promise 11

809 73 10
                                    

ရိပေါ် ဟာ ရှောင်ကျန့် နဲ့အတူညတိုင်းနီးပါးစကားတွေပြောဖြစ်လာတယ် ရိပေါ်လဲတဖြည်းဖြည်းနဲ့တော့ ရှောင်ကျန့်ကို ချစ်မိနေပြီ သေချာလေးကို ရှောင်ကျန့်နွံမှာနစ်နေပြီပေါ့ မရေရာတဲ့အနာဂတ်အကြောင်းတွေတိုင်ပင်ပြီးလေထဲကအိမ်လေးတောင်ဆောက်ထားချေပြီ သို့သော်လဲ အချစ်စစ်မှန်ရင် မမြဲဘူးဆိုသည့်အတိုင်း

💌 ကလေး

"ဗျာ ကိုကို "

💌 ထမင်းစားပြီးပြီလား

"ဟုတ် စောနကလေးတက်စားလိုက်တာ ကိုကိုရော

💌 စားပြီးပြီ ဒါနဲ့ ကိုယ့်ကိုချစ်လား"

"ချစ်တာပေါ့ "

💌ဘယ်လောက်ထိချစ်လဲ

"ဟီးဟီး များကြီးချစ်တယ် "

💌အင်း

"ကိုကိုရော ကျနော့်ကိုချစ်လားဟင် "

💌 အင်း

"ဟုတ် "

အမြဲတမ်းရိပေါ်ကသာချစ်တယ်ပြောပေမယ့်ကိုကိုက ချစ်တယ်မပြောဘူးအင်းပဲဖြေတယ် ရိပေါ်ကအင်းလို့သာဖြေကြည့် အဲ့တစ်နေ့လုံး စကားလဲလာမပြောတော့ ဒါပေမယ့်ရိပေါ်က နာရမယ်မှန်းသိ‌မနေဘူး

ခဏအကြာလိုင်းဆင်းသွားတဲ့သူကြောင့်ရိပေါ်လဲ ထွေထွေ‌ထူးထူးလုပ်မနေဘဲ စာဖတ်နေလိုက်သည်  လိုင်းပြန်မတက်လာတော့တဲ့သူက ကိုးနာရီ‌ခွဲမှာပြန်တက်လာပြီးရိပေါ်ကို စကားလာပြောသည်

💌 ကလေးငယ်

"ဗျာ "

💌ကိုယ်ပြောစရာရှိတယ်

"ဟုတ်ပြောလေ "

💌 ကိုယ် ဦးလေး‌ဆီမှာ ဆေးအရောင်းဝယ်လုပ်ဖို့ နယ်ဘက်ကို သွားနေရမယ်

"ဟင် "

💌ဟုတ်တယ် အဲ့မှာတစ်နှစ်လဲကြာနိုင်တယ်သုံးနှစ်လဲဖြစ်နိုင်တယ်

"အဲ့ဆေးတွေလုပ်တာမကောင်းဘူးလေ ကိုကို "

💌ကိုယ်သိတယ်ဒါပေမယ့်ကိုယ်ကဆင်းရဲတယ် ကိုယ်အလုပ်မရှိသေးဘူး ကိုယ်လုပ်နေတဲ့ ဖုန်းပြင်တဲ့လုပ်ငန်းလေးကလဲ ပိုက်ဆံနည်းနည်းလေးပဲရတာ

Promise Where stories live. Discover now