အပိုင်း -၂၁
သျှန်းအံ့လည်း ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းဝင်ဖို့ပြင်နေသူဆီ လက်နှစ်ဖက်ဆန့်ပေးပြီး ချီခိုင်းလိုက်မိတော့သည်။ကိုယ်က ယောက်ျားလေးတစ်ယောက်ပေမည့် ချစ်ရတဲ့ဦးရှေ့မှာတော့ အားနည်းတဲ့ကလေးတစ်ယောက်လိုသာနေပါရစေ။ ချစ်တယ် အလင်းလို့ခေါ်တဲ့ကျွန်တော့်ရဲ့ဦးကိုအရူးအမူးပဲ ချစ်ရပါတယ်လေ။
*
*
*
*
*
*
*
*
" ဘာလုပ်နေလဲကလေး ၊ အေးအေးဆေးဆေးနေပါလို့ပြောထားလဲမရဘူးကွာ"
ကိုယ့်ရှေ့တည့်တည့်မှာထောင်ထားသည်ဖုန်း Screen ပေါ်တွင် ဦးရဲ့မျက်နှာကိုမြင်နေရသည်။
နေ့လည်စာအတွက်ချက်ပြုတ်ပြင်ဆင်နေသည့်
ကိုယ့်မှာတော့ နှဖူးစပ်တွင်ချွေးစလေးများပင်ခိုကပ်
နေလေ၏။
" ဒီနေ့တော့ မြန်မာဟင်းတွေပဲချက်ထားတယ်နော်။ ဦးဘာတွေစားချင်သေးလဲ ထပ်ချက်လာခဲ့မယ်"
" ရပြီ ကလေးချက်ထားတာတွေနဲ့ပဲစားတော့မယ်။ ထပ်ချက်မနေနဲ့ ပင်ပန်းတယ်။ ကိုယ်ချက်ချင်တဲ့ပုံစံကိုပြောပြပြီး အိမ်ကလူတွေကိုချက်ခိုင်းလဲရတယ်လေ။ ကိုယ်တိုင်ဝင်ချက်တော့ ပင်ပန်းတာပေါ့"
" နည်းနည်းလေးမှမပင်ပန်းပါဘူး ပျော်တောင်ပျော်နေသေး"
ဟင်းချက်စရာတွေကိုဆက်တိုက်ပြင်ဆင်နေရင်း ဦးကိုလည်းမျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြုံးရီပြဖို့မမေ့။ တစ်ဆက်တည်းဆိုသလို ဒယ်ဒီကြိုက်တတ်သမျှကို မီးဖိုခန်းထဲဝင်ပြီး တကုတ်ကုတ်ချက်ပြုတ်ကျွေးတတ်သော ဖေ့ကိုပင် သတိရမိသွား၏။ ချစ်ရသူကို အရသာရှိတာတွေပင်ချက်ပြုတ်ကျွေးမွေးချင်သောစိတ်ခံစားမှုသည် ဖေ့ဆီမှ အမွေအဖြစ်လက်ဆင့်ကမ်းပါလာပုံရသည်။
" ကလေး ဘာတွေတွေးနေတာလဲ။ လက်ကိုထိခိုက်မိမယ်နော်"
Screen တစ်ဖက်ခြမ်းမှနေ၍ ကိုယ့်ကိုလှမ်းကာစိုးရိမ်ပေးနေသူကြောင့် ကိုယ်တိုင် အထိအခိုက်အရှအနာကင်းဖို့လည်း ဂရုစိုက်ရပြန်သည်။
" မထိခိုက်ပါဘူး ဦးရဲ့။ ဒါတွေက ကျွမ်းကျင်အလုပ်တွေပါ"
" ဟုတ်ပါပြီဗျာ ကိုယ်ကစိုးရိမ်လို့ပါ။ ဒါနဲ့ ဒီနေ့ဘာဟင်းတွေချက်လဲပြောပြပါအုံး"
