PhoeNya

By XaioBaobao

38.8K 1.8K 503

ငါ့မွာ အားနည္းခ်က္ဆိုလို႔ မင္းကိုခ်စ္တာရယ္ မင္းထိခိုက္ဒဏ္ရာရမွာကို ေၾကာက္တာရယ္ပဲ ရိွတယ္ ... More

intro
ep 1 (uni&zg)
ep 2(uni&zg)
ep 3(uni&zg)
ep 4(uni&zg)
ep 5(uni&zg)
ep 6(uni&zg)
ep 7(uni&zg)
ep 8(uni&zg)
ep 9(uni&zg)
ep 10(uni&zg)
ep 11(uni&zg)
ep 12(uni&zg)
ep 13(uni&zg)
ep 14(uni&zg)
ep 15(uni&zg)
ep 16(uni&zg)
ep 17(uni&zg)
ep 18(uni&zg)
ep 19(uni&zg)
ep 20(uni&zg)
ep 21(uni&zg)
ep 22 (uni&zg)
ep 23(uni&zg)
ep 24(uni&zg)
ep 25(uni&zg)
ep 26(uni&zg)
ep 27(uni&zg)
ep 28(uni&zg)
ep 29(uni&zg)
ep 30(uni&zg)
ep 31(uni&zg)
ep 32(uni&zg)
ep 34 (uni&zg)
ep 35(uni&zg)
ep 36(uni&zg)
ep 37 (uni&zg)
ep 38(uni&zg)
Ep 39(uni&zg)
Ep 40(uni&zg)
Ep 41(uni&zg)
Ep 42 (uni & zg)
Ep 43(uni&zg)

ep 33 (uni&zg)

531 32 1
By XaioBaobao

uni

လရိပ်တို့နဲ့ ရေဆော့နေတယ့် ဧကရာဇ်ကိုကြည့်ပြီး ဖိုးသားအမြင်မကြည်တော့ မနေ့တနေ့ကပဲ သူ့ကို သဲသဲလှုပ်နေသူက ချက်ချင်းပြောင်းလဲသွားတာကြောင့် ဖြစ်ပေလိမ့်မယ် သူလဲ ရန်ဖြစ်ချင်လို့ ဖြစ်ခဲ့တာမှမဟုတ်တာ။

"ငါ ဟိုဘက်ခနသွားလိုက်ဦးမယ် "

"အေး ဖိုးသား အဝေးကြီး လျှောက်မသွားနဲ့နော် ငါတို့လိုက်ခဲ့ရမလား"

"မလိုက်နဲ့ "

"ok bro"

ဥက္ကာရဲ့ သတိပေးသံကြောင့် ဖိုးသား ဧကရာဇ်ကိုကြည့်လိုက်တော့ ဧကရာဇ်က လရိပ်၊ ရှိုင်းထက်အောင်တို့နဲ့ ရေဆော့နေလေသည်။

"ကျစ်!"

ဖိုးသား စုတ်သပ်ကာ လှည့်ထွက်သွား၏။

ဒီနေ့ ကမ်းခြေမှာ လူတွေရှုပ်နေ၏။ သေချာသတိမထားရင် လူတွေရောကုန်လိမ့်မည်။ ဖိုးသားက ဒါတွေဂရုစိုက်မယ်ထင်လား ဆောရီးပဲ။ ဘောင်းဘီတိုဝတ်ထားတယ့် မေပန်းချီကို လှည့်မကြည့်ဘဲ ဖိုးသား လရိပ်တို့နဲ့ ဝေးရာကို သွားလိုက်သည်။

"ဖိုးသား ဘယ်သွားမလို့လဲ"

သူမေးတာကို ပြန်မဖြေတာကြောင့် မေပန်းချီ ကြောင်တောင်တောင်နဲ့သာ ကျန်ခဲ့၏။

ဖိုးသားက ရေလှိုင်းတွေဆီ တရွေ့ရွေ့လျှောက်သွား၏။
သူ ဒီတိုင်း လှိုင်းတွေကို အံတုပြီးရပ်ရတာ ပျော်စရာကောင်းတယ် ထင်ရုံလေးပါ။ ရှုပ်ထွေးနေတယ့် ခံစားချက်တွေ ပျောက်လိုပျောက်ငှား ရေနက်တယ့် နေရာကို တိုးကာသွားလိုက်မိသည်။

ရေနက်လာတာနှင့်အမျှ လှိူင်းကလည်းပိုကြီးလာသည်။
ဖိုးသား က သူ့ဆီရောက်လာတယ့် လှိုင်းတွေကို လက်နဲ့ခံထားလိုက်သည်။

အခုဆို ရေက သူ့ရင်ဘတ်ရောက်နေပြီ။ သူရေကူးတတ်ပေမယ့် ​ရှေ့ဆက်သွားချင်စိတ် ရှိမနေတော့ပေ။

မျက်နှာကို မော့လိုက်ပြီး ကောင်းကင်ပေါ်က တိမ်တွေကို ကြည့်လိုက်၏။

လှိုင်းသံနဲ့ ပြာလဲ့နေတယ့်ကောင်းကင်က တစ်စုံတစ်ယောက်ရဲ့ မျက်နှာလို အေးချမ်းနေသည်။

လှိုင်းတစ်ချက်အရိုက်မှာ သူ့မျက်နှာက ရေလှိုင်းနဲ့ မိတ်ဆက်သွား၏။

ဆားငန်ရေတွေ ပါးစပ်ထဲသာမက မျက်လုံးတွေ နားတွေထဲပါ ဝင်သွားတော့ သူမျက်လုံးမှိတ်လိုက်မိသည်။

'ဧကရာဇ် '

သေခါနီး တ မိတယ့်နမည်က ဧကရာဇ်တယ့်လား။ ရယ်စရာကောင်းလိုက်တာ သားစစ်ထွဋ်ရာ။ မင်းမုန်းနေတယ့် လူကိုမှ တ မိတယ်တယ့်လား။

ရုတ်တရက် သူ့လက်မောင်းကို ယူကာ ပုခုံးပေါ်တင်လိုက်ပြီး သူ့ခါးကို လာဖက်တယ့် လက်တစ်စုံ။

ရင်းနှီးနေတယ့် ကိုယ်သင်းနံ့ကြောင့် သူမျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်သော်လည်း အချည်းအနှီးသာ သူ့မျက်လုံးတွေ အရမ်းစပ်နေ၏။

လျင်မြန်စွာ သူ့ကိုယ်ကို ထိန်းပြီး ကမ်းခြေဘက်ကို ဆွဲခေါ်ပေးသွားတယ့် သူကြောင့် ရေက သူ့ရင်ဘတ်မှ ခြေရင်းသို့ တဖြည်းဖြည်း လျော့လာသည်။

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

လေးယောက်လုံးရဲ့ အော်သံကြောင့် ဖိုးသား အနည်းငယ် နားညီးသွား၏။

ဧကရာဇ် အသံတော့မပါတာကြောင့် သူထင်တာ မှန်သွားတာလား။

သူ့ကို ထိန်းထားတယ့် လူက သဲ​​ပြင် ​​ပေါ် ဖြည်းညင်းစွာချပေးပြီး တစ်နေရာကို အမြန်ပြေးထွက်သွား၏။

'ညဧကရာဇ်'

သူ့ဘေးနားမှာ မေပန်းချီက ထိုင်ချကာ နားညီးအောင် သူ့နမည်ကို တဖွဖွခေါ်လာ၏။

"ဖိုးသား ! အဆင်ပြေရဲ့လား "

'ငါ အဆင်ပြေနေတယ် ထင်လား အမိ'

"အဟွတ် အဟွတ် "

ဖိုးသားပြန်ပြောလိုက် ချင်ပေမယ့် သူချောင်းအဆတ်မပြတ် ဆိုးနေလေသည်။

သူ့ဘေးနားက လူက ဆရာဝန်လားတောင် ဖိုးသားသံသယဝင်သွားမိသည်။

လူတစ်ယောက်လုံး သေမလိုဖြစ်နေတာကို နမည်ပဲ တဖွဖွခေါ်နေတယ်။

'xီးပဲ '

ပြေးလာတယ့် ေခြသံကြောင့် သူ အတွေးတွေကို ရပ်လိုက်၏။

သူ့ကိုယ်ကို ပွေ့လိုက်သော အထိအတွေ့။ သူ အသက်ရူရပ်သွားသလိုပင်။

သူ့ မျက်လုံးပေါ်ကို ရေသန့်တွေ ကျလာပြီး ပူနွေးတယ့် လက်တစ်စုံက သူ့မျက်လုံးကို ရေသန့်နဲ့ ဆေးပေးလေသည်။

