Hey ! You Have To Be My Husba...

By Eros_90

162K 7.4K 357

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 20 ( Uni )

3.1K 198 9
By Eros_90

အပိုင်း - ၂၀



" အ .... အလင်း "

မယုံကြည်နိုင်ခြင်းများစွာဖြင့် ရှိုက်ငိုကာပင်နေသော ထိုကလေးကိုပြန်လှည့်ကြည့်လိုက်ရင်း

" မငိုနဲ့လေ ကိုယ်တို့အခန်းတံခါး Lock ချထားဖို့လိုတယ်မဟုတ်လား "

ဒီညတော့ နေမကောင်းသောထိုကလေး၏ ခန္ဓာကိုယ်အပြင်ပိုင်းထက် အတွင်းပိုင်းဆီမှ ပို၍ပူလောင်နေကြောင်းသိရှိလိုက်ရတော့၏ ။



*
*
*
*
*
*
*
*

နံနက်ခင်း၏နေရောင်ခြည်သည် အခန်းတွင်းဝင်ရောက်လာနိုင်ခြင်းမရှိသည့်တိုင် ထိုနေရောင်ခြည် ၏အနွေးဓာတ်ကိုတော့ခံစားခွင့်ရလေသည်။ ခြောက်ကပ်ပြီးနာကျင်နေသောလည်ချောင်းထဲမှခံစားချက်သည် အတော်ပင်ဆိုးဝါးနေ၏။
တစ်စုံတစ်ယောက်က ကိုယ့်ကို ထွေးပွေ့ပေးထားသည်ဆိုသည့်အသိကြောင့် ညကအဖြစ် အပျက်ကိုပြန်လည်သတိရမိသွား၏။

အား!!! ညက မထင်မှတ်ထားပဲရခဲ့သည့် နှစ်ယောက်အတူအိပ်ရာထဲမှာ လူးလှိမ့်ရသည့်အခြေအနေသည် နည်းနည်းတော့ရှက်စရာကောင်းခဲ့တယ်ဆိုပေမည့် ပြန်ရလာသည့်ခံစားမှုက အတော်ကြီးပြီးပြည့်စုံနေတာကိုတော့ လက်ခံလိုက်ရသည်။ အမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းဆန်စွာပြုမူနေထိုင်တတ်သည့် ကိုယ့်လူကြီးရဲ့ အိပ်ရာပေါ်မှစွမ်းဆောင်ရည်သည် ကိုယ့်ကိုသတိလစ်စေမတတ်ပင် ကောင်မွန်းနေလွန်းခဲ့၏။ အရဲစွန့်ရကြိုးနပ်သွားတယ်ပဲ ပြောရမလား။

သျှန်းအံ့တစ်ယောက် တွေးချင်ရာတွေးပြီး ကိုယ့်ကို မျက်နှာချင်းဆိုင်အနေအထားဖြင့်ပွေ့ဖက်ထားသူအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။ အလင်းက ချောမောလွန်းလှသည်။မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်း စသည့်အစိတ်အပိုင်းတစ်ခုချင်းစီက အရမ်းကြီးလှနေတာမျိုးမဟုတ်ပါဘဲနှင့် ယောကျ်ားပီသစွာချောလွန်းသူဖြစ်သည်။ အသက် ၄၁နှစ်အရွယ်ယောကျ်ားတစ်ယောက်ရဲ့ ခန့်ညားမှုတွေကိုပါထပ်ပြီးပေါင်းထည့်လိုက်သည့်အခါ အလင်းသည် ကိုယ့်အတွက်တော့ နှစ်ယောက်မရှိနိုင်တော့သည့် အပြည့်စုံဆုံးလူသားဖြစ်သွားရတော့၏။

အကျႌဝတ်ထားခြင်းမရှိသည့် အလင်း၏ရင်ဘက်နေရာကို ကိုယ့်လက်တစ်ဖက်ဖြင့်ထိတွေ့မိသည့်အခါ အနည်းငယ်ပူနေသောခံစားမှုကိုရလိုက်သည်။

" နေမကောင်းဖြစ်နေတာလား "

