Unicode
အခန်း ၂ ။
စုန့်ချောင်ရှီသည် မီးရထားဘူတာရုံ ရဲဌာနရှိ သစ်သားခုံတန်းရှည်၌ ထိုင်နေရင်း သူမ၏ ခြေထောက်တိုတိုတုတ်တုတ်ကလေးများကို လွှဲယမ်းနေမိသည်။ "ပျော်ရွှင်မှု" တံဆိပ်နှင့် အချိုရည်ပုလင်းကို လက်နှစ်ဖက်လုံးတွင် ဆုပ်ကိုင်လျက် ပိုက်ဖြင့် စုပ်သောက်နေသည်။
လူမှုဖူလုံရေး မိဘမဲ့ဂေဟာ၌ နှစ်သစ်ကူးရက်များတွင်သာ ကလေးများသည် အချိုရည်သောက်ခွင့်ရလေသည်။
"ပျော်ရွှင်မှု"
လက်ထဲမှ နို့နှစ်ရောင်ပုလင်းလေးကို ကြည့်ရင်း ချိုချိုချဥ်ချဥ်အရသာကို ပြန်တမ်းတအောက်မေ့နေမိသည်။
များမကြာမီတွင် လျှောက်လမ်းစင်္ကြံ၌ အလောတကြီးနိုင်နေသည့် ခြေသံများ၊ ခပ်ဆူဆူအသံများကို ကြားလိုက်ရသည်။ ရုံးခန်းတံခါးသည်လည်း ဘန်းခနဲမြည်သံနှင့်အတူ အဖွင့်ခံလိုက်ရချေ၏။
အသံကိုကြားသည်နှင့် စုန့်ချောင်ရှီသည် သူမ၏ ခေါင်းလေးကို ဆန့်၍ တံခါးဝသို့ ကြည့်လေရာ တံခါးဝ၌ မတ်တပ်ရပ်နေသည့် သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်ကို မြင်လိုက်ရလေသည်။
အမျိုးသားမှာ အရပ်မြင့်မြင့်နှင့် နှာတံနည်းနည်းပွကာ ခပ်ကောက်ကောက် လှိုင်းထနေသည့် ဆံပင်များကို လှန်တင်ထားသည်။ မျက်နှာမှာ အမွေးအမျှင်ထူပြီး မုတ်ဆိတ်မွေးတို့ရှိသည်။ ရှပ်အင်္ကျီကြယ်သီး တစ်လုံးနှစ်လုံးကို ဖြုတ်ထားကာ အင်္ကျီလက်များကို လက်မောင်းထိရောက်အောင် ခေါက်တင်ထား၏။ ခါးပတ်၌မူ ပေဂျာစက်(20th Century Girl ကားထဲမှာပါတဲ့ ဖုန်းခေါ်ဖို့ စာဝင်တဲ့ ပီပီစက်လေးပါ) ကို တပ်ဆင်ထားသည်။
အမျိုးသမီးမှာ မင်းသမီးအီရှာကဲ့သို့ ရှည်လျားလှသော ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ဖြူဖွေးနုညက်သည့် အသားအရေနှင့် လိုက်ဖက်သည့် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကြင်နာနူးညံ့လှပသည့် မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းနေပြီး နှာဖျားလေးတွေမှာ နီရဲနေပေသည်။
မေမေနဲ့ဖေဖေရောက်လာပြီပဲ!
သူမအဖေနာမည်မှာ စုန့်ကျင်းကော်ဖြစ်ပြီး သတင်းစာတည်းဖြတ်သူတစ်ယောက်ဖြစ်ကာ အမြဲတမ်းလိုလိုပင် အချိန်ပိုဆင်းရ၍ အလုပ်ရှုပ်နေတတ်ကြောင်း မှတ်မိလေသည်။ အမေနာမည်ကတော့ ချောင်ချင်းဖြစ်သည်။ အထက်တန်းပြဆရာမတစ်ဦးဖြစ်၏။ သူမ၌ အလုပ်မှာလည်း အားလပ်ချိန်ရှိတတ်ပြီး နွေနှင့်ဆောင်းရာသီ ကျောင်းပိတ်ရက်များရှိသည်။ သွင်ပြင်များမှာ မှတ်ဉာဏ်ထဲက ပုံစံအတိုင်း တစ်ပုံစံတည်းပင်။
မိဘများကို တွေဝေစွာ ကြည့်ရင်း သူမနှုတ်ခမ်းများမှာ အနည်းငယ်ပွင့်ဟလာသော်လည်း စိတ်မှာအလွန်လှုပ်ရှားနေသဖြင့် စကားမပြောနိုင်ပေ။
အမှန်တော့ ယခုအခိုက်အတန့်၌ စုန့်ချောင်ရှီ မပျော်နိုင်ပါ။ ခုနလေးကတင် သူမ ပြဿနာရှာထားခဲ့တာ မဟုတ်လား။
သူမ ဘာလို့ ဘူတာရုံမှာ တစ်ယောက်တည်း ရှိနေရတာလဲ?
အကြောင်းအရင်းမှာ သူမမိဘတွေက သူမကို မူကြိုကျောင်းပို့ရန်စီစဥ်ခဲ့ကြလို့ပင်။ သို့သော်ငြား မူလပိုင်ရှင်က ကျောင်းမတက်လိုခဲ့ပေ။
တစ်မနက်လုံး အတန်းတက်ကာ နေ့လယ်စာစားချိန်ကို အခွင့်ကောင်းယူ၍ စာအုပ်များကို ဆုတ်ဖြဲပစ်သည်။ အမေ့ပိုက်ဆံအိတ်ထဲမှ ခိုးထားသည့် ပိုက်ဆံများနှင့်အတူ နောက်ပြန်လှည့်မကြည့်ဘဲ ရထားဘူတာသိူ့ ထွက်လာခဲ့တော့သည်။ အဘိုးအဘွားများ အိမ်သို့ သွားရန် ပြင်ဆင်ခဲ့ခြင်းပင်။ အဘိုးအဘွားများက သူမကိုဆိုလျှင် အလွန်အလိုလိုက်ပြီး သူမ ဘာပဲတောင်းဆိုဆို ဖြည့်ဆည်းပေးမည်သာဖြစ်သည်။
သို့ပေမဲ့ ဘူတာသို့ရောက်သည့်အခါ မြောက်ဘက်သို့သွားမည့် ရထားကို ရှာလို့မတတ်ဘဲ မျက်စိလည်နေသည့်အပြင် လူကုန်ကူးခံရတော့မလိုပင် ဖြစ်ခဲ့သေးသည်။
ကျောင်းပြေးခြင်း၊ စာအုပ်များဆုတ်ဖြဲခြင်း၊ ပိုက်ဆံခိုးခြင်း၊ မပြောမဆိုဘဲ ထွက်သွားခြင်း စသည်တို့သည် မိဘမဲ့ဂေဟာ၌မူ အကြီးဆုံးသော အပြစ်များပင်ဖြစ်၏။ စုန့်ချောင်ရှီသည် မီးရောင်မရှိသည့် အမှောင်ခန်းထဲတွင် ပိတ်ထားပြီး အပြစ်ပေးခံရခြင်းကို အကြောက်ဆုံးဖြစ်သည်။
ကိုယ့်ကိုယ်ပိုင် လက်ချောင်းများကိုပင် မမြင်နိုင်သည့် နေရာကျဥ်းလေး၌ နေရခြင်းက စဥ်ဆက်မပြတ်သော ကြောက်ရွံ့တုန်လှုပ်မှုကို ပေးစွမ်းပြီး စဥ်းစားတွေးခေါ်နိုင်စွမ်းများပင် အေးစက်သွားရလေသည်။
အတိတ်ဘဝနှင့် ယခုဘဝမှတ်ဉာဏ်များ ရောထွေးနေမှုက ဦးနှောက်ကို အတန်ငယ်မျှ ဒွိဟဖြစ်စေသည်။ မြင်ကွင်းများပင် ဝေဝါးလာရသလိုပင်။
သူမ အမေ သူမဆီသို့ ရုတ်တရက်ပြေးဝင်လာသည်ကို တွေ့လိုက်ရသည့်အခါ ထိတ်လန့်တကြား မျက်စိမှိတ်လိုက်မိသည်။
'ပြီးပြီ။ ဒါကမှ တကယ့်ပြဿနာကို ရင်ဆိုင်ရမယ့်အချိန်ပဲ။'
သူမ မျှော်လင့်ထားခဲ့သည့် ဒေါသတကြီး ရိုက်နှက်မှုမျိုး၊ ကျယ်ကျယ်လောင်လောင် ဆူပူခြင်းမျိုး ထွက်ကျမလာသည့်အတွက် အင်မတန် အံ့ဩသွားရသည်။
နွေးထွေးမှုလေးတစ်ခုပင်။ အင်မတန် နွေးထွေးလှသည့် ပွေ့ဖက်မှုလေးတစ်ခု....
