နှလုံးသား၏စေစားရာ║မြန်မာပြန်

By mila_ria

15.1K 1.1K 55

Myanmar Translation of { Xin Yan (心眼)} I do not own any part of this novel. Fan translation and all credits... More

ပဏာမ
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၈
အခန်း ၉

အခန်း ၇

494 69 4
By mila_ria

~Unicode~

ယမန်နေ့တုန်းက တိမ်မည်းတို့ဖုံးအုပ်နေသည့် ကောင်းကင်ပြင်မှာ မိုးရွာမလာခဲ့ပါပဲ ယနေ့မနက်တွင် ကြည်လင်တောက်ပနေသည် ။ လျန်ချန်က နိုးလာခဲ့၍ ကိုယ်လက်သန့်စင်ပြီးနောက်တွင် အောက်ထပ်သို့ဆင်းကာ ရေအေးအေးလေးအနည်းငယ် သောက်ရန်အတွက် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည် ။

ချောင်ယွမ့်လင်က မနက်စာစားနေခဲ့ကာ သူ၏ဘေးဖက်တွင် ဇီဝဗေဒစာရွက်အား ချထားပြီးနောက် မနက်ခင်း၌ တက်ကြွနိုးကြားနေတတ်သည့် စိတ်အာရုံအား အကောင်းဆုံးအသုံးချကာ ပြန်လှန်လေ့ကျင့်ခန်း လုပ်နေခဲ့သည် ။

" ရှောင်လျန်.. နိုးလာပြီလား ?" ဝမ်ရွေ့ကျီးက ပန်းကန်ပြားအလွတ်တစ်ချပ်အား ယူရင်းပြောလာသည် ။ " ဒီနေ့ အသီးအရွက်ခေါက်ဆွဲကြော် နည်းနည်းလုပ်ထားတယ်... ထိုင်ပြီး တူတူစားသွားလေ "

လျန်ချန်က " ကျေးဇူးပါ " ဟု ပြောလိုက်ပြီး‌နောက် ချောင်ယွမ့်လင်၏ မျက်နှာချင်းဆိုင်ရှိ ခုံအလွတ်၌ ဝင်ထိုင်လိုက်သည် ။ စာရွက်အား တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ယမန်နေ့ကမေးခွန်း၏ အဖြေနေရာ ကွင်းစကွင်းပိတ်အတွင်း၌ 'စီ' ဟု ရေးသားထားကြောင်း တွေ့လိုက်ရသည် ။

‌ချောင်ယွမ့်လင်က သူ၏ဘောပင်အား လှည့်နေရင်းနှင့် မျက်လုံးများမှတစ်ဆင့် 'ကျွန်တော် ခင်ဗျားကို မယုံဘူး' ဆိုသည့်စကားအား သိသိသာသာ ဖော်ပြနေလျက်သား ။

လျန်ချန်၏ မျက်နှာအစိတ်အပိုင်းတို့က နည်းနည်းလေးမျှပင် ပြောင်းလဲမသွားပါပဲ သူ၏အကြည့်အား ပြန်ရုတ်သိမ်းသွားခဲ့လေသည် ။ ခေါက်ဆွဲကြော်ပန်းကန်ပြားလေးက လက်ဖဝါးတစ်ဖက်စာမျှသာ ရှိလေရာ အလျင်အမြန်ပဲ ကုန်သွားခဲ့ပြီးနောက် ပန်းကန်အား ဆေးပြီးချိန်တွင် ထွက်လာခဲ့လေသည် ။

ဝမ်ရွေ့ကျီးက ချောင်ယွမ့်လင်၏ ဖတ်စာအုပ်အား လှမ်းယူလိုက်ရင်း ပြောလာ၏ ။ " စာဖတ်နေတာရပ်ပြီး အစားစားတာကိုပဲ အာရုံစိုက်လေ "

ချောင်ယွမ့်လင်က ခါကျက်ဥနှင့် ဂေါ်ဖီထုပ်အမျှင်လေးများအား ‌ရွေးဖယ်လိုက်ပြီးနောက် ပြောသည် ။ " အရသာရှိတယ်... အသားအမျှင်လေးတွေနဲ့ဆို ပိုပြီးတောင် အရသာရှိဦးမှာ "

‌ဝမ်‌‌ရွေ့ကျီးက သူ၏ ချေးများနေမှုအပေါ် စနောက်လာသည် ။ " အသားနဲ့သာဆို မင်းပိုပြီး နှေးနှေးလေး ဝါးနေရမှာပေါ့.. ကြည့်.. သူများတွေဖြင့် မင်းထက်နောက်ကျမှ နိုးလာတာတောင် စားပြီးလို့ သွားနှင့်ပြီ... မြန်မြန်လုပ်လေ "

" ရပါတယ်... ကျွန်တော်ဒီနေ့ သေချာကို စောစောလေး အိပ်ရာထထားတာလေ " ချောင်ယွမ့်လင်က ပြောသည် ။ " ကျွန်တော်တို့အခန်းမှာ အတန်းခေါင်းဆောင်အသစ်က သူ့ရာထူးကို စပြီးယူနေပြီ... ပြီးတော့ သူပထမဆုံးလုပ်တာက ကျွန်တော့်ကို ပစ်မှတ်ထားတာပဲ... အခုကစပြီး နောက်ထပ် နောက်ကျလို့ မရတော့ဘူး "

ဝမ်ရွေ့ကျီးက ပြောလာသည် ။ " အဖွားတော့ မင်းအတွက် စိတ်မကောင်းဖြစ်သွားပြီ "

" ဘာလို့လဲ ?"

" နာရီကို တစ်ချက်ကြည့်လိုက်ဦးလေ "

မယုံကြည်နိုင်စရာကောင်းစွာပင် နာရီက သူပုံမှန်အိမ်မှထွက်ခွာသည့် အချိန်အား ပြသနေခဲ့လေရာ ချောင်ယွမ့်လင်မှာ ထိတ်လန့်သွားတော့သည် ။ ဒါပေမယ့် သူဒီနေ့ စောစော အိပ်ရာထထားရတာလေ ?

‌ချောင်ယွမ့်လင် အချိန်ဆွဲနေပြန်ကြောင်း မြင်လိုက်ရလေရာ ဝမ်ရွေ့ကျီးက မေးလာသည် ။ " ဆက်ပြီး စားဦးမှာလား ?"

‌ချောင်ယွမ့်လင်က ချက်ချင်းပဲ တူကိုချကာ ပါးစပ်အား သုတ်လိုက်ပြီးနောက် ခုံမှ ထလိုက်တော့သည် ။

ဝမ်‌ရွေ့ကျီးက ရှင်းရှင်းလင်းလင်း ပြောပြလာသည် ။ " ဝိတ်မတက်လာတာလည်း မပြောနဲ့တော့... ထမင်းလေးတစ်နပ်ကို သေချာပြီးအောင် မစားနိုင်ဘူး "

ချောင်ယွမ့်လင်က အလျင်အမြန်ပဲ သူ၏ကျောပိုးအိတ်အား ဆွဲယူလိုက်ပြီးနောက် ထထွက်လာသည် ။ တံခါးသို့ရောက်၍ ဖိနပ်လဲကာ ဖိနပ်ကြိုးချည်နေချိန်တွင် စိတ်ရှုပ်ထွေးမှုတို့ဖြင့် နှစ်စက္ကန့်မျှ ရပ်တန့်သွားပါ၏ ။ မနေ့က ဖိနပ်တွေကို ဒီလောက်တောင် သပ်သပ်ရပ်ရပ်လေး ချွတ်ထားခဲ့မိလို့လား ?

လည်စည်းအား ဖြုတ်ယူလိုက်ချိန်၌ ပိုလို့ပင် ထူးဆန်းသွားရတော့သည် ။ သူလည်စည်းအထုံးကို ဒီလောက်ထိ လှနေအောင် ထုံးထားခဲ့မိတာလား ?

