[Unicode]
ထိုနေ့က ရှောက်ချွင် အကြာကြီးနေမသွားပါ။ သူ့ကိုဖက်ကာ စကားခဏပြောပြီးတာနှင့် ပြန်သွားသည်။
မျက်စိတစ်မှိတ်တွင်းမှာပင် ညစာစားပွဲနေ့က ရောက်လာခဲ့သည်။
လီချိန်ရှို့ မနက်လေးနာရီကတည်းက အိပ်ယာထဖြစ်သည်။ ရှောက်ချွင်ကတော့ ထိုအချိန် အိပ်ယာမထသေး။ သို့သော် ဒရိုင်ဘာလွှတ်၍ သူ့အားလာကြိုစေကာ ရှိန်းကျန့်ဆိပ်ကမ်းသို့ လိုက်ပို့စေသည်။ အစီအစဉ်က ရှိန်းကျန့်ဆိပ်ကမ်းမှ ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်သည်။
သူရှိန်းကျန့်ဆိပ်ကမ်းသို့ရောက်စဉ်တွင် ခြောက်နာရီရှိနေပြီဖြစ်ပြီး မိုးလင်းနေလေပြီ။
ကားကို ရေယာဉ်အနားရပ်ထားခဲ့ရသည်။ သူ့အား သင်္ဘောပေါ်မှလာကြိုသူရှိပြီး တစ်ခြား အလုပ်သမားတွေလဲ အလျှိုအလျှို ရောက်လာကြပြီဖြစ်သည်။
မျက်စိရှေ့တွင် အဖြူရောင်သင်္ဘောများ ဆိပ်ကမ်းတွင်တန်းစီနေကာ ဝေ့ဝဲကြည့်လိုက်ရုံနှင့် ရှိန်လောက်စရာဖြစ်နေသည်။
တာဝန်ရှိသူက သူတို့အား လမ်းပြပေးကာ ခမ်းနားသောသုံးထပ်သင်္ဘောရှေ့တွင် ရပ်လိုက်သည်။ ဘေးတိုက်အလျားက မီတာသုံးဆယ်ကျော်လောက်မည်။ လီချိန်ရှို့သည် မျက်စိရှေ့မှ ဖြူဖွေးကြီးမားသောယာဉ်ကိုကြည့်ရင်း တမော့တမောဖြစ်နေမိသည်။
တာဝန်ရှိသူက ဂုဏ်ယူလိုဟန်ဖြင့် ရှင်းပြသည်။
"ဒီသင်္ဘောက လူလေးငါးဆယ်ဆန့်ပါတယ်။ ပြည်တွင်းမှာတော့ ဒီလောက်တင်နိုင်တဲ့ အပျော်တမ်းသင်္ဘောမျိုးကရှားတယ်"
ပတ်ဝန်းကျင်မှ လူများအားလုံးက ငေးမောအားကျကြရုံသာ။
လီချိန်ရှို့သည် သူတို့နောက်လိုက်ပြီး သင်္ဘောပေါ်တက်လိုက်သည်။
ရှောက်ချွင်က သူ့ကိုပြောဖူးသည်။ လာမည့်သူများအားလုံးက အရေးကြီးဧည့်သည်တွေချည်းပဲဖြစ်ပြီး အရာအားလုံး သန့်ရှင်းကောင်းမွန်ရမည်တဲ့။
လူလေးဆယ်ကျော်အတွက် ဟင်းပွဲပြင်ဆင်ဖို့ဆိုတာက ပြီးပြည့်စုံဖို့လဲလိုသလို သန့်ရှင်းရေးကအစ အကုန်အလုပ်ရှုပ်ရသည်။ သူတို့မှာ အပျော်စီးသင်္ဘောပေါ် လိုက်စပ်စုနေဖို့အချိန်မရှိ၊ ချက်ချင်း မီးဖိုချောင်ဝင်ပြီး လုံးပမ်းရတော့သည်။
စတင်အလုပ်လုပ်လိုက်သည်နှင့် အချိန်ကလဲအကုန်မြန်သည်။ တစ်ခဏနှင့်ပင် ညနေခင်းရောက်သွားတော့သည်။ သင်္ဘော ဘယ်အချိန်ကစထွက်ခဲ့သည်လဲ သတိမထားမိတော့။
သူ နေ့လည်စာစားချိန်မှလွဲ ခဏလေးတောင် အနားမယူခဲ့။ ခက်ခက်ခဲခဲ ပြင်ဆင်သင့်တာတွေလဲ ပြင်ဆင်ပြီးပြီ။ အပေါ်ယံအဆာပလာလောက်သာလိုတော့သည့်အခါမှ လီချိန်ရှို့မှာ ကုန်းပတ်ပေါ်မှာ လေဝဝရှုဖို့ အားတော့သည်။
ခဏရပ်ရုံရှိသေး လူတစ်ယောက်က လာခေါ်သည်။
"ဆရာလေးရှောင်လီ။ အလုပ်လုပ်လို့ပြီးပြီလား။ ပြီးရင် ဒုတိယထပ်ကို သွားပေးပါ။ သူဌေးက ခင်ဗျားကိုစောင့်နေတယ်"
''ဩော ကောင်းပါပြီ"
လီချိန်ရှို့တက်လာချိန်တွင် ရှောက်ချွင်က သင်္ဘောလက်ရန်းနား မှီရပ်နေကာ လေညှင်းခံနေသည်။
"ရှောက်ချွင်"
ရှောက်ချွင်က ခေါင်းကိုလှည့်ပြီး သူ့အားမြင်လျှင် ပြုံးပြသည်။
"ချိန်ရှို့...လာ "
လီချိန်ရှို့ လျှောက်သွားလိုက်သည်။ သူ့အနားရောက်သွားတာနှင့် ရှောက်ချွင်က သာမန်အပြုအမူလို သူ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ လက်ရန်းနှင့်သူ့ကိုယ်ကြား ပိတ်ထားလိုက်သည်။
လီချိန်ရှို့က မလွတ်မလပ်ဖြစ်သောကြောင့် ဘယ်ကြည့်ညာကြည့်နှင့် သူ့အား တွန်းထုတ်ချင်နေသည်။
"ကိစ္စမရှိပါဘူး။ ဘယ်သူမှ မရှိဘူး။ တကယ်လို့ရှိတယ်ဆိုရင်တောင် ဒီသင်္ဘောက ကိုယ်ပိုင်တဲ့အရာပဲလေ"
ရှောက်ချွင်က နှုတ်ခမ်းကိုတွန့်ချိုးကာ အီစီကလီရုပ်နှင့်
"မင်းကလဲ ကိုယ်ပိုင်တဲ့အရာပဲလေ"
လီချိန်ရှို့ အားနာစွာ ကျောပေးလှည့်လိုက်သည်။ သူ့စိတ်ထဲ သံသယအနည်းငယ်ရှိနေသည်။ ရှောက်ချွင်က ဘာသိဘာသာနှင့် သူတို့ ဒီလိုအခြေအနေရောက်နေပြီဟု ယူဆထားပုံရသည်။ သို့သော် သူတို့ကတကယ်ပဲ ချစ်နေကြပြီလား။ သူ့စိတ်ထဲ ဘာလို့ ဒီလိုအဆင့်ထိမရောက်သေးသလို ခံစားနေရတာလဲ။ ရှောက်ချွင်၏အပြုအမူများက သဘာဝကျကျပင်ဖြစ်သည်။ သူကိုယ်တိုင်ပင် ထိုနေ့ညက ရှောက်ချွင်နှင့်ဆက်ဆံရေးကို အတည်ပြုပြီးပြီလားဟု မိမိကိုယ်ကို သံသယဝင်မိသည်အထိ။
သို့သော် စကားအရပြောရလျှင် သူလဲပဲ ရှောက်ချွင်နှင့် ဖက်ပြီးပြီ။ နမ်းပြီးပြီ။ အကယ်၍ ဝန်မခံဘူးဆိုလျှင်တောင် အဲ့လိုသဘောသက်ရောက်နေပြီးပြီပဲ။ သူ့ဘာသာ အတွေးများနေသည်။
လီချိန်ရှို့ တွေဝေရင်း မလွတ်လပ်သလိုပင်ခံစားရကာ ရှောက်ချွင်၏ရင်ခွင်ထဲ မှီတွယ်ရင်း နှုတ်ဆိတ်နေမိသည်။
ရှောက်ချွင်က သူ၏တုန့်ပြန်မှုကိုမြင်လျှင် အလွန်ဝမ်းသာနေသည်။ နှုတ်ခမ်းက သူ့နားရွက်ဖျားနား မထိတထိနှင့် ရင်းနှီးစွာစကားဆိုသည်။
"ချိန်ရှို့ ပင်ပန်းနေပြီလား... ကိုယ်တောင်အခုမှသင်္ဘောပေါ်တက်လာတာ။ မင်းကဖြင့် အစောကြီးထလာခဲ့ရတာ"
"မပင်ပန်းပါဘူး။ အစောကြီး...ပြင်ဆင်ရမှာ"
"ဒီနေ့အလုပ်ရှုပ်ပြီးရင် သုံးလေးရက်လောက်တော့နားပါဦး"
"သဘက်ခါ...အလုပ်တက်ရမယ်"
"ကိုယ တာဝန်ယူတယ်။ သုံးလေးရက်လောက်ပိုနားပါကွာ။ မင်းတို့သူဌေးက ဒီလောက်တော့ မျက်နှာသာပေးမှာပါ"
လီချိန်ရှို့ ခေါင်းညိတ်သည်။ သုံးလေးရက်လောက ပိုနားရတာလဲ ကောင်းတဲ့ကိစ္စပါပဲ။ အဓိကက လစာလဲမဖြတ်ဘူးဆိုတော့ သူလဲအပျင်းတစ်ချင်မိသည်။
"ချိန်ရှို့ ဒီသင်္ဘောကလှလား"
"အရမ်းလှတယ်"
"ငွေရေးကြေးရေးကြပ်တည်းနေတဲ့အချိန်တုန်းက ကိုယ် ကံဆိုးတဲ့အားစန်းလက်ထဲက ဝယ်ခဲ့တာ။ ဟေး...အဲ့ အားစန်းလေ ကိုယ်ဈေးနှိမ်လွန်းလို့ ငိုတောင်ငိုတော့မဲ့ပုံနဲ့"
လီချိန်ရှို့ကပါ လိုက်ရယ်သည်။
"ဒါပေမဲ့ အပျော်စီးသင်္ဘောလောက်က ဘာမှမဟုတ်ဘူး။ နောက် ကိုယ်ပိုက်ဆံပိုရှိရင် သင်္ဘောအကြီးကြီးဝယ်ပစ်မှာ"
ရှောက်ချွင်သည် ဒီနှစ်မှနှစ်ဆယ့်ခြောက်နှစ်၊ ငယ်ရွယ်သန်စွမ်းသေးသည်။ မွေးဖွားလာကတည်းက ယခုအချိန်ထိ အရာရာအဆင်ပြေချောမွေ့ခဲ့သည်။ အပြင်လူတစ်ယောက်အပေါ် ရင့်ကျက်မောက်မာသည့်အပြုအမူမျိုးနှင့်ဆိုပေမဲ့ မိမိအပေါ်တွင်တော့ သစ်ဆန်းဖော်ရွေသည့် ကမ္ဘာလောကကြီးအား မမြင်ဖူးသည့်ကလေးတစ်ယောက်လိုပင်။ မော်ကြွားချင်ပါက လေသံထဲက ကိုယ့်ကိုယ်ကို အထင်ကြီးသည့်အရိပ်ကို ဖုံးကွယ်စရာမလို။
လီချိန်ရှို့ ကြားလျှင် ရယ်ရင်း ခေါင်းညိတ်သည်။ ရှောက်ချွင်က အလွန်တော်သည်ဟုလဲ ခံစားမိ၏။ ရှောက်ချွင်လိုလူမျိုးက ဘယ်လိုလုပ် သူ့လိုလူကိုမျက်စိကျရသလဲဟု သံသယတွေးကို မတားလိုက်နိုင်။