ကိုယ့်ဘာသာခပ်တိုးတိုးစကားဆိုရင်း အလင်း၏ နဖူးဆီ နောင်တစ်ကြိမ်စမ်းကြည့်လိုက်သည်။ တကယ်ပဲအလင်းကိုယ်နည်းနည်းပူနေတယ်။ ကိုယ်ကတော့ လည်ချောင်းတွေနာနေတာကလွဲရင် ကိုယ်ပူနေတာမျိုးမရှိတော့။ လည်ချောင်းတွေနာနေတယ်ဆိုတာကလည်း ညကတော်တော်လေးအော်ဟစ်လိုက်မိတာကြောင့်ဖြစ်သည်။ ကိုယ့်ဘာသာတွေး ကိုယ့်ဘာသာပြန်ရှက်မို့ တိုးတိုးလေးရီမိသွားပြန်၏ ။

ကြွက်သားအဖုအထစ်တွေအများကြီးရှိမနေဘဲ ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းလှသည့် အလင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုထိတွေ့နေရတာကပင် စိတ်ကျေနပ်စရာကောင်းလွန်းတာကြောင့် ရင်ဘက်ပေါ်ကို လက်ဖဝါးနှင့်ခပ်ဖြေးဖြေးပွတ်သပ်နေမိ၏။

" နိုးနေရင်လဲ ငြိမ်နေရမှာပေါ့ ။ ဒီလိုမျိုး အခြားသူကိုပါအိပ်ရာကနေနိုးအောင် နှိုးနေလို့ဘယ်ဖြစ်ပါ့မလဲ "

မျက်လုံးမဖွင့်သေးပဲ ကိုယ့်လက်ပေါ်ကိုထပ်ပြီးအုပ်မိုးကာဆုပ်ကိုင်လာသည့် အလင်း၏ လက်ဖဝါးပြင်အထိအတွေ့ကြောင့် သျှန်အံ့တစ်ယောက် ဇက်လေးပုသွားပြီးရီနေမိတော့သည်။

" နိုးသွားတာလား "

" ကိုယ့်ခန္ဓာကိုယ်ပေါ် လက်တစ်ဖက်တင်ပြီး ပုရွက်ဆိတ်လို့လျှောက်ပြေးနေမှတော့ မနိုးနေတော့မလား "

" အိပ်ပျော်နေတဲ့ အလင်းရဲ့ပုံစံက အရမ်းမိမိုက်နေလို့ပါ "

ဖျက်ခနဲဆိုသလို ကိုယ့်နဖူးထက်နှုတ်ခမ်းပါးတင်လာရင်း အနမ်းတစ်ပွင့်လက်ခံရရှိလိုက်သည်။
မထင်မှတ်ထားသည့်အနမ်းကြောင့် သျှန်အံ့မှာလည်း စကားပင်ဆက်မပြောနိုင်ဖြစ်သွားရပြီး ရီ၍သာနေမိတော့သည်။

" နေရတာအဆင်ပြေရဲ့လား ။ တစ်နေရာရာမှာ နာကျင်နေတာမျိုးဖြစ်နေရင်ပြောနော် "

အလင်းက ဂရုစိုက်ပြီးမေးနေမှန်းသိပေမည့် အမှန်တိုင်းဖြေလိုက်ဖို့အတွက်တော့ ရှက်မိသည်။

" အ... အရမ်းနေရခက်မနေပါဘူး။ အဆင်ပြေနေပါတယ်။ ဟို အလင်းကိုယ်တွေပူနေတယ်မဟုတ်လား။ ကျွန်တော့်ဆီကနေ အပူကူးတာနေမယ် "

ပါးစပ်ထဲအဆင်ပြေသလိုဖြေလိုက်မိတော့ အလင်းက ကိုယ့်နှဖူးပေါ်ကျနေသည့်ဆံပင်တွေကိုသပ်တင်ပေးလာရင်း

" အရူးလေး ဘာကိုနေရမခက်ပါဘူးလဲ။ ကျိန်းသေနာကျင်နေမှာပေါ့ ညကမထင်မှတ်ထားဘဲဖြစ်သွားတာဆိုတော့ Lubricant လဲ မသုံးလိုက်မိသလို အကာအကွယ်လဲမပါလိုက်ဘူးလေ။ ဒါမင်းရဲ့ပထမဆုံးအကြိမ်မဟုတ်လား။ အရမ်းနာနေမှာပေါ့ ။ နောက်ပိုင်း ကိုယ်တို့အများကြီးဆင်ခြင်ရမယ်။ နောက်ပြီး ကိုယ်အပူတက်နေတာမဟုတ်ပါဘူး ။
ဒီတိုင်းလေး ခန္ဓာကိုယ်အပူချိန်နည်းနည်းပိုသွားယုံပဲ"

