𝖲𝗍𝖺𝗋-π–’π—‹π—ˆπ—Œπ—Œπ–Ύπ–½ π–«π—ˆοΏ½...

By --Alcohol--

11.6K 1.6K 191

β€’GyuJin = Vega and Altair β€’ More

β€’1β€’
β€’2β€’
β€’3β€’
β€’4β€’
β€’5β€’
β€’6β€’
β€’7β€’
β€’8β€’
β€’9β€’
β€’10β€’
β€’11β€’
β€’12β€’
β€’13β€’
β€’14β€’
β€’15β€’
β€’16β€’
β€’17β€’
β€’18β€’
β€’20β€’

β€’19β€’

290 52 4
By --Alcohol--



ဂယူဘင်းရဲ့ ရည်းစားစကားကို ယူဂျင်း က အမူပိုကာ အချိန်ဆွဲပြီး အဖြေပြန်ပေးတာမျိုးမဟုတ်ရပါ။ ချက်ချင်းအဖြေပြန်မပေးချင်တဲ့ လူညစ်စိတ်ကလေးကလဲရှိသေးတော့။

ဒီအတောအတွင်း ယူဂျင်းလဲ သူ့စိတ်သူ ပြန်သုံးသပ်မိတာပဲ...တကယ် မညာချင်..သူ အဲ့အစ်ကိုကြီးကို ချစ်မိနေတာ။

ရင်ခုန်တယ်..အတူတူရှိရင် ပျော်တယ်။

ခဏခဏ ရင်ခုန်ရအောင် လုပ်တယ်။

ဘေးနားရှိရင် လုံခြုံတယ်..အဲ့စိတ်က တစ်သက်လုံးဖြစ်ရင် ကောင်းမယ်လို့ တွေးမိတဲ့ အထိ။

ဘယ်အချိန်ကစလို့..ဘယ်လိုဖြစ်ပြီး ဘယ်လိုအကြောင်းပြချက်တွေနဲ့ အချစ်ရဲ့ခေါင်းစဉ်အောက်က ခံစားချက်တွေရသွားတာလဲဆိုတာ ယူဂျင်းမသိ။ သိဖို့လဲ မလိုအပ်။

ဒီအတိုင်း လူတစ်ယောက် က လူတစ်ယောက်ကို ချစ်နေတာပဲ ဥစ္စာ။ အနည်းဆုံးတော့ ယူဂျင်းက ချစ်တတ်သွားပြီလေ။

အကယ်၍များ..ယူဂျင်းက ဂယူဘင်းကို ချစ်ပါတယ်လို့ ပြောလိုက်လို့ တွဲဖြစ်ခဲ့သည်ရှိသော် ယူဂျင်းရဲ့ ရင်ထဲက အချစ်တွေက ထိုအစ်ကိုကြီးက မမြင်ရင်ရော...။ ယူဂျင်းက အဲ့လိုတွေမှ အချစ်ကို မထုတ်ပြတတ်တာ။

ဒါပေမဲ့ ယူဂျင်းကိုဆို အဲ့အစ်ကိုကြီးက ဘယ်တော့မှ မလျော့တဲ့အချစ်တွေကိုသာ ချစ်ပေးမယ်ဆိုတာ ယူဂျင်းက ခံစားမိသေး၏။

ဒီလိုအကြောင်းတွေကို ပြောပြတိုင်ပင်ဖို့က အဲ့လောက်ရင်းနှီးတဲ့သူက မရှိတော့ ခက်ချေပြီ။

အခုနောက်ပိုင်း ကိုကို က လဲ အင်တာတိန်းမန့်မှာ အလုပ်ရပြီးနောက် အိမ်မှာ ပြန်မအိပ်တဲ့ရက်တွေရှိလို့ ယူဂျင်းက ညဘက်ဆို တကယ် ပျင်းနေတာ။

ထိုအချိန်မှာပင် ဧည့်ခန်းထဲက မေမေက ယူဂျင်းကို အော်ပြောလာ၏။

"ယူဂျင်းရေ..သား ဂယူဘင်းရောက်နေတယ်"