" ဒီနေ့တော့ ဝက်သားအချိုနှပ်တယ်။ သရက်သီးလေးကိုပါးပါးလှီးပြီး ဂျုံကြာဆန်နဲ့သုတ်မယ်။ ပြီးတော့ ငါးကြင်းကြော်ပြီးငရုပ်သီးနဲ့ပြန်လှိမ့်လိုက်တယ်။ ငံပြာရည်ကျော်နဲ့ အတို့လေးတွေလဲပြင်ထားတယ်။ နောက်ဆုံး ချဉ်ပေါင်နဲ့ဂေါ်ဖီကိုဟင်းချိုလေးချက်ပေးထားတယ်"
ကိုယ်ကဟင်းတွေကိုရေရွက်ပြတော့ ဦးမျက်နှာက ပို၍ပင်ပြုံးရွှင်လာတော့၏။
" ကလေးဟင်းတွေကိုကြားပြီး ကိုယ်ဗိုက်ဆာလာပြီ"
" အခု အသုတ်သုတ်ဖို့ ဆီချက်ချက်နေတာလေ ။ အသုတ်က လာခါနီးမှသုတ်လာမယ် "
" ဟုတ်ပြီ ခဏနေရင် ကိုယ်Meeting ခန်းကိုသွားရတော့မယ်။ ကလေးလာတဲ့အချိန် ကိုယ်အလုပ်မပြီးသေးရင် အခန်းထဲမှာစောင့်နေပေးနော် "
"ဟုတ် "
" လိမ္မာလိုက်တဲ့ကလေးလေး။ ကိုယ့်ကိုစောင့်နေရလို့ ပျင်းနေမယ်ဆို အခန်းထဲမှာစိတ်ကြိုက်မွှေနေလို့ရတယ်နော် "
ကိုယ့်လူကြီးကတော့ ကိုယ့်ကိုဆို ကလေးလို့သာ အချိန်ပြည့် မြင်နေပုံရလေသည်။ အသက် ၁၈နှစ်ဆိုတာ မွေးစအရွယ် ကလေးမဟုတ်ကြောင်း ဘယ်လို ရှင်းပြရပါ့။
" စိတ်ကြိုက်မွှေနေရအောင် ကျွန်တော်ကအမွှေစိန်လားဗျ "
" အမွှေစိန်တော့မဟုတ်ရပါဘူး ဒါပေမဲ့ .... "
Screen ပေါ်မှာမြင်နေရသည့် ပြုံးစစမျက်နှာနှင့် သံရှည်ဆွဲကာပြောနေသောလေသံကြောင့် ကိုယ့်ကိုစနောက်နေမှန်းသိလိုက်သည်။ ကိုယ်လည်း ပြန်လည်စနောက်ချင်နေတာကြောင့်
" အမွှေစိန်မဟုတ်ပါဘူး ။ ဦးရဲ့ကလေးလေးပါ။ Meeting အတွက်ပြင်ဆင်ရမယ်ဆို အခုဖုန်းချလိုက်ပါတော့နော်။ ဒီမှာလဲ ဆီချက်တွေတူးတော့ဖို့နီးနေပြီ"
" ဟုတ်ပါပြီ ဦးရဲ့ကလေးလေးရယ် ။ ကိုယ်ဖုန်းချလိုက်တော့မယ်နော် "
" ဖုန်းမချခင် အာဘွားပေးပါ "
ပြောပြီးတာနဲ့ ဖုန်း Screenတွင် ပါးတစ်ဖက်ကပ်ပေးလိုက် ၏။ လူကြီးရှက်လို့ရီသည့် အသံလွင်လွင်လေးသည် နားအကြားအာရုံမှတစ်ဆင့် နှလုံးသားထဲအထိစိမ့်ဝင်လာရသည်။
" အာဘွားပါဗျာ "
