SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
πŸ’Œ (1)
πŸ’Œ(1)-zawgyi
πŸ’Œ (2)
πŸ’Œ(2)-zawgyi
πŸ’Œ (3)
πŸ’Œ(3)-zawgyi
πŸ’Œ (4)
πŸ’Œ(4)-zawgyi
πŸ’Œ (5)
πŸ’Œ(5)-zawgyi
πŸ’Œ (6)
πŸ’Œ(6)-zawgyi
πŸ’Œ (7)
πŸ’Œ(7)-zawgyi
πŸ’Œ (8)
πŸ’Œ(8)-zawgyi
πŸ’Œ
πŸ’Œ (9)
πŸ’Œ(9)-zawgyi
πŸ’Œ (10)
πŸ’Œ(10)-zawgyi
πŸ’Œ (11)
πŸ’Œ(11) - zawgyi
πŸ’Œ(12)
πŸ’Œ(12) - zawgyi
πŸ’Œ (13)
πŸ’Œ (13) - zawgyi
πŸ’Œ (14)
πŸ’Œ (14) - zawgyi
πŸ’Œ (15) - zawgyi
πŸ’Œ (16)
πŸ’Œ (16) - zawgyi
πŸ’Œ (17)
πŸ’Œ (17) - zawgyi
πŸ’Œ(18)
πŸ’Œ(18) - zawgyi
πŸ’Œ(19)-1
πŸ’Œ(19)-2
πŸ’Œ(19) - zawgyi
πŸ’Œ(19)-2- zawgyi
πŸ’Œ(20)
πŸ’Œ(20) - zawgyi
πŸ’Œ

πŸ’Œ (15)

73 9 24
By Florist520

(၁၅)

ဖူကူအီမှာ နှစ်ပတ်လောက်နေပြီး Rikuနဲ့Daeyoung တို့ အိုဆာကာကို ပြန်လာခဲ့ကြတယ်။ကြာကြာမနေတဲ့အကြောင်းအရင်းကတော့ ရက်ကွပ်ထဲကအ‌ဒေါ်ကြီးတွေကြောင့်ရော Daeyoung မိခင် ရိပ်မိသွားမှာစိုးတာကြောင့်ရော အစောပြန်လာခဲ့ကြတာပါ။

"Kim Daeyoung မင်းအမေသိရင် ဘယ်လိုလုပ်မှာလဲ"

ရှုခင်းအမျိူးမျိုးကို အလျှင်အမြန် ဖြတ်ကျော်လာတဲ့ ရထားပေါ်မှာ Rikuက မုန့်စားရင်း ပုံမှန်လေသံနဲ့မေးတယ်။

"အမေက သဘောကောင်းပါတယ် လက်ခံပေးလိမ့်မယ်"

"ဟွန့် မင်းအမေက ငါ့အပေါ် သဘောမကောင်းရင်ရော"

ခရမ်ပါတဲ့ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ပြီး အရင်ကလို နှာခေါင်းလေးရှုံ့လို့ အလိုမကျတဲ့ပုံစံလုပ်ပြတယ်။

"အဲ့ကျ ငါက မင်းအပေါ်သဘောကောင်းပေးမယ်လေ သဘောကောင်းစွာနဲ့ ချစ်ပေးမယ်လေ"

Daeyoung က Rikuနှာခေါင်းကို လက်နဲ့ညှစ်ပြီး ပြောလိုက်တော့မှ "ပြီးရော" ဆိုတဲ့ပုံစံနဲ့ မုန့်ကို ဆက်စားနေတော့တာပဲ။

အိုဆာကာကိုပြန်ရောက်တော့ ကျောင်းတွေမဖွင့်သေးတာမို့ နှစ်ယောက်လုံးက လေလွင့်နေတဲ့ အချစ်ငှက်နှစ်ကောင်လို။

နေထွက်လာတာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နိုးထရတယ်။Rikuမထခင် မနက်စာပြင်ဆင်ပေးတတ်တဲ့ ကိုရီးယားက Rikuတစ်ယောက်တည်းရဲ့ စပရှယ် စာဖိုးမှူးလေးကရှိနေသေးတယ်လေ။