ယူဂျင်းမှာ ကုတင်ပေါ်မှာ လှဲနေရာမှ အမြန်ထထိုင်မိပြီး ပွယောင်နေတဲ့ဆံပင်တွေကို လက်နဲ့ ပြန်ပြင်လိုက်ပြီး အပြင်မထွက်ခင် မှန်ထဲက မိမိမျက်နှာကို သေချာပြန်ကြည့်ပြီး အဆင်ပြေပြီဟု အတည်ပြုတော့မှ တံခါးကိုလှည့်၍ အပြင်ကို လူလုံးထွက်ပြတော့သည်။

ဂယူဘင်းက ညဘက်လဲ အကြောင်းမရှိ အကြောင်းရှာ ၍ ယူဂျင်းအိမ်ကို လာတတ်တာ ဘယ်လိုမှ အထူးအဆန်းမဟုတ်တော့ချေ။

ယူဂျင်းရဲ့ အမေကလဲ ဂယူဘင်းစားဖို့ ဂယူဘင်းကြိုက်တတ်တဲ့ အသီးအချို့ကို ခွဲပေးဖို့ဟုဆိုကာ မီးဖိုချောင်ထဲ ဝင်သွားတော့သည်။

"အခန်းထဲ စကားသွားပြောကြမလား..."

ယူဂျင်းရဲ့စကားကို ဂယူဘင်းက ပြူးကြည့်နေမိတော့၏။

ပြီးတော့မှ ခေါင်းအသာညိမ့်ပြကာ ရှေ့ကနေ ခေါ်သွားတဲ့ ယူဂျင်းအနောက်ကို ခပ်ကုတ်ကုတ်လေးလိုက်သွားတဲ့ ဂယူဘင်းက တကယ့်ကို ခွေးပေါက်လေးတစ်ကောင်လို။

ယူဂျင်းရဲ့အခန်းကို ဒါ ဒုတိယကြိမ်မြှောက်ရောက်ဖူးခြင်း။

အခန်းက သပ်သပ်ရပ်ရပ်ဖြင့် ပိုင်ရှင်လို ချစ်ဖို့ကောင်းတယ်။

တစ်ချက်တစ်ချက်မှာ ယူဂျင်းရဲ့ကိုယ်သင်းနံ့ကို ရတာကြောင့် ဂယူဘင်းရှက်ပြုံးတုံးတုံးလေး ဖြစ်သွားသည်။

"တကယ်တော့ ပေးစရာရှိလို့!"

အခန်းကို ခေါင်းလည်ကာငေးကြည့်နေတဲ့ ဂယူဘင်းက ယူဂျင်းကို ပြန်လှည့်ကြည့်လာတယ်။

ယူဂျင်းက သူ့ကို ပေးစရာရှိတယ်တဲ့.. မဟုတ်မှ...အဖြေများလား။

ဂယူဘင်း ရဲ့ လည်ဇလုတ် ဟာ အထက်အောက် လျှင်မြန်စွာ လှုပ်ရှာမိသွားတယ်။ လည်ချောင်း ကခြောက်ကပ်စပြုလာရပြီး လက်ဖျားတွေဟာ ချွေးစတွေကြောင့် အေးလာပြီဖြစ်ကြောင်းကိုလဲ သတိထားမိလာသည်။

ဗီဒိုအနားကို သွားကာ တံခါးဖွင့်၍ အင်္ကျီ တွေရဲ့ အနောက်ကို လက်ထည့်ကာ ပစ္စည်းတစ်ခုခုကို နှိုက်နေတဲ့ ယူဂျင်းကို ဂယူဘင်းက နားမလည်သလို ကြည့်နေမိတယ်။

ဘာပါလိမ်...အဖြေပေးဖို့မဟုတ်ပဲ...ပစ္စည်းတစ်ခုခု ပေးမလို့လား...။

ဂယူဘင်း နည်းနည်းလောက် အင်တင်တင်ဖြစ်သွားရပေမဲ့  ယူဂျင်း သူ့ကိုပေးမယ့်ဟာက ဘာလေးပါလိမ့် အချိန် တို အတွင်းမှာတင် အတွေးက စုံသွားရပြီ။

