Promise

By Leowang2004

28.6K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... More

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 9
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 16
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise 24

779 66 23
By Leowang2004

ကျိယန်တစ်ယောက်မိခင်ဖြစ်သူအားအကျိုးကြောင်းပြောလို့ အခန်းထဲပြန်အလာ ဖုန်းထဲကတက်လာတဲ့ notiသံကြောင့်ဖွင့်ကြည့်လိုက်ရာ သွေးပျက်ဖွယ်မြင်ကွင်းကိုမြင်တွေ့လိုက်ရသည် ရှောင်ကျန့်က သူ့ညီငယ်လေးကိုမတရားပြုကျင့်နေသည့်vedio fileဖြစ်သည် နှလုံးသားထဲကပါစူး၍အောင့်လာသည် ထို့အတူ ဒေါသလည်းထွက်ရသည်

"မဖြစ်တော့ဘူး ပိုက်ဆံကိုအမြန်‌ပြန်ဆပ်ပြီး ငယ်လေးကိုပြန်ခေါ်ရမယ် မနက်ပဲငါသွားပြီးအကြွေးတွေကိုဆပ်ရမယ်"

အတွေးပင်မဆုံးသေး phone screenထက်လက်ချောင်းများရွေ့လျားကာ နံပါတ်တစ်ခုကိုနှိပ်လိုက်၏ တစ်ဖက်မှဖြေဆိုသံကိုကြားသည်နှင့် ဝမ်ကျိယန်မှာ စကားစဆိုတော့သည်

"လီဖန်း မနက်ဖြန်ပဲ ရှောင်ကျန့်ကိုသွားတွေ့ကြမယ် "

"ဟုတ်ကဲ့အကို ကျနော်သူ့ရုံးကိုသိတယ် "

"ကောင်းပြီ "

ကိုကြီးလာခေါ်မှာပါငယ်လေး ရှောင်ကျန့်ကဘာကောင်ပဲဖြစ်နေပါစေ ကိုကြီးမမူ့ဘူး အဓိကက ငယ်လေးကိုပြန်ခေါ်နိုင်ဖို့ပဲ

မူးနောက်နေတဲ့ခေါင်းကြောင့်မျက်ခုံးတန်းတွေစုကျုံ့ကာ ညည်းနေတဲ့ကောင်လေးတစ်ယောက် king size မွေ့ယာနီညိုရောင်ကြီးပေါ်တွင် စောင်ပုံကြားမြုပ်နေသူလေးမှာ နာကျင်မှုကြောင့် လူးလွန့်လာသည်

မနေ့ကဒဏ်ကြောင့်ရိပေါ်မှာခေါင်းပင်မထူနိုင်အောင်နာကျင်လှပေသည် မဖွင့်ချင်သော မျက်လုံးများအား အားယူဖွင့်ကာပတ်ဝန်းကျင်ကိုစူးစမ်းရသည် သူသိလိုက်ရပြီ မနေ့ညက ရှိနေတဲ့အိမ်အိုဟောင်းမှာဟုတ်မနေတော့ သူအရင်နေခဲ့ဖူးတဲ့ရှောင်းအိမ်တော်ကအခန်းထဲကိုရောက်ရှိနေပြီဖြစ်သည် အားယူကာထထိုင်လို့ တစ်ဦးတည်းသောသူများရှိလို့ရှိညားလိုက်ရှာမိသည်
ရှင်းလင်းတိတ်ဆိတ်နေသောအခန်းကြောင့်ရိပေါ်မျက်ရည်တော့ကျမိသည်

အနားမှာတောင်ရှိမနေပေးပါလား

"နိုးပြီလား "

"ဟင် "