တင်းတင်းစေ့ထားတယ့် မျက်လုံးတစ်စုံက ပုတ်ခပ်ပုတ်ခပ် ဖြစ်လာတော့မှ နားထဲကို ရေသန့်အနည်းငယ်လောင်းချကာ ဆေးပေး၏။

သူ့ခေါင်းကို ထိုလူက အနောက်ကိုင်ကာ အနည်းငယ်မတ်လိုက်ပြီး သူ့နှုတ်ခမ်းနားကို ရေသန့်ဘူး တေ့ပေး၏။

ဖိုးသား နှုတ်ခမ်းကို ဟ လိုက်ကာ ပါးစပ်ထဲက ငန်ကျိကျိအရသာ ပျောက်အောင် အရင်လုပ်လိုက်၏။

သူမျက်လုံးလဲ ဖွင့်မကြည့်မိသလို။ ထလဲ မထမိ။

သူ့ကိုယ်ကို ထိန်းပေးထားတယ့်လူက သူ့ကိုယ်ကို အနည်းငယ် ပွေ့လိုက်ကာ ခပ်တိုးတိုးပြောလာ၏။

"ဘာမှမဖြစ်တော့ဘူး စစ် ကိုယ်ရှိတယ် "

သူ့ကို နှစ်သိမ့်ပေးတယ့် အသံကြောင့် သူကို ရေထဲကခေါ်လာသူက မည်သူဖြစ်မှန်း သူ confirm လို့ရသွားသည်။

သူဘာမှ မတုံ့ပြန်မိ။ သူသေတော့မယ်ဆိုတယ့် အသိနဲ့ တကယ်ကြောက်သွားမိတာကြောင့် ထင်တယ်။

သူ့ရဲ့ရေစိုနေတယ့် ဆံပင်ကို လာထိတယ့် အထိအတွေ့တစ်ခု။ သူမငြင်းဆန်မိ။

သူမလှုပ်မယှက်ဘဲ ဧကရာဇ် ရင်ခွင်ထဲ နေနေရာမှ ခဏကြာတော့ မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူနဲ့နီးကပ်စွာရှိနေတယ့် ဧကရာဇ် မျက်နှာကြောင့် ငေးကြည့်နေရာမှ ဧကရာဇ် ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။

ဧကရာဇ်က ဖိုးသားကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုကာ ဖိုးသားကိုယ်ကို အနည်းငယ်ထိန်းပေးရင်း ဖိုးသားအခန်းကို ခေါ်သွားပေးလိုက်သည်။

လရိပ်တို့ကတော့ အနောက်ကနေ ထပ်ကြပ်မကွာလိုက်လာ၏။

ဖိုးသား ဘန်ဂလိုရဲ့ back door ရောက်တော့ ဧကရာဇ်က သဲတွေပေနေတယ့် ဖိုးသားခြေထောက်ကို လရိပ်လက်ထဲက ရေဘူးနဲ့ဆေးပေးလိုက်တော့ ဖိုးသားက တံခါးဖွင့်ကာ အခန်းထဲဝင်သွား၏။

ဧကရာဇ် သူ့ရဲ့ ခြေထောက်ကို ရေဆေးလိုက်တော့ သဲနဲ့အတူ ရောပါလာတယ့်သွေးတွေ။

"ဧကရာဇ် ဘာဖြစ်တာလဲ ခြေထောက်က "

"ရေထဲဆင်းတုန်းက တစ်ခုခုနဲ့ထိသွားတာနေမှာပေါ့ ရတယ် မင်းတို့ ဆက်ကူးဦးမှာမလား ငါ စစ်ကို ကူလိုက်ဦးမယ် "

"ငါတို့မကူးတော့ဘူး ညကျမှတွေ့ကျတာပေါ့ "

"အင်း  လရိပ် ငါ့လွယ်အိတ်လေး ယူလာပေးပါလား "

"အင်း "

လရိပ်က သူ့အခန်းကို ပြန်သွားကာ ဧကရာဇ် လွယ်အိတ်ကို လွယ်လိုက်သည်။

တကယ်တော့ ဖိုးသား တစ်ယောက်ထဲ သွားကတည်းက သူတို့လိုက်သွားရမှာပင်။

သူတို့ကိုတည်းက လက်လွတ်စပယ်နိုင်လွန်းခဲ့တာ။

ဧကရာဇ်ကတော့ ဖိုးသားနောက်က တိတ်ဆိတ်စွာပင်လိုက်သွားလေသည်။

ဧကရာဇ်တို့ သွားတာကြာလာတာမလို့ လရိပ် ဥက္ကာတို့ကိုပြောကာ ဧကရာဇ်တို့ကို လိုက်ရှာကြ၏။

ခဏကြာတော့ ဖိုးသားကို တွဲထားတယ့် ဧကရာဇ်ကြောင့် သူတို့အကုန် ဧကရာဇ်အနား ရောက်သွားကြသည်။

ဧကရာဇ် မျက်ဝန်းက အလွန်အမင်း စိုးရိမ်ပုံပေါ်နေပြီး ဖိုးသားကို  သဲပေါ် ခပ်ဖြေးဖြေးချလိုက်ပြီး ကမ်းစပ်နဲ့ အနည်းငယ်ဝေးတယ့် အုန်းရည်ဆိုင်ကို ပြေးသွားကာ ရေသန့်ဘူးတွေကို ဝယ်ပြီး ဖိုးသားဆီပြန်ပြေးလာ၏။

ဧကရာဇ် လှုပ်ရှားမှုက အလွန်ပင်မြန်ဆန်နေ၏။

ဖိုးသား ကိုယ်ကို ပွေ့လိုက်ကာ ရေသန့်နဲ့ ဆေးပေးပြီး ရင်ခွင်ထဲ ထည့်ထားတယ့် ဧကရာဇ်က သူ့မျက်နှာပေါ်က မျက်ရည်တွေကို ဖိုးသား တွေ့သွားမှာ စိုးရိမ်နေတယ့်ပုံပင်။

သူတို့တောင် တအားစိတ်ပူပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတာ ဖိုးသားကို အရိပ်တကြည့်ကြည့် ကြည့်နေတယ့် ဧကရာဇ်ကတော့ ပိုဆိုးတာပေါ့။

လရိပ် အတွေးတွေကို လက်စဖြတ်ကာ ဖိုးသားအခန်းကို ပြေးသွားလိုက်သည်။

ဖိုးသားအခန်းဆီရောက်တော့ လရိပ်တံခါးဖွင့်ဝင်သွားလိုက်သည်။

ကုတင်ပေါ်မှာ ရေချိုးပြီးကာစ ဖိုးသားကလှဲနေပြီး ဧကရာဇ်ကတော့ ဖိုးသားခေါင်းကို ရေသုတ်ပေးနေ၏။

လရိပ် စကားမပြောတော့ဘဲ ဧကရာဇ် လွယ်အိတ်ကို ခုံပေါ်တင်ကာ အခန်းထဲက ထွက်သွား၏။

ဧကရာဇ် ခေါင်းသုတ်ပေးပြီးတော့ ဖိုးသားက အိပ်ပျော်နေလေသည်။

" ထ ဦး ဆေးသောက်ရဦးမယ်"

ဖိုးသားက သူအိပ်နေရင် နှိုးတာ ကြိုက်တယ့်လူ မဟုတ်တာ​ကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားကာ ထလာသည်။

ဧကရာဇ် လရိပ်လာပေးတယ့် သူ့အိတ်ကိုယူကာ အဖျားပျောက်ဆေး ကို ယူကာ ဖိုးသားကို တိုက်လိုက်သည်။

ဖိုးသားက ဆေးသောက်ပြီးတာနဲ့ အိပ်ယာပေါ်ကို ပြန်လှဲချလိုက်သည်။

ဧကရာဇ် သူ့အိတ်ထဲက ရေမွှေးယူလိုက်ကာ ဖိုးသား အခန်းထဲ ပတ်ဖြန်း​ပေးလိုက်သည်။

စိတ်ဆိုးနေပေမယ့် ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တော့ ဖိုးသားအိပ် မပျော်မှာစိုးလို့ သူတို့အခန်းထဲမှာ ဖြန်းတယ့် ရေမွှေးကို ယူလာခြင်းပင်။

ရေမွှေးဖြန်းပြီးတာနဲ့ ဧကရာဇ် ကုတင်ဘေးက ခုံမှာထိုင်ကာ ငိုမိပြန်၏။

သူက လွယ်လွယ်နဲ့ မျက်ရည်ကျတတ်တယ့်လူမဟုတ်။ ခုနကတုန်း​က သူဘယ်လောက်ကြောက် သွားလဲဆိုတာ သူကလွဲ ဘယ်သူမှ မသိပေ။

သူချစ်ရတယ့် ညီကိုတော့ ဆုံးရှုံးခဲ့ပြီးပြီ။ အခု သူချစ်ရတယ့် လူသားကိုတော့ အဆုံးရှုံးမခံနိုင်ပေ။

အခန်းထဲမှာ ရှိုက်သံသဲ့သဲ့နဲ့ တိုးလျတယ့် အသက်ရှုသံကလွဲပြီး ဘာသံမှမကြားရပေ။

ဧကရာဇ် ခုံမှ ထလိုက်ကာ လွယ်အိတ်ကို ယူပြီး အခန်းထဲက ထွက်သွား၏။

ဧကရာဇ် ထွက်သွားတာနဲ တစ်ပြိုင်နက် အိပ်ယာခင်းကို တင်းတင်းဆုပ်ကိုင်ထားတယ့် လက်တစ်စုံလည်း ပြေလျော့သွားလေသည်။

..................

