ပန်း မြူ ရိပ်

By yeiksaryar

37.9K 2.5K 66

"မင်း မျက်နှာ မတွေ့ချင်တော့ဘူး မြူတေးမောင်မောင်။ ငါစောင့်ရှောက်ခဲ့တာ ငါနဲ့ စ တွေ့တွေ့ချင်း ဒီလိုတွေ တစ်ခွန်းမ... More

အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)

အခန်း (၁၀)

1.6K 118 3
By yeiksaryar

- ပန်းမြူရိပ် - အခန်း (၁၀)

တက္ကသိုလ်ဝင်းထဲမှာ ဘွဲ့ယူမောင်မယ်များနဲ့ စည်ကားနေကြတယ်။တော်တော်များများက ဘွဲ့နှင်းသဘင်ခန်းမထဲ ဝင်မထိုင်ခင် ဓာတ်ပုံရိုက်နေကြတယ်။ သူငယ်ချင်း အစုလိုက် အမှတ်တရ ဓာတ်ပုံရိုက်နေကြတာရှိသလို တချို့ကလည်း မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ဂုဏ်ယူရတဲ့နေ့ကို ကြည်ကြည်နူးနူး မှတ်တမ်းတင်နေကြတယ်။

မြူတေးမောင်မောင်တစ်ယောက် တက္ကသိုလ်ဝင်းထဲကို ညီရိုးရာနဲ့အတူလာခဲ့တယ်။ တုနှိုင်းက သူ့ကားနဲ့သူ အခုမှ လာနေဆဲပဲ။ ဘွဲ့ယူမယ့် တေးမောင်ကို ကားမမောင်းစေပဲ ညီရိုးရာကားနဲ့ သွားကြိုခိုင်းခဲ့လို့ မြူတေးမောင်မောင်နဲ့ ညီရိုးရာ က ကြိုရောက်နေခဲ့တာပါ။

မြူတေးမောင်မောင် အနေနဲ့ တက္ကသိုလ်တက်စဥ် တစ်လျှောက်လုံးမှာ ရင်ဘတ်နဲ့ပေါင်းသင်းရမယ့် ခင်မင်သူမျိုး မရှိခဲ့။ Practical ချိန်တွေမှာ Table တစ်ခုတည်းကျတဲ့ ကျောင်းသား/သူတစ်စုနဲ့ စာသင်ခုံတစ်ခုတည်းမှာ ထိုင်တဲ့ ကျောင်းသူတွေနဲ့တော့ အနည်းငယ် ရင်းနှီးတယ်ဆိုရမယ်။ ကျန်တဲ့ အတန်းထဲက ကျောင်းသား ကျောင်းသူတွေနဲ့တော့ မျက်မှန်တန်းမိရုံ၊
မေဂျာတူဆိုတာမျိုး သိရုံ သိနေတာလောက်ပါပဲ။

ညီရိုးရာက သူ့ကင်မရာ ယူလာပြီး သူကိုယ်တိုင် မြူတေးကို ဓာတ်ပုံလျှောက်ရိုက်ပေးတယ်။အဲ့ဒီလိုနဲ့ စာသင်ခုံ တစ်ခုံတည်းထိုင်ခဲ့တဲ့ ကျောင်းသူ သုံးလေးယောက်နဲ့ group ပုံ နှစ်ပုံလောက်ရိုက်ဖြစ်သွားတယ်။ ပြီးတော့ မြူတေး တစ်ယောက်တည်းပုံတွေ ထပ်ရိုက်ပေးနေတုန်း တုနှိုင်းဆီက ဖုန်းဝင်လာလို့ တက္ကသိုလ်ဝင်းထဲက မြူတေးတို့ရှိနေတဲ့ နေရာကို ညွှန်ပေးရသေးတယ်။ မကြာခင်မှာ မြူတေးတို့သုံးယောက် ဆုံသွားကြတယ်။

"ငါ အရမ်းနောက်ကျသွားလား။ တေးမောင်ရယ်။ လှလိုက်တာ ငါ့သူငယ်ချင်းက"

"အမယ် ၊ မြောက်မနေနဲ့ ။ ဒီဘွဲ့ဝတ်စုံကြီးဝတ်ထားရတာ ငါဖြင့် စိတ်အိုက်နေပြီ။ အချိန်မြန်မြန်ကုန်၊ မြန်မြန် ဘွဲ့ယူပြီးရင် အေးတာပဲ"

"ဒီလိုနေ့လေးတစ်နေ့ကိုတော့ စိတ်ရှည်စမ်းပါ"