ရှောက်ချွင်သည် လီချိန်ရှို့မျက်ဝန်းထဲမှ လေးစားအားကျသည့်ပုံရိပ်ကိုမြင်လျှင် တစ်ကိုယ်လုံး ပျံ့နှံ့လာသည့် သက်တောင့်သက်တာစိတ်ကို ဖော်ပြ၍ပင်မရနိုင်။ ဒါက သူ့အား မြှောက်ပင့်ပြောဆိုပေးတာထက်တောင် သူ့ကို ပျော်ရွှင်ကြည်နူးစေသည်။
ရှောက်ချွင် နှလုံးသားထဲ ကလိကလိဖြစ်လာရပြီး လီချိန်ရှို့ကို သင်္ဘောဝမ်းထဲ ပြန်ဆွဲခေါ်ရင်း
"လာ...အထဲဝင်ပြီး ခဏထိုင်ဦး။ အပြင်မှာ လေတိုက်တယ်။ အကြာကြီး ထွက်နေလို့မဖြစ်ဘူး"
နှစ်ယောက်သား သင်္ဘောပေါ်ရှိအခန်းလေးထဲ ဝင်လိုက်ကြသည်။ အတွင်းထဲမှ အပြင်အဆင်က သားနားလွန်းနေပြီး သိပ်မကျယ်သော်လည်း ရှိသင့်သည့်ပရိဘောဂတွေ အကုန်ရှိသည်။
အခန်းထဲဝင်လိုက်တာနှင့် ရှောက်ချွင်က တံခါးကိုလော့ချလိုက်သည်။ ထို့နောက် လီချိန်ရှို့ကို နံရံဆီ တွန်းကပ်လိုက်ပြီး ချက်ချင်း သူ့နှုတ်ခမ်းကို ပိတ်ထားလိုက်သည်။
လီချိန်ရှို့သည် ထိတ်လန့်သွားပြီး မျက်လုံးပြူးမျက်ဆံပြူးနှင့် သူနမ်းတာကို ခံနေရသည်။
ရှောက်ချွင်သည် သူ့ခါးကို သူ၏ဝမ်းဗိုက်ကြွက်သားရှိရာသို့ ဆွဲကပ်လိုက်ပြီး ကျန်လက်တစ်ဖက်က သူ့ခေါင်းအနောက်ကို ထိန်းကိုင်ထားကာ သူ့နှုတ်ခမ်းများကို မျိုချတော့မတတ် စုပ်ယူနေသည်။ သူ၏ ခန္ဓာကိုယ်မှာ မရပ်မနားဖိထားခံရပြီး အနမ်းတွေက ပိုပိုပြီးလေးလံလာသည်။ တက်ကြွနေသော လျှာဖျားက အခွင့်အရေးရသလောက် အမိအရဝင်ရောက်လာပြီး လီချိန်ရှို့၏ခံတွင်းအတွင်းတစ်ခုလုံး အရသာခံနေကာ သူ့သွားချွန်လေးများကိုပါထိတွေ့ခဲ့ပြီး အဆုံးမှာ သူ့လျှာချောချောကို တွယ်ကပ်နေသည်။
လီချိန်ရှို့သည် ကြမ်းတမ်းသောအနမ်းကြောင့် အောက်ဆီဂျင်ပင်ပြတ်လပ်တော့မလို ခြေလက်များပါ ပျော့ကျလာသည်။ တစ်ကိုယ်လုံးက ရှောက်ချွင်ကိုယ်ပေါ် မှီတွယ်ထားနေရသလိုဖြစ်နေကာ ကြည်လင်သောအရည်လဲ့လဲ့က နှုတ်ခမ်းပါးတွင် ကပ်တင်ကျန်နေရစ်၏။
သူ လေဟာနယ်ထဲတွဲလဲဖြစ်နေသလိုခံစားနေရပြီး ရှိသမျှအားအင်တို့နှင့် ရှောက်ချွင်အား တွန်းထုတ်နေရသည်။
ရှောက်ချွင်သည် သူ့ကိုယ်သူပင်မေ့နေသည်အထိနစ်မျောနေကာ လီချိန်ရှို့တွန်းထုတ်မှ အသိဝင်လာရပြီး နှမြောတသနှင့်လွတ်ပေးလိုက်ရသည်။
နှစ်ယောက်သား အသက်လုရှူနေရင်း နှာခေါင်းထိပ်ချင်းတေ့ကပ်ထားက မျက်ဝန်းတို့က အချင်းချင်း ကြည့်နေကြသည်။
ရှောက်ချွင်သည် သူအသက်ရှူသံ တည်ငြိမ်သည်အထိစောင့်ပြီး ထပ်အနားကပ်ကာ အနမ်းပေးပြန်သည်။ ဒီတစ်ခေါက်တော့ အဲ့လောက် မလောတော့။ တက်ကြွမှုများကြား အနွေးဓာတ်လေးပါ ပါဝင်လာသည်။ လက်တစ်ဖက်က တိတ်တိတ်လေး သူ့အဝတ်အောက် လျှိုဝင်သွားကာ သူ၏ချောမွေ့ပြေပြစ်သောခါးလေးကို ပွတ်သပ်နေသည်။
လီချိန်ရှို့သည် ဤပြင်းပြသောအငွေ့အသက်များကြား ဖျော့တော့နေပြီး လုံးဝသတိမမူမိခဲ့။ ရှောက်ချွင်၏အနမ်းကို လက်ခံသည်ဟုဆိုသော်လည်း မည်သို့မည်ပုံတုန့်ပြန်ရမလဲ သူမသိချေ။ သို့သော် ဤချိုမြိန်ဖွယ်ခံစားချက်က သူ့အား ဦးတည်ရာကိုဝေဝါးသွားစေ၏။
ရှောက်ချွင်က ဘယ်အချိန်က သူ့ကို ကုတင်ပေါ်တွန်းလှဲလိုက်သလဲ မသိတော့သည်အထိပင်။ လက်ဖဝါးတစ်ခုလုံးက သူ့ရင်ဘတ်ဆီရောက်နေမှ နိုးထအသိဝင်လာရကာ အခြောက်ခံလိုက်ရသော ယုန်ငယ်လေးလို ထိတ်လန့်တကြား ကုန်းရုန်းထမိပြီး ရှောက်ချွင်အား ပြူးကျယ်သောမျက်ဝန်းတို့နှင့် ကြည့်နေမိသည်။
ရှောက်ချွင်က စိတ်ကို အတင်းဆွဲဆန့်လိုက်ပြီး နှစ်သိမ့်သလိုဆိုသည်။
"ချိန်ရှို့ မကြောက်ပါနဲ့။ ကိုယ်တို့က ယောက်ျားတွေပဲလေ။ မင်းလဲ လိုအပ်နေတာပဲမဟုတ်လား။ ကိုယ့်ကိုသာ လွှဲထားလိုက်ပါ။ ဟုတ်ပြီလား"
ပြောရင်းနှင့် သူ့အင်္ကျီကို ချွတ်ချင်နေသည်။
လီချိန်ရှို့သည် ခန္ဓာကိုယ်ကို ကွေးကွေးလေး နောက်ဆုတ်နေရင်းမှ တောင့်တောင့်ကြီးဖြစ်နေပြီး ဘယ်လိုနေနေ စိတ်မလျှော့နိုင်ဖြစ်နေကာ
"ရှောက်....ချွင်...ငါ...ကြောက်တယ်"
အကယ်၍ သူနှင့် မျက်နှာချင်းဆိုင်သာဖြစ်မနေပါလျှင် ရှောက်ချွင် မျက်ဖြူလှန်မိမည်ဖြစ်သည်။ အိပ်ယာပေါ်တွင် ယောက်ျားတစ်ယောက်က ခန္ဓာကိုယ်ကို မိန်းမလိုမျိုး ပွေ့ပိုက်ထားပြီး "ကြောက်တယ်"ဟု ပြောမည်မှန်း သူအိပ်နေရင်းပင် အိပ်မက်မမက်ခဲ့ဖူးချေ။
လီချိန်ရှို့တကယ်ကြောက်နေတာကို သူနားမလည်ပါ။
သားရဲတစ်ကောင်လို သားကောင်ကို ချက်ချင်းတလက်စတည်း မျိုချချင်ရလောက်အောင်ထိ မျက်လုံးထဲ စိတ်လောတကြီး မျှော်လင့်ချက်တွေနှင့်ပြည့်နှက်နေသော လက်ရှိမိမိကိုယ်ကိုလဲ နားမလည်ပါ။
သူ့အောက်ဘက်က တကယ်မာလာပြီဖြစ်ပြီး ဆက်ပြီး ကောင်းချင်ယောင်မဆောင်နိုင်တော့ချေ။ သူ လီချိန်ရှို့နောက် လနှင့်ချီပြီးလိုက်နေခဲ့ရသည်။ ခက်ခက်ခဲခဲ မိမိလက်သို့ ဆင်းသက်လာပြီဆိုတော့မှ အနိုင်ရခြင်းအသီးအပွင့်ကို မအောင့်အည်းနိုင်လောက်အောင် မမြည်းစမ်းဘဲ နေနိုင်ရဲ့လား။ သူ ဒီလောက် စီစဉ်အကွက်ချခဲ့တာ ဒါအတွက်ပဲမဟုတ်ဘူးလား။ လတ်ဆတ်သော အသားက မျက်စိရှေ့မှာ။ တွန်းထုတ်ပြီး ကြည့်နေလိုက်ဖို့ဆိုတာ တစ်ခြားသူဆိုရင်လည်း နေနိုင်မည်မထင်။
သို့သော် လီချိန်ရှို့၏မျက်ရည်စမ်းစမ်းနှင့်ပုံစံကိုကြည့်လျှင် ဒီတစ်ခါအကြံမအောင်မှန်း သူသိသည်။
စိတ်ထဲတွင် စားပွဲပါ ပစ်လှန်ပြီး စိတ်ဆိုးစိတ်ရှုပ်ရသော်လည်း သူအသက်လုပြီး ချုပ်ထိန်းထားရသည်။
လီချိန်ရှို့၏မျက်နှာကို ပုတ်ပေးပြီး သူ့အား ဆွဲထူကာ မိမိရင်ခွင်တွင်းပွေ့ဖက်ပြီး အသံပျော့ပျော့နှင့် ချော့မော့ရသည်။
"ကောင်းပါပြီ။ မကြောက်ပါနဲ့။ မင်းသာ ဆန္ဒမရှိရင် ကိုယ်မင်းကို အတင်းအကြပ်မခိုင်းပါဘူး။ ကိုယ် မင်းဆန္ဒကိုလေးစားပါ့မယ်"
သူ ပါးစပ်ကပြောရင်း စိတ်ထဲတွင်တော့ ပြောင်းပြန် စိတ်ရှုပ်နေ၏။ သူ၏အတွေ့အကြုံအရ ဒါမှမဟုတ် ယောက်ျားတစ်ယောက်၏အတွေ့အကြုံအရ ဒီစကားဆယ်ခွန်းမှာ ရှစ်ခွန်းလောက်က မိန်းကလေးများကို ပြောရတာမျိုးဖြစ်သည်။ သူ့စိတ်ထဲ လီချိန်ရှို့ကို ယောက်ျားလို မမြင်ပေမဲ့ အမှန်တရားကိုတော့ မျက်ကွယ်ပြုထားလို့မရပေ။ ယောက်ျားတစ်ယောက်ကို သူ့အနေနဲ့ ဒီလိုစကားတွေပြောနေရတာက စိတ်ထဲအစိုင်အခဲဖြစ်စေသည်။
သူပိုပြီးမကြည်လေ လီချိန်ရှို့ကိုကြည့်ပြီး သူ့စိတ်ထဲကြည့်မရလေဖြစ်သည်။
