ကနွဲ့ကလျ (ဘာသာပြန်)

由 HuliHong

25K 1.7K 62

မူရင်းစာရေးသူ - ရွှေချန်းချိန် 更多

Description
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-15-
-16-
-18-
-19-
-20-
-21-
-22-
-23-
-24-
-25-
-26-
-27-
-28-
-29-
-30-
-31-
-32-
-33-
-34-
-35-
-36-
-37-
-38-
-39-
-40-
-41-
-42-
-43-
-44-
-45-
-46-
-47-
-48-
-49-
-50-
-51-
-52-
-53-
-54-
-55-
-56-
-57-
-58-
-59-
-60-
-61-
-62-
-63-
-64-
-65-
-66-
-67-
-68-
-69-
-70-

-17-

251 19 1
由 HuliHong

[Unicode]

ဓာတ်လှေကားက မတက်လာသေး၍ လီချိန်ရှို့မှာ လှေကားမှပင် ပြေးဆင်းရသည်။

ခြေတံရှည်သော ရှေက်ချွင်ကို သူဘယ်မှာ ရှောင်ပြေးနိုင်ပါ့မလဲ။ လှေကားမှာပင် ပိတ်ဆို့ခံလိုက်ရ၏။

လီချိန်ရှို့သည် ရှက်ဒေါသလည်းထွက် စိတ်လည်းလှုပ်ရှားကာ သူ့အား စိုက်ကြည့်နေသည်။

ရှောက်ချွင်က ကျေနပ်စွာ ရယ်ရင်းပြောသည်။

"ချိန်ရှို့ တောင်းပန်ပါတယ်။ ကိုယ်အရမ်းလောသွားတယ်"

လီချိန်ရှို့ တုန်ရီစွာ သူ့အား လက်ညှိုးထိုး‌ရင်း

"လူဆိုးကောင်''

ရှောက်ချွင်သည် အခွင့်အရေးယူကာ သူ့လက်ကို ဖမ်းဆွဲလိုက်ရင်း

"ဟုတ်ပါတယ်။ ကိုယ်ကလူဆိုး။ ချိန်ရှို့...ကိုယ်က မင်းကိုပဲ ချစ်တာပါ။ ကိုယ့်အချစ်တွေကို ထိန်းမနိုင်သိမ်းမရဖြစ်သွားတာ"

လီချိန်ရှို့သည် တစ်လှမ်းချင်း နံရံဆီကပ်သွားသည်။

"ငါအိမ်ပြန်မယ်"

"စိတ်ချပါ။ ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမှာပါ။ ဒါပေမဲ့ မင်းအရင်ဆုံး ကိုယ့်ကိုခွင့်လွှတ်ရမယ်"

လီချိန်ရှို့စိတ်ဆိုးစွာပြော၏။

"မင်း......"

ရှောက်ချွင်က ကိုယ်ကိုကိုင်းလိုက်ပြီး နံရံနှင့် သူ့ခန္ဓာကိုယ်ကြား ပိတ်ထားလိုက်ကာ သူ၏ လက်ဖဝါးကို တွယ်ချိတ်လျက် သူ့အား ရုန်းထွက်ခွင့်မပေး။ သူ၏ မျက်နှာကို နွေးထွေးစွာ ပွတ်သပ်နေရင်း

"ချိန်ရှို့ မင်း အဲ့ဒီအနမ်းကို မှတ်မိသေးတယ်မလား"

လီချိန်ရှို့ တစ်ကိုယ်လုံး တုန်သွားသည်။

"ကိုယ်တို့ရဲ့ အနမ်းဦးလေ။ မင်းမေ့သွားမယ်ဆိုတာ ကိုယ်မယုံဘူး။ ကိုယ်အဲ့တုန်းက ခံစားချက်ကို မှတ်မိနေသေးတယ်။ တစ်ခါမှ အဲ့လို ပြောင်မြောက်တဲ့ခံစားမှုမျိုး မရခဲ့ဖူးဘူး။ တစ်ကမ္ဘာလုံးကို အပိုင်ရလိုက်သလိုမျိုး ခံစားချက်။ မင်းပြောကြည့်။ အဲ့တုန်းက ကိုယ်ကမင်းကို စနမ်းတာလား။ မင်းဘက်က ကိုယ့်ကို စနမ်းတာလားဟင်"

လီချိန်ရှို့ ရီဝေစွာ သူ့အားကြည့်နေရင်း မသိလိုက်ပါဘဲ အတိတ်ကို တွေးမိသွားသည်။

"ငါ...ငါမသိဘူး"

"ကိုယ်လဲမသိဘူး။ ဒါပေမဲ့ မင်းရဲ့ အဲ့တုန်းကခံစားချက်က ကိုယ်နဲ့ထပ်တူပဲမို့လား။ ဟုတ်တယ်မလား''

လီချိန်ရှို့ မလိမ်ညာရဲ၊ နှုတ်သာဆိတ်နေသည်။

"ချိန်ရှို့ ကိုယ့်ကိုကြည့်ပြီး အရိုးသားဆုံးပြောပြပါ။ မင်းလဲ အဲ့တုန်းက ကိုယ့်ကို ချစ်တယ်မှတ်လား ဟုတ်တယ်မလား"

လီချိန်ရှို့ အံ့အားသင့်စွာ သူ့အားကြည့်နေမိ၏။

ချစ်လား။ အဲ့တုန်းက ရှောက်ချွင်ကို သူချစ်ခဲ့မိလို့လား။ သူမသိ။ ဒါမှမဟုတ် အမှန်တကယ်လက်သင့်ခံဖို့မမှီလိုက်ခင်မှာပဲ အရာအားလုံးက ကြွေပျက်ကုန်ခဲ့၍ သူ လက်မခံရဲတော့တာ။

"ချိန်ရှို့။ မင်းကကိုယ့်ကိုချစ်တယ် ကိုယ်ခံစားလို့ရတယ်။ ကိုယ်လဲမင်းကိုချစ်တယ်။ မင်းလဲ ခံစားလို့ရမယ်ဆိုတာ ယုံကြည်တယ်။ အဲ့တုန်းကခံစားချက်ကို ပြန်ခံစားကြည့်ရအောင်ပါ။ ကိုယ်က အဲ့တုန်းကရှောက်ချွင်ပါပဲ။ မင်းကို ချစ်နေဆဲပဲ။ ဒါပေမဲ့ ကိုယ်ကြီးပြင်းလာပြီ။ လုံးဝ အဲ့တုန်းကလို သတ္တိကြောင်တဲ့လုပ်ရပ်မျိုး မလုပ်တော့ပါဘူး။ ကိုယ် အဲ့တုန်းကထက်ပိုပြီး မင်းအပေါ်ကောင်းပေးမှာပါ။ စမ်းသပ်ပြီး ကိုယ့်ချစ်ကြည့်ပါ။ ကောင်းပြီလား"

လီချိန်ရှို့စိတ်ထဲ တင်းကြပ်သွားကာ နှာထိပ်မှာ နာကျင်သလို ခံစားရသည်။

ရှောက်ချွင်သည် သူ၏အမူအရာ ပြောင်းလဲသွားသည်ကိုမြင်သော် အားရကျေနပ်သွားရသည်။ ဖြည်းဖြည်းချင်း အနားကပ်သွားကာ သူမငြင်းဆန်‌တာ‌မြင်တော့ ပိုရဲတင်းလာကာ သူ့အား ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။

"ချိန်ရှို့ အဲ့တုန်းကခံစားချက်ကို ပြန်တွေးကြည့်။ တွေးကြည့်ပါဦး။ ကိုယ်တို့ ပြန်ရှာတွေ့နိုင်ပါတယ်။ အဲ့အနမ်းကို ပြန်တွေးကြည့်ဦး။ မှတ်မိသေးရဲ့လားဟင်။ ကိုယ်တို့ ‌ခပ်ဖွဖွထိ‌ထားကြတာလေ။ ကိုယ်ကတော့ မင်းနှုတ်ခမ်းလေး ဘယ်လောက်‌ေတာင်ပျော့ပျောင်းနေသလဲ၊ အဲ့ခံစားချက်က ဘယ်လောက်ပြောင်မြောက်သလဲဆိုတာ အခုထိအမှတ်ရနေတုန်းပဲ"

ရှောက်ချွင်သည် ဒီဆယ်နှစ်ကျော်ကာလလုံး ကုတင်ပေါ်မှာ ယောက်ျား မိန်းမ ဘယ်နှယောက်လောက်ကို ချော့မော့ခဲ့ဖူးသလဲမသိ။ စိတ်ပါလက်ပါ ချစ်စကားတစ်ခွန်းဆိုရုံ နှင့် ကျောက်ခဲလို အသည်းမာသူတောင် မလှုပ်ရှားဘဲမနေနိုင်။ သူ့အသံက တိုးလျနွေးထွေးသည့်အပြင် နူးညံ့ကြည်စင်သည်။ လီချိန်ရှို့တွေဝေမိန်းမောနေစဉ်မှာ သူ့မေ့ဖျားကိုဖွဖွဆွဲမော့ရင်း နူးညံ့စွာ သူ့နှုတ်ခမ်းပါးတို့နှင့် ထိကပ်လေ၏။

ဒီအနမ်းက အရင်တစ်ခါလောက် ပူပြင်းကျွမ်းရှမနေ။ နူးညံ့ပေါ့ပါးစွာ ငှက်မွှေးလေးနှင့် ထိလိုက်သလိုမျိုး ထိကပ်နေရုံလေးဖြစ်ပြီး တစ်ခြားလှုပ်ရှားမှုမျိုးမရှိပေ။

ဤ အချစ်၊ ဤမြင်ကွင်း၊ တူညီသောလူ ၊တူညီသောအနမ်း။ နှစ်ယောက်လုံး လွန်ခဲ့သော ဆယ်လေးနှစ်ကို ပြန်ရောက်သွားသလို။ ထို ဝေဝါးကြည်လင်သော အနမ်းက ကမ္ဘာပေါ်ရှိ အလှတရားအားလုံးထက်သာလွန်ပြီး ကြည်နူးခြင်းနှင့်အတားအဆီးမဲ့သောကံကောင်းခြင်းတို့ကို ရင်ဘတ်တစ်နေရာမှ စိမ့်ထွက်ပျံ့နှံ့‌လာစေသလိုမျိုး။

လီချိန်ရှို့သာ အတိတ်ဝဲဂယက်ထဲ ရောက်ရှိသွားရရုံမကပဲ ရှောက်ချွင်ပင် အသိလွတ်သွားကာ ရင်ဘတ်ထဲ ဟိုးအရင်တုန်းကသာ ခံစားခဲ့ဖူးသည့်ခံစားချက်မျိုး ခံစားလာရပြီး သူ့နှလုံးခုန်သံကို ဆတိုးမြန်စေကာ တစ်ကိုယ်‌လုံး ပူလောင်လာစေသည်။