"ကဲ နင်တို့ မိန်းကလေးနှစ်ယောက်ကို ငါ ဓာတ်ပုံရိုက်တော့မလို့ ။ တုနှိုင်း၊ တေးမောင်ဘေးနား နည်းနည်းကပ်ဦး။ သေချာလေး ပို့စ်ပေးတော့"

ညီရိုးရာက မြူတေးမောင်မောင်နဲ့ တုနှိုင်းတို့နှစ်ယောက်ကို သူ့စိတ်ကြိုက် ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ပေးနေပြန်တယ်။ ပြီးမှ အမှတ်တရအဖြစ် ညီရိုးရာရော သုံးယောက်ပုံ ရအောင် ဦးလေးကြီး တစ်ယောက်ကို အကူအညီတောင်းပြီး ရိုက်ခိုင်းလိုက်တယ်။နောက်ဆုံးမှသုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ရိုက်ထားတဲ့ပုံတွေကို ကင်မရာထဲမှာ ပြန်ကြည့်ဖြစ်ကြတယ်။

"ခန်းမထဲဝင်ရမယ့်အချိန် နီးလာပြီနော် တေးမောင်။ နင် ဘွဲ့ယူနေတဲ့အချိန် ငါတို့ ကျောင်း ကန်င်တင်း ကပဲ ထိုင်စောင့်မယ်"

"အေး၊ မေမေတို့ကိုတော့ ငါ ဒီနေရာကို ချိန်းထားတာပဲ"

မြူတေးမောင်မောင်နဲ့အတူ တုနှိုင်းတို့လည်း တဖြည်းဖြည်း များပြားလာတဲ့ လူတွေကြားထဲကို ဝေ့ဝဲကြည့်လိုက်တယ်။

"ဟိုမှာ ငါ့ အမေနဲ့အဖေ လာပြီ"

မြူတေးမောင်မောင်အနားကို ရောက်လာတဲ့ ဒေါ်တေးမြိုင်နဲ့ ဦးကျော်ညိုလင်းတို့ကို ညီရိုးရာနဲ့တုနှိုင်း ပြုံးပြပြီးနှုတ်ဆက်ကြတယ်။

"ရောက်နေတာ ကြာပြီလား ကလေးတို့"

"သိပ်မကြာသေးပါဘူး အန်တီ။ဒီမှာ မြူတေးက ဘွဲ့နှင်းသဘင်ခန်းမထဲ သွားချင်နေပြီ။ မြန်မြန်စပြီး မြန်မြန်ပြီးအောင်တဲ့"

"မေ့ သမီးလေးက ဒီလိုဘွဲ့ဝတ်စုံနဲ့ ကြည့်ကောင်းလိုက်တာကွယ်"

ဒေါ်တေးမြိုင်က မြူတေးမောင်မောင်ကို ကြည့်မဝတဲ့ပုံစံနဲ့ ပြောရှာတယ်။ မြူတေးမောင်မောင်ကလည်း ဒေါ်တေးမြိုင်ကို ခွန်းတုံ့မပြန်ပဲ သေသေချာချာ ကြည့်နေတယ်။

"ကိုယ့်အမေကို အဲ့လောက်တောင် ငေးနေရလား။ ဘယ့်နှယ်"

"ငေးနေရတာပေါ့။ မေမေ့မျက်နှာပေါ် မိတ်ကပ်တင်တာ တစ်ခါမှ မတွေ့ခဲ့ဖူးတာ။ ဘယ်လောက် ခန့်ညားလိုက်လဲ ကြည့်။ ချောလိုက်တာနော် မေမေက။ ဒါနဲ့ ဟိုတစ်ခါ စာအုပ်ဆိုင်မှာတွေ့တုန်းကထက် မေမေ ပိန်သွားသလိုပဲ။ နေကောင်းရဲ့လား"

ဒေါတေးမြိုင် ခပ်ယဲ့ယဲ့လေး ပြုံးတယ်။

"ကောင်းပါတယ် သမီးရယ်"

တကယ်လည်း ဒေါ်တေးမြိုင်တစ်ယောက် ပိန်သွားတယ်။ နောက်ပြီး ဒီနေ့မှာ မြူတေးမောင်မောင်အတွက် ဒေါ်တေးမြိုင် အရမ်းကြည့်ကောင်းနေတယ်။ မြင်နေကျ ပုံစံမဟုတ်တဲ့ အကောင်းစား ပိုးထည် ဝတ်စုံနဲ့ ပုဝါလေးခြုံပြီး လှပအောင် ဝတ်ဆင်ထားပုံက မြင်ရတာ တင့်တယ်လှတယ်။ ချောမောတဲ့ ရုပ်ရည်အခံလည်းရှိတော့ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာတချို့နဲ့ ပိုပြီး ပနံသင့်နေတယ်။ အသက်နည်းနည်းရနေတဲ့ အရွယ်မို့ ငယ်ရွယ်နုပျိုတဲ့အသွင်ကိုတော့ မဆောင်နေတော့ပါဘူး။

