ရောက်နေတာက တခြားလူတွေက မင်းဆီလာပြီး မင်းရဲ့ကျော်ကြားမှုကို ခိုးယူချင်ကြလိမ့်မယ်"

"အိုး...ကောင်းပါပြီ"

ရွှီလော့ယန်က ဆိုရှယ်မီဒီယာ app ကို ဖွင့်ကြည့်လိုက်သောအခါ အတင်းအဖျင်းကိုတင်ထားသည့် မူရင်းဝေးပေါ်ပို့စ်အား ကျန်းသုန်ဘက ပြန်၍ ရှယ်ထားတာကိုမြင်လိုက်ရပြီး ‌သက်တောင့်သက်‌သာလေသံဖြင့် ရေးထားသေးသည်။

"လုတိနဲ့ငါလည်း အဲ့ဒီနားမှာပဲလေ ဘာလို့သူတို့က ငါတို့ကိုကျ ပုံထဲမထည့်ပေးထားတာလဲ ဓာတ်ပုံဆရာက လုံလုံလောက်လောက် ပညာရှင်မဆန်ဘူးပဲ ပြီးတော့ အချိန်နဲ့နေရာကလည်း မှားနေသေးတယ် ဒါက ဟိုတယ်ရဲ့ မနက်စာစားတဲ့နေရာ၊ အားလုံးက စောစောစီးစီးရိုက်ကူးရေးလုပ်ဖို့ အလုပ်ရှုပ်နေကြတာ"

ရွှီလော့ယန် ဖတ်လို့ပြီးသွားသည့်အခါ ကျန်းသုန့်က ဖြေရှင်းရမည့်အရာအားလုံးကို စာနှစ်ကြောင်းတည်းဖြင့် ဖြေရှင်းသွားသည်ကို တွေ့လိုက်ရသည်။ သူ့နှလုံးသားမှ တင်းကြပ်နေမှုများ ပြေလျော့သွားရပြီး သူက မူရင်းပို့စ်ကို ဝင်ကြည့်လိုက်သည်။

ထိုနေရာတွင်၊ ကောမန့်ဆက်ရှင်တစ်ခုလုံး၌ 'ကုချန်း cp ဖန်တွေက နားလည်ပါတယ်' ဟူသည့်‌ ကောမန့်များကိုသာ တန်းစီ၍မြင်လိုက်ရသည်။

သပ်ရပ်သည့်ဖွဲ့စည်းမှုကို အံ့ဩသွားရကာ၊ ရွှီလော့ယန်က screenshot ရိုက်လိုက်ပြီး အမြန်ပင် ချီချန်အန်းထံ လှမ်းပို့ပေးလိုက်ပြီး စာပါထည့်ရေးလိုက်သေးသည်။

" မစ္စတာချီး ကုချန်း cp ဖန်တွေက နားလည်ပါတယ်တဲ့~"

ဓာတ်ပုံရသည့်အချိန်တွင် ချီချန်အန်းက နေ့လည်စာစားနေခြင်းဖြစ်သည်။

လျန်ချိုးက ချီချန်အန်းထမင်းစားပြီးနောက် သောက်ရမည့် ဆေးများအားလုံးကိုယူလာကာ တင်ထားလိုက်သည်။ သို့သော် ညစာစားပွဲမှ ဟင်းပွဲများကိုကြည့်ကာ သူက ပဟေဠိဖြစ်နေမိသည်။

သခင်လေးချီရဲ့ အကြိုက်ကပြောင်းသွားတာလား။ သူက ဒီမှော်ဝင်ပေါင်းစပ်မှုဖြစ်တဲ့ ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကြော်ရယ်၊ ခရမ်းချဉ်သီးနဲ့ကြက်ဥစွပ်ပြုတ်ရယ်ကို နေ့တိုင်းစားနေတာ တော်တော်ကြာနေပြီ။

သို့သော်လည်း သူကမည်သည့်မေးခွန်းမျှမထုတ်ရဲသဖြင့်၊ ဘေးနားတွင်သာ တိတ်ဆိတ်စွာရပ်နေမိသည်။

ရွှီလော့ယန်၏ မက်ဆေ့အား စာပြန်ပို့ပြီးသည့်အခါမှသာ ချီချန်အန်းကမေးလာသည်။

"ချူးဝေ့ရဲ့လူတွေ အကြောင်းပြန်ပြီလား"