ဧကရာဇ် လရိပ်အခန်းထဲ ရောက်တော့ ရေချိုးလိုက်ကာ ဖိုးသားကိုယ်ကို ေရထဲကခေါ်လာတုန်းက အချွန်နဲ့ခြစ်မိသွားတယ့် သူ့ခြေထောက်ကို မြန်မြန်ပင်ဆေးထည့်ကာ အိပ်ယာပေါ်လှဲချလိုက်၏။

လရိပ် ဆေးထည့်ပြီး ပတ်တီးမစည်းထားတယ့် ဧကရာဇ်ကြောင့် နှိုးချင်ပေမယ့် ဧကရာဇ် ပင်ပန်းနေတာသိတာကြောင့် မနှိုးဖြစ်တော့ပေ။

ဖိုးသား ဆံပင်ကို တယုတယသုတ်ပေးတယ့် ညဧကရာဇ်က သူ့ဆံပင်ကိုတော့ ရေသုတ်ဖို့မေ့နေသည် ထင်တယ်။

လရိပ် သူ့ညီကို ခေါင်းသုတ်ပေးချင်ပေမယ့်လည်း ဧကရာဇ်က သူ့ဆံပင်ကို ဖိုးသားကလွဲရင် ဘယ်သူမှကိုင်တာမကြိုက်။

လရိပ် ခေါင်းကို အသာခါပြီး ကုတင်ကိုမှီပြီးထိုင်ချလိုက်သည်။ ထို့နောက် ဖုန်းကိုဖွင့်လိုက်ပြီး တစ်စုံတစ်ယောက်ထံစာပို့လိုက်သည်။

...................

ရှိုင်းထက်အောင် အခန်းပြန်ရောက်တော​့ ကိုဖိုးသားကိုကြည့်ကာ စိတ်ပူနေတယ့် အကိုဧကရာဇ်ကြောင့် သူနည်းနည်းအားကျသွားလေသည်။

"မဖြစ် သူဟိုလူကြီးနဲ့ သေချာပြောမှရတော့မယ်"

ရှိုင်းထက်အောင် ရေချိုးပြီး back doorကနေပဲ  ဥက္ကာအခန်းဆီ လျှောက်သွားလိုက်သည်။

"ဟေး ရှိုင်းထက်"

သူ့နမည် ကြားလိုက်တာကြောင်​့ လှည့်ကြည်လိုက်တော့ မတွေ့တာ 5 နှစ်လောက်ရှိပြီဖြစ်တယ့် ကျောင်းတုန်းက bestfriend သုတပင်။

"သုတ?"

"အေး ထင်သားပဲ မင်းလို့ မင်းကအရပ်ရှည်လာတော့ ငါသိပ်မသေချာလို့ မင်းနမည်ခေါ်ကြည့်မိတာ"

"အေးပါကွာ မင်းတစ်ယောက်ထဲလား"

"မဟုတ်ဘူး ဟိုအုပ်စုတွေလည်းပါတယ် ငါ့အမေရောပဲ "

သုတက ပြောရင်းဆိုရင်း ရှိုင်းထက်ပခုံးကို လှမ်းဖက်လိုက်၏။

ရှိုင်းထက်က သုတလက်ကို ဖယ်ချလိုက်ကာ

"No skin ship bro"

"ငယ်ငယ်ထဲက ဖက်လာတာပဲဟာကို "

"ငယ်ငယ်နဲ့ အခုက တူမှမတူတော့တာ "

"ပြီးရောကွာ သွားရအောင်"

"ဘယ်လဲ ငါလုပ်စရာရှိသေးတယ်"

"မင်းလုပ်စရာတွေ ထားခဲ့စမ်းပါ uniတက်ကတည်းက မတွေ့ရတော့တယ့် သူငယ်ချင်းတွေကို အချိန်ပေးစမ်းပါကွာ ဟိုအဖွဲ့ကလဲ မင်းလာရင်ပျော်သွားမှာ"

ရှိုင်းထက် ဥက္ကာအခန်းကို တစ်ချက်ကြည့်လိုက်ရင်း သုတနောက် လိုက်သွားလိုက်သည်။

သူ့စိတ်လွတ် ကိုယ်လွတ် မပျော်ရတာကြာနေပြီလေ။ ကိုကို့ ရှေ့မှာဆို သူက လိမ်မာတယ့်ကလေးလို ဟန်ဆောင်နေရတာမဟုတ်လား။

ငယ်သူငယ်ချင်းတွေနဲ့ တွေ့လိုက်လို့လားမသိ ဂြိုဟ်နည်းနည်းပြန်ကြွလာ၏။

သူ့ကို ရိသဲ့သဲ့ပြောလာတယ့် လူတစ်ယောက်ကို ခေါင်းရိုက်ခွဲခဲ့လိုက်သည်။

သုတ အမ စန္ဒီကတော့ အဖွဲ့မှာ အကြီးဆုံးဖြစ်တာကြောင့် သူဆိုးသမျှရှင်းပေးနေရလေသည်။

"အမ ကျွန်တော် ပိုက်ဆံလွှဲလိုက်ပြီ ဟီး"

"ဒီကလေးကတော့လေ လွန်ခဲ့တယ့်ဘငါးနှစ်ကအတိုင်း ဆိုးနေတုန်းပဲ "

"ကျွန်တော်က လုပ်ချင်လို့ လုပ်တာမှမဟုတ်တာ သူကလာ ရိသဲ့သဲ့လုပ်နေတာကို "

"ဟုတ်သားပဲ မမရယ် ကျွန်တော့သူငယ်ချင်းက ဆုံးမပေးရုံလေးပါ"

"အေးသုတ နင့်သူငယ်ချင်းဆုံးမပေးတာ ဟိုမှာခြောက်ချက် ချုပ်လိုက်ရပြီ"

ရှိုင်းထက်က ကုတင်ပေါ်လှဲချလိုက်ပြီး စန္ဒီ့ကိုမေးလာ၏။

"အမ ကျွန်တော်က မချောဘူးလား"

"မင်းက ဒီထဲမှာအချောဆုံးပဲ "

"ကျွန်တော်က ယောကျ်ားလေးတွေ ကြိုက်တယ့်ပုံမျိုးလား"

" ရှိုင်းထက် ခုနက လူကြောင့်ဆိုရင်တော့ လျှောက်စဥ်းစားမနေနဲ့ "

"မဟုတ်ဘူး အမ ကျွန်တော့ crushက ကျွန်တော့ကို မကြိုက်လို့"

"မင်းဘယ်တုန်း​က ယောကျ်ားလေးကို ကြိုက်သွားတာလဲ ရှိုင်းထက် "

ရှိုင်းထက် မတ်တပ်ရပ်ကာ မေးလာတယ့် သုတကိုကြည့်ကာ

"ငါ ယောကျ်ားလေး ကြိုက်တာမဟုတ်ဘူး သုတ ငါသူ့ကိုပဲချစ်တာ "

...............

at 7 pm...

ဧကရာဇ် နိုးလာတာနဲ့ ဖိုးသားအခန်းသွားလိုက်၏။

သူ ပိုင်ရှင်အသိဆီကနေ ဖိုးသားအခန်းသော့အပို တောင်းထားတာကြောင့် ဖိုးသားအခန်းထဲ ဝင်ဖို့က အခက်အခဲတော့မရှိ။

အိပ်နေသေးတယ့် ဖိုးသားကြောင့် သူဖိုးသား နဖူးပေါ်လက်တင်ကာ အပူစမ်းလိုက်သည်။ အပူမရှိတာ သေချာမှ အခန်းထဲက ပြန်ထွက်လာခဲ့သည်။

ထိတ်လန့်စရာ တစ်ခုခုတွေ့ရင် အပူကြီးတတ်တယ့် သူချစ်ရတယ့်သူကို သူဂရုစိုက်တာ မလုံလောက်သေးပေ။

ဟိုတစ်ခါတုန်းက တစ်ခါ ၊ အခုတစ်ခါ။
(ဖိုးသား သရဲတွေ့တုန်းက)

မီးပုံပွဲက ဖိုးသားအခန်းနဲ့ မနီးမဝေးမှာပဲ လုပ်မှာကြောင့် သူလိုအပ်တာတွေ ပြင်ဆင်ဖို့ ထွက်သွားလိုက်သည်။

...........

