SILENCE

Florist520 รกltal

2.2K 315 204

Your Silence Is Killing Me Tรถbb

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (13) - zawgyi
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ (16) - zawgyi

12 1 0
Florist520 รกltal

(၁၆)

အဖြူရောင်ဖိတ်စာတစ်ရွက်
Kim Daeyoung နဲ့ Shin Yeo Wong(ယောလေး)
အလယ်မှာတော့ အသည်းပုံလေးနဲ့..

ဖူကူအီမှာ အဲ့နေ့က တနင်္လာနေ့။Daeyoungနဲ့ Rikuတို့နှစ်ယောက် အိုဆာကာကနေ ဖူကူအီကို ပထမဆုံးပြန်လာခဲ့တုန်းက။ရက်ကွက်ထဲက အဒေါ်ကြီးတွေစကားကို လျစ်လျူရှုပြီး မီးရောင်အောက်မှာ ချစ်ခဲ့တုန်း အချိန်ကပေါ့။

"သား Daeyoung ရေ ထပါအုံး"

မနက်အစောကြီးပဲရှိအုံးမယ် Daeyoung တံခါးကို အမေဖြစ်သူက ခေါက်ပြီး နှိုးတယ်။

"မင်းအဖေက မနေ့ညက အမှုမပြီးသေးလို့ဆိုပြီး ပြန်မလာရဘူး အဲ့ဒါအခု ယူနီဖောင်းနဲ့ မနက်စာလေး သွားပေးပေးအုံး အိမ်ရှေ့က စက်ဘီးစီးရင်စီးသွား တစ်ယောက်ထဲ မသွားချင်ရင် Rikuကို ခေါ်သွားလေ"

အရာရှိကြီးက အခုရက်ပိုင်းအရမ်းအလုပ်ရှုပ်တယ်။ဖူကူအီမှာ လူသေမှုဖြစ်တယ်။အဲ့ဒါကို တာဝန်ယူဖြေရှင်းနေရတာနဲ့ပဲ Daeyoung နဲ့တောင် မျက်နှာချင်းဆိုင် မတွေ့ရသေးဘူး။

"Rikuကိုတော့ မနှိုးတော့ပါဘူး ကျွန်တော်တစ်ယောက်ထဲ သွားလိုက်ပါမယ်"

"အေး အေး မျက်နှာသစ်ပြီး ထွက်ခဲ့နော် အမေမီးဖိုချောင်မှာ ရှိမယ်"

"ဟုတ်"

Daeyoung လဲ မျက်နှာသစ်ပြီး အပြင်ထွက်ဖို့ အင်္ကျီလဲလိုက်တယ်။Rikuကတော့ ကုတင်ပေါ်မှာ အိပ်မောကျနေတုန်း။

မော်တော်ဆိုင်ကယ်တွေပေါ်နေပေမယ့် Daeyoung ကတော့ စက်ဘီးကိုပဲ စီးနေတုန်း။စက်ပစ္စည်းတွေထက် ကိုယ့်ခြေထောက်ကိုပဲ အားကိုးရတာက ပိုပြီး အန္တရာယ်ကင်းတယ်ထင်တာကြောင့်။

မနက်၈နာရီ။

အိပ်မှုန်စုပ်ဖွားနဲ့ Rikuတစ်ယောက် နိုးလာတယ်။Daeyoungအမေကတော့ ဧည့်ခန်းထဲက ကြိမ်ထိုင်ခုံပေါ်မှာ ချည်ထိုးနေတယ်။

"အော် သား နိုးလာပြီလား"

"ဟုတ် အမေ Daeyoung ရော"

"မင်းသူငယ်ချင်းကို သူ့အဖေစခန်းဆီ လွှတ်လိုက်တယ် ယူနီဖောင်းနဲ့ မနက်စာ သွားပေးခိုင်းလိုက်တာလေ"

Daeyoung အမေက ချည်ထိုးတာကို ရပ်ပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေစစ်ရင်း ပြောတယ်။

"သား အမေဈေးခနသွားချင်တယ် အိမ်စောင့်‌ပေးမယ်မို့လား"

"အာ ရတာပေါ့ ကျွန်တော်မျိုး သေချာစောင့်ရှောက်ထားလိုက်ပါမယ်ဗျ"