ချောင်ယွမ့်လင်ထံ၌ ဆက်ပြီးတွေးတောနေရန် အချိန်မရှိပါချေ ။ အပြင်သို့ထွက်လိုက်ချိန်တွင် လျန်ချန်က ခုထိ မသွားသေးပါကြောင်း တွေ့လိုက်ရသည် ။ သူ၏ ဆိုင်ကယ်အား အပြင်ထုတ်ထားကာ နေရောင်အောက်တွင် လူရောဆိုင်ကယ်ပါ တောက်ပြောင်ဝင်းလက်နေလျက်သား ။

ယခင်အချိန်တုန်းက ညအမှောင်အောက်၌ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့သည်ဖြစ်ရာ ယခုနောက်တစ်ကြိမ် မြင်လိုက်ရချိန်၌ ချောင်ယွမ့်လင်မှာ ထိုဆိုင်ကယ်အား အနည်းငယ်မျှပို၍ သဘောကျမိလာတော့သည် ။ ကိုယ်ထည်က တစ်ပတ်ရစ်အလား အနည်းငယ် ဟောင်းနွမ်းနေပါသော်ငြား ယင်းထက်ရှိ ခြစ်ရာအမှတ်အသားများက ပိုလို့ပင် မိမိုက်နေစေသည်ပင် ။

လျန်ချန်က အဝတ်စိုတစ်ခုအား ကိုင်ထားပါရင်း ဆိုင်ကယ်ထိုင်ခုံအား အ‌ရှေ့မှအနောက် သေချာလေး ပွတ်တိုက်နေသည် ။

‌ချောင်ယွမ့်လင်က လမ်းလျှောက်နေရင်းနှင့်ပင် စိတ်ထဲမှနေ၍ ဖြစ်နိုင်ခြေတို့အား တစ်ခုချင်း ဆွဲထုတ်ကြည့်နေလေသည် ။ ဘတ်စ်ကားစောင့်နေရရင် အချိန်အများကြီး ကုန်လိမ့်မယ်... တက္ကစီစီးရင်လည်း လမ်းပိတ်တာနဲ့ ကြာနေဦးမှာပဲ... ဘယ်လိုပဲနေနေ နောက်ကတော့ ကျကိုကျတော့မှာ...

သူ့အနေနှင့် လူစွမ်းကောင်းသယ်ယူပို့ဆောင်ရေး၏ အမြန်နှုန်းကို မသုံးသ၍ ။

ချောင်ယွမ့်လင်က တွန့်ဆုတ်စွာနှင့်ပင် တစ်ဖက်သို့ပြန်လှည့်လာခဲ့သည် ။ ထိုလူစွမ်းကောင်းက ဆိုင်ကယ်၏ ဘေးဖက်တွင် ရပ်နေခဲ့ကာ တစ်ချက်လေးမျှပင် မျက်လုံးလှန်မကြည့်လာပဲ ပျင်းရိစွာ မေးလာသည် ။ " လမ်းပျောက်နေတာလား ?"

ထိုသူ၏ အထက်စီးဆန်မှုအား လစ်လျူရှုလိုက်ပါရင်း ချောင်ယွမ့်လင်က ပြောလာသည် ။ " ကျွန်တော် အလောတကြီး အော်ဒါတစ်ခုမှာချင်တယ်... ခင်ဗျား သွားပေးလို့ရနိုင်မလား ?"

လျန်ချန်က မေးလာသည် ။ " မင်းကိုလိုက်ပို့ပေးစေချင်တာလား ?"

" ဟုတ်တယ် " ချောင်ယွမ့်လင်က ‌ခေါင်းညိတ်ပြသည် ။ " ကျွန်တော် ဒီနေ့ နောက်ကျလို့မရဘူး "

လျန်ချန်က ပြောသည် ။ " လမ်းထိပ်ကနေ အရှေ့ဖက်ကို မီတာခုနစ်ဆယ်လောက် ဆက်သွားလိုက်ရင် ရထားဘူတာတစ်ခုရှိတယ်... တည့်တည့်သာ ပြေးသွားလိုက်.. ကျောင်းကို တိုက်ရိုက်ရောက်လိမ့်မယ်.. ကြားမှာ ရထားပြောင်းစီးစရာ မလိုဘူး "

" မရဘူး " ချောင်ယွမ့်လင်က ချက်ချင်းပဲ ငြင်းဆိုလာခဲ့ပြီး ဝေဝေဝါးဝါး ဆက်ပြောလာသည် ။ " ကျွန်တော် မပြေးနိုင်ဘူး "

လျန်ချန်က မျက်လွှာပင့်လာခဲ့ပြီးနောက် အနည်းငယ်မျှ ရယ်ရွှင်ဖွယ်ကောင်းသည်အား ကြည့်နေရသည့်အလား တစ်ဖက်လူအား ငုံ့ကြည့်လာခဲ့သည် ။ ‌‌‌ချောင်ယွမ့်လင်က သူ၏လက်တို့အား အိတ်ကပ်ထဲသို့ထည့်ထားတာ လက်ချောင်းထိပ်ကလေးများအား လက်သည်းဖြင့် ကုတ်ခြစ်နေခဲ့လေသည် ။

သူရှင်းပြလိုက်ရမလား ?

‌ချောင်ယွမ့်လင်က ပါးစပ်အားဖွင့်လိုက်သော်ငြား ထားလိုက်တော့ရန်သာ တွေးလိုက်သည်ပင် ။ နောက်အကျခံလိုက်တာပဲ ကောင်းပါတယ်...

သို့သော်လည်း လျန်ချန်က မည်သည့်စကားကိုမှ ပြောမလာခဲ့ ။ လက်ထဲ၌ ဆုပ်ကိုင်ထားသည့် အဝတ်စာဖြင့် ထိုင်ခုံထက်သို့ ပြီးစလွယ် ပွတ်တိုက်လိုက်ချိန်တွင် ဖုန်အမှုန်စလေးများက လေထဲသို့ ဝဲလွင့်သွားကြပြီး လျန်ချန်က သူ၏ခြေတံရှည်တို့ဖြင့် ဆိုင်ကယ်ထက်သို့ လွှားထိုင်လိုက်တော့သည် ။

" ခင်ဗျား သဘောတူလား ?" ချောင်ယွမ့်လင်က မေးလာသည် ။

လျန်ချန်က အဝတ်စအား ဆိုင်ကယ်လက်ကိုင်၌ ချိတ်တွယ်နေခဲ့ပါရင်း ပြောလာခဲ့သည် ။ " တက် "

ချောင်ယွမ့်လင်က တစ်ဖက်လူထံမှ အလကားယူလိုစိတ်လည်း မရှိလေရာ ဈေးအား အရင်ဆုံးညှိနှိုင်းလာသည် ။ " ဘယ်လောက်ကျမှာလဲ ?"

လျန်ချန်က ပြန်ဖြေသည် ။ " မီတာဖတ်မှာ "

" ခင်ဗျား လာနောက်နေတာလား ?" ချောင်ယွမ့်လင်က ပြောသည် ။ " ဒီဆိုင်ကယ်က မီတာတောင် ဖတ်နိုင်သေးတယ်လား ?"