"သူတို့အကြောင်းပြန်ပါပြီ ငွေကြေးပိုင်းစီမံရတဲ့ အဖွဲ့သားတွေက ဒီနေ့မနက်ဖုန်းကနေပြီးတော့ ရန်ပုံငွေကွာဟနေတဲ့ ဒေတာတွေကို လှမ်းပို့ပေးလာပါတယ်"

လျန်ချိုးက ခဏရပ်ကာ "ဒီနေ့ဖုန်းပြောရင်းနဲ့ မစ္စတာရွှီရဲ့လက်မှာ ဒဏ်ရာရသွားကြောင်းလဲ ဒါရိုက်တာချူးက ပြောလာပါတယ်"

တူကိုကိုင်ထားသည့် သူ့လက်များကတန့်သွားကာ လျန်ချိုးအား ချီချန်အန်းမော့ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"

"လွန်ခဲ့တဲ့နှစ်ရက်လောက်က၊ မစ္စတာရွှီက တိုက်ပွဲဝင်တဲ့အခန်းကို ရိုက်ကူးနေပြီး မြားပစ်ဖို့လိုအပ်တာမို့ မြားကြိုးက သူ့လက်ကို ရှမိသွားတယ်ထင်ပါတယ် ကောင်းယွီရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်ရဲ့ အပူချိန်ကျဆင်းနေမှုနဲ့ ထပ်ပေါင်းသွားပြီး သူ့လက်ဖဝါးက အရေခွံတွေ ကွဲလာတာပါ"

ချီချန်အန်းက မည်သည့်အမူအရာမှမပြတာကို မြင်သည့်အခါ လျန်ချိုးက ဂရုတစိုက် ထပ်ပေါင်းပြောလိုက်သည်။

"မ‌စ္စတာရွှီ ဒီအကြောင်းမပြောတာက သူ့အနေနဲ့ သခင်လေးကို မစိုးရိမ်စေချင်လို့ ဖြစ်မှာပါ"

"ငါနားလည်ပြီ" ချီချန်အန်းက မိနစ်ဝက်မျှ တွေဝေနေသော်လည်း ‌သူကပြောလိုက်သည်။

"စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက် ငါဒီနေ့ လော့ယန်ကို သွားမယ်"

နှင်းများကျဆင်းနေသည့်အတွက် လေယာဉ်အချိန်အား နောက်သို့ရွေ့ဆိုင်းထားလေသည်။ထို့ကြောင့် ချီချန်အန်း ရိုက်ကူးရေးကွင်းသို့ရောက်ချိန်တွင် ညတစ်ဆယ့်တစ်နာရီရှိနေပြီ ဖြစ်သည်။

ချူးဝေ့က ဟိုတယ်၏ ဧည့်ခန်းမဆောင်တွင်ရပ်နေပြီး သူရောက်လာသည်ကိုမြင်သောအခါ "မင်းက ဒီလောက်မြန်မြန်ရောက်လာတယ်ပေါ့" ဟု ပြောလာသည်။

"အင်း"ချီချန်အန်းက ခေါင်းညိတ်ကာ "သူဘယ်မှာလဲ" ဟုမေးလိုက်သည်။

"သူ အိပ်ယာဝင်သွားတာ ကြာလှပြီ"

ချီချန်အန်းအတွက်မူ ချူးဝေ့က ပုံမှန်ထက်အနည်းငယ်ပို၍ စကားများလေသည်။

"လွန်ခဲ့တဲ့ ရက်တွေက ငါတို့ ဆောင်းရာသီစစ်ပွဲအခန်းကို ရိုက်နေတာ ကျစ်ချူးရဲ့ သံချပ်ကာက ပေါင်နှစ်ဆယ်ကျော်တယ် ပြီးတော့ သူက မြင်းစီးရင်း၊ မြားပစ်၊ ဓားရှည်တစ်လက်ကိုလည်း ကိုင်ထားရသေးတယ် အရမ်းပင်ပန်းတာမို့ သူက ဒီအတိုင်း အိပ်ယာထဲ ပစ်ဝင်သွားတာပဲ"

"ဒါရိုက်တာချူး"

"ဘာလဲ"

ချီချန်အန်း၏ခြေလှမ်းများက ရပ်တန့်သွားက သူ့အသံက လေးနက်နေပေသည်။

"သူကရွှီလော့ယန် ကျစ်ချူးမဟုတ်ဘူး"