Rikuက ပြုံးပြုံးလေးနဲ့ ရွတ်နောက်နောက်လေး ဖြေတော့ Daeyoung အမေက Rikuခေါင်းလေးကိုပုတ်ပြီး ထွက်သွားတယ်။

Rikuက ထမင်းစားပွဲပေါ်က ပြင်ထားပြီးသား မနက်စာကို စားလိုက်တယ်။ပြီးတော့ စာအုပ်စင်ပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံဘောင်တွေကို လိုက်ကြည့်လိုက်တယ်။Kim Daeyoung ပိစိလေးတွေ။အမေဖြစ်သူနဲ့ ပြုံးရယ်နေတဲ့ ဓာတ်ပုံတွေ မိသားစုသုံးယောက်ပုံတွေ။တစ်ခါတစ်လေတော့ Kim မျိုးရိုးကို မနာလိုတယ်။အမေရော အဖေရော အဖွားရော အခု ပထွေးရှိတာတောင် ပထွေးရဲ့အချစ်ကိုရောပါရနေတာ ဘယ်လောက်တောင် ကံ‌ကောင်းလိုက်တဲ့လူသားလဲ။

Rikuကတော့ အမေရင်းရှိပါရက် အချစ်မရခဲ့ဘူး။တစ်ဦးတည်းသော ညီမလေးကလဲ အဝေးမှာ။တစ်ယောက်ထဲ အထီးကျန်ပြီးပဲ ကျန်ခဲ့တယ်။ဘယ်လောက်တောင် ဆိုးလိုက်တဲ့ဘဝလဲ။

မနက်၉နာရီလောက်ကျ ဈေးသွားတဲ့ Daeyoung အမေက ပြန်လာပြီ။Kim Daeyoung ကတော့ ပြန်မလာသေးဘူး။

"Daeyoung လေး ပြန်မလာသေးဘူးလား"

"ဟုတ်တယ် အမေ သူဘယ်တွေဝေ့နေလဲမသိဘူး"

Rikuက အမေ့လက်ထဲက ခြင်းတောင်းကို ကူသယ်ပေးပြီး နောက်ကျနေတဲ့ Daeyoung ကို အပြစ်ဆိုလိုက်တယ်။

"သား အမေ့ကို ဟင်းချက်ဖို့ ကူပေးမယ်မို့လား"

"ဒါပေါ့ ဒါပေါ့"

သားအမိမဟုတ်တဲ့ သားအမိနှစ်ယောက်က ဟင်းချက်ဖို့ပြင်ကြတယ်။

"အဲ့ဒီ ခါကျက်ဥကို အတုံးသေးသေးလေးတွေ တုံးပေးနော်
ကြက်သွန်နီကိုလဲ ပါးပါးလေးတွေလှီးပေး"

"ဟုတ်"

စင်နှီတုံးတွေထုတ်ပြီး အပီအပြင် ပြင်ဆင်နေတဲ့ Riku ကို ကြည့်ပြီး Daeyoung အမေက ရယ်တယ်။

"အမေ ဟိုဓာတ်ပုံတွေက ကိုရီးယားမှာ ရိုက်ထားတာလား"

"ဟုတ်တယ် ဘယ်လိုလဲ မင်းသူငယ်ချင်း ငယ်ငယ်က"

"အမေနဲ့လဲ မတူဘူး အမေဖြစ်သူက ဒီလောက်ချောနေတာကို သူကတော့ ပေတူးဖြစ်နေတာ"

Rikuစကားကိုကြားတော့ Daeyoung အမေက ရယ်ပြန်တယ်။ဒီကောင်လေး စကားတတ်လိုက်တာဆိုပြီးလဲ ပြောသေးတယ်။

"Daeyoung မှာ ကိုရီးယားက သူငယ်ချင်းတွေ ဘာတွေမရှိဘူးလား ပြောသံလဲ မကြားဖူးလို့"

သာလိကာ Rikuကတော့ သူ့ကောင်လေး Kim Daeyoung အကြောင်းကို အဆက်မပြတ်မေးတော့တာပဲ။

"မင်းသူငယ်ချင်းက တစ်ကောင်ကြွက်လေ ကိုရီးယားကျောင်းမှာတုန်းကလဲ သူငယ်ချင်းရှိတယ်မပြောဖူးဘူး Rikuလေးတစ်ယောက်ပဲ သူဒီလောက်ထိ ခင်တွယ်ဖူးတာ အိမ်နားမှာတော့ ယောလေးဆိုတဲ့ကောင်မလေးရှိတယ် သူက သားတို့ထက်၂နှစ်လောက်တော့ငယ်တယ် အဲ့ကလေးလေးနဲ့လဲ မဆော့ပါဘူး သူ့ဟာသူအိမ်မှာ ကြိတ်ကုပ်ပြီး နေတာပဲ "