ယူဂျင်းက သူဖွက်ထားတဲ့ ပစ္စည်းကို အင်္ကျီ အနောက်မှာ စမ်းမိသွားတော့ 'ရှာတွေ့ပြီ' ဟု အသံ တိုးတိုးလေးကို ရေရွတ်ပြီး ဂယူဘင်းရှေ့ကို ခပ်သွက်သွက်ပြန်လျှောက်လာခဲ့သည်။

ဂယူဘင်းက မျက်လုံးလေးပြူးလျက် ယူဂျင်းကိုတစ်လှည့် လက်ထဲက လက်ဆောင်ဘူးလေးကို တစ်လှည့် ငုံ့ကြည့်ပြီး ခေါင်းထဲမေးခွန်းတွေ တန်းဆီလာရ၏။

ဒီလက်ဆောင်က ယူဂျင်းက ဘာလို့ သူ့ကိုပေးတာလဲ။

လက်ဆောင်က ဘာပါလိမ့်..

ဘာရည်ရွယ်ချက်နဲ့ပေးတာလဲ

ချစ်တယ် ဆိုတဲ့ အဖြေကို ပါးစပ်နဲ့ဖြေရမှာ ကြောက်လို့ လက်ဆောင်ပေးပြီး တစ်ဆင့်ဖော်ပြတာလား...။ အဲ့လိုမျိုးတွေလဲရှိသေးတာလား။

ယူဂျင်းက လက်ဆောင်ဘူးကို ဂယူဘင်းကို ကမ်းပေးလာတဲ့အခါ လက်ဆောင်ဘူးဟာ ဂယူဘင်းလက်ထဲကို ရောက်သွားခဲ့ပြီ။

"ဖွင့်ကြည့်လေ"

ယူဂျင်းက လက်ဆောင်ဘူးကို မေးငေါ့ပြလိုက်တော့ ဂယူဘင်းက လက်ဆောင်ဘူးကိုဖွင့်လိုက်တဲ့အခါ မထင်မှတ်ထားတဲ့ အပြာနုအရောင် နက်ကတိုင် ဖြစ်နေတော့ ပါးစပ်အဟောင်းသား အနေအထားဖြစ်သွားရကာ ယူဂျင်းကို မော့ကြည့်လိုက်၏။

"ဒါ..."

"ဟုတ်တယ် လက်ဆောင်လေ..ကြိုက်ရဲ့လား "

ယူဂျင်းက မေးဆတ်ပြသည်။

ဂယူဘင်းမှာ ပြောစရာ စကားမရှိတော့ချေ။
လည်ပင်းတစ်လျှောက် စို့နင့်လာတဲ့ ခံစားချက်တစ်မျိုးဟာ အဖြေရှာမရ။

ယူဂျင်းက ဆက်ပြော၏။

"ကြိုက်တယ်မလား..ကြိုက်တယ်ဟုတ်..အဲ့အရောင်လေး သေချာရွေးလာပေးရတာ"

ယူဂျင်းက ဂယူဘင်းကို သွားစိကာ နေရခက်လာဟန် လည်ပင်းအနောက်ကိုပွတ်သပ်ရင်း ဂယူဘင်းကို ပြန်မော့ကြည့်လာကာ  ပြုံးပြလာပြန်တယ်။

ချောင်းတစ်ချက် ဟန့်လိုက်ကာ လက်ဆောင်ဘူးအတွင်းမှ ပိုးသား အပြာနုရောင် အဆင်းရှိတဲ့ နက်ကတိုင်ကို ထုတ်ယူလိုက်ပြီး ယူဂျင်းကိုယ်တိုင် ဂယူဘင်းရဲ့ လည်တိုင်မှာ ဆင်ပေးဖို့ အနားကို ကပ်လာ၏။