ဥက္ကာ ညရောက်တော့ အခန်းထဲကထွက်ပြီး ဟိုအကောက်လေးဆီ သွားတော့ အကောက်လေးက အခန်းထဲမှာမရှိပေ။

"ဘယ်သွားနေတာလဲကွာ "

"ဟေး ဥက္ကာ"

"စန္ဒီ ဘယ်လိုလုပ်ရောက်"

"အေး ငါ့မောင်နဲ့ သူ့သူငယ်ချင်းတွေကို လိုက်ပို့တာ "

"အော်"

"ဘယ်လိုဖြစ်တာလဲ နင်ရဲ့ကျောင်းတုန်းက crushအဟောင်းလေးကို တွေ့ရတာမပျော်ဘူးလား"

"ကျောင်းက ကိစ္စတွေ ပြန်ပြောမနေပါနဲ့တော့ဟာ ကလေးအရွယ် စိတ်ကစားခဲ့တာတွေကို "

"ဟွန်း ဟဲ့ ဧကရာဇ်ရောပါလာ လား"

"အေး သူ့လင်ဖိုးသားပါပါတယ် "

ဖိုးသား ဆိုတယ့်နမည်ကြားလိုက်တာနဲ့ စန္ဒီမျက်နှာ ပျက်စက်သွား၏။

"တော်စမ်းပါ အဲ့အကောင်အကြောင်း ငါကတော့ ငါးတန်းကတည်းက ဧကရာဇ်ကို ရည်းစားစာတွေ ခိုးပေးလိုက်ရတာ ဧကရာဇ်ကတော့ အဖက်ကိုမလုပ်တာမလို့ အစောကြီးကျောင်းလာပြီး ခိုးကြည့်လိုက်တော​့ အဲ့အကောင်က ဧကရာဇ် ခုံထဲက ရည်းစားစာတွေ အကုန်ဖြဲပစ်တာလေ ငါ့မှာ လူချင်းတွေ့ပေးဖို့ကလဲ အပေါင်းအသင်းတွေက မိဘတွေ သွားပြောမှာကြောက် ခိုးပေးတော့လဲ အဖြဲခံရနဲ့"

"အခုတော့ နင်ဖိုးသားကို ဘာလို့မုန်းလဲ သိပြီထင်တယ် "

"ငါပဲမုန်းတာကျနေတာပဲ ဖိုးသားကလဲ ငါ့ကိုကြည်မနေပါဘူးနော် တွေ့တာနဲ့ လူကို မတန်သလို ကြည့်နေတာ"

"ကြားထဲ ငါသူ့ကို စိတ်တိုနေပါတယ်ဆိုမှ နင်က နေ့တိုင်းမုန့်တွေ လာလာပေးနေတာ "

"တော်ပါတော့ဆိုဟာ နင်ကလည်း"

"မဟုတ်လို့လား အဲ့တုန်းကတော့ စန္ဒီလေးရေ စန္ဒီလေးရေနဲ့လေ "

"ဒုတ်!"

အရာဝတ္ထုတစ်ခုခု ပြုတ်ကျသံကြောင့် ဥက္ကာ အနောက်ကို လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတယ့် ရှိုင်းထက်ကြောင့် သူလန့်သွားမိ၏။

"ရှိုင်းထက် ကိုယ် ကိုယ်ရှင်းပြမယ်နော် သူက ကိုယ့်.."

"ဥက္ကာ ဘာတွေရှင်းပြနေတာလဲ မောင်လေးရှိုင်းထက်အောင် သုတလေးရော"

"သုတက နောက်မှာ အမ"

"စန္ဒီ နင်နဲ့ ရှိုင်းထက်နဲ့က သိတာလား"

"ငါ့မောင် သုတရဲ့ ငယ်သူငယ်ချင်းလေ ဘာလို့လဲ "

"အော်"

"မောင်လေးဒါပ အမကို ငယ်ငယ်တုန်းက crushတယ့်ကောင်လေး ဥက္ကာတယ့် "

"စန္ဒီတော်ပါတော့ဟာ ငါတောင်းပန်ပါတယ်"

"အေးပါဟယ် ငါက စ တာကို ဘာတွေဖြစ်နေတာလဲ အော်ဒါနဲ့ နင်ပေးတယ့် မုန့်တွေကလေ ငါက ငါ့မောင်ကိုပေး ငါ့မောင်က ဒီအဆိုးလေးကို ပြန်ပေးတာ "

"ကျွန်တော့ အလကားယူတာ မဟုတ်ပါဘူး အမကလည်း ဂိမ်းနိုင်လို့ရတာကို "

" သုတက တမင်အနိုင်ပေးထားတာ မဟုတ်ဘူးလား ရှိုင်းထက်လေး "

"ဟေး ရှိုင်းထက် ငါမင်းကို လိုက်ရှာနေတာ "

ရှိုင်းထက်အောင်ထက် အရပ်နည်းနည်းပုတယ့် သုတက ရောက်လာကာ ရှိုင်းထက်အောင် ကိုယ်ကို လှည့်ပတ်ကာ ကြည့်လိုက်၏။

"အော် အကို ဥက္ကာ "

"အင်း ညီလေး "

"ရှိုင်းထက်ရာ ပြန်မယ်ဆိုရင်လည်း ​ပြောသွားမှတော့ ငါ့မှာတော့ တစ်ခုခုဖြစ်တာလားလို့ စိတ်ပူသွားတာ "

"ငါ ကလေးမဟုတ်တော့ဘူး "

"ငါသိတယ်လေကွာ "

သုတနဲ့ စကားပြောနေတယ့် ရှိုင်းထက်က ခပ်ယဲ့ယဲ့ပြုံးနေ၏။ ခုနက သူ့ကိုကြည့်လိုက်တယ့် အကြည့်စိမ်းစိမ်းနဲ့ ကွဲပြားစွာပေါ့။

"ငါ့ အဖွဲ့ဆီ သွားတော့မလို့ "

"ငါတို့နဲ့ လာနေမယ်ဆို "

"အင်း ပြီးမှလာခဲ့မယ် အခုငါအရင်သွားရဦးမယ် ငိုင်နေတယ့် ဟိုဘဲကြီး အကိုဧကရာဇ်က ဖိုးသားအခန်းနားက မီးပုံပွဲကို လာခဲ့ပါတယ့် "

ရှိုင်းထက်ရဲ့ အခေါ်အဝေါ်ကြောင့် စိတ်ထဲမှာ တစ်မျိုးဖြစ်သွားမိသည်။ သူ့ကို ကိုကိုလို့မခေါ်တာ နှစ်ရက်လောက်ရှိပြီလေ။ ဒီနှစ်ရက်အတွင်း သူနဲ့ရှိုင်းထက်အောင်နဲ့ မရပ်မနား တိုက်ပွဲတွေ ဖြစ်နေခဲ့တာ။

"ဟဲ့ ဥက္ကာ ရှိုင်းထက်အောင်က နင်တို့နဲ့လာတာလား "

"အင်း "

"နင့်ရုပ်က ဘာဖြစ်နေတာလဲ "

"ဘာဖြစ်လို့လဲ "

" မသိရင် ရည်းစားအခိုးခံရတယ့်ရုပ်နဲ့ "

"ငါသွားတော့မယ် "

"ok ဘဲကြီး"

...........................

cover photo crd

စျေးဗန်းလေးတွေ လိုချင်ပါတယ်လို့ shareပေးကြပါဦး please😷🙏

___________________________________________

zg

လရိပ္တို႔နဲ႕ ေရေဆာ့ေနတယ့္ ဧကရာဇ္ကိုၾကည့္ၿပီး ဖိုးသားအျမင္မၾကည္ေတာ့ မေန႕တေန႕ကပဲ သူ႕ကို သဲသဲလႈပ္ေနသူက ခ်က္ခ်င္းေျပာင္းလဲသြားတာေၾကာင့္ ျဖစ္ေပလိမ့္မယ္ သူလဲ ရန္ျဖစ္ခ်င္လို႔ ျဖစ္ခဲ့တာမွမဟုတ္တာ။

"ငါ ဟိုဘက္ခနသြားလိုက္ဦးမယ္ "

"ေအး ဖိုးသား အေဝးႀကီး ေလွ်ာက္မသြားနဲ႕ေနာ္ ငါတို႔လိုက္ခဲ့ရမလား"

"မလိုက္နဲ႕ "

"ok bro"

ဥကၠာရဲ႕ သတိေပးသံေၾကာင့္ ဖိုးသား ဧကရာဇ္ကိုၾကည့္လိုက္ေတာ့ ဧကရာဇ္က လရိပ္၊ ရွိုင္းထက္ေအာင္တို႔နဲ႕ ေရေဆာ့ေနေလသည္။

"က်စ္!"