အိပ်ယာကနိုးလာသော်လည်း ဘေးတစ်နေရာရဲ့အေးစက်စက်အခြေနေကြောင့်ညကကြမ်းတမ်းသူမှာအနားမရှိမှန်းသိလိုက်ရသည် နာကျင်နေသော်လည်း သက်ဆိုင်သူကအနားမှာမရှိဘူးဆိုသောအသိကပိုပြီးပိုပြီးပင်ပန်းကာနှလုံးသားငယ်ကနာကျင်နေရသည် သို့သော်ဤသို့ခံစားချက်မှာခဏတာမျှသာဖြစ်ပေသည် အတွေးများနေတုန်း ကြားလိုက်ရသည့်အသံကြောင့် ငုံ့ထားဆဲခေါင်းကို‌ချာကနဲမော့ကာကြည့်မိသည်

"မှန်းစမ်းအဖျားရှိသေးလား "

ဘေးမှာထိုင်ကာ နှဖူးပေါ်သို့လက်တင်ကာ အဖျားစမ်းနေ၏ ဤလူသား ရိပေါ်ကို အနိုင်ကျင့်နှိပ်စက်သောဤလူသားကို ရိပေါ်မှာဖြင့်မုန်းလို့ပင်မရပေ ဒါဟာလည်းသိပ်ချစ်မိသွားလို့ဖြစ်ပေလိမ့်မည် စိုးရိမ်မှုအနည်းငယ်ပြနေသည့်မျက်နှာနုနုအားကြည့်ကာ ရိပေါ်ရင်ထဲလှိုက်တက်လာသည် သူသာ တကိုယ်ကောင်းမဆန်ခဲ့ရင် ကိုကိုကအခုလိုအမုန်းတရားတွေကြီးထွားလာမှာမဟုတ် အခုတော့ မကျေနပ်ခြင်းအငြိုးတရားတွေနဲ့အရာအားလုံးဟာ စိတ်ပင်ပန်းရခြင်းများစွာ

"အဖျားတော့မရှိတော့ဘူး သက်သာလာမှာပါ ကိုယ်အလုပ်သွားလိုက်ဦးမယ် လိုအပ်တာကိုအကူ‌လေးတွေကိုပြော ပြီးတော့ထွက်ပြေးမယ်မကြိုးစားနဲ့ကိုယ့်အကြောင်းသိတယ်မလား "

"အွန်းး "

ရှောင်ကျန့်သတိထားမိပါသည် သူဝင်လာထဲက မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေတဲ့မျက်ဝန်းငယ်ကို နှဖူးပေါ်လက်လေးတင်မိတော့သူ့ကိုစူးစိုက်ကြည့်ကာဝဲတက်လာတဲ့မျက်ရည်တွေ ရှောင်ကျန့်အနေနဲ့ ရိပေါ်အားစိတ်သေးသေးလေးတောင်မညစ်စေချင်ပါသို့သော်လည်း နာကျည်းစိတ်တွေကအနိုင်ယူလေတော့ ခဏတာတော့ခက်ခဲပင်ပန်းရပါလိမ့်မယ် ရိပေါ်ကိုချစ်ပေမယ့် ရိပေါ်ကိုမြင်တိုင်း သူ့ဘဝကိုပြန်တွေးမိရင်းဝမ်မိသားစုအား စိတ်နာလွန်းလှသည်

"ဟို ~~~"

မှာချင်တာမှာကြားပြီးအခန်းပြင်ထွက်ရန်ပြန်အလှည့် ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ လက်ကိုကဆွဲထားတာ စကားပြောချင်နေသလို ခေါင်းကိုငုံ့ထား၏

"အင်း "

ရှောင်ကျန့်ရဲ့စကားသံကိုကြားသည့်နောက် မရဲတရဲ‌ပုံစံလေးဖြင့် ရှောင်ကျန့်အားခေါင်းမော့ကြည့်လာ၏ ထို့နောက်တစ်လုံးချင်းပြောလာသည့်စကားလေးမှာ ဤသို့ဖြစ်လေသည်

"အခန်းထဲကထွက်လို့ရမလားဟင် တစ်ယောက်ထဲအခန်းထဲပျင်းလို့ပါ "

"အခုတော့မရသေးဘူး "