မြှားက လေးပေါ်မှာ ချိန်ရွယ်ပြီးမှ တပ်ပြန်ဆုတ်ရသည့်အဖြစ်မျိုး သူ သခင်လေးရှောက်မခံစားခဲ့ရဖူးချေ။ ဒီတစ်ခါ ပထမဆုံးအနေနှင့် အခက်တွေ့တာဖြစ်ပြီး အခက်တွေ့လွန်လွန်းနေရသည်။ သူကမှစိတ်မကြည်ပါဘူးဆိုမှ စိတ်မကြည်အောင်လုပ်သူကို ချော့မော့နေရသေးသည်။ စိတ်ထဲမှ မီးတောက်ကိုပါ ဖိနှိပ်ထားရ၏။
နှစ်ယောက်သား နောက်ဆုံးတော့ မကျေနပ်ချက်ကိုယ်စီနှင့် ခွဲခွာလ်ိုက်ကြသည်။
လီချိန်ရှို့က အလုပ်အကြောင်းပြကာ မီးဖိုချောင်သို့ ပြေးထွက်သွားသည်။
ရှောက်ချွင်တစ်ယောက်တည်း အိပ်ခန်းထဲ ဒေါသအလုံးအရင်းနှင့် ကျန်ရစ်ခဲ့သည်။ ဦးနှောက်ထဲတွင် တစ်ခြားလိုအပ်နေသည့် အကြောင်းများကို မနည်းအာရုံလွှဲနေရ၏။
လျင်မြန်စွာပဲ နေဝင်သွားသည်။ ထိုအချိန်သည် မီးဖိုချောင်၏ အလုပ်အရှုပ်ဆုံးအချိန်ဖြစ်၏။
မီးဖိုချောင်က နဂိုတည်းက မကြီးကျယ်ပါ။ လူဆယ်ယောက်လောက် တစ်ခါတည်းအတူ အလုပ်လုပ်နေရတော့ အလုပ်များသော်လည်း မရှုပ်ပါ။ လီချိန်ရှို့ ပူလောင်နေသည်မှာ တစ်ခေါင်းလုံးချွေးများရွှဲနေသည်။ ဦးထုပ်ပင် ရွှဲနစ်နေ၍ ချွတ်ထားပြီး နောက်ကျောတွင် ကပ်ထားရသည်။
အလုပ်က ပြင်ဆင်ထားတာအဆင်ပြေ၍ တော်သေးသည်။ စီစဉ်ထားသမျှ အဆင်ချောသည်။ လူတိုင်း ဝင်လိုက်ထွက်လိုက်နှင့်
သူပင် အပြင်ဘက်မှ ဂီတသံကိုကြားနေရသည်။ အပြင်ထွက်မကြည့်လည်း စည်ကားနေမှန်း သိရ၏။
အလုပ်အားလုံး ပြီးသွားချိန်ထိစောင့်ပြီးမှ လီချိန်ရှို့ ဦးထုပ်ကိုချွတ်ပြီး ကုန်းပတ်ပေါ်သို့ လေသွားရှူရသည်။
အကြာကြီးမရပ်ရသေး ခဏက တာဝန်ရှိသူက သူ့အား လာခေါ်ပြန်သည်။
"ဆရာလေးရှောင်လီ။ သူဌေးက ဒုတိယထပ်မှာ ခင်ဗျားကို စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ခဏလောက် သွားပေးပါ"
လီချိန်ရှို့ ခေါင်းညိတ်ပြလိုက်သည်။ ညနေက အနေခက်မှုကို တွေးမိသွားသော်လည်း အားတင်းပြီးတက်သွားရသည်။
ရှောက်ချွင်က အဖြူစွတ်စွတ် သိုးမွေးအင်္ကျီတစ်ထည်နှင့် အညိုရင့်ရောင် သာမန် ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည်။အင်္ကျီကော်လံ၏ အကျယ်က သူ၏ သွယ်လျသောလည်တိုင်နှင့် ညှပ်ရိုးတို့ကို ဖော်ပြနေသည်။ သူက အရပ်မြင့်ပြီး ခြေတံရှည်သည်။ ခန္ဓာကိုယ်ကသန်မာပြီး မျက်နှာက ပိုတောင် သန့်ပြန့်ချောမောနေသေးသည်။ တစ်ကိုယ်လုံးကို ခြုံငုံကြည့်ပါက တည်ငြိမ်ပြီးတောက်ပသော အဆင့်အတန်းမြင့် သခင်လေးတစ်ယောက်ပင်။ ထိုအချိန်တွင် လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲထည့်ထားပြီး ခွက်အရှည်ကို လက်ဖြင့်လှည့်နေကာ လီချိန်ရှို့လာသည်ကို မြင်သည်နှင့် သူ့အား ပြုံးပြကာ ခွက်မြောက်ပြသည်။
လီချိန်ရှို့၏မျက်နှာ ပူနွေးလာသလိုခံစားရသည်။ သူ့အထင် ရှောက်ချွင်သည် တီဗွီမှ မင်းသားများထက်ပင် ချောသည်။ ဘာအဝတ်အစားပဲဝတ်ထားထား မော်ဒယ်တစ်ယောက်နှယ်။
သူငယ်စဉ်က အမြဲလို ရှောက်ချွင်၏မျက်နှာကို ငေးမောကြည့်နေဖူးတာကို မှတ်မိသည်။ ယောက်ျားလေးအတန်းဖော်များ ဘယ်မိန်းကလေးကလှကြောင်း ဆွေးနွေးကြသည်ကို သူစိတ်မဝင်စား။ သို့သော် မိန်းကလေးတစ်ယောက်ကများ ရှောက်ချွင်ကဘယ်လိုချောတာဟု ပြောလိုက်လျှင် သူကနားစွင့်တတ်၏။ သူက လက်စသတ်တော့ မွေးကတည်းက လိင်တူသဘောကျသူပါလား။ ထိုစဉ်အခါက သူ့အား မှားယွင်းအပြစ်တင်မည့်သူမရှိခဲ့။
ရှောက်ချွင်က ပြုံးပြီးပြောသည်။
"အလုပ်ပြီးပြီလား...ပင်ပန်းနေပြီလား...မင်းကို ကြည့်ရတာ ပင်ပန်းနေပြီ"
လီချိန်ရှို့သည် ဦးထုပ်ကြောင့် ပိပြားသွားသောဆံပင်များကို ဆွဲရင်း
"ဘာမှမဖြစ်ပါဘူး"
ရှောက်ချွင်က သူ့အနားကပ်ပြီး မျက်မှောင်ကြုံ့ကာ
"မင်းကိုယ်ပေါ်က ဆီနဲ့မီးခိုးနံ့တွေချည်းပဲ။ ရေမြန်မြန်သွားချိုးလိုက်။ အဝတ်အစားကို ကိုယ် စီစဉ်ပေးထားတယ်"
"အာ...ဘာလုပ်ဖို့လဲ"
"မင်းနဲ့အတူ Party ကို ဆင်နွှဲဖို့ပေါ့"
လီချိန်ရှို့ ထိတ်လန့်စွာ သူ့အားကြည့်သည်။
"ငါ ငါ မဖြစ်ဘူး"
"မင်း စိတ်မလှုပ်ရှားနဲ့။ ဒါက ပုံမှန် လစုပွဲလေးပဲလေ။ သာမန် လူမှုရေးလှုပ်ရှားမှုတစ်ခုပဲ။ ဘာကြောက်တာလဲ"
လီချိန်ရှို့ လက်ခါပြသည်။
"မဖြစ်ဘူး။ ငါ...စကား...မပြောတတ်ဘူး"
လီချိန်ရှို့ ဘယ်လိုပဲငြင်းငြင်း ရှောက်ချွင်က သူ့ကို အတင်းဆင်နွှဲခိုင်းသည်။ ချော့မော့ကာ ရေချိုးခန်းထဲထိပင် တွန်းပို့ခဲ့ပြီး
"ကိုယ်မိနစ်နှစ်ဆယ်ကြာပြီးရင် မင်းကိုလာရှာမယ်။ မြန်မြန်ချိုးနော်"
လီချိန်ရှို့မှာ မတတ်သာပဲ ရေအမြန်ချိုးကာ ကုတင်ပေါ်မှ အဝတ်အစားများအား ဝတ်ဆင်လိုက်ရသည်။
ရှောက်ချွင်ဝင်လာချိန်တွင် လီချိန်ရှို့က စိုစွတ်နေသောဆံပင်များနှင့် dryer အား ဘယ်ကြည့်လိုက် ညာကြည့်လိုက် စူးစမ်းနေကာ အဖွင့်အပိတ်ခလုတ်ကို ရှာမတွေ့ဖြစ်နေသည်။
ရှောက်ချွင်က ရယ်လိုက်သည်။
"အဖွင့်အပိတ်က နံရံပေါ်မှာ"
သူက ကူညီဖွင့်ပေးလိုက်ပြီး သူ့လက်ထဲမှ dryer ကို လှမ်းယူလိုက်ကာ သူ့ကိုယ်နောက်မှ မှုတ်ပေးသည်။
လူမှာအဝတ် တောင်းမှာအကွပ်ဆိုတာ အမှန်ပေ။
လီချိန်ရှို့သည် ပန်းရောင်ဖျော့ဖျော့ အပြာရောင်ကော်လာနှင့် ပိုလိုရှပ်ကို ဝတ်ဆင်ထားကာ အရောင်ဖျော့က သူ့ရုပ်ရည်ကို ပိုကြည်သန့်သွားစေပြီး လူကလည်း အတော်လေး လန်းဆန်းနေသယောင်။
လီချိန်ရှို့သည် မှန်ထဲမှ ရှောက်ချွင်၏ တောက်လောင်နေသောအကြည့်များကို အနေခက်စွာ ရှောင်ပုန်းနေပြီး အကြည့်ကို ဘယ်နားထားရမှန်းမသိဖြစ်နေသည်။
Dryer ကို ချထားလိုက်ပြီး ရှောက်ချွင်က သူ့ဆံပင်များကို လက်ချောင်းများဖြင့် သပ်ဖြီးပေးလိုက်ကာ အီစီကလီရယ်လိုက်ပြီး
"ပေါင်ပေ့လေး က ဒီလိုဝတ်လိုက်တော့ အရမ်းကြည့်ကောင်းနေတာကွာ။ ကိုယ်တောင် အပြင်ခေါ်ထုတ်သွားရမှာ နှမြောနေပြီ"
လီချိန်ရှို့မျက်နှာအနီရောင်သန်းသွားပြီး ရှက်ရွံ့စွာ ရယ်ပြသည်။
ဒီလိုရှက်ရိပ်သန်းသည့်အပြုံးက ဘာနဲ့မှမယှဉ်နိုင်အောင် လူကိုဆွဲဆောင်၏။ ရှောက်ချွင် တစ်ကိုယ်လုံး ပူလောင်ပွက်လာသလို ခံစားရသည်။ သူခေါင်းငုံ့လိုက်ပြီး လီချိန်ရှို့၏နားရွက်ဖျားကို လျက်လိုက်သည်။ မျက်လုံးက မှန်ထဲ စိက်ကြည့်နေပြီး လီချိန်ရှို့၏ မျက်ဝန်းများနှင့် အကြည့်ချင်းဆုံနေသည်။
လီချိန်ရှို့ အရှက်သည်းစွာ ခေါင်းကို လှည့်ပြီးရှောင်ပုန်းချင်သည်။
ရှောက်ချွင်က အနောက်ကနေ ဖက်တွယ်လိုက်ကာ လျှာက သူ့နားတစ်လျှောက် ခပ်စိပ်စိပ် တို့ထိနေသည်။
"...ယားတယ်..."