လျန်ချန်က နားကြပ်တပ်လိုက်ရင်း ပြန်ဖြေလာသည် ။ " သီချင်းတစ်ပုဒ်ကို ငါးယွမ် "

ဆိုင်ကယ်က လမ်းကြားလေးထဲမှနေ၍ အရှိန်ဖြင့် ထွက်လာခဲ့ပြီး ချောင်ယွမ့်လင်က လျန်ချန်၏ခါးအား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည် ။ သူ့အနေနှင့် နောက်မကျလိုရုံသာမက သူ၏နှလုံးထားထဲ၌ ဖုံးကွယ်ထားသည့် ဆိုးသွမ်းလိုစိတ် သေးသေးလေးလည်း ရှိနေခဲ့ခြင်းပင် ။

ချောင်ယွမ့်လင်မှာ ငယ်စဉ်ကတည်းက ကြီးလာသည်တိုင်အောင် မည်သည့်စိတ်လှုပ်ရှားစရာ ကိစ္စရပ်မျိုးကိုမှ မစမ်းသပ်ကြည့်ဖူးခဲ့ပါချေ ။ ဆိုင်ကယ်စီးရခြင်းက လျန်ချန့်အတွက် သာမန်ဆန်လွန်းသည့် ကိစ္စရပ်တစ်ခုမျှသာ ဖြစ်နိုင်ပါသော်ငြား သူ့အတွက်မူ ပထမဆုံးအတွေ့အကြုံပဲ ဖြစ်လေသည် ။

လျန်ချန်က ဖြတ်လမ်းအား ရွေးချယ်ခဲ့လေရာ မီးပွိုင့်တစ်ခုတည်းသာ ကြုံတွေ့ခဲ့ရပြီး ရုတ်ခြည်းရပ်တန့်လိုက်ခြင်းက ချောင်ယွမ့်လင်အား သူ၏ကျောပိုးအိတ်နှင့်အတူ အရှေ့ဖက်ရှိလူ၏ နောက်ကျောပြင်အား ဝင်တိုက်မိစေလျက်သား ။

ပူလောင်နေသည့် ရာသီဥတုအောက်၌ ခန္ဓာကိုယ်နှစ်ခု ထိစပ်သွားမှုက ပိုလို့ပင် ပူလာစေသည်ဖြစ်ရာ လျန်ချန်က သူ၏ခါးအား ခပ်တင်းတင်းဖက်ထားပါသော ထိုလက်တစ်စုံအား ဆွဲခွာပစ်လိုက်တော့သည် ။

ရှက်ရွံ့မှုအား ပြေလျော့စေရန် ကြိုးစားနေပါရင်း ချောင်ယွမ့်လင်က ပြောလာသည် ။ " ဒီဆိုင်ကယ်က... တော်တော်လေးကို စီးရတာ သက်တောင့်သက်သာရှိတာပဲ "

နားကြပ်တပ်ထားသည့် လျန်ချန်က သူပြောသည်အား မကြားပါ‌ချေ ။

ပိုလို့ပင် ကို့ရို့ကားယားနိုင်လာခဲ့ပြီးနောက် ‌ချောင်ယွမ့်လင်မှာ သူ၏လက်တို့အား မည်သည့်နေရာ၌ ထားရမှန်း မသိပါတော့ ။ မသင့်လျော်သည့် တစ်စုံတစ်ခုအား ထိမိမည်ကိုလည်း စိုးရိမ်လေရာ မီးစိမ်းသွားခဲ့ချိန်၌ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကျောင်းယူနီဖောင်းဘောင်းဘီ၏ အိတ်ကပ်ကိုသာ ဆုပ်ကိုင်ထားလိုက်တော့သည် ။

ဆိုင်ကယ်က လမ်းမများအား ဖြတ်ကျော်သွားရင်း လျန်ချန်က သူ့ရှေ့ရှိ လမ်းမကိုသာ အာရုံစူးစိုက်ထားသည် ။ သီချင်းသံနှင့် လေတိုးသံတို့မှအပ ရံဖန်ရံခါ တစ်စုံတစ်ယောက်၏ ခပ်တိုးတိုး အော်ဟစ်နေသံကိုလည်း ကြားနိုင်နေသလိုပင် ။

ရုတ်တရက်ပင် လျန်ချန်၏နားကြပ်တစ်ဖက်က ဆွဲဖြုတ်ခံလိုက်ရပြီး ချောင်ယွမ့်လင်၏ အမောတကောအသက်ရှူကာ အော်ဟစ်နေသံက သူ၏နားစည်အတွင်းသို့ ကျယ်လောင်စွာ ဝင်ရောက်လာတော့သည် ။ " တဆိတ်လောက်!!!"

လျန်ချန်က ခေါင်းလှည့်ကြည့်လာခဲ့ပြီးနောက် စိတ်မရှည်စွာမေးလာသည် ။ " အခုက ဘာဖြစ်ရပြန်တာလဲ ?"

" ခင်ဗျားကို ကိုင်ထားလို့မရဘူးလား ?" ချောင်ယွမ့်လင်က တစ်ခနကြာအောင် ရုန်းကန်နေခဲ့ပါရင်း‌ ပြောသည် ။ " ကျွန်တော် ပြုတ်ကျတော့မယ် "

လျန်ချန်၏ မူလရည်ရွယ်ချက်က မီးနီနေစဉ်အတွင်း သူ့အား လွှတ်ထားပေးခိုင်းရန်နှင့် မီးပြန်စိမ်းလာချိန်၌ ပြန်ဖက်ခိုင်းရန်ဖြစ်သည် ။ ကံမကောင်းစွာပင် မိမိက ထိုကိစ္စရပ်အား မေ့သွားခဲ့ခြင်းဖြစ်ပြီး ချောင်ယွမ့်လင်ကလည်း နာခံမှုအပြည့်နှင့်ပင် သူ့အား ပြန်မဖက်လာခဲ့ပါချေ ။

ထို့ကြောင့် အနောက်ဖက်သို့လက်လှမ်း၍ ချောင်ယွမ့်လင်၏လက်အား ဆွဲယူလိုက်ကာ သူ၏ခါးပေါ်သို့ ပြန်တင်ပေးလိုက်ချိန်တွင် တစ်ဖက်လူကလည်း ချက်ချင်းဆိုသလို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာခဲ့လေသည် ။

လမ်း၏ ကျန်အပိုင်း၌ လျန်ချန်၏နားကြပ်က သူ၏ရင်ဘတ်ရှေ့၌ တွဲလောင်းကျနေခဲ့ပြီး ခပ်ပွပွ တီရှပ်အင်္ကျီမှာလည်း အနောက်ဖက်မှနေ၍ သူ့ကိုယ်နှင့် တသားတည်း ဖိကပ်ခံထားရတော့သည် ။ လျန်ချန်က ထိုကဲ့သို့သော အခြေအနေမျိုးအား ကျင့်သားမရပါသော်လည်း မသက်မသာဖြစ်နေခြင်းမျိုးလည်း မဟုတ်ပါချေ ။

ဆိုင်ကယ်က သယ်ရှင်းအထက်တန်းကျောင်း၏ ဝင်ပေါက်ရှေ့၌ ရပ်သွားခဲ့ချိန်တွင် လေဝှေ့သေးသေးလေးသဖွယ် လူတော်တော်များများ၏ အာရုံအား ဖမ်းစားမိသွားလေသည် ။ ‌‌ချောင်ယွမ့်လင်က ဆိုင်ကယ်ပေါ်မှ ဆင်းလာခဲ့ပြီးနောက် တွန့်ဆုတ်စွာနှင့်ပင် ထိုင်ခုံအား နှစ်ချက်သုံးချက်မျှ ပုတ်ပေးလိုက်သည် ။

လျန်ချန်က သူ၏ဖုန်းအား ထုတ်လိုက်ကာ အခုလေးတင် ပြီးသွားခြင်းဖြစ်သည့် စတုတ္ထမြောက်သီချင်းအား ရပ်တန့်လိုက်သည် ။

ချောင်ယွမ့်လင်က မေးသည် ။ " အဲ့တာဆို စုစုပေါင်း ယွမ်နှစ်ဆယ်မလား ?"

