အပိုင်း -၁၃
"မှားတာပေါ မင်းသိပ်မှားတာပေါ့ ။ ငါ့ကိုလေမထိနေမခအောင် ထားစရာမလိုဘူးအလင်း။ ငါအဲလိုဘဝမျိုးမလိုချင်ဘူး။ ငါတကယ်လိုချင်တဲ့ဘဝက မင်းရဲ့ကောင်းခြင်းဆိုးခြင်းကိုမျှဝေခံစားပေးတဲ့သူတစ်ယောက်ဖြစ်တဲ့ဘဝကိုပဲလိုချင်တာ။ မင်းဘက်က အဲလိုသဘောမထားနိုင်ဘူးဆိုရင်တော့ ငါ့လမ်းပဲငါလျှောက်တော့မယ်။ အရာရာတိုင်းက မင်းဆုံးဖြတ်ချက်ပေါ်ပဲမူတည်ပါတယ်လေ"
ပြောချင်တာတွေကို ပြောပြီးတာနှင့်အခန်းတွင်းမှ လှည့်ထွက်လာခဲ့တော့၏။ မင်းနဲ့ငါ ဒီလိုနဲ့တကယ်ဝေးသွားမှာငါစိုးရိမ်မိပါတယ်အလင်းရယ်။မင်းက ငါ့ဘဝရဲ့ တစ်သက်တာထာဝရချစ်ရမည့်ချစ်သူမို့ သူစိမ်းတွေလိုနေရမှာ ငါသေလောက်အောင်ကြောက်မိပါရဲ့လေ။
*
*
*
*
*
*
*
*" ဒုန်း !! "
" ဦးမကိုဋ်ထွဋ်ခေါင်! !"
အခန်းတံခါးကို ကျယ်လောင်စွာတွန်းဖွင့်ဝင်လာသည့်အသံကြောင့် အလုပ်များနေရာမှခေါင်းမော့ကြည့်မိသည်။ ထင်သည့်အတိုင်းပင် ကိုယ့်ကိုတွေ့ချင်ပါတယ်လို့ဖုန်းဆက်အကြောင်းကြားလာသည့် ရှိန်းခေါင်းယံဖြစ်နေ၏။ အခန်းထဲဝင်လာပုံကဒေါသကြီးနေသော အသွင်မျိုးဖြစ်နေတာကြောင့် အတွင်းရေးမှူးလေးမှ ဟန့်တားရန်ဟန်ပြင်လိုက်သည်။
" ထားလိုက် ငါသူနဲ့ပြောစရာရှိနေလို့ ။ မင်း အပြင်ခဏထွက်ပေး "
ဟန့်တားရင်းပင် အတွင်းရေးမှူးကိုအခန်းပြင်ထုတ်လိုက်ရ၏။ရှိန်းခေါင်းယံသည် အခန်းဝမှာပင်ရပ်နေသေး၏။ ဒေါသကြီးနေသူကိုကြည့်မိတော့ ကိုယ့်မျက်စိထဲကြောင်ပေါက်လေးမာန်ဖီနေတာနှင့်ပင်တူနေလေသည်။ အခန်ထဲသူနှင့်ကိုယ်နှစ်ယောက်ထဲရှိတော့မှ
" ကဲ လာ ဒီမှာထိုင် ဒေါသတွေကြီးပြီး ကိုယ့်ကိုတွေ့ချင်နေရတဲ့ လာရင်းကိစ္စကဘာများဖြစ်မလဲ ပြောပြပါအုံး "
အလုပ်စားပွဲမှထလိုက်ပြီး ရှေ့မှာရှိနေသည့် စားပွဲဝိုင်းဆီလာလိုက်၏။ ကောင်လေးသည်လည်း ယခုထိရပ်လျက်ပင်ရှိနေကာ ကိုယ့်ကိုစူးရဲစွာစိုက်ကြည့်လာ၏။ ကြည့်နေပုံက ဒေါသအငွေ့တွေကိုပင်ခံစားနေရသည်။
YOU ARE READING
Hey ! You Have To Be My Husband ( Completed )
FanfictionMy Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။