ရှောက်ချွင်က သူ့နားနား နှစ်ချက်မျှရယ်လိုက်ပြီး သူ့မျက်နှာအား နမ်းရှုံ့လိုက်သည်။ ပြီးမှ သူ့ကို လွတ်ပေး၏။
"သွားစို့ ကိုယ်တို့ထွက်ရအောင်။ ခဏနေ အံ့ဩစရာလေး ရှိတယ်"
"ဘာ အံ့ဩစရာလဲ"
ရှောက်ချွင်က မျက်လုံးမှိတ်ပြလိုက်ပြီး
"မင်းလေး ခဏနေကျသိမှာပေါ့"
လီချိန်ရှို့ စိတ်မတင်မကျနှင့် သူ့နောက်လိုက်ခဲ့သည်။ သူဒီနေ့ မီးဖိုချောင်ကလူတွေ စကားပြောကြတာ ကြားခဲ့သည်။ လာတဲ့သူတွေက ကျူးစန်းကျောင်နှင့် တစ်ခြား ဟောင်ကောင်ဘက်မှ စီးပွားရေးလုပ်ငန်းရှင် လူငယ် VIP တွေဖြစ်ပြီး အယောက်တိုင်းက အလွန်တော်ကြသူများဖြစ်သည်။
ရှောက်ချွင်က သူ့အား ပထမထပ်သို့ ခေါ်ဆင်းလာသည်။ ဆူညံသံများနှင့် ရောနှောနေသော ဂီတသံက ပျံ့လွင့်လာသည်။
လီချိန်ရှို့သည် ခန်းမထဲမှလူအစုအစုကိုကြည့်ရင်း ကြောက်ပြီးငေးနေမိသည်။
သူ့အထင် အားလုံးက တော်ကြထက်မြက်ကြသူများမို့ အားလုံးက သပ်ရပ်နေကြမည်ဟုထင်နေကာ ဒီလိုရောထွေးရှုပ်ပွေနေကြလိမ့်မည်ဟု မထင်မိခဲ့။
ရှောက်ချွင်က သူ့အားကြည့်လိုက်ပြီး နားနားကပ်ပြောသည်။
"ဒီ Party က အလုံပိတ်ထားတာ။ လာတဲ့သူတွေက ရင်းနှီးတဲ့သူတွေချည်းပဲ။ အားလုံးက ပွင့်လင်းတယ်။ မင်းလဲ လွတ်လွတ်လပ်လပ်နေ။ စိတ်မလှုပ်ရှားနဲ့"
လီချိန်ရှို့သည် သူတို့ကြား စားပွဲဝိုင်းတစ်ခုမှာဝိုင်းဖွဲ့နေသော လူစုကိုညွှန်ပြလိုက်ရင်း
''သူတို့ ဘာလုပ်နေကြတာလဲ''
"ကစားနေကြတာလေ"
ရှောက်ချွင်က သူ့ကိုဆွဲကာ အနားသို့ သွားပြသည်။ထိုမှသာ လီချိန်ရှို့က အမေရိကန်စတိုင် လှည့်လို့ရသည့် စားပွဲမှန်း မြင်ရတော့သည်။ စားပွဲဝိုင်းပတ်လည်တွင် လှသည်ဟုယူဆရမည့် မိန်းကလေးများ ဝိုင်းနေကာ နွဲ့နွဲ့နှောင်းနှောင်းနှင့် ဧည့်သည်များအား အရက်ငှဲ့ပေးနေသည်။
"ဒါ...."
လီချိန်ရှို့ အသံတိုးတိုးနှင့်
"လောင်းကစားဝိုင်း"
ရှောက်ချွင်က တဟေးဟေးရယ်သည်။
"မင်းဒါတော့ သိသားပဲ။ မဆိုးဘူး။ စိတ်ချ။ ပင်လယ်ထဲစထွက်လာပြီဆိုတော့ ဒါမှမရှိရင် ပျော်စရာဘယ်ရှိမလဲ"
သူသည် မျက်စိရှေ့မှ ရူးသွပ်ဆူညံနေသော လူစုကြီးကို အားရစွာ ကြည့်နေသည်။ ဒီလူတွေကသာမန်ဆို တည်ငြိမ်ခန့်ညားဟန်နှင့် တစ်ယောက်ထက်တစ်ယောက် အပြိုင် ဟန်ဆောင်ချုပ်တည်းထားကြရသည်။ ဒီနေ့ အရက်၏လှုံ့ဆော်မှုကြောင့် ထပ်ပြီး ဟန်ဆောင်ချုပ်တည်းနိုင်သူ သိပ်မရှိတော့။ တစ်ယောက်ပြီးတစ်ယောက် တကယ့်မျက်နှာအစစ်အမှန်များ ပေါ်ထွက်လာကြသည်။ သူလိုချင်တာ ဒီရလဒ်ပင်ဖြစ်သည်။ မနက်ဖြန် သူတို့ နိုးထလာသောအခါ ဒီနေ့ရဲ့ရူးသွပ်မူးယစ်မှုအတွက် နောင်တရကြမည်။ သို့သော် သူတို့ကြားက ဆက်ဆံရေးကို ပုံစံမပေါ်ဘဲ နီးကပ်သွားစေမည်။
လီချိန်ရှို့က ရှောက်ချွင်၏ကမ္ဘာကို နားမလည်ချေ။ ထို့ကြောင့်ဘာမှသိပ်မပြော။ သို့သော် ဒီအရာအားလုံးက သူတို့ကြားက ကွာခြားမှုက ဘယ်လောက်ကြီးမားသလဲ ဖော်ပြနေသည်။
လူတစ်ချို့က ရှောက်ချွင်ကိုမြင်သည်နှင့် အပြေးအလွှား လာနှုတ်ဆက်ကြသည်။ ရှောက်ချွင်ကလည်း တစ်ယောက်ချင်းစီကို တုံ့ပြန်သည်။ သို့သော် သူတို့က ဘေးနားမှလီချိန်ရှို့အားမေးသည့်အခါ ရှောက်ချွင်က သူတို့နှစ်ယောက်ကြားက ရင်းနှီးသည့်အခြေအနေကို ချက်ချင်းပြင်လိုက်ကာ အပေါ်ယံသာသာ "ဩော ဒါက ငါ့သူငယ်ချင်း" ဟုသာ ဖြေသည်။ လုံးဝကို မိတ်ဆက်ပေးလိုသည့် သဘောမရှိချေ။
သူတို့ကလည်း ဒီပုံစံကိုမြင်သည်နှင့် လီချိန်ရှို့က ဘာမှအရေးမပါအရာမရောက်သည့်လူမှန်း နားလည်သည်။ လီချိန်ရှို့ကတော့ မသင့်တော်တာမျိုးမခံစားရဘဲ အယောက်တိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ရှာသည်။
စကားစမြည်ပြောနေစဉ် သူတို့နောက်မှ ရုတ်တရက် အသံကျယ်နှင့်ခေါ်တာကိုကြားရသည်။
"ရှောက်ချွင်"
ရှောက်ချွင်နှင့်လီချိန်ရှို့ တစ်ပြိုင်တည်း အနောက်လှည့်ကြည့်ရာ လှေကားမှဆင်းလာသည့် ယောက်ျားသုံးယောက်ကို မြင်ရသည်။ အဝတ်အစားအရဖြစ်စေ ရုပ်ရည်အရဖြစ်စေ လူအများကြား ထင်းနေကြ၏။
ရှောက်ချွင်ကရယ်ရင်း နှုတ်ဆက်လိုက်သည်။
"ငါမင်းတို့ကိုတောင် လိုက်ရှာနေသေးတယ်။ ဘယ်ရောက်နေကြတာလဲ"
လီချိန်ရှို့၏မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။
-------------------------------------------------------------------------------------------------------------------------
[Zawgyi]
ထိုေန႔က ေရွာက္ခြၽင္ အၾကာႀကီးေနမသြားပါ။ သူ႔ကိုဖက္ကာ စကားခဏေျပာၿပီးတာႏွင့္ ျပန္သြားသည္။
မ်က္စိတစ္မွိတ္တြင္းမွာပင္ ညစာစားပြဲေန႔က ေရာက္လာခဲ့သည္။
လီခ်ိန္ရႈိ႕ မနက္ေလးနာရီကတည္းက အိပ္ယာထျဖစ္သည္။ ေရွာက္ခြၽင္ကေတာ့ ထိုအခ်ိန္ အိပ္ယာမထေသး။ သို႔ေသာ္ ဒ႐ိုင္ဘာလႊတ္၍ သူ႔အားလာႀကိဳေစကာ ရွိန္းက်န႔္ဆိပ္ကမ္းသို႔ လိုက္ပို႔ေစသည္။ အစီအစဥ္က ရွိန္းက်န႔္ဆိပ္ကမ္းမွ ေဟာင္ေကာင္သို႔ ထြက္ခြာမည္ျဖစ္သည္။
သူရွိန္းက်န႔္ဆိပ္ကမ္းသို႔ေရာက္စဥ္တြင္ ေျခာက္နာရီရွိေနၿပီျဖစ္ၿပီး မိုးလင္းေနေလၿပီ။
ကားကို ေရယာဥ္အနားရပ္ထားခဲ့ရသည္။ သူ႔အား သေဘၤာေပၚမွလာႀကိဳသူရွိၿပီး တစ္ျခား အလုပ္သမားေတြလဲ အလွ်ိဳအလွ်ိဳ ေရာက္လာၾကၿပီျဖစ္သည္။
မ်က္စိေရွ႕တြင္ အျဖဴေရာင္သေဘၤာမ်ား ဆိပ္ကမ္းတြင္တန္းစီေနကာ ေဝ့ဝဲၾကည့္လိုက္႐ုံႏွင့္ ရွိန္ေလာက္စရာျဖစ္ေနသည္။
တာဝန္ရွိသူက သူတို႔အား လမ္းျပေပးကာ ခမ္းနားေသာသုံးထပ္သေဘၤာေရွ႕တြင္ ရပ္လိုက္သည္။ ေဘးတိုက္အလ်ားက မီတာသုံးဆယ္ေက်ာ္ေလာက္မည္။ လီခ်ိန္ရႈိ႕သည္ မ်က္စိေရွ႕မွ ျဖဴေဖြးႀကီးမားေသာယာဥ္ကိုၾကည့္ရင္း တေမာ့တေမာျဖစ္ေနမိသည္။
တာဝန္ရွိသူက ဂုဏ္ယူလိုဟန္ျဖင့္ ရွင္းျပသည္။
"ဒီသေဘၤာက လူေလးငါးဆယ္ဆန႔္ပါတယ္။ ျပည္တြင္းမွာေတာ့ ဒီေလာက္တင္ႏိုင္တဲ့ အေပ်ာ္တမ္းသေဘၤာမ်ိဳးကရွားတယ္"