ပြုံးရွှင်စွာနှင့်၊ ချူးဝေ့က ဓာတ်လှေကားထံ ဦးဆောင်ခေါ်သွားလေသည်။ ဓာတ်လှေကားခလုတ်ကို နှိပ်နေရင်း သူ့က အင်မတန်မှ အေးဆေးစွာဆိုလာသည်။

"မင်းရဲ့ ရွှီလော့ယန်က ငါ့မျက်လုံးထဲမှာတော့ ကျစ်ချူးပဲ" သူက ဆက်ပြောသည်။

"သူက အလုပ်ကြိုးစားပြီး တော်တော်လေးပင်ပန်းခဲ့ရတာ ဒါပေမယ့်သူက ဘယ်တော့မှ လူစားထိုးမသုံးဘူး သူကတကယ်တော်တဲ့ သရုပ်ဆောင်ပဲ"

ချီချန်အန်းက ပြုံးက ဂုဏ်ယူနေသည့်လေသံဖြင့် "သေချာပေါက်ကို သူက သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ"

ချီချန်အန်း၏ အမူအရာကိုမြင်လိုက်ရသည့်အခါ ချူးဝေ့က ဆက်လက်၍ ရွှီလော့ယန်အား မချီးကျူးချင်တော့ပေ။ သူ့အရှေ့မှ လူက အင်မတန်ကို ဂုဏ်ယူနေလေသည်။

ချူးဝေ့ပေးသည့် ကတ်ကိုယူကာ ချီချန်အန်းက ရွှီလော့ယန်၏အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းကတိတ်ဆိတ်နေပြီး နံရံထောင့်နားမှ ညအိပ်မီးလေးသာ မှိန်မှိန်လေး လင်းနေ၏။ တံခါးကို လက်နောက်ပြန်ပိတ်ကာ သူက နေရာမှာပင် ငါးမိနစ်ခန့် ရပ်၍ သူ့ကိုယ်ပေါ်မှ လေအေးများကို လွင့်ပျောက်သွားသည်အထိ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်သည်။

ကော်ဇောပေါ်ခြေထောက်တင်လိုက်သည့်အခါ သူကအသက်ရှုပင်အောင့်ထားမိသည်။

သူ ‌သူ့ကို နောက်ဆုံးတွေ့ခဲ့ရတာ နှစ်ဆယ့်ခြောက်ရက် ကြာသွားခဲ့ပြီ။

ရွှီလော့ယန်က ပွယောင်းယောင်းအဖြူရောင်ခေါင်းအုံးတစ်လုံးကို လက်ထဲတွင်ပိုက်ထားပြီး ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်မောကျနေ၏။ သူ့ရဲ့တည်ငြိမ်သော အသက်ရှုသံကို နားထောင်ရင်း ချီချန်အန်းက သူ့ အတွေးများ၊ နှလုံးသားထဲမှ လွမ်းဆွတ်မှုများနှင့် ပူပန်ကြောင့်ကြရမှုများအားလုံး ယူပြီးလွှင့်ပစ်လိုက်သလို ခံစားလိုက်ရသည်။

အချိန်တော်တော်ကြာပြီးနောက်၊ သူက ကုတင်ပတ်ပတ်လည်ရှိ ကော်ဇောပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ မှိန်ပျပျအလင်းရောင်အောက်တွင် ရွှီလော့ယန်၏လက်မှ ကွဲအက်နေသည့်အရေပြားကို သူမြင်နိုင်လေသည်။

ဆေးအဆီကို ထုတ်ကာ၊ ချီချန်အန်းကအသံကို အင်မတန်မှ နူးညံ့ညင်သာစွာဆိုလိုက်သည်။

"နျောင်နျောင်၊ မင်းလက်တွေနာနေလား ကိုယ်မင်းအတွက် ဆေးလိမ်းပေးမယ်လေ ဟုတ်ပြီလား"

ခဏကြာသည့်အခါ ရွှီလော့ယန်က နာခံစွာဖြင့် သူ့လက်များကို ထုတ်ပေးလာသည်။ သို့သော်လည်း သူက အိပ်နေရာမှမနိုးသေးပေ။ သူက ဖက်ထားသည့်ခေါင်းအုံးကို ပွတ်သပ်ကာ ဝေဝေဝါးဝါးဖြင့် ပြောလာသည်။

"ချန်အန်းကော...နာတယ်"