သူမအမေ၏ လက်မောင်းများကြားတွင် တင်းကြပ်စွာ ထွေးပွေ့ခံလိုက်ရပြီးနောက် တုန်ရီနေသည့် အသံနှင့် စကားစပြောလေသည်။
"ရှီရှီ သမီးက မေမေ့ကို လန့်ပြီးသေသွားအောင် လုပ်လိုက်တာပဲ။ ဘယ်ကို ထွက်သွားလိုက်တာလဲ။ နောက်ကို အဲလိုထွက်မသွားရဘူးနော်။ သမီးက အမေမရှိဘဲ ဘာလုပ်နိုင်မှာမို့လို့လဲ။"
အမေ့ကို ပြန်ဖက်ထားသော လက်ကလေးကို နောက်လက်တစ်ဖက်က ဆွဲကိုင်ထားသည်။ အဖေ့လက်ပင်။
သူက စိတ်သက်သာရရသွားသောအပြုံးမျိုးကို ပြုသည်။ တစ်တုတ်နေသည့် လက်ကလေးကို နူးနူးညံ့ညံ့ ညင်ညင်သာသာ ဖြစ်ညှစ်ရင်း နှစ်သိမ့်ပေးနေ၏။
"ဘာမှမဖြစ်ဘူးနော် ရှီရှီ။ ဘာမှမဖြစ်ဘူး သမီးလေး။"
အမေက သူမကို ဖွဖွလေးနမ်းပြီး အဖေက သူမလက်ကလေးကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။ စုန့်ချောင်ရှီ၏ ဦးနှောက်ကလေးမှာ ဆန်ပြုတ်အိုးခဲ ထည့်ကြိုခံလိုက်ရသလိုပင် ပျော့ပြဲပြီး ဘာမှမတွေးတတ်တော့ပေ။
'ဒီလောက် တရားလွန်ဆိုးသွမ်းထားတာတောင် ဘာလို့အဆူမခံရတာလဲ။ ဆူတာလောက်ကတော့ ပြောမနေနဲ့ အရိုက်ခံရရင်တောင် မလွန်ပါဘူး။'
မိဘတွေရဲ့ သားသမီးများအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာမှာ တကယ်ကိုပဲ အကြွင်းမရှိသည်လော။
မတတ်နိုင်စွာပဲ သူမသည် ဝတ္ထုစာအုပ်ထဲမှ သူမမိဘများ၏ ဘဝနိဂုံးကို လက်ခံဖို့ အလွန်ရုန်းကန်ခဲ့ရကြောင်း သတိရမိသွားသည်။
သူမ အသက်(၁၉)နှစ်အရွယ်၌ ဖခင်ဖြစ်သူသည် နာမည်ပျက်သည်အထိ အစွပ်စွဲခံရပြီး ထိုနာမည်ဆိုးအောက်၌ပင် ဇာတ်သိမ်းမလှစွာ တိမ်းပါးသွားခဲ့ရပြီး မိခင်မှာမူ စိတ်ထိခိုက်ကြေကွဲမှုကြောင့် စိတ္တဇဆေးရုံ၌ ဘဝဆုံးခဲ့ရလေသည်။
ထိုအကြောင်းကို တွေးမိရုံနှင့်ပင် သူမတစ်ကိုယ်လုံး တုန်လှုပ်လာရသည်။
အယောင်ယောင်အမှားမှားနှင့် ခေါင်းကို ခါယမ်းလိုက်ပြီး အမေဖြစ်သူ၏ ပုခုံး၌ မှီတွယ်ရင်း အသက်ရှုကြပ်လာမိသည်။
မျက်ရည်များကို ခမ်းခြောက်စေရင်း သူမကိုယ်သူမ တိတ်တဆိတ် ကျိန်ဆိုမိပါရဲ့။
'နောက်ကို ဘယ်တော့မှ ထွက်မပြေးတော့ဘူး။ တစ်ဘဝလုံး မိဘတွေနဲ့ပဲ အတူရှိနေပြီး သူတို့အနားမှာပဲနေမယ်။ ကျရောက်လာမယ့်အန္တရာယ်တွေကနေ အမေနဲ့အဖေကို ကာကွယ်ပေးသွားမယ်။'
"ဟုတ်ပါပြီကွာ။ ငါ့သမီးတော့ အဖက်ခံရလွန်းလို့ အသက်ရှူရကြပ်နေတော့မှာပဲ။"
သူမအဖေက အမေ၏ ကျောပြင်ကို ပုတ်တာ သတိပေးပြီးနောက် သူမ၏ပါးဖောင်းဖောင်းလေးများကို ချစ်နိုးမွှေးကြူလိုက်၏။
မုတ်ဆိတ်မွေးများက သူမ၏ ပါးအိအိလေးများကို ပွတ်တိုက်သွားပြီး အနည်းငယ်စူးသဖြင့် ယားယံလာရသည်။ စုန့်ချောင်ရှီက မခိုးမခန့်လေးပြုံးကာ မုတ်ဆိတ်မွေးများကို ရှောင်ကာ သူ့အမေလက်မောင်းထဲသို့ ဝင်ပုန်းလိုက်၏။
မေတ္တာတွေနဲ့ ဝိုင်းဝန်းထားတာကို ခံရတဲ့ စိတ်ခံစားမှုက သိပ်ကိုကြည်မွေ့ပျော်ရွှင်ဖွယ်ကောင်းသည်ပဲ။ လောကတွင် အကောင်းဆုံးသော မိဘများကို ပိုင်ဆိုင်ထားရသည်ဟု ထင်မှတ်မိလိုက်သည်။ ဒီမေတ္ထာများကို တန်ဖိုးထားပြီး မေတ္တာကို တန်ပြန်နိုင်သမျှအစွမ်းကုန်တန်ပြန်ပေးပြီး ချစ်လိုက်မည်သာ။
ရဲများက အမှုမှတ်တမ်းပြုလုပ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းပြီးသည့်နောက်တွင် မိဘများက သူမကို ပြန်ခေါ်လာခဲ့ကြသည်။ ရဲဌာနမှ ထွက်မလာမချင်း သူမမိဘများက ရဲများကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောဆိုနေခဲ့ကြသည်။
ရဲစခန်းမှ ထွက်လာခဲ့ကြသည့်အခါ စုန့်ချောင်ရှီဖခင်က သူ့သမီးကို ပုခုံးပေါ်တင်ချီမထားကာ ရထားဘူတာရုံအပြင်မှ ပါကင်နေရာသို့ မိသားစုသုံးယောက်သည် အတူထွက်လာခဲ့ကြ၏။
အဖေ၏ ပုခုံးပေါ်၌ ခိုစီးလာရင်း စုန့်ချောင်ရှီသည် ဘုရားသခင်က နောက်ဆုံးတော့ သူမကို မျက်နှာသာပေးပြီဟု ခံစားနေရ၏။
အမြင့်မှကြည့်သည့်အခါ လူတိုင်းက သေးသေးကလေး ဖြစ်သွားသလိုပင်။ နေဝင်ဆည်းဆာကြောင့် ကောင်းကင်သည် ကြက်ဥအနှစ်ရောင်သမ်းနေပြီး ညနေခင်းလေပြေလေးကလည်း အေးမြလှသည်။ သက်တောင့်သက်သာရှိလိုက်ပါဘိ။
လေထဲတွင် ဆီညှော်နံ့က ကပ်ပါလာ၏။ အနံ့မခံမိစရာအကြောင်းမရှိပေ။ ကူကယ်ရာမဲ့စွာပင် သူမဗိုက်ထဲမှ ဂွီဂွီဂွမ်ဂွမ်အသံများက မြည်လာတော့သည်။
ဖေဖေစုန့်က ထိုအသံကို ကြားသွားပုံရသည်။ အသားပြည့်နေသည့် ခြေထောက်တုတ်တုတ်လေးများကို လှုပ်ယမ်းလိုက်ပြီး အရှေ့၌ မြင်နေရသည့် အသားများကို တံစို့ထိုး၍ကြော်ရောင်းနေသော လက်တွန်းလှည်းဆိုင်လေးကို ညွှန်ပြလာသည်။
"ဗိုက်ဆာနေတာလား သမီးလေး။ ဝက်အူချောင်းကြော် စားမလား။"
ဝက်အူချောင်း!
သူမမျက်စိလေးများက တလက်လက်တောက်ပသွားသည်။ ဖေဖေစုန့်၏ လက်ညှိုးညွှန်ရာသို့ အလိုအလျောက်ပင် ကြည့်မိတော့သည်။ ဆိုင်ပိုင်ရှင်က ကျွမ်းကျွမ်းကျင်ကျင်ပဲ ဝက်အူချောင်းများကို လှီးဖြတ်နေသည်။ ပြီးနောက် သူ့လက်တစ်ချက်မ,လိုက်သည့်အခါ ဝက်အူချောင်းများက အကြော်အိုးထဲသို့ တောင်ပံများဖြန့်ပြီး ပျံသွားသကဲ့သို့ လှလှပပကြီး ဝေ့ဝဲဆင်းသွားလေ၏။
အကြော်အိုးထဲမှ ဆယ်ထုတ်ခံရပြီးလျှင် အူအနားများမှာ ကြွပ်ရွနေပြီဖြစ်၏။ ဝါးတုတ်ချောင်းလေးများနှင့် သီပြီးနောက် ဇီရာမှုန့်နှင့် နှမ်းစေ့များရောထားသည်ကို သုတ်လိုက်၏။ အပြင်ပန်းကကြွပ်ရွပြီး ကိုက်လိုက်လျှင် အတွင်းက နူးညံ့နေမည်မှာ တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
ပါးစပ်ထဲမှာ ရူးလောက်အောင် သွားရည်ယိုနေပြီ!
သို့သည်တိုင် စုန့်ချောင်ရှီသည် သူမအကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကာ ခေါင်းခါပြီး ငြင်းလိုက်ပါ၏။
"မစားချင်ဘူး။"
စိတ်ထဲမှာ သူမအမေက လမ်းဘေးဆိုင်တွေက မသန့်သဖြင့် စားမိလျှင် အစာအိမ် နာမည်ဆိုကာ စားခွင့်မပေးလောက်ဘူးဟု ထင်မိသောကြောင့်ပင်။
မေမေ့ကို စိတ်မရှုပ်စေချင်ဘူး။
"ရှီရှီနေ့လယ်စာလည်း သိပ်စားထားတာ မဟုတ်ဘူး။ ညစာအထိ ဘယ်စောင့်နိုင်မှာလဲ။ အဆာလွန်နေမှာပေါ့။"
ဖေဖေစုန့်က မစားချင်ဘူးဟု သူမပြောလိုက်သည်ကို ကြားဟန်မတူ။ သူမအမေကို အသနားခံသည့် လေသံနှင့် လှမ်းပြောနေရှာသည်။
မျက်လုံးထောင့်က စွေကြည့်တော့ မေမေစုန့်သည် သူမယောကျ်ားကို မဟန်နိုင်စွာကြည့်ပြီး ပိုက်ဆံအိတ်ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
"ဆရာ ဝက်အူချောင်းကြော် တစ်ပွဲပေးပါ။ ကလေးစားမှာမို့ မစပ်စေနဲ့ ဇီရာမှုန့်လျှော့ပေးပါရှင့်။"
"ရမယ်ဗျာ။ ၅၀ ကျတယ်ဗျ။"
ဆိုင်ရှင်က ပြန်အော်ပြောပြီး ဓါးကိုထုတ်ကာ ဝက်အူချောင်း အထုပ်သစ်တစ်ထုပ်ကို ဖောက်လိုက်၏။ ပိုက်ဆံပေးပြီးနောက် သူမနှင့် ဖေဖေစုန့်ကို စောင့်ခိုင်းခဲ့ကာ ရေဝယ်ရန် အနီးအနားရှိဆိုင်သို့ထွက်သွားသည်။
စုန့်ချောင်ရှီသည် သူမ၏ လက်လေးနှစ်ဖက်ကို ဖေဖေစုန့်ခေါင်းပေါ်တင်ပြီး ထိုလက်များပေါ်၌ မေးထောက်ထားကာ သူမ၏ကံကောင်းခြင်းများကို ထိန်းသိမ်းရန်နှင့် စိုးရိမ်ကြောင့်ကြခြင်းများကို ဖုံးကွယ်ထားနိုင်အလို့ငှာ ကြိုးစားနေမိသည်။ ထိုစဉ် ရုတ်တရက် တစ်ခုခုကို မြင်လိုက်ရ၏။
မုန့်ဆိုင်နှင့် မီတာအနည်းငယ်ကွာဝေးသော လမ်းမကြီးဘေးတစ်နေရာ၌ ဘေးတွင် လွယ်အိတ်ကြီးပိုက်လျက် အပြာရောင်အစင်းကြားရှပ်အင်္ကျီဝတ်ဆင်ထားသော ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်ထိုင်နေခဲ့ပါသည်။
အမှုမှတ်တမ်း ပြုလုပ်စဥ်က ရဲမေသည် လာရောက်တိုင်တန်းသော ကောင်လေး၏ သွင်ပြင်ကို ပြောပြခဲ့သည်။ ထိုသည်ကိုထောက်၍ စုန့်ချောင်ရှီတွေးမိသည်က တိုင်တန်းပေးခဲ့သူမှာ ချူကျင်းပင် ဖြစ်ရပေမည်။
မိဘများကလည်း သူမကို ကူညီပေးခဲ့သည့် အစ်ကိုလေးကို ကျေးဇူးတင်ကြောင်းပြောရမည်ဟု ပြောခဲ့ပါ၏။
"ချူကျင်း! ကိုကိုချူကျင်း!"