ပတ္ဝန္းက်င္မွ လူမ်ားအားလုံးက ေငးေမာအားက်ၾက႐ုံသာ။
လီခ်ိန္ရႈိ႕သည္ သူတို႔ေနာက္လိုက္ၿပီး သေဘၤာေပၚတက္လိုက္သည္။
ေရွာက္ခြၽင္က သူ႔ကိုေျပာဖူးသည္။ လာမည့္သူမ်ားအားလုံးက အေရးႀကီးဧည့္သည္ေတြခ်ည္းပဲျဖစ္ၿပီး အရာအားလုံး သန္႔ရွင္းေကာင္းမြန္ရမည္တဲ့။
လူေလးဆယ္ေက်ာ္အတြက္ ဟင္းပြဲျပင္ဆင္ဖို႔ဆိုတာက ၿပီးျပည့္စုံဖို႔လဲလိုသလို သန႔္ရွင္းေရးကအစ အကုန္အလုပ္ရႈပ္ရသည္။ သူတို႔မွာ အေပ်ာ္စီးသေဘၤာေပၚ လိုက္စပ္စုေနဖို႔အခ်ိန္မရွိ၊ ခ်က္ခ်င္း မီးဖိုေခ်ာင္ဝင္ၿပီး လုံးပမ္းရေတာ့သည္။
စတင္အလုပ္လုပ္လိုက္သည္ႏွင့္ အခ်ိန္ကလဲအကုန္ျမန္သည္။ တစ္ခဏႏွင့္ပင္ ညေနခင္းေရာက္သြားေတာ့သည္။ သေဘၤာ ဘယ္အခ်ိန္ကစထြက္ခဲ့သည္လဲ သတိမထားမိေတာ့။
သူ ေန႔လည္စာစားခ်ိန္မွလြဲ ခဏေလးေတာင္ အနားမယူခဲ့။ ခက္ခက္ခဲခဲ ျပင္ဆင္သင့္တာေတြလဲ ျပင္ဆင္ၿပီးၿပီ။ အေပၚယံအဆာပလာေလာက္သာလိုေတာ့သည့္အခါမွ လီခ်ိန္ရႈိ႕မွာ ကုန္းပတ္ေပၚမွာ ေလဝဝရႈဖို႔ အားေတာ့သည္။
ခဏရပ္႐ုံရွိေသး လူတစ္ေယာက္က လာေခၚသည္။
"ဆရာေလးေရွာင္လီ။ အလုပ္လုပ္လို႔ၿပီးၿပီလား။ ၿပီးရင္ ဒုတိယထပ္ကို သြားေပးပါ။ သူေဌးက ခင္ဗ်ားကိုေစာင့္ေနတယ္"
''ေဩာ ေကာင္းပါၿပီ"
လီခ်ိန္ရႈိ႕တက္လာခ်ိန္တြင္ ေရွာက္ခြၽင္က သေဘၤာလက္ရန္းနား မွီရပ္ေနကာ ေလညႇင္းခံေနသည္။
"ေရွာက္ခြၽင္"
ေရွာက္ခြၽင္က ေခါင္းကိုလွည့္ၿပီး သူ႔အားျမင္လွ်င္ ၿပဳံးျပသည္။
"ခ်ိန္ရႈိ႕...လာ "
လီခ်ိန္ရႈိ႕ ေလွ်ာက္သြားလိုက္သည္။ သူ႔အနားေရာက္သြားတာႏွင့္ ေရွာက္ခြၽင္က သာမန္အျပဳအမူလို သူ႔ခႏၶာကိုယ္ကို ရင္ခြင္ထဲဆြဲသြင္းလိုက္ကာ လက္ရန္းႏွင့္သူ႔ကိုယ္ၾကား ပိတ္ထားလိုက္သည္။
လီခ်ိန္ရႈိ႕က မလြတ္မလပ္ျဖစ္ေသာေၾကာင့္ ဘယ္ၾကည့္ညာၾကည့္ႏွင့္ သူ႔အား တြန္းထုတ္ခ်င္ေနသည္။
"ကိစၥမရွိပါဘူး။ ဘယ္သူမွ မရွိဘူး။ တကယ္လို႔ရွိတယ္ဆိုရင္ေတာင္ ဒီသေဘၤာက ကိုယ္ပိုင္တဲ့အရာပဲေလ"
ေရွာက္ခြၽင္က ႏႈတ္ခမ္းကိုတြန႔္ခ်ိဳးကာ အီစီကလီ႐ုပ္ႏွင့္
"မင္းကလဲ ကိုယ္ပိုင္တဲ့အရာပဲေလ"
လီခ်ိန္ရႈိ႕ အားနာစြာ ေက်ာေပးလွည့္လိုက္သည္။ သူ႔စိတ္ထဲ သံသယအနည္းငယ္ရွိေနသည္။ ေရွာက္ခြၽင္က ဘာသိဘာသာႏွင့္ သူတို႔ ဒီလိုအေျခအေနေရာက္ေနၿပီဟု ယူဆထားပုံရသည္။ သို႔ေသာ္ သူတို႔ကတကယ္ပဲ ခ်စ္ေနၾကၿပီလား။ သူ႔စိတ္ထဲ ဘာလို႔ ဒီလိုအဆင့္ထိမေရာက္ေသးသလို ခံစားေနရတာလဲ။ ေရွာက္ခြၽင္၏အျပဳအမူမ်ားက သဘာဝက်က်ပင္ျဖစ္သည္။ သူကိုယ္တိုင္ပင္ ထိုေန႔ညက ေရွာက္ခြၽင္ႏွင့္ဆက္ဆံေရးကို အတည္ျပဳၿပီးၿပီလားဟု မိမိကိုယ္ကို သံသယဝင္မိသည္အထိ။
သို႔ေသာ္ စကားအရေျပာရလွ်င္ သူလဲပဲ ေရွာက္ခြၽင္ႏွင့္ ဖက္ၿပီးၿပီ။ နမ္းၿပီးၿပီ။ အကယ္၍ ဝန္မခံဘူးဆိုလွ်င္ေတာင္ အဲ့လိုသေဘာသက္ေရာက္ေနၿပီးၿပီပဲ။ သူ႔ဘာသာ အေတြးမ်ားေနသည္။
လီခ်ိန္ရႈိ႕ ေတြေဝရင္း မလြတ္လပ္သလိုပင္ခံစားရကာ ေရွာက္ခြၽင္၏ရင္ခြင္ထဲ မွီတြယ္ရင္း ႏႈတ္ဆိတ္ေနမိသည္။
ေရွာက္ခြၽင္က သူ၏တုန႔္ျပန္မႈကိုျမင္လွ်င္ အလြန္ဝမ္းသာေနသည္။ ႏႈတ္ခမ္းက သူ႔နား႐ြက္ဖ်ားနား မထိတထိႏွင့္ ရင္းႏွီးစြာစကားဆိုသည္။
"ခ်ိန္ရႈိ႕ ပင္ပန္းေနၿပီလား... ကိုယ္ေတာင္အခုမွသေဘၤာေပၚတက္လာတာ။ မင္းကျဖင့္ အေစာႀကီးထလာခဲ့ရတာ"
"မပင္ပန္းပါဘူး။ အေစာႀကီး...ျပင္ဆင္ရမွာ"
"ဒီေန႔အလုပ္ရႈပ္ၿပီးရင္ သုံးေလးရက္ေလာက္ေတာ့နားပါဦး"
"သဘက္ခါ...အလုပ္တက္ရမယ္"
"ကိုယ တာဝန္ယူတယ္။ သုံးေလးရက္ေလာက္ပိုနားပါကြာ။ မင္းတို႔သူေဌးက ဒီေလာက္ေတာ့ မ်က္ႏွာသာေပးမွာပါ"
လီခ်ိန္ရႈိ႕ ေခါင္းညိတ္သည္။ သုံးေလးရက္ေလာက ပိုနားရတာလဲ ေကာင္းတဲ့ကိစၥပါပဲ။ အဓိကက လစာလဲမျဖတ္ဘူးဆိုေတာ့ သူလဲအပ်င္းတစ္ခ်င္မိသည္။
"ခ်ိန္ရႈိ႕ ဒီသေဘၤာကလွလား"
"အရမ္းလွတယ္"
"ေငြေရးေၾကးေရးၾကပ္တည္းေနတဲ့အခ်ိန္တုန္းက ကိုယ္ ကံဆိုးတဲ့အားစန္းလက္ထဲက ဝယ္ခဲ့တာ။ ေဟး...အဲ့ အားစန္းေလ ကိုယ္ေဈးႏွိမ္လြန္းလို႔ ငိုေတာင္ငိုေတာ့မဲ့ပုံနဲ႔"
လီခ်ိန္ရႈိ႕ကပါ လိုက္ရယ္သည္။
"ဒါေပမဲ့ အေပ်ာ္စီးသေဘၤာေလာက္က ဘာမွမဟုတ္ဘူး။ ေနာက္ ကိုယ္ပိုက္ဆံပိုရွိရင္ သေဘၤာအႀကီးႀကီးဝယ္ပစ္မွာ"
ေရွာက္ခြၽင္သည္ ဒီႏွစ္မွႏွစ္ဆယ့္ေျခာက္ႏွစ္၊ ငယ္႐ြယ္သန္စြမ္းေသးသည္။ ေမြးဖြားလာကတည္းက ယခုအခ်ိန္ထိ အရာရာအဆင္ေျပေခ်ာေမြ႕ခဲ့သည္။ အျပင္လူတစ္ေယာက္အေပၚ ရင့္က်က္ေမာက္မာသည့္အျပဳအမူမ်ိဳးႏွင့္ဆိုေပမဲ့ မိမိအေပၚတြင္ေတာ့ သစ္ဆန္းေဖာ္ေ႐ြသည့္ ကမာၻေလာကႀကီးအား မျမင္ဖူးသည့္ကေလးတစ္ေယာက္လိုပင္။ ေမာ္ႂကြားခ်င္ပါက ေလသံထဲက ကိုယ့္ကိုယ္ကို အထင္ႀကီးသည့္အရိပ္ကို ဖုံးကြယ္စရာမလို။
လီခ်ိန္ရႈိ႕ ၾကားလွ်င္ ရယ္ရင္း ေခါင္းညိတ္သည္။ ေရွာက္ခြၽင္က အလြန္ေတာ္သည္ဟုလဲ ခံစားမိ၏။ ေရွာက္ခြၽင္လိုလူမ်ိဳးက ဘယ္လိုလုပ္ သူ႔လိုလူကိုမ်က္စိက်ရသလဲဟု သံသယေတြးကို မတားလိုက္ႏိုင္။
ေရွာက္ခြၽင္သည္ လီခ်ိန္ရႈိ႕မ်က္ဝန္းထဲမွ ေလးစားအားက်သည့္ပုံရိပ္ကိုျမင္လွ်င္ တစ္ကိုယ္လုံး ပ်ံ႕ႏွံ႔လာသည့္ သက္ေတာင့္သက္တာစိတ္ကို ေဖာ္ျပ၍ပင္မရႏိုင္။ ဒါက သူ႔အား ေျမႇာက္ပင့္ေျပာဆိုေပးတာထက္ေတာင္ သူ႔ကို ေပ်ာ္႐ႊင္ၾကည္ႏူးေစသည္။
ေရွာက္ခြၽင္ ႏွလုံးသားထဲ ကလိကလိျဖစ္လာရၿပီး လီခ်ိန္ရႈိ႕ကို သေဘၤာဝမ္းထဲ ျပန္ဆြဲေခၚရင္း
"လာ...အထဲဝင္ၿပီး ခဏထိုင္ဦး။ အျပင္မွာ ေလတိုက္တယ္။ အၾကာႀကီး ထြက္ေနလို႔မျဖစ္ဘူး"
ႏွစ္ေယာက္သား သေဘၤာေပၚရွိအခန္းေလးထဲ ဝင္လိုက္ၾကသည္။ အတြင္းထဲမွ အျပင္အဆင္က သားနားလြန္းေနၿပီး သိပ္မက်ယ္ေသာ္လည္း ရွိသင့္သည့္ပရိေဘာဂေတြ အကုန္ရွိသည္။
အခန္းထဲဝင္လိုက္တာႏွင့္ ေရွာက္ခြၽင္က တံခါးကိုေလာ့ခ်လိုက္သည္။ ထို႔ေနာက္ လီခ်ိန္ရႈိ႕ကို နံရံဆီ တြန္းကပ္လိုက္ၿပီး ခ်က္ခ်င္း သူ႔ႏႈတ္ခမ္းကို ပိတ္ထားလိုက္သည္။