"Kim Daeyoung အခုတစ်ပတ် animation အသစ်ထွက်မှာတဲ့ ဒါပေမယ့် အဲ့ဒါက ငါစာအုပ်ဖတ်ပြီးသားကြီး ပြောရရင် အဲ့ရဲ့endingက"

"ရားးးးး"

Daeyoungရဲ့အသံကျယ်ကျယ်ကို ကြားတော့ Rikuက တူကိုကိုက်ပြီး သဘောတကျ ရယ်တော့တာပဲ။Kimမျိုးရိုးက အဲ့လို ဇာတ်လမ်းအကြောင်းကြိုပြောရင် သေလောက်အောင် မုန်းတာလေ။ဇာတ်သိမ်းကို ကြိုပြောတော့မယ်ဆို အဲ့လိုအသံကျယ်ကျယ်နဲ့အော်ပြီး ဆက်မပြောနိုင်အောင် ပါးစပ်ကို အတင်းလိုက်ပိတ်တော့တာပဲ။

အခုအခြေအနေကတော့ Rikuက မနေ့ညက Daeyoung မပါဘဲ အရက်တွေသောက်လာတယ်။မူးမူးရူးရူးနဲ့လမ်းပေါ်ပတ်ပြေးအော်နေလို့ Kim Daeyoung တစ်ယောက် ရှက်ရှက်နဲ့မြို့ထဲထိ လိုက်ဆွဲခေါ်ခဲ့ရတာလေ။အဲ့ဒါကို မကျေနပ်လို့ မနက်မိုးလင်းတော့ Rikuအတွက် မနက်စာမရှိဘူး။ခေါက်ဆွဲဗူးကို ဒီအတိုင်းရေနွေးဖျောစားနေတဲ့ Rikuကို Daeyoung တစ်ယောက် ဂရုမစိုက်ဘဲ ဝရံတာက အပင်ကို ရေလောင်းနေတယ်လေ။

အခုတော့ Kim Daeyoung တစ်ယောက် Maedaရဲ့ ပါးစပ်ကို လက်နဲ့ အသေပိတ်ထားတော့တာပဲ။

"Kim Riku မင်းဆက်ပြောနေမယ်ဆို ငါအသေသတ်ပစ်မှာနော်"

"မင်းသတ်မှာလောက်တော့ ငါမကြောက်ဘူး ဆက်မပြောစေချင်ရင် ခေါက်ဆွဲပြုတ်ပေး ဒီမှာ ခေါက်ဆွဲကမကျက်တော့ ဗိုက်တွေအောင့်နေပြီ"

ထိုင်နေရင်း Kim Daeyoung ခါးကို ဖတ်လို့ ကလေးလို ချွဲနေတဲ့ Rikuပါတဲ့။

"ရုပ်လေးက လုပ်ကျွေးချင်စရာ‌လေးနော် မနေ့ညက သူမဟုတ်တဲ့အတိုင်း မင်းမနေ့ညက လူမဟုတ်ဘူး ခွေးပဲ ငါ့ပုခုံးမှာ မင်းကိုက်ရာတွေအပြည့်ပဲ"

Daeyoung က ပွစိပွစိလဲပြောရင်း အသီးအနှံတွေထုတ်ပီး ထမင်းနဲ့ရောကြော်ဖို့ ပြင်တယ်။

"ဘာလဲ မင်းက တစ်ယောက်ထဲရှိတဲ့သူငယ်ချက်းကို ငြိုငြင်တာလား
အဲါတာဆို ပြော မင်းကငါအဲ့လိုဖြစ်တာကို ရှက်တယ်ပေါ့လေ
Kim မျိုးရိုးက အကျင့်မကောင်းဘူးပဲ အင်းလေ အစကတည်းက အကျင့်မကောက်းတာကို ငါကမေ့သွားတာပဲ "

ထိုင်နေရင်းနဲ့ ပွစိပွစိပြန်လုပ်နေတဲ့ အဲ့ဒီမျိုးရိုးကို Kim Daeyoung တစ်ယောက်မနိုင်တဲ့အဆုံး လွှတ်ထားလိုက်တော့တာပဲ။