ဖေဖေစုန့်၏ ပုခုံးပေါ်မှနေ၍ စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းရင်း လှမ်းခေါ်လိုက်သည်။
တစ်ဖက်လူမှာ မိမိကို အရေးမလုပ်သည်ကို တွေ့သော် စုန့်ချောင်ရှီမှာ အလောတကြီးနှင့် သူမအဖေပုခုံးပေါ်မှဆင်းရန် လုပ်ပြီး စိုးရိမ်စွာပြောသည်။
"ရဲကို ခေါ်ပေးတဲ့ ကိုကို့ကို တွေ့လိုက်တယ်။"
ဖေဖေစုန့်လည်း ပုခုံးပေါ်မှ သူမကို အလျင်စလို ချပေးလိုက်၏။ ခြေထောက်နှစ်ချောင်း မြေပေါ်ရောက်သည်နှင့် သူမလည်း ခြေထောက်တိုတိုလေးများကို အားပြုကာ ချူကျင်းဆီသို့ ခြေကုန်သုတ်ပြေးတော့သည်။ ဖေဖေစုန့်ကတော့ စိတ်ပူသဖြင့် လှမ်းအော်ရသေး၏။
"ရှီရှီရေ ဖြည်းဖြည်းပြေးလေ!"
ချူကျင်း မတ်တပ်ထရပ်သည်ကို မြင်သည်နှင့် ဒီလူထပ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် သူမ အရှိန်တင်ပြေးလိုက်သည်။
ချူကျင်းနားသို့ ရောက်သည့်အခါ တစ်ဖက်လူက ကျောပိုးအိတ်ကို လွယ်ပြီးဖြစ်ကာ ထွက်ခွာဖို့အသင့်ပင်။ စုန့်ချောင်ရှီက ကျောပိုးအိတ်မှကြိုးစကို အလျင်စလို ဆွဲထားလိုက်သည်က လွန်ဆွဲပွဲဖြစ်နေသလိုပင်။
"ချူ.. ကိုကို ချူကျင်း။ ဟုတ်တယ်။ ရဲကိုခေါ်ပေးခဲ့တာ ကိုကိုမဟုတ်လား။ ကျေးဇူးမတင်ရသေးလို့။"
ချူကျင်းက မျက်မှောင်ကျုံ့လိုက်ပြီး သူမကို ငုံ့ကြည့်သည်။ သူမကလည်း မျက်နှာလေးကိုမော့ကာ သူ့ကို ပြန်ကြည့်လိုက်သည်။
'ဒီအစ်ကိုလေးက ပိန်လိုက်တာ။ ငါဆွဲထားလိုက်ရင် ငါ့ကိုတွန်းပြီး ထွက်ပြေးဖို့ အားတောင် မရှိတော့ဘူး မဟုတ်လား?'
မထင်မှတ်ထားစွာပင် ချူကျင်းက ကျောပိုးအိတ်ကို ချွတ်ချလိုက်ရာ စုန့်ချောင်ရှီမှာ ကျောပိုးအိတ်ကြီးကို ရေဘဝဲတစ်ကောင်လို ဖက်တွယ်ထားလျက် မြေကြီးပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားရလေတော့၏။
ဖေဖေစုန့်က အလျင်အမြန်ရောက်လာတာ ချူကျင်းကိုလည်း ဆွဲထားရင်း သူမကိုပါ ဆွဲထူလိုက်သည်။
သူမ ဒဏ်ရာရ၊မရ စစ်ဆေးပြီး အဆင်ပြေတာ သေချာပြီဆိုမှ ဖေဖေစုန့်က ကျောပိုးအိတ်ကို ယူလိုက်သည်။ သူမအဖေ၏ နောက်ကျောတွင် ပုန်းနေရင်း အင်္ကျီစကိုဆွဲလျက် ခေါင်းလေးပြူကာ ချူကျင်းကို ခိုးကြည့်နေသည့် ရှီရှီပင်။
သူမအဖေက ခါးကိုကိုင်းကာ ချူကျင်းကို ငုံ့ကြည့်ရင်း ကျောပိုးအိတ်ကို ပြန်ပေးသည်။
"သားလေးက ရဲတိုင်ပေးတဲ့ကလေးလား။"
စကားပြန်မပြောဘဲ ခေါင်းသာပြန်ငြိမ့်ပြကာ ချူကျင်းက ကျောပိုးအိတ်ကို ပြန်ယူလိုက်သည်။ လက်ဆန့်လိုက်သည့်အခါ သူ့ပုခုံးများ၌ အရှိုးရာများကလည်း အထင်းသားပေါ်ထွက်လာပါသေး၏။
မျက်တွင်းများက မည်းနက်နေကာ မျက်နှာမှာ ဖြူဖျော့နေသည်။ ကော်လာက ချောင်နေသဖြင့် ပိန်သေးသော လည်ပင်းရိုးများကိုလည်း မြင်နေရပါသည်။
အစ်ကိုသေးသေးလေး၏ ဖြူလျော့သွယ်လျသော လက်ချောင်းရှည်များမှာ အလွန်လှပပါ၏။ စန္ဒယားပညာရှင်တစ်ဦး၏ လက်များလိုပင်။ အိမ်ရာဝန်းထဲ၌ စန္ဒယားသံချိုချိုကို လွန်ခဲ့သည့် တစ်နှစ်မကသောအချိန်က ကြားဖူးခဲ့သည်ကို သတိရမိသွားသည်။
ဖေဖေစုန့်က ချူကျင်းကို ကျေးဇူးတင်စကားပြောနေသည်ကို နားထောင်ရင်း သူမမျက်လုံးများက မရည်ရွယ်ပါဘဲ ကြောက်စရာကောင်းလောက်အောင် အမာရွတ်များရှိနေသည့် ချူကျင်း၏ ခြေထောက်များကို ကြည့်မိသွားသည်။
စုန့်ချောင်ရှီ၏ စိတ်ထဲ ထိတ်လန့်သွားရသည်။
'ချူကျင်းမှာ ဘာဖြစ်နေတာလဲ?'
ဝတ္ထုထဲမှ ချူကျင်း၏ ငယ်ဘဝအကြောင်း ရေးသားထားမှုများကို ပြန်တွေးကြည့်လိုက်သည်။
မူလစာအုပ်ထဲတွင် သူ့မိဘများ ဆုံးပါးသွားပြီးနောက် ချူကျင်းကို သူ့ဦးလေးက မွေးစားခဲ့သည်။ သို့သော်ငြား များမကြာမီမှာပင် သူ့ဦးလေးက သူတို့မိသားစု၏ ပိုင်ဆိုင်မှုများကို သုံးဖြုန်းပစ်လိုက်သည်မှာ အငွေ့ပျံသွားသည့်နှယ်။ ချူကျင်းထံတွင် ခြူးတစ်ပြားမှ မရှိတော့သဖြင့် အခြားဆွေမျိုးများကလည်း သူ့ကို ပြုစုစောင့်ရှောက်ရန် အကြောက်အကန်ကို ငြင်းပယ်ကြတော့တာပင်။ နောက်ဆုံး သူ့မှာ လမ်းပေါ်တွင် သေလုနီးပါးပင် ဖြစ်ခဲ့ရရှာလေရဲ့။
ကယ်တင်ခံရသော်လည်း ထို့နောက်တွင် ချူကျင်းသည် လူငယ်ထိန်းသိမ်းရေးကျောင်းသို့ ပြုပြင်ခံရရန် ဆိုးသွမ်းလူငယ်အနေနှင့် အပို့ခံလိုက်ရတော့သည်။ သည်မှစ၍ ချူကျင်းမှာ လူ့အသိုင်းအဝိုင်းကို မနှစ်မြို့သော စရိုက်စွဲကပ်လာခြင်းပင်။
စက်မှုတော်လှန်ရေး ခေတ်ပြောင်းအပြီး သူ အောင်မြင်ကျော်ကြားလာချိန်၌တောင်မှ သူ့ထံတွင် အစွန်းရောက်တဲ့စရိုက်၊ အငြိုးအတေးထားတဲ့လူ၊ အကြင်အနာမဲ့တဲ့လူ စသည့်ဂုဏ်ပုဒ်များသာ ရှိလေသည်။
ချူကျင်းသည် တစ်ချိန်တွင် တစ်လောကလုံး၏ ကိုးကွယ်ခြင်းကို ခံရမည့်လူဖြစ်သော်လည်း ယခုအခါမှာတော့ သူဟာ ဘာမှမဟုတ်သေးပေ။
စုန့်ချောင်ရှီသည် မျက်လုံးဝိုင်းများနှင့် ချူကျင်းကို ကြည့်နေမိသည်။ အေးစက်ပုံပေါ်သော်ငြား ဖေဖေစုန့်၏ စကားများကို ယဥ်ကျေးစွာ ပြန်ဖြေနေပါ၏။
သူမအရှေ့မှ သနားညှာတာချင့်စဖွယ် ကောင်လေးနှင့် အနာဂတ်၏ ကြောက်မက်ဖွယ်ဗီလိန်အကြီးစားကို မည်သို့မျှဆက်စပ်၍ တွေးလို့မရပါချေ။
သူသည် အနာဂတ်တွင် အင်မတန်ဆိုးသွမ်းသည့် လူတစ်ယောက်ဖြစ်လာမည်မှာ မှန်ပေသည်။ သို့သော်ငြားလည်း သူဟာ စုန့်ချောင်ရှီ၏ အသက်ကို ကယ်တင်မည့်လူလည်း ဖြစ်လာမည် မဟုတ်ပါလား။ တစ်ခုခုလုပ်သင့်သည်ဟု မသိစိတ်ထဲ၌ ခံစားနေရသည်။
'ဒါပေမဲ့ တအားစိတ်ရှုပ်နေပြီ။ ငါက ဘာလုပ်ရမှာလဲ?'