ရွှီလော့ယန်၏လက်ဖဝါးထက် ဆေးအဆီအား ဂရုတစိုက်လိမ်းကျံပေးပြီးနောက် ချီချန်အန်းက သူ့ပုံစံကို ထိန်းထားကာ ရွှီလော့ယန်၏အသက်ရှုသံကို တိတ်တဆိတ်နားထောင်နေသည်။ သူ့ခြေထောက်များ ထုံကျင်လာသည့်အခါမှသာ သူကထရပ်လိုက်ပြီး တံခါးအား သာသာလေးဖွင့်ကာ ထွက်သွားလေ၏။

ကော်ရစ်တာအဆုံးတွင် ၊ ချူးဝေ့က Gluttony ကစားနေ‌သည်။

ခြေသံကြားသည့်အခါ သူက ချီချန်အန်းအား မော့ကြည့်ကာ "ခဏလေးနဲ့ ထွက်လာတာလား"

"အင်း...သူအိပ်ပျော်နေပြီ"

ချူးဝေ့က အံ့သြဟန်ဖြင့် မျက်ခုံးပင့်ကာ "မင်းသူ့ကို မနှိုးလိုက်ဘူးလား"

"သူ တအားပင်ပန်းနေတယ် သူအိပ်ရေးဝဝအိပ်ရဖို့က ပိုအရေးကြီးတယ်"

ချူးဝေ့က ထိုအကြောင်းအားဆက်၍မပြောတော့ဘဲ သူက ပုံမှန်အတိုင်းမေးလိုက်သည်။

"မင်း အနားယူဖို့ အခန်းတစ်ခန်းယူမလား မင်း ဒီညဒီမှာနေမှာမို့လား"

ချီချန်အန်းက ခေါင်းခါလိုက်သည်။

"မလိုတော့ဘူး ငါ မနက်ဖြန်မနက် အစည်းအဝေးတက်စရာရှိတာမို့ လေဆိပ်ကို တန်းသွားမှာ လျန်ချိုး အောက်မှာစောင့်နေတယ်"

သူ့ဂျက်ကတ်ပေါ်မှ နှင်းများအရည်ပျော်ရာမှ ရေစက်များဖြစ်နေတာကို ကြည့်ကာ ချူးဝေ့က သက်ပြင်းချလိုက်သည်။

"ငါတို့တစ်ယောက်နဲ့တစ်ယောက်သိလာတာ သုံးနှစ်ကြာပြီ ဒီလို အေးတိအေးစက်အကျင့်နဲ့ မင်းရဲ့ အသားချင်းထိတာကို မကြိုက်တဲ့ပုံမျိုးနဲ့ဆို မင်းတစ်သက်လုံး တစ်ယောက်တည်းအထီးကျန်ရစ်တော့မှာ အသေအချာပဲလို့ ငါအစက ထင်ထားတာ"

ချီချန်အန်းက ဘာမှမပြောဘဲ ရယ်သာရယ်လိုက်မိ၏။

"မင်းမစိုးရိမ်နေဘဲနဲ့ ပြန်လို့ရတယ် မင်းရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏနဲ့ဆို ငါသူ့ရဲ့ ကြက်ခြေထောက်ကို ဖြတ်မယူထားတော့ပါဘူး"

"ပြီးတော့ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းကို ချီးကျူးပေး"

ချူးဝေ့က ချီချန်အန်းကို ရွံရှာဟန်ဖြင့်ကြည့်ကာ "ကောင်းပြီကောင်းပြီ ငါသိပြီ မင်းကတကယ် စကားများတာပဲ"

နောက်တစ်နေ့ နံနက်စောစောတွင် ရွှီလော့ယန်ကသူ့ရဲ့ နှိုးစက် ကိုပိတ်ကာ ထထိုင်လိုက်သည်။ မျက်လုံးကို မပွင့်တပွင့်သာဖွင့်ကာ ရေအေးအေးတစ်ခွက်အား သောက်လိုက်ရာ အးစက်မှုကြောင့် သူ့မှာ ရုတ်ခြည်းပင် လုံးဝနိုးသွားရသည်။

ထို့နောက် သူ့လက်မှ အကွဲကြောင်းများက မနာတော့ကြောင်း သူသတိထားမိသွားသည်။ သူ့လက်ကိုသူ ငုံ့ကြည့်လိုက်ရာ အကွဲကြောင်းများက တစ်စုံတစ်ရာနှင့် လိမ်းထားခံရပြီး အနည်းငယ် ချောနေပေသည်။