ရိပေါ်ရဲ့ခေါင်းလေးအားပုတ်ကာ အငြင်းစကားဆိုသွားသော ရှောင်ကျန့်ကြောင့် စကားများရှေ့ဆက်ရန် လမ်းပျောက်သွားသည် ထားပါတော့လေ ရိပေါ်က အခုချိန်မှာရှောင်ကျန့်ရဲ့ကျွန်သာသာပဲမဟုတ်လား  ငြင်းဆိုခွင့်မရှိသလိုတောင်းဆိုခွင့်လဲ ရှိ‌မနေပါဘူး

"သူဌေး လူတစ်ယောက်က သူဌေးနဲ့တွေ့ချင်တယ်ပြောပြီးသောင်းကျန်းနေပါတယ် "

"အထဲလွှတ်လိုက် "

အလုပ်ခွင်ထဲရောက်ရုံရှိသေး ပြဿနာကစလာလေပြီ ခဏအကြာတွင် ရုံးခန်းထဲသို့ရောက်‌လာသော သူကြောင့် မျက်နှာကိုပုံမှန်ထက်တည်တင်းထားလေသည်

"ငါ့အကြွေးတွေလာဆပ်တာရှောင်ကျန့်‌ ရော့! ငယ်လေးကိုငါ့လက်ထဲပြန်ထည့်ပေး "

"ဟက် လွယ်လိုက်တာ ခက်တာက ကျုပ်နဲ့ဝမ်ရိပေါ်က ကြိုးတစ်ခုနဲ့ချဉ်နှောင်ပြီးသားဖြစ်နေပြီ "

ရုံးခန်းထဲရောက်ရောက်ခြင်းပိုက်ဆံထုတ်အားစာပွဲပေါ်ချကျ စကားဆိုလာသည်က ရိပေါ်ကိုပြန်ပေးဖို့သို့သော်လည်းရှောင်ကျန့်၏စကားကြောင့်ထိတ်လန့်သွားသည်က ကျိယန်ဖြစ်ပေသည် စိုးရိမ်မှုအားမျက်နှာထက်မပေါ်အောင်အတက်နိုင်ဆုံးထိန်းကာ ဟန်မပျက်နေရသည်

"ငါ့ညီကယောကျာ်းလေး ဘာမှမဖြစ်ဘူး ငါ့ညီကိုသာပြန်ပေးစမ်းပါ "

"ဟက် မပေးနိုင်ဘူး ရော့ ခင်များညီကိုကျုပ်က ခန္ဓာကိုယ်ရော ဉပဒေနဲ့ပါသိမ်းပိုက်ထားတာ "

ပစ်ပေးလာသော ဖိုင်အားကောက်ယူကြည့်တော့ လက်ထက်စာချုပ်တစ်ခုဖြစ်နေသည် အမှန်မှာနှစ်ဦးသဘောတူလက်ထပ်စာချုပ်ဆိုသည်ထက်ပိုက်ဆံရှိတိုင်းထင်တိုင်းကြဲထားသည့်နှယ် နှစ်ဦးသားကွာရှင်းကြမယ်ဆို ရိပေါ်ဘက်က ရှောင်ကျန့်အပေါ်ကျန်ရှိသောပိုက်ဆံများအားနှစ်ဆချေပေးရမည်ဖြစ်သည်

"တောက် ! ရှောင်ကျန့် !"

"ယောကျာ်းလေးတစ်ယောက်ကလေးမမွေးနိုင်ဘူးဘယ်သူပြောလဲ သူကလေးရမှကျနော့်နားထားလို့ရမယ်ဆို သူ့ကို‌ဆေးပညာနဲ့ကလေးယူခိုင်းမယ် "

ရှောင်ကျန့်အား ဝမ်ကျိယန် အံ့ဩမိသည် ဝမ်ကျိယန်ကိုယ်တိုင်ကပင်ရှောင်ကျန့်ဘာဖြစ်ချင်တာလဲ မသိတော့ ပိုက်ဆံတွေပေးတာတောင်မယူဘဲ ရိပေါ်နဲ့သူ့အားအကျပ်ကိုင်လေသည်

ထို့နောက်တွင် ရှောင်ကျန့်ဟာ ထိုင်ခုံပေါ်မှထကာ suitအနက်ရောင်အားပုံစံပြင်ရင်း စကားဆိုလာသည်