"ငါတို့ ရုပ်ရှင်ကြည့်ရအောင်"

"ပိုက်ဆံမရှိဘူး"

"ငါလိုက်ပြပါ့မယ် အခု ရုပ်ရှင်ရုံအသစ်ဖွင့်ထားတယ်လေ အဲ့က 10%discount တဲ့"

Daeyoung က မျက်စောင်းထိုးပြီး ထမင်းကြော်ကို Riku ရှေ့ ချပေးလိုက်တယ်။

"ငါက ဒီနေ့နဲ့မနက်ဖြန်ပဲအားတယ် နောက်ရက်ကျ Amiကို ဂိုက်ပြရမှာ"

"ဒီနေ့သွားကြမယ် ရေချိုးနှင့် ငါဒါကို အရင်ပြီးအောင် စားလိုက်မယ်"

Daeyoung မယ်တော့ ဒီလူကြောင့် သက်ပြင်းချပြီး ခိုင်းတဲ့အတိုင်းပဲ လုပ်ရတော့တယ်။

"Daeyoung Daeyoung ရေချိုးပြီးပြီမို့လား"

"အင်း"

"အဲ့တာဆို အရင်သွားနှင့်ပြီး လက်မှတ်ဖြတ်ထားနှင့်လိုက် ငါကနောက်ကျနေရင် လက်မှတ်မရမှာစိုးလို့ အလယ်တန်းကဘေးချင်းကပ်ခုံနှစ်ခုံအတွက် နှစ်စောင်ဖြတ်လိုက် သရဲကားကြည့်မှာနော် ငါအခုရေချိုးအုံးမယ်"

"ရားးး Riku ငါကမင်းရည်းစားလား မင်းကျွန်လား ဟမ်"

"ဟာ မင်းကငါ့ကောင်လေးမို့ ခိုင်းတာပေါ့လို့ ချစ်တယ်လေ နော်"

ရေချိူးခန်းထဲက အော်ပြောတဲ့အသံကိုက အမြင်ကတ်စရာ။

လက်ထပ်ပြီးသားလင်မယားတွေ ဘာလို့ကွာရှင်းချင်ကြလဲဆိုတာကို Daeyoung က နားလည်စပြုလာသလိုပဲ။အခုသူ‌ လက်မထပ်ရသေးတာတောင် Maedaနဲ့ ကွာရှင်းချင်နေပြီ။

"အမ သရဲကားအတွက် လက်မှန်နှစ်စောင်ပေးပါ"

"ဒီမှာ လက်မှတ်နှစ်စောင်ပါ"

အသစ်ဖွင့်ထားတဲ့ ရုပ်ရှင်ရုံမို့ ပတ်ဝန်းကျင်အသစ်နဲ့တမူထူးခြားနေတယ်။‌ရုပ်ရှင်ရုံဘေးမှာတော့ မုန့်စားဈေးတန်းလို ဆိုင်အသေးလေးတွေအများကြီးဖွင့်ထားတယ်။Daeyoungတစ်ယောက် အအေးတစ်ခွက်မှာပြီး အရိပ်အောက်မှာ နောက်ပိုင်းမင်းသားလေးကို ထိုင်စောင့်နေလိုက်တယ်။

"လက်မှတ်ရခဲ့လား"

အဝေးကနေ လက်လှမ်းပြပြီး အော်မေးနေတဲ့ Rikuကို Daeyoung ကြည်ြနေမိလိုက်တယ်။နှစ်တွေဘယ်လောက်ပဲကြာကြာ Riku စစတွေ့ချင်းတုန်းက အထက်တန်းကျောင်းသားလေးလိုပဲ။အခုလိုမျိုး shortsနဲ့တီရှပ်ကို တွဲဝတ်ပြီး အိတ်အမဲလေးကို လွယ်ထားရင် တကယ့်ကို ကလေးလေးလိုပင်။

"မောလိုက်တာ တိုက်ပါအုံး"