Rikuကြားရတဲ့ Daeyoung အကြောင်းတွေက တကယ်ပျော်ဖို့ကောင်းတယ်။အထူးသဖြင့် အမေဆီက ကြားရတာမို့ ပိုဝမ်းသာမိတဲ့ခံစားချက်မျိုး။

"Daeyoung လေးက ငယ်ငယ်တုန်းက ခနခနမေးတာ
ကလေးတွေကို ရိုက်တာ ကောင်းလား ဆိုပြီး"

Daeyoung အမေက ဟင်းချက်ရင်းပဲ ဒီအတိုင်း အာလာပသလာပ ပုံစံနဲ့ပြောပေမယ့် အဲ့ဒါက Rikuအရှိုက်ကို ထိတယ်။ကြက်သွန်နီက စပ်လို့လားမသိ မျက်စိက ပူစပ်စပ်ဖြစ်လာရော။

"သူကြီးလာလို့ ကလေးရှိလာခဲ့ရင် ဘယ်တော့မှ မရိုက်ဖူးတဲ့
အင်းးး အမေလဲ သူ့မိန်းမနဲ့ကလေးက ဘယ်လိုလူမျိုးတြွေဖစ်လာမလဲ အရမ်းစိတ်ဝင်စားမိတယ်  အမေဆိုတဲ့စိတ်က တစ်ခါတစ်လေတော့လဲ လောဘကြီးမိသေးတာ ကိုယ့်မြေးအထိ ပြုစုစောင့်ရှောက်ပေးပြီး ဆုံးမချင်နေသေးတာ Rikuကရော ဘယ်လိုမိန်းကလေးမျိုးကို လိုချင်လဲ "

"အာ ကျွန်တော်က အဲ့လိုမျိုးမတွေးမိလို့"

ကြက်သွန်နီတွေက စပ်လိုက်တာ။

"ဟင် ဟုတ်လား ငါ့သားက မိန်းမမယူတော့ဘူးလား Hanaကြောင့် စိတ်နာသွားတာလား"

အရယ်လေးနှောပြီး မေးလိုက်တဲ့မေးခွန်းပေမယ့် လုံးဝမရယ်ရပါဘူး အမေရယ်။

"အမေကရော Daeyoung ကို ဘယ်လိုမိန်းကလေးနဲ့ အဆင်ပြေစေချင်လဲ"

Rikuမှာ ဒီမေးခွန်းအတွက် ကြောက်စိတ်တွေအပြည့်ပဲ။ကြက်သွန်နီလှီးတဲ့ဓားသံကလဲ တိုးတိုးလေးနဲ့ပျောက်ကွယ်သွားတယ်။

"ဒီအတိုင်း သိတတ်တဲ့မိန်းကလေးမျိုးဆို တော်ပါပြီ ကိုယ့်သားကို အကောင်းဆုံး အတော်ဆုံး မိန်းကလေးနဲ့လက်ထပ်စေချင်တာကတော့ မိဘတိုင်းရဲ့ဆန္ဒပဲလေ အမေကတော့ အများကြီး မမျှော်မှန်းပါဘူး အိမ်နားက ယောလေးကို Daeyoung အဖွားက မျက်စိကျနေတာ Daeyoung က မကြိုက်ဘူးပြောတာနဲ့ အမေလဲ ဘာမှဆက်မပြောတော့တာ မင်းသူငယ်ချင်းကို စကားအစ်ပြီး မေးကြည့်ပါအုံး ချစ်သူတွေဘာတွေရှိလားလို့"

Rikuစိတ်တွေဟာ ရောယှက်နေပြီ။အားနာစိတ်တွေရော ဝမ်းနည်းစိတ်တွေရော နှမြောတသဖြစ်မိတဲ့စိတ်တွေရော။