ဖေဖေစုန့်က ချူကျင်းကို အိမ်နီးနားချင်းကလေးအနေနှင့် မှတ်မိသည်ကို ကြားရတော့ သူ့အနေနှင့် သူ၏ မိဘများသည် လုပ်ဖော်ကိုင်ဖက်များ၊ အိမ်နီနားချင်းများနှင့် ဆက်ဆံရေးကောင်းကြောင်း ပြောဖို့ အနည်းငယ်ရွံ့နေမိသည်။
ဖေဖေစုန့်က သူ့လက်ကြီးများဖြင့် ချူကျင်း၏ လက်မောင်းလေးများကို ဆုပ်ကိုင်ရင်း စိတ်မကောင်းစွာ မေးလေ၏။
"သားအပြင်မှာ ဒီလိုတစ်ယောက်တည်း ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။"
သူဘယ်လောက်တွေ့ကြုံ ခံစားရပြီးပြီလဲဆိုတာကို အကြမ်းဖျင်းမှန်းဆပြီးဖြစ်၍ သည်လိုမေးခြင်းပင်။
အဖြေတစ်စွန်းတစ်စလေးပင် ထွက်သွားမှာစိုးသည့်အလား ချူကျင်းသည် သူ့နှုတ်ခမ်းများကို သွေးထွက်လုနီးပါးဖြစ်သည်အထိ ဖိကိုက်ထားရင်း ဖြည်းညှင်းစွာ ခေါင်းခါယမ်းပြသည်။
"ဘာလို့ လမ်းကူးသွားလိုက်တာလဲ။ ကျွန်မရှင့်ကို ရှီရှီနဲ့အတူ အဲမှာပဲစောင့်နေဖို့ မပြောခဲ့ဘူးလား.... ဟင် သားက လောင်ချူတို့အိမ်က ကလေးမဟုတ်လား။ "
မေမေစုန့်၏ အသံသည် ပုလွေသံအလားနှယ်။ လက်တစ်ဖက်က ဝက်အူချောင်းပါသည့် ပလတ်စတစ်အိတ်ကို ကိုင်ထားရင်း ပြောလာသည်။ ချူကျင်းကိုလည်း မှတ်မိပုံပင်။
"မင်းကိုနောက်မှပြောပြမယ်။"
ဖေဖေစုန့်က သူ့အမျိုးသမီးကို မျက်စိမှိတ်ပြလိုက်ပြီး သူမလက်ထဲမှ မုန့်အိတ်ကို လှမ်းယူပြီး ရှီရှီ့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ကလေးများကို လျှောက်မပြေးရန် ပြောပြီးနောက် သူ့မိန်းမကို စကားပြောရန်ခေါ်ကာ မီတာအနည်းငယ်ဝေးသည့်နေရာသို့ အတူထွက်သွားခဲ့သည်။
သူမလက်ထဲရှိ ဝက်အူချောင်းမှာ အလွန်မွှေးကြိုင်လှသည်။ စားပစ်ချင်သည့် လောဘကို သွားရည်နှင့်အတူ မျိုချကာ ထိုမုန့်ကို ချူကျင်းဆီ ကမ်းပေးလိုက်သည်။
"ကိုကို့အတွက်"
ချူကျင်းက အဝေးတစ်နေရာသို့ မျက်နှာလွှဲကာ ငေးနေလိုက်သည်။ လည်စေ့လေးကလည်း အနည်းငယ်လှုပ်ရှားသွားသည်။ သူမထံမှ ခပ်ခွာခွာနေလိုသည့်အလား ခြေလှမ်းများကို နောက်သို့အနည်းငယ် ဆုတ်လိုက်သေး၏။
"စားလို့အရမ်းကောင်းတာပါဆို စားကြည့်လို့။"
ချူကျင်းက တစ်လှမ်းဆုတ်လျှင် ချောင်ရှီက တစ်လှမ်းတိုးပြီး သူ့လက်များကို ဖမ်းဆွဲကာ လက်ထဲသို့ ထည့်ပေးပြီး ထပ်ပြောပြန်သည်။ ချူကျင်းက မသိလိုက်ပါဘဲ အလိုအလျောက် ရုန်းပြီး တုန့်ပြန်မိသည့်အခါ မုန့်မှာ အောက်သို့ပြုတ်ကျသွားတော့၏။
ဝက်အူချောင်းမှာ တလှိမ့်တလှိမ့် မြေပြင်ပေါ်လူးသွားရာ ဖုန်တွေသဲတွေကပ်ကုန်ပြီး စားဖို့ရာ မဖြစ်နိုင်တော့။ သူစိုးရိမ်စွာဖြင့် စုန့်ချောင်ရှီကို လှမ်းကြည့်လိုက်မိသည်။
ကောက်ညှင်းဖက်ထုပ်လေး၏ မျက်ဝန်းဝိုင်းများထဲတွင် နှမြောတဿမှုများ ပြည့်နှက်လာကာ စိုစွတ်လာပါတော့သည်။
ချူကျင်းသည် သူ့ဦးလေး၏ သမီးလိုပင် ချောင်ရှီသည်လည်း ငိုပြီးရင်း ငိုကာ လူကြီးတစ်ယောက်ယောက်ဆီပြေးသွားပြီး သူ့ကို ရိုက်နှက်ဆုံးမပေးရန် တိုင်တောတော့မည်ဟု တွေးလိုက်မိသည်။
ချူကျင်းကို သူ့အဒေါ်က အိမ်ကနေ နှင်ချလိုက်ခြင်းမှာ သူက ဝါးဟားဟားအအေးကို ခိုးသောက်သည်ဟု သူ့ဝမ်းကွဲက လိမ်လည်တိုင်ပြောခဲ့ခြင်းကြောင့်ပေ။
ဒါပေမဲ့ အဲဒီအအေးဘူးကို သူသောက်ဖို့ဆိုပြီး ထိုတိုင်ပြောသည့်လူကိုယ်တိုင်က ထည့်ပေးခဲ့တာ။
လူတိုင်းက သူ့ကိုဆို ဝန်ထုပ်ဝန်ပိုး တစ်ခုလို သဘောထားကြပြီး ပုပ်သိုးနေတဲ့ သုံးစားမရတဲ့အမှိုက်တစ်ခုလိုမျိုး အဝေးကို ကန်ထုတ်ချင်နေကြတာချည်းပဲ။ ကောင်းကင်ဘုံမှ မိဘတွေကလွဲရင် သူ့ကို ချစ်ပေးမယ့်လူမရှိဘူး။ ဒီ ရှီရှီလို့ခေါ်တဲ့ ကောင်မလေးလည်း ထိုနည်းလည်းကောင်းပဲပေါ့။
------------
Zawgyi
အခန္း ၂ ။
စုန္႔ေခ်ာင္ရွီသည္ မီးရထားဘူတာ႐ုံ ရဲဌာနရွိ သစ္သားခုံတန္းရွည္၌ ထိုင္ေနရင္း သူမ၏ ေျခေထာက္တိုတိုတုတ္တုတ္ကေလးမ်ားကို လႊဲယမ္းေနမိသည္။ "ေပ်ာ္႐ႊင္မႈ" တံဆိပ္ႏွင့္ အခ်ိဳရည္ပုလင္းကို လက္ႏွစ္ဖက္လုံးတြင္ ဆုပ္ကိုင္လ်က္ ပိုက္ျဖင့္ စုပ္ေသာက္ေနသည္။
လူမႈဖူလုံေရး မိဘမဲ့ေဂဟာ၌ ႏွစ္သစ္ကူးရက္မ်ားတြင္သာ ကေလးမ်ားသည္ အခ်ိဳရည္ေသာက္ခြင့္ရေလသည္။
"ေပ်ာ္႐ႊင္မႈ"
လက္ထဲမွ ႏို႔ႏွစ္ေရာင္ပုလင္းေလးကို ၾကည့္ရင္း ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာကို ျပန္တမ္းတေအာက္ေမ့ေနမိသည္။
မ်ားမၾကာမီတြင္ ေလွ်ာက္လမ္းစႀကႍ၌ အေလာတႀကီးႏိုင္ေနသည့္ ေျခသံမ်ား၊ ခပ္ဆူဆူအသံမ်ားကို ၾကားလိုက္ရသည္။ ႐ုံးခန္းတံခါးသည္လည္း ဘန္းခနဲျမည္သံႏွင့္အတူ အဖြင့္ခံလိုက္ရေခ်၏။
အသံကိုၾကားသည္ႏွင့္ စုန္႔ေခ်ာင္ရွီသည္ သူမ၏ ေခါင္းေလးကို ဆန္႔၍ တံခါးဝသို႔ ၾကည့္ေလရာ တံခါးဝ၌ မတ္တပ္ရပ္ေနသည့္ သက္လတ္ပိုင္းအ႐ြယ္ လူႏွစ္ေယာက္ကို ျမင္လိုက္ရေလသည္။
အမ်ိဳးသားမွာ အရပ္ျမင့္ျမင့္ႏွင့္ ႏွာတံနည္းနည္းပြကာ ခပ္ေကာက္ေကာက္ လႈိင္းထေနသည့္ ဆံပင္မ်ားကို လွန္တင္ထားသည္။ မ်က္ႏွာမွာ အေမြးအမွ်င္ထူၿပီး မုတ္ဆိတ္ေမြးတို႔ရွိသည္။ ရွပ္အက်ႌၾကယ္သီး တစ္လုံးႏွစ္လုံးကို ျဖဳတ္ထားကာ အက်ႌလက္မ်ားကို လက္ေမာင္းထိေရာက္ေအာင္ ေခါက္တင္ထား၏။ ခါးပတ္၌မူ ေပဂ်ာစက္(20th Century Girl ကားထဲမွာပါတဲ့ ဖုန္းေခၚဖို႔ စာဝင္တဲ့ ပီပီစက္ေလးပါ) ကို တပ္ဆင္ထားသည္။
အမ်ိဳးသမီးမွာ မင္းသမီးအီရွာကဲ့သို႔ ရွည္လ်ားလွေသာ ဆံပင္ကို က်စ္ဆံၿမီးက်စ္ထားၿပီး ျဖဴေဖြးႏုညက္သည့္ အသားအေရႏွင့္ လိုက္ဖက္သည့္ စိမ္းျပာေရာင္ဝတ္စုံကို ဝတ္ဆင္ထားသည္။ ၾကင္နာႏူးညံ့လွပသည့္ မ်က္ဝန္းမ်ားတြင္ မ်က္ရည္မ်ား ရစ္သိုင္းေနၿပီး ႏွာဖ်ားေလးေတြမွာ နီရဲေနေပသည္။
ေမေမနဲ႔ေဖေဖေရာက္လာၿပီပဲ!