Daeyoung လက်ထဲက အအေးဗှူးကို ယူသောက်ပြီး အမောဖြေတယ်။
Rikuက အမြဲအဲ့လိုပဲ။အအေးနှစ်ဗူးဝယ်ထားရင်တောင် Daeyoung သောက်တဲ့အအေးကိုပဲ ယူသောက်တာ။အဲ့တာကြောင့် အခုနောက်ပိုင်း အထာနပ်စွာ တစ်ဗူးပဲ ဝယ်တော့တယ်။

"ဘယ်အချိန်တဲ့လဲ"

"၁၀နာရီခွဲ စမှာ"

"ဟာ အခုတောင် ၁၅မိနစ်ရှိပြီ သွားကြရအောင် ငါက ရုပ်ရှင် အစက စမကြည့်ရရင် မကြည့်ချင်တော့ဘူး"

Daeyoung လက်မောင်းကို ကိုင်ပြီး ရုပ်ရှင်ရုံထဲ အတင်းဝင်တော့တာပဲ။

သရဲကားကြည့်ချင်တာလဲ သူပဲ ကြောက်လို့ ပြဲနေအောင် အော်တာလဲ Maeda Riku ပါပဲ။သရဲထွက်လာဖို့ တီးလုံးကြိုလာပြီဆိုတာနဲ့ Daeyoung ပုခုံးပေါ်ကြိုမှီပြီး မျက်လုံးကို စုံမှိတ်ထားတော့တာပဲ။Daeyoungမှာတော့ သရဲကားထက်ဘေးက ကောင်လေးကို ကြည့်ပြီး ရယ်လိုက်ရတာ။

ဇာတ်လမ်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကျ သရဲက အဲ့လောက်မပေါ်လာတော့ဘူး။နောက်ကြောင်းပြန်ပြီမို့ Rikuတို့ ငြိမ်သွားတယ်။Daeyoungပုခုံးပေါ်ခေါင်းလေး အသာမှီပြီး ညိမ့်နေတော့တာပဲ။Daeyoung လက်ချောင်းတွေနဲ့ လက်ချင်းယှက်ပြီးလဲ ကိုင်ထားသေးတယ်။Daeyoungကတော့ Rikuဆံပင်လေးသပ်ပေးလိုက် နေကြာစေ့ ခွာကျွေးလိုက်နဲ့။

ဇာတ်ကားပြီးတော့လဲ ပြောသေးတယ်။

"ဟာ ကြည့်လို့တောင်မဝသေးဘူး နောပ်နှစ်season 2ထွက်ရင်လဲ လာကြည့်ရအောင်" တဲ့။

ရုပ်ရှင်ပြီးတော့ နေ့လည်၁၂ကေ‌ျာ်ပြီမို့ နေ့လည်စာကို အပြင်မှာစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"ဟော့ပေါ့ စားမလား မင်းမစားဖူးဘူးမိူ့လား"

"စားတော့မစားဖူးဘူး ဒါပေမယ့် ခင်ဗျားလေးပဲ ဟော့ပေါ့နံ့မခံချင်တော့ဘူးဆို"

"ဟာ အခုက ဟော့ပေါ့ဆိုင်မှာ အလုပ်မလုပ်တော့ဘူးလေ အိုခေသွားပြီ ဒီနားမှာ ငါသိတဲ့ဆိုင်ရှိတယ် အရမ်းကောင်းတယ်တဲ့"

အဲ့နေ့ရဲ့နေ့လည်စာက ‌ဟော့ပေါ့ဖြစ်ခဲ့တာပေါ့။ဟော့ပေါ့အရည်က ငရုတ်သီးများလွန်းတယ်။ငရုတ်ဆီတွေက ပန်းကန်ပေါ်မှာကို ဝေ့ဝိုက်လို့။Daeyoungက ဆီများရင် မစားဘူးဆိုတာသိလို့ Rikuက ဝိတ်တာလေးကို ပိုက်တစ်ချေင်းတောင်းလိုက်တယ်။ပြီးတော့ ပန်းကန်လံုးထဲက ဟော့ပေါ့အရည်ရဲ့အပေါ်ယံကို လေနဲ့အသာမှုတ်ပြီး ဝေ့နေတဲ့အဆီတွေကို တစ်ဖက်ထဲမှာ စုအောင်လုပ်လိုက်တယ်။ပြီးတော့ ပိုက်ကို ပန်းကန်လုံးရဲ့တစ်ဝက်မှာချပြီး အဆီရှိတဲ့ဘက်နဲ့မရှိတဲ့ဘက်ကို ခွဲလိုက်တယ်။