"သတိထား ခင်များကမြွေပွေးကိုသွားထိထားတာ အဲ့မြွေပွေးကခင်များကိုခိုင်းစားဦးမှာ သူ့ငွေတွေယူထားတယ်မလား ပြန်ပေးလိုက် သိပ်ပြီးမေတ္တာရှိလွန်းလို့ အခုလိုပြောနေတယ် မထင်နဲ့ခင်များရဲ့ဦးနှောက်မရှိတဲ့လုပ်ရက်ကြောင့် ကျုပ်အပိုင်ကိုလာထိမှာစိုးလို့ "

ကျန်ခဲ့သောဝမ်ကျိယန်အားတစ်ချက်ပင်လှည့်မကြည့် ရုံးခန်းထဲမှထွက်သွားခဲ့လေသည် အခန်းပြင်က စီချွမ်းကိုလဲ ဧည့်သည်အားပြန်ဖို့ပေးဖို့မှာကြားလိုက်သေး၏

"ကိုကိုလေး အဲ့နားမှာထိုင်နေတာကြာလှပြီ သူဌေးပြန်လာရင်ဆူခံထိတော့မှာပဲ "

အိမ်တော်ကြီး၏ ပန်းခြံထဲတွင်ဖြစ်လေသည် ပန်းပင်များရှင်းလင်းကာ ရေလောင်းပေါင်းသင်လုပ်နေကြသော အကူမလေးများနဲ့ ခြံစောင့်ကောင်လေးမှာအလုပ်လုပ်နေရင်း အလှမွေးငါးကန်လေးဘောင်ဘေးတွင်ကန်ဘောင်အားမေးတင်ကာလက်ချောင်းလေးများအား ရေထဲသို့ထိုးစိမ်ထားပြီး ထိုင်နေသော ရိပေါ်အား လှမ်းလှမ်းကြည့်နေကြသည် နေ့လည်ထဲက ထိုငါးကန်လေးနားမှာ ထိုင်နေတာဖြစ်ပြီး အခုထိလည်းမထသေးပေ နေကောင်းခါစမို့ပြန်ဖျားမှာကိုအလုပ်သမားလေးများကသိပ်ကြောက်ကြသည် အကြောင်းမှာရိပေါ်ဖျားရင် ပြာယာခက်ပြီးတစ်အိမ်လုံးပတ်ရမ်းနေတတ်တဲ့သူဌေးလူဂွစာကြောင့်ပင် အခန်းထဲတွင်ထည့်အိတ်ခြင်းခံထားရသည့် ကောင်လေးမှာ ရက်အနည်းငယ်အကြာတွင်အခန်းပြင်ထွက်ခွင့်ရလေသည် သို့သော်လည်းအခုလိုမှိုင်နေတာ က အိမ်အကူများကိုခေါင်းကျိန်းစေသည်

"သားဝမ် "

"ဗျာ ‌"

ရိပေါ်‌ကန်ဘောင်ဘေးထိုင်နေတုန်း အနားကိုရောက်လာသည့်အိမ်ထိန်းဒေါ်ကြီးကြောင့် ခေါင်းလေး ထောင်ကာကြည့်လိုက်သည်

"အေးနေပြီလေ အထဲမဝင်သေးဘူးလားကွဲ့"

"ဟင့်အင်း "

ရိပေါ်၏ ဖြေကြားသံကြောင့် ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချကာ ရိပေါ်၏ပုခုံးလေးကို လက်ကလေးတင်ကာ စကားဆိုလာလေသည်

"သားဝမ်ကနေကောင်းခါစလေ ပြန်ဖျားမှာပေါ့ပြီးတော့ သူဌေးသိရင်စိတ်ပူဦးမယ်ကွယ် "

"ရှောင်ကျန့်ကစိတ်မပူပေးတတ်ပါဘူး ဒေါ်ကြီးကဘာမှလဲမသိဘဲနဲ့ "

"အယ် "