သျှန်အံ့လည်း အိပ်နေရာမှ ထပြီးထိုင်လိုက်သည်။ ခါးအောက်ပိုင်းနာကျင်သွားမှုကြောင့် လူကတည့်တည့်ပင်ထိုင်လို့မရချေ။ အဝတ်ဗလာဖြစ်နေသော ကိုယ့်ရဲ့အပေါ်ပိုင်းကိုဖုံးကွယ်ဖို့စောင်တစ်ထည်ယူကာပတ်ထားလိုက်၏။

" ညကအဖြစ်အပျက်က ကျွန်တော်ကိုယ်တိုင် စိတ်ပါလို့ဖြစ်ခဲ့တာပါ။ အလင်းရဲ့အမှားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတူတူနေပြီးသွားပြီနော် အလင်းက စားပြီးနားမလည်မလုပ်ရဘူး"

ကိုယ့်စကားကြောင်ထင့် အလင်းသည်အားရပါးရကိုရီမောလိုက်တော့၏။ ရီတာမှ တကယ်ကိုဟာသပြက်လုံးကိုကြားရသလိုရီနေတာ။ ကြာတော့ ကိုယ်ရှက်လာရတော့၏။

" အ... အလင်း မ.... မရီနဲ့ ကျွန်တော်ရှက်လာပြီ "

ရီမောနေသော အလင်းရဲ့ပါးစပ်ကိုလိုက်ပိတ်မိရင်း မျက်ရည်ပင်ဝဲလာရတော့သည်။ နာကျင်မှုကြောင့်ရော ရှက်တာပါပေါင်းပြီး ကိုယ့်ပုံစံက ငိုချတော့မလိုဖြစ်နေတာကြောင့် အလင်းသည် ရီမောနေတာကိုရပ်လိုက်လေသည်။ အိပ်နေရာမှထလာပြီး ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ထိုင်လိုက်သည်။ ကိုယ့်လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့်အုပ်မိုးဆုပ်ကိုင်လိုက်ပြီးမှ

" Sorry မင်းကိုလှောင်တာမဟုတ်ပါဘူး။ စကားပြောပုံလေးက အရမ်းချစ်စရာကောင်းနေလို့ ဒီတိုင်းသဘောကျလို့ရီလိုက်မိတာ။ ရှက်သွားတယ်ဆိုတောင်းပန်ပါတယ်"

ချော့မောပြောလာသည့်စကားကပင် ကိုယ့်ကို ငိုချင်ရက်လက် တို့ဖြစ်စေသည်။ ပုံမှန်ဆို မိဘတွေနဲ့ခွဲပြီး ပြည်ပမှာကျောင်းတက်နေသည့်ကိုယ်က အရမ်းစိတ်ပျော့တဲ့လူစားမျိုးမဟုတ်ချေ။ ဒါပေမဲ့ အလင်းနဲ့တွေ့ရင် စိတ်ကအလိုလိုပျော့ချင်လာပြီး
ကလေးတစ်ယောက်လိုပြုမူနေချင်မိတော့၏။ ပါးပြင်ပေါ်ဖြတ် စီးသွားသည့်မျက်ရည်စက်က အလင်းကို ပြာပြာသလဲဖြစ် သွားစေသည်။

" ဘာလို့လဲလုံးလုံး ဘာလို့ငိုတာလဲ ကိုယ့်ကိုပြောပြနော်ကလေး"

" အမှန်တော့ နာ... "