နှစ်ယောက်သား ခွဲခွာချိန်တွင် မည်သူမျှစကားမဆိုနိုင်။ နှစ်ယောက်လုံး တိတ်တိတ်လေးကြည့်နေမိသည်။ မှောင်ရီသော လှေကားခန်းလေးထဲ ကြည်လင်တောက်ပသော မျက်ဝန်းအကြည့်တို့သာရှိနေသည်။ ထို ကြည်တောက်သောမျက်ဝန်းတို့နှင့် အကြည့်ခံရသည့်အခါ လောင်မြိုက်ခံနေရသလိုမျိုး ထင်ယောင်ထင်မှား ခံစားရစေသည်။

လီချိန်ရှို့က ရုတ်တရက်ပြောသည်။

"ရှောက်ချွင်...ငါတို့...ကြီးပြင်းလာပြီ"

ရှောက်ချွင် ရပ်တန့်သွားရသည်။ တွေးမိသမျှ ဒါက လီချိန်ရှို့ ပထမဆုံးအကြိမ်အဖြစ် သူ့ကို နာမည်တပ်ခေါ်ခြင်းဖြစ်သည်။ အချိန်အကြာကြီးဝေးကွာခဲ့ရပြီးမှ ပြန်လည်တွေ့ဆုံခွင့်ရသလို လေသံမျိုး။ သူ့မှာ ထူးဆန်းတဲ့ခံစားချက်မျိုးရသည်။ လီချိန်ရှို့က အခုမှ သူကရှောက်ချွင်ဆိုတာကို လက်ခံလိုက်သလိုမျိုး။

သူ့စိတ်ထဲ စိတ်ဓာတ်ကျသလို ခပ်ရေးရေးခံစားသွားရသည်။ မသိလိုက်ပါဘဲ သူပါ လီချိန်ရှို့လေသံမျိုး ပြောလိုက်မိသည်။

"ဟုတ်တယ်လေ။ ကိုယ်တို့ ကြီးပြင်းလာကြပြီ"

လီချိန်ရှို့သည် သူ့လက်ထဲမှ လက်ကိုရုန်းထွက်လိုက်ပြီး နှုတ်ဆိတ်စွာ ခေါင်းငုံ့ပြီးဖိနပ်ထိပ်ဖျားကို ငုံ့ကြည့်နေသည်။

ရှောက်ချွင်က သူ၏နီရဲ‌နေသောနားရွက်ဖျားနှင့်လည်တိုင်သွယ်သွယ်ကိုကြည့်ရင်း နှလုံးသားထဲယားယံလာသည်။

အခုက အချိန်မကျသေးတာကို သူသိသည်။ တစ်ခုခုလုပ်ပစ်ချင်သော မျှော်လင့်ချက်ကလေးကို အတင်းဖိနှိပ်ကာ အသံပျော့ပျော့ဖြင့်ပြောသည်။

"ချိန်ရှို့ ကိုယ်တို့ကြီးပြင်းလာကြပေမဲ့ ကိုယ့်ရဲ့မင်းအပေါ် ထားတဲ့ နှလုံးသားက မပြောင်းလဲသေးဘူးလေ။ အချင်းချင်း အခွင့်အရေးလေးတစ်ခုတော့ ပေးလိုက်ကြရအောင်။ ကောင်းရဲ့လား?"

လီချိန်ရှို့ ခေါင်းယမ်း၏။

"ငါမသိဘူး"

"မင်းအခုသိဖို့မလိုပါဘူး။ ဖြည်းဖြည်းချင်းသွားကြမယ်လေ။ ဒါပေမဲ့ ကိုယ့်ရဲ့စေတနာတွေကိုတော့ မငြင်းပယ်ရဘူးနော်"

လီချိန်ရှို့က ခိုင်မာစွာ ခေါင်းယမ်းနေမြဲ။

"ငါ... မင်းအိမ်မှာ...မနေဘူး"

"ကောင်းပါပြီ။ ကိုယ်မင်းကို အတင်းမတိုက်တွန်းပါဘူး။ ကိုယ်ကမင်းကို ဒီထက်သက်သက်သာသာရှိစေချင်ရုံပါ။ မကောင်းတဲ့သဘောမပါပါဘူး"

လီချိန်ရှို့ ခေါင်းကိုမော့လိုက်ပြီး နားလည်သလို ဖွဖွပြုံးသည်။

"ကျေးဇူး"

ရှောက်ချွင်ကလည်း ရယ်သည်။ သူ့ပါးကို ဆွဲလိုက်ရင်း

"မင်းကတော့ သိပ်ခေါင်းမာတာပဲ။ လာ။ ကိုယ်တို့ အောက်ဆင်းကြရအောင်။ နေ့လည်ရောက်ပြီဆိုတော့ ကိုယ်မင်းကို နေ့လည်စာကျွေးမယ်"

နှစ်ယောက်သား ထမင်းစားချိန်တွင် စကားနှစ်ခွန်းသုံးခွန်း ဆိုကြသည်။ လီချိန်ရှို့က ဤမှိုဖြူနှင့်ငါးဟင်းရည်က ချက်ထားတာ နည်းလမ်းမကျကြောင်းပင် သူ့အား ပြောလိုက်သေး၏။ လီချိန်ရှို့ သူ့အပေါ် အမြဲထားသည့် ကာကွယ်ရန် ပြင်ဆင်ထားစိတ် အများကြီး သိသိသာသာ လျော့ကျသွားကြောင်း သူခံစားမိသည်။

သူ ရှောက်ချွင် မျက်စိကျမိသည့် ဘယ်သူ့အပေါ်မှ ဒီလောက်အားမစိုက်ခဲ့ဖူးချေ။ သို့သော်ငြား သူ မုန်းတီးနေစိတ်မဖြစ်မိ။ ယောက်ျားဆိုတာက ဗီဇအရ အားကျအထင်ကြီးစိတ်ကို လိုလားသည်။ သူလည်း ယခု စစ်တိုက်နေရသလိုမျိုး တစ်လှမ်းချင်း တစ်လှမ်းချင်း အစွန်အဖျားမှသည် ရှေ့တိုးပြီး ဖြည်းဖြည်းချင်း သူ့ရဲ့မြို့တော်ကို သိမ်းပိုက်မည်။ အနိုင်ရခြင်းက လက်တစ်ကမ်းမှာရှိနေသလိုမျိုး ဆိုပေမဲ့ ဟိုးအဝေးကောင်းကင်ယံမှာ ရှိနေသလိုမျိုး သူ့စိတ်နှလုံးကို ကလိနေသည့်နှယ် အလျော့မပေးလို။

နှစ်ယောက် ထမင်းစားပြီးနောက် ‌ရှောက်ချွင်က သွားလည်ပတ်ရန်ပင် တွေးထားသည်။ မထင်မှတ်ဘဲ ဖုန်းလက်ခံရရှိပြီး သူသွားမှရမည့်အရေးကြီးကိစ္စ ပေါ်ပေါက်လာသည်။ နည်းလမ်းမဲ့စွာ သူ လီချိန်ရှို့အား အရင်အိမ်ပြန်ပို့ရန်သာ တတ်နိုင်တော့သည်။

နှစ်ယောက်ခွဲခွာချိန်တွင် ရှောက်ချွင်ကပြောသေးသည်။

"မနက်ဖြန် မင်းကို အစားအစာရွေးဖို့ ခေါ်သွားမယ်။ မင်းကိုယ်တိုင် မြည်းစမ်းမှရမှာ"

လီချိန်ရှို့ ခေါင်းညိတ်သည်။

"သဘက်ခါကျ ကိုယ်နဲ့ချိန်းတွေ့"

"အာ..."

ရှောက်ချွင်က ပရိယာယ်ကြွယ်စွာ မျက်လုံးမှိတ်ပြပြီး

"မင်းကို အလုပ်လုပ်ဖို့တစ်ရက်ခေါ်ပြီး ကိုယ်နဲ့ချိန်းတွေ့ဖို့ တစ်ရက်ခေါ်မယ်လေ"

လီချိန်ရှို့မျက်နှာ နီရိပ်ပြေးကာ

"မင်း...အလုပ်...မလုပ်ဘူးလား"

ရှောက်ချွင်က အီစီကလီပြော၏။

"အလုပ်လုပ်တာက မင်းနဲ့အတူရှိရတာလောက် ဘယ်မှာသာနိုင်ပါ့မလဲ''

‌လီချိန်ရှို့ အနေခက်စွာ သူ့အားတစ်ချက်ကြည့်သည်။

ရှောက်ချွင်သည် သူ့နားနား ဖွဖွပြောသည်။

"ချိန်ရှို့ ကိုယ့်ကို နမ်းခွင့်ပေးမလား"

လီချိန်ရှို့ ထိတ်လန့်စွာ နောက်ဆုတ်လိုက်သည်။ ချက်ချင်း လှေကားခန်းထဲကအနမ်းကို သတိရမိပြီး မျက်နှာက နီရဲသွားသည်။

ရှောက်ချွင်က တဟားဟားအော်ရယ်ရင်းပြောသည်။

"မင်းဘယ်လိုလုပ် အဲ့လောက် အရှက်သည်းရတာလဲ"

လီချိန်ရှို့က ပြန်ပြောသည်။

"ဒါ...ဒါ မကောင်းဘူး"

ရှောက်ချွင်က သက်ပြင်းချသည်။ နှုတ်ခမ်းကို ယောင်ယောင်လေးစူပြီး မျှော်လင့်ချက်မဲ့သွားသလို အမူအရာမျိုးလုပ်ပြသည်။ မုန့်ဖိုးမရသည့် ကလေးငယ်လိုမျိုး သနားစဖွယ်ဖြင့် သူ့အား ကြည့်နေသည်။

လီချိန်ရှို့စိတ်ထဲ ချက်ချင်းလို စိတ်ပေါ့ပါးသွားကာ ဖွဖွပြုံးလိုက်သည်။

"နောက်မှတွေ့မယ်"

နောက်သုံးလေးရက်အတွင်း လီချိန်ရှို့နှင့်ရှောက်ချွင်တို့ နေ့တိုင်းလို တွေ့ဖြစ်ကြသည်။ ရှောက်ချွင်က သူ့အားခေါ်ပြီး စားသောက်လည်ပတ်ကြသည်။ သူ့အား ပိုပြီး ဂရုတစိုက် တယုတယနှင့် နွေးထွေးကြင်နာသည်။

