"ဟေ့....ဟေ့ကောင်လေး..မင်း..အဲ့အသားတုန်းမစားဘူးလား"
မျက်လုံးညိုညိုတွေရှိတဲ့ကောင်လေးက မှဲ့နက်ထင်းထင်းတွေရှိတဲ့ကောင်လေးရဲ့ထမင်းဘန်းကိုမေးဆတ်ပြရင်းမေးတဲ့စကား.....
"ငါ အသားမကြိုက်ဘူး"
မှဲ့နက်လေးကခေါင်းခါပြရင်းပြန်ဖြေသည်......
"မင်း သင်္ဘောသီးထောင်းစားနိုင်လား ငါအစပ်မစားနိုင်ဘူး
တကယ်လို့မင်းကြိုက်တယ်ဆိုရင်မင်းရဲ့အသားနဲ့ ငါ့သင်္ဘောသီးထောင်း လဲစားပေးလို့ရမလား....ငါအသားစားရတာမဝလို့"
တဖျတ်ဖျတ်ဝင့်ကြည့်လာတဲ့မျက်ဝန်းညိုညိုတွေဟာ အကြောက်အလန့်မရှိသလို နိုင့်ထက်စီးနင်းလုပ်လိုဟန်လည်းမပါ.....
ပကတိကြည်ကြည်စင်စင် စူးစူးလဲ့လဲ့..…..
မျက်ဝန်းညိုတွေကိုတစ်ချက်စူးစိုက်ကြည့်ရင်းမှဲ့နက်လေးကမရဲတရဲခေါင်းညိတ်ပြလိုက်၏..…
"ရတယ်"
"ကျေးဇူးပဲ"
အကန့်လေးတွေပါတဲ့စတီးထမင်းဘန်းထဲက တစ်ခုတည်းသောအသားတုန်းလေးကို မှဲ့နက်လေးဟာ မျက်ဝန်းညိုလေးရဲ့ ထမင်းဘန်းထဲပြောင်းထည့်ပေးလိုက်တော့ လစ်လပ်သွားတဲ့အသားတုန်းအကန့်ထဲမှာ အစားထိုးဝင်ရောက်လာတာက သင်္ဘောသီးထောင်းတစ်ဇွန်းမောက်မောက်.......
"အား....အသားကအရသာရှိလိုက်တာ
မင်းနဲ့တွေ့ရတာကံကောင်းတာပဲ ငါဒီမှာနေလာတဲ့တစ်လျောက်လုံးဘယ်သူကမှမင်းလို ကိုယ်စားမယ့်အသားတုန်းသူများမျှကျွေးတာတစ်ခါမှမတွေ့ဖူးဘူးရယ်
ပြီးတော့မင်းကိုလည်းတစ်ခါမှမမြင်ဖူးဘူး
ရောက်တာမကြာသေးဘူးမလား
သင်္ဘောသီးထောင်းစားလေ ဘာလို့လည်းမကြိုက်ဘူးလား"
ဟင်းရည်ကိုထမင်းပေါ်လောင်းချကာ အသားဖတ်တဖဲ့နဲ့အတူ ပလုတ်ပလောင်းသွတ်ရင်းမေးလာတဲ့ မျက်ဝန်းညိုလေးရဲ့အမေးကို မှဲ့နက်ကောင်လေးက ခေါင်းဖွဖွရမ်းရင်းပြန်ဖြေသည်.....