နှုတ်ဆက်အနမ်းပေးပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် ခဏတာအကြည့်ဆုံပြီးမှ ဖုန်းချလိုက်တော့သည်။သျှန်းအံ့လည်း ဟင်းချက်စရာရှိသည် တို့ကို ခပ်မြန်မြန်ချက်ပြီးလက်စသတ်ဖို့ပြင်ရသည်။
*
*
*
*
*
*
*
*
" ဆရာက အစည်းအဝေးမပြီးသေးလို့ သူ့ရုံးခန်းထဲမှာပဲစောင့်ခိုင်းထားပါတယ် "
ကိုယ်ယူလာသည့် ထမင်းချိုင်းတွေကို ဝန်ထမ်းလေးတစ်ဦးမှလာကူသယ်ပေးပြီး အခြားဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း ဦးမှာထားခဲ့သည့်စကားကို
ပြန်ပြောပြပေးနေသည်။ ရုံးခန်းထဲမှာထမင်းချိုင့်တွေနေရာချထားပြီးတာနှင့် ဝန်ထမ်းအမျိုးသမီးမှ
" ဘာတွေများလိုအပ်တာရှိလဲရှင် ။ တစ်ခုခုလိုအပ်တာမျိုးရှိနေရင်ပြောပါနော်"
" ကျွန်တော်အဆင်ပြေတာမို့ အလုပ်သွားပြန်လုပ်လို့ရပါပြီဗျာ။ တစ်ခုခုလိုချင်တာရှိမှ ခေါ်လိုက်ပါမယ်နော်"
" ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါအုံးရှင် "
ဝန်ထမ်းအမျိုးသမီးလေး အခန်းပြင်ပြန်ထွက်သွားတော့ အခန်းထဲတစ်ယောက်ထဲမို့ ဥိီးရဲ့အလုပ်ခန်းထဲရှိပစ္စည်းတွေကို ဟိုဟိုဒီဒီလိုက်ငေးကြည့်ရင်း စပ်စုနေမိသည်။ ဦးသည် ဒယ်ဒီ့၏ အချစ်ဆုံးရဲဘော်ရဲဘက်ပီသစွာပင် ဒယ်ဒီနှင့်အမူအကျင့်တွေကအစတူညီလှသည်။
ဘယ်ပစ္စည်းကိုမဆို စနစ်တကျထားသိုတတ်ပြီး
အမြဲတစေသန့်ရှင်းသပ်ရပ်စွာနေတတ်သူလည်းဖြစ် ၏။ ရုံးခန်းအတွင်းလှည့်ပတ်ကြည့်နေရင်း ဟိုပစ္စည်းကိုင်ကြည့် ဒီပစ္စည်းကိုစပ်စုကြည့်နှင့် အလုပ်ရှုပ်နေစဉ်
" မင်းက ဘယ်သူလဲ ။ ဘာလို့ ကိုလင်းရုံးခန်းထဲကိုရောက်နေရတာလဲ "
နောက်ပါးဆီမှကြားရသည့်အသံကြောင့် တံခါးဘက်ကိုပြန်လှည့်ကြည့်လိုက်သည့်အခါ လှပသောမြန်မာဝတ်စုံကိုဝတထားပြီး ခြေဖနောင့်ထိခါနီးအထိရှည်လျားသည့်ဆံနွယ်တို့ကို ရင်ဘက်ရှေ့သိမ်းယူ
ထားသည့်ကျက်သရေရှိစွာတင့်တယ်နေသော
အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတော့သည်။