အပိုမဆိုရပါ။ သူရှင်သန်လာသမျှ  နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ဒီလောက်ပေါ့ပါးပျော်ရွှင်စရာ ဘဝမျိုး မရခဲ့။

အလုပ်သွားစရာမလိုပဲ လခကနဂိုအတိုင်းရသည်။

ဘဝတစ်လျှောက် ပထမဆုံးခယပေးသည့်သူရှိပြီး အလေးပေးခံရသည်။ တစ်စုံတစ်ယောက်က အဖော်ပြုပေးသည့်ခံစားချက်က ဤမျ ပြောင်မြောက်လှပသည်။ ပြီးတော့ ရှောက်ချွင်က အမြင်ကြွယ်၏။ သူ့အား ဆန်းသစ်သောအရာများစွာကို အမြင်ပွင့်စေသည်။ ရက်ပိုင်းအတွင်း သူ့အား မျက်စိပွင့်စေသည်။ သူ နှစ်ပေါင်းများစွာနေထိုင်လာသော ဒီမြို့တွင်းမှာ ဒီလိုစိတ်ဝင်စားစရာ ထူးဆန်းထွေလာနေရာများစွာရှိမှန်း တစ်ခါမှမသိခဲ့။

နေ့တိုင်း ရှောက်ချွင်၏နဂိုပုံစံကို မမေ့ရန် နေ့စဉ်သတိပေးနေပြီး ရှောက်ချွင်အား မြင်တွေ့နိုင်ရန် မျှော်လင့်နေမှုကို ထိန်းချုပ်နေပေမဲ့....။

ဒီလိုခံစားချက်ဟာ သူတို့စတွေ့စဥ်က ပုံစံနှင့် ဘယ်လောက်တောင် ထပ်တူကျနေသလဲ။

သူက မူလက မှောင်မိုက်သောအိမ်ကနေ ကံကောင်းထောက်မစွာ ရှောင်ပြေးနေရာမှ နောက် တဖြေးဖြေး နေ့လည်ခေါင်မိုးထပ်မှာ ရှောက်ချွင်နှင့်အတူ အနှောင့်အယှက်မဲ့သည့် နေ့လည်ခင်းတစ်ခုကို အတူဖြတ်သန်းဖို့ မျှော်လင့်နေခဲ့မိသလိုမျိုး။

ရှောက်ချွင်သည် ထိုအခါကလို တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး သူ့အား လောကအသစ်တစ်ခုဆီ ဆွဲခေါ်ခဲ့သလိုမျိုး။ ထိုတံခါးကို တင်းကြပ်စွာ တွန်းထုတ်လိုက်ပြီး သူ၏ ထိုနာကျင်ကြေကွဲဖွယ် ရှက်ရွံ့ပင်ပန်းရသည့်လောကကြီးနှင့် သူ့အား ခွဲခြားထားပေးလိုက်သလို။

ဒီလောကမှာ အနှောင့်အယှက်မရှိ၊ လက်တွေ့မရှ ၊ သူ အထင်အမြင်သေးမခံရ။ အမြင်မှားမခံရ။ ရှင်သန်ရတာ အောက်ကျနောက်ကျမဖြစ်။ ပြောင်းပြန်အနေနှင့် သူ့ကို ဂရုတစိုက်ထွေးပွေ့မည့်သူရှိသည်။ ပိုပြီး အကောင်းမြင်မည့်သူရှိသည်။ ရှောက်ချွင်နှင့်ဆိုလျှင် သာမန်သူ့အား အထင်သေးသောလူတောင် သူ့အား လေးစားသမှုပြု၏။ သူက အရေးပါသောလူတစ်ယောက်လို သူ့အား ချီးကျူးသည်။ သူ့အား သဘောကျကြသည်။ သူ့အား ထပ်ပြီး အထီးမကျန်စေရန် အဖော်ပြုလိုသောဆန္ဒရှိသူ ရှိသည်။

ဒါတွေကို အိပ်မက်ထဲက ပုံရိပ်ယောင်တွေလို ရှောက်ချွင်က သူ့အတွက်ဖြစ်တည်ပေးသလိုမျိုး တိတ်တခိုး စိတ်ကူးမိသည်။ သူ အတူတကွ မျှဝေခံစားဖို့ထိ လောဘမထားခဲ့။ သို့သော်ငြား သူ အမြဲ မျှော်လင့်နေခဲ့ရသည့် ထိုအရာတွေကို ငြင်းဆန်နိုင်စွမ်းမရှိကြောင်း သူသိလိုက်ရသည်။

ပြီးတော့ ဒီရက်ပိုင်း ရှောက်ချွင်လည်း တရားလွန်သောအပြုအမူမျိုးမလုပ်။ လုပ်လည်း သူက ပြန်တုံ့ပြန်ဖို့ ပျင်းရိပြန်သည်။ ရှောက်ချွင် တစ်ခါတစ်လေ ရင်းနှီးကျွမ်းဝင်သည့် အပြုအမူများ ပြုလုပ်လျှင်တောင် သူကျင့်သားရနေသလိုဖြစ်နေသည်။

မျက်လုံးထဲ ညစာစားပွဲနှင့် အချိန်က တဖြေးဖြေးနီးကပ်လာသည်။ နှစ်ပတ်ဟူသော အချိန်မှာလည်း တစ်ဝက်ကျော်နေပြီမို့ သူအနည်းငယ် စိတ်ပျက်မိသလို ခံစားရသည်။

ဘယ်လောက် လှပတဲ့ အိပ်မက်ဖြစ်ပါစေ အဆုံးသတ်မှာတော့ နိုးထရမြဲဖြစ်သည်။

ဒီနေ့တော့ သူတစ်ကိုယ်တည်း အိမ်မှာနေနေပြီး နံရံကိုငေးနေသည်။

ရှောက်ချွင် ဒီရက်ပိုင်း အလုပ်များသည်။ ညစာစားပွဲနှင့်ပတ်သက်သော ပြင်ဆင်စရာကိစ္စများက စိပ်လွန်းသည်။ ထပ်ပြီး ပြင်ဆင်စရာ အသေးအမွှားလေးများ ရှိသေး၏။

အကယ်၍ နေ့တိုင်း ပျော်‌ပါးစည်ကားနေပါက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသောအခါ နေသားမကျဖြစ်နေတတ်သည်။

လီချိန်ရှို့ ရေတစ်ငုံသောက်လိုက်ကာ ပြင်ဆင်ထားသော ဟင်းလျာများကို လှန်ကြည့်ပြီး ဘာပြင်စရာသလိုသလဲ ကြည့်လိုက်သည်။

စိတ်ပါလက်ပါဖြစ်သည့်အချိန်မှပဲ ဖုန်းက မြည်လာတော့သည်။

သူအလျင်အမြန်ဖုန်းကိုင်လိုက်သည်။ ကြည့်လိုက်တာနှင့် ဖုန်းခေါ်ဆိုသူကြောင့် စိတ်ထဲ အနည်းငယ် ပျက်ယွင်းသွားရ၏။

"ဟဲလို မန်နေဂျာကျန်း"

"ဟဲလို ရှောင်လီ ဘာလုပ်နေတာလဲ"

"အိမ်မှာပါ"

"ဩော အဲ့ဒါဆို အတော်ပဲ။ ပြင်ဆင်လိုက်ပါဦး။ ဒီနေ့ အလုပ်ရှုပ်စရာရှိတယ်"

"အာ...ဘာလို့လဲ?"

"ဒါရိုက်တာချိန်က မင်းကို အဆောင် စီစဉ်ပေးလိုက်တယ်"

"အဆောင်?"

"ဟုတ်တယ်။ အရင်က အလုပ်သမားအဆောင်က အလွတ်မရှိတော့ဘူးမလား။ အခုတလော ပြင်ဆင်လို့ပြီးပြီဆိုတော့ မင်းကိုလဲ အဆောင်ခွဲပေးရတော့မယ်လေ။ ဒါရိုက်တာချိန်က မင်းကို အထူးဂရုစိုက်တာ။ မင်းကို အတော်လေးကောင်းတဲ့ အဆောင်ပေးထားတယ်။ မင်းတော့ ကံကောင်းတာပဲ။ မင်းလဲ ဒီရက်ပိုင်းအားနေတယ်ဆိုတော့ ဒီနေ့ပဲ ပြောင်းလိုက်တော့"

"အာ?"

လီချိန်ရှို့ အံ့အားသွားရသည်။ အဆောင်ရမည်ဆိုတာ ကောင်းတဲ့ကိစ္စပင်။ ‌အဆောင်လခသက်သာမည်။ ဒါပေမဲ့ ချက်ချင်းပြောင်းရမဲ့အကြောင်းတော့ မရှိဘူးမဟုတ်လား။

"ဘာအာနေတာလဲ? မင်းအိမ်က ဘယ်မှာလဲ။ ငါ့ကို လိပ်စာပေး။ ငါလဲ ဒီနေ့နားတယ်။ မင်းကို အိမ်ကူပြောင်းပေးမယ်"

မန်နေဂျာကျန်းသည် ဘယ်တုန်းကမှ သူ့အပေါ် ဒီလိုမဖော်ရွေခဲ့ဖူးပေ။ အထူးသဖြင့် ဒီလို ကိုယ့်နားရက်ကိုတောင် အနစ်နာခံပြီး ကူညီပေးမည်ဆိုတော့ သူတကယ် သံသယမဝင်ဘဲ မနေနိုင်ပါ။

သူအားတင်းပြီး ရှင်းပြလိုက်သည်။

"အရမ်းမြန်...လွန်းတယ်။ ကျွန်တော့်...အခု...အိမ်က...အပ်ရဦးမှာ"

"အိမ်ရှင်နဲ့ ဖုန်းပြောရင် ရပြီပဲ။ အခုပဲ လကုန်တော့မယ်။ အရင် ပြောင်းသွားလိုက်။ အဲ့ဘက်အိမ်ကို လကုန်မှ အပ်လဲရတာပဲ"

"နှစ်လကြို...အပ်ရမှာ...မဟုတ်ရင်...လျော်ကြေး...ဖြတ်လိမ့်မယ်"

"ဩော။ လျော်ကြေးကို ဟိုတယ်က တာဝန်ယူလိမ့်မယ်။ မဟုတ်ရင် ဟိုဘက်က ငှားထားတဲ့ အိမ်ကလဲ လွတ်နေမှာ။ ပိုပြီး ဈေးကြီးတာလဲ မဟုတ်ဘူး။ ဒါရိုက်တာချိန်ရဲ့စေတနာကို အလကားမဖြစ်စေနဲ့။ မြန်မြန်။ ငါ့ကို လိပ်စာပေး"

"မန်နေဂျာကျန်း ၊ ဒါပေမဲ့ ၊ အရမ်း ရုတ်တရက်ကြီး"

တစ်ဖက်က အသံက စိတ်မရှည်တော့သည့် လေသံဖြစ်လာကာ

"ယောက်ျားဖြစ်ပြီး ဘာလို့ အဲ့လောက် ပွစိပွစိနိုင်ရတာလဲ။ ဒီလောက်ကောင်းတဲ့အိမ်ကို။ မင်း မြန်မြန် ပြောင်းတော့။ သုံးလေးရက်ဆိုတာနဲ့ သူများဦးသွားဦးမယ်။ ဒီအိမ်က မင်းတစ်ယောက်တည်းနေရမှာနော်။ ငါတို့ ဟိုတယ်မှာလဲ ရချင်တဲ့သူတွေက စောင့်နေပြီးသား။ မင်းမြန်မြန်ပြောင်း။ဘာတွေ တွေဝေနေရတာလဲ?"