"ငါစားလို့မရဘူး နှုတ်ခမ်းပေါက်နေလို့"
"နှုတ်ခမ်းကဘာလို့ပေါက်ရတာလဲ"
"မနက်က ငါ့ကုတင်ဘေးကတစ်ယောက်က သူ့ဘောပင်ပျောက်တာငါခိုးလို့ဆိုပြီး ငါ့ကိုထိုးလိုက်လို့နှုတ်ခမ်းပေါက်သွားတာ"
"ဟမ်..….မင်းဘာမှပြန်မလုပ်ဘူးလား"
"ငါကြောက်တယ်ပြန်မလုပ်ရဲဘူး...ပြီးတော့.....ငါဒီကိုမနေ့ကမှရောက်တာ ရန်လဲမဖြစ်ဖူးဘူး"
"အော်.....အဲ့ဒါကြောင့်မင်းကိုငါတစ်ခါမှမတွေ့ဖူးတာကိုး"
ခေါင်းတဆတ်ဆတ်ညိတ်ရင်းပြန်ဖြေလာတဲ့မျက်ဝန်းညိုလေးက အသားဖတ်တဖဲ့ကိုထမင်းထဲမြှပ်ပြီးဇွန်းအပြည့်ခပ်ကာ မှဲ့နက်လေးရဲ့နှုတ်ခမ်းတွေရှေ့ထိုးပေးသည်.....
"စားလိုက်ကြိတ်မှိတ်ပြီး....မဟုတ်ရင် ညကျဗိုက်ဆာနေလိမ့်မယ် သူတို့က ညနေစာကျွေးပြီးရင် ဘာမှထပ်မပေးတော့ဘူးရယ်"
ထိုးခွံ့လာတဲ့ထမင်းလုတ်ကိုယောင်နန နဲ့ယူစားလိုက်တော့ သဘောတကျပြုံးလာတဲ့နှုတ်ခမ်းပါးတွေကြား အထင်းသားထိုးထွက်လာတာဟာ ယုန်လေးတစ်ကောင်နဲ့တူတဲ့ရှေ့သွားကြီးကြီးလေးနှစ်ချောင်း.....
"လိမ္မာတယ်.…."
"မင်း....မင်း ရောသူများထိုးတာခံဖူးလား"
"နေ့တိုင်းနီးပါးပဲ"
ပေါ့ပေါ့ပါးပါးဆန်တဲ့အဖြေဟာ မှဲ့နက်လေးကိုမျက်လုံးအပြူးသားဖြစ်စေလေသည်......
"မကြောက်ဘူးလား သူတို့ကို"
"ကြောက်စရာလား ငါလည်းပြန်ထိုးတာပေါ့"
"မ.....မနိုင်ရင်ရော ဘယ်လိုလုပ်မလဲ"
"မနိုင်ရင်
အိပ်ဆောင်ထဲပြန်လာပြီး ငါဝှက်ထားတဲ့ပရုတ်ဆီနဲ့ မျက်လုံးကိုနဲနဲပွတ်လိုက်တယ်လေ
ပရုတ်ဆီကပူလို့ မျက်ရည်ကျလာရင် ဂေဟာမှူးဆီသွားပြီး ငါ့ကိုဝိုင်းအနိုင်ကျင့်ကြပါတယ်ဆိုပြီးဦးအောင်ငိုတိုင်တာပေါ့ကွ
ဘာခက်တာမလို့"
ဂုဏ်ယူကြွားဝါရိပ်တွေသန်းနေတဲ့ မျက်ဝန်းညိုကောင်လေးရဲ့မျက်နှာကို့ မှဲ့နက်ကောင်လေးဟာ အားကိုးဟန်အပြည့်နဲ့မော့ကြည့်သည်.....
"ငါ.....ငါမင်းကိုတစ်ခုတောင်းဆိုလို့ရမလာ"
"ပြော"
"မင်းကိုငါ့အသားတုန်းနေ့တိုင်းကြွေးမယ်လေ
မင်းငါ့အတွက်ရန်ဖြစ်ကူပေးလို့ရမလား"
"တကယ်လား"
မယုံသင်္ကာပုံစံနဲ့မေးလာသူကို ယုံကြည်သွားအောင်ခါင်းအထပ်ထပ်ညိတ်ပြလိုက်တော့ သဘောအကျကြီးကြသွားကာ ခေါင်းတွေဆက်တိုက်ပြန်ညိတ်ပြလာတဲ့ကောင်လေး....
မှဲ့နက်လေးခမြာလည်း အားကိုးရာရသွားပြီမို့ သက်ပြင်းလေးတစ်ချက်ရှိုက်ရင်းပါးမို့လေးတွေလုံးတက်လာတဲ့အထိပြုံးလိုက်မိတော့၏.....
