ep 34 (uni&zg)

505 27 10
                                    

uni

ဧကရာဇ် ပစ္စည်းတွေ နေရာချကာ ပြင်ဆင်ပြီးတော​့ သူတို့နေရာနားကို သူ့ထက် သုံးလေးနှစ်လောက် ငယ်တယ့်ကလေးအုပ်စု ရောက်လာသည်။

သူတို့ကလည်း မီးသီးတွေထွန်းကာ စားစရာ သောက်စရာတွေ ပြင်ဆင်နေလေသည်။

ဧကရာဇ် တစ်ခြားနေရာ ပြောင်းဖို့ စိတ်ကူးလိုက်ပေမယ့် အကုန်အဆင်သင့် ပြင်ပြီးသွားတာကြောင့် ဘီယာတစ်ဘူးယူကာ ဟိုကလေးတွေနဲ့ အနည်းငယ်ဝေးပြီး ကမ်းစပ်နဲ့ နီးတယ့်နေရာမှာ ထိုင်နေလိုက်သည်။

'ဘာပဲဖြစ်ဖြစ် စစ် မှ မလာ​သေးတာ '

သူ လက်ထဲက ဘီယာဘူးကို ဖောက်ဖို့ပြင်ပြီးမှ ပြန်ချလိုက်ကာ ပင်လယ်ဘက်ကို မျက်နှာမူပြီး တွေတွေလေး ငေးနေ၏။

လရိပ် က ဧကရာဇ် ခေါ်ထားတယ့်နေရာကို အရင်ရောက်သွားပေမယ့် သူဘယ်သူ့ကိုမှ မတွေ့။

ပင်လယ်ဘက်ကို ကြည့်လိုက်တော့ သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ပင်လယ်ကို မျက်နှာမူပြီး ထိုင်နေတယ့် အဖြူရောင်ကျောပြင်ကြောင့် လရိပ် ခေါင်းကိုအသာခါလိုက်ကာ အသားတွေကို ကင်ဖို့လုပ်လိုက်သည်။

ဥက္ကာနဲ့ ရှိုင်းထက်အောင်လည်း ရောက်လာလေသည်။

ရှိုင်းထက်အောင်ကတော့ သူတို့နေရာနဲ့ ကပ်ရပ်က သုတတို့ ဝိုင်းကို သွားပြီး ပြီးတော့မှ လာမည်ဖြစ်ကြောင်း သွားပြောလိုက်သည်။

ရှိုင်းထက် အသံက ခုနက သူတို့နဲ့နေနေတုန်းကလို မဟုတ်ဘဲ ယဥ်ကျေးတယ့်အသံ ပေါက်နေတာကြောင့် သူတို့အဖွဲ့ အနည်းငယ် ကြောင်သွားကြသည်။

သုတကတော့ ရှိုင်းထက်ကို ကြည့်နေတယ့် ဥက္ကာကို ကြည့်လိုက်ကာ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ဝမ်းနည်းသွား၏။

ရှိုင်းထက်က သုတကို ကြည့်လိုက်တော​့ သူ့ကိုငေးကြည့်နေတယ့် သုတရဲ့ ဝမ်းနည်းနေတယ့် မျက်ဝန်းနဲ့ဆုံသွားတာကြောင့် မျက်မှောင်သာကျုံ့ပြီး လရိပ်တို့ဆီ ပြန်သွားလိုက်သည်။

ထို့နောက် မေပန်းချီရောက်လာ၏။

ဥက္ကာ လရိပ်ကို အကဲခတ်လိုက်တော့ အလွန်တည်ငြိမ်နေကာ အသားကင်နေလေသည်။

PhoeNyaKde žijí příběhy. Začni objevovat