သူမအေဖနာမည္မွာ စုန္႔က်င္းေကာ္ျဖစ္ၿပီး သတင္းစာတည္းျဖတ္သူတစ္ေယာက္ျဖစ္ကာ အၿမဲတမ္းလိုလိုပင္ အခ်ိန္ပိုဆင္းရ၍ အလုပ္ရႈပ္ေနတတ္ေၾကာင္း မွတ္မိေလသည္။ အေမနာမည္ကေတာ့ ေခ်ာင္ခ်င္းျဖစ္သည္။ အထက္တန္းျပဆရာမတစ္ဦးျဖစ္၏။ သူမ၌ အလုပ္မွာလည္း အားလပ္ခ်ိန္ရွိတတ္ၿပီး ေႏြႏွင့္ေဆာင္းရာသီ ေက်ာင္းပိတ္ရက္မ်ားရွိသည္။ သြင္ျပင္မ်ားမွာ မွတ္ဉာဏ္ထဲက ပုံစံအတိုင္း တစ္ပုံစံတည္းပင္။
မိဘမ်ားကို ေတြေဝစြာ ၾကည့္ရင္း သူမႏႈတ္ခမ္းမ်ားမွာ အနည္းငယ္ပြင့္ဟလာေသာ္လည္း စိတ္မွာအလြန္လႈပ္ရွားေနသျဖင့္ စကားမေျပာႏိုင္ေပ။
အမွန္ေတာ့ ယခုအခိုက္အတန္႔၌ စုန္႔ေခ်ာင္ရွီ မေပ်ာ္ႏိုင္ပါ။ ခုနေလးကတင္ သူမ ျပႆနာရွာထားခဲ့တာ မဟုတ္လား။
သူမ ဘာလို႔ ဘူတာ႐ုံမွာ တစ္ေယာက္တည္း ရွိေနရတာလဲ?
အေၾကာင္းအရင္းမွာ သူမမိဘေတြက သူမကို မူႀကိဳေက်ာင္းပို႔ရန္စီစဥ္ခဲ့ၾကလို႔ပင္။ သို႔ေသာ္ျငား မူလပိုင္ရွင္က ေက်ာင္းမတက္လိုခဲ့ေပ။
တစ္မနက္လုံး အတန္းတက္ကာ ေန႔လယ္စာစားခ်ိန္ကို အခြင့္ေကာင္းယူ၍ စာအုပ္မ်ားကို ဆုတ္ၿဖဲပစ္သည္။ အေမ့ပိုက္ဆံအိတ္ထဲမွ ခိုးထားသည့္ ပိုက္ဆံမ်ားႏွင့္အတူ ေနာက္ျပန္လွည့္မၾကည့္ဘဲ ရထားဘူတာသိူ႔ ထြက္လာခဲ့ေတာ့သည္။ အဘိုးအဘြားမ်ား အိမ္သို႔ သြားရန္ ျပင္ဆင္ခဲ့ျခင္းပင္။ အဘိုးအဘြားမ်ားက သူမကိုဆိုလွ်င္ အလြန္အလိုလိုက္ၿပီး သူမ ဘာပဲေတာင္းဆိုဆို ျဖည့္ဆည္းေပးမည္သာျဖစ္သည္။
သို႔ေပမဲ့ ဘူတာသို႔ေရာက္သည့္အခါ ေျမာက္ဘက္သို႔သြားမည့္ ရထားကို ရွာလို႔မတတ္ဘဲ မ်က္စိလည္ေနသည့္အျပင္ လူကုန္ကူးခံရေတာ့မလိုပင္ ျဖစ္ခဲ့ေသးသည္။
ေက်ာင္းေျပးျခင္း၊ စာအုပ္မ်ားဆုတ္ၿဖဲျခင္း၊ ပိုက္ဆံခိုးျခင္း၊ မေျပာမဆိုဘဲ ထြက္သြားျခင္း စသည္တို႔သည္ မိဘမဲ့ေဂဟာ၌မူ အႀကီးဆုံးေသာ အျပစ္မ်ားပင္ျဖစ္၏။ စုန္႔ေခ်ာင္ရွီသည္ မီးေရာင္မရွိသည့္ အေမွာင္ခန္းထဲတြင္ ပိတ္ထားၿပီး အျပစ္ေပးခံရျခင္းကို အေၾကာက္ဆုံးျဖစ္သည္။
ကိုယ့္ကိုယ္ပိုင္ လက္ေခ်ာင္းမ်ားကိုပင္ မျမင္ႏိုင္သည့္ ေနရာက်ဥ္းေလး၌ ေနရျခင္းက စဥ္ဆက္မျပတ္ေသာ ေၾကာက္႐ြံ႕တုန္လႈပ္မႈကို ေပးစြမ္းၿပီး စဥ္းစားေတြးေခၚႏိုင္စြမ္းမ်ားပင္ ေအးစက္သြားရေလသည္။
အတိတ္ဘဝႏွင့္ ယခုဘဝမွတ္ဉာဏ္မ်ား ေရာေထြးေနမႈက ဦးေႏွာက္ကို အတန္ငယ္မွ် ဒြိဟျဖစ္ေစသည္။ ျမင္ကြင္းမ်ားပင္ ေဝဝါးလာရသလိုပင္။
သူမ အေမ သူမဆီသို႔ ႐ုတ္တရက္ေျပးဝင္လာသည္ကို ေတြ႕လိုက္ရသည့္အခါ ထိတ္လန္႔တၾကား မ်က္စိမွိတ္လိုက္မိသည္။
'ၿပီးၿပီ။ ဒါကမွ တကယ့္ျပႆနာကို ရင္ဆိုင္ရမယ့္အခ်ိန္ပဲ။'
သူမ ေမွ်ာ္လင့္ထားခဲ့သည့္ ေဒါသတႀကီး ႐ိုက္ႏွက္မႈမ်ိဳး၊ က်ယ္က်ယ္ေလာင္ေလာင္ ဆူပူျခင္းမ်ိဳး ထြက္က်မလာသည့္အတြက္ အင္မတန္ အံ့ဩသြားရသည္။
ေႏြးေထြးမႈေလးတစ္ခုပင္။ အင္မတန္ ေႏြးေထြးလွသည့္ ေပြ႕ဖက္မႈေလးတစ္ခု....
သူမအေမ၏ လက္ေမာင္းမ်ားၾကားတြင္ တင္းၾကပ္စြာ ေထြးေပြ႕ခံလိုက္ရၿပီးေနာက္ တုန္ရီေနသည့္ အသံႏွင့္ စကားစေျပာေလသည္။
"ရွီရွီ သမီးက ေမေမ့ကို လန္႔ၿပီးေသသြားေအာင္ လုပ္လိုက္တာပဲ။ ဘယ္ကို ထြက္သြားလိုက္တာလဲ။ ေနာက္ကို အဲလိုထြက္မသြားရဘူးေနာ္။ သမီးက အေမမရွိဘဲ ဘာလုပ္ႏိုင္မွာမို႔လို႔လဲ။"
အေမ့ကို ျပန္ဖက္ထားေသာ လက္ကေလးကို ေနာက္လက္တစ္ဖက္က ဆြဲကိုင္ထားသည္။ အေဖ့လက္ပင္။
သူက စိတ္သက္သာရရသြားေသာအၿပဳံးမ်ိဳးကို ျပဳသည္။ တစ္တုတ္ေနသည့္ လက္ကေလးကို ႏူးႏူးညံ့ညံ့ ညင္ညင္သာသာ ျဖစ္ညႇစ္ရင္း ႏွစ္သိမ့္ေပးေန၏။
"ဘာမွမျဖစ္ဘူးေနာ္ ရွီရွီ။ ဘာမွမျဖစ္ဘူး သမီးေလး။"
အေမက သူမကို ဖြဖြေလးနမ္းၿပီး အေဖက သူမလက္ကေလးကို မလႊတ္တမ္းဆုပ္ကိုင္ထားသည္။ စုန္႔ေခ်ာင္ရွီ၏ ဦးေႏွာက္ကေလးမွာ ဆန္ျပဳတ္အိုးခဲ ထည့္ႀကိဳခံလိုက္ရသလိုပင္ ေပ်ာ့ၿပဲၿပီး ဘာမွမေတြးတတ္ေတာ့ေပ။
'ဒီေလာက္ တရားလြန္ဆိုးသြမ္းထားတာေတာင္ ဘာလို႔အဆူမခံရတာလဲ။ ဆူတာေလာက္ကေတာ့ ေျပာမေနနဲ႔ အ႐ိုက္ခံရရင္ေတာင္ မလြန္ပါဘူး။'
မိဘေတြရဲ႕ သားသမီးမ်ားအေပၚ ထားရွိသည့္ ခ်စ္ျခင္းေမတၱာမွာ တကယ္ကိုပဲ အႂကြင္းမရွိသည္ေလာ။
မတတ္ႏိုင္စြာပဲ သူမသည္ ဝတၳဳစာအုပ္ထဲမွ သူမမိဘမ်ား၏ ဘဝနိဂုံးကို လက္ခံဖို႔ အလြန္႐ုန္းကန္ခဲ့ရေၾကာင္း သတိရမိသြားသည္။
သူမ အသက္(၁၉)ႏွစ္အ႐ြယ္၌ ဖခင္ျဖစ္သူသည္ နာမည္ပ်က္သည္အထိ အစြပ္စြဲခံရၿပီး ထိုနာမည္ဆိုးေအာက္၌ပင္ ဇာတ္သိမ္းမလွစြာ တိမ္းပါးသြားခဲ့ရၿပီး မိခင္မွာမူ စိတ္ထိခိုက္ေၾကကြဲမႈေၾကာင့္ စိတၱဇေဆး႐ုံ၌ ဘဝဆုံးခဲ့ရေလသည္။
ထိုအေၾကာင္းကို ေတြးမိ႐ုံႏွင့္ပင္ သူမတစ္ကိုယ္လုံး တုန္လႈပ္လာရသည္။
အေယာင္ေယာင္အမွားမွားႏွင့္ ေခါင္းကို ခါယမ္းလိုက္ၿပီး အေမျဖစ္သူ၏ ပုခုံး၌ မွီတြယ္ရင္း အသက္ရႈၾကပ္လာမိသည္။
မ်က္ရည္မ်ားကို ခမ္းေျခာက္ေစရင္း သူမကိုယ္သူမ တိတ္တဆိတ္ က်ိန္ဆိုမိပါရဲ႕။
'ေနာက္ကို ဘယ္ေတာ့မွ ထြက္မေျပးေတာ့ဘူး။ တစ္ဘဝလုံး မိဘေတြနဲ႔ပဲ အတူရွိေနၿပီး သူတို႔အနားမွာပဲေနမယ္။ က်ေရာက္လာမယ့္အႏၲရာယ္ေတြကေန အေမနဲ႔အေဖကို ကာကြယ္ေပးသြားမယ္။'
"ဟုတ္ပါၿပီကြာ။ ငါ့သမီးေတာ့ အဖက္ခံရလြန္းလို႔ အသက္ရႉရၾကပ္ေနေတာ့မွာပဲ။"