"အမေတို့တွေက ကိုယ့်မျိုးရိုးကို ထိန်းသိမ်းချင်တဲ့သူတွေချည်းပဲလေ
အခုဆို အမေက ဂျပန်အရာရှိနဲ့ယူလို့ အမေ့မျိုးရိုးအစား ခင်ပွန်းဖြစ်သူရဲ့မျိုးရိုးနဲ့နေရတာမို့လား Kim မျိုးရိုးဆိုလို့ အခုသားလေး Kim Daeyoung တစ်ယောက်ပဲကျန်တာမို့ Daeyoung တို့အဖွားက မျိုးရိုးပျောက်သွားမှာ အရမ်းစိုးရိမ်နေတာ"

အဲ့ဒီ Kim မျိုးရိုး။တကယ် Kim မျိုးရိုးက အမြင်ကတ်စရာ။

"အမေ ဒီမှာ ကြက်သွန်နီတွေလှီးပေးပြီးပြီ ကျွန်တော် အဝတ်လျော်စရာတွေရှိလို့ သွားလျော်လိုက်အုံးမယ်"

"အေး အေး သား "

Rikuက အားနာစိတ်နဲ့ပဲ မီးဖိုချောင်ကနေ ထွက်လာခဲ့တယ်။Daeyoungအမေက ပညာသားပါပါနဲ့ပဲ Rikuကို နှင်ထုတ်နေသလားအောက်မေ့ရတယ်။အခုလဲ ထွက်သွားတဲ့ Rikuကိုကြည့်ပြီး Daeyoung အမေက မသိမသာပြုံးလိမ့်မယ် သိသိသာသာပြုံးလိမ့်မယ်။

ရေချိုးခန်းထဲ အဝတ်တွေစိမ်ပြီး ငုတ်တုတ်ထိုင်နေတော့တာပဲ။Rikuက ဆိုးတယ် ဒါပေမယ့် ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေအပေါ်ဆိုးရလောက်အောင်ထိ အသိဉာဏ်မရှိတဲ့သူမဟုတ်ဘူး။ငယ်ငယ်ကသေလောက်အောင်ရိုက်ခံရလဲ ထမင်းကျွေးထားတယ်ဆိုတဲ့ ကျေးဇူးကြောင့်ပဲ ဒီဖအေကို သည်းခံလာခဲ့တာပဲ ကြည့်။အခု Daeyoung အမေကလဲ Rikuအတွက် တကယ့်အမေရင်းလို နွေးထွေးတဲ့သူပဲ။

အခုအခြေအနေက Daeyoung အမေရဲ့မျော်လင့်ချက်တွေကို Rikuက ရိုက်ချိုးမိလိုက်သလိုပဲ။တစ်ဆက်တည်းမှာပဲ နှမြောစိတ်တွေက ဝင်လာပြန်တယ်။အကယ်၍ Daeyoung ကို ဆုံးရှုံးရမယ်ဆိုတဲ့စိတ်ရော
သူသာမိန်းကလေးဖြစ်ခဲ့ရင်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးတွေရော။

နေ့လည်‌ရောက်ပြီ။Kim Daeyoung တစ်ယောက်က ပေါ်မလာဇာတ်လမ်းကို စီးရီးလိုက် ရိုက်နေတော့တာပဲ။Daeyoungအမေကတော့ ချည်ဆက်ထိုးနေတယ်။စက်ဘီးကလင်သံလေးနဲ့အတူ အိမ်ရှေ့မှာ စက်ဘီးရပ်တာနဲ့ Rikuက အလိုအလျောက် အိမ်ထဲကထွက်ပြီး ကြိုလိုက်တယ်။ကန္တာရထဲမှာ အိုအေစစ်ကို တွေ့လိုက်ရသလို ခံစားချက်မျိုး။

"မင်းက ကြာလိုက်တာ လက်ထဲကဘာတွေလဲ"

"အပြင်က ပူတယ် အိမ်ထဲဝင်ရအောင် ငါလမ်းမှာ စတော်ဘယ်ရီတွေတွေ့လို့ဝယ်လာတာ မင်းကြိုက်မယ်ထင်လို့ ပြီးတော့ စတော်ဘယ်ရီရောင်းတဲ့အန်တီက သဘောအရမ်းကောင်းတယ် စတော်ဘယ်ရီဖျော်ရည်လဲရတယ်ပြောတယ် မင်းက နို့ဆီတွေနဲ့ရောရင် မကြိုက်ဘူးလို့ပြောဖူးလို့"