ရိပေါ်၏ကလေးဆန်ဆန်ဘုဆက်ဆက်အဖြေကြောင့် အိမ်ထိန်းကြီးမှာ ကြောင်အသွားရသည် သူတို့၏သူဌေးကအခုလိုပြောရဲတာရိပေါ်လေးပဲရှိသည်မဟုတ်ပါလား

"ဒေါ်ကြီးတွေ့လား  အဲ့ငါးလေးတွေကကျနော်ထိုင်ကြည့်နေတဲ့တစ်လျှောက်လုံးဒီနားနဲ့ဟိုနားပဲကူးခက်ရတယ် နေရာကျဉ်းကျဉ်းလေးထဲမှာနေနေရတယ် သူတို့ပျော်မနေဘူးလေ ကျနော့်ဘဝကလည်းအဲ့ငါးလေးတွေလိုပဲ ကျနော်တို့ကိုရှောင်ကျန့်ကဖမ်းထားတာ ပျော်အောင်လဲမထားဘူးလေ အမြဲအားငယ်‌ေနရပြီးအခန်းထဲပဲပိတ်လှောင်နှိပ်စက်တယ် သူတို့တွေပင်လယ်ထဲနေချင်သလို ကျနော်လဲ လွတ်လပ်ချင်တယ် "

စကားတွေအများကြီးပြောကာ မောသွားဟန်သက်ပြင်းသဲ့သဲ့ချသည်  ‌ရိပေါ်ရဲ့စကားကိုကြားတော့ ဒေါ်ကြီးက ပြုံးလာသည်

"သားလေး ရဲ့အတွေးက‌သေးငယ်လိုက်တာကွယ် အင်း မှန်တော့လည်းမှန်ပါတယ် သူဌေးလေးကအကျင့်မကောင်းဟုတ်တယ် အနိုင်ကျင့်နှိပ်စက်တယ် အော်တယ် သူ့အနားနေရတာဘယ်ပျော်ပါ့မလဲ ဒါပေမယ့် သားဝမ် တစ်ချို့သောလွတ်လပ်ခြင်းတွေက အန္တရာယ်များလွန်းတယ် ဒီငါးလေးတွေသာ ရေကန်ကျယ်ကြီးဆီလွှတ်ပေးလိုက်ရင် အချိန်ဘယ်လောက်ထိအသက်ရှင်နိုင်မလဲ သူတို့ထက်အကောင်ကြီးတဲ့ငါးကြီးတွေက တွေ့ရင် စားသွားကြမှာ ဒါကြောင့် သားဝမ်ပြောတဲ့ပင်လယ်ထဲမှာနေမယ်ဆို ရေမှော်တွေကြားပုန်းနေကြရလိမ့်မယ် အခုလိုအေးအေးဆေးဆေးကူးခက်နိုင်ပါ့မလား "

ရိပေါ်မှာဒေါ်ကြီးစကားကြောင့် ရေကန်လေးထဲက‌ငါးတွေကိုငုံ့ကြည့်လိုက်သည် တကယ်ပဲ ဒီကန်လေးထဲမှာဆိုသူတို့လုံခြုံတယ်ပေါ့ ဒါပေမယ့် နာကျင်ရတာတွေအမုန်းခံရ‌တာတွေက ငါ့အတွက်လုံခြုံမှုမှမဟုတ်နေပဲ

"အပြင်သွားမယ် ငါနဲ့လိုက်ခဲ့ "

"ဟင် "

အတွေးတွေများနေတုန်း အနောက်မှကြားလိုက်ရသော အသံဩောရှရှ ကျိန်းသေထိုသို့အမိန့်ဆန်သော စကားသံမှာ‌ရှောင်ကျန့်ပင်ဖြစ်သည်

"အင်္ကျီသွားလဲ "

"အင်း "

ဘာမှမမေးဘဲ "အင်း"တစ်လုံးတည်းသာဆိုလာပြီးအထဲသို့ဝင်သွားသည် ရိပေါ်အိမ်ထဲရောက်သွားပြီဆိုမှ အိမ်ထိန်းဒေါ်ကြီးကိုကြည့်ကာ ‌စကားအနည်းငယ်ဆိုလာခဲ့သည်