"ကဲ မိသားစုဓာတ်ပုံရိုက်ဦးလေ။ ခဏနေ ခန်းမထဲဝင်ရတော့မယ်ထင်တယ်"

ဓာတ်ပုံ သုံးလေးပုံလောက်အရိုက်ခံပြီးချိန်မှာ မြူတေးမောင်မောင်ရဲ့ဟမ်းဖုန်းလေး ထမြည်လာတယ်။ နံပါတ်စိမ်းမို့ မြူတေးမောင်မောင် အနည်းငယ်အံ့သြသွားမိတယ်။

"ဟဲလို"

"မင်း ဘယ်နားမှာလဲ။ တို့ တက္ကသိုလ်ဝင်းထဲရောက်နေပြီ"

"ဟင်"

ဘာမှပြန်မဖြေနိုင်အောင် မြူတေး ခဏ တိတ်နေမိတယ်။

"ဟဲလို ကြားလား"

"ဟုတ်၊ဟုတ်ကဲ့ အန်တီ။ မောင်က မိန်းဆောင်နားမှာ"

မြူတေး အတွက် အန်တီ့အသံကြားလိုက်ရတာဟာ ဘွဲ့ယူရတာထက် စိတ်လှုပ်ရှားစရာ ပိုကောင်းနေတယ်။မြူတေးမောင်မောင် ​ဖုန်းသာ ပြန်ဖြေလိုက်ရတယ်။ ကိုယ့်အသံကိုတောင် ပြန်မကြားမိသလိုပါပဲ။ ကြီးမားတဲ့ အရှိန်အဟုန်တစ်ခုက လူကို ဆွဲနစ်ထားလိုက်သလိုမျိုး လွင့်လွင့်မျောမျောလေး ဖြစ်နေတယ်။ အန်တီက "တို့ တက္ကသိုလ်ဝင်းထဲရောက်နေပြီ"တဲ့။ ဒါဆို ဘွဲ့ယူတဲ့နေ့ကို သူ လာတယ်ပေါ့။ နောက်ပြီး သူ့ကိုယ်သူ ငါလို့မသုံးပဲ တို့လို့ ပထမဆုံးအကြိမ် သုံးနှုန်းလိုက်တယ်။ မောင့် တစ်ကိုယ်လုံး ညွှတ်ပြောင်း သာယာသွားတာပါပဲ အန်တီရယ်။

အဲ့ဒီအချိန်မှာပဲ မနီးမဝေးက အရိပ်ကလေးတစ်ခုဟာ မြူတေးမောင်မောင်တို့ ဘေးနားကို ရောက်လာတယ်။မကြည့်လိုက်မိခင်ကတည်းက မြူတေးမောင်မောင်ရဲ့ ရင်တွေ တဒိတ်ဒိတ်ခုန်နေတယ်။ ကြည့်လိုက်မိပြီးတဲ့ အချိန်မှာ ခုန်နေတဲ့ နှလုံးအိမ်တစ်ခုလုံး ရပ်တန့်သွားသလိုကို တိတ်ကျသွားတယ်။ အာရုံခံစားမှုမှာ ဘေးပတ်ဝန်းကျင်က လူသံ သူသံ အကုန်လုံးကို ဘာမှမကြားရတော့သလိုပဲ။ အရာအားလုံးဟာ စက္ကူဖိတဲ့ဖန်တုံးလေးထဲက အရည်တွေလို နှေးကွေး ညင်သာစွာပဲ လည်ပတ်နေတော့တယ်။

"တေးမောင်"