စကားဆုံးအောင်ဆက်မပြောနိုင်တော့ပဲ အသံထွက်အောင်ငိုကာ အလင်းရင်ခွင်ထဲတိုးဝင်လိုက်မိတော့၏။ ယောကျ်ားတစ်ယောက်နဲ့ ပထမဆုံးအတူနေမိသည့်အခိုက်အတန့်တွင်
ဘာအကူအညီမှမပါဘဲ အစိမ်းသက်သက်နေခဲ့မိတာကြောင့် သွေးအေးသွားချိန်တွင် ခန္ဓာကိုယ်အောက်ပိုင်းကဆုပ်ဖြဲခံထားရသလို နာကျင်နေတာဖြစ်သည်။ ဒါပေမဲ့ အလင်းသိအောင် မပြောရဲ။ ဒီကိစ္စတွေကြောင့် နောက်ပိုင်းမှာ အလင်းကဆင်ခြင်းပြီး ကိုယ့်ကိုမထိတွေ့တော့မှာကြောက်မိသည်။ ပိုင်ဆိုင်ဖို့မလွယ်ခဲ့သည့်ချစ်ရသူကို ခန္ဓာကိုယ်ပုံပေးထားပြီးဖြစ်ဖြစ် ကိုယ့်ဘေးနားမှာဆွဲထားချင်မိ၏။ အလင်းက ချင်ချင်းဆိုသလို ကိုယ့်ကို သူ့ပေါင်ပေါ်ပွေ့ချီတင်လိုက်တော့၏။ ကိုယ့်တစ်ကိုယ်လုံးကိုသိုင်းဖက်ထားပေးရင်း

" နာနေတယ်မဟုတ်လား ကလေး ။အရမ်းနာနေတယ်မဟုတ်လား "

ကိုယ်ကတော့ အလင်းပခုံးပေါ်မှာ မျက်နှာကိုအပ်ထားမိကာ

" ရပါတယ် ကျွန်တော်ကရပါတယ် အဆင်ပြေတာမို့လို့ အလင်းစိတ်ရှိတိုင်းယူလို့ရပါတယ် ။ အဲဒီအစား ကျွန်တော်အနားမှာပဲနေပေးရင်ရပါပြီ နော်အလင်း"

" ဒီအရူးလေးကတော့လားကွာ"

ခပ်တိုးတိုးရေရွက်သံအဆုံး ကိုယ့်ကိုအိပ်ရာပေါ် ပြန်လှဲအိပ်စေသည်။ပြီးတော့ သူပါ ကိုယ့်ဘေးမှာဝင်လှဲအိပ်ပြီး ဘေးစောင်းအနေအထားဖြင့် ကိုယ့်ကိုအုပ်မိုးကြည့်နေ၏။

" နာနေရင်နာတယ်ပြောရမှာပေါ့ အဲဒါမျိုးကအန္တရာယ်ရှိတယ်လေနော်။ နောက်ပြီး အရမ်းစိုးရိမ်စိတ်မထားပါနဲ့။ ကိုယ်ကမင်းကိုမထားခဲ့ပါဘူး။ ကိုယ်တာဝန်ယူနိုင်လို့ကျူးလွန်ခဲ့တဲ့အရာအတွက် တစ်ခါထဲဆိုရင်တောင် တစ်သက်လုံးတာဝန်ယူပေးမှာပါ။ လူနှစ်ယောက်အတူနေဖို့အတွက် ကလေးဘက်ကနေပဲအမြဲအလျှော့ပေးနေစရာမှမလိုတာ။ အခုလဲသေချာပေါက် ဆရာဝန်နဲ့တိုင်ပင်ပြီး"

" ဆ... ဆရာဝန်မခေါ်နဲ့ ရှက်.... ရှက်စရာကြီး "

ဒီလိုကြတော့လည်း ကလေးလူကြီးလေးက တကယ်ရှက်လို့ ငိုမဲ့မဲ့လေးဖြစ်နေပြန်သည်။ သူရှက်နေတာကို အပြစ်တော့မမြင်ပါ။ ဆရာဝန်ရှေ့မှာ ကိုယ်တွေနှစ်ယောက်သားရဲ့ဆက်ဆံရေးကိုချပြရမှာမို့ ကိုယ်လည်းရှက်တာပဲလေ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတွေမို့ ရှောင်လွှဲလို့မရချေ။ ဒါကိုတော့ ဒီကလေးသိပြီး လက်ခံအောင်ရှင်းပြပေးရမည်။

" ဒီခေတ်ကြီးထဲမှာ အမျိုးသားနှစ်ယောက်အတူနေတာ မဆန်းတော့ပါဘူး ။ အတူနေတဲ့ကာလတွေမှာ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရမယ်လေနော် ။ ရှက်နေလို့ဆိုပြီး ဒီတိုင်းငြိမ်နေလို့မှမရတာ ။ လုံးလုံးက လိမ္မာတယ်လေနော်။ ကိုယ့်မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး အကောင်းဆုံးနေကြရအောင်ဟုတ်ပြီလား "