ထိုအခိုက်အတန့်ပင်...ဂယူဘင်းရဲ့ လောကကြီးဟာ ရပ်တန့်သွားပြီလို့ထင်လိုက်ရတယ်..။

သို့ပေမဲ့..သူ့လည်ပင်းနားတစ်ဝိုက်တွင် နက်ကတိုင်ကို တစ်လှုပ်လှုပ်ဖြင့် တပ်ပေးနေတဲ့ ယူဂျင်းကြောင့် လောကကြီးက ရပ်တန့်နေတာမဟုတ်ပဲ ဂယူဘင်းရဲ့ လှုပ်ရှားမှုတွေက သာ ရပ်တန့်သွားတာ ဖြစ်နေတာ။

အနီးကပ်မြင်တွေ့နေရတဲ့ ယူဂျင်းရဲ့ ကော့စင်းနေတဲ့ မျက်တောင်တွေ။

နှာခေါင်းလုံးလုံးလေးတွေကိုညှစ်ပစ်လိုက်ချင်စရာ။

ပါးနှစ်ဖက်က မိုချီလုံးတွေလို အိလိုက်မယ့်ဖြစ်ခြင်း။

ယူဂျင်းက နက်ကတိုင်ဆင်ပေးခြင်းအမှုကို ပြီးတော့ မော့ကြည့်လာကာ မထင်မှတ်ထားပဲ ဂယူဘင်းရဲ့ အကြည့်တွေနဲ့ ဆုံတဲ့အခါ မဝံ့မရဲ ဖြစ်သွားရလို့ မျက်တောင် ပုတ်ခပ်ပုတ်ခပ်ဖြစ်သွားရသေး၏။

စကားအကြောင်းအရာ တစ်ခုကို အမြန်ပြောလိုက်ဖို့ ကြံရင်း

"အာ...နောက်တစ်ပတ် ကျောင်းသားညစာ စားပွဲရှိတယ်လေ..အတူတူသွားကြမယ် အဲ့နေ့ကျရင် ဒီနက်ကတိုင် ဝတ်လာခဲ့နော်"

ယူဂျင်းရဲ့ စကားအဆုံးမှာ ဂယူဘင်း နက်ကတိုင်ကို ကိုင်လိုက်ပြီး  ပြန်ငုံ့ကြည့်မိလိုက်သည်။

လှတယ်...အရမ်းလှတယ်...ဂယူဘင်း ဒီလက်ဆောင်လေးကို သဘောကျလွန်းလို့ ရူးတော့မယ်ထင်တယ်။

ဂယူဘင်း ဆဌမအာရုံရဲ့ အကူအညီဖြင့် ထင်တာ မမှားဘူးဆိုရင် ဤလက်ဆောင်တွင် ဟန်ယူဂျင်း သူ့အပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာ တရား အားလုံးကို မြင်တွေ့နေရသည်။

ဂယူဘင်း ဒီနက်ကတိုင်ကို အသုံးပြုဖို့တောင် နှမြောလို့ မသုံးရက်တော့ပေ။

"ဟင်..အဲ့နေ့ကျ ဒီနက်ကတိုင် တပ်လာခဲ့နော်"

ယူဂျင်းက သူ့ရဲ့ မူပိုင် အကျင့်တစ်ခုအနေနဲ့ သမင်မျက်လုံးလေးတွေနဲ့ မော့ကြည့်နေပြန်၏။ တစ်နည်းအားဖြင့် သူမေးလိုက်တဲ့မေးခွန်းရဲ့ အဖြေကို မျှော်လင့်တစ်ကြီး စောင့်နေတာ။

ဂယူဘင်းမှာ အရည်ပျော်ရုံသာ တတ်နိုင်တော့သည်။

ဒီကောင်လေးနှယ်..ဂယူဘင်းတောင်းထားတဲ့ အဖြေကို ကျ မသိချင်ယောင်ဆောင်ပြီးတော့ အခု ဒီနက်ကတိုင်ကို ကျောင်းသား ညစာစားပွဲမှာ တပ်လာမယ်မလား မေးခွန်းရဲ့ အဖြေကိုတော့ ဂယူဘင်းဆီက ချက်ချင်းသိချင်ရှာတာ။