သူက သေသေချာချာပြန်တွေးကြည့်လိုက်သည်။ မနေ့ညက ရိုက်ကူးရေးလုပ်ရင်း သူကအင်မတန်ပင်ပန်းသွားသဖြင့် ပြန်လာပြီး ရေချိုးပြီးသည့်နောက် သူက အိပ်ယာထဲ တန်းဝင်သွားသည်။ ပြီးတော့ ညဘက်တွင် ... ညဘက်တွင် သူချီချန်အန်းအား အိပ်မက်မက်ခဲ့သလိုလိုပင်။

အာ၊ နတ်ဆိုးက သူ့အိပ်မက်ထဲအလည်လာပြီး သူ့အနာတွေကို ကုပေးလိုက်တာများ ဖြစ်နေမလား။

အမှုမဲ့အမှတ်မဲ့ဖြင့် ရွှီလော့ယန်က အိပ်ယာဘေးမှစားပွဲပေါ်တွင် အဖြူရောင်စွတ်စွတ်ဘူးခွံနှင့် ဆေးအဆီဘူးကို တွေ့လိုက်သည်။ 'ချီ'ဟူသည့်စကားလုံးနှင့် နံပါတ် နှစ်ဆယ်က ထိုအပေါ်တွင် ရိုက်နှိပ်ထားလေသည်။

စောင်ကိုမကာ အိပ်ယာထဲမှထွက်လိုက်ပြီး ရွှီလော့ယန်က သူ့အိမ်တွင်းစီးဖိနပ်ကိုပင် မစီးနိုင်ဘဲ အခန်းတွင်း၊အပြင်၊ ဟိုဟိုဒီဒီလိုက်ရှာသည်။ သူက ထိုလူအာစ ရှာမတွေ့သောအခါ ဒါရိုက်တာ၏အခန်းတံခါးတံခါးအား သွားခေါက်လိုက်သည်။

ချူးဝေ့၏ဂျက်ကတ်က ကြယ်သီးပင်မတပ်ရသေး။

သို့သော် သူကတံခါးဖွင့်လိုက်ပြီး ရွှီလော့ယန်ကိုမြင်သည့်အခါ မအံ့ဩသွားပေ။

ရွှီလော့ယန်က ဟောဟဲလှိုက်ကာ မေးလာသည်။

"ချီချန်အန်း လာသွားတာလား"

"အင်း... သူလာသွားတယ်"

ထိုပြန်ဖြေသည့်စကားကို ကြားသည့်အခါ ရွှီလော့ယန်က ချက်ချင်းထပ်မေးလိုက်သည်။

"သူလာပြီးပြန်သွားပြီလား"

ချူးဝေ့က ခေါင်းညိတ်ပြလိုက်သည်။

"အင်း...သူ ညသန်းခေါင်တုန်းက ရောက်လာတာ ငါ မင်းရဲ့အခန်းတံခါးကတ်ကို သူ့ကိုပေးလိုက်တယ် ဒါပေမယ့် သူက မပြန်ခင် အခန်းထဲ နာရီဝက်လောက်ပဲ နေသွားတာ ဒီနေ့မနက် သူ့မှာလုပ်စရာရှိတယ်လို့ပြောပြီး ညတွင်းချင်း ပြန်ထွက်သွားတယ်"

သူ့အခန်းဆီသို့ပြန်သွားကာ ရွှီလော့ယန်က ကုတင်ပေါ်လဲကျသွားသည်။

သူ့လက်ထဲတွင်ဆုပ်ကိုင်ထားသည့် ဆေးအဆီဘူးကို ကြည့်ကာ သနားချင့်စဖွယ် 'အောင်း.." ဟု မြည်တမ်းလိုက်မိသည်။

ရွှီလော့ယန်၊ မင်းက ဝက်လား။ သူဆေးလိမ်းပေးပြီးသွားတာတောင် မင်းက မနိုးလာဘူးဆိုတာကို ငါဖြင့် ယုံတောင်မယုံနိုင်ဘူး။ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်သလဲ။

____

နျောင်နျောင်၏ စိတ်ခံစားချက်လေး:

နျောင်နျောင်၊ ငါမင်းကို အရမ်းပဲစိတ်ပျက်မိတယ်...QAQ

__

Translated By IQ-Team.

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
4K 299 8
Type- Web Novel Author(s) 拉棉花糖的兔子 Artist(s) 歐拉 Associated Names ผมแค่อยากปลูกผักส่วนความรักน่ะ... 我愛種田 我爱种田 English Title-I Love Farming Status in CO...
625K 60K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...