ဒီလိုလေးပြောပြလိုက်တော့လည်း ကိုယ့်ရင်ခွင်ထဲမှာရှိနေသည့်ကလေးက ငြိမ်သက်စွာနာခံပေးပြန်သည်။အသက် ၁၈နှစ်အရွယ်ကလေးတစ်ယောက်က အရမ်းချစ်စရာကောင်းနေမှန်း
လင်းမြတ်ကိုယ်တိုင်လည်း အခုမှပင်သတိထားမိတော့သည်။

" ကျွန်တော်အလင်းနဲ့ပဲတသက်လုံးနေမှာ။ အလင်းကိုပဲအမြဲချစ်ပေးမှာ"

" အသက် ၂၃နှစ်ကွာတဲ့ကိုယ့်ကို လေးစားသောအားဖြင့် အလင်းလို့မခေါ်ရင်ကောင်းမယ် "

" အလင်းက မကြိုက်လို့်လားဟင်"

ကိုယ်ပြောလိုက်သည့်စကားကြောင့် မျက်နှာလေးညှိုးသွားရှာပြန်သည်။ ဒါကြောင့်ပဲ သူ့ပါးပြင်လေးကို ဖျက်ခနဲငုံ့နမ်းပေးလိုက်ရင်း

" မကြိုက်ဘူးဆိုတာထက် ခင်ဗျားလေးကို အတိတ်မှာပဲနစ်မွန်းမနေစေချင်တော့လို့ပါ ။ ၁၈နှစ်လုံးပင်ပန်းခဲ့တာ လုံလောက်နေပြီလေ ဟုတ်တယ်မို့လား။ ကိုယ်လဲ ခင်ဗျားလေးရဲ့လက်ရှိအချိန်တွေကိုပဲတန်ဖိုးထားပေးမှာမို့ အတိတ်တွေကိုလွှတ်ချလိုက်လို့ရပြီလေ။ သက်လုံးပုံက သက်လုံးပုံလိုပဲရှင်သန် သွားရမှာပေါ့ ။ ကိုယ်ပြောတာကိုနားလည်လား "

" ဟုတ်နားလည်တယ် "

" အရမ်းလိမ္မာတာပဲ "

" ဒါဆို ဦးလို့ခေါ်မယ် "

" အဆင်ပြေပါတယ် "

" ဦးလဲကျွန်တော့်ကို လုံးလုံးလို့မခေါ်ပါနဲ့"

" ဟောဗျာ ဘာဖြစ်လို့လဲ ။ လုံးလုံးလို့ခေါ်တာကချစ်စရာကောင်းတယ်လေ။ ကလေးလေးလိုပဲ "

" အဲလိုမျိုး ှကလေးလို့မြင်နေတာကို သဘောမကျလို့"

ဂျစ်တစ်တစ်ဆိုလာသည့်စကားကြောင့် လင်းမြတ်ရီလိုက်မိပြန်သည်။

" ဒါဆို ဘယ်လိုမြင်ပေးစေချင်လဲ ပြောကြည့် "

"ဦးရဲ့ အနာဂတ်မှာ ဇနီးမယားတစ်ယောက်ရှိရမယ်လို့တွေးဖူးတယ်ဆိုရင် ကျွန်တော်က ကလေးလေးတွေမွေးမပေးနိုင်တာကလွဲရင် ကျန်တဲ့ဇနီးမယားတစ်ယောက်ရဲ့တာဝန်တွေ ဝတ္တရားတွေကို ဖြည့်ဆည်းပေးမှာမို့ "

ဒီတစ်ခါမှာတော့ သွေးရောင်လွှမ်းပြီး အနည်းငယ်ခြောက်သွေ့နေသောနှုတ်ခမ်းလေးကို လင်းမြတ်ရဲ့နှုတ်ခမ်းတွေနှင့်ငုံထွေးကာ စကားသံတို့ကိုပြတ်တောက်စေလိုက်၏။ အောက်စီဂျင်လိုအပ်တဲ့အထိ စိတ်ကြိုက်နမ်းရှိုက်ပြီးမှ အနမ်းတို့လွတ်မြောက်စေလိုက်သည်။ တံတွေးတို့ဖြင့် စိုရွှဲသွားရသောနှုတ်ခမ်းလေးကို နောက်တစ်ကြိမ် အသာဖွဖွနမ်းရင်းမှ