သူမအေဖက အေမ၏ ေက်ာျပင္ကို ပုတ္တာ သတိေပးၿပီးေနာက္ သူမ၏ပါးေဖာင္းေဖာင္းေလးမ်ားကို ခ်စ္ႏိုးေမႊးၾကဴလိုက္၏။
မုတ္ဆိတ္ေမြးမ်ားက သူမ၏ ပါးအိအိေလးမ်ားကို ပြတ္တိုက္သြားၿပီး အနည္းငယ္စူးသျဖင့္ ယားယံလာရသည္။ စုန္႔ေခ်ာင္ရွီက မခိုးမခန္႔ေလးၿပဳံးကာ မုတ္ဆိတ္ေမြးမ်ားကို ေရွာင္ကာ သူ႔အေမလက္ေမာင္းထဲသို႔ ဝင္ပုန္းလိုက္၏။
ေမတၱာေတြနဲ႔ ဝိုင္းဝန္းထားတာကို ခံရတဲ့ စိတ္ခံစားမႈက သိပ္ကိုၾကည္ေမြ႕ေပ်ာ္႐ႊင္ဖြယ္ေကာင္းသည္ပဲ။ ေလာကတြင္ အေကာင္းဆုံးေသာ မိဘမ်ားကို ပိုင္ဆိုင္ထားရသည္ဟု ထင္မွတ္မိလိုက္သည္။ ဒီေမတၳာမ်ားကို တန္ဖိုးထားၿပီး ေမတၱာကို တန္ျပန္ႏိုင္သမွ်အစြမ္းကုန္တန္ျပန္ေပးၿပီး ခ်စ္လိုက္မည္သာ။
ရဲမ်ားက အမႈမွတ္တမ္းျပဳလုပ္ၿပီး အေသးစိတ္ေမးျမန္းစုံစမ္းၿပီးသည့္ေနာက္တြင္ မိဘမ်ားက သူမကို ျပန္ေခၚလာခဲ့ၾကသည္။ ရဲဌာနမွ ထြက္မလာမခ်င္း သူမမိဘမ်ားက ရဲမ်ားကို ေက်းဇူးတင္ေၾကာင္း ထပ္ခါထပ္ခါ ေျပာဆိုေနခဲ့ၾကသည္။
ရဲစခန္းမွ ထြက္လာခဲ့ၾကသည့္အခါ စုန္႔ေခ်ာင္ရွီဖခင္က သူ႔သမီးကို ပုခုံးေပၚတင္ခ်ီမထားကာ ရထားဘူတာ႐ုံအျပင္မွ ပါကင္ေနရာသို႔ မိသားစုသုံးေယာက္သည္ အတူထြက္လာခဲ့ၾက၏။
အေဖ၏ ပုခုံးေပၚ၌ ခိုစီးလာရင္း စုန္႔ေခ်ာင္ရွီသည္ ဘုရားသခင္က ေနာက္ဆုံးေတာ့ သူမကို မ်က္ႏွာသာေပးၿပီဟု ခံစားေနရ၏။
အျမင့္မွၾကည့္သည့္အခါ လူတိုင္းက ေသးေသးကေလး ျဖစ္သြားသလိုပင္။ ေနဝင္ဆည္းဆာေၾကာင့္ ေကာင္းကင္သည္ ၾကက္ဥအႏွစ္ေရာင္သမ္းေနၿပီး ညေနခင္းေလေျပေလးကလည္း ေအးျမလွသည္။ သက္ေတာင့္သက္သာရွိလိုက္ပါဘိ။
ေလထဲတြင္ ဆီေညႇာ္နံ႔က ကပ္ပါလာ၏။ အနံ႔မခံမိစရာအေၾကာင္းမရွိေပ။ ကူကယ္ရာမဲ့စြာပင္ သူမဗိုက္ထဲမွ ဂြီဂြီဂြမ္ဂြမ္အသံမ်ားက ျမည္လာေတာ့သည္။
ေဖေဖစုန္႔က ထိုအသံကို ၾကားသြားပုံရသည္။ အသားျပည့္ေနသည့္ ေျခေထာက္တုတ္တုတ္ေလးမ်ားကို လႈပ္ယမ္းလိုက္ၿပီး အေရွ႕၌ ျမင္ေနရသည့္ အသားမ်ားကို တံစို႔ထိုး၍ေၾကာ္ေရာင္းေနေသာ လက္တြန္းလွည္းဆိုင္ေလးကို ၫႊန္ျပလာသည္။
"ဗိုက္ဆာေနတာလား သမီးေလး။ ဝက္အူေခ်ာင္းေၾကာ္ စားမလား။"
ဝက္အူေခ်ာင္း!
သူမမ်က္စိေလးမ်ားက တလက္လက္ေတာက္ပသြားသည္။ ေဖေဖစုန္႔၏ လက္ညႇိဳးၫႊန္ရာသို႔ အလိုအေလ်ာက္ပင္ ၾကည့္မိေတာ့သည္။ ဆိုင္ပိုင္ရွင္က ကြၽမ္းကြၽမ္းက်င္က်င္ပဲ ဝက္အူေခ်ာင္းမ်ားကို လွီးျဖတ္ေနသည္။ ၿပီးေနာက္ သူ႔လက္တစ္ခ်က္မ,လိုက္သည့္အခါ ဝက္အူေခ်ာင္းမ်ားက အေၾကာ္အိုးထဲသို႔ ေတာင္ပံမ်ားျဖန္႔ၿပီး ပ်ံသြားသကဲ့သို႔ လွလွပပႀကီး ေဝ့ဝဲဆင္းသြားေလ၏။
အေၾကာ္အိုးထဲမွ ဆယ္ထုတ္ခံရၿပီးလွ်င္ အူအနားမ်ားမွာ ႂကြပ္႐ြေနၿပီျဖစ္၏။ ဝါးတုတ္ေခ်ာင္းေလးမ်ားႏွင့္ သီၿပီးေနာက္ ဇီရာမႈန္႔ႏွင့္ ႏွမ္းေစ့မ်ားေရာထားသည္ကို သုတ္လိုက္၏။ အျပင္ပန္းကႂကြပ္႐ြၿပီး ကိုက္လိုက္လွ်င္ အတြင္းက ႏူးညံ့ေနမည္မွာ ေတြးၾကည့္႐ုံႏွင့္ သိႏိုင္ေပသည္။
ပါးစပ္ထဲမွာ ႐ူးေလာက္ေအာင္ သြားရည္ယိုေနၿပီ!
သို႔သည္တိုင္ စုန္႔ေခ်ာင္ရွီသည္ သူမအၾကည့္မ်ားကို ျပန္႐ုတ္သိမ္းလိုက္ကာ ေခါင္းခါၿပီး ျငင္းလိုက္ပါ၏။
"မစားခ်င္ဘူး။"
စိတ္ထဲမွာ သူမအေမက လမ္းေဘးဆိုင္ေတြက မသန္႔သျဖင့္ စားမိလွ်င္ အစာအိမ္ နာမည္ဆိုကာ စားခြင့္မေပးေလာက္ဘူးဟု ထင္မိေသာေၾကာင့္ပင္။
ေမေမ့ကို စိတ္မရႈပ္ေစခ်င္ဘူး။
"ရွီရွီေန႔လယ္စာလည္း သိပ္စားထားတာ မဟုတ္ဘူး။ ညစာအထိ ဘယ္ေစာင့္ႏိုင္မွာလဲ။ အဆာလြန္ေနမွာေပါ့။"
ေဖေဖစုန္႔က မစားခ်င္ဘူးဟု သူမေျပာလိုက္သည္ကို ၾကားဟန္မတူ။ သူမအေမကို အသနားခံသည့္ ေလသံႏွင့္ လွမ္းေျပာေနရွာသည္။
မ်က္လုံးေထာင့္က ေစြၾကည့္ေတာ့ ေမေမစုန္႔သည္ သူမေယာက်္ားကို မဟန္ႏိုင္စြာၾကည့္ၿပီး ပိုက္ဆံအိတ္ထုတ္လိုက္သည္ကို ေတြ႕လိုက္ရသည္။
"ဆရာ ဝက္အူေခ်ာင္းေၾကာ္ တစ္ပြဲေပးပါ။ ကေလးစားမွာမို႔ မစပ္ေစနဲ႔ ဇီရာမႈန္႔ေလွ်ာ့ေပးပါရွင့္။"
"ရမယ္ဗ်ာ။ ၅၀ က်တယ္ဗ်။"
ဆိုင္ရွင္က ျပန္ေအာ္ေျပာၿပီး ဓါးကိုထုတ္ကာ ဝက္အူေခ်ာင္း အထုပ္သစ္တစ္ထုပ္ကို ေဖာက္လိုက္၏။ ပိုက္ဆံေပးၿပီးေနာက္ သူမႏွင့္ ေဖေဖစုန္႔ကို ေစာင့္ခိုင္းခဲ့ကာ ေရဝယ္ရန္ အနီးအနားရွိဆိုင္သို႔ထြက္သြားသည္။
စုန္႔ေခ်ာင္ရွီသည္ သူမ၏ လက္ေလးႏွစ္ဖက္ကို ေဖေဖစုန္႔ေခါင္းေပၚတင္ၿပီး ထိုလက္မ်ားေပၚ၌ ေမးေထာက္ထားကာ သူမ၏ကံေကာင္းျခင္းမ်ားကို ထိန္းသိမ္းရန္ႏွင့္ စိုးရိမ္ေၾကာင့္ၾကျခင္းမ်ားကို ဖုံးကြယ္ထားႏိုင္အလို႔ငွာ ႀကိဳးစားေနမိသည္။ ထိုစဥ္ ႐ုတ္တရက္ တစ္ခုခုကို ျမင္လိုက္ရ၏။
မုန္႔ဆိုင္ႏွင့္ မီတာအနည္းငယ္ကြာေဝးေသာ လမ္းမႀကီးေဘးတစ္ေနရာ၌ ေဘးတြင္ လြယ္အိတ္ႀကီးပိုက္လ်က္ အျပာေရာင္အစင္းၾကားရွပ္အက်ႌဝတ္ဆင္ထားေသာ ပိန္ပိန္ပါးပါးေကာင္ေလးတစ္ေယာက္ထိုင္ေနခဲ့ပါသည္။
အမႈမွတ္တမ္း ျပဳလုပ္စဥ္က ရဲေမသည္ လာေရာက္တိုင္တန္းေသာ ေကာင္ေလး၏ သြင္ျပင္ကို ေျပာျပခဲ့သည္။ ထိုသည္ကိုေထာက္၍ စုန္႔ေခ်ာင္ရွီေတြးမိသည္က တိုင္တန္းေပးခဲ့သူမွာ ခ်ဴက်င္းပင္ ျဖစ္ရေပမည္။
မိဘမ်ားကလည္း သူမကို ကူညီေပးခဲ့သည့္ အစ္ကိုေလးကို ေက်းဇူးတင္ေၾကာင္းေျပာရမည္ဟု ေျပာခဲ့ပါ၏။
"ခ်ဴက်င္း! ကိုကိုခ်ဴက်င္း!"