"ဝိုးးး နည်းလမ်းက မိုက်တာပဲ"

"ဟော့ပေါ့ဆိုင်မှာ လုပ်တုန်းက တရုတ်ကလေးက ငါ့ဆီက ပိုက်လာတောင်းပြီး အဲ့လိုလုပ်တာကိုတွေ့ထားလို့ တရုတ်ကလေးဆီက သင်ထားတာ"

"အချစ်က တော်လိုက်တာ"

Riku ခဗျာ ရှက်ပြုံးလေးနဲ့ တိတ်တိတ်လေး သဘောကျလိုက်ရတာ။ဟော့ပေါ့တစ်ပွဲလုံး သူတို့မကုန်ခဲ့ဘူး။ဒါပေမယ့်ညရောက်တော့ Rikuတစ်ယောက် ဗိုက်တွေအောင့်လို့ ဆေးရုံကို ပြေးရသေးတယ်။

ဆရာဝန်ပြောတာတော့ အစာအိမ်ဖောက် ချင်တာတဲ့။လူမမာကို ပြုစုဖို့ Kim Daeyoung ရဲ့တာဝန်တစ်ခုတိုးလာလေရဲ့။ဆေးသောက်တာတောင် ဗိုက်အောင့်မပျောက်ရင် Rikuတစ်ယောက်ငိုပါပြီ။အဲ့လိုဆို Daeyoung က တစ်ခွန်းပဲပြောတယ်။

"ဆရာလေး ကလေးလို ငိုနေတော့တာပဲ ချိုချဉ်ကျွေးပြီး ချော့ရမလား"တဲ့လေ။

Kim Daeyoung ဟာလေ တကယ့်ကို အမြင်ကတ်စရာကောင်းအောင် ချစ်ဖို့ကောင်းနေတာ့တာပဲ။

ကျောင်းဖွင့်ပြီး မကြာဘူး။Daeyoungအဖွား နေမကောင်းလို့ ကိုရီးယားကို အလောသုံးဆယ် ပြန်သွားရတယ်။ကျောင်းကိုလဲ ခွင့်ယူပြီး အထုပ်အပိုးတွေပြင်ပြီး ချက်ချင်းထွက်သွားတော့တာပဲ။Rikuကို လိုက်ခဲ့ဖို့ခေါ်ပေမယ့် Riku ငြင်းလိုက်ပါတယ်။တစ်ယောက်ထဲ အဆင်ပြေလို့ စိတ်ချလက်ချသွားဖို့ မှာလိုက်တယ်။

"Riku အစာအိမ်ဆေးတွေသောက်ဖို့ မမေ့နဲ့နော် ည ဗိုက်အောင့်ရင် ဆရာဝန်ဆီချက်ချင်းဖုန်းဆက်နော်ဖုန်းနံပါတ်ရှိတယ်မို့လား ငါညတိုင်းဖုန်းဆက်မှာမို့ ကိုင်နော်"

"ဟုတ်ပါပြီ ဆရာလေးရယ် ငါကလေးမဟုတ်ပါဘူး"

ဒီအတိုင်းနှုတ်ဆက်ခြင်းမမည်တဲ့ နှုတ်ဆက်မှုလေးပါပဲ။Kim Daeyoung က တစ်ပတ်နဲ့ပြန်မလာ နှစ်ပတ်နဲ့ပြန်မလာ။

