Promise 18

999 74 30
                                    

နောက်ကျိမူး‌ဝေနေတဲ့ခေါင်းနဲ့အတူနိုးလာခဲ့တယ် ဖြစ်ပျက်တာတွေကိုပြန်မြင်ယောင်မိတော့ သိပ်ကိုနာကျည်းရတယ် ချစ်ရတဲ့သူပစ်ခါလိုက်လေတော့ ရှေ့ဆက်လို့မရနိုင်ခဲ့ နေရာတကာပိုက်ဆံကစကားပြောနေမှန်းသိလာခဲ့တယ် နာကျင်မုန်းတီးမှုကြောင့်မျက်ရည်ကျမိပါရဲ့

"သတိရပြီလားသား "

"ကျနော်အဖေနဲ့လိုက်မယ် လုပ်ငန်းတွေဦးစီးပေးမယ် ကျနော့်ကို ချမ်းသာအောင်လုပ်ပေး မဟုတ်ဘူးဒီထက်ပိုပြီးအင်အားကြီးအောင်လုပ်ပေးပါ "

"သားဖြစ်စေချင်တာတွေဒီအဖေကဖြည့်ဆည်းပေးမယ် "

သားဖြစ်ရဲ့စကားတွေကြောင့်တကယ်ပဲ အားတက်ခဲ့ရတယ် တစ်ဦးတည်းသောသားဖြစ်သူကိုကြီးပွားစေချင်တယ် သူ့လိုနိမ့်ကျတဲ့သူတစ်ဦးမဖြစ်စေလို ဒါကြောင့် အမြင့်ကိုတွန်းတင်မယ် သားဖြစ်သူရဲ့ခံယူချက်ကဘာပဲဖြစ်နေပါစေအဓိက က ရှောင်းလုပ်ငန်းစုကိုဦးစီးပြီး အဖေဖြစ်သူနဲ့အတူရှိနေရင်ရပြီ

‌ဆေးရုံကဆင်းတာနဲ့ရှောင်ကျန့်ဟာ ဖခင်နဲ့အတူနိုင်ငံခြားကိုထွက်သွားခဲ့တယ် နှစ်တွေအများကြီးကြာတဲ့အထိရှောင်ကျန့်ဟာပညာတွေကြိုးစားသင်ပြီး လုပ်ငန်းခွင်ထဲခြေစုံပစ်ဝင်ခဲ့တယ် နှစ်တွေအတော်ကြာသည်အထိပေါ့ အရာအားလုံးဟာပုံပြင်လိုပျောက်ကွယ်သွားခဲ့တယ်

"သားငယ် ထမင်းစားသွားဦးလေ "

"အာ ဟုတ်မား "

ထမင်းဝိုင်းကိုကျော်ကာ တံခါးသို့လျှောက်လာသော ရိပေါ်ကိုဝမ်မားကလှမ်းတားသည် ထမင်းစားခန်းကိုလှမ်းကြည့်မိတော့ သတင်းစာဖတ်နေတဲ့ ဝမ်ပါးရှိနေ၏

"မစားတော့ဘူးမား နောက်ကျနေလို့ "

"အင်တာဗျူးဖြေတာအောင်ပါစေ ငါ့သားငယ် "

"ဟုတ်ကဲ့ပါး "

ဟုတ်သည် ဒီနေ့ဟာ ရိပေါ်အင်တာဗျူးဖြေရမယ့်နေ့ ဘွဲ့ရပြီးထဲက အလုပ်ရှာနေခဲ့တာ ကိုကြီးကရော ပါးနဲ့မားကပါစိတ်မချတာကြောင့် အလုပ်လျှောက်တာမလုပ်ဖြစ်ခဲ့ အခုတော့ကိုကြီးက ပါးရဲ့လုပ်ငန်းလေးကိုဆက်လက်လုပ်ကိုင်နေသည် ရိပေါ်လဲ အလုပ်ရှိချင်တာကြောင့် အိမ်ကိုမနည်းပြောခဲ့ရာမှအခုတော့အလုပ်လျှောက်ဖို့ဖြစ်လာခဲ့သည်

Promise Where stories live. Discover now