ဖိုးသား စုတ္သပ္ကာ လွည့္ထြက္သြား၏။

ဒီေန႕ ကမ္းေျခမွာ လူေတြရႈပ္ေန၏။ ေသခ်ာသတိမထားရင္ လူေတြေရာကုန္လိမ့္မည္။ ဖိုးသားက ဒါေတြဂ႐ုစိုက္မယ္ထင္လား ေဆာရီးပဲ။ ေဘာင္းဘီတိုဝတ္ထားတယ့္ ေမပန္းခ်ီကို လွည့္မၾကည့္ဘဲ ဖိုးသား လရိပ္တို႔နဲ႕ ေဝးရာကို သြားလိုက္သည္။

"ဖိုးသား ဘယ္သြားမလို႔လဲ"

သူေမးတာကို ျပန္မေျဖတာေၾကာင့္ ေမပန္းခ်ီ ေၾကာင္ေတာင္ေတာင္နဲ႕သာ က်န္ခဲ့၏။

ဖိုးသားက ေရလွိုင္းေတြဆီ တေ႐ြ႕ေ႐ြ႕ေလွ်ာက္သြား၏။
သူ ဒီတိုင္း လွိုင္းေတြကို အံတုၿပီးရပ္ရတာ ေပ်ာ္စရာေကာင္းတယ္ ထင္႐ုံေလးပါ။ ရႈပ္ေထြးေနတယ့္ ခံစားခ်က္ေတြ ေပ်ာက္လိုေပ်ာက္ငွား ေရနက္တယ့္ ေနရာကို တိုးကာသြားလိုက္မိသည္။

ေရနက္လာတာႏွင့္အမွ် လွိူင္းကလည္းပိုႀကီးလာသည္။
ဖိုးသား က သူ႕ဆီေရာက္လာတယ့္ လွိုင္းေတြကို လက္နဲ႕ခံထားလိုက္သည္။

အခုဆို ေရက သူ႕ရင္ဘတ္ေရာက္ေနၿပီ။ သူေရကူးတတ္ေပမယ့္ ​ေရွ႕ဆက္သြားခ်င္စိတ္ ရွိမေနေတာ့ေပ။

မ်က္ႏွာကို ေမာ့လိုက္ၿပီး ေကာင္းကင္ေပၚက တိမ္ေတြကို ၾကည့္လိုက္၏။

လွိုင္းသံနဲ႕ ျပာလဲ့ေနတယ့္ေကာင္းကင္က တစ္စုံတစ္ေယာက္ရဲ႕ မ်က္ႏွာလို ေအးခ်မ္းေနသည္။

လွိုင္းတစ္ခ်က္အရိုက္မွာ သူ႕မ်က္ႏွာက ေရလွိုင္းနဲ႕ မိတ္ဆက္သြား၏။

ဆားငန္ေရေတြ ပါးစပ္ထဲသာမက မ်က္လုံးေတြ နားေတြထဲပါ ဝင္သြားေတာ့ သူမ်က္လုံးမွိတ္လိုက္မိသည္။

'ဧကရာဇ္ '

ေသခါနီး တ မိတယ့္နမည္က ဧကရာဇ္တယ့္လား။ ရယ္စရာေကာင္းလိုက္တာ သားစစ္ထြဋ္ရာ။ မင္းမုန္းေနတယ့္ လူကိုမွ တ မိတယ္တယ့္လား။

႐ုတ္တရက္ သူ႕လက္ေမာင္းကို ယူကာ ပုခုံးေပၚတင္လိုက္ၿပီး သူ႕ခါးကို လာဖက္တယ့္ လက္တစ္စုံ။

ရင္းႏွီးေနတယ့္ ကိုယ္သင္းနံ႕ေၾကာင့္ သူမ်က္လုံးဖြင့္ဖို႔ ႀကိဳးစားလိုက္ေသာ္လည္း အခ်ည္းအႏွီးသာ သူ႕မ်က္လုံးေတြ အရမ္းစပ္ေန၏။

လ်င္ျမန္စြာ သူ႕ကိုယ္ကို ထိန္းၿပီး ကမ္းေျခဘက္ကို ဆြဲေခၚေပးသြားတယ့္ သူေၾကာင့္ ေရက သူ႕ရင္ဘတ္မွ ေျခရင္းသို႔ တျဖည္းျဖည္း ေလ်ာ့လာသည္။

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

ေလးေယာက္လုံးရဲ႕ ေအာ္သံေၾကာင့္ ဖိုးသား အနည္းငယ္ နားညီးသြား၏။

ဧကရာဇ္ အသံေတာ့မပါတာေၾကာင့္ သူထင္တာ မွန္သြားတာလား။

သူ႕ကို ထိန္းထားတယ့္ လူက သဲ​​ျပင္ ​​ေပၚ ျဖည္းညင္းစြာခ်ေပးၿပီး တစ္ေနရာကို အျမန္ေျပးထြက္သြား၏။

'ညဧကရာဇ္'

သူ႕ေဘးနားမွာ ေမပန္းခ်ီက ထိုင္ခ်ကာ နားညီးေအာင္ သူ႕နမည္ကို တဖြဖြေခၚလာ၏။

"ဖိုးသား ! အဆင္ေျပရဲ႕လား "

'ငါ အဆင္ေျပေနတယ္ ထင္လား အမိ'

"အဟြတ္ အဟြတ္ "

ဖိုးသားျပန္ေျပာလိုက္ ခ်င္ေပမယ့္ သူေခ်ာင္းအဆတ္မျပတ္ ဆိုးေနေလသည္။

သူ႕ေဘးနားက လူက ဆရာဝန္လားေတာင္ ဖိုးသားသံသယဝင္သြားမိသည္။

လူတစ္ေယာက္လုံး ေသမလိုျဖစ္ေနတာကို နမည္ပဲ တဖြဖြေခၚေနတယ္။

'xီးပဲ '

ေျပးလာတယ့္ ေျခသံေၾကာင့္ သူ အေတြးေတြကို ရပ္လိုက္၏။

သူ႕ကိုယ္ကို ေပြ႕လိုက္ေသာ အထိအေတြ႕။ သူ အသက္႐ူရပ္သြားသလိုပင္။

သူ႕ မ်က္လုံးေပၚကို ေရသန့္ေတြ က်လာၿပီး ပူႏြေးတယ့္ လက္တစ္စုံက သူ႕မ်က္လုံးကို ေရသန့္နဲ႕ ေဆးေပးေလသည္။

တင္းတင္းေစ့ထားတယ့္ မ်က္လုံးတစ္စုံက ပုတ္ခပ္ပုတ္ခပ္ ျဖစ္လာေတာ့မွ နားထဲကို ေရသန့္အနည္းငယ္ေလာင္းခ်ကာ ေဆးေပး၏။

သူ႕ေခါင္းကို ထိုလူက အေနာက္ကိုင္ကာ အနည္းငယ္မတ္လိုက္ၿပီး သူ႕ႏႈတ္ခမ္းနားကို ေရသန့္ဘူး ေတ့ေပး၏။

ဖိုးသား ႏႈတ္ခမ္းကို ဟ လိုက္ကာ ပါးစပ္ထဲက ငန္က်ိက်ိအရသာ ေပ်ာက္ေအာင္ အရင္လုပ္လိုက္၏။

သူမ်က္လုံးလဲ ဖြင့္မၾကည့္မိသလို။ ထလဲ မထမိ။

သူ႕ကိုယ္ကို ထိန္းေပးထားတယ့္လူက သူ႕ကိုယ္ကို အနည္းငယ္ ေပြ႕လိုက္ကာ ခပ္တိုးတိုးေျပာလာ၏။

"ဘာမွမျဖစ္ေတာ့ဘူး စစ္ ကိုယ္ရွိတယ္ "

သူ႕ကို ႏွစ္သိမ့္ေပးတယ့္ အသံေၾကာင့္ သူကို ေရထဲကေခၚလာသူက မည္သူျဖစ္မွန္း သူ confirm လို႔ရသြားသည္။

သူဘာမွ မတုံ႕ျပန္မိ။ သူေသေတာ့မယ္ဆိုတယ့္ အသိနဲ႕ တကယ္ေၾကာက္သြားမိတာေၾကာင့္ ထင္တယ္။

သူ႕ရဲ႕ေရစိုေနတယ့္ ဆံပင္ကို လာထိတယ့္ အထိအေတြ႕တစ္ခု။ သူမျငင္းဆန္မိ။

သူမလႈပ္မယွက္ဘဲ ဧကရာဇ္ ရင္ခြင္ထဲ ေနေနရာမွ ခဏၾကာေတာ့ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။