လျန်ချန်က သူ၏နားကြပ်အား ဖြုတ်ကာ ဖုန်းအား ရစ်ပတ်လိုက်ချိန်တွင် ဝေးရှင့်မှာနေ၍ စာတစ်စောင်ပေါ်ထွက်လာကာ ချောင်ယွမ့်လင်ထံမှနေ၍ ယွမ်ငါးဆယ်ပါဝင်သည့် အနီရောင်စာအိတ်တစ်အိတ် ရောက်လာကြောင်းအား အသိပေးခံလိုက်ရသည် ။

ယွမ်သုံးဆယ်တောင်မှ အပိုပေးထားသည်ဖြစ်ရာ နောက်တစ်ခေါက် လိုက်ပို့ရန်အတွက်တောင်မှ လုံလောက်သေးသည်ပင် ။

သို့သော်လည်း ဤဆယ့်ခြောက်နှစ်အရွယ် အထက်တန်းကျောင်းသားငယ်ကလေးက မပြီးသေးပါပဲ ဆက်ပြောလာသည် ။

" ကျွန်တော့်ကျောင်းက ညရှစ်နာရီကျဆင်းမှာ.. အဲ့အချိန်ကျရင် လာကြိုပေးလို့ရမလား ?"

လျန်ချန်: " ..... "

ပိုနေသေးသည့် ဆယ်ယွမ်အတွက် ချောင်ယွမ့်လင်က ထပ်ပြောလာသည် ။ " ပြီးတော့ လာရင်းနဲ့လမ်းမှာ အနံ့နံတို့ဖူး ဝယ်ခဲ့ပေးဦး "

လျန်ချန်မှာ ဆဲမိတော့မတတ် ။

သို့သော်လည်း ချောင်ယွမ့်လင်က သူ့အား အခွင့်အရေးမပေးလာ ။ လမ်းတစ်ဖက်ခြမ်း၏ ကားတစ်စီးက သူ့ အတန်းပိုင်ဆရာ၏ ကားဖြစ်ပုံရကြောင်း မြင်လိုက်ရပြီး‌နောက်တွင် အလျင်အမြန်ပဲ ပြောလာတော့သည် ။ " ကျွန်တော်တို့ အတန်းပိုင်ဆရာရဲ့ကားထင်တယ်.. သွားတော့မယ် "

ချောင်ယွမ့်လင်က သူ၏ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်း ပြသသွားသည်ဖြစ်ရာ လျန်ချန်က မည်သည့်စကားမှ ပြောမနေတော့ ။ သူ၏ဖုန်းအား အိတ်ကပ်ထဲသို့ ထည့်လိုက်ကာ စက်နှိုးလိုက်ပြီးနောက်တွင် ဆိုင်ကယ်အား မောင်းထွက်လိုက်တော့သည် ။

ရိုးရာအင်္ကျီဆိုင်လေးမှာ စီးပွားဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဝယ်သူအများစုမှာ ရင်းနှီးနေပြီးသား မျက်နှာများသာ ။ ဝမ်ရွေ့ကျီးက ထိုသူတို့အတွက် အင်္ကျီအတိုင်း ယူနေရင်းနှင့်ပင် ပေါ့ပေါ့ပါးပါး အာလာပသလ္လာပစကားများ ဆိုနေခဲ့သည် ။ အများစုမှာတော့ မိသားစုရေးရာနှင့် သားသမီးများ အကြောင်းပင် ။

ဝယ်သူတစ်ယောက်က ပြောလာသည် ။ " ရှင့်ရဲ့သမီးလေး အိမ်မပြန်လာတာတောင် အ‌တော်ကြာပြီနော်... သူလေးက တကယ်ကို ထက်မြက်ပြီးလှတဲ့ သတင်း‌ထောက်တစ်ယောက်ပဲ "

ဝမ်ရွေ့ကျီးက ပြုံးလာသည် ။ " ဒီတိုင်း အလုပ်ရှုပ်နေတာမို့ပါ... သတင်းထောက်အလုပ်က ခရီးတွေလည်း အများကြီး သွားရတယ်လေ... တစ်ခါတစ်လေကျ လဝက်လောက် အပြင်ပဲရောက်နေပြီး မိသားစုအတွက် အချိန်သိပ်မပေးဖြစ်တာ "

ထိုသူက ဆက်မေးလာသည် ။ " ရှင့်ရဲ့သားမက်ကလည်း ဆရာဝန်မလား.. သူလည်း အလုပ်တအားရှုပ်နေမှာပဲ ?"

" သူတို့နှစ်ယောက်လုံး အလုပ်တအားရှုပ်နေကြတာ " ဝမ်ရွေ့ကျီးက အေးဆေးစွာ ပြန်ဖြေသည် ။ " သိပ်မကြာခင်ကပဲ သူတို့နှစ်ယောက် ကွာရှင်းလိုက်ကြပြီလေ... အခုဆို ကိုယ့်ဘဝနဲ့ကိုယ်ပဲ အလုပ်ရှုပ်နေကြတော့တာပေါ့ "

ဈေးဝယ်သူက အနည်းငယ်မျှ နေရခက်သွားပါရင်း ဖာထေးပြောဆိုလာသည် ။ " ဘာပဲဖြစ်ဖြစ် သူတို့က ငယ်ကြသေးတာပဲလေ... အနာဂတ်ကျရင် တစ်ယောက်ယောက်ကို ရှာတွေ့ကြမှာပါ "

ဝမ်ရွေ့ကျီးက ပြောသည် ။ " ကံစီမံရာပဲပေါ့... ငါက ငါ့မြေးလေးအတွက်ပဲ စိတ်မကောင်းတာပါ "

ဈေးဝယ်က ခပ်တိုးတိုးမေးလာသည် ။ " သူက ကျန်းမာရေး အခြေအနေမကောင်းပဲ မွေးလာခဲ့တာမလား ?"

ဝမ်ရွေ့ကျီးက ချောင်ယွမ့်လင်အား တွေးလိုက်ပြီး‌နောက် သက်ပြင်းချမိသွားသည် ။ ပြတင်းပေါက်အပြင်ဖက်သို့ လှမ်းကြည့်လိုက်ချိန်၌ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မြင်လိုက်ရလေသည် ။ လျန်ချန်က ဆိုင်ထဲသို့ ဝင်လာခဲ့ချိန်တွင် ပြောလက်စစကားဝိုင်းက တိခနဲရပ်တန့်သွားသည် ။

ထိုဈေးဝယ်သူက ချီးကျူးလာသည် ။ " ဒီလူငယ်လေးက တကယ်ကြည့်ကောင်းတာပဲ "

လျန်ချန်က ထိုချီးကျူးစကားမှာ သူနှင့်မဆိုင်သည့်အလား သူတို့အား ဖြတ်လျှောက်သွားသည် ။

ဝမ်ရွေ့ကျီးက ကိစ္စရပ်များအား ချောမွေ့သွားစေရန် ကြိုးစားလိုက်ရင်း မေးမြန်းလာသည် ။ " ရှောင်လျန်.. ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ ?"

လျန်ချန်၏ အပြင်ထွက်ချိန်တို့က ပုံသေမရှိသည်ဖြစ်ရာ သူကပြန်ဖြေလာသည် ။ " ဒီနေ့ အိမ်မှာပဲနေမလို့ "

" အိမ်မှာလား ?" ဝမ်ရွေ့ကျီးက အံ့အားတကြီးပြောလာသည် ။ " အဲ့တာဆို မင်းအပြင်သွားစရာရှိလို့ သွားရင်းနဲ့ ယွမ့်လင်ကို ကျောင်းလိုက်ပို့ပေးတာ မဟုတ်ဘူးလား ?"