"‌ဒေါ်ကြီး ရိပေါ်ကို ကျနော်မရှိချိန် သေချာလေးစောင့်‌ကြည့်ပေးပါ အပိုစကားတွေမဆိုဘဲနဲ့ပေါ့ "

ဤစကားဟာကျိန်းသေ ဒေါ်ကြီးရဲ့စကားတွေကြားခဲ့ပီ့းမနှစ်သက်လို့ မဟုတ်ပါလား

"ဒီလိုပဲ သွားတော့မလို့လား သားရှောင်းကို အဲ့ကလေးကအမုန်းတွေနာကျည်းမှုတွေဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲ နားလည်အောင်ရှင်းပြလိုက်တာမကောင်းဘူးလား သားကလဲ အနိုင်ယူနေတာလျော့ပါဦးကွယ် ဘယ်အရာမှဖြစ်ပါစေဆိုပြီးအဲ့ကလေးကဆုတောင်းခဲ့တာမှမဟုတ်ဘဲ ချစ်လျက်နဲ့အမုန်းတွေမပွားကြပါနဲ့ကွယ် "

"........"

တိတ်ဆိတ်သွားတဲ့ရှောင်ကျန့်အား အိမ်ထိန်းအဒေါ်ကြီးကကြည့်နေခဲ့ပြီးထိုနေရာမှထွက်သွားသည်

"ကျနော်ရောက်ပြီ"

ခဏအကြာ အနားရောက်လာတဲ့ ရိပေါ်ကြောင့်ကားပေါ်တက်ကာ အပြင်သို့ထွက်လာခဲ့တော့သည်

တရွေ့ရွေ့မောင်းနှင်နေသော ကားကလေးမှာ ကုန်တိုက်တစ်ခုရှေ့တွင်ရပ်တန့်သွားသည် ကားပါကင်ထိုးကာ ထိုကားထဲမှကောင်လေးနှစ်ယောက်ဟာ တိတ်ဆိတ်စွာ ခြေလှမ်းများလှမ်းခဲ့ကြသည် ဒီထက်ဘဲဝေးကွာကြရတော့မှာလား အေးစက်စက်ဆက်ဆံရေးအား ရိပေါ်သဘောမကျနေပါ ရှောင်ကျန့်ဟာလည်းပဲထိုနည်းတူစွာ

"ဘာဝယ်မလို့လဲ "

"ရေခဲမုန့်စားမလား "

"ဟင် ~~~"

ကုန်တိုက်ထဲသို့ရောက်သော်လည်း ကလေးငယ်တစ်ယောက်လို မျက်စိသငယ်နားသူငယ်ဘာမှမသိမတတ်သောကြောင်တောင်တောင်ပုံစံကလေးနှင့်ရိပေါ်ဟာ ရှောင်ကျန့်အင်္ကျီ hoodie အနက်လေးအားဝတ်လာသည်မှာ အဝတ်ထဲမြုပ်နေသည့်ကလေးငယ်လေးလို အလုံထုတ်လေးဖြစ်လို့နေသည် ရှောင်ကျန့်နောက်မှခပ်ခွာခွာလိုက်နေသည်မို့ ရှောင်ကျန့်ဟာ အနားသို့သွားကာ စကားစမည်လာပ်သော်လည်း အရင်မေးလာသူလေးအား စကားလမ်းလွဲကာဖြေလိုက်သည် ရိပေါ်ကို သူ့အနေနဲ့ဘယ်လို နူးညံ့စွာဆက်ဆံရမလဲ ရှောင်ကျန့်သိမနေဘူး နာကျည်းခဲ့လို့လုပ်မိသမျှ ပြန်ပြီးနူးညံ့ပြဖို့ကိုတွန့်ဆုတ်နေသည်

"စားမှာလား"

"စားမယ် "