"ငါက Gemini Norawit Titicharoenrak အမေမရှ်ိတော့ဘူး အဖေကနောက်မိန်းမယူပြီး သူတို့မူးလာတိုင်း ငါ့ကိုနှိပ်စက်ကြလို့ မခံနိုင်တော့တာနဲ့လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ဒီကိုထွက်ပြေးလာတာ အခုငါ့အသက်ကဆယ့်နှစ်နှစ်"
ကိုယ်ရေးရာဇဝင်နဲ့တကွမိတ်ဆက်လာတဲ့အပြင် မှဲ့နက်လေးရဲ့မျက်နှာရှေ့ကိုပါထိုးပေးလာတဲ့ ရှည်ရှည်သွယ်သွယ်လက်ချောင်းလေးတွေ....
"ငါက Fourth Natawat Jirochtikul
ငါတစ်နှစ်သားတုန်းကငါ့မိဘနှစ်ယောက်လုံးကို ငါ့ဦးလေးကဆေးကြောင်ပြီးသတ်လိုက်တာ ဆုံးသွားကြပြီ ငါကအဒေါ်နဲ့နေတာ အခုသူကရောဂါဖြစ်နေလို့ငါ့ကိုဆက်မစောင့်ရှောက်နိုင်တော့လို့ ဒီကိုလာပို့သွားတာ အသက်ကမင်းနဲ့အတူတူပဲ"
လက်ချောင်းညိုညိုဝင်းဝင်းလေးတွေကြားထဲ လက်ချောင်းဖြူဖြူအုအုလေးတွေဟာနေသားတကျ......
"ငါမင်းအတွက်ရန်ဖြစ်ပေးမယ် Ai Fourth "
"ငါမင်းကိုနေ့တိုင်း အသားကျွေးမယ် Ai Gem"
ခေါင်းတဆတ်ဆတ်ညိတ်ကာပြုံးပြန်လေသည်..….
အရွယ်နဲ့မလိုက်တဲ့အပြုအမူတွေကြောင့် မျက်ဝန်းညိုလေးကို မှဲ့အနက်လေးဟာ ခဏအတွင်းမှာပဲအားကိုးယုံကြည်သွားမိလေတော့သည်.......
"ရော့....နောက်တလုပ်ထပ်စားလိုက်အုံး မဟုတ်ရင်ညကျဗိုက်ဆာနေမယ်
နောက်ဆုံးကျန်တဲ့အသားဖတ်ကိုကျွေးတာ မင်းကငါ့အရင်းနှီးဆုံးသူမလို့နော်"
ခွံ့ကျွေးလာတဲ့တမင်းလုပ်ကိုနှုတ်ခမ်းနာနေတဲ့ကြားက ကြိတ်မှိတ်ဝါးရင်းပြုံးပြလိုက်တော့ ပါးမို့ပေါ်ကမှဲ့နက်လေးကို ဖွဖွတို့ထိလာတဲ့လက်ညှိုးရှည်ရှည်လေး......
"မင်းရဲ့မှဲ့လေးတွေက အရမ်းလှတာပဲ......ဟုတ်ပြီ ဒီနေ့ကစပြီး မင်းကိုငါကာကွယ်ပေးမယ် ငါ့ကိုယုံလိုက်တော့ Fourth"
"အင်း.....ငါမင်းကိုယုံလိုက်ပြီ Gem"
တွယ်ချိတ်လိုက်ကြတဲ့လက်သန်းလေးတွေအောက်မှာ ကတိကဝတ်လေးဟာ ကျောက်ထွင်းအက္ခရာလို မြဲမြံစွာတည်လေသည်...…...
*******
"အား.....လွှတ်....လွှတ်နော် မင်း....အဲ့ဒါငါ့ဘောပင် မင်းဟာမဟုတ်ဘူး ငါဂေဟာမှူးနဲ့တိုင်မှာနော်"
ထုံးစံအတိုင်းပဲ Fourth လက်ထဲကဘောပင်ကိုဘေးကုတင်က Tan ဆိုတဲ့ကောင်လေးကအနိုင်ကျင့်ပြီးလုယူနေခြင်းဖြစ်၏.…..
တစ်လမှနှစ်ချောင်းပဲဝေတဲ့ဘောပင်ဖြစ်လို့ လ မကုန်ခင်ဘောပင်ကုန်သွားရင်ကျောင်းသွားတဲ့အခါ ဒုက္ခရောက် ပေမည်....
ကျောင်းစာမလိုက်နိုင်လို့အဆင့်ကျသွားရင် ဂေဟာမှုညိုငြင်မှာကို Fourth အရမ်းကြောက်ပါသည်......
Fourth က ဂေဟာမှာနေ နေတဲ့နှစ် နှစ်လုံး စာအတော်ဆုံး အကြိုးစားဆုံးကျောင်းသားဖြစ်လို့ ဂေဟာမှူးက Fourth ကိုဆိုမှတ်မှတ်ရရရှ်ိသည်......
ဂေဟာမှူးရဲ့အကောင်းမြင်စိတ်လေးကို Fourth ဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်ပါ.......
"မင်း.....စာတော်တယ်ဆိုပြီးစောက်ရမ်းဘဝင်မြင့်မနေနဲ့ ဂေဟာမှူးဆီမရောက်ခင်မင်းခြေထောက်ကိုဒီနားမှာတင် ဟောဒီလိုရိုက်ချိုးပစ်လိုက်လို့ရတယ်သိလား....ဖြောင်း"
အားနဲ့ချိုးပစ်လိုက်တာကြောင့် Fourth ရဲ့ဘောပင်လေးဟာ တစ်ဖက်က ကောင်လေးရဲ့လက်ထဲမှာနှစ်ပိုင်းကျိုးသွားရလေတော့သည်......
ခံပြင်းစိတ်နဲ့အတူ ဒေါသကြောင့်ခန္ဓာကိုယ်ဟာ နတ်ဝင်သလိုတဆတ်ဆတ်တုန်ခါလာရလေတော့၏..…
"ခွပ်"
နှစ်နဲ့ချီပြီးအနိုင်ကျင့်ခံလာရတာ ကြာတော့စိတ်မထိန်းနိုင်စွာပဲ မေးရိုးကိုပင့်ထိပစ်လိုက်မိတော့၏......
ရန်ဖြစ်နေကျမဟုတ်လို့ Fourth ရဲ့လက်သီးဟာအားသိပ်မပါ......
အလစ်ခံလိုက်ရတာလို့ အနေအထားပျက်ယွင်းသွားတဲ့ တစ်ဖက်လူဟာ Fourth ကိုဒေါသတကြီးပြန်လည်တိုက်ခိုက်လာလေတော့သည်.......
"မင်းကများ.....ဖုန်း"
စားပွဲပေါ်ကအထူဆုံးဆိုတဲ့ စာအုပ်နဲ့မျက်နှာကိုလွှဲရိုက်ချလိုက်တာမို့ Fourth တစ်ကိုယ်လုံးလည်ထွက်သွားပြီး ကြမ်းပြင်ပေါ်လဲကျသွားလေတော့သည်....
နှာရိုးတစ်လျှောက်လုံးနာကျင်မွှန်စောင့်သွားတဲ့ခံစားချက်ကြောင့် ဝဲတက်လာတဲ့မျက်ရည်စတွေဟာ အမြင်အာရုံကိုဝေဝါးစေသည့်အပြင် ခေါင်းကပါတရိပ်ရိပ်ပြာနောက်မူးဝေလာတာဖြစ်လို့ တော်တော်နဲ့ပြန်မထနိုင်.......
"Fourth......ဟေ့ကောင်.....ပြန်ထ
ဒီကောင့်ကိုငါချုပ်ထားမယ် ပြန်ထိုးစမ်း"
"Gemini Norawit လွှတ်စမ်းငါ့ကို....အား မျက်လုံးကိုဘာတွေနဲ့သုတ်လိုက်တာလဲ....အား ပူတယ်"
အိပ်ဆောင်ထဲပြေးဝင်ချလာပြီး Tan ကိုနောက်ကနေသိုင်းဖက်ထိန်းချုပ်လိုက်တဲ့ Ai Gem ဟာ သူ့လက်စွဲတော် ပရုတ်ဆီတွေနဲ့ပါ Tan ရဲ့မျက်လုံးကိုပွတ်ပစ်လိုက်တာမို့ တစ်ဖက်လူမှာချက်ခြင်းမျက်လုံးပြန်မဖွင့်နိုင်......
"ထ.....မြန်မြန်ထလာခဲ့.....လာထိုးချေ"
Fourth မူးနောက်မွှန်ထူနေတဲ့ခေါင်းကိုဥပက္ခာပြုပြီး လဲကျနေရာကကုန်းရုန်းထကာ Tan ဗိုက်ကိုအရှိန်နဲ့ပြေးထိုးလိုက်တော့၏......
"အွတ်"
"အာ.....ပျော့တယ် ထပ်ထိုးနောက်တစ်ချက်"
"ရော့ကွာ...."
"အင့်"
"ထပ်ထိုး Fourth "
"ခွပ်"
"အ...တော်.....တော်ပါတော့.....ငါတောင်းပန်ပါတယ်..... Fourth..... Fourth ငါတောင်းပန်ပါတယ်.....တောင်းပန်ပါတယ်"
Tan တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်ပြီးပျော့ခွေလာတော့မှ Gem က Tan ကိုချုပ်ထားရာကဖြေလျော့ပေးသည်.....
အဲ့ဒီနောက် Fourth ကိုစိုက်ကြည့်ပြီးပြုံးစိစိနဲ့မေးဆတ်ပြလာလေ၏......
"ဘယ်လိုလဲ ဒီကောင့်ကိုထိုးလိုက်ရတဲ့ခံစားချက်က....."
"အရမ်းမိုက်တယ်"
တကယ်လဲစိတ်ထဲမှာ နှစ် နှစ်လုံးလွယ်ပိုးသယ်ဆောင်ထားတဲ့ဝန်ထုတ်ဝန်ပိုးကြီးလွတ်ကျသွားသလို လွတ်လပ်ပေါ့ပါးပြီးနေလို့ကောင်းသွားတာမို့ Fourth ခေါင်းညိတ်ဖြေကြားရင်း အားပါးတရပြုံးချလိုက်သည်.....
"အား.....ငါ့ ငါ့နှာခေါင်း"
စူးခနဲအောင့်သွားတဲ့နှာခေါင်းကြောင့် လူကမျက်ရည်ပါဝိုင်းသွားလေတော့၏......
နာလိုက်တာ သေမလိုပဲ....
"ဘာမှမဖြစ်ဘူးလာ ငါဆေးလိမ်းပေးမယ် ငါ့အိပ်ဆောင်လိုက်ခဲ့"
"ဘာဆေးလဲ"
"ပရုတ်ဆီ"
"ဟာ....မလိမ်းချင်ပါဘူး ပူတယ်"
"လာစမ်းပါ.....ငါ့ ပရုတ်ဆီကနှယ်နှယ်ရရဆေးမဟုတ်ဘူးနော် မင်းဆံဖျားကနေခြေဖျားအထိဖြစ်သမျှဒဏ်ရာအကုန်ပျောက်တဲ့ all in one ပရုတ်ဆီ"
"ကြံကြီးစည်ရာ"
Fourth ခေါင်းတဖွဖွရမ်းရင်းကပဲ လက်တစ်ဖက်ကို အတင်းဆွဲပြီးခေါ်သွားတဲ့ ဂျစ်တူးကောင်နောက် ယက်ကန်ယက်ကန်နဲ့ပါသွားရလေတော့သည်....
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်လေးတစ်စုံထဲမှာ အပြန်အလှန်ယုံကြည်မှုဟာ စတင်သန္ဓေတည်လေသည်......
*********
surprise🤭
ဝေဖန်ပေးခဲ့အုံးလို့