" ကျွန်တော့်ကိုမေးတာလား "
" ဒီအခန်းထဲ မင်းပဲရှိတာကို ။ မင်းက ဘယ်သူလဲ "
ထိုအမျိုးသမီးသည် မေးရင်းနှင့်ပင် ကိုယ့်နားသို့လျှောက် လာ၏။
" ကျွန်တော့်နာမည် သျှန်းအံ့ဟန်ပါ ။ ဦးကို နေ့လည်စာလာပို့ပေးတာပါ "
ရုံးခန်းထဲကို ဦးမရှိသည့်အချိန်မှာပင် ဝင်ထွက်ခွင့်ရနေသည့် အမျိုးသမီးသည် ဦးအတွက်လည်း အတော် ပင်အရေးပါမည့်သူဖြစ်မယ်မှန်း ခန့်မှန်းမိတာကြောင့် လေးလေးစားစားပုံစံဖြင့်ပင်အဖြေပြန်ပေးလိုက်၏။ တစ်ဖက်အမျိုးသမီးသည် ကိုယ့်ကိုသိသိသာသာပင် အကဲခတ်နေလေ၏။ ကိုယ့်ပုံစံကပဲ တေလေ ဂျပိုးပုံစံထွက်နေသလားအတွေးဖြင့် ကိုယ့်ဘာသာပြန်ငုံ့
ကြည့်ဖြစ်သည်။
အိမ်နေရင်းဝတ်သည့်တ်ီရှပ်နှင့် ပေါင်လယ်လောက်သာရှိသည်ဘောင်းဘီတိုလေးက သိပ်တော့ထည် ဝါခြင်းရှိမနေပါ။ သို့ပေမဲ့ကိုယ့်ပုံစံအတိုင်း ပခုံးကျော်
နေသည့် ရွှေအိုရောင်ဆံပင်တွေကို အပေါ်တစ်လွှာသာစည်းထားပြီး ကျန်နေသည့်ဆံပင်တွေကို
ပခုံးပေါ်လွတ်လပ်စွာကျဆင်းနေစေခြင်းနှင့် များပြားစွာဖောက်ထားသည့် နားပေါက်တွေမှာဝတ်ဆင်ထားသည့် နားဆွဲတွေနားကပ်တွေက ဘေးကကြည့်သူ
တွေရဲ့အမြင်တွင် လမ်းသရဲပုံစံထွက်နေမှာသေချာသည်။ အခုမှမြင်တွေ့ဖူးသည့်အမျိုးသမီးတစ်ဦးက ကိုယ့်ကိုအကဲခတ်နေရင်းမှ စိုက်ကြည့်တာကိုခံနေရသည့်အခါ လူက နည်းနည်းတော့ရှိုးတိုးရှန့်တန့်ဖြစ်နေမိတော့ ၏။
" ကိုလင်းနဲ့ အမျိုးတော်တာလားမသိဘူး "
တစ်ဖက်ကမေးလာသည့်စကားကြောင့် သျှန်းအံ့လည်း ဘာပြန်ဖြေရမှန်းမသိတော့။ အမျိုးပါလို့ပဲ လိမ်လိုက်ရမလား။ဒါမှမဟုတ် အမှန်တိုင်းပြောလိုက်ရမလား ဘယ်လိုဖြေရင်ကောင်းမလဲ ဦးနှောက်ကိုအမြန်အလုပ်ပေးနေမိသည့်အချိန်မှာပင် တံခါးဖွင့်သံကို
ကြားလိုက်ရပြီး
" အိမ့် ဘယ်တုန်းကရောက်နေတာလဲ "
ဦးက အခန်းထဲဝင်လာရင်း အမျိုးသမီးကိုနှုတ်ဆက်စကားဆိုလာသည်။ နှစ်ယောက်အတူ မျက်နှာချင်းဆိုင်ဆိုဖာတွေမှာဝင်ထိုင်ပြီး တစ်ဖက်အမျိုးသမီးသည်ပြုံးရွှင်စွာဖြင့်ပင်