" သူများအိမ်ကအဖိုးတန်သားယောကျ်ားလေးကို ဘယ်လိုစိတ်နဲ့ ဇနီးမယားလို့ သဘောထားရမှာလဲကွာ "

" ဟုတ် ဦးသဘောမကျဘူးဆိုရင်လဲ အဲလိုတွေထပ်မပြောတော့ဘူးနော် "

ကိုယ့်ရင်ခွင်ထဲမှကလေးပေါက်စလေးကတော့ ကိုယ်ဘာပြောပြော ဟုတ်ဆိုတဲ့စကားတစ်ခွန်းနှင့် အစွမ်းကုန်လိမ္မာပြဖို့အသင့်ရှိနေလေတော့သည်။

" မပြောနဲ့ ။ ကိုယ့်အတွက်က ဇနီးတစ်ယောက်ကျိန်းသေရှိနေဖို့မလိုအပ်ပါဘူး။ ဒီတိုင်းပဲ လိမ္မာတဲ့ကလေးတစ်ယောက်ရှိနေဖို့ပဲလို့တာ။ လုံးလုံးလို့ခေါ်တာမကြိုက်ရင် ကလေးလို့ပဲခေါ်တော့မယ်။ ချစ်စရာကောင်းတဲ့ ကိုယ့်ရဲ့အမျိုးသားလေးပေါ့ "

" ဟုတ်ဟုတ် "

" ကိုယ် ဆရာတို့ကိုပြောလိုက်ရမလား ။ ဒီအခြေအနေကိုလေ။ မျက်နှာပူစရာကောင်းပေမဲ့ ကလေးကပြောစေချင်ရင်"

" ဟင့်အင်း အခုလောလောဆယ်တော့ မပြောဘဲထားရအောင်နော်။ နောက်မှပဲ ကျွန်တော်တို့အတူတူပြောမယ်လေနော်"

"သဘောအတိုင်းပါပဲဗျာ ။ နောက်ပြီး ကလေးကိုပြောထားချင်တာရှိသေးတယ်။ နှစ်ယောက်ကြားအခြေအနေက မြန်မြန်ကြီးဖြစ်သွားတာဆိုပေမဲ့ ကိုယ့်ကလေးအတွက် အများကြီးတွေးထားပါတယ်။ အချိန်လေးတော့ နည်းနည်းစောင့်ပေးနော် "

" ဟုတ် "

" ဘာပြောပြော ဟုတ်ဟုတ်နဲ့အရမ်းလိမ္မာနေတော့ နေတောင်မနေတတ်တော့ဘူး ။ ကဲပါ ဒီကြားထဲ ဒီအိမ်နဲ့ကိုယ့်အပေါ်ကို အစစအရာရာစီမံပိုင်ခွင့် ခင်ဗျားလေးဆီအပ်တယ်နော်ဟုတ်ပြီလား ။ အခုတော့ မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်ပေးမယ် ။ ပြီးရင်ဆရာဝန်ခေါ်ရအောင် "

သျှန်းအံ့လည်း ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းဝင်ဖို့ပြင်နေသူဆီ လက်နှစ်ဖက်ဆန့်ပေးပြီး ချီခိုင်းလိုက်မိတော့သည်။ကိုယ်က ယောကျ်ားလေးတစ်ယောက်ပေမည့် ချစ်ရတဲ့ဦးရှေ့မှာတော့ အားနည်းတဲ့ကလေးတစ်ယောက်လိုသာနေပါရစေ။ ချစ်တယ် အလင်းလို့ခေါ်တဲ့ကျွန်တော့်ရဲ့ဦးကို
အရူးအမူးပဲ ချစ်ရပါတယ်လေ။



Eros_90

28.3.2024 ( ၈ နာရီ ၄၀ မိနစ် )
31.3.2024 Update ရှိ။







Continue Reading

You'll Also Like

13.1K 900 5
တစ်ပိုင်းထဲဖတ်ရတာကြိုက်တဲ့ သူတွေအတွက် တိုတိုလေးနဲ့ ခံစားသွားစေရမယ်😘😘😘 Both Uni and Zawgi
57.6K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
78.2K 10.3K 38
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
31.9K 1.8K 7
ငါသာအဲ့ဒီနေ့က မောင့်ကိုယုံပြီး မောင့်နောက်ကိုမလိုက်ခဲ့ရင်ကောင်းသားနော်။ Own Creation