Daeyoung က စတော်ဘယ်ရီထည့်ထားတဲ့ခြင်းကို လက်တစ်ဖက်နဲ့ကိုင်ပြီး နောက်လက်တစ်ဖက်က Rikuပုခုံးကိုဖက်လို့ အိမ်ထဲဝင်ရင်း စကားတွေတောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်။

"သား ပြန်လာပြီလား မင်းအဖေက ဘာမှာလိုက်သေးလဲ"

"အော် ညကျ ဝန်ကြီးနဲ့ညစာစားပွဲရှိလို့ အမေပြင်ဆင်ထားပြီး စောင့်နေပေးပါတယ့် ညနေကျကားလွှတ်လိုက်မယ်တဲ့"

"အော် အေး အေး သားရောမလိုက်ဘူးလား"

အိုဆာကာမှာတုန်းက Daeyoung ဘက်က Riku ပုခုံးကိုဖက်ထားရင် Rikuကလဲ Daeyoung ခါးကို လက်နှစ်ဖက်နဲ့တင်းတင်းကျပ်ကျပ် ဖက်ထားနေကျ။အခု Rikuက ကျောက်ရုပ်လိုငြိမ်ကျနေတယ်။အမေက Daeyoung တို့ဘက်လှည့်ပြီး စကားပြောတော့ Rikuက အသာလေး Daeyoung ရဲ့ဖက်ထားတဲ့လက်တွေကို ဖယ်လိုက်တယ်။

"ကျွန်တော် မလိုက်တော့ဘူး"

သူမသားက ဘယ်တော့မှ ခေါ်လို့မရမှန်းသိပေမယ့်လဲ အခုတစ်ခေါက်ခေါ်လို့များရမလားလို့ ကြိုးစားကြည့်သေးတယ်။အရင်လို မလိုက်ဘူး လို့ပဲဖြေတယ်။

"Riku နေ့လည်စာစားပြီးပြီလား"

အခန်းထဲ ငုတ်တုပ်ထိုင်နေတဲ့ Riku ဘေးနား ဝင်ထိုင်ပြီး မေးလိုက်တယ်။ခေါင်းပဲငြိမ့်ပြီး စကားမပြန်လာဘူး။

ငါတော့ မင်းအဲ့လိုတိတ်ဆိတ်နေရင် သိပ်ကြောက်တာပဲ။

"ငါနောက်ကျလို့ စိတ်ဆိုးနေတာလား"

"ငါက စိတ်ဆိုးရအောင် မင်းမိန်းမ မှမဟုတ်တာ"

Rikuအသံက စိတ်ဆိုးနေတဲ့အသံ စိတ်ရှုပ်နေတဲ့အသံဆိုတာ သေချာပါတယ်။
ကုတင်ပေါ်တက်ပြီး Rikuက အိပ်ဖို့ပြင်တယ်။Daeyoungလဲ ဘာမှဆက်မပြောတော့ဘဲ အခန်းတံခါးပွင့်နေတာမို့ ထပိတ်လိုက်တယ်။

"Kim Daeyoung ငါအိပ်နေတယ်ဆိုပြီး လျှောက်မသွားနဲ့ ငါ့အနားမှာ နေပေး"

အိပ်နေရင်းနဲ့တောင် Daeyoung ကို အမိန့်ပေးနိုင်တာ ဒီMaedaတစ်ယောက်ပဲ ရှိလိမ့်မယ်။

ညနေရောက်တော့ Daeyoung အမေက အဝတ်အစား အပြည့်နဲ့ ညစာစားပွဲကို ထွက်သွားတယ်။Daeyoungတို့နှစ်ယောက်အတွက် ညစာက ဟင်းအိုးထဲမှာရှိပြီး နွှေးစားဖို့မှာသွားသေးတယ်။ညနေရောက်တဲ့အထိ Maedaက အိပ်နေတုန်း။

"Riku Riku"

Daeyoung က Rikuလက်မောင်းကို လှုပ်နှိုးပေမယ့် ထမလာဘူး။မျက်ခွံတွေလှုပ်သွားတာ မြင်လိုက်တာမို့ စနောက်ချင်စိတ်က ထိန်းမရဘူးလေ။Rikuနားနားထိ ခေါင်းကို ငုံ့ချလို့ တိုးတိုးလေး ခေါ်လိုက်တယ်။

"အချစ်"

"ဟင်"

"မောင်တို့ ထမင်းစားရအောင်"