ေဖေဖစုန္႔၏ ပုခုံးေပၚမွေန၍ စိတ္လႈပ္ရွားစြာ လက္ေဝ့ယမ္းရင္း လွမ္းေခၚလိုက္သည္။
တစ္ဖက္လူမွာ မိမိကို အေရးမလုပ္သည္ကို ေတြ႕ေသာ္ စုန္႔ေခ်ာင္ရွီမွာ အေလာတႀကီးႏွင့္ သူမအေဖပုခုံးေပၚမွဆင္းရန္ လုပ္ၿပီး စိုးရိမ္စြာေျပာသည္။
"ရဲကို ေခၚေပးတဲ့ ကိုကို႔ကို ေတြ႕လိုက္တယ္။"
ေဖေဖစုန္႔လည္း ပုခုံးေပၚမွ သူမကို အလ်င္စလို ခ်ေပးလိုက္၏။ ေျခေထာက္ႏွစ္ေခ်ာင္း ေျမေပၚေရာက္သည္ႏွင့္ သူမလည္း ေျခေထာက္တိုတိုေလးမ်ားကို အားျပဳကာ ခ်ဴက်င္းဆီသို႔ ေျခကုန္သုတ္ေျပးေတာ့သည္။ ေဖေဖစုန္႔ကေတာ့ စိတ္ပူသျဖင့္ လွမ္းေအာ္ရေသး၏။
"ရွီရွီေရ ျဖည္းျဖည္းေျပးေလ!"
ခ်ဴက်င္း မတ္တပ္ထရပ္သည္ကို ျမင္သည္ႏွင့္ ဒီလူထပ္ၿပီး ထြက္ေျပးသြားမည္ကို စိုးရိမ္သျဖင့္ သူမ အရွိန္တင္ေျပးလိုက္သည္။
ခ်ဴက်င္းနားသို႔ ေရာက္သည့္အခါ တစ္ဖက္လူက ေက်ာပိုးအိတ္ကို လြယ္ၿပီးျဖစ္ကာ ထြက္ခြာဖို႔အသင့္ပင္။ စုန္႔ေခ်ာင္ရွီက ေက်ာပိုးအိတ္မွႀကိဳးစကို အလ်င္စလို ဆြဲထားလိုက္သည္က လြန္ဆြဲပြဲျဖစ္ေနသလိုပင္။
"ခ်ဴ.. ကိုကို ခ်ဴက်င္း။ ဟုတ္တယ္။ ရဲကိုေခၚေပးခဲ့တာ ကိုကိုမဟုတ္လား။ ေက်းဇူးမတင္ရေသးလို႔။"
ခ်ဴက်င္းက မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး သူမကို ငုံ႔ၾကည့္သည္။ သူမကလည္း မ်က္ႏွာေလးကိုေမာ့ကာ သူ႔ကို ျပန္ၾကည့္လိုက္သည္။
'ဒီအစ္ကိုေလးက ပိန္လိုက္တာ။ ငါဆြဲထားလိုက္ရင္ ငါ့ကိုတြန္းၿပီး ထြက္ေျပးဖို႔ အားေတာင္ မရွိေတာ့ဘူး မဟုတ္လား?'
မထင္မွတ္ထားစြာပင္ ခ်ဴက်င္းက ေက်ာပိုးအိတ္ကို ခြၽတ္ခ်လိုက္ရာ စုန္႔ေခ်ာင္ရွီမွာ ေက်ာပိုးအိတ္ႀကီးကို ေရဘဝဲတစ္ေကာင္လို ဖက္တြယ္ထားလ်က္ ေျမႀကီးေပၚ ဖင္ထိုင္လ်က္ ျပဳတ္က်သြားရေလေတာ့၏။
ေဖေဖစုန္႔က အလ်င္အျမန္ေရာက္လာတာ ခ်ဴက်င္းကိုလည္း ဆြဲထားရင္း သူမကိုပါ ဆြဲထူလိုက္သည္။
သူမ ဒဏ္ရာရ၊မရ စစ္ေဆးၿပီး အဆင္ေျပတာ ေသခ်ာၿပီဆိုမွ ေဖေဖစုန္႔က ေက်ာပိုးအိတ္ကို ယူလိုက္သည္။ သူမအေဖ၏ ေနာက္ေက်ာတြင္ ပုန္းေနရင္း အက်ႌစကိုဆြဲလ်က္ ေခါင္းေလးျပဴကာ ခ်ဴက်င္းကို ခိုးၾကည့္ေနသည့္ ရွီရွီပင္။
သူမအေဖက ခါးကိုကိုင္းကာ ခ်ဴက်င္းကို ငုံ႔ၾကည့္ရင္း ေက်ာပိုးအိတ္ကို ျပန္ေပးသည္။
"သားေလးက ရဲတိုင္ေပးတဲ့ကေလးလား။"
စကားျပန္မေျပာဘဲ ေခါင္းသာျပန္ၿငိမ့္ျပကာ ခ်ဴက်င္းက ေက်ာပိုးအိတ္ကို ျပန္ယူလိုက္သည္။ လက္ဆန္႔လိုက္သည့္အခါ သူ႔ပုခုံးမ်ား၌ အရႈိးရာမ်ားကလည္း အထင္းသားေပၚထြက္လာပါေသး၏။
မ်က္တြင္းမ်ားက မည္းနက္ေနကာ မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနသည္။ ေကာ္လာက ေခ်ာင္ေနသျဖင့္ ပိန္ေသးေသာ လည္ပင္း႐ိုးမ်ားကိုလည္း ျမင္ေနရပါသည္။
အစ္ကိုေသးေသးေလး၏ ျဖဴေလ်ာ့သြယ္လ်ေသာ လက္ေခ်ာင္းရွည္မ်ားမွာ အလြန္လွပပါ၏။ စႏၵယားပညာရွင္တစ္ဦး၏ လက္မ်ားလိုပင္။ အိမ္ရာဝန္းထဲ၌ စႏၵယားသံခ်ိဳခ်ိဳကို လြန္ခဲ့သည့္ တစ္ႏွစ္မကေသာအခ်ိန္က ၾကားဖူးခဲ့သည္ကို သတိရမိသြားသည္။
ေဖေဖစုန္႔က ခ်ဴက်င္းကို ေက်းဇူးတင္စကားေျပာေနသည္ကို နားေထာင္ရင္း သူမမ်က္လုံးမ်ားက မရည္႐ြယ္ပါဘဲ ေၾကာက္စရာေကာင္းေလာက္ေအာင္ အမာ႐ြတ္မ်ားရွိေနသည့္ ခ်ဴက်င္း၏ ေျခေထာက္မ်ားကို ၾကည့္မိသြားသည္။
စုန္႔ေခ်ာင္ရွီ၏ စိတ္ထဲ ထိတ္လန္႔သြားရသည္။
'ခ်ဴက်င္းမွာ ဘာျဖစ္ေနတာလဲ?'