သူနဲ႕နီးကပ္စြာရွိေနတယ့္ ဧကရာဇ္ မ်က္ႏွာေၾကာင့္ ေငးၾကည့္ေနရာမွ ဧကရာဇ္ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္သည္။

ဧကရာဇ္က ဖိုးသားကို မတ္တပ္ရပ္ဖို႔ ကူညီေပးလိုကာ ဖိုးသားကိုယ္ကို အနည္းငယ္ထိန္းေပးရင္း ဖိုးသားအခန္းကို ေခၚသြားေပးလိုက္သည္။

လရိပ္တို႔ကေတာ့ အေနာက္ကေန ထပ္ၾကပ္မကြာလိုက္လာ၏။

ဖိုးသား ဘန္ဂလိုရဲ႕ back door ေရာက္ေတာ့ ဧကရာဇ္က သဲေတြေပေနတယ့္ ဖိုးသားေျခေထာက္ကို လရိပ္လက္ထဲက ေရဘူးနဲ႕ေဆးေပးလိုက္ေတာ့ ဖိုးသားက တံခါးဖြင့္ကာ အခန္းထဲဝင္သြား၏။

ဧကရာဇ္ သူ႕ရဲ႕ ေျခေထာက္ကို ေရေဆးလိုက္ေတာ့ သဲနဲ႕အတူ ေရာပါလာတယ့္ေသြးေတြ။

"ဧကရာဇ္ ဘာျဖစ္တာလဲ ေျခေထာက္က "

"ေရထဲဆင္းတုန္းက တစ္ခုခုနဲ႕ထိသြားတာေနမွာေပါ့ ရတယ္ မင္းတို႔ ဆက္ကူးဦးမွာမလား ငါ စစ္ကို ကူလိုက္ဦးမယ္ "

"ငါတို႔မကူးေတာ့ဘူး ညက်မွေတြ႕က်တာေပါ့ "

"အင္း  လရိပ္ ငါ့လြယ္အိတ္ေလး ယူလာေပးပါလား "

"အင္း "

လရိပ္က သူ႕အခန္းကို ျပန္သြားကာ ဧကရာဇ္ လြယ္အိတ္ကို လြယ္လိုက္သည္။

တကယ္ေတာ့ ဖိုးသား တစ္ေယာက္ထဲ သြားကတည္းက သူတို႔လိုက္သြားရမွာပင္။

သူတို႔ကိုတည္းက လက္လြတ္စပယ္နိုင္လြန္းခဲ့တာ။

ဧကရာဇ္ကေတာ့ ဖိုးသားေနာက္က တိတ္ဆိတ္စြာပင္လိုက္သြားေလသည္။

ဧကရာဇ္တို႔ သြားတာၾကာလာတာမလို႔ လရိပ္ ဥကၠာတို႔ကိုေျပာကာ ဧကရာဇ္တို႔ကို လိုက္ရွာၾက၏။

ခဏၾကာေတာ့ ဖိုးသားကို တြဲထားတယ့္ ဧကရာဇ္ေၾကာင့္ သူတို႔အကုန္ ဧကရာဇ္အနား ေရာက္သြားၾကသည္။

ဧကရာဇ္ မ်က္ဝန္းက အလြန္အမင္း စိုးရိမ္ပုံေပၚေနၿပီး ဖိုးသားကို  သဲေပၚ ခပ္ေျဖးေျဖးခ်လိဳက္ၿပီး ကမ္းစပ္နဲ႕ အနည္းငယ္ေဝးတယ့္ အုန္းရည္ဆိုင္ကို ေျပးသြားကာ ေရသန့္ဘူးေတြကို ဝယ္ၿပီး ဖိုးသားဆီျပန္ေျပးလာ၏။

ဧကရာဇ္ လႈပ္ရွားမႈက အလြန္ပင္ျမန္ဆန္ေန၏။

ဖိုးသား ကိုယ္ကို ေပြ႕လိုက္ကာ ေရသန့္နဲ႕ ေဆးေပးၿပီး ရင္ခြင္ထဲ ထည့္ထားတယ့္ ဧကရာဇ္က သူ႕မ်က္ႏွာေပၚက မ်က္ရည္ေတြကို ဖိုးသား ေတြ႕သြားမွာ စိုးရိမ္ေနတယ့္ပုံပင္။

သူတို႔ေတာင္ တအားစိတ္ပူၿပီး ေျခမကိုင္မိလက္မကိုင္မိ ျဖစ္ေနတာ ဖိုးသားကို အရိပ္တၾကည့္ၾကည့္ ၾကည့္ေနတယ့္ ဧကရာဇ္ကေတာ့ ပိုဆိုးတာေပါ့။

လရိပ္ အေတြးေတြကို လက္စျဖတ္ကာ ဖိုးသားအခန္းကို ေျပးသြားလိုက္သည္။

ဖိုးသားအခန္းဆီေရာက္ေတာ့ လရိပ္တံခါးဖြင့္ဝင္သြားလိုက္သည္။

ကုတင္ေပၚမွာ ေရခ်ိဳးၿပီးကာစ ဖိုးသားကလွဲေနၿပီး ဧကရာဇ္ကေတာ့ ဖိုးသားေခါင္းကို ေရသုတ္ေပးေန၏။

လရိပ္ စကားမေျပာေတာ့ဘဲ ဧကရာဇ္ လြယ္အိတ္ကို ခုံေပၚတင္ကာ အခန္းထဲက ထြက္သြား၏။

ဧကရာဇ္ ေခါင္းသုတ္ေပးၿပီးေတာ့ ဖိုးသားက အိပ္ေပ်ာ္ေနေလသည္။

" ထ ဦး ေဆးေသာက္ရဦးမယ္"

ဖိုးသားက သူအိပ္ေနရင္ ႏွိုးတာ ႀကိဳက္တယ့္လူ မဟုတ္တာ​ေၾကာင့္ မ်က္ခုံးေတြ တြန့္ခ်ိဳးသြားကာ ထလာသည္။

ဧကရာဇ္ လရိပ္လာေပးတယ့္ သူ႕အိတ္ကိုယူကာ အဖ်ားေပ်ာက္ေဆး ကို ယူကာ ဖိုးသားကို တိုက္လိုက္သည္။

ဖိုးသားက ေဆးေသာက္ၿပီးတာနဲ႕ အိပ္ယာေပၚကို ျပန္လွဲခ်လိဳက္သည္။

ဧကရာဇ္ သူ႕အိတ္ထဲက ေရေမႊးယူလိုက္ကာ ဖိုးသား အခန္းထဲ ပတ္ျဖန္း​ေပးလိုက္သည္။

စိတ္ဆိုးေနေပမယ့္ ကိုယ့္အိမ္ကိုယ့္ယာ မဟုတ္ေတာ့ ဖိုးသားအိပ္ မေပ်ာ္မွာစိုးလို႔ သူတို႔အခန္းထဲမွာ ျဖန္းတယ့္ ေရေမႊးကို ယူလာျခင္းပင္။

ေရေမႊးျဖန္းၿပီးတာနဲ႕ ဧကရာဇ္ ကုတင္ေဘးက ခုံမွာထိုင္ကာ ငိုမိျပန္၏။

သူက လြယ္လြယ္နဲ႕ မ်က္ရည္က်တတ္တယ့္လူမဟုတ္။ ခုနကတုန္း​က သူဘယ္ေလာက္ေၾကာက္ သြားလဲဆိုတာ သူကလြဲ ဘယ္သူမွ မသိေပ။

သူခ်စ္ရတယ့္ ညီကိုေတာ့ ဆုံးရႈံးခဲ့ၿပီးၿပီ။ အခု သူခ်စ္ရတယ့္ လူသားကိုေတာ့ အဆုံးရႈံးမခံနိုင္ေပ။

အခန္းထဲမွာ ရွိုက္သံသဲ့သဲ့နဲ႕ တိုးလ်တယ့္ အသက္ရႈသံကလြဲၿပီး ဘာသံမွမၾကားရေပ။

ဧကရာဇ္ ခုံမွ ထလိုက္ကာ လြယ္အိတ္ကို ယူၿပီး အခန္းထဲက ထြက္သြား၏။

ဧကရာဇ္ ထြက္သြားတာနဲ တစ္ၿပိဳင္နက္ အိပ္ယာခင္းကို တင္းတင္းဆုပ္ကိုင္ထားတယ့္ လက္တစ္စုံလည္း ေျပေလ်ာ့သြားေလသည္။

..................