"သေချာ..သေချာပေါက်ပဲပေါ့..ဒါပေမဲ့ တစ်ခါပဲနော် ပြီးရင် သိမ်းထားတော့မှာ"

ယူဂျင်းမှာ နှစ်ခြိုက်စွာ ပြုံးလိုက်မိတော့သည်။

"အိုပါး မင်းကိုချစ်လိုက်တာ ယူဂျင်းရာ...ချစ်လိုက်တာ"

ဂယူဘင်းသည် ဆန္ဒကို ရှေ့ထားပြီး ဘာမှ ထပ်မတွေးတော့ပဲ ယူဂျင်းကို ရင်ဘတ်ထဲ ဆွဲသွင်းကာ ဖက်လိုက်တယ်။ ထိုအခါ ယူဂျင်းရဲ့ ခန္တာကိုယ်ဟာ ဆွေ့ကနဲ ပါသွားရတော့တာမို့ ယူဂျင်းက မျက်လုံးလေးပြူးကာ လန့်သွားရမှာ ကျိန်းသေပေါက်။

သို့ပေမဲ့..ရုတ်တရက်မို့လန့်သွားရပေမဲ့ ဂယူဘင်းရဲ့ ထွေးပွေ့မှုကို ဖက်ထားခြင်းခံရတဲ့ ၊ကော့တက်လာသော ယူဂျင်းရဲ့ အပြုံးတွေသည် အသက်အဝင်ဆုံး ပန်းချီးကား တစ်ချပ် ဖြစ်နေမှာ ဧကန်။

သူ ဒီအစ်ကိုကြီးကို ကျောင်းသားညစာ စားပွဲ နေ့ကျရင် အဖြေ ပြန်ပေးလိုက်တော့ မည် ဖြစ်သည်။


•Star-Crossed Lovers •

ဂယူဘင်းရဲ့မိဘတွေသည် ဒီနေ့လဲ သူတို့ သား အခုထိ အိမ်ကို မပြန်လာသေးတဲ့အခါ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို သိပြီးသားဖြစ်သည်။

သူတို့ဟာ ဘယ်လောက်ပဲ မအားလပ်နေပါစေ သားနှစ်ယောက်ကိုတော့ ဂရုစိုက်ဖို့မမေ့ထားပါ။

သားနှစ်ယောက်လုံးဟာ လူရည်မွန်လေးတွေ...ပြီးတော့ အမှား အမှန်ကို ခွဲခြားနိုင်တဲ့သူတွေဆိုတာ ယုံကြည်တာမို့ ချုပ်ချယ်ထားတာမျိုး မလုပ်ခဲ့ကြပေ။

သားကြီး ကင်မ်ဂျီအွန်း က သူ့ရည်းစားဟာ ယောကျာ်းလေး တစ်ယောက်ဖြစ်ကြောင်း သူတ်ို့(မိဘ)တွေကို ဖွင့်ဟ လာတဲ့အခါမှာ အများကြီးလန့်ခဲ့ရပေမဲ့ မိဘနှင့် သားသမီးကြား စကားများ ကာ ကတောက်ကဆ ဖြစ်ခဲ့ရပြီး အတော်ကြာအချိန်ယူပြီးမှ လက်ခံပေးခဲ့ရသည်။

တဖက်ကောင်လေးကလဲ သူတို့ကုမ္ပဏီနဲ့ တစ်ခါက စာချုပ်ချုပ်ပြီး အလုပ်တွဲလုပ်ဖူးတဲ့ ကုမ္ပဏီ ပိုင်ရှင်ရဲ့သားမို့ ဘာမှ ထွေထွေထူးထူး ငြင်းပယ်စရာ မရှိခဲ့ရပါ။

သို့ပေမဲ့ သူမ၏ သားအငယ်ဆုံးအလှည့်ကျရင်တော့ ချစ်သူဟာ မိန်းကလေး ဖြစ်ရမည်ဟု အတွေးတော့ရှိခဲ့လေ၏။