လီခ်ိန္ရႈိ႕သည္ ထိတ္လန႔္သြားၿပီး မ်က္လုံးျပဴးမ်က္ဆံျပဴးႏွင့္ သူနမ္းတာကို ခံေနရသည္။
ေရွာက္ခြၽင္သည္ သူ႔ခါးကို သူ၏ဝမ္းဗိုက္ႂကြက္သားရွိရာသို႔ ဆြဲကပ္လိုက္ၿပီး က်န္လက္တစ္ဖက္က သူ႔ေခါင္းအေနာက္ကို ထိန္းကိုင္ထားကာ သူ႔ႏႈတ္ခမ္းမ်ားကို မ်ိဳခ်ေတာ့မတတ္ စုပ္ယူေနသည္။ သူ၏ ခႏၶာကိုယ္မွာ မရပ္မနားဖိထားခံရၿပီး အနမ္းေတြက ပိုပိုၿပီးေလးလံလာသည္။ တက္ႂကြေနေသာ လွ်ာဖ်ားက အခြင့္အေရးရသေလာက္ အမိအရဝင္ေရာက္လာၿပီး လီခ်ိန္ရႈိ႕၏ခံတြင္းအတြင္းတစ္ခုလုံး အရသာခံေနကာ သူ႔သြားခြၽန္ေလးမ်ားကိုပါထိေတြ႕ခဲ့ၿပီး အဆုံးမွာ သူ႔လွ်ာေခ်ာေခ်ာကို တြယ္ကပ္ေနသည္။
လီခ်ိန္ရႈိ႕သည္ ၾကမ္းတမ္းေသာအနမ္းေၾကာင့္ ေအာက္ဆီဂ်င္ပင္ျပတ္လပ္ေတာ့မလို ေျခလက္မ်ားပါ ေပ်ာ့က်လာသည္။ တစ္ကိုယ္လုံးက ေရွာက္ခြၽင္ကိုယ္ေပၚ မွီတြယ္ထားေနရသလိုျဖစ္ေနကာ ၾကည္လင္ေသာအရည္လဲ့လဲ့က ႏႈတ္ခမ္းပါးတြင္ ကပ္တင္က်န္ေနရစ္၏။
သူ ေလဟာနယ္ထဲတြဲလဲျဖစ္ေနသလိုခံစားေနရၿပီး ရွိသမွ်အားအင္တို႔ႏွင့္ ေရွာက္ခြၽင္အား တြန္းထုတ္ေနရသည္။
ေရွာက္ခြၽင္သည္ သူ႔ကိုယ္သူပင္ေမ့ေနသည္အထိနစ္ေမ်ာေနကာ လီခ်ိန္ရႈိ႕တြန္းထုတ္မွ အသိဝင္လာရၿပီး ႏွေျမာတသႏွင့္လြတ္ေပးလိုက္ရသည္။
ႏွစ္ေယာက္သား အသက္လုရႉေနရင္း ႏွာေခါင္းထိပ္ခ်င္းေတ့ကပ္ထားက မ်က္ဝန္းတို႔က အခ်င္းခ်င္း ၾကည့္ေနၾကသည္။
ေရွာက္ခြၽင္သည္ သူအသက္ရႉသံ တည္ၿငိမ္သည္အထိေစာင့္ၿပီး ထပ္အနားကပ္ကာ အနမ္းေပးျပန္သည္။ ဒီတစ္ေခါက္ေတာ့ အဲ့ေလာက္ မေလာေတာ့။ တက္ႂကြမႈမ်ားၾကား အေႏြးဓာတ္ေလးပါ ပါဝင္လာသည္။ လက္တစ္ဖက္က တိတ္တိတ္ေလး သူ႔အဝတ္ေအာက္ လွ်ိဳဝင္သြားကာ သူ၏ေခ်ာေမြ႕ေျပျပစ္ေသာခါးေလးကို ပြတ္သပ္ေနသည္။
လီခ်ိန္ရႈိ႕သည္ ဤျပင္းျပေသာအေငြ႕အသက္မ်ားၾကား ေဖ်ာ့ေတာ့ေနၿပီး လုံးဝသတိမမူမိခဲ့။ ေရွာက္ခြၽင္၏အနမ္းကို လက္ခံသည္ဟုဆိုေသာ္လည္း မည္သို႔မည္ပုံတုန႔္ျပန္ရမလဲ သူမသိေခ်။ သို႔ေသာ္ ဤခ်ိဳၿမိန္ဖြယ္ခံစားခ်က္က သူ႔အား ဦးတည္ရာကိုေဝဝါးသြားေစ၏။
ေရွာက္ခြၽင္က ဘယ္အခ်ိန္က သူ႔ကို ကုတင္ေပၚတြန္းလွဲလိုက္သလဲ မသိေတာ့သည္အထိပင္။ လက္ဖဝါးတစ္ခုလုံးက သူ႔ရင္ဘတ္ဆီေရာက္ေနမွ ႏိုးထအသိဝင္လာရကာ အေျခာက္ခံလိုက္ရေသာ ယုန္ငယ္ေလးလို ထိတ္လန႔္တၾကား ကုန္း႐ုန္းထမိၿပီး ေရွာက္ခြၽင္အား ျပဴးက်ယ္ေသာမ်က္ဝန္းတို႔ႏွင့္ ၾကည့္ေနမိသည္။
ေရွာက္ခြၽင္က စိတ္ကို အတင္းဆြဲဆန႔္လိုက္ၿပီး ႏွစ္သိမ့္သလိုဆိုသည္။
"ခ်ိန္ရႈိ႕ မေၾကာက္ပါနဲ႔။ ကိုယ္တို႔က ေယာက္်ားေတြပဲေလ။ မင္းလဲ လိုအပ္ေနတာပဲမဟုတ္လား။ ကိုယ့္ကိုသာ လႊဲထားလိုက္ပါ။ ဟုတ္ၿပီလား"
ေျပာရင္းႏွင့္ သူ႔အက်ႌကို ခြၽတ္ခ်င္ေနသည္။
လီခ်ိန္ရႈိ႕သည္ ခႏၶာကိုယ္ကို ေကြးေကြးေလး ေနာက္ဆုတ္ေနရင္းမွ ေတာင့္ေတာင့္ႀကီးျဖစ္ေနၿပီး ဘယ္လိုေနေန စိတ္မေလွ်ာ့ႏိုင္ျဖစ္ေနကာ
"ေရွာက္....ခြၽင္...ငါ...ေၾကာက္တယ္"
အကယ္၍ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္သာျဖစ္မေနပါလွ်င္ ေရွာက္ခြၽင္ မ်က္ျဖဴလွန္မိမည္ျဖစ္သည္။ အိပ္ယာေပၚတြင္ ေယာက္်ားတစ္ေယာက္က ခႏၶာကိုယ္ကို မိန္းမလိုမ်ိဳး ေပြ႕ပိုက္ထားၿပီး "ေၾကာက္တယ္"ဟု ေျပာမည္မွန္း သူအိပ္ေနရင္းပင္ အိပ္မက္မမက္ခဲ့ဖူးေခ်။
လီခ်ိန္ရႈိ႕တကယ္ေၾကာက္ေနတာကို သူနားမလည္ပါ။
သားရဲတစ္ေကာင္လို သားေကာင္ကို ခ်က္ခ်င္းတလက္စတည္း မ်ိဳခ်ခ်င္ရေလာက္ေအာင္ထိ မ်က္လုံးထဲ စိတ္ေလာတႀကီး ေမွ်ာ္လင့္ခ်က္ေတြႏွင့္ျပည့္ႏွက္ေနေသာ လက္ရွိမိမိကိုယ္ကိုလဲ နားမလည္ပါ။
သူ႔ေအာက္ဘက္က တကယ္မာလာၿပီျဖစ္ၿပီး ဆက္ၿပီး ေကာင္းခ်င္ေယာင္မေဆာင္ႏိုင္ေတာ့ေခ်။ သူ လီခ်ိန္ရႈိ႕ေနာက္ လႏွင့္ခ်ီၿပီးလိုက္ေနခဲ့ရသည္။ ခက္ခက္ခဲခဲ မိမိလက္သို႔ ဆင္းသက္လာၿပီဆိုေတာ့မွ အႏိုင္ရျခင္းအသီးအပြင့္ကို မေအာင့္အည္းႏိုင္ေလာက္ေအာင္ မျမည္းစမ္းဘဲ ေနႏိုင္ရဲ႕လား။ သူ ဒီေလာက္ စီစဥ္အကြက္ခ်ခဲ့တာ ဒါအတြက္ပဲမဟုတ္ဘူးလား။ လတ္ဆတ္ေသာ အသားက မ်က္စိေရွ႕မွာ။ တြန္းထုတ္ၿပီး ၾကည့္ေနလိုက္ဖို႔ဆိုတာ တစ္ျခားသူဆိုရင္လည္း ေနႏိုင္မည္မထင္။
သို႔ေသာ္ လီခ်ိန္ရႈိ႕၏မ်က္ရည္စမ္းစမ္းႏွင့္ပုံစံကိုၾကည့္လွ်င္ ဒီတစ္ခါအႀကံမေအာင္မွန္း သူသိသည္။
စိတ္ထဲတြင္ စားပြဲပါ ပစ္လွန္ၿပီး စိတ္ဆိုးစိတ္ရႈပ္ရေသာ္လည္း သူအသက္လုၿပီး ခ်ဳပ္ထိန္းထားရသည္။
လီခ်ိန္ရႈိ႕၏မ်က္ႏွာကို ပုတ္ေပးၿပီး သူ႔အား ဆြဲထူကာ မိမိရင္ခြင္တြင္းေပြ႕ဖက္ၿပီး အသံေပ်ာ့ေပ်ာ့ႏွင့္ ေခ်ာ့ေမာ့ရသည္။
"ေကာင္းပါၿပီ။ မေၾကာက္ပါနဲ႔။ မင္းသာ ဆႏၵမရွိရင္ ကိုယ္မင္းကို အတင္းအၾကပ္မခိုင္းပါဘူး။ ကိုယ္ မင္းဆႏၵကိုေလးစားပါ့မယ္"
သူ ပါးစပ္ကေျပာရင္း စိတ္ထဲတြင္ေတာ့ ေျပာင္းျပန္ စိတ္ရႈပ္ေန၏။ သူ၏အေတြ႕အႀကဳံအရ ဒါမွမဟုတ္ ေယာက္်ားတစ္ေယာက္၏အေတြ႕အႀကဳံအရ ဒီစကားဆယ္ခြန္းမွာ ရွစ္ခြန္းေလာက္က မိန္းကေလးမ်ားကို ေျပာရတာမ်ိဳးျဖစ္သည္။ သူ႔စိတ္ထဲ လီခ်ိန္ရႈိ႕ကို ေယာက္်ားလို မျမင္ေပမဲ့ အမွန္တရားကိုေတာ့ မ်က္ကြယ္ျပဳထားလို႔မရေပ။ ေယာက္်ားတစ္ေယာက္ကို သူ႔အေနနဲ႔ ဒီလိုစကားေတြေျပာေနရတာက စိတ္ထဲအစိုင္အခဲျဖစ္ေစသည္။
သူပိုၿပီးမၾကည္ေလ လီခ်ိန္ရႈိ႕ကိုၾကည့္ၿပီး သူ႔စိတ္ထဲၾကည့္မရေလျဖစ္သည္။
ျမႇားက ေလးေပၚမွာ ခ်ိန္႐ြယ္ၿပီးမွ တပ္ျပန္ဆုတ္ရသည့္အျဖစ္မ်ိဳး သူ သခင္ေလးေရွာက္မခံစားခဲ့ရဖူးေခ်။ ဒီတစ္ခါ ပထမဆုံးအေနႏွင့္ အခက္ေတြ႕တာျဖစ္ၿပီး အခက္ေတြ႕လြန္လြန္းေနရသည္။ သူကမွစိတ္မၾကည္ပါဘူးဆိုမွ စိတ္မၾကည္ေအာင္လုပ္သူကို ေခ်ာ့ေမာ့ေနရေသးသည္။ စိတ္ထဲမွ မီးေတာက္ကိုပါ ဖိႏွိပ္ထားရ၏။
ႏွစ္ေယာက္သား ေနာက္ဆုံးေတာ့ မေက်နပ္ခ်က္ကိုယ္စီႏွင့္ ခြဲခြာလ္ိုက္ၾကသည္။
လီခ်ိန္ရႈိ႕က အလုပ္အေၾကာင္းျပကာ မီးဖိုေခ်ာင္သို႔ ေျပးထြက္သြားသည္။