ညီက မတိုးမကျယ်လေး ကပ်ခေါ်တယ်။ မြူတေးမောင်မောင် ပြန်မထူးမိ။ သူ့အာရုံတွေက စက်ကွင်းတစ်ခုထဲမှာ ကပ်ငြိနေတယ်။ကြည့်ပါဦး။ အုတ်မှုန့်ရောင် တန်ဖိုးကြီး ချိတ်၊ ဗမာရင်ဖုံး လက်ရှည်နဲ့ ကြွေရုပ်လေးလို လှရက်နေလိုက်တာ။ ဒါ အသက် ၃၇ နှစ်အရွယ် မိန်းမတစ်ယောက်ရဲ့ အလှတရားတဲ့လား။ ယုံနိုင်ဖွယ် မရှိပါပဲ ဒေါ်ပန်းရိပ်မောင်မောင်ရယ်။တကယ်တော့ မြူတေးမောင်မောင်အနေနဲ့ ငေးမော မှင်သက်နေရုံနဲ့ မပြီးပါဘူး။ ဒေါ်ပန်းရိပ်မောင်မောင်ဟာ မြူတေးမောင်မောင်ဆီ လာတာပါ။ ကျန်တဲ့သူတွေနဲ့ အဆက်အစပ်မဲ့တယ် မဟုတ်လား​။

ဒါပေမယ့် ဒေါ်ပန်းရိပ်မောင်မောင်ကို တမေ့တမောလေး ငေးကြည့်နေတဲ့ တခြား မျက်ဝန်းတစ်စုံကို မြူတေး ဖမ်းမိလိုက်တယ်။ မေမေရယ်လေ။ အန်တီ့ကို ကြည့်နေတာ အသက်မှ ရှူရဲ့လား မသိတော့။ မမြင်ဖူးတဲ့လူတစ်ယောက်ကို ကြည့်နေသလားတောင် ထင်မှတ်ရပါတယ်။ နောက်ပြီး မြူတေးငယ်ငယ်က မြင်ဖူးခဲ့တဲ့ ဆွေးလျလျ မျက်ဝန်းနဲ့ တစ်ထပ်တည်း ပြန်ကျနေတယ်။ အန်တီကတော့ မြူတေးကလွှဲပြီး ဘယ်သူ့ကိုမှ တစ်ချက်ကလေးတောင်မကြည့်။ ပတ်ဝန်းကျင်ကိုလည်း အာရုံထဲထည့်ထားပုံမရ။

ခုနက မေမေ့ကို ချောလိုက်တာလို့ ပြောခဲ့မိတာဟာ တခြားမိန်းမတစ်ယောက်နဲ့ယှဥ်ရင် ဘာမှမဟုတ်ဘူးလို့ သိလိုက်ရတယ်။ အဲ့ဒီတခြားမိန်းမဆိုတာကတော့ မေမေကိုယ်တိုင်ပြောခဲ့ဖူးတဲ့ ရင့်ကျက်တဲ့အလှပိုင်ရှင်ပေါ့။ ရင့်ကျက်ရုံနဲ့လားဆို မဟုတ်သေးပဲ ရှိရင်းစွဲအသက် အရွယ်ထက် အလွန် နုပျိုနေတာရောပါပဲ။အန်တီနဲ့မေမေ့ကို ယှဥ်ကြည့်လိုက်မှ အမျိုးသမီးနှစ်ယောက်ရဲ့ ကွာဟနေတဲ့အပိုင်းတွေကို ပိုသိသာရတယ်။ မေမေက အသက်အရွယ်နဲ့လိုက်အောင် လူကြီးဆန်ဆန် ကြည့်ကောင်းနေပြီး အန်တီရဲ့အလှက နုပျိုပြီး ကျော့ရှင်း တောက်ပနေတယ်။

"မြူတေးမောင်မောင်"

"ဟုတ်၊ အန်တီ ။ လာ ခန်းမထဲ သွားကြမယ်လေ"

မြူတေးက ဘော်ဒါနှစ်ယောက်နဲ့ မိဘ နှစ်ပါးကို အာရုံမရတော့ပဲ ဒေါ်ပန်းရိပ်မောင်မောင်နဲ့ အတူသွားဖို့ လုပ်တယ်။ ဒီအချိန်မှာမှ တစ်ချိန်လုံး ငေးမော စောင့်ကြည့်နေတဲ့ ဒေါ်တေးမြိုင်ရဲ့ နှုတ်က နာမ်စားတစ်ခုကို ဖွင့်ဟ ခေါ်ဆိုလိုက်တယ်။

"မောင်"

ခေါ်သံကြောင့် ဒေါ်ပန်းရိပ်မောင်မောင် ဆတ်ခနဲ ဖြစ်သွားတယ်။ တစ်ဆက်တည်း ခေါ်သံလာရာဆီကို ဝင့်ခနဲ ရောက်လာတဲ့ မျက်ဝန်းနဲ့ အကြည့်စူးစူး။ နောက်ပြီး တင်းမာသွားတဲ့ မျက်နှာထားနဲ့ မြူတေးမောင်မောင်ကို ကြည့်လာတယ်။