အဲ့ရက်တွေမှာ Rikuတွေးမိတာတွေက အရင်က Kim Daeyoung တစ်ယောက် ကိုရီးယားကို ပြန်သွားတုန်းက ဖြစ်ပျက်သွားတာတွေကိုပဲ။အဲ့တုန်းကတော့ Daeyoung ပြန်ရောက်လာတာတောင် Rikuမှာပျော်ရက်နဲ့ အမုန်းစကားတွေပြောခဲ့မိတာ။အခုတစ်ခေါက်တော့ Daeyoung ပြန်ရောက်လာရင် ပြေးဖက်ပစ်မှာပဲ။Daeyoungလက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်ပစ်လိုက်ချင်တာပဲ။ခေါင်းအုံးတွေက အရမ်းမာလို့ အိပ်လို့တောင်မပျော်ဘူး Daeyoung ရယ်။

"ဟယ်လို မင်းအဆင်ပြေရဲ့လား အဖွားရော"

"အဖွားက လူကြီး‌ေရာဂါပါပဲ ငါအနားမှာရှိတော့ သူစိတ်အေးတယ်တဲ့ အမေ့လိုမျိုး တစ်ခြားတစ်နိုင်ငံမှာ သွားမနေရင် ရပြီတဲ့"

"ဟုတ်လား"

Rikuက အခုလက်ရှိ လမ်းထိပ်က ဖုန်းဆိုင်မှာ။ပြည်ပဖုန်းတွေအတွက် လက်ကိုင်ဖုန်းက ခေါ်လို့မရဘူး။

"မင်းရော ဗိုက်တွေအောင့်သေးလား"

"ငါအဆင်ပြေနေပြီ ဆေးလဲပုံမှန်သောက်တယ် ညတွေလဲ ကောင်းကောက်းအိပ်ပျော်တယ်"

"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုးလဲ သဘက်ခါလောက်ကျ ပြန်လာခဲ့မယ်စောင့်နေနော် လွမ်းနေပြီမို့လား"

"အရူးကပဲ မင်းကို လွမ်းလိမ့်မယ်"

အဲ့အရူးက Maeda Riku ပါပဲ။

Kim Daeyoung မရှိတော့ အခန်းက ခြေက်ကပ်နေရော။အိပ်နေရင်း အပေါ်မျက်နှာကျက်ကိုပဲ ကြည့်ပြီး တစ်ယောက်ထဲ စိတ်ဆိုးစိတ်ကောက်နေတာလေ။ပြောတော့ သဘက်ခါပြန်လာမယ်ပြောပြီး ပြန်မလာသူ အရိပ်တောင်ပေါ်မလာသူကြောင့်ပါ။

ဖုန်းဆက်တော့လဲ မကိုင်ဘူး။တကယ်ဘဲ Kim Daeyoung က ဘာအကွက်တွေ ရွေ့နေသလဲ။မကျေမနပ်နိုင်နဲ့ အိပ်ပျော်သွားတာ အိမ်မက်ထဲတောင် Kim Daeyoung ပါလာတဲ့အထိပဲ။

"လူဆိုးကောင် ဘာလို့အခုမှပြန်လာရတာလဲ "

Rikuကတော့ အိမ်မက်ထဲမှာလဲ Daeyoung ကို ရိုက်တာပဲ။

"အခုပြန်လာပြီပဲ"

"ငါကတော့ ဘယ်လောက်တောင် လွမ်းနေရလဲ"

ပြုံးနေတဲ့ Daeyoung က တစ်ဖြေးဖြးပျောက်ကွယ်သွားတယ်။Rikuတစ်ယောက် Tonjimboဘေးကို ရောက်သွားတယ်။မျက်စိရှေ့မှာ ကောင်လေးနှစ်ယောက်က ရန်ဖြစ်နေကြတယ်။တစ်ဖက်ကောင်လေးကို တွန်းထုတ်ပြီး မစီးတတ်တဲ့စက်ဘီးနဲ့ ထွက်သွားတဲ့ကောင်လေးကို Rikuက အော်ဟစ်ပြီး တားပစ်လိုက်ချင်တယ်။ဒါပေမယ့် ဒါဟာ အိမ်မက်ပဲလေ။