လီချိန်ရှို့က သူ့အား အပြစ်ပြုမိမှာလဲ ကြောက်ရသေးသည်။ သူပြောတာကို တွေးကြည့်တော့လည်း နည်းလမ်းကျသည်။ ဟိုတယ်က သူ့အားစာချုပ်ဖျက်ငွေပေးမည်ဆိုမှတော့  သူလဲ တွေးစရာမလိုတော့ပေ။ ခေါင်းပူနေတုန်း လိပ်စာကို ပေးလိုက်မိတော့သည်။

မန်နေဂျာကျန်းက အလွန်ပင် ဝမ်းမြောက်သွားသည်။

"ငါအခု လမ်းပိတ်နေတယ်။ ငါလာရင် တစ်နာရီလောက်ကြာမယ်။ အခု မင်းပစ္စည်းတွေ သိမ်းထားလိုက်"

ဖုန်းချလိုက်သည်နှင့် လီချိန်ရှို့ ခဏတာ ငေးမောနေမိသည်။

အိမ်ပြောင်းတာ အသက်လုရသလိုမျိုး သူတစ်ခါမှ မကြားဖူးချေ။ ပြီးတော့ မန်နေဂျာကျန်းက ပုံမှန်ဆို သူ့ကို ရှိတယ်လို့ကို မထင်။ ဘယ်လိုလုပ် သူ့ကိုအိမ်ပြောင်းဖို့ ကူညီမှာလဲ။ သူ့ သံသယစိတ်က ပိုပိုကြီးစိုးလာကာ ဘယ်လို‌တွေးတွေး ကြံစည်ထားတာရှိရမည်။

သူအလျင်အမြန် အိမ်ရှင်အား သူရုတ်တရက် အိမ်ပြောင်းမည့်အကြောင်း ဖုန်းဆက်ပြောလိုက်သည်။ ပြီးတော့ သူစကားပြောတာက အကျိုးအကြောင်း မပြည့်စုံတာနှင့် အိမ်ရှင်အား အမျက်ချောင်းချောင်း ထွက်စေပြီး သူ့အား ဖုန်းထဲမှ ဆုံးမပြောဆိုနေကာ သူစာချုပ်ဖျက်ခပေးမည်ဆိုမှ ရပ်နားသွားတော့သည်။

သူ အိမ်ရှင်အား ဖုန်းဆက်ပြီးနောက် ရှောက်ချွင်အား ဖုန်းဆက်လိုက်သည်။

မထင်မှတ်ထားပဲ တစ်ရက် သူအိမ်ပြောင်းလျှင် ဆက်သွယ်အသိပေးစရာလူတစ်ယောက်ရှိနေခြင်းက တကယ်ပဲ ကောင်းလွန်းသည်။

နှမြာစရာက ရှောက်ချွင်က တစ်ချိန်လုံးဖုန်းမကိုင်၍ ထားလိုက်ရသည်။

သူက စကားပြောသာမချောတာ အလုပ်လုပ်ရာမှတော့ ပေါ့ပါးသွက်လက်သည်။ ထပ်ပြီး သူဒီနှစ်အတွင်းမှာလဲ ‌အိမ်ပြောင်းနေရတာများ၍ ပစ္စည်းပစ္စယက နည်းပါးပြီး ထားရလွယ်သည်။ အရင်တစ်ခေါက် အိမ်ပြောင်းတုန်းကအိတ်ကြီးနှင့်စက္ကူဖာကို ထုတ်ယူပြီး အမြန်နှုန်းနှင့် သိမ်းဆည်းလိုက်သည်။

မန်နေဂျာကျန်းနှင့်အိမ်ပြောင်းကုမ္ပဏီရောက်လာသည့်အခါ လီချိန်ရှို့က အများအားဖြင့် သိမ်းဆည်းပြီးလုနေပြီ။ အဝတ်ဗီရိုကို ဖြုတ်ရန် ကိရိယာကိုင်ထားနေစဉ်ဖြစ်၏။

မန်နေဂျာကျန်းက ရှေ့တိုးကာ သူ့အား တားမြစ်သည်။

"အဲ့မှာ အိမ်သုံးပစ္စည်းတွေမလိုဘူး။ အဲ့ဘက်မှာ အကုန်ပြည့်စုံပြီးသား။ မင်း မတွေးမိတာပဲရှိမှာ။ အဲ့မှာ မရှိတာ မရှိဘူး"

လီချိန်ရှို့ မျက်မှောင်ကြုတ်ကာဆို၏။

"ဒါပေမဲ့ ...."

အိမ်သုံးပစ္စည်းတွေက သူပိုက်ဆံသုံးပြီး ဝယ်ထားရတာတွေလေ။ ပြောလို့မရ၊ အကယ်၍ သူအိမ်ပြန်ပြောင်းပါက ထပ်ပြီး ပိုက်ဆံသုံးဝယ်နေရမှာပေါ့။

"ဘာဒါပေမဲ့မှမရှိဘူး။ ယူမနေနဲ့။ ယူလဲ ဟိုမှာ ထားစရာနေရာမရှိဘူး"

"မဖြစ်ဘူးလေ။ နောက် ၊ အိမ်ပြောင်းရရင်...."

"နောက်မှပြောကွာ။ မင်းရဲ့ ဒီအစုတ်အပြတ်ပစ္စည်းတွေ ယူသွားလည်း ဟိုမှာထားစရာနေရာမရှိဘူး။ မင်းက ဒါရိုက်တာချိန်ငှားထားတဲ့အိမ်ကို ပစ္စည်းတွေ အပြည့်ဖြည့်ထားမလို့လား။ အိမ်ရှင်သိသွားရင် ဒါရိုက်တာချိန်ကို ပြဿနာပေးတာဖြစ်မယ်နော်"

လီချိန်ရှို့တွေးကြည့်တော့လဲ သူပြောတာဟုတ်သည်။ ဒါပေမဲ့ တကယ်ပစ်ရမယ်ဆိုတော့ သူနှမြောမိတာ အမှန်ပင်။သူ အရင် ပြောင်းသွားဖို့ တွေးလိုက်သည်။ ပြီးတော့ လကုန်ဖို့ ရက်နည်းနည်းရှိသေးတာပဲ။ သူ သဘက်ခါလောက် အားတဲ့အခါ လာပြီး အိမ်သုံးပစ္စည်းတွေကို တစ်ပတ်ရစ်ဈေးမှာ သွားရောင်းချလိုက်မည်။ ဒါမှမဟုတ် အိမ်ရှင်နှင့်ဆွေးနွေးပြီး နောက်အိမ်ငှားဆီရောင်းလိုက်မည်။

ဤသို့ဤနှယ် အမောတကော နေ့လည်ခင်းတစ်ခုအတွင်း လီချိန်ရှို့ခမျာ ‌အိမ်ပြောင်းသည့်ကားပေါ် တက်လိုက်ရပြီး ကားသွားသည့် ဟိုတယ်ရှိရာသို့ လိုက်ပါရတော့သည်။

အိမ်ပြောင်းသည့်ကားက သူရင်းနှီးသည့်အိမ်ရာသို့ ရောက်သည့်အခါမှ လီချိန်ရှို့မျက်လုံးများ ကြောင်အမ်းသွားရတော့သည်။

------------------------------------------------------------------------------------------------------------------------------

[Zawgyi]

ဓာတ္ေလွကားက မတက္လာေသး၍ လီခ်ိန္ရႈိ႕မွာ ေလွကားမွပင္ ေျပးဆင္းရသည္။

ေျခတံရွည္ေသာ ေရွက္ခြၽင္ကို သူဘယ္မွာ ေရွာင္ေျပးႏိုင္ပါ့မလဲ။ ေလွကားမွာပင္ ပိတ္ဆို႔ခံလိုက္ရ၏။

လီခ်ိန္ရႈိ႕သည္ ရွက္ေဒါသလည္းထြက္ စိတ္လည္းလႈပ္ရွားကာ သူ႔အား စိုက္ၾကည့္ေနသည္။

ေရွာက္ခြၽင္က ေက်နပ္စြာ ရယ္ရင္းေျပာသည္။

"ခ်ိန္ရႈိ႕ ေတာင္းပန္ပါတယ္။ ကိုယ္အရမ္းေလာသြားတယ္"

လီခ်ိန္ရႈိ႕ တုန္ရီစြာ သူ႔အား လက္ညႇိဳးထိုး‌ရင္း

"လူဆိုးေကာင္''

ေရွာက္ခြၽင္သည္ အခြင့္အေရးယူကာ သူ႔လက္ကို ဖမ္းဆြဲလိုက္ရင္း

"ဟုတ္ပါတယ္။ ကိုယ္ကလူဆိုး။ ခ်ိန္ရႈိ႕...ကိုယ္က မင္းကိုပဲ ခ်စ္တာပါ။ ကိုယ့္အခ်စ္ေတြကို ထိန္းမႏိုင္သိမ္းမရျဖစ္သြားတာ"

လီခ်ိန္ရႈိ႕သည္ တစ္လွမ္းခ်င္း နံရံဆီကပ္သြားသည္။

"ငါအိမ္ျပန္မယ္"

"စိတ္ခ်ပါ။ ကိုယ္မင္းကို အိမ္ျပန္လိုက္ပို႔ေပးမွာပါ။ ဒါေပမဲ့ မင္းအရင္ဆုံး ကိုယ့္ကိုခြင့္လႊတ္ရမယ္"

လီခ်ိန္ရႈိ႕စိတ္ဆိုးစြာေျပာ၏။

"မင္း......"