ေရွာက္ခြၽင္တစ္ေယာက္တည္း အိပ္ခန္းထဲ ေဒါသအလုံးအရင္းႏွင့္ က်န္ရစ္ခဲ့သည္။ ဦးေႏွာက္ထဲတြင္ တစ္ျခားလိုအပ္ေနသည့္ အေၾကာင္းမ်ားကို မနည္းအာ႐ုံလႊဲေနရ၏။
လ်င္ျမန္စြာပဲ ေနဝင္သြားသည္။ ထိုအခ်ိန္သည္ မီးဖိုေခ်ာင္၏ အလုပ္အရႈပ္ဆုံးအခ်ိန္ျဖစ္၏။
မီးဖိုေခ်ာင္က နဂိုတည္းက မႀကီးက်ယ္ပါ။ လူဆယ္ေယာက္ေလာက္ တစ္ခါတည္းအတူ အလုပ္လုပ္ေနရေတာ့ အလုပ္မ်ားေသာ္လည္း မရႈပ္ပါ။ လီခ်ိန္ရႈိ႕ ပူေလာင္ေနသည္မွာ တစ္ေခါင္းလုံးေခြၽးမ်ား႐ႊဲေနသည္။ ဦးထုပ္ပင္ ႐ႊဲနစ္ေန၍ ခြၽတ္ထားၿပီး ေနာက္ေက်ာတြင္ ကပ္ထားရသည္။
အလုပ္က ျပင္ဆင္ထားတာအဆင္ေျပ၍ ေတာ္ေသးသည္။ စီစဥ္ထားသမွ် အဆင္ေခ်ာသည္။ လူတိုင္း ဝင္လိုက္ထြက္လိုက္ႏွင့္
သူပင္ အျပင္ဘက္မွ ဂီတသံကိုၾကားေနရသည္။ အျပင္ထြက္မၾကည့္လည္း စည္ကားေနမွန္း သိရ၏။
အလုပ္အားလုံး ၿပီးသြားခ်ိန္ထိေစာင့္ၿပီးမွ လီခ်ိန္ရႈိ႕ ဦးထုပ္ကိုခြၽတ္ၿပီး ကုန္းပတ္ေပၚသို႔ ေလသြားရႉရသည္။
အၾကာႀကီးမရပ္ရေသး ခဏက တာဝန္ရွိသူက သူ႔အား လာေခၚျပန္သည္။
"ဆရာေလးေရွာင္လီ။ သူေဌးက ဒုတိယထပ္မွာ ခင္ဗ်ားကို ေစာင့္ေနပါတယ္။ ေက်းဇူးျပဳၿပီး ခဏေလာက္ သြားေပးပါ"
လီခ်ိန္ရႈိ႕ ေခါင္းညိတ္ျပလိုက္သည္။ ညေနက အေနခက္မႈကို ေတြးမိသြားေသာ္လည္း အားတင္းၿပီးတက္သြားရသည္။
ေရွာက္ခြၽင္က အျဖဴစြတ္စြတ္ သိုးေမြးအက်ႌတစ္ထည္ႏွင့္ အညိဳရင့္ေရာင္ သာမန္ ေဘာင္းဘီတစ္ထည္ကို ဝတ္ဆင္ထားသည္။အက်ႌေကာ္လံ၏ အက်ယ္က သူ၏ သြယ္လ်ေသာလည္တိုင္ႏွင့္ ညႇပ္႐ိုးတို႔ကို ေဖာ္ျပေနသည္။ သူက အရပ္ျမင့္ၿပီး ေျခတံရွည္သည္။ ခႏၶာကိုယ္ကသန္မာၿပီး မ်က္ႏွာက ပိုေတာင္ သန႔္ျပန႔္ေခ်ာေမာေနေသးသည္။ တစ္ကိုယ္လုံးကို ၿခဳံငုံၾကည့္ပါက တည္ၿငိမ္ၿပီးေတာက္ပေသာ အဆင့္အတန္းျမင့္ သခင္ေလးတစ္ေယာက္ပင္။ ထိုအခ်ိန္တြင္ လက္တစ္ဖက္က ေဘာင္းဘီအိတ္ထဲထည့္ထားၿပီး ခြက္အရွည္ကို လက္ျဖင့္လွည့္ေနကာ လီခ်ိန္ရႈိ႕လာသည္ကို ျမင္သည္ႏွင့္ သူ႔အား ၿပဳံးျပကာ ခြက္ေျမာက္ျပသည္။
လီခ်ိန္ရႈိ႕၏မ်က္ႏွာ ပူေႏြးလာသလိုခံစားရသည္။ သူ႔အထင္ ေရွာက္ခြၽင္သည္ တီဗြီမွ မင္းသားမ်ားထက္ပင္ ေခ်ာသည္။ ဘာအဝတ္အစားပဲဝတ္ထားထား ေမာ္ဒယ္တစ္ေယာက္ႏွယ္။
သူငယ္စဥ္က အၿမဲလို ေရွာက္ခြၽင္၏မ်က္ႏွာကို ေငးေမာၾကည့္ေနဖူးတာကို မွတ္မိသည္။ ေယာက္်ားေလးအတန္းေဖာ္မ်ား ဘယ္မိန္းကေလးကလွေၾကာင္း ေဆြးေႏြးၾကသည္ကို သူစိတ္မဝင္စား။ သို႔ေသာ္ မိန္းကေလးတစ္ေယာက္ကမ်ား ေရွာက္ခြၽင္ကဘယ္လိုေခ်ာတာဟု ေျပာလိုက္လွ်င္ သူကနားစြင့္တတ္၏။ သူက လက္စသတ္ေတာ့ ေမြးကတည္းက လိင္တူသေဘာက်သူပါလား။ ထိုစဥ္အခါက သူ႔အား မွားယြင္းအျပစ္တင္မည့္သူမရွိခဲ့။
ေရွာက္ခြၽင္က ၿပဳံးၿပီးေျပာသည္။
"အလုပ္ၿပီးၿပီလား...ပင္ပန္းေနၿပီလား...မင္းကို ၾကည့္ရတာ ပင္ပန္းေနၿပီ"
လီခ်ိန္ရႈိ႕သည္ ဦးထုပ္ေၾကာင့္ ပိျပားသြားေသာဆံပင္မ်ားကို ဆြဲရင္း
"ဘာမွမျဖစ္ပါဘူး"
ေရွာက္ခြၽင္က သူ႔အနားကပ္ၿပီး မ်က္ေမွာင္ႀကဳံ႕ကာ
"မင္းကိုယ္ေပၚက ဆီနဲ႔မီးခိုးနံ႔ေတြခ်ည္းပဲ။ ေရျမန္ျမန္သြားခ်ိဳးလိုက္။ အဝတ္အစားကို ကိုယ္ စီစဥ္ေပးထားတယ္"
"အာ...ဘာလုပ္ဖို႔လဲ"
"မင္းနဲ႔အတူ Party ကို ဆင္ႏႊဲဖို႔ေပါ့"
လီခ်ိန္ရႈိ႕ ထိတ္လန႔္စြာ သူ႔အားၾကည့္သည္။
"ငါ ငါ မျဖစ္ဘူး"
"မင္း စိတ္မလႈပ္ရွားနဲ႔။ ဒါက ပုံမွန္ လစုပြဲေလးပဲေလ။ သာမန္ လူမႈေရးလႈပ္ရွားမႈတစ္ခုပဲ။ ဘာေၾကာက္တာလဲ"
လီခ်ိန္ရႈိ႕ လက္ခါျပသည္။
"မျဖစ္ဘူး။ ငါ...စကား...မေျပာတတ္ဘူး"
လီခ်ိန္ရႈိ႕ ဘယ္လိုပဲျငင္းျငင္း ေရွာက္ခြၽင္က သူ႔ကို အတင္းဆင္ႏႊဲခိုင္းသည္။ ေခ်ာ့ေမာ့ကာ ေရခ်ိဳးခန္းထဲထိပင္ တြန္းပို႔ခဲ့ၿပီး
"ကိုယ္မိနစ္ႏွစ္ဆယ္ၾကာၿပီးရင္ မင္းကိုလာရွာမယ္။ ျမန္ျမန္ခ်ိဳးေနာ္"
လီခ်ိန္ရႈိ႕မွာ မတတ္သာပဲ ေရအျမန္ခ်ိဳးကာ ကုတင္ေပၚမွ အဝတ္အစားမ်ားအား ဝတ္ဆင္လိုက္ရသည္။
ေရွာက္ခြၽင္ဝင္လာခ်ိန္တြင္ လီခ်ိန္ရႈိ႕က စိုစြတ္ေနေသာဆံပင္မ်ားႏွင့္ dryer အား ဘယ္ၾကည့္လိုက္ ညာၾကည့္လိုက္ စူးစမ္းေနကာ အဖြင့္အပိတ္ခလုတ္ကို ရွာမေတြ႕ျဖစ္ေနသည္။
ေရွာက္ခြၽင္က ရယ္လိုက္သည္။
"အဖြင့္အပိတ္က နံရံေပၚမွာ"
သူက ကူညီဖြင့္ေပးလိုက္ၿပီး သူ႔လက္ထဲမွ dryer ကို လွမ္းယူလိုက္ကာ သူ႔ကိုယ္ေနာက္မွ မႈတ္ေပးသည္။
လူမွာအဝတ္ ေတာင္းမွာအကြပ္ဆိုတာ အမွန္ေပ။
လီခ်ိန္ရႈိ႕သည္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ အျပာေရာင္ေကာ္လာႏွင့္ ပိုလိုရွပ္ကို ဝတ္ဆင္ထားကာ အေရာင္ေဖ်ာ့က သူ႔႐ုပ္ရည္ကို ပိုၾကည္သန႔္သြားေစၿပီး လူကလည္း အေတာ္ေလး လန္းဆန္းေနသေယာင္။
လီခ်ိန္ရႈိ႕သည္ မွန္ထဲမွ ေရွာက္ခြၽင္၏ ေတာက္ေလာင္ေနေသာအၾကည့္မ်ားကို အေနခက္စြာ ေရွာင္ပုန္းေနၿပီး အၾကည့္ကို ဘယ္နားထားရမွန္းမသိျဖစ္ေနသည္။
Dryer ကို ခ်ထားလိုက္ၿပီး ေရွာက္ခြၽင္က သူ႔ဆံပင္မ်ားကို လက္ေခ်ာင္းမ်ားျဖင့္ သပ္ၿဖီးေပးလိုက္ကာ အီစီကလီရယ္လိုက္ၿပီး
"ေပါင္ေပ့ေလး က ဒီလိုဝတ္လိုက္ေတာ့ အရမ္းၾကည့္ေကာင္းေနတာကြာ။ ကိုယ္ေတာင္ အျပင္ေခၚထုတ္သြားရမွာ ႏွေျမာေနၿပီ"
လီခ်ိန္ရႈိ႕မ်က္ႏွာအနီေရာင္သန္းသြားၿပီး ရွက္႐ြံ႕စြာ ရယ္ျပသည္။
ဒီလိုရွက္ရိပ္သန္းသည့္အၿပဳံးက ဘာနဲ႔မွမယွဥ္ႏိုင္ေအာင္ လူကိုဆြဲေဆာင္၏။ ေရွာက္ခြၽင္ တစ္ကိုယ္လုံး ပူေလာင္ပြက္လာသလို ခံစားရသည္။ သူေခါင္းငုံ႔လိုက္ၿပီး လီခ်ိန္ရႈိ႕၏နား႐ြက္ဖ်ားကို လ်က္လိုက္သည္။ မ်က္လုံးက မွန္ထဲ စိက္ၾကည့္ေနၿပီး လီခ်ိန္ရႈိ႕၏ မ်က္ဝန္းမ်ားႏွင့္ အၾကည့္ခ်င္းဆုံေနသည္။
လီခ်ိန္ရႈိ႕ အရွက္သည္းစြာ ေခါင္းကို လွည့္ၿပီးေရွာင္ပုန္းခ်င္သည္။
ေရွာက္ခြၽင္က အေနာက္ကေန ဖက္တြယ္လိုက္ကာ လွ်ာက သူ႔နားတစ္ေလွ်ာက္ ခပ္စိပ္စိပ္ တို႔ထိေနသည္။
"...ယားတယ္..."