" မဟုတ်ဘူး " လျန်ချန်က ခန်းဆီးစအား မတင်လိုက်ပြီးနောက် အထဲသို့ ဝင်သွားတော့သည် ။

သူ့အနေနှင့် ရာသီဥတုသာယာသောကြောင့် ဆိုင်ကယ်အား သန့်ရှင်းရေးလုပ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အပြင်ထွက်ရန် မစီစဉ်ထားခဲ့ပါချေ ။ မမျှော်လင့်ထားသည့် ပို့ဆောင်မှုကိုတော့ ခေါက်ဆွဲကြော်တစ်ပန်းကန်အတွက် အခကြေးငွေဟုသာ ယူဆလိုက်သည် ။

လျန်ချန်က အခန်းသို့ ပြန်လာခဲ့ပြီး ထောင့်နားရှိ အောက်ဖက်အံဆွဲထဲမှနေ၍ လေးလံသည့် ကျောပိုးအိတ်အား ထုတ်ယူလိုက်သည် ။ အိတ်ထဲ၌ စာရွက်များ ၊ ခပ်ထူထူ စာအုပ်များနှင့် ပြည့်သိပ်နေသည် ။

စာရွက်အထပ်လိုက်အား ဆွဲထုတ်လိုက်ပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်ကာ ကွန်ပျူတာအဟောင်းအား ဖွင့်လိုက်လေသည် ။ စက်က အရမ်းကိုနှေးကွေးနေပြီး အချို့သင်ထောက်ကူစာတမ်းများအား ရှာဖွေရန်နှင့် QQ အားဖွင့်ကြည့်နိုင်ရန်သာ အသုံးပြုလို့ ရနိုင်သည်ပင် ။

လျန်ချန်က ညနေစောင်းအထိ အခန်းထဲတွင်သာ တစ်နေကုန်နေခဲ့ပြီး နောက်ဆုံးတွင်‌တော့ မျက်မှန်အား ချွတ်လိုက်ကာ အခန်းမီးအား ဖွင့်ရန်အတွက် ထိုင်ခုံမှ ထသွားခဲ့သည် ။

မီးဖွင့်ပြီးနောက် လျန်ချန်က ပြတင်းပေါက်ရှိရာသို့ လျှောက်သွားလိုက်သည် ။ ဝင်ခါနီးနေရောင်ခြည်က ရှားစောင်းလက်ပတ်အိုးလေးအား လိမ္မော်ရောင်သမ်းနေစေပြီး အပင်ထက်မှ ဆူးလေးများအား ထိကိုင်ကြည့်လိုက်ချိန်တွင် လက်ဖဝါးပြင်ထက်မှ ထုံကျင်ကိုက်ခဲနေမှုက ဖြေးဖြေးချင်း ပြေလျော့သွားသည့်နှယ် ။

သူ၏ဖုန်းက မြည်လာခဲ့လေရာ နီရဲနေသည့် လက်ချောင်းထိပ်လေးအား ပြန်ရုတ်သိမ်းလိုက်သည် ။

ဖုန်းစခရင်အား တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် လျန်ချန်က ဖြေဆိုလိုက်သည် ။ " ဟယ်လို ယင်းကော "

ဖုန်းတစ်ဖက်မှလူက ပြောလာသည် ။ " လာခဲ့ဦး... တစ်ယောက်ယောက်ကို စောင့်ကြည့်ပေးစရာ ရှိတယ် "

လျန်ချန်က ပြန်ဖြေသည် ။ " ကောင်းပြီ.. ကျွန်တော်အခုပဲ လာခဲ့လိုက်မယ် "

အတန်းတစ်၌ ညနေခင်းစာလေ့လာမှု၏ ပထမအချိန်သို့ ရောက်နေသည်ပင် ။ စာလေ့လာမှုအကြောင်းအရာက မိမိစိတ်ကြိုက်ဖြစ်ကာ အဖွဲ့လိုက် ဆွေးနွေးလို့လည်းရသလို လက်တွေ့စမ်းသပ်ခန်းနှင့် စာကြည့်တိုက်သို့သွားကာ လေ့လာလို့လည်းရပြီး ရိုးရိုးရှင်းရှင်း အိမ်စာအဖြစ် ယူသွား၍လည်းရသည်ပင် ။

ချောင်ယွမ့်လင်က တရုတ်စာပေဖတ်စာအုပ် လှန်ဖွင့်ထားပြီး ပထမစာပိုဒ်အား ဖတ်နေဆဲမှာပင် ထျန်းယွီက သူရှိရာဖက်သို့ မှီချလာရင်း မေးသည် ။ " ကျောင်းဆင်းရင် ငါ့အိမ်ကိုလိုက်ခဲ့ချင်လား ?"

" မင်းအိမ်လိုက်ပြီး ဘာလုပ်ရမှာလဲ ?"

" လတောင်ကုန်တော့မယ်လေကွာ " ထျန်းယွီကပြောသည် ။ " ဒီလအတွက် ငါတို့ရဲ့ CAS လှုပ်ရှားမှုကို ဘယ်နေရာမှာလုပ်ကြမလဲ ဆွေးနွေးကြမယ်‌လေ "

CAS ဆိုသည်မှာကား အင်္ဂလိပ်စာလုံးများဖြစ်သော Creativity (တီထွင်ကြံဆမှု) ၊ Activity (လက်တွေ့လှုပ်ရှားမှု) နှင့် Service (ဝန်ဆောင်မှု) တို့အား အတိုကောက်အဖြစ် ရေးထားသော စကားလုံးဖြစ်ပြီး ကျောင်းသားကျောင်းသူတိုင်းက CAS လက်တွေ့လှုပ်ရှားမှုအတွက် အနည်းဆုံး နာရီ တစ်ရာ့ငါးဆယ်ခန့် ဆောင်ရွက်ရန်လိုပေသည် ။ ယခင်တစ်ခေါက်၏ ဝန်ဆောင်မှုအပိုင်းတွင် တိရစ္ဆာန်ရုံ၌ ဆင်ချေးများ ကျုံးပေးရခြင်းပင် ပါဝင်သေးသည် ။

ချောင်ယွမ့်လင်က စာပိုဒ်အား ပြီးဆုံးအောင်ဖတ်လိုက်ပြီးနောက် ပြောလာသည် ။ " ဝေးရှင့်မှာပဲ ပြောကြရအောင် "

ထျန်းယွီက ပြန်ဖြေသည် ။ " ဝေးရှင့်က အရမ်းအလုပ်ရှုပ်တယ် "

" အာ့ဆိုလည်း ဖုန်းခေါ်လိုက်ရင်ရော ?" ချောင်ယွမ့်လင်က လိုက်လျောပေးလိုဟန် လုံးဝရှိမနေ ။ ခပ်တိုးတိုးရှင်းပြနေသည့် သူ၏အသံထဲတွင်လည်း ဂုဏ်ယူဝင့်ကြွားနေဟန်လေး အနည်းငယ်မျှ စွန်းထင်းနေလျက် ။

" ဒီနေ့တော့ မရဘူးကွ... ကျောင်းဆင်းရင် ငါ့ကို တစ်ယောက်ယောက်က လာကြိုမှာမို့ "

ထျန်းယွီက စပ်စုချင်သွားလေသည် ။ " ဘယ်သူလာကြိုမှာလဲ ?"

ချောင်ယွမ့်လင်၏ စာရေးနေသည့်နှုန်းက အနည်းငယ်မျှ နှေးကွေးသွားခဲ့ပါရင်း လျန်ချန့်အား မည်သို့ညွှန်းဆိုဖော်ပြရမည်မှန်း စဉ်းစားနေခဲ့လေသည် ။

အိမ်ငှား ? အဲ့လိုသာဆို အိမ်ငှားတစ်ယောက်က ဘာလို့ကျောင်းကိုလာကြိုတာလဲဆိုပြီး ထျန်းယွီက သေချာပေါက် မေးလိမ့်မယ်... ပစ္စည်းပို့သမား ဆိုရင်ရော ? ဒါပေမယ့် ပစ္စည်းပို့တာနဲ့ လူကိုလိုက်ပို့တာနဲ့က တူမှမတူပဲ...