ေရွာက္ခြၽင္က ကိုယ္ကိုကိုင္းလိုက္ၿပီး နံရံႏွင့္ သူ႔ခႏၶာကိုယ္ၾကား ပိတ္ထားလိုက္ကာ သူ၏ လက္ဖဝါးကို တြယ္ခ်ိတ္လ်က္ သူ႔အား ႐ုန္းထြက္ခြင့္မေပး။ သူ၏ မ်က္ႏွာကို ေႏြးေထြးစြာ ပြတ္သပ္ေနရင္း

"ခ်ိန္ရႈိ႕ မင္း အဲ့ဒီအနမ္းကို မွတ္မိေသးတယ္မလား"

လီခ်ိန္ရႈိ႕ တစ္ကိုယ္လုံး တုန္သြားသည္။

"ကိုယ္တို႔ရဲ႕ အနမ္းဦးေလ။ မင္းေမ့သြားမယ္ဆိုတာ ကိုယ္မယုံဘူး။ ကိုယ္အဲ့တုန္းက ခံစားခ်က္ကို မွတ္မိေနေသးတယ္။ တစ္ခါမွ အဲ့လို ေျပာင္ေျမာက္တဲ့ခံစားမႈမ်ိဳး မရခဲ့ဖူးဘူး။ တစ္ကမာၻလုံးကို အပိုင္ရလိုက္သလိုမ်ိဳး ခံစားခ်က္။ မင္းေျပာၾကည့္။ အဲ့တုန္းက ကိုယ္ကမင္းကို စနမ္းတာလား။ မင္းဘက္က ကိုယ့္ကို စနမ္းတာလားဟင္"

လီခ်ိန္ရႈိ႕ ရီေဝစြာ သူ႔အားၾကည့္ေနရင္း မသိလိုက္ပါဘဲ အတိတ္ကို ေတြးမိသြားသည္။

"ငါ...ငါမသိဘူး"

"ကိုယ္လဲမသိဘူး။ ဒါေပမဲ့ မင္းရဲ႕ အဲ့တုန္းကခံစားခ်က္က ကိုယ္နဲ႔ထပ္တူပဲမို႔လား။ ဟုတ္တယ္မလား''

လီခ်ိန္ရႈိ႕ မလိမ္ညာရဲ၊ ႏႈတ္သာဆိတ္ေနသည္။

"ခ်ိန္ရႈိ႕ ကိုယ့္ကိုၾကည့္ၿပီး အ႐ိုးသားဆုံးေျပာျပပါ။ မင္းလဲ အဲ့တုန္းက ကိုယ့္ကို ခ်စ္တယ္မွတ္လား ဟုတ္တယ္မလား"

လီခ်ိန္ရႈိ႕ အံ့အားသင့္စြာ သူ႔အားၾကည့္ေနမိ၏။

ခ်စ္လား။ အဲ့တုန္းက ေရွာက္ခြၽင္ကို သူခ်စ္ခဲ့မိလို႔လား။ သူမသိ။ ဒါမွမဟုတ္ အမွန္တကယ္လက္သင့္ခံဖို႔မမွီလိုက္ခင္မွာပဲ အရာအားလုံးက ေႂကြပ်က္ကုန္ခဲ့၍ သူ လက္မခံရဲေတာ့တာ။

"ခ်ိန္ရႈိ႕။ မင္းကကိုယ့္ကိုခ်စ္တယ္ ကိုယ္ခံစားလို႔ရတယ္။ ကိုယ္လဲမင္းကိုခ်စ္တယ္။ မင္းလဲ ခံစားလို႔ရမယ္ဆိုတာ ယုံၾကည္တယ္။ အဲ့တုန္းကခံစားခ်က္ကို ျပန္ခံစားၾကည့္ရေအာင္ပါ။ ကိုယ္က အဲ့တုန္းကေရွာက္ခြၽင္ပါပဲ။ မင္းကို ခ်စ္ေနဆဲပဲ။ ဒါေပမဲ့ ကိုယ္ႀကီးျပင္းလာၿပီ။ လုံးဝ အဲ့တုန္းကလို သတၱိေၾကာင္တဲ့လုပ္ရပ္မ်ိဳး မလုပ္ေတာ့ပါဘူး။ ကိုယ္ အဲ့တုန္းကထက္ပိုၿပီး မင္းအေပၚေကာင္းေပးမွာပါ။ စမ္းသပ္ၿပီး ကိုယ့္ခ်စ္ၾကည့္ပါ။ ေကာင္းၿပီလား"

လီခ်ိန္ရႈိ႕စိတ္ထဲ တင္းၾကပ္သြားကာ ႏွာထိပ္မွာ နာက်င္သလို ခံစားရသည္။

ေရွာက္ခြၽင္သည္ သူ၏အမူအရာ ေျပာင္းလဲသြားသည္ကိုျမင္ေသာ္ အားရေက်နပ္သြားရသည္။ ျဖည္းျဖည္းခ်င္း အနားကပ္သြားကာ သူမျငင္းဆန္‌တာ‌ျမင္ေတာ့ ပိုရဲတင္းလာကာ သူ႔အား ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့သည္။

"ခ်ိန္ရႈိ႕ အဲ့တုန္းကခံစားခ်က္ကို ျပန္ေတြးၾကည့္။ ေတြးၾကည့္ပါဦး။ ကိုယ္တို႔ ျပန္ရွာေတြ႕ႏိုင္ပါတယ္။ အဲ့အနမ္းကို ျပန္ေတြးၾကည့္ဦး။ မွတ္မိေသးရဲ႕လားဟင္။ ကိုယ္တို႔ ‌ခပ္ဖြဖြထိ‌ထားၾကတာေလ။ ကိုယ္ကေတာ့ မင္းႏႈတ္ခမ္းေလး ဘယ္ေလာက္‌ေတာင္ေပ်ာ့ေပ်ာင္းေနသလဲ၊ အဲ့ခံစားခ်က္က ဘယ္ေလာက္ေျပာင္ေျမာက္သလဲဆိုတာ အခုထိအမွတ္ရေနတုန္းပဲ"

ေရွာက္ခြၽင္သည္ ဒီဆယ္ႏွစ္ေက်ာ္ကာလလုံး ကုတင္ေပၚမွာ ေယာက္်ား မိန္းမ ဘယ္ႏွေယာက္ေလာက္ကို ေခ်ာ့ေမာ့ခဲ့ဖူးသလဲမသိ။ စိတ္ပါလက္ပါ ခ်စ္စကားတစ္ခြန္းဆို႐ုံ ႏွင့္ ေက်ာက္ခဲလို အသည္းမာသူေတာင္ မလႈပ္ရွားဘဲမေနႏိုင္။ သူ႔အသံက တိုးလ်ေႏြးေထြးသည့္အျပင္ ႏူးညံ့ၾကည္စင္သည္။ လီခ်ိန္ရႈိ႕ေတြေဝမိန္းေမာေနစဥ္မွာ သူ႔ေမ့ဖ်ားကိုဖြဖြဆြဲေမာ့ရင္း ႏူးညံ့စြာ သူ႔ႏႈတ္ခမ္းပါးတို႔ႏွင့္ ထိကပ္ေလ၏။

ဒီအနမ္းက အရင္တစ္ခါေလာက္ ပူျပင္းကြၽမ္းရွမေန။ ႏူးညံ့ေပါ့ပါးစြာ ငွက္ေမႊးေလးႏွင့္ ထိလိုက္သလိုမ်ိဳး ထိကပ္ေန႐ုံေလးျဖစ္ၿပီး တစ္ျခားလႈပ္ရွားမႈမ်ိဳးမရွိေပ။

ဤ အခ်စ္၊ ဤျမင္ကြင္း၊ တူညီေသာလူ ၊တူညီေသာအနမ္း။ ႏွစ္ေယာက္လုံး လြန္ခဲ့ေသာ ဆယ္ေလးႏွစ္ကို ျပန္ေရာက္သြားသလို။ ထို ေဝဝါးၾကည္လင္ေသာ အနမ္းက ကမာၻေပၚရွိ အလွတရားအားလုံးထက္သာလြန္ၿပီး ၾကည္ႏူးျခင္းႏွင့္အတားအဆီးမဲ့ေသာကံေကာင္းျခင္းတို႔ကို ရင္ဘတ္တစ္ေနရာမွ စိမ့္ထြက္ပ်ံ႕ႏွံ႔‌လာေစသလိုမ်ိဳး။

လီခ်ိန္ရႈိ႕သာ အတိတ္ဝဲဂယက္ထဲ ေရာက္ရွိသြားရ႐ုံမကပဲ ေရွာက္ခြၽင္ပင္ အသိလြတ္သြားကာ ရင္ဘတ္ထဲ ဟိုးအရင္တုန္းကသာ ခံစားခဲ့ဖူးသည့္ခံစားခ်က္မ်ိဳး ခံစားလာရၿပီး သူ႔ႏွလုံးခုန္သံကို ဆတိုးျမန္ေစကာ တစ္ကိုယ္‌လုံး ပူေလာင္လာေစသည္။

ႏွစ္ေယာက္သား ခြဲခြာခ်ိန္တြင္ မည္သူမွ်စကားမဆိုႏိုင္။ ႏွစ္ေယာက္လုံး တိတ္တိတ္ေလးၾကည့္ေနမိသည္။ ေမွာင္ရီေသာ ေလွကားခန္းေလးထဲ ၾကည္လင္ေတာက္ပေသာ မ်က္ဝန္းအၾကည့္တို႔သာရွိေနသည္။ ထို ၾကည္ေတာက္ေသာမ်က္ဝန္းတို႔ႏွင့္ အၾကည့္ခံရသည့္အခါ ေလာင္ၿမိဳက္ခံေနရသလိုမ်ိဳး ထင္ေယာင္ထင္မွား ခံစားရေစသည္။

လီခ်ိန္ရႈိ႕က ႐ုတ္တရက္ေျပာသည္။

"ေရွာက္ခြၽင္...ငါတို႔...ႀကီးျပင္းလာၿပီ"

ေရွာက္ခြၽင္ ရပ္တန႔္သြားရသည္။ ေတြးမိသမွ် ဒါက လီခ်ိန္ရႈိ႕ ပထမဆုံးအႀကိမ္အျဖစ္ သူ႔ကို နာမည္တပ္ေခၚျခင္းျဖစ္သည္။ အခ်ိန္အၾကာႀကီးေဝးကြာခဲ့ရၿပီးမွ ျပန္လည္ေတြ႕ဆုံခြင့္ရသလို ေလသံမ်ိဳး။ သူ႔မွာ ထူးဆန္းတဲ့ခံစားခ်က္မ်ိဳးရသည္။ လီခ်ိန္ရႈိ႕က အခုမွ သူကေရွာက္ခြၽင္ဆိုတာကို လက္ခံလိုက္သလိုမ်ိဳး။