သရေစာတန်းကိုသွားကာ ရိပေါ်ကြိုက်လောက်မယ့် မုန့်‌ေလးတွေကို ယူကာတွန်းလှည်းထဲထည့်နေ၏ ရိပေါ်မှာဖြင့်ရှောင်ကျန့်လုပ်သမျှအားကြောင်ကြည့်နေ၏ အဝတ်စားတွေလဲ အများကြီးဝယ်ပေးကာ ရိပေါ်ကြိုက်သောမုန့်တွေပစ္စည်းတွေအများကြီးဝယ်ပေးနေသော ရှောင်ကျန့်ကြောင့် ရိပေါ်မှာ ကြောင်နနေရသည်

"သရဲဝင်ပူးနေတာလား မသိဘူး "


#အသိရဲ့အလှူမှာကူနေရတာနဲ့ မအားမလပ်ဖြစ်သွားရပါတယ် နောက်တစ်ပိုင်းပါဗျ ကျနော်ကျောင်းပြန်တက်ရမယ့်ပုံပါပဲ ဘော်ဒါနေရမှာမို့ဖုန်းထားခဲ့တဲ့အခါ ကျနော်ဆက်ပြီးစာအပ်ဖြစ်မှာမဟုတ်ပါဘူး အကယ်၍ကျောင်းတက်ဖို့ကျိန်းသေပြီဆို ကျနော့်ကိုမေ့မသွားကြနဲ့နော်တစ်ခုခုသိချင်ရင် Tg acc leowang2004မှာလာမေးလို့ရပါတယ် စရေးထဲကအားပေးတဲ့စာဖတ်သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးလို့အများကြီးကျေးဇူးတင်ပါတယ် 


Zawgyi






"ကောင်းပြီ "





"နိုးပြီလား "

"ဟင် "





"အွန်းး "


"ဟို ~~~"


"အင်း "



"အခုတော့မရသေးဘူး "



"အထဲလွှတ်လိုက် "








"တောက် ! ရှောင်ကျန့် !"








"သားဝမ် "

"ဗျာ ‌"



"ဟင့်အင်း "




"အယ် "


"ဒေါ်ကြီးတွေ့လား  အဲ့ငါးလေးတွေကကျနော်ထိုင်ကြည့်နေတဲ့တစ်လျှောက်လုံးဒီနားနဲ့ဟိုနားပဲကူးခက်ရတယ် နေရာကျဉ်းကျဉ်းလေးထဲမှာနေနေရတယ် သူတို့ပျော်မနေဘူးလေ ကျနော့်ဘဝကလည်းအဲ့ငါးလေးတွေလိုပဲ ကျနော်တို့ကိုရှောင်ကျန့်ကဖမ်းထားတာ ပျော်အောင်လဲမထားဘူးလေ အမြဲအားငယ်‌နေရပြီးအခန်းထဲပဲပိတ်လှောင်နှိပ်စက်တယ် သူတို့တွေပင်လယ်ထဲနေချင်သလို ကျနော်လဲ လွတ်လပ်ချင်တယ် "





"ဟင် "


"အင်္ကျီသွားလဲ "

"အင်း "





"........"


"ကျနော်ရောက်ပြီ"



"ဘာဝယ်မလို့လဲ "

"ရေခဲမုန့်စားမလား "

"ဟင် ~~~"


"စားမှာလား"

"စားမယ် "

သရေစာတန်းကိုသွားကာ ရိပေါ်ကြိုက်လောက်မယ့် မုန့်‌လေးတွေကို ယူကာတွန်းလှည်းထဲထည့်နေ၏ ရိပေါ်မှာဖြင့်ရှောင်ကျန့်လုပ်သမျှအားကြောင်ကြည့်နေ၏ အဝတ်စားတွေလဲ အများကြီးဝယ်ပေးကာ ရိပေါ်ကြိုက်သောမုန့်တွေပစ္စည်းတွေအများကြီးဝယ်ပေးနေသော ရှောင်ကျန့်ကြောင့် ရိပေါ်မှာ ကြောင်နနေရသည်









Continue Reading

You'll Also Like

1.9M 85.8K 193
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
1.3M 57K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
452K 30.8K 46
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
258K 7.6K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...