"အမေသွားပြီလား"

"အင်း"

Daeyoung အဖြေဆုံးတော့မှ Rikuက အိပ်နေရကနေထပြီး Daeyoung ရင်ခွင်ထဲဝင်လို့ ပွေ့ဖက်လိုက်တယ်။

"နေမကောင်းလို့လား တစ်နေကုန်ဘာလို့ ဒီလောက်တောင် မှိုင်နေရတာလဲ"

"လူကနေလို့ကောင်းပါတယ် ငါ့စိတ်တွေက လေးလံနေရော အဲ့တာကို မကြိုက်ဘူး"

"ထမင်းစားပြီးရင် ငါတို့စကားပြောကြမလား"

Daeyoung ကတော့ ရင်ခွင်ထဲပွေ့ဖက်ထားတဲ့‌သူ့အချစ်ရဲ့ ခေါင်းလုံးလုံးလေးကို လက်လေး‌နဲ့ဖွဖွလေးပုတ်ပေးအရင်း မိနစ်အနည်းငယ်လောက် အဲ့လိုပုံစံနဲ့ပဲ နေဖြစ်ခဲ့တယ်။

ထမင်းစားပြီးတော့ ခြံထဲမှာ အမှီထိုင်ခုံလေးနှစ်ခုပေါ်ထိုင်ပြီး စတော်ဘယ်ရီတွေစားဖို့ ပြင်ကြတယ်။

"အမေနဲ့မနက်က ဟင်းချက်ကြသေးတယ်ဆို အမေက ဘာတွေပြောသေးလဲ"

"ဘာမှမပြောပါဘူး"

Daeyoung က Rikuအတွက် စတော်ဘယ်ရီအညှာတွေနဲ့အရွက်တွေကို ဖယ်ပေးပြီး Rikuကို ခွံ့ကျွေးလိုက်တယ်။Rikuအကြောင်းကို သူသိသလို အမေဖြစ်သူအကြောင်းကိုလဲ ကောင်းကောင်းသိတယ်။အိမ်မှာ Rikuနဲ့အမေနဲ့ နှစ်ယောက်ပဲကျန်ခဲ့တာ အမေ့ကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့် Rikuက အခုလိုဖြစ်နေမှာတဲ့လဲ။

"အော် Daeyoung မင်းအရင်ကပြောဖူးတယ်လေ ယောလေးဆိုတာ"

"ဟာ ငါအရင်က ယောလေး အကြောင်းမပြောဖူးပါဘူး ယောလေးအဖိုးအကြောင်းပဲပြောဖူးတာ"

"ဘယ်လိုပဲနေနေ သူက ဘယ်လိုမိန်းကလေးမျိုးလဲ"

အဲ့မေးခွန်းကြောင့် Daeyoung က လုပ်လက်စအလုပ်တွေအကုန်ရပ်ပြီး Rikuကို တည့်တည့်စိုက်ကြည့်တယ်။Rikuမေးချင်တဲ့ အဓိကရည်ရွယ်ချက်ကို တွေ့အောင်ရှာကြည့်တယ်။

"မင်းကလဲ အဲ့လိုမကြည့်နဲ့လေ ငါက ဒီအတိုင်းမေးကြည့်တာ မဖြေချင်မဖြေနဲ့"

"မင်းစိတ်ချပါ ယောလေးက ငါ့ညီမလေးလိုပဲ သူကလဲငါ့ကိုစိတ်ဝင်စားတာ မဟုတ်ဘူး"

"အဲ့လိုသဘောမေးတာမဟုတ်ပါဘူး ငါက ဒီအတိုင်း"

Rikuစကားမဆုံးခင်မှာ Rikuပါးစပ်ထဲကို စတော်ဘယ်ရီတစ်လုံးနေရာယူသွားတယ်။

Daeyoung က ကြောင်တောင်တောင်ဖြစ်နေတဲ့ Riku ပါးစပ်ထဲက စတော်ဘယ်ရီကို တစ်ဝက်တိတိကိုက်ချလိုက်တယ်။ပြီးတော့ စတော်ဘယ်ရီနဲ့အပြိုင်နီရဲနေတဲ့ Rikuနှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်တယ်။

"ကတိတစ်ခုတောင်းလို့ရမလား"

Riku က ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်။

"နောက်ကျရင် အရင်ကလိုရော အခုလိုရော တိတ်တိတ်ဆိတ်ဆိတ်မနေပါနဲ့လား"