သူငယ်ချင်းဟု ပြောလိုက်ရန်ကိုလည်း အနည်းငယ်မျှ တွန့်ဆုတ်မိသွားလျက်သား ။

တစ်ခနမျှ တွေးပြီးနောက်တွင် ချောင်ယွမ့်လင်က ပြောလာသည် ။ " ဒီက သခင်လေးက ဆိုင်ကယ်တက္ကစီတစ်စီးကို ငှားထားလို့ပေါ့ကွ "

ညရှစ်နာရီတွင် ကျောင်းဆင်းလာခဲ့ပြီး ကျောင်းသားများအားလုံးက အပြင်သို့ ထွက်လာခဲ့ကြသည် ။ ချောင်ယွမ့်လင်က ‌စိုးရိမ်တကြီးနှင့်ပင် ဆိုင်ကယ်အား စောင့်နေခဲ့ခြင်းမှာလည်း ပထမဆုံးအကြိမ်သာ ။

အမြဲတမ်းအလုပ်ရှုပ်နေသည့် မိဘများရှိသည့်အလျောက် ငယ်ရွယ်စဉ်အချိန်တုန်းက သူ့အား ကလေးထိန်းအန်တီကသာ ကျောင်းလာကြိုပေးတတ်ပြီး တစ်ခါတစ်ရံတွင်လည်း ကျောင်း၏ အပို့အကြိုဘတ်စ်ကားဖြင့်သာ ပြန်ရလေ့ရှိသည် ။ နှစ်တစ်နှစ်လုံး၌ သူ၏မွေးနေ့တစ်ရက်တည်းတွင်သာ ချောင်ဝမ်ယွမ့်နှင့် လင်းချန်ပိတို့က သူ့အားအတူတူ လာကြိုပေးတတ်ကြပြီး ဤအစဉ်အလာမှာပဲ မူလတန်းပြီးသွားချိန်၌ ရပ်တန့်သွားခဲ့သည် ။

လူများစွာ ရှုပ်ထွေးနေသည်ဖြစ်ရာ ချောင်ယွမ့်လင်က ကျောင်း၏ဝင်ပေါက်ရှေ့တွင်သာ ရပ်နေခဲ့ပြီး သူ၏အကြည့်တို့ကလည်း ဖြတ်သန်းသွားလာနေသည့် လမ်းသွားလမ်းလာများအား လိုက်လံကြည့်ရှုနေသည် ။ မိနစ်လေးဆယ်ခန့် ကြာသွားချိန်တွင် လူများက ပိုလို့ပင် နည်းပါးလာပြီး ကျောင်းဝန်းတစ်ခုလုံးမှာလည်း ဗလာကျင်းလုမတတ် ။

လျန်ချန်က ဘာလို့မလာသေးတာလဲ ? အချိန်ကို လေးစားမှုမရှိတာမျိုးလား ? မေ့သွားတာတော့ မဖြစ်နိုင်လောက်ပါဘူးနော် ?

ချောင်ယွမ့်လင်က ဖုန်းထုတ်ကာ လူစွမ်းကောင်းနှင့် စကားပြောခန်းထဲသို့ ဝင်ကြည့်လိုက်သည် ။ သူ့အား အံ့အားသင့်သွားစေသည်မှာကား ယွမ်ငါးဆယ်မှာ ယခင်အတိုင်းပဲ ရှိနေသေးခြင်းပင် ။ လျန်ချန်က သူ၏စာအိတ်နီအား လက်မခံထားခဲ့ ။

ထိုသူက စာအိတ်နီအား လက်မခံခဲ့လေရာ သူ့အားလာကြိုရန် သဘောမတူခဲ့ကြောင်းအား ဆိုလိုနေခြင်းပင် ဖြစ်သည် ။

ချောင်ယွမ့်လင်မှာ အချည်းနှီးစောင့်ဆိုင်းနေခဲ့ရခြင်းသာ ။ ထို့ကြောင့် တက္ကစီတစ်စီးကိုပဲ တားလိုက်ကာ တံခါးအား ဆောင့်ပိတ်လိုက်ရင်း အထဲသို့ဝင်ထိုင်လိုက်သည် ။ တစ်ခနမျှ ဖုန်းကစားနေခဲ့ပြီးနောက်တွင် ဝေးရှင့်အား ပြန်ဖွင့်လိုက်ရင်း လျန်ချန်နှင့် စကားပြောခန်းထဲသို့ ပြန်ဝင်လိုက်ပြန်သည် ။

သူက စာတစ်စောင်ပို့လိုက်ပါ၏: ဘာလို့ စာအိတ်နီကို လက်မခံတာလဲ ?

လမ်းတစ်ပြခန့်ပင် မောင်းနှင်လာခဲ့ပြီး‌သော်ငြား လျန်ချန်က စာပြန်မလာခဲ့ ။

ချောင်ယွမ့်လင်: အဲ့တာက မလုံလောက်လို့လား ?

ချောင်ယွမ့်လင်: ဈေးက ညှိလို့ရပါတယ်

ချောင်ယွမ့်လင်: ကျွန်တော် ခင်ဗျားကို အပိုကြေးလည်းပေးမယ်လေ

ချောင်ယွမ့်လင်: အနံ့နံတို့ဖူးကို မစားရလို့လည်း ဖြစ်ပါတယ်

ချောင်ယွမ့်လင်: ခင်ဗျား သဘောတူရဲ့လား ?

လမ်းကြားလေးနှင့် အတော်လေးကို နီးကပ်နေပြီဖြစ်ပါသော်ငြား လျန်ချန်က စာမပြန်လာသေးပါချေ ။

‌‌ချောင်ယွမ့်လင်က သူပို့ထားသည့် စာခြောက်ကြောင်းအား စိုက်ကြည့်နေခဲ့သည် ။ ဆိုင်ကယ်အစုတ်အပြတ်တစ်စီးအတွက် ဘာလို့ ဒီလောက်တောင်မှ အောက်ကျခံနေရတာလဲ ? ဒီလောက်ပြောပြီးတာတောင်မှ အငြင်းခံရရင် သူ့မျက်နှာကို ဘယ်နားသွားထားရတော့မှာတုန်း ?

သို့သော်လည်း နောက်ပြန်ဆုတ်ရန်အတွက်မူ နောက်ကျလွန်းနေပြီဖြစ်လေရာ ချောင်ယွမ့်လင်က ဆုံးဖြတ်ချက်တစ်ခုအား အလျင်အမြန်ချလိုက်ပြီးနောက် ခုနစ်ကြောင်းမြောက်စာအား ပြန်ပြင်လိုက်သည်: ‌မေ့လိုက်ပါတော့

ပို့သည့်ခလုတ်အား နှိပ်လိုက်လျှင်နှိပ်လိုက်ခြင်းမှာပင် လူစွမ်းကောင်းက စကားလုံးတစ်လုံးတည်းဖြင့် စာပြန်လာခဲ့ပါ၏ ။

ကောင်းပြီ ။

<t/n_ 行 (Xíng) - Okay)

*****

Thanks!