သူ႔စိတ္ထဲ စိတ္ဓာတ္က်သလို ခပ္ေရးေရးခံစားသြားရသည္။ မသိလိုက္ပါဘဲ သူပါ လီခ်ိန္ရႈိ႕ေလသံမ်ိဳး ေျပာလိုက္မိသည္။

"ဟုတ္တယ္ေလ။ ကိုယ္တို႔ ႀကီးျပင္းလာၾကၿပီ"

လီခ်ိန္ရႈိ႕သည္ သူ႔လက္ထဲမွ လက္ကို႐ုန္းထြက္လိုက္ၿပီး ႏႈတ္ဆိတ္စြာ ေခါင္းငုံ႔ၿပီးဖိနပ္ထိပ္ဖ်ားကို ငုံ႔ၾကည့္ေနသည္။

ေရွာက္ခြၽင္က သူ၏နီရဲ‌ေနေသာနား႐ြက္ဖ်ားႏွင့္လည္တိုင္သြယ္သြယ္ကိုၾကည့္ရင္း ႏွလုံးသားထဲယားယံလာသည္။

အခုက အခ်ိန္မက်ေသးတာကို သူသိသည္။ တစ္ခုခုလုပ္ပစ္ခ်င္ေသာ ေမွ်ာ္လင့္ခ်က္ကေလးကို အတင္းဖိႏွိပ္ကာ အသံေပ်ာ့ေပ်ာ့ျဖင့္ေျပာသည္။

"ခ်ိန္ရႈိ႕ ကိုယ္တို႔ႀကီးျပင္းလာၾကေပမဲ့ ကိုယ့္ရဲ႕မင္းအေပၚ ထားတဲ့ ႏွလုံးသားက မေျပာင္းလဲေသးဘူးေလ။ အခ်င္းခ်င္း အခြင့္အေရးေလးတစ္ခုေတာ့ ေပးလိုက္ၾကရေအာင္။ ေကာင္းရဲ႕လား?"

လီခ်ိန္ရႈိ႕ ေခါင္းယမ္း၏။

"ငါမသိဘူး"

"မင္းအခုသိဖို႔မလိုပါဘူး။ ျဖည္းျဖည္းခ်င္းသြားၾကမယ္ေလ။ ဒါေပမဲ့ ကိုယ့္ရဲ႕ေစတနာေတြကိုေတာ့ မျငင္းပယ္ရဘူးေနာ္"

လီခ်ိန္ရႈိ႕က ခိုင္မာစြာ ေခါင္းယမ္းေနၿမဲ။

"ငါ... မင္းအိမ္မွာ...မေနဘူး"

"ေကာင္းပါၿပီ။ ကိုယ္မင္းကို အတင္းမတိုက္တြန္းပါဘူး။ ကိုယ္ကမင္းကို ဒီထက္သက္သက္သာသာရွိေစခ်င္႐ုံပါ။ မေကာင္းတဲ့သေဘာမပါပါဘူး"

လီခ်ိန္ရႈိ႕ ေခါင္းကိုေမာ့လိုက္ၿပီး နားလည္သလို ဖြဖြၿပဳံးသည္။

"ေက်းဇူး"

ေရွာက္ခြၽင္ကလည္း ရယ္သည္။ သူ႔ပါးကို ဆြဲလိုက္ရင္း

"မင္းကေတာ့ သိပ္ေခါင္းမာတာပဲ။ လာ။ ကိုယ္တို႔ ေအာက္ဆင္းၾကရေအာင္။ ေန႔လည္ေရာက္ၿပီဆိုေတာ့ ကိုယ္မင္းကို ေန႔လည္စာေကြၽးမယ္"

ႏွစ္ေယာက္သား ထမင္းစားခ်ိန္တြင္ စကားႏွစ္ခြန္းသုံးခြန္း ဆိုၾကသည္။ လီခ်ိန္ရႈိ႕က ဤမႈိျဖဴႏွင့္ငါးဟင္းရည္က ခ်က္ထားတာ နည္းလမ္းမက်ေၾကာင္းပင္ သူ႔အား ေျပာလိုက္ေသး၏။ လီခ်ိန္ရႈိ႕ သူ႔အေပၚ အၿမဲထားသည့္ ကာကြယ္ရန္ ျပင္ဆင္ထားစိတ္ အမ်ားႀကီး သိသိသာသာ ေလ်ာ့က်သြားေၾကာင္း သူခံစားမိသည္။

သူ ေရွာက္ခြၽင္ မ်က္စိက်မိသည့္ ဘယ္သူ႔အေပၚမွ ဒီေလာက္အားမစိုက္ခဲ့ဖူးေခ်။ သို႔ေသာ္ျငား သူ မုန္းတီးေနစိတ္မျဖစ္မိ။ ေယာက္်ားဆိုတာက ဗီဇအရ အားက်အထင္ႀကီးစိတ္ကို လိုလားသည္။ သူလည္း ယခု စစ္တိုက္ေနရသလိုမ်ိဳး တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း အစြန္အဖ်ားမွသည္ ေရွ႕တိုးၿပီး ျဖည္းျဖည္းခ်င္း သူ႔ရဲ႕ၿမိဳ႕ေတာ္ကို သိမ္းပိုက္မည္။ အႏိုင္ရျခင္းက လက္တစ္ကမ္းမွာရွိေနသလိုမ်ိဳး ဆိုေပမဲ့ ဟိုးအေဝးေကာင္းကင္ယံမွာ ရွိေနသလိုမ်ိဳး သူ႔စိတ္ႏွလုံးကို ကလိေနသည့္ႏွယ္ အေလ်ာ့မေပးလို။

ႏွစ္ေယာက္ ထမင္းစားၿပီးေနာက္ ‌ေရွာက္ခြၽင္က သြားလည္ပတ္ရန္ပင္ ေတြးထားသည္။ မထင္မွတ္ဘဲ ဖုန္းလက္ခံရရွိၿပီး သူသြားမွရမည့္အေရးႀကီးကိစၥ ေပၚေပါက္လာသည္။ နည္းလမ္းမဲ့စြာ သူ လီခ်ိန္ရႈိ႕အား အရင္အိမ္ျပန္ပို႔ရန္သာ တတ္ႏိုင္ေတာ့သည္။

ႏွစ္ေယာက္ခြဲခြာခ်ိန္တြင္ ေရွာက္ခြၽင္ကေျပာေသးသည္။

"မနက္ျဖန္ မင္းကို အစားအစာေ႐ြးဖို႔ ေခၚသြားမယ္။ မင္းကိုယ္တိုင္ ျမည္းစမ္းမွရမွာ"

လီခ်ိန္ရႈိ႕ ေခါင္းညိတ္သည္။

"သဘက္ခါက် ကိုယ္နဲ႔ခ်ိန္းေတြ႕"

"အာ..."

ေရွာက္ခြၽင္က ပရိယာယ္ႂကြယ္စြာ မ်က္လုံးမွိတ္ျပၿပီး

"မင္းကို အလုပ္လုပ္ဖို႔တစ္ရက္ေခၚၿပီး ကိုယ္နဲ႔ခ်ိန္းေတြ႕ဖို႔ တစ္ရက္ေခၚမယ္ေလ"

လီခ်ိန္ရႈိ႕မ်က္ႏွာ နီရိပ္ေျပးကာ

"မင္း...အလုပ္...မလုပ္ဘူးလား"

ေရွာက္ခြၽင္က အီစီကလီေျပာ၏။

"အလုပ္လုပ္တာက မင္းနဲ႔အတူရွိရတာေလာက္ ဘယ္မွာသာႏိုင္ပါ့မလဲ''

‌လီခ်ိန္ရႈိ႕ အေနခက္စြာ သူ႔အားတစ္ခ်က္ၾကည့္သည္။

ေရွာက္ခြၽင္သည္ သူ႔နားနား ဖြဖြေျပာသည္။

"ခ်ိန္ရႈိ႕ ကိုယ့္ကို နမ္းခြင့္ေပးမလား"

လီခ်ိန္ရႈိ႕ ထိတ္လန႔္စြာ ေနာက္ဆုတ္လိုက္သည္။ ခ်က္ခ်င္း ေလွကားခန္းထဲကအနမ္းကို သတိရမိၿပီး မ်က္ႏွာက နီရဲသြားသည္။

ေရွာက္ခြၽင္က တဟားဟားေအာ္ရယ္ရင္းေျပာသည္။

"မင္းဘယ္လိုလုပ္ အဲ့ေလာက္ အရွက္သည္းရတာလဲ"

လီခ်ိန္ရႈိ႕က ျပန္ေျပာသည္။

"ဒါ...ဒါ မေကာင္းဘူး"

ေရွာက္ခြၽင္က သက္ျပင္းခ်သည္။ ႏႈတ္ခမ္းကို ေယာင္ေယာင္ေလးစူၿပီး ေမွ်ာ္လင့္ခ်က္မဲ့သြားသလို အမူအရာမ်ိဳးလုပ္ျပသည္။ မုန႔္ဖိုးမရသည့္ ကေလးငယ္လိုမ်ိဳး သနားစဖြယ္ျဖင့္ သူ႔အား ၾကည့္ေနသည္။

လီခ်ိန္ရႈိ႕စိတ္ထဲ ခ်က္ခ်င္းလို စိတ္ေပါ့ပါးသြားကာ ဖြဖြၿပဳံးလိုက္သည္။

"ေနာက္မွေတြ႕မယ္"

ေနာက္သုံးေလးရက္အတြင္း လီခ်ိန္ရႈိ႕ႏွင့္ေရွာက္ခြၽင္တို႔ ေန႔တိုင္းလို ေတြ႕ျဖစ္ၾကသည္။ ေရွာက္ခြၽင္က သူ႔အားေခၚၿပီး စားေသာက္လည္ပတ္ၾကသည္။ သူ႔အား ပိုၿပီး ဂ႐ုတစိုက္ တယုတယႏွင့္ ေႏြးေထြးၾကင္နာသည္။

အပိုမဆိုရပါ။ သူရွင္သန္လာသမွ် ႏွစ္ႏွစ္ဆယ္ေက်ာ္ကာလအတြင္း ဒီေလာက္ေပါ့ပါးေပ်ာ္႐ႊင္စရာ ဘဝမ်ိဳး မရခဲ့။