ညသန်းခေါင်ကြီးပဲ Rikuတစ်ယောက် ချွေးစေးတွေနဲ့ လန့်နိုးလာတယ်။ဗိုက်ကလဲ ထပ်အောင့်တယ်။ဘေးက ဆေးဗူးထဲက ဆေးတွေကို ရေနဲ့အသားကုန်မျောချပစ်လိုက်တာပဲ။ငါ ဗိုက်တွေအရမ်းအောင့်တာပဲ Daeyoung ရယ်။

သုံးပတ်ရှိပြီ။Kim Daeyoung ပြန်မလာတာ။
ကိုရီးယားကို လိုက်သွားရအောင်လဲ အိုဆာကာနဲ့ဖူကူအီလို နီးတဲ့ခရီးမဟုတ်ဘူး။သတင်းမေးစရာသူငယ်ချင်းလဲ မရှိဘူး။အခု Rikuအဖြစ်က အထာစခဲ့ခံရတဲ့ သနားစရာကောင်လေးလိုပဲ။

၂၄နာရီ စတိုးဆိုင်အချိန်ပိုင်းအလုပ်က လုပ်နေတုန်းပဲမို့ ညဆိုင်းတွေဆင်းရတယ်။ဒီရက်ပိုင်း Daeyoung လဲမရှိတာမို့ အိမ်မပြန်ဖြစ်ဘူး ဆိုင်မှာပဲ အိပ်ဖြစ်တယ်။စနေနေ့ရောက်တော့ Rikuအမေက အိမ်ဟင်းတွေကို လူကြုံနဲ့အို့လိုက်တယ်ဆိုလို့ အိမ်ကို တစ်ခေါက်ပြန်ခဲ့သေးတယ်။

ထူးထူးဆန်းဆန်း Rikuတို့ အခန်း မေးလ်ဘောက်စ်မှာ စာအိတ်တစ်အိတ်ရောက်နေတာလေ။ဘယ်သုမှ ဘာမှမပို့လို့ အဲ့မေးဘောက်စ်ကိုတောင် ဖြုတ်ရမလားလို့ Daeyoung နဲ့ တိုင်ပင်ခဲ့ဖူးတယ်။

အောက်ထပ်က သယ်လာတဲ့ ‌ဟင်းတွေပါတဲ့ ဗူးကိူပိုင်ပြီး မေးလ်ဘောက်စ်ထဲက စာအိတ်ကိုယူပြီး ဖင်ပြန်ခေါင်းပြန်ကြည့်လိုက်သေးတယ်။ဘယ်သူပို့လဲ ရေးမထားဘူး။

ဟင်းဗူးတွေကို နေရာတကျစီထားပြီး အမေဖြစ်သူဆီ ဟင်းတွေရောက်ကြောင်း ဖုန်းဆက်ပြောလိုက်တယ်။ဝရံတာက အပင်ကို ရေလောင်းတယ်။ပြီးတော့ ရေချိုးဖို့ပြင်တယ်။စာအိတ်ကိုတော့ ဖွင့်မကြည့်ရသေးဘူး။

တစ်လရှိပြီ။Kim Daeyoung ပြန်မလာတာ။ဖုန်းကတော့ ထုံးစံအတိုင်း ဆက်သွယ်မှုဧရိယာ ပြင်ပဖြစ်နေတာ ဖုန်းကိုတောင် ရိုက်ခွဲပစ်ချင်တဲ့အထိပဲ။

"အဲ့တာများ ကိုရီးယားလိုက်သွားပေါ့ Ami လေယာဉ်လက်မှတ်ဖြတ်ပေးမယ်"

"ကောင်းပါ့မလား"

"သူငယ်ချင်းမို့လို့ စိတ်ပူလို့လိုက်လာတာလို့ ပြောပေါ့ဟ"

"အေးဟာ ငါလိုက်သွားမယ်"

Ami အကူအညီနဲ့ ဂျပန်သားလေး Rikuတစ်ယောက် ကိုရီးယားမှာ ချစ်သူရှာပုံတော် ဖွင့်ခန်း စရတော့မယ်။အရင်က Daeyoung က ကိုရီးယားအိမ်လိပ်စာကို ပြောဖူးတာမို့ အဆင်ပြေမယ်လို့ Rikuထင်မိတယ်။မနက်ဖြန် လေယာဉ်စီးဖို့အတွက် အထုပ်ပြင်လိုက်တယ်။