ေရွာက္ခြၽင္က သူ႔နားနား ႏွစ္ခ်က္မွ်ရယ္လိုက္ၿပီး သူ႔မ်က္ႏွာအား နမ္းရႈံ႕လိုက္သည္။ ၿပီးမွ သူ႔ကို လြတ္ေပး၏။
"သြားစို႔ ကိုယ္တို႔ထြက္ရေအာင္။ ခဏေန အံ့ဩစရာေလး ရွိတယ္"
"ဘာ အံ့ဩစရာလဲ"
ေရွာက္ခြၽင္က မ်က္လုံးမွိတ္ျပလိုက္ၿပီး
"မင္းေလး ခဏေနက်သိမွာေပါ့"
လီခ်ိန္ရႈိ႕ စိတ္မတင္မက်ႏွင့္ သူ႔ေနာက္လိုက္ခဲ့သည္။ သူဒီေန႔ မီးဖိုေခ်ာင္ကလူေတြ စကားေျပာၾကတာ ၾကားခဲ့သည္။ လာတဲ့သူေတြက က်ဴးစန္းေက်ာင္ႏွင့္ တစ္ျခား ေဟာင္ေကာင္ဘက္မွ စီးပြားေရးလုပ္ငန္းရွင္ လူငယ္ VIP ေတြျဖစ္ၿပီး အေယာက္တိုင္းက အလြန္ေတာ္ၾကသူမ်ားျဖစ္သည္။
ေရွာက္ခြၽင္က သူ႔အား ပထမထပ္သို႔ ေခၚဆင္းလာသည္။ ဆူညံသံမ်ားႏွင့္ ေရာေႏွာေနေသာ ဂီတသံက ပ်ံ႕လြင့္လာသည္။
လီခ်ိန္ရႈိ႕သည္ ခန္းမထဲမွလူအစုအစုကိုၾကည့္ရင္း ေၾကာက္ၿပီးေငးေနမိသည္။
သူ႔အထင္ အားလုံးက ေတာ္ၾကထက္ျမက္ၾကသူမ်ားမို႔ အားလုံးက သပ္ရပ္ေနၾကမည္ဟုထင္ေနကာ ဒီလိုေရာေထြးရႈပ္ေပြေနၾကလိမ့္မည္ဟု မထင္မိခဲ့။
ေရွာက္ခြၽင္က သူ႔အားၾကည့္လိုက္ၿပီး နားနားကပ္ေျပာသည္။
"ဒီ Party က အလုံပိတ္ထားတာ။ လာတဲ့သူေတြက ရင္းႏွီးတဲ့သူေတြခ်ည္းပဲ။ အားလုံးက ပြင့္လင္းတယ္။ မင္းလဲ လြတ္လြတ္လပ္လပ္ေန။ စိတ္မလႈပ္ရွားနဲ႔"
လီခ်ိန္ရႈိ႕သည္ သူတို႔ၾကား စားပြဲဝိုင္းတစ္ခုမွာဝိုင္းဖြဲ႕ေနေသာ လူစုကိုၫႊန္ျပလိုက္ရင္း
''သူတို႔ ဘာလုပ္ေနၾကတာလဲ''
"ကစားေနၾကတာေလ"
ေရွာက္ခြၽင္က သူ႔ကိုဆြဲကာ အနားသို႔ သြားျပသည္။ထိုမွသာ လီခ်ိန္ရႈိ႕က အေမရိကန္စတိုင္ လွည့္လို႔ရသည့္ စားပြဲမွန္း ျမင္ရေတာ့သည္။ စားပြဲဝိုင္းပတ္လည္တြင္ လွသည္ဟုယူဆရမည့္ မိန္းကေလးမ်ား ဝိုင္းေနကာ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းႏွင့္ ဧည့္သည္မ်ားအား အရက္ငွဲ႔ေပးေနသည္။
"ဒါ...."
လီခ်ိန္ရႈိ႕ အသံတိုးတိုးႏွင့္
"ေလာင္းကစားဝိုင္း"
ေရွာက္ခြၽင္က တေဟးေဟးရယ္သည္။
"မင္းဒါေတာ့ သိသားပဲ။ မဆိုးဘူး။ စိတ္ခ်။ ပင္လယ္ထဲစထြက္လာၿပီဆိုေတာ့ ဒါမွမရွိရင္ ေပ်ာ္စရာဘယ္ရွိမလဲ"
သူသည္ မ်က္စိေရွ႕မွ ႐ူးသြပ္ဆူညံေနေသာ လူစုႀကီးကို အားရစြာ ၾကည့္ေနသည္။ ဒီလူေတြကသာမန္ဆို တည္ၿငိမ္ခန႔္ညားဟန္ႏွင့္ တစ္ေယာက္ထက္တစ္ေယာက္ အၿပိဳင္ ဟန္ေဆာင္ခ်ဳပ္တည္းထားၾကရသည္။ ဒီေန႔ အရက္၏လႈံ႕ေဆာ္မႈေၾကာင့္ ထပ္ၿပီး ဟန္ေဆာင္ခ်ဳပ္တည္းႏိုင္သူ သိပ္မရွိေတာ့။ တစ္ေယာက္ၿပီးတစ္ေယာက္ တကယ့္မ်က္ႏွာအစစ္အမွန္မ်ား ေပၚထြက္လာၾကသည္။ သူလိုခ်င္တာ ဒီရလဒ္ပင္ျဖစ္သည္။ မနက္ျဖန္ သူတို႔ ႏိုးထလာေသာအခါ ဒီေန႔ရဲ႕႐ူးသြပ္မူးယစ္မႈအတြက္ ေနာင္တရၾကမည္။ သို႔ေသာ္ သူတို႔ၾကားက ဆက္ဆံေရးကို ပုံစံမေပၚဘဲ နီးကပ္သြားေစမည္။
လီခ်ိန္ရႈိ႕က ေရွာက္ခြၽင္၏ကမာၻကို နားမလည္ေခ်။ ထို႔ေၾကာင့္ဘာမွသိပ္မေျပာ။ သို႔ေသာ္ ဒီအရာအားလုံးက သူတို႔ၾကားက ကြာျခားမႈက ဘယ္ေလာက္ႀကီးမားသလဲ ေဖာ္ျပေနသည္။
လူတစ္ခ်ိဳ႕က ေရွာက္ခြၽင္ကိုျမင္သည္ႏွင့္ အေျပးအလႊား လာႏႈတ္ဆက္ၾကသည္။ ေရွာက္ခြၽင္ကလည္း တစ္ေယာက္ခ်င္းစီကို တုံ႔ျပန္သည္။ သို႔ေသာ္ သူတို႔က ေဘးနားမွလီခ်ိန္ရႈိ႕အားေမးသည့္အခါ ေရွာက္ခြၽင္က သူတို႔ႏွစ္ေယာက္ၾကားက ရင္းႏွီးသည့္အေျခအေနကို ခ်က္ခ်င္းျပင္လိုက္ကာ အေပၚယံသာသာ "ေဩာ ဒါက ငါ့သူငယ္ခ်င္း" ဟုသာ ေျဖသည္။ လုံးဝကို မိတ္ဆက္ေပးလိုသည့္ သေဘာမရွိေခ်။
သူတို႔ကလည္း ဒီပုံစံကိုျမင္သည္ႏွင့္ လီခ်ိန္ရႈိ႕က ဘာမွအေရးမပါအရာမေရာက္သည့္လူမွန္း နားလည္သည္။ လီခ်ိန္ရႈိ႕ကေတာ့ မသင့္ေတာ္တာမ်ိဳးမခံစားရဘဲ အေယာက္တိုင္းကို ယဥ္ေက်းစြာ ႏႈတ္ဆက္ရွာသည္။
စကားစျမည္ေျပာေနစဥ္ သူတို႔ေနာက္မွ ႐ုတ္တရက္ အသံက်ယ္ႏွင့္ေခၚတာကိုၾကားရသည္။
"ေရွာက္ခြၽင္"
ေရွာက္ခြၽင္ႏွင့္လီခ်ိန္ရႈိ႕ တစ္ၿပိဳင္တည္း အေနာက္လွည့္ၾကည့္ရာ ေလွကားမွဆင္းလာသည့္ ေယာက္်ားသုံးေယာက္ကို ျမင္ရသည္။ အဝတ္အစားအရျဖစ္ေစ ႐ုပ္ရည္အရျဖစ္ေစ လူအမ်ားၾကား ထင္းေနၾက၏။
ေရွာက္ခြၽင္ကရယ္ရင္း ႏႈတ္ဆက္လိုက္သည္။
"ငါမင္းတို႔ကိုေတာင္ လိုက္ရွာေနေသးတယ္။ ဘယ္ေရာက္ေနၾကတာလဲ"
လီခ်ိန္ရႈိ႕၏မ်က္ႏွာက ခ်က္ခ်င္းပင္ ျဖဴေဖ်ာ့သြားေတာ့သည္။
-------------------------------------------------------------------------------------------------------------------------