အလုပ္သြားစရာမလိုပဲ လခကနဂိုအတိုင္းရသည္။

ဘဝတစ္ေလွ်ာက္ ပထမဆုံးခယေပးသည့္သူရွိၿပီး အေလးေပးခံရသည္။ တစ္စုံတစ္ေယာက္က အေဖာ္ျပဳေပးသည့္ခံစားခ်က္က ဤမ် ေျပာင္ေျမာက္လွပသည္။ ၿပီးေတာ့ ေရွာက္ခြၽင္က အျမင္ႂကြယ္၏။ သူ႔အား ဆန္းသစ္ေသာအရာမ်ားစြာကို အျမင္ပြင့္ေစသည္။ ရက္ပိုင္းအတြင္း သူ႔အား မ်က္စိပြင့္ေစသည္။ သူ ႏွစ္ေပါင္းမ်ားစြာေနထိုင္လာေသာ ဒီၿမိဳ႕တြင္းမွာ ဒီလိုစိတ္ဝင္စားစရာ ထူးဆန္းေထြလာေနရာမ်ားစြာရွိမွန္း တစ္ခါမွမသိခဲ့။

ေန႔တိုင္း ေရွာက္ခြၽင္၏နဂိုပုံစံကို မေမ့ရန္ ေန႔စဥ္သတိေပးေနၿပီး ေရွာက္ခြၽင္အား ျမင္ေတြ႕ႏိုင္ရန္ ေမွ်ာ္လင့္ေနမႈကို ထိန္းခ်ဳပ္ေနေပမဲ့....။

ဒီလိုခံစားခ်က္ဟာ သူတို႔စေတြ႕စဥ္က ပုံစံႏွင့္ ဘယ္ေလာက္ေတာင္ ထပ္တူက်ေနသလဲ။

သူက မူလက ေမွာင္မိုက္ေသာအိမ္ကေန ကံေကာင္းေထာက္မစြာ ေရွာင္ေျပးေနရာမွ ေနာက္ တေျဖးေျဖး ေန႔လည္ေခါင္မိုးထပ္မွာ ေရွာက္ခြၽင္ႏွင့္အတူ အေႏွာင့္အယွက္မဲ့သည့္ ေန႔လည္ခင္းတစ္ခုကို အတူျဖတ္သန္းဖို႔ ေမွ်ာ္လင့္ေနခဲ့မိသလိုမ်ိဳး။

ေရွာက္ခြၽင္သည္ ထိုအခါကလို တံခါးတစ္ခ်ပ္ကို တြန္းဖြင့္လိုက္ၿပီး သူ႔အား ေလာကအသစ္တစ္ခုဆီ ဆြဲေခၚခဲ့သလိုမ်ိဳး။ ထိုတံခါးကို တင္းၾကပ္စြာ တြန္းထုတ္လိုက္ၿပီး သူ၏ ထိုနာက်င္ေၾကကြဲဖြယ္ ရွက္႐ြံ႕ပင္ပန္းရသည့္ေလာကႀကီးႏွင့္ သူ႔အား ခြဲျခားထားေပးလိုက္သလို။

ဒီေလာကမွာ အေႏွာင့္အယွက္မရွိ၊ လက္ေတြ႕မရွ ၊ သူ အထင္အျမင္ေသးမခံရ။ အျမင္မွားမခံရ။ ရွင္သန္ရတာ ေအာက္က်ေနာက္က်မျဖစ္။ ေျပာင္းျပန္အေနႏွင့္ သူ႔ကို ဂ႐ုတစိုက္ေထြးေပြ႕မည့္သူရွိသည္။ ပိုၿပီး အေကာင္းျမင္မည့္သူရွိသည္။ ေရွာက္ခြၽင္ႏွင့္ဆိုလွ်င္ သာမန္သူ႔အား အထင္ေသးေသာလူေတာင္ သူ႔အား ေလးစားသမႈျပဳ၏။ သူက အေရးပါေသာလူတစ္ေယာက္လို သူ႔အား ခ်ီးက်ဴးသည္။ သူ႔အား သေဘာက်ၾကသည္။ သူ႔အား ထပ္ၿပီး အထီးမက်န္ေစရန္ အေဖာ္ျပဳလိုေသာဆႏၵရွိသူ ရွိသည္။

ဒါေတြကို အိပ္မက္ထဲက ပုံရိပ္ေယာင္ေတြလို ေရွာက္ခြၽင္က သူ႔အတြက္ျဖစ္တည္ေပးသလိုမ်ိဳး တိတ္တခိုး စိတ္ကူးမိသည္။ သူ အတူတကြ မွ်ေဝခံစားဖို႔ထိ ေလာဘမထားခဲ့။ သို႔ေသာ္ျငား သူ အၿမဲ ေမွ်ာ္လင့္ေနခဲ့ရသည့္ ထိုအရာေတြကို ျငင္းဆန္ႏိုင္စြမ္းမရွိေၾကာင္း သူသိလိုက္ရသည္။

ၿပီးေတာ့ ဒီရက္ပိုင္း ေရွာက္ခြၽင္လည္း တရားလြန္ေသာအျပဳအမူမ်ိဳးမလုပ္။ လုပ္လည္း သူက ျပန္တုံ႔ျပန္ဖို႔ ပ်င္းရိျပန္သည္။ ေရွာက္ခြၽင္ တစ္ခါတစ္ေလ ရင္းႏွီးကြၽမ္းဝင္သည့္ အျပဳအမူမ်ား ျပဳလုပ္လွ်င္ေတာင္ သူက်င့္သားရေနသလိုျဖစ္ေနသည္။

မ်က္လုံးထဲ ညစာစားပြဲႏွင့္ အခ်ိန္က တေျဖးေျဖးနီးကပ္လာသည္။ ႏွစ္ပတ္ဟူေသာ အခ်ိန္မွာလည္း တစ္ဝက္ေက်ာ္ေနၿပီမို႔ သူအနည္းငယ္ စိတ္ပ်က္မိသလို ခံစားရသည္။

ဘယ္ေလာက္ လွပတဲ့ အိပ္မက္ျဖစ္ပါေစ အဆုံးသတ္မွာေတာ့ ႏိုးထရၿမဲျဖစ္သည္။

ဒီေန႔ေတာ့ သူတစ္ကိုယ္တည္း အိမ္မွာေနေနၿပီး နံရံကိုေငးေနသည္။

ေရွာက္ခြၽင္ ဒီရက္ပိုင္း အလုပ္မ်ားသည္။ ညစာစားပြဲႏွင့္ပတ္သက္ေသာ ျပင္ဆင္စရာကိစၥမ်ားက စိပ္လြန္းသည္။ ထပ္ၿပီး ျပင္ဆင္စရာ အေသးအမႊားေလးမ်ား ရွိေသး၏။

အကယ္၍ ေန႔တိုင္း ေပ်ာ္‌ပါးစည္ကားေနပါက ႐ုတ္တရက္ တိတ္ဆိတ္ၿငိမ္သက္သြားေသာအခါ ေနသားမက်ျဖစ္ေနတတ္သည္။

လီခ်ိန္ရႈိ႕ ေရတစ္ငုံေသာက္လိုက္ကာ ျပင္ဆင္ထားေသာ ဟင္းလ်ာမ်ားကို လွန္ၾကည့္ၿပီး ဘာျပင္စရာသလိုသလဲ ၾကည့္လိုက္သည္။

စိတ္ပါလက္ပါျဖစ္သည့္အခ်ိန္မွပဲ ဖုန္းက ျမည္လာေတာ့သည္။

သူအလ်င္အျမန္ဖုန္းကိုင္လိုက္သည္။ ၾကည့္လိုက္တာႏွင့္ ဖုန္းေခၚဆိုသူေၾကာင့္ စိတ္ထဲ အနည္းငယ္ ပ်က္ယြင္းသြားရ၏။

"ဟဲလို မန္ေနဂ်ာက်န္း"

"ဟဲလို ေရွာင္လီ ဘာလုပ္ေနတာလဲ"

"အိမ္မွာပါ"

"ေဩာ အဲ့ဒါဆို အေတာ္ပဲ။ ျပင္ဆင္လိုက္ပါဦး။ ဒီေန႔ အလုပ္ရႈပ္စရာရွိတယ္"

"အာ...ဘာလို႔လဲ?"

"ဒါ႐ိုက္တာခ်ိန္က မင္းကို အေဆာင္ စီစဥ္ေပးလိုက္တယ္"

"အေဆာင္?"

"ဟုတ္တယ္။ အရင္က အလုပ္သမားအေဆာင္က အလြတ္မရွိေတာ့ဘူးမလား။ အခုတေလာ ျပင္ဆင္လို႔ၿပီးၿပီဆိုေတာ့ မင္းကိုလဲ အေဆာင္ခြဲေပးရေတာ့မယ္ေလ။ ဒါ႐ိုက္တာခ်ိန္က မင္းကို အထူးဂ႐ုစိုက္တာ။ မင္းကို အေတာ္ေလးေကာင္းတဲ့ အေဆာင္ေပးထားတယ္။ မင္းေတာ့ ကံေကာင္းတာပဲ။ မင္းလဲ ဒီရက္ပိုင္းအားေနတယ္ဆိုေတာ့ ဒီေန႔ပဲ ေျပာင္းလိုက္ေတာ့"

"အာ?"

လီခ်ိန္ရႈိ႕ အံ့အားသြားရသည္။ အေဆာင္ရမည္ဆိုတာ ေကာင္းတဲ့ကိစၥပင္။ ‌အေဆာင္လခသက္သာမည္။ ဒါေပမဲ့ ခ်က္ခ်င္းေျပာင္းရမဲ့အေၾကာင္းေတာ့ မရွိဘူးမဟုတ္လား။

"ဘာအာေနတာလဲ? မင္းအိမ္က ဘယ္မွာလဲ။ ငါ့ကို လိပ္စာေပး။ ငါလဲ ဒီေန႔နားတယ္။ မင္းကို အိမ္ကူေျပာင္းေပးမယ္"

မန္ေနဂ်ာက်န္းသည္ ဘယ္တုန္းကမွ သူ႔အေပၚ ဒီလိုမေဖာ္ေ႐ြခဲ့ဖူးေပ။ အထူးသျဖင့္ ဒီလို ကိုယ့္နားရက္ကိုေတာင္ အနစ္နာခံၿပီး ကူညီေပးမည္ဆိုေတာ့ သူတကယ္ သံသယမဝင္ဘဲ မေနႏိုင္ပါ။

သူအားတင္းၿပီး ရွင္းျပလိုက္သည္။

"အရမ္းျမန္...လြန္းတယ္။ ကြၽန္ေတာ့္...အခု...အိမ္က...အပ္ရဦးမွာ"

"အိမ္ရွင္နဲ႔ ဖုန္းေျပာရင္ ရၿပီပဲ။ အခုပဲ လကုန္ေတာ့မယ္။ အရင္ ေျပာင္းသြားလိုက္။ အဲ့ဘက္အိမ္ကို လကုန္မွ အပ္လဲရတာပဲ"

