ep 6(uni&zg)

1.1K 62 22
                                    

uni

​​ဒေါ်သီတာ သူ့ရဲ့သား​တော်​မောင် ဖိုးသား က ဧကရာဇ်​ကို ​ချော့​ပေးဖို့ တစ်​နေကုန်အိမ်မှာ အပူကပ်​နေ​ပေမယ့် သူ မသိချင်​ယောင်​ဆောင်ထားလိုက်သည်။

အဲ့​ကောင်​​လေး ​တော်​တော် ​ပွေတယ်။ ​ကောင်မ​လေး​တွေဆိုလဲ တစ်ပတ်တစ်ပတ် မရိုးရ​အောင်ကို ထားပြီး ထန်း​ရည်လေးတမြမြနဲ့ ကြည့်လို့ကို မရဘူး။ မှတ်​လောက်သား​လောက်တယ့် အထိ ပစ်ထားလိုက်မယ်။

ဧကရာဇ်​ကလည်း အဲ့င​ပွေထိုးကို သဝန်မတိုဘူးလားမသိ။ ​​တော်​တော်ကို ​နေနိုင်လွန်း၏။ 10​အောင်ပြီး​ချိန် ဖိုးသားကို မိန်းမပေးစားမယ်လုပ်တော့ ဖိုးသားကလည်း အကြောက်အကန်ငြင်းပြီး ဧကရာဇ်ကတော့ သူနဲ့နှစ်ယောက်ထဲ ရှိနေချိန် သူ့​ရှေ့မှာ ဒူး​ထောက်ကာ သူဖိုးသားကို ချစ်​နေ​ကြောင်းနဲ့ ဖိုးသားကိုယ်တိုင်မိန်းမယူဖို့ ​ပြော​တော့မှ ​ပေးစား​ပေးပါလို့ ​တောင်းပန်​လေသည်။

သူလည်း အဲ့အချိန်တုန်းက တော်တော်ကို လန့်သွားတာ။ ဧကရာဇ်ကို စိတ်ဆိုးပြီး မျက်နှာချင်းတောင်မဆိုင်နိုင်တယ့် အထိပင်။ ဧကရာဇ် မြို့သွားတာ​တောင် မနှုတ်ဆက်နိုင်ဘဲ အိမ်ထဲမှာ ​နေမ​ကောင်း​ဘူး​ပြောကာ နှုတ်မဆက်တယ့်အထိ။ ဧကရာဇ်ကလည်း သူမကြည်တာသိတာ​ကြောင့် ​ကျောင်းပိတ်ရက်​တွေမှာ​တောင် အိမ်ပြန်မလာ​ပေ။

ဒါ​ပေမယ့် ဖိုးသားနဲ့ ဧကရာဇ် ရည်းစားဖြစ်တယ်ဆိုတယ့်အသံ​တော့မကြားရ​ပေ။ ကြည့်ရတာ ဧကရာဇ် က သူ့အချစ်ကို သိမ်းထားချင်ပုံရ၏။ သူတို့အရှုံးပေါ်ချိန် ဧကရာဇ်ကကူညီ​ပေးပြီး ဧကရာဇ်ရဲ့ စတင်လုပ်ကိုင်နေပြီဖြစ်တယ့် car showroom အကြောင်းကြားလိုက်ချိန် ဒေါ်သီတာတစ်ယောက် အတော်ပင် လေးစားသွားရသည်။

​ဆေး​ကျောင်းတက်ဖို့ပိုက်ဆံကိုလဲ သူ့ဘာသာသူရှာတယ့်အပြင် သူတို့ကိုပါကူညီနိုင်ပြီး carshowroom ပါ ဖွင့်ထားသည်တယ့်လေ။ သူသိသလောက်ကတော့ ဧကရာဇ် အမေကပိုက်ဆံတစ်ပြားမှ မပို့​ပေ။ ပြီး​တော့ ဧကရာဇ်ကို သူ့သားနဲ့ယှဉ်မိသည်အထိ သူ့သားလို ဘာအလုပ်မှမယ်မယ်ရရမရှိ မိဘလုပ်စာထိုင်ဖြုန်းပြီး ရည်းစား​တွေ မှိူလို​ပေါက်​အောင်ထားတယ့်သူကို ဧကရာဇ်လိုလူက အရိပ်တကြည့်ကြည့်နဲ့ ချစ်​နေသည်တယ့်​လေ။

PhoeNyaWhere stories live. Discover now