March 21st 2024

*****

~Zawgyi~

ယမန္ေန႔တုန္းက တိမ္မည္းတို႔ဖုံးအုပ္ေနသည့္ ေကာင္းကင္ျပင္မွာ မိုး႐ြာမလာခဲ့ပါပဲ ယေန႔မနက္တြင္ ၾကည္လင္ေတာက္ပေနသည္ ။ လ်န္ခ်န္က ႏိုးလာခဲ့၍ ကိုယ္လက္သန႔္စင္ၿပီးေနာက္တြင္ ေအာက္ထပ္သို႔ဆင္းကာ ေရေအးေအးေလးအနည္းငယ္ ေသာက္ရန္အတြက္ မီးဖိုခန္းထဲသို႔ ဝင္လာခဲ့သည္ ။ေခ်ာင္ယြမ့္လင္က မနက္စာစားေနခဲ့ကာ သူ၏ေဘးဖက္တြင္ ဇီဝေဗဒစာ႐ြက္အား ခ်ထားၿပီးေနာက္ မနက္ခင္း၌ တက္ႂကြႏိုးၾကားေနတတ္သည့္ စိတ္အာ႐ုံအား အေကာင္းဆုံးအသုံးခ်ကာ ျပန္လွန္ေလ့က်င့္ခန္း လုပ္ေနခဲ့သည္ ။ " ေရွာင္လ်န္.. ႏိုးလာၿပီလား ?" ဝမ္ေ႐ြ႕က်ီးက ပန္းကန္ျပားအလြတ္တစ္ခ်ပ္အား ယူရင္းေျပာလာသည္ ။ " ဒီေန႔ အသီးအ႐ြက္ေခါက္ဆြဲေၾကာ္ နည္းနည္းလုပ္ထားတယ္... ထိုင္ၿပီး တူတူစားသြားေလ "လ်န္ခ်န္က " ေက်းဇူးပါ " ဟု ေျပာလိုက္ၿပီး‌ေနာက္ ေခ်ာင္ယြမ့္လင္၏ မ်က္ႏွာခ်င္းဆိုင္ရွိ ခုံအလြတ္၌ ဝင္ထိုင္လိုက္သည္ ။ စာ႐ြက္အား တစ္ခ်က္လွမ္းၾကည့္လိုက္ခ်ိန္တြင္ ယမန္ေန႔ကေမးခြန္း၏ အေျဖေနရာ ကြင္းစကြင္းပိတ္အတြင္း၌ 'စီ' ဟု ေရးသားထားေၾကာင္း ေတြ႕လိုက္ရသည္ ။ ‌ေခ်ာင္ယြမ့္လင္က သူ၏ေဘာပင္အား လွည့္ေနရင္းႏွင့္ မ်က္လုံးမ်ားမွတစ္ဆင့္ 'ကြၽန္ေတာ္ ခင္ဗ်ားကို မယုံဘူး' ဆိုသည့္စကားအား သိသိသာသာ ေဖာ္ျပေနလ်က္သား ။လ်န္ခ်န္၏ မ်က္ႏွာအစိတ္အပိုင္းတို႔က နည္းနည္းေလးမွ်ပင္ ေျပာင္းလဲမသြားပါပဲ သူ၏အၾကည့္အား ျပန္႐ုတ္သိမ္းသြားခဲ့ေလသည္ ။ ေခါက္ဆြဲေၾကာ္ပန္းကန္ျပားေလးက လက္ဖဝါးတစ္ဖက္စာမွ်သာ ရွိေလရာ အလ်င္အျမန္ပဲ ကုန္သြားခဲ့ၿပီးေနာက္ ပန္းကန္အား ေဆးၿပီးခ်ိန္တြင္ ထြက္လာခဲ့ေလသည္ ။ ဝမ္ေ႐ြ႕က်ီးက ေခ်ာင္ယြမ့္လင္၏ ဖတ္စာအုပ္အား လွမ္းယူလိုက္ရင္း ေျပာလာ၏ ။ " စာဖတ္ေနတာရပ္ၿပီး အစားစားတာကိုပဲ အာ႐ုံစိုက္ေလ "ေခ်ာင္ယြမ့္လင္က ခါက်က္ဥႏွင့္ ေဂၚဖီထုပ္အမွ်င္ေလးမ်ားအား ‌ေ႐ြးဖယ္လိုက္ၿပီးေနာက္ ေျပာသည္ ။ " အရသာရွိတယ္... အသားအမွ်င္ေလးေတြနဲ႔ဆို ပိုၿပီးေတာင္ အရသာရွိဦးမွာ "‌ဝမ္‌‌ေ႐ြ႕က်ီးက သူ၏ ေခ်းမ်ားေနမႈအေပၚ စေနာက္လာသည္ ။ " အသားနဲ႔သာဆို မင္းပိုၿပီး ေႏွးေႏွးေလး ဝါးေနရမွာေပါ့.. ၾကည့္.. သူမ်ားေတြျဖင့္ မင္းထက္ေနာက္က်မွ ႏိုးလာတာေတာင္ စားၿပီးလို႔ သြားႏွင့္ၿပီ... ျမန္ျမန္လုပ္ေလ "" ရပါတယ္... ကြၽန္ေတာ္ဒီေန႔ ေသခ်ာကို ေစာေစာေလး အိပ္ရာထထားတာေလ " ေခ်ာင္ယြမ့္လင္က ေျပာသည္ ။ " ကြၽန္ေတာ္တို႔အခန္းမွာ အတန္းေခါင္းေဆာင္အသစ္က သူ႔ရာထူးကို စၿပီးယူေနၿပီ... ၿပီးေတာ့ သူပထမဆုံးလုပ္တာက ကြၽန္ေတာ့္ကို ပစ္မွတ္ထားတာပဲ... အခုကစၿပီး ေနာက္ထပ္ ေနာက္က်လို႔ မရေတာ့ဘူး "ဝမ္ေ႐ြ႕က်ီးက ေျပာလာသည္ ။ " အဖြားေတာ့ မင္းအတြက္ စိတ္မေကာင္းျဖစ္သြားၿပီ "" ဘာလို႔လဲ ?"" နာရီကို တစ္ခ်က္ၾကည့္လိုက္ဦးေလ "မယုံၾကည္ႏိုင္စရာေကာင္းစြာပင္ နာရီက သူပုံမွန္အိမ္မွထြက္ခြာသည့္ အခ်ိန္အား ျပသေနခဲ့ေလရာ ေခ်ာင္ယြမ့္လင္မွာ ထိတ္လန႔္သြားေတာ့သည္ ။ ဒါေပမယ့္ သူဒီေန႔ ေစာေစာ အိပ္ရာထထားရတာေလ ?‌ေခ်ာင္ယြမ့္လင္ အခ်ိန္ဆြဲေနျပန္ေၾကာင္း ျမင္လိုက္ရေလရာ ဝမ္ေ႐ြ႕က်ီးက ေမးလာသည္ ။ " ဆက္ၿပီး စားဦးမွာလား ?"‌ေခ်ာင္ယြမ့္လင္က ခ်က္ခ်င္းပဲ တူကိုခ်ကာ ပါးစပ္အား သုတ္လိုက္ၿပီးေနာက္ ခုံမွ ထလိုက္ေတာ့သည္ ။ ဝမ္‌ေ႐ြ႕က်ီးက ရွင္းရွင္းလင္းလင္း ေျပာျပလာသည္ ။ " ဝိတ္မတက္လာတာလည္း မေျပာနဲ႔ေတာ့... ထမင္းေလးတစ္နပ္ကို ေသခ်ာၿပီးေအာင္ မစားႏိုင္ဘူး "ေခ်ာင္ယြမ့္လင္က အလ်င္အျမန္ပဲ သူ၏ေက်ာပိုးအိတ္အား ဆြဲယူလိုက္ၿပီးေနာက္ ထထြက္လာသည္ ။ တံခါးသို႔ေရာက္၍ ဖိနပ္လဲကာ ဖိနပ္ႀကိဳးခ်ည္ေနခ်ိန္တြင္ စိတ္ရႈပ္ေထြးမႈတို႔ျဖင့္ ႏွစ္စကၠန႔္မွ် ရပ္တန႔္သြားပါ၏ ။ မေန႔က ဖိနပ္ေတြကို ဒီေလာက္ေတာင္ သပ္သပ္ရပ္ရပ္ေလး ခြၽတ္ထားခဲ့မိလို႔လား ?