ပတ်စ်ပို့တွေ လက်မှတ်တွေကို စစ်ပြီး အိတ်ထဲ ထည့်လိုက်တယ်။
‌ဂျောင်ရောက်နေတဲ့ စာအိတ်အဖြူကို တွေ့တာနဲ့ ဖုန်တွေခါပြီး ဖွင့်ကြည့်ဖို့လုပ်လိုက်တယ်။ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်း မနက်ဖြန်ခရီးအတွက် ရင်ခုန်နေတာရော လုပ်စရာရှိမနေတာရောကြောင့် စာအိတ်ကို ဖွင့်ဖတ်ဖို့ပြင်လိုက်တယ်။

Kim Daeyoung နာမည်က ကိုရီးယားလိုရေးထားတာပဲ။ကိုရီးယားလူမျိုးမဟုတ်ပေမယ့် ကောင်လေးက ကိုရီးယားဆိုတော့ ကောင်လေးရဲ့ကိုရီးယားနာမည်လောက်ကိုတော့ သူဖတ်တတ်တယ်လေ။

စာအိတ်ထဲကတော့ ဘာမှထပ်မပါတော့ပါဘူး။
Kim Daeyoung နာမည်နဲ့ အမျိုးသမီးတစ်ယောက်နာမည်ပါတဲ့ မင်္ဂလာဆောင်ဖိတ်စာတစ်စောင်တစ်ခုတည်းပဲ။
နာမည်တွေကို ကိုရီးယားလို ရေးထားတဲ့ စာတစ်စောင်သက်သက်ရယ်ပါ။
ကိုရီးယားလူမျိုးတွေရဲ့ ရိုးရာဖိတ်စာ တစ်စောင်တစ်ခုပါပဲ။
လွန်ခဲ့တဲ့တစ်ပတ်က ကျင်းပပြီးသွားတဲ့ ပြီးပြီးသား မင်္ဂလာဆောင်ဖိတ်စာ။
အခုအချိန်မှသွားလဲ မမှီတော့တဲ့ အခမ်းအနားတစ်ခုပဲ။

ဘာမှမထူးဆန်းပါဘူး။ထူးဆန်းနေတာ Rikuတစ်ယောက်ထဲ။စာတစ်စောင်ကိုကြည့်ပြီး မျက်ရည်ကျနေတာ အရူးလိုပဲ။Kim Daeyoung သာရှိရင်
"အရူးလေး ကလေးလို ငိုနေတာ ချိုချဉ်ကျွေးပြီး ချော့ရမလား" လို့ပြောလေမလား။

-SILENCE-

နောက်ဆုံးအပိုင်းအတွက် လိုက်ဖက်မယ့် သီချင်းလေး recommend လေး ပေးကြပါအုံးလို့စ် 😞✌️

Continue Reading

You'll Also Like

3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
8.2K 737 11
It's not my own idea. I adapted it from my favourite webtoon.
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. πŸ”₯** Isha Sharma married a driver whom she had just met. She was taking a huge risk...
CLOUD By Berry

Short Story

6K 547 10
α€œα€½α€„α€·α€Ία€™α€Όα€±α€¬α€”α€±α€α€²α€· ကောင်းကင်ပေါ်က ထဖြူရောင်တိမ်တိုက်တွေကို α€–α€™α€Ία€Έα€†α€―α€•α€Ία€–α€­α€―α€·β€Œα€€α€Όα€­α€―α€Έα€…α€¬α€Έα€–α€°α€Έα€œα€¬α€Έ? α€œα€Όα€„α€·α€Ήα€±α€»α€™α€¬α€±α€”α€α€²α€· α€±α€€α€¬α€„α€Ήα€Έα€€α€„α€Ήα€±α€•αšα€€ ထဖြူရောင်တိမ်တိုက်တွေကို ဖမ်းဆုပ်ဖို...