ဧကရာဇ္ လရိပ္အခန္းထဲ ေရာက္ေတာ့ ေရခ်ိဳးလိုက္ကာ ဖိုးသားကိုယ္ကို ေရထဲကေခၚလာတုန္းက အခြၽန္နဲ႕ျခစ္မိသြားတယ့္ သူ႕ေျခေထာက္ကို ျမန္ျမန္ပင္ေဆးထည့္ကာ အိပ္ယာေပၚလွဲခ်လိဳက္၏။

လရိပ္ ေဆးထည့္ၿပီး ပတ္တီးမစည္းထားတယ့္ ဧကရာဇ္ေၾကာင့္ ႏွိုးခ်င္ေပမယ့္ ဧကရာဇ္ ပင္ပန္းေနတာသိတာေၾကာင့္ မႏွိုးျဖစ္ေတာ့ေပ။

ဖိုးသား ဆံပင္ကို တယုတယသုတ္ေပးတယ့္ ညဧကရာဇ္က သူ႕ဆံပင္ကိုေတာ့ ေရသုတ္ဖို႔ေမ့ေနသည္ ထင္တယ္။

လရိပ္ သူ႕ညီကို ေခါင္းသုတ္ေပးခ်င္ေပမယ့္လည္း ဧကရာဇ္က သူ႕ဆံပင္ကို ဖိုးသားကလြဲရင္ ဘယ္သူမွကိုင္တာမႀကိဳက္။

လရိပ္ ေခါင္းကို အသာခါၿပီး ကုတင္ကိုမွီၿပီးထိုင္ခ်လိဳက္သည္။ ထို႔ေနာက္ ဖုန္းကိုဖြင့္လိုက္ၿပီး တစ္စုံတစ္ေယာက္ထံစာပို႔လိုက္သည္။

...................

ရွိုင္းထက္ေအာင္ အခန္းျပန္ေရာက္ေတာ​့ ကိုဖိုးသားကိုၾကည့္ကာ စိတ္ပူေနတယ့္ အကိုဧကရာဇ္ေၾကာင့္ သူနည္းနည္းအားက်သြားေလသည္။

"မျဖစ္ သူဟိုလူႀကီးနဲ႕ ေသခ်ာေျပာမွရေတာ့မယ္"

ရွိုင္းထက္ေအာင္ ေရခ်ိဳးၿပီး back doorကေနပဲ  ဥကၠာအခန္းဆီ ေလွ်ာက္သြားလိုက္သည္။

"ေဟး ရွိုင္းထက္"

သူ႕နမည္ ၾကားလိုက္တာေၾကာင္​့ လွည့္ၾကည္လိုက္ေတာ့ မေတြ႕တာ 5 ႏွစ္ေလာက္ရွိၿပီျဖစ္တယ့္ ေက်ာင္းတုန္းက bestfriend သုတပင္။

"သုတ?"

"ေအး ထင္သားပဲ မင္းလို႔ မင္းကအရပ္ရွည္လာေတာ့ ငါသိပ္မေသခ်ာလို႔ မင္းနမည္ေခၚၾကည့္မိတာ"

"ေအးပါကြာ မင္းတစ္ေယာက္ထဲလား"

"မဟုတ္ဘူး ဟိုအုပ္စုေတြလည္းပါတယ္ ငါ့အေမေရာပဲ "

သုတက ေျပာရင္းဆိုရင္း ရွိုင္းထက္ပခုံးကို လွမ္းဖက္လိုက္၏။

ရွိုင္းထက္က သုတလက္ကို ဖယ္ခ်လိဳက္ကာ

"No skin ship bro"

"ငယ္ငယ္ထဲက ဖက္လာတာပဲဟာကို "

"ငယ္ငယ္နဲ႕ အခုက တူမွမတူေတာ့တာ "

"ၿပီးေရာကြာ သြားရေအာင္"

"ဘယ္လဲ ငါလုပ္စရာရွိေသးတယ္"

"မင္းလုပ္စရာေတြ ထားခဲ့စမ္းပါ uniတက္ကတည္းက မေတြ႕ရေတာ့တယ့္ သူငယ္ခ်င္းေတြကို အခ်ိန္ေပးစမ္းပါကြာ ဟိုအဖြဲ႕ကလဲ မင္းလာရင္ေပ်ာ္သြားမွာ"

ရွိုင္းထက္ ဥကၠာအခန္းကို တစ္ခ်က္ၾကည့္လိုက္ရင္း သုတေနာက္ လိုက္သြားလိုက္သည္။

သူ႕စိတ္လြတ္ ကိုယ္လြတ္ မေပ်ာ္ရတာၾကာေနၿပီေလ။ ကိုကို႔ ေရွ႕မွာဆို သူက လိမ္မာတယ့္ကေလးလို ဟန္ေဆာင္ေနရတာမဟုတ္လား။

ငယ္သူငယ္ခ်င္းေတြနဲ႕ ေတြ႕လိုက္လို႔လားမသိ ၿဂိဳဟ္နည္းနည္းျပန္ႂကြလာ၏။

သူ႕ကို ရိသဲ့သဲ့ေျပာလာတယ့္ လူတစ္ေယာက္ကို ေခါင္းရိုက္ခြဲခဲ့လိုက္သည္။

သုတ အမ စႏၵီကေတာ့ အဖြဲ႕မွာ အႀကီးဆုံးျဖစ္တာေၾကာင့္ သူဆိုးသမွ်ရွင္းေပးေနရေလသည္။

"အမ ကြၽန္ေတာ္ ပိုက္ဆံလႊဲလိုက္ၿပီ ဟီး"

"ဒီကေလးကေတာ့ေလ လြန္ခဲ့တယ့္ဘငါးႏွစ္ကအတိုင္း ဆိုးေနတုန္းပဲ "

"ကြၽန္ေတာ္က လုပ္ခ်င္လို႔ လုပ္တာမွမဟုတ္တာ သူကလာ ရိသဲ့သဲ့လုပ္ေနတာကို "

"ဟုတ္သားပဲ မမရယ္ ကြၽန္ေတာ့သူငယ္ခ်င္းက ဆုံးမေပး႐ုံေလးပါ"

"ေအးသုတ နင့္သူငယ္ခ်င္းဆုံးမေပးတာ ဟိုမွာေျခာက္ခ်က္ ခ်ဳပ္လိုက္ရၿပီ"

ရွိုင္းထက္က ကုတင္ေပၚလွဲခ်လိဳက္ၿပီး စႏၵီ့ကိုေမးလာ၏။

"အမ ကြၽန္ေတာ္က မေခ်ာဘူးလား"

"မင္းက ဒီထဲမွာအေခ်ာဆုံးပဲ "

"ကြၽန္ေတာ္က ေယာက်္ားေလးေတြ ႀကိဳက္တယ့္ပုံမ်ိဳးလား"

" ရွိုင္းထက္ ခုနက လူေၾကာင့္ဆိုရင္ေတာ့ ေလွ်ာက္စဥ္းစားမေနနဲ႕ "

"မဟုတ္ဘူး အမ ကြၽန္ေတာ့ crushက ကြၽန္ေတာ့ကို မႀကိဳက္လို႔"

"မင္းဘယ္တုန္း​က ေယာက်္ားေလးကို ႀကိဳက္သြားတာလဲ ရွိုင္းထက္ "

ရွိုင္းထက္ မတ္တပ္ရပ္ကာ ေမးလာတယ့္ သုတကိုၾကည့္ကာ

"ငါ ေယာက်္ားေလး ႀကိဳက္တာမဟုတ္ဘူး သုတ ငါသူ႕ကိုပဲခ်စ္တာ "

...............

at 7 pm...

ဧကရာဇ္ နိုးလာတာနဲ႕ ဖိုးသားအခန္းသြားလိုက္၏။

သူ ပိုင္ရွင္အသိဆီကေန ဖိုးသားအခန္းေသာ့အပို ေတာင္းထားတာေၾကာင့္ ဖိုးသားအခန္းထဲ ဝင္ဖို႔က အခက္အခဲေတာ့မရွိ။

အိပ္ေနေသးတယ့္ ဖိုးသားေၾကာင့္ သူဖိုးသား နဖူးေပၚလက္တင္ကာ အပူစမ္းလိုက္သည္။ အပူမရွိတာ ေသခ်ာမွ အခန္းထဲက ျပန္ထြက္လာခဲ့သည္။

ထိတ္လန့္စရာ တစ္ခုခုေတြ႕ရင္ အပူႀကီးတတ္တယ့္ သူခ်စ္ရတယ့္သူကို သူဂ႐ုစိုက္တာ မလုံေလာက္ေသးေပ။

ဟိုတစ္ခါတုန္းက တစ္ခါ ၊ အခုတစ္ခါ။
(ဖိုးသား သရဲေတြ႕တုန္းက)

မီးပုံပြဲက ဖိုးသားအခန္းနဲ႕ မနီးမေဝးမွာပဲ လုပ္မွာေၾကာင့္ သူလိုအပ္တာေတြ ျပင္ဆင္ဖို႔ ထြက္သြားလိုက္သည္။

...........