" အလုပ်နည်းနည်းအားနေလို့ ဒီဘက်ကိုထွက်လာခဲ့တာရယ်။နေ့လည်စာအတူတူသွားစားမလားလို့
ကိုလင်းကိုလာခေါ်တာလေ ။ အလုပ်အားပြီလား "
" အလုပ်က အခုမှအားတာပဲအိမ့်ရယ် ။ တစ်မနက် လုံးMeeting လုပ်နေရတာနဲ့အချိန်ကုန်သွားတယ် ။ ဒီတစ်ခေါက် Project က နည်းနည်းကြီးတော့ ကိုယ့်အတွက်လဲတာဝန်ကြီးနေတာ ။ ကလေး အဲမှာဘာ
ရပ်လုပ်နေတာလဲ။ လာခဲ့ ဒီမှာလာပြီးထိုင် "
" ကိုလင်းရယ် တစ်ယောက်ထဲသမားက အလုပ်တွေကိုတအားလောဘကြိီးမနေပါနဲ့။ ဘာလဲ မိန်းမယူတော့မှာလား။"
တစ်ဖက်အမျိုးသမီးနဲ့စကားပြောနေရင်းနှင့်ပင် အခုချိန်ထိအခန်းဝမှာ မတ်တတ်ရပ်ကြီးဖြစ်နေသော
ကိုယ့်ကိုလှမ်းခေါ်ကာသူ့ဘေးမှာလာထိုင်ဖို့နေရာပင်ပြနေသေးသည်။ သျှန်းအံ့မှာတော့ အခုမှတွေ့ဖူး
သည့်သူစိမ်းအမျိုးသမီးရှေ့ ကလေးဆိုပြီးအခေါ်ခံလိုက်ရတာကြောင့် ရှက်သွားရလေသည်။
အသက် ၁၈နှစ်အရွယ်နှင့်ပင်မလိုက်အောင် ရှည်လွန်းနေသည့်အရပ်အမောင်းနှင့် ခေတ်ရှေ့ပြေးနေ
သောကိုယ့်ရဲ့အပြင်အဆင်တွေဟာ မိဘတွေနှင့်
ဦးရဲ့ရှေ့မှာမှလွဲလျင် ဘယ်သူစိမ်းတစ်ယောက်ရဲ့
ရှေ့မှာမှ ကလေးဆန်သည့်အမူအရာမျိုးမရှိချေ။
ပြည်ပမှာအနေကြာသူဖြစ်တာကြောင့် အခြားရွယ် တူတွေထက်ပင် အများကြီပိုရင့်ကျက်သေးသည်။
ဒါကို ဦးတစ်ယောက်မသိတာလဲမဟုတ် ။သိနေရက် သားနဲ့ ကိုယ့်ကိုတမင်ကြီးကို ကလေးဆိုပြီးခေါ်နေတာ။
" ကလေး ဘာဖြစ်လို့လဲ လာခဲ့လေ "
လင်းမြတ်မှာလည်း တံခါးနားမှာတင်ရပ်နေသည့်ကလေးကြောင့် ကိုယ်နဲ့အိမ့်ကို တစ်မျိုးများထင်နေ
မလားစိုးရိမ်စိတ်ဖြင့်ချက်ချင်းပင် လက်ကိုဆွဲပြီးခေါ်ချင်စိတ်ဖြစ်လာရသည်။ကိုယ့်ပုံစံက ထိုင်ရာမှထ
တော့မည့်ပုံဖြစ်သွားတာကြောင့် ကလေးကနားကို
လျှောက်လာလေသည်။ ကိုယ့်နားရောက်တာနဲ့ သူ့လက်ကိုလှမ်းဆွဲပြီး လူချင်းပူးကပ်စွာထိုင်စေလိုက်သည်။
" အလုပ်လောဘကြီးတာမဟုတ်ပါဘူး အိမ့်ရယ်။ ပုံမှန်အတိုင်းပဲ လုပ်နေတာပါ"