ဝတၳဳထဲမွ ခ်ဴက်င္း၏ ငယ္ဘဝအေၾကာင္း ေရးသားထားမႈမ်ားကို ျပန္ေတြးၾကည့္လိုက္သည္။
မူလစာအုပ္ထဲတြင္ သူ႔မိဘမ်ား ဆုံးပါးသြားၿပီးေနာက္ ခ်ဴက်င္းကို သူ႔ဦးေလးက ေမြးစားခဲ့သည္။ သို႔ေသာ္ျငား မ်ားမၾကာမီမွာပင္ သူ႔ဦးေလးက သူတို႔မိသားစု၏ ပိုင္ဆိုင္မႈမ်ားကို သုံးျဖဳန္းပစ္လိုက္သည္မွာ အေငြ႕ပ်ံသြားသည့္ႏွယ္။ ခ်ဴက်င္းထံတြင္ ျခဴးတစ္ျပားမွ မရွိေတာ့သျဖင့္ အျခားေဆြမ်ိဳးမ်ားကလည္း သူ႔ကို ျပဳစုေစာင့္ေရွာက္ရန္ အေၾကာက္အကန္ကို ျငင္းပယ္ၾကေတာ့တာပင္။ ေနာက္ဆုံး သူ႔မွာ လမ္းေပၚတြင္ ေသလုနီးပါးပင္ ျဖစ္ခဲ့ရရွာေလရဲ႕။
ကယ္တင္ခံရေသာ္လည္း ထို႔ေနာက္တြင္ ခ်ဴက်င္းသည္ လူငယ္ထိန္းသိမ္းေရးေက်ာင္းသို႔ ျပဳျပင္ခံရရန္ ဆိုးသြမ္းလူငယ္အေနႏွင့္ အပို႔ခံလိုက္ရေတာ့သည္။ သည္မွစ၍ ခ်ဴက်င္းမွာ လူ႔အသိုင္းအဝိုင္းကို မႏွစ္ၿမိဳ႕ေသာ စ႐ိုက္စြဲကပ္လာျခင္းပင္။
စက္မႈေတာ္လွန္ေရး ေခတ္ေျပာင္းအၿပီး သူ ေအာင္ျမင္ေက်ာ္ၾကားလာခ်ိန္၌ေတာင္မွ သူ႔ထံတြင္ အစြန္းေရာက္တဲ့စ႐ိုက္၊ အၿငိဳးအေတးထားတဲ့လူ၊ အၾကင္အနာမဲ့တဲ့လူ စသည့္ဂုဏ္ပုဒ္မ်ားသာ ရွိေလသည္။
ခ်ဴက်င္းသည္ တစ္ခ်ိန္တြင္ တစ္ေလာကလုံး၏ ကိုးကြယ္ျခင္းကို ခံရမည့္လူျဖစ္ေသာ္လည္း ယခုအခါမွာေတာ့ သူဟာ ဘာမွမဟုတ္ေသးေပ။
စုန္႔ေခ်ာင္ရွီသည္ မ်က္လုံးဝိုင္းမ်ားႏွင့္ ခ်ဴက်င္းကို ၾကည့္ေနမိသည္။ ေအးစက္ပုံေပၚေသာ္ျငား ေဖေဖစုန္႔၏ စကားမ်ားကို ယဥ္ေက်းစြာ ျပန္ေျဖေနပါ၏။
သူမအေရွ႕မွ သနားညႇာတာခ်င့္စဖြယ္ ေကာင္ေလးႏွင့္ အနာဂတ္၏ ေၾကာက္မက္ဖြယ္ဗီလိန္အႀကီးစားကို မည္သို႔မွ်ဆက္စပ္၍ ေတြးလို႔မရပါေခ်။
သူသည္ အနာဂတ္တြင္ အင္မတန္ဆိုးသြမ္းသည့္ လူတစ္ေယာက္ျဖစ္လာမည္မွာ မွန္ေပသည္။ သို႔ေသာ္ျငားလည္း သူဟာ စုန္႔ေခ်ာင္ရွီ၏ အသက္ကို ကယ္တင္မည့္လူလည္း ျဖစ္လာမည္ မဟုတ္ပါလား။ တစ္ခုခုလုပ္သင့္သည္ဟု မသိစိတ္ထဲ၌ ခံစားေနရသည္။
'ဒါေပမဲ့ တအားစိတ္ရႈပ္ေနၿပီ။ ငါက ဘာလုပ္ရမွာလဲ?'
ေဖေဖစုန္႔က ခ်ဴက်င္းကို အိမ္နီးနားခ်င္းကေလးအေနႏွင့္ မွတ္မိသည္ကို ၾကားရေတာ့ သူ႔အေနႏွင့္ သူ၏ မိဘမ်ားသည္ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ အိမ္နီနားခ်င္းမ်ားႏွင့္ ဆက္ဆံေရးေကာင္းေၾကာင္း ေျပာဖို႔ အနည္းငယ္႐ြံ႕ေနမိသည္။
ေဖေဖစုန္႔က သူ႔လက္ႀကီးမ်ားျဖင့္ ခ်ဴက်င္း၏ လက္ေမာင္းေလးမ်ားကို ဆုပ္ကိုင္ရင္း စိတ္မေကာင္းစြာ ေမးေလ၏။
"သားအျပင္မွာ ဒီလိုတစ္ေယာက္တည္း ျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။"
သူဘယ္ေလာက္ေတြ႕ႀကဳံ ခံစားရၿပီးၿပီလဲဆိုတာကို အၾကမ္းဖ်င္းမွန္းဆၿပီးျဖစ္၍ သည္လိုေမးျခင္းပင္။
အေျဖတစ္စြန္းတစ္စေလးပင္ ထြက္သြားမွာစိုးသည့္အလား ခ်ဴက်င္းသည္ သူ႔ႏႈတ္ခမ္းမ်ားကို ေသြးထြက္လုနီးပါးျဖစ္သည္အထိ ဖိကိုက္ထားရင္း ျဖည္းညႇင္းစြာ ေခါင္းခါယမ္းျပသည္။
"ဘာလို႔ လမ္းကူးသြားလိုက္တာလဲ။ ကြၽန္မရွင့္ကို ရွီရွီနဲ႔အတူ အဲမွာပဲေစာင့္ေနဖို႔ မေျပာခဲ့ဘူးလား.... ဟင္ သားက ေလာင္ခ်ဴတို႔အိမ္က ကေလးမဟုတ္လား။ "
ေမေမစုန္႔၏ အသံသည္ ပုေလြသံအလားႏွယ္။ လက္တစ္ဖက္က ဝက္အူေခ်ာင္းပါသည့္ ပလတ္စတစ္အိတ္ကို ကိုင္ထားရင္း ေျပာလာသည္။ ခ်ဴက်င္းကိုလည္း မွတ္မိပုံပင္။
"မင္းကိုေနာက္မွေျပာျပမယ္။"
ေဖေဖစုန္႔က သူ႔အမ်ိဳးသမီးကို မ်က္စိမွိတ္ျပလိုက္ၿပီး သူမလက္ထဲမွ မုန္႔အိတ္ကို လွမ္းယူၿပီး ရွီရွီ႕လက္ထဲသို႔ ထိုးထည့္ေပးလိုက္သည္။
ကေလးမ်ားကို ေလွ်ာက္မေျပးရန္ ေျပာၿပီးေနာက္ သူ႔မိန္းမကို စကားေျပာရန္ေခၚကာ မီတာအနည္းငယ္ေဝးသည့္ေနရာသို႔ အတူထြက္သြားခဲ့သည္။
သူမလက္ထဲရွိ ဝက္အူေခ်ာင္းမွာ အလြန္ေမႊးႀကိဳင္လွသည္။ စားပစ္ခ်င္သည့္ ေလာဘကို သြားရည္ႏွင့္အတူ မ်ိဳခ်ကာ ထိုမုန္႔ကို ခ်ဴက်င္းဆီ ကမ္းေပးလိုက္သည္။
"ကိုကို႔အတြက္"
ခ်ဴက်င္းက အေဝးတစ္ေနရာသို႔ မ်က္ႏွာလႊဲကာ ေငးေနလိုက္သည္။ လည္ေစ့ေလးကလည္း အနည္းငယ္လႈပ္ရွားသြားသည္။ သူမထံမွ ခပ္ခြာခြာေနလိုသည့္အလား ေျခလွမ္းမ်ားကို ေနာက္သို႔အနည္းငယ္ ဆုတ္လိုက္ေသး၏။
"စားလို႔အရမ္းေကာင္းတာပါဆို စားၾကည့္လို႔။"
ခ်ဴက်င္းက တစ္လွမ္းဆုတ္လွ်င္ ေခ်ာင္ရွီက တစ္လွမ္းတိုးၿပီး သူ႔လက္မ်ားကို ဖမ္းဆြဲကာ လက္ထဲသို႔ ထည့္ေပးၿပီး ထပ္ေျပာျပန္သည္။ ခ်ဴက်င္းက မသိလိုက္ပါဘဲ အလိုအေလ်ာက္ ႐ုန္းၿပီး တုန္႔ျပန္မိသည့္အခါ မုန္႔မွာ ေအာက္သို႔ျပဳတ္က်သြားေတာ့၏။
ဝက္အူေခ်ာင္းမွာ တလွိမ့္တလွိမ့္ ေျမျပင္ေပၚလူးသြားရာ ဖုန္ေတြသဲေတြကပ္ကုန္ၿပီး စားဖို႔ရာ မျဖစ္ႏိုင္ေတာ့။ သူစိုးရိမ္စြာျဖင့္ စုန္႔ေခ်ာင္ရွီကို လွမ္းၾကည့္လိုက္မိသည္။
ေကာက္ညႇင္းဖက္ထုပ္ေလး၏ မ်က္ဝန္းဝိုင္းမ်ားထဲတြင္ ႏွေျမာတႆမႈမ်ား ျပည့္ႏွက္လာကာ စိုစြတ္လာပါေတာ့သည္။
ခ်ဴက်င္းသည္ သူ႔ဦးေလး၏ သမီးလိုပင္ ေခ်ာင္ရွီသည္လည္း ငိုၿပီးရင္း ငိုကာ လူႀကီးတစ္ေယာက္ေယာက္ဆီေျပးသြားၿပီး သူ႔ကို ႐ိုက္ႏွက္ဆုံးမေပးရန္ တိုင္ေတာေတာ့မည္ဟု ေတြးလိုက္မိသည္။
ခ်ဴက်င္းကို သူ႔အေဒၚက အိမ္ကေန ႏွင္ခ်လိုက္ျခင္းမွာ သူက ဝါးဟားဟားအေအးကို ခိုးေသာက္သည္ဟု သူ႔ဝမ္းကြဲက လိမ္လည္တိုင္ေျပာခဲ့ျခင္းေၾကာင့္ေပ။
ဒါေပမဲ့ အဲဒီအေအးဘူးကို သူေသာက္ဖို႔ဆိုၿပီး ထိုတိုင္ေျပာသည့္လူကိုယ္တိုင္က ထည့္ေပးခဲ့တာ။
လူတိုင္းက သူ႔ကိုဆို ဝန္ထုပ္ဝန္ပိုး တစ္ခုလို သေဘာထားၾကၿပီး ပုပ္သိုးေနတဲ့ သုံးစားမရတဲ့အမႈိက္တစ္ခုလိုမ်ိဳး အေဝးကို ကန္ထုတ္ခ်င္ေနၾကတာခ်ည္းပဲ။ ေကာင္းကင္ဘုံမွ မိဘေတြကလြဲရင္ သူ႔ကို ခ်စ္ေပးမယ့္လူမရွိဘူး။ ဒီ ရွီရွီလို႔ေခၚတဲ့ ေကာင္မေလးလည္း ထိုနည္းလည္းေကာင္းပဲေပါ့။