သဘာဝကို ဆန့်ကျင့်ခြင်းသည် တော်ရုံသာ ကောင်းသည် ဟူတဲ့ အတွေးမျိုးရှိနေတာမို့..သူမ ထပ်ပြီး ဒီလိုမျိုး ထပ် လက်မခံနိုင်တော့ပေ။

ကိုယ့်ဝမ်းနဲ့ မွေးထားတဲ့ သား..ဘာဖြစ်နေသလဲဆိုတာ ခံစားမိဖို့တော့ကောင်းတယ်...၊ သူမတို့ရဲ့ သားနှစ်ယောက်လုံးက တစ်ဘဝလုံးအတွက် ပျော်ရွှင်ရဖို့ဆိုရင် အရာရာက်ို လက်ခံပေးလိုက်မှာပါ။

ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဖြစ်သွားတဲ့ ကိစ္စကြောင့် သားငယ်ရဲ့ အချစ်ရေးကိစ္စမှာ သူတို့လင်မယားနှစ်ယောက်လုံးပါဝင်ဖို့လိုအပ်နေပြီဟု  အတပ်သိလိုက်ရတော့သည်။

'ကျုပ်ရဲ့သား ဟန်ယူဂျင်းရဲ့ ရည်းစား က ခင်ဗျား သား ဆိုတာ ဟုတ်လား ..နာမည်က ကင်မ်ဂယူဘင်း! ဟုတ်စ '

ဂယူဘင်း၏အမေ သည် ခဏလောက်ကြောင်အသွားရတယ်။ သူမရှေ့က အသတ်ခပ်လတ်လတ် ယောကျာ်းတစ်ယောက်က ဝတ်ပုံ စားပုံကို ကြည့်ပြီး အဆင့်အတန်းအများကြီး ကွာခြားသည်ဟု တွေးမိလိုက်တယ်။

'တစ်စိတ်လောက်...ရှင်က ဘယ်သူမို့ ကျွန််မရဲ့သား အကြောင်းလာပြောနေရတာလဲ'

'ဟားဟား..သူဌေးကင်မ်တို့ရဲ့ သား က ငါ့သားအိမ်မှာ အမြဲ တမ်းသောင်တင်နေတဲ့ကောင်လေ..ဘယ်လိုနေနေ ကျုပ်တို့သားတွေက မရိုးကြဘူး ထားပါတော့..ခင်ဗျားတို့ကို ကြည့်ရတာ ပိုက်ဆံအလျှံအပယ်ကို ပိုင်ဆိုင်ထားတဲ့ပုံပါ..မထူးတော့ဘူး ကျုပ်ကို ပိုက်ဆံချေးစမ်းပါ..အရမ်းမများပါဘူး'

'ဘာပြောတယ်ရှင့်...'

'ရှေ့လျှောက်လဲ ခမက်ခမည်းဖြစ်လာတော့မယ့် ဆက်ဆံရေးပဲကို..ပိုက်ဆံနဲနဲလောက်ချေးလိုက်စမ်းပါ..အဟင်း.."

သူမ သည် ဟန်ယူဂျင်းရဲ့ ဖခင်ဆိုသူ၏ စကားကြောင့် နားထင် သွေးဆောင့်တက်လာကာ ဒေါသတွေထွက်လာရတယ်။

ထိုကိစ္စကို အိမ်ပြန်ရောက်တော့ သူမယောင်္ကျားကို ပြောပြတဲ့ အခါ ထပ်တူ ဒေါသထွက်ရပြန်သည်။

အဲ့ကောင်လေး..ဟန်ယူဂျင်း ဆိုတဲ့ကောင်လေး..သူမတို့ရဲ့ သား ဂယူဘင်းကို စာသင်ပေးတဲ့ ကလေးလေးကို ဂယူဘင်းက မေတ္တာ သက်ဝင်နေတာ။