လည္စည္းအား ျဖဳတ္ယူလိုက္ခ်ိန္၌ ပိုလို႔ပင္ ထူးဆန္းသြားရေတာ့သည္ ။ သူလည္စည္းအထုံးကို ဒီေလာက္ထိ လွေနေအာင္ ထုံးထားခဲ့မိတာလား ?ေခ်ာင္ယြမ့္လင္ထံ၌ ဆက္ၿပီးေတြးေတာေနရန္ အခ်ိန္မရွိပါေခ် ။ အျပင္သို႔ထြက္လိုက္ခ်ိန္တြင္ လ်န္ခ်န္က ခုထိ မသြားေသးပါေၾကာင္း ေတြ႕လိုက္ရသည္ ။ သူ၏ ဆိုင္ကယ္အား အျပင္ထုတ္ထားကာ ေနေရာင္ေအာက္တြင္ လူေရာဆိုင္ကယ္ပါ ေတာက္ေျပာင္ဝင္းလက္ေနလ်က္သား ။ ယခင္အခ်ိန္တုန္းက ညအေမွာင္ေအာက္၌ ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ခဲ့သည္ျဖစ္ရာ ယခုေနာက္တစ္ႀကိမ္ ျမင္လိုက္ရခ်ိန္၌ ေခ်ာင္ယြမ့္လင္မွာ ထိုဆိုင္ကယ္အား အနည္းငယ္မွ်ပို၍ သေဘာက်မိလာေတာ့သည္ ။ ကိုယ္ထည္က တစ္ပတ္ရစ္အလား အနည္းငယ္ ေဟာင္းႏြမ္းေနပါေသာ္ျငား ယင္းထက္ရွိ ျခစ္ရာအမွတ္အသားမ်ားက ပိုလို႔ပင္ မိမိုက္ေနေစသည္ပင္ ။လ်န္ခ်န္က အဝတ္စိုတစ္ခုအား ကိုင္ထားပါရင္း ဆိုင္ကယ္ထိုင္ခုံအား အ‌ေရွ႕မွအေနာက္ ေသခ်ာေလး ပြတ္တိုက္ေနသည္ ။ ‌ေခ်ာင္ယြမ့္လင္က လမ္းေလွ်ာက္ေနရင္းႏွင့္ပင္ စိတ္ထဲမွေန၍ ျဖစ္ႏိုင္ေျခတို႔အား တစ္ခုခ်င္း ဆြဲထုတ္ၾကည့္ေနေလသည္ ။ ဘတ္စ္ကားေစာင့္ေနရရင္ အခ်ိန္အမ်ားႀကီး ကုန္လိမ့္မယ္... တကၠစီစီးရင္လည္း လမ္းပိတ္တာနဲ႔ ၾကာေနဦးမွာပဲ... ဘယ္လိုပဲေနေန ေနာက္ကေတာ့ က်ကိုက်ေတာ့မွာ...သူ႔အေနႏွင့္ လူစြမ္းေကာင္းသယ္ယူပို႔ေဆာင္ေရး၏ အျမန္ႏႈန္းကို မသုံးသ၍ ။ေခ်ာင္ယြမ့္လင္က တြန႔္ဆုတ္စြာႏွင့္ပင္ တစ္ဖက္သို႔ျပန္လွည့္လာခဲ့သည္ ။ ထိုလူစြမ္းေကာင္းက ဆိုင္ကယ္၏ ေဘးဖက္တြင္ ရပ္ေနခဲ့ကာ တစ္ခ်က္ေလးမွ်ပင္ မ်က္လုံးလွန္မၾကည့္လာပဲ ပ်င္းရိစြာ ေမးလာသည္ ။ " လမ္းေပ်ာက္ေနတာလား ?"ထိုသူ၏ အထက္စီးဆန္မႈအား လစ္လ်ဴရႈလိုက္ပါရင္း ေခ်ာင္ယြမ့္လင္က ေျပာလာသည္ ။ " ကြၽန္ေတာ္ အေလာတႀကီး ေအာ္ဒါတစ္ခုမွာခ်င္တယ္... ခင္ဗ်ား သြားေပးလို႔ရႏိုင္မလား ?"လ်န္ခ်န္က ေမးလာသည္ ။ " မင္းကိုလိုက္ပို႔ေပးေစခ်င္တာလား ?"" ဟုတ္တယ္ " ေခ်ာင္ယြမ့္လင္က ‌ေခါင္းညိတ္ျပသည္ ။ " ကြၽန္ေတာ္ ဒီေန႔ ေနာက္က်လို႔မရဘူး "လ်န္ခ်န္က ေျပာသည္ ။ " လမ္းထိပ္ကေန အေရွ႕ဖက္ကို မီတာခုနစ္ဆယ္ေလာက္ ဆက္သြားလိုက္ရင္ ရထားဘူတာတစ္ခုရွိတယ္... တည့္တည့္သာ ေျပးသြားလိုက္.. ေက်ာင္းကို တိုက္႐ိုက္ေရာက္လိမ့္မယ္.. ၾကားမွာ ရထားေျပာင္းစီးစရာ မလိုဘူး "" မရဘူး " ေခ်ာင္ယြမ့္လင္က ခ်က္ခ်င္းပဲ ျငင္းဆိုလာခဲ့ၿပီး ေဝေဝဝါးဝါး ဆက္ေျပာလာသည္ ။ " ကြၽန္ေတာ္ မေျပးႏိုင္ဘူး "လ်န္ခ်န္က မ်က္လႊာပင့္လာခဲ့ၿပီးေနာက္ အနည္းငယ္မွ် ရယ္႐ႊင္ဖြယ္ေကာင္းသည္အား ၾကည့္ေနရသည့္အလား တစ္ဖက္လူအား ငုံ႔ၾကည့္လာခဲ့သည္ ။ ‌‌‌ေခ်ာင္ယြမ့္လင္က သူ၏လက္တို႔အား အိတ္ကပ္ထဲသို႔ထည့္ထားတာ လက္ေခ်ာင္းထိပ္ကေလးမ်ားအား လက္သည္းျဖင့္ ကုတ္ျခစ္ေနခဲ့ေလသည္ ။ သူရွင္းျပလိုက္ရမလား ?‌ေခ်ာင္ယြမ့္လင္က ပါးစပ္အားဖြင့္လိုက္ေသာ္ျငား ထားလိုက္ေတာ့ရန္သာ ေတြးလိုက္သည္ပင္ ။ ေနာက္အက်ခံလိုက္တာပဲ ေကာင္းပါတယ္...သို႔ေသာ္လည္း လ်န္ခ်န္က မည္သည့္စကားကိုမွ ေျပာမလာခဲ့ ။ လက္ထဲ၌ ဆုပ္ကိုင္ထားသည့္ အဝတ္စာျဖင့္ ထိုင္ခုံထက္သို႔ ၿပီးစလြယ္ ပြတ္တိုက္လိုက္ခ်ိန္တြင္ ဖုန္အမႈန္စေလးမ်ားက ေလထဲသို႔ ဝဲလြင့္သြားၾကၿပီး လ်န္ခ်န္က သူ၏ေျခတံရွည္တို႔ျဖင့္ ဆိုင္ကယ္ထက္သို႔ လႊားထိုင္လိုက္ေတာ့သည္ ။ " ခင္ဗ်ား သေဘာတူလား ?" ေခ်ာင္ယြမ့္လင္က ေမးလာသည္ ။လ်န္ခ်န္က အဝတ္စအား ဆိုင္ကယ္လက္ကိုင္၌ ခ်ိတ္တြယ္ေနခဲ့ပါရင္း ေျပာလာခဲ့သည္ ။ " တက္ "ေခ်ာင္ယြမ့္လင္က တစ္ဖက္လူထံမွ အလကားယူလိုစိတ္လည္း မရွိေလရာ ေဈးအား အရင္ဆုံးညႇိႏႈိင္းလာသည္ ။ " ဘယ္ေလာက္က်မွာလဲ ?"လ်န္ခ်န္က ျပန္ေျဖသည္ ။ " မီတာဖတ္မွာ "" ခင္ဗ်ား လာေနာက္ေနတာလား ?" ေခ်ာင္ယြမ့္လင္က ေျပာသည္ ။ " ဒီဆိုင္ကယ္က မီတာေတာင္ ဖတ္ႏိုင္ေသးတယ္လား ?"လ်န္ခ်န္က