Part - 18 ( Uni )

2.6K 172 10
                                    

အပိုင်း - ၁၈


" အင်း အစ်ကို့ကိုပဲ သေချာပေါက်လက်ထပ်မှာ။ အလင်းကက ကျွန်တော်မိသားစုလိုတွယ်တာမှုမျိုးနဲ့ တစ်သက်လုံးရှိနေမယ်ဆိုရင်တောင် အစ်ကို့ကိုပဲရွေးချယ်မှာပါ"

" ကျေးဇူးပါရှိန်း အရမ်းကျေးဇူးတင်ပါတယ်"

" ဒါနဲ့လေအစ်ကို အလင်းက ကျွန်တော့်ကိုအစ်ကိုလေးတဲ့။ မကြိုက်ပါဘူး အဲလိုခေါ်တာချည်းကို"

" ဟာ ဟုတ်လား နေအုံး ဒီကောင့်ကိုနာရင်းနှစ်ချက်လောက်ရိုက်ပြီး ရှိန်းငယ်လို့ပြန်ခေါ်ခိုင်းလိုက်မယ် ဟုတ်ပြီလား"

စကားအဆုံး အခန်းထဲရီသံတို့ဖုံးလွှမ်းသွားရတော့၏။ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့လောကကြီးမှာ ဖြစ်သင့်တာတွေကို ရွေးချယ်ပြီး အကောင်းဆုံးနေထိုင်သွားဖို့ကိုသာ လက်ခံလိုက်ရလေတော့ သည်။

*
*
*
*
*
*
*
*

အစ်ကိုပြည်ပခရီးထွက်သွားစဉ်မှာပင် မြန်မာပြည်သို့အလင်းပြန်ရောက်လာသည်။

" ကျွန်တော်ခဏပြန်လာတာအစ်ကိုလေး "ဆိုသည့်အကြောင်းကြားသည့်စကားနှင့်အတူပင် တကယ်လည်း ၃ရက်အတွင်းအလုပ်ကိစ္စဆိုသည့် အကြောင်းပြချက်ဖြင့် အခြားပြည်ပနိုင်ငံတစ်ခုကိုထွက်ခွာသွားပြန်သည်။ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခွဲခွာသွားသူသည် ကိုယ့်ကိုမျက်နှာတစ်ချက်ပင်လာမပြတော့ချေ။ ဆယ်စုနှစ်တစ်ခုနီးပါး ဆိုးတူကောင်းဖက်အတူရှိနေပေးသူသည် အခုချိန်မှာတော့ ကိုယ့်အပေါ် လုံးဝကိုစိမ်းသက်သွားလေပြီ။

သံယောဇဉ်ကိုဖြတ်တောက်ဖို့သည် အလင်းအတွက် ဒီလောက်ပင်လွယ်ကူလေမလား။
ကိုယ့်မှာတော့ အရူးမီးဝိုင်းလိုပင်ခံစားနေရသည်။ ဖွင့်ထုတ်လို့လည်းမရ မြိုချလို့လည်းမရသည့်အခြေအနေသည် ဘာနဲ့ပင်အလားသဏ္ဍာန်တူနေမှန်းနှိုင်းပြစရာမရှိ။

အလင်းဘက်က စိမ်းသက်စွာနေလာခဲ့သည့်အခြေအနေတွင်ကိုယ်လည်း သူ့ထက်မလျော့သည့်မာနကိုသာထုတ်ပြချင်မိတော့၏။ နေနိုင်တဲ့သူကထားခဲ့ရက်သည့်အခါ ကျန်နေခဲ့သည့်ကိုယ်က အခုအခြေအနေမှာ အများကြီးပျော်နေရတယ်ဆိုတာကို သူသိအောင်ပြချင်သည်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now