Rikuက နားမလည်တဲ့ပုံစံနဲ့ မျက်မှောင်ကျုံ့ပြီး ကြည့်တယ်။

"မင်းဘက်က ငါ့ကို ကြိုက်သလောက်အော်လို့ရတယ် ဆဲလို့ရတယ် ရိုက်လို့ရတယ် အဲ့ကျမှ ငါကမင်းမကျေနပ်နေတဲ့အပိုင်းကို ရှင်းပြပြောပြပေးပြီး ပြင်လို့ရမှာ မင်းသာတိတ်ဆိတ်နေရင် ငါ့မှာရှင်းပြဖို့အခွင့်မရှိတော့ဘူး"

Rikuက Daeyoung စကားကြောင့်ပြုံးမိပြန်တယ်။ပျော်လို့ ဝမ်းသာလို့ပြုံးတဲ့အပြုံးတော့ ဘယ်ဟုတ်မလဲ။နာကျင်လို့ ဖုံးကွယ်ဖို့ရာ ပြုံးလိုက်တဲ့အပြုံးတစ်ခုပဲလေ။

"မင်းတိတ်ဆိတ်နေတာက ငါ့ကိုသတ်နေသလိုပဲ"
(Your SILENCE is killing me)

ဒီတစ်ခါတော့ အနမ်းကိုစတဲ့သူက Rikuပါပဲ။Daeyoungလည်တိုင်ကို လက်နဲ့ဖက်တွယ်ပြီး နှုတ်ခမ်းသားတွေကို ထပ်တူကျစေခဲ့တာ။

ငါတို့နှစ်ယောက်ဘဝလဲ ထပ်တူကျနိုင်ရင် သိပ်ကောင်းမယ်။

ကောင်းကင်မှာ ကြယ်မရှိဘူး
အထီးကျန်လွန်းလို့ဆိုပြီး တိမ်တွေထဲ ပုန်းကွယ်သွားတာဖြစ်နိုင်တယ်။

စတော်ဘယ်ရီတွေကလဲ အထီးကျန်တယ်တဲ့။
အရှေ့ကကောင်လေးနှစ်ယောက်လို အနမ်းပေးစရာလူမရှိလို့ဆိုပြီး ငိုတယ်။

"မောင်အချစ်ကို ချစ်လိုက်ရတာ" ဆိုတဲ့စကားက အနာဂတ်မှာ တစ်ခြားတစ်ယောက်အတွက်များဖြစ်သွားလေမလား။

_SILENCE_

ညကျ မီးလာရင်တော့ နောက်တစ်ပိုင်းထပ်ပေးမယ်နော်။😉✌️

Olvasรกs folytatรกsa

You'll Also Like

89.7K 4.9K 53
แ€’แ€ซแ€€แ€แ€ฑแ€ฌแ€ท แ€แ€›แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ€ทแ€แ€แ€นแ€‘แ€ฏแ€œแ€ฑแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€บแ€แ€…แ€บแ€œแ€ฑแ€ฌแ€™แ€พแ€ฌ แ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€แ€…แ€บแ€แ€ฏแ€กแ€”แ€ฑแ€”แ€ฒแ€ท แ€‘แ€ฏแ€แ€บแ€œแ€ฝแ€„แ€บแ€ทแ€”แ€ฑแ€•แ€ซแ€•แ€ผแ€ฎแ‹ ... แ€’แ€ซแ€€แ€ฑแ€แ€ฌแ€ท แ€แ‚แ€ฐแ€แ€ฎแ€•แ€ญแ€ฏแ€„แ€นแ€ธแ€…แ€ฎแ€ธแ€›แ€ฎแ€ธแ€›แ€ฒแ‚•แ€แ€แณแ€ณแ€ฑแ€œแ€ธแ€•แ€ซแ‹ แ€กแ€แ€ฏแ€œแ€€แ€นแ€แ€…แ€นแ€ฑแ€œแ€ฌแ€™แ€ฝ...
3.1M 256K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...
435K 24.1K 17
๐’๐ก๐ข๐ฏ๐š๐ง๐ฒ๐š ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ๐ฑ ๐‘๐ฎ๐๐ซ๐š๐ค๐ฌ๐ก ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ~By ๐Š๐š๐ฃ๐ฎ๊จ„๏ธŽ...