စုံစမ်းရသလောက် ဟန်ယူဂျင်းရဲ့ ဖခင်သည် ထောင်ထွက် တစ်ယောက် အပြင် ထောင်ကထွက်လာလဲ ဒုစရိုက်မှုတွေကို ပြုနေဆဲ။

ဟန်ယူဂျင်းရဲ့ မိသားစု က တစ်ကွဲတစ်ပြား..ပိုင်ဆိုင်မှုဆိုလို့ မယ်မယ်ရရမရှိ ၊ အဲ့လို အိမ်က ကလေးတစ်ယောက်နဲ့ သူမ သားကို ဘယ်လိုစိတ်နဲ့ ခွင့်ပြုပေးရမှာလဲ။

အခုမှ ဆယ်ကျော်သက်အရွယ်လေးတွေ...ရှေ့လျှောက် မြဲမှာမဟုတ်ကြောင်းကိုလဲ သိသည်..၊ စိတ်ကစားတဲ့ အရွယ်မှာ တွဲတဲ့ အချစ်ရေးကို မသိချင်ယောင်ဆောင်ပေးလိုက်လို့လဲ ရသည်။

သို့ပေမဲ့ မဖြစ်နိုင်တော့ပါ..သူမရဲ့ သားဘက်ကလဲ ဟန်ယူဂျင်းကို တော်တော်ဖြစ်နေတာကြောင့် သူမ တစ်ခုခုစီစဉ်မှ ရတော့မည်။

ယောကျာ်းဖြစ်သူနဲ့ တိုင်ပင်ရသလောက်..ဂယူဘင်းကို ဟန်ယူဂျင်းနဲ့ တွဲဖို့ ခွင့်ပြုပေးမှာမဟုတ်ပါ။

သူမတို့အိမ်မှာ စာလာသင်ပေးတဲ့ ဟန်ယူဂျင်း ဆိုတဲ့ ကလေးသည် ချစ်စရာအတိ၊ စာလဲ တော်ပြီး အေးအေးဆေးဆေးနေတတ်သည့်ကလေး။

သို့ပေမဲ့ သွေးသားဆိုတဲ့ စကားအတိုင်း ဒီအဖေ ဒီသား မဖြစ်နိုင်ဘူးလို့ မပြောနိုင်တဲ့ အတွက်...

သူမ အတွေးတွေ များရင်း စိတ်ပူရပြန်သည်။

ဘာပဲဖြစ်နေပါစေ သူမကတော့ သားဖြစ်သူ ကို ကောင်းတာတွေပဲ ဖြစ်စေချင်တာပဲ သိ၏။

သေချာဆုံးဖြတ်ချက် ချပြီးနောက်တွင် ဟန်ယူဂျင်းရဲ့ ဖခင်ကို အရင်ဆုံး ဆက်သွယ်လိုက်ပါတော့ သည်။

'ရှင် တောင်းတဲ့ ငွေပမာဏကို ပေးမှာမို့ ဟန်ယူဂျင်းနဲ့ ကျွန်မ သား မတွဲဖြစ်သွားဖို့ပဲ လိုတယ်..အဲ့တော့ ရှင့်သားကို ရှင် နိုင်အောင် ထိန်းပေးပါ လို့ပဲပြောချင်ပါတယ်'


#18.3.24

Continue Reading

You'll Also Like

169K 5.2K 19
There isn't going to be much of a description here, so I apologize now. As the title implies, this is a Josh x OC story. β™‘β™‘β™‘ I understand, Josh is a...
5.1K 824 7
[Breaking News] The paparazzi found out that Mr.Park is secretly dating a rookie star, Kim Sunoo.
9.1K 1.2K 31
λ„€κ°€ λ¨Όμ € λ‚˜λ₯Ό μ°Ύμ•„λ‚Έλ‹€λ©΄ λ‹€μ‹œ λ‚  μ•ˆμ•„μ€„ κ±°μ•Ό? If you find me first, will you hold me?? Shen Quanrui || Kim Taerae
273K 6.7K 32
❝ this beautiful day, a beautiful night ❞ (#2 Webtoons 2.1.20) __ The first ever Lookism oneshots book.