"ႏွစ္လႀကိဳ...အပ္ရမွာ...မဟုတ္ရင္...ေလ်ာ္ေၾကး...ျဖတ္လိမ့္မယ္"

"ေဩာ။ ေလ်ာ္ေၾကးကို ဟိုတယ္က တာဝန္ယူလိမ့္မယ္။ မဟုတ္ရင္ ဟိုဘက္က ငွားထားတဲ့ အိမ္ကလဲ လြတ္ေနမွာ။ ပိုၿပီး ေဈးႀကီးတာလဲ မဟုတ္ဘူး။ ဒါ႐ိုက္တာခ်ိန္ရဲ႕ေစတနာကို အလကားမျဖစ္ေစနဲ႔။ ျမန္ျမန္။ ငါ့ကို လိပ္စာေပး"

"မန္ေနဂ်ာက်န္း ၊ ဒါေပမဲ့ ၊ အရမ္း ႐ုတ္တရက္ႀကီး"

တစ္ဖက္က အသံက စိတ္မရွည္ေတာ့သည့္ ေလသံျဖစ္လာကာ

"ေယာက္်ားျဖစ္ၿပီး ဘာလို႔ အဲ့ေလာက္ ပြစိပြစိႏိုင္ရတာလဲ။ ဒီေလာက္ေကာင္းတဲ့အိမ္ကို။ မင္း ျမန္ျမန္ ေျပာင္းေတာ့။ သုံးေလးရက္ဆိုတာနဲ႔ သူမ်ားဦးသြားဦးမယ္။ ဒီအိမ္က မင္းတစ္ေယာက္တည္းေနရမွာေနာ္။ ငါတို႔ ဟိုတယ္မွာလဲ ရခ်င္တဲ့သူေတြက ေစာင့္ေနၿပီးသား။ မင္းျမန္ျမန္ေျပာင္း။ဘာေတြ ေတြေဝေနရတာလဲ?"

လီခ်ိန္ရႈိ႕က သူ႔အား အျပစ္ျပဳမိမွာလဲ ေၾကာက္ရေသးသည္။ သူေျပာတာကို ေတြးၾကည့္ေတာ့လည္း နည္းလမ္းက်သည္။ ဟိုတယ္က သူ႔အားစာခ်ဳပ္ဖ်က္ေငြေပးမည္ဆိုမွေတာ့  သူလဲ ေတြးစရာမလိုေတာ့ေပ။ ေခါင္းပူေနတုန္း လိပ္စာကို ေပးလိုက္မိေတာ့သည္။

မန္ေနဂ်ာက်န္းက အလြန္ပင္ ဝမ္းေျမာက္သြားသည္။

"ငါအခု လမ္းပိတ္ေနတယ္။ ငါလာရင္ တစ္နာရီေလာက္ၾကာမယ္။ အခု မင္းပစၥည္းေတြ သိမ္းထားလိုက္"

ဖုန္းခ်လိုက္သည္ႏွင့္ လီခ်ိန္ရႈိ႕ ခဏတာ ေငးေမာေနမိသည္။

အိမ္ေျပာင္းတာ အသက္လုရသလိုမ်ိဳး သူတစ္ခါမွ မၾကားဖူးေခ်။ ၿပီးေတာ့ မန္ေနဂ်ာက်န္းက ပုံမွန္ဆို သူ႔ကို ရွိတယ္လို႔ကို မထင္။ ဘယ္လိုလုပ္ သူ႔ကိုအိမ္ေျပာင္းဖို႔ ကူညီမွာလဲ။ သူ႔ သံသယစိတ္က ပိုပိုႀကီးစိုးလာကာ ဘယ္လို‌ေတြးေတြး ႀကံစည္ထားတာရွိရမည္။

သူအလ်င္အျမန္ အိမ္ရွင္အား သူ႐ုတ္တရက္ အိမ္ေျပာင္းမည့္အေၾကာင္း ဖုန္းဆက္ေျပာလိုက္သည္။ ၿပီးေတာ့ သူစကားေျပာတာက အက်ိဳးအေၾကာင္း မျပည့္စုံတာႏွင့္ အိမ္ရွင္အား အမ်က္ေခ်ာင္းေခ်ာင္း ထြက္ေစၿပီး သူ႔အား ဖုန္းထဲမွ ဆုံးမေျပာဆိုေနကာ သူစာခ်ဳပ္ဖ်က္ခေပးမည္ဆိုမွ ရပ္နားသြားေတာ့သည္။

သူ အိမ္ရွင္အား ဖုန္းဆက္ၿပီးေနာက္ ေရွာက္ခြၽင္အား ဖုန္းဆက္လိုက္သည္။

မထင္မွတ္ထားပဲ တစ္ရက္ သူအိမ္ေျပာင္းလွ်င္ ဆက္သြယ္အသိေပးစရာလူတစ္ေယာက္ရွိေနျခင္းက တကယ္ပဲ ေကာင္းလြန္းသည္။

ႏွျမာစရာက ေရွာက္ခြၽင္က တစ္ခ်ိန္လုံးဖုန္းမကိုင္၍ ထားလိုက္ရသည္။

သူက စကားေျပာသာမေခ်ာတာ အလုပ္လုပ္ရာမွေတာ့ ေပါ့ပါးသြက္လက္သည္။ ထပ္ၿပီး သူဒီႏွစ္အတြင္းမွာလဲ ‌အိမ္ေျပာင္းေနရတာမ်ား၍ ပစၥည္းပစၥယက နည္းပါးၿပီး ထားရလြယ္သည္။ အရင္တစ္ေခါက္ အိမ္ေျပာင္းတုန္းကအိတ္ႀကီးႏွင့္စကၠဴဖာကို ထုတ္ယူၿပီး အျမန္ႏႈန္းႏွင့္ သိမ္းဆည္းလိုက္သည္။

မန္ေနဂ်ာက်န္းႏွင့္အိမ္ေျပာင္းကုမၸဏီေရာက္လာသည့္အခါ လီခ်ိန္ရႈိ႕က အမ်ားအားျဖင့္ သိမ္းဆည္းၿပီးလုေနၿပီ။ အဝတ္ဗီ႐ိုကို ျဖဳတ္ရန္ ကိရိယာကိုင္ထားေနစဥ္ျဖစ္၏။

မန္ေနဂ်ာက်န္းက ေရွ႕တိုးကာ သူ႔အား တားျမစ္သည္။

"အဲ့မွာ အိမ္သုံးပစၥည္းေတြမလိုဘူး။ အဲ့ဘက္မွာ အကုန္ျပည့္စုံၿပီးသား။ မင္း မေတြးမိတာပဲရွိမွာ။ အဲ့မွာ မရွိတာ မရွိဘူး"

လီခ်ိန္ရႈိ႕ မ်က္ေမွာင္ၾကဳတ္ကာဆို၏။

"ဒါေပမဲ့ ...."

အိမ္သုံးပစၥည္းေတြက သူပိုက္ဆံသုံးၿပီး ဝယ္ထားရတာေတြေလ။ ေျပာလို႔မရ၊ အကယ္၍ သူအိမ္ျပန္ေျပာင္းပါက ထပ္ၿပီး ပိုက္ဆံသုံးဝယ္ေနရမွာေပါ့။

"ဘာဒါေပမဲ့မွမရွိဘူး။ ယူမေနနဲ႔။ ယူလဲ ဟိုမွာ ထားစရာေနရာမရွိဘူး"

"မျဖစ္ဘူးေလ။ ေနာက္ ၊ အိမ္ေျပာင္းရရင္...."

"ေနာက္မွေျပာကြာ။ မင္းရဲ႕ ဒီအစုတ္အျပတ္ပစၥည္းေတြ ယူသြားလည္း ဟိုမွာထားစရာေနရာမရွိဘူး။ မင္းက ဒါ႐ိုက္တာခ်ိန္ငွားထားတဲ့အိမ္ကို ပစၥည္းေတြ အျပည့္ျဖည့္ထားမလို႔လား။ အိမ္ရွင္သိသြားရင္ ဒါ႐ိုက္တာခ်ိန္ကို ျပႆနာေပးတာျဖစ္မယ္ေနာ္"

လီခ်ိန္ရႈိ႕ေတြးၾကည့္ေတာ့လဲ သူေျပာတာဟုတ္သည္။ ဒါေပမဲ့ တကယ္ပစ္ရမယ္ဆိုေတာ့ သူႏွေျမာမိတာ အမွန္ပင္။သူ အရင္ ေျပာင္းသြားဖို႔ ေတြးလိုက္သည္။ ၿပီးေတာ့ လကုန္ဖို႔ ရက္နည္းနည္းရွိေသးတာပဲ။ သူ သဘက္ခါေလာက္ အားတဲ့အခါ လာၿပီး အိမ္သုံးပစၥည္းေတြကို တစ္ပတ္ရစ္ေဈးမွာ သြားေရာင္းခ်လိုက္မည္။ ဒါမွမဟုတ္ အိမ္ရွင္ႏွင့္ေဆြးေႏြးၿပီး ေနာက္အိမ္ငွားဆီေရာင္းလိုက္မည္။

ဤသို႔ဤႏွယ္ အေမာတေကာ ေန႔လည္ခင္းတစ္ခုအတြင္း လီခ်ိန္ရႈိ႕ခမ်ာ ‌အိမ္ေျပာင္းသည့္ကားေပၚ တက္လိုက္ရၿပီး ကားသြားသည့္ ဟိုတယ္ရွိရာသို႔ လိုက္ပါရေတာ့သည္။

အိမ္ေျပာင္းသည့္ကားက သူရင္းႏွီးသည့္အိမ္ရာသို႔ ေရာက္သည့္အခါမွ လီခ်ိန္ရႈိ႕မ်က္လုံးမ်ား ေၾကာင္အမ္းသြားရေတာ့သည္။

------------------------------------------------------------------------------------------------------------------------------

继续阅读

You'll Also Like

3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
4.9K 168 14
MAFIA'S BABYGIRL || J. JJK || ♡ A Mafia romance ♡ •Some ideas, taken from other books ♡ •All the pics from Pinterest ♡ •It is just a work of ficti...
16.7K 517 81
COMPLETED Alternative title: 一醉经年 Author : (原著)+流浪草工作室 Having a secret crush is just like drinking a bottle of hard liquor. You clearly know that it...
1.2K 105 3
Title - In the ABO world, I'm a ghost!!! (ABO ကမ္ဘ္ဘာထဲမှာ ငါက သရဲတစ်ကောင် ဖြစ်နေတယ်တဲ့!!! ) Author - Forest Spirit Genres - Comedy, Romance, Su...