" ဒါနဲ့ သူလေးကဘယ်သူလဲ ကိုလင်းအမျိုးလား ။တစ်ခါမှမတွေ့ဖူးလို့ "
" သူလား "
ဦးကတော့ ကိုယ့်ကိုလှည့်ကြည့်လာရင်း ပြုံးနေလေသည်။ ကိုယ့်လက်ဖျားကိုအခုထိမလွှတ်ပေးသူကို မထော်မနန်းတွေပြန်မဖြေစေဖို့အတွက် တစ်ဖက်အမျိုးသမီးမရိပ်မိအောင် မသိမသာမျက်မှောင်ကျုံ့ပြရင်း ခေါင်းကိုပါဖြေးဖြေးလေးခါပြမိသည်။ကိုယ်တွေချစ်နေတာ ကိုယ်အချင်းချင်းသိရင်ရပြီလေ ဟုတ်တယ်မဟုတ်လား။
" သူ့နာမည်က သျှန်းအံ့ဟန်တဲ့။ သူ့ကို အိမ့် မတွေ့ဖူးဘူးဆိုတာလဲ သူကပြည်ပမှာအနေများတာကိုး။
ဟိုဘက်မှာကျောင်းတက်နေတာလေ။ ဒီနွေတော့
ကျောင်းပိတ်တုန်းကိုယ့်အိမ်မှာလာနေတာ။ ကိုယ့်
အမျိုးတော့ မဟုတ်ပါဘူး ကိုယ်လက်ထပ်မဲ့ကိုယ်
ကောင်လေးပါ "
မိတ်ဆက်ပေးနေသူက ပြုံးပြုံးကြီးမိတ်ဆက်ပေးနေတာကိုတစ်ဖက်အမျိုးသမီးကတော့ ဘယ်လိုခံစားရမယ်မသိ။ သျှန်းအံ့ကိုယ်တိုင်မှာတော့ ကိုယ့်ခွေးစာကိုယ်ပြန်စားနေရသလိုမအီမလည်နှင့်ထူထူပူပူကြီးခံစားနေရတော့သည်။ ဒီလူကြိီးကတော့ တကယ်ပါဘဲကွာ။
" အိမ့် နေ့လည်စာစားဖို့လာခေါ်ပေးတာကို ငြင်းရမှာလဲအားနာပေမဲ့ ဒီမှာကိုယ့်ကလေးက သူကိုယ်တိုင်ချက်ပေးလာတာဆိုတော့ အပြင်မှာထွက်စားဖို့အဆင် မပြေတာကို နားလည်ပေးပါ"
" ဟုတ်ဟုတ် ရပါတယ်ကိုလင်းရယ်။ ကလေးက
ချစ်စရာလေးပဲ ။ ဒါကြောင့် ကိုလင်းတစ်ယောက်
သည်းသည်းလှုပ်နေတာနေမယ် "
" ဟုတ်တယ် သူကအရမ်းချစ်စရာကောင်းတာလေ "
ပြောရင်းနှင့်ပင် ကိုယ့်ပါးတစ်ဖက်ကို ခပ်ဖွဖွလှမ်းထိလာတာမို့ကိုယ်တွေရှေ့မှာထိုင်နေသည့်အမျိုးသမီးမှာ အမြန်ထပြန်ဖို့ပြင်ဆင်နေလေပြီ။သျှန်းအံ့ကိုယ် တိုင်လည်း ပြုံးရခက်ငိုရခက်အီလည်လည်ခံစားချက်
ဖြင့် စိတ်ထဲမှာတော့ ကျယ်လောင်စွာအော်ဟစ်နေမိလေတော့သည်။
" အရင်က ငါ့ကိုမချစ်သလို အရေးမစိုက်သလိုနေ
တတ်တဲ့ ဦးလင်းမြတ်နိုင်ကြီးကိုပြန်ခေါ်ပေး ပြန်ခေါ်ပေး "
Eros_90
31.3.2024 ( ၈ နာရီ ၄၀ မိနစ် )
3.4.2024 Update ရှိ။