ဥကၠာ ညေရာက္ေတာ့ အခန္းထဲကထြက္ၿပီး ဟိုအေကာက္ေလးဆီ သြားေတာ့ အေကာက္ေလးက အခန္းထဲမွာမရွိေပ။

"ဘယ္သြားေနတာလဲကြာ "

"ေဟး ဥကၠာ"

"စႏၵီ ဘယ္လိုလုပ္ေရာက္"

"ေအး ငါ့ေမာင္နဲ႕ သူ႕သူငယ္ခ်င္းေတြကို လိုက္ပို႔တာ "

"ေအာ္"

"ဘယ္လိုျဖစ္တာလဲ နင္ရဲ႕ေက်ာင္းတုန္းက crushအေဟာင္းေလးကို ေတြ႕ရတာမေပ်ာ္ဘူးလား"

"ေက်ာင္းက ကိစၥေတြ ျပန္ေျပာမေနပါနဲ႕ေတာ့ဟာ ကေလးအ႐ြယ္ စိတ္ကစားခဲ့တာေတြကို "

"ဟြန္း ဟဲ့ ဧကရာဇ္ေရာပါလာ လား"

"ေအး သူ႕လင္ဖိုးသားပါပါတယ္ "

ဖိုးသား ဆိုတယ့္နမည္ၾကားလိုက္တာနဲ႕ စႏၵီမ်က္ႏွာ ပ်က္စက္သြား၏။

"ေတာ္စမ္းပါ အဲ့အေကာင္အေၾကာင္း ငါကေတာ့ ငါးတန္းကတည္းက ဧကရာဇ္ကို ရည္းစားစာေတြ ခိုးေပးလိုက္ရတာ ဧကရာဇ္ကေတာ့ အဖက္ကိုမလုပ္တာမလို႔ အေစာႀကီးေက်ာင္းလာၿပီး ခိုးၾကည့္လိုက္ေတာ​့ အဲ့အေကာင္က ဧကရာဇ္ ခုံထဲက ရည္းစားစာေတြ အကုန္ၿဖဲပစ္တာေလ ငါ့မွာ လူခ်င္းေတြ႕ေပးဖို႔ကလဲ အေပါင္းအသင္းေတြက မိဘေတြ သြားေျပာမွာေၾကာက္ ခိုးေပးေတာ့လဲ အၿဖဲခံရနဲ႕"

"အခုေတာ့ နင္ဖိုးသားကို ဘာလို႔မုန္းလဲ သိၿပီထင္တယ္ "

"ငါပဲမုန္းတာက်ေနတာပဲ ဖိုးသားကလဲ ငါ့ကိုၾကည္မေနပါဘူးေနာ္ ေတြ႕တာနဲ႕ လူကို မတန္သလို ၾကည့္ေနတာ"

"ၾကားထဲ ငါသူ႕ကို စိတ္တိုေနပါတယ္ဆိုမွ နင္က ေန႕တိုင္းမုန့္ေတြ လာလာေပးေနတာ "

"ေတာ္ပါေတာ့ဆိုဟာ နင္ကလည္း"

"မဟုတ္လို႔လား အဲ့တုန္းကေတာ့ စႏၵီေလးေရ စႏၵီေလးေရနဲ႕ေလ "

"ဒုတ္!"

အရာဝတၳဳတစ္ခုခု ျပဳတ္က်သံေၾကာင့္ ဥကၠာ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိတယ့္ ရွိုင္းထက္ေၾကာင့္ သူလန့္သြားမိ၏။

"ရွိုင္းထက္ ကိုယ္ ကိုယ္ရွင္းျပမယ္ေနာ္ သူက ကိုယ့္.."

"ဥကၠာ ဘာေတြရွင္းျပေနတာလဲ ေမာင္ေလးရွိုင္းထက္ေအာင္ သုတေလးေရာ"

"သုတက ေနာက္မွာ အမ"

"စႏၵီ နင္နဲ႕ ရွိုင္းထက္နဲ႕က သိတာလား"

"ငါ့ေမာင္ သုတရဲ႕ ငယ္သူငယ္ခ်င္းေလ ဘာလို႔လဲ "

"ေအာ္"

"ေမာင္ေလးဒါပ အမကို ငယ္ငယ္တုန္းက crushတယ့္ေကာင္ေလး ဥကၠာတယ့္ "

"စႏၵီေတာ္ပါေတာ့ဟာ ငါေတာင္းပန္ပါတယ္"

"ေအးပါဟယ္ ငါက စ တာကို ဘာေတြျဖစ္ေနတာလဲ ေအာ္ဒါနဲ႕ နင္ေပးတယ့္ မုန့္ေတြကေလ ငါက ငါ့ေမာင္ကိုေပး ငါ့ေမာင္က ဒီအဆိုးေလးကို ျပန္ေပးတာ "

"ကြၽန္ေတာ့ အလကားယူတာ မဟုတ္ပါဘူး အမကလည္း ဂိမ္းနိုင္လို႔ရတာကို "

" သုတက တမင္အနိုင္ေပးထားတာ မဟုတ္ဘူးလား ရွိုင္းထက္ေလး "

"ေဟး ရွိုင္းထက္ ငါမင္းကို လိုက္ရွာေနတာ "

ရွိုင္းထက္ေအာင္ထက္ အရပ္နည္းနည္းပုတယ့္ သုတက ေရာက္လာကာ ရွိုင္းထက္ေအာင္ ကိုယ္ကို လွည့္ပတ္ကာ ၾကည့္လိုက္၏။

"ေအာ္ အကို ဥကၠာ "

"အင္း ညီေလး "

"ရွိုင္းထက္ရာ ျပန္မယ္ဆိုရင္လည္း ​ေျပာသြားမွေတာ့ ငါ့မွာေတာ့ တစ္ခုခုျဖစ္တာလားလို႔ စိတ္ပူသြားတာ "

"ငါ ကေလးမဟုတ္ေတာ့ဘူး "

"ငါသိတယ္ေလကြာ "

သုတနဲ႕ စကားေျပာေနတယ့္ ရွိုင္းထက္က ခပ္ယဲ့ယဲ့ၿပဳံးေန၏။ ခုနက သူ႕ကိုၾကည့္လိုက္တယ့္ အၾကည့္စိမ္းစိမ္းနဲ႕ ကြဲျပားစြာေပါ့။

"ငါ့ အဖြဲ႕ဆီ သြားေတာ့မလို႔ "

"ငါတို႔နဲ႕ လာေနမယ္ဆို "

"အင္း ၿပီးမွလာခဲ့မယ္ အခုငါအရင္သြားရဦးမယ္ ငိုင္ေနတယ့္ ဟိုဘဲႀကီး အကိုဧကရာဇ္က ဖိုးသားအခန္းနားက မီးပုံပြဲကို လာခဲ့ပါတယ့္ "

ရွိုင္းထက္ရဲ႕ အေခၚအေဝၚေၾကာင့္ စိတ္ထဲမွာ တစ္မ်ိဳးျဖစ္သြားမိသည္။ သူ႕ကို ကိုကိုလို႔မေခၚတာ ႏွစ္ရက္ေလာက္ရွိၿပီေလ။ ဒီႏွစ္ရက္အတြင္း သူနဲ႕ရွိုင္းထက္ေအာင္နဲ႕ မရပ္မနား တိုက္ပြဲေတြ ျဖစ္ေနခဲ့တာ။

"ဟဲ့ ဥကၠာ ရွိုင္းထက္ေအာင္က နင္တို႔နဲ႕လာတာလား "

"အင္း "

"နင့္႐ုပ္က ဘာျဖစ္ေနတာလဲ "

"ဘာျဖစ္လို႔လဲ "

" မသိရင္ ရည္းစားအခိုးခံရတယ့္႐ုပ္နဲ႕ "

"ငါသြားေတာ့မယ္ "

"ok ဘဲႀကီး"

...........................

cover photo crd

ေစ်းဗန္းေလးေတြ လိုခ်င္ပါတယ္လို႔ shareေပးၾကပါဦး please😷🙏

___________________________________________

Continue Reading

You'll Also Like

11.8K 420 11
ချစ်သူချင်း ပေါင်းဖက်ရသောကမ္ဘာ၌သာ လူ့အဖြစ်ကိုကျွန်တော်ရချင်၏။ ဖူးစာသာပါလျှင် ငှက်ကလေးများပင် အတူပျံသန်းခွင့် ရပါသည်။ ကိုကိုး ၂၇၊၁၊၂၀၂၄
601K 32.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.1M 29K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...