"မင်း"

"မဟုတ်ဘူး။ အန်တီ လာမယ်မထင်လို့ မေမေတို့ကို"

"တော်ပြီ"

ဒေါ်ပန်းရိပ်မောင်မောင်က အေးဆေးတည်ငြိမ်စွာပဲ ပြန်လှည့်ထွက်သွားဖို့လုပ်တယ်။ မြူတေးမောင်မောင်က ဒေါ်ပန်းရိပ်ရဲ့ ​လက်လေးတစ်ဖက်ကို လှမ်းကိုင်ထားလိုက်တယ်။ အို နူးညံ့လိုက်တဲ့ လက်ဖဝါးလေး။ အဲ့ဒီ လက်ကလေးတစ်ဖက်ကို မြူတေးမောင်မောင် သူ့လက်ဖဝါးထဲနစ်နေအောင် ဆုပ်ထားတယ်။

အဲ့ဒီတော့မှ မြူတေးမောင်မောင်ကို ဒေါသလွှမ်းတဲ့မျက်လုံးနဲ့ ဒေါ်ပန်းရိပ်မောင်မောင် ကြည့်ပြီး လက်ကို ရုန်းတယ်။ သူ့အသားကိုထိတာမကြိုက်တတ်တဲ့ ဒေါ်ပန်းရိပ်အနေနဲ့ လူအများရှေ့မှာ လက်ကိုပါ အဆွဲခံထားရတော့ ပိုပြီး စိတ်ဆိုးနေတော့မှာပဲ။

"လွှတ်"

"ခန်းမထဲကို အန်တီနဲ့ မေမေ လိုက်ခဲ့ပါ။ ဖေဖေ ကျန်ခဲ့ပါစေ။ နော် အန်တီ"

"နေပါ။ ဒီလူတွေနဲ့ ငါ တစ်တန်းတည်း ရှိနေစရာလား"

ဒေါ်ပန်းရိပ်မောင်မောင် သူ့လက်ကို ဆောင့်ရုန်းလိုက်ပြီး မော်ကြွားတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာသွားတယ်။

"မောင် မသွားပါနဲ့ ။ ကိုယ်ပဲ သွားလိုက်မယ်"

ဒေါ်တေးမြိုင် အသံ ကြားတာနဲ့ ဒေါ်ပန်းရိပ်မောင်မောင်ရဲ့ ထွက်ခွာခါစ ကျောပြင်လေး တုံ့ခနဲ ရပ်သွားတယ်။

"ဖြစ်နိုင်ရင် ဘယ်နေရာမှာမှ နင့်မျက်နှာကို ငါ မဆုံပါရစေနဲ့ မြိုင်"

လှည့်တောင်ကြည့်ပဲ ပြောပြီး ဆက် ထွက်ခွာသွားတဲ့ ကျောပြင်လေးကို အတွေးကိုယ်စီ၊ ခံစားမှုကိုယ်စီ ပါတဲ့မျက်ဝန်းတွေက တွေတွေလေး ကြည့်လို့ ကျန်ရစ်ခဲ့ရတယ်။ ဒေါ်တေးမြိုင်ရဲ့ ရင်တွင်းမှာတော့ တစ်ကိုယ်တည်းစကားတွေ ပဲ့တင်ထပ်လို့။

ဆုံခဲ့တဲ့အကြိမ်တိုင်းမှာတော့ တွေ့ခွင့် မရခဲ့ပါဘူး မောင်။ ဆုံလည်းဆုံနေရက်နဲ့ အသိအမှတ်ပြုခံရ၊တွေ့ခွင့်ကြုံရလေအောင်တော့ ကိုယ်လုပ်မှာပါ ကွယ်။

*********

Yeik Hsar Yar

ဖတ်ပြီးရင် vote ပေးပါဦးနော်🖤

ဒီ GL Fic အသစ်လေးကို မန်ဘာကြေးဖြင့် fb paid group မှာဖတ်လို့ ရပါတယ်။

တစ်ပတ်မှာ နှစ်ပိုင်း ဖတ်ရမှာပါ။ group ထဲမှာ အပိုင်း 25ထိရပါပြီ။

မန်ဘာဝင်ချင်သူများ cb ကနေ hi ​ပြီး fic ခေါင်းစဥ်နဲ့တကွ မန်ဘာဝင်ချင်လို့ပါလို့ တစ်ခါတည်း ပြောပေးပါ။

Continue Reading

You'll Also Like

787K 34.4K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
2.9M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
798K 8K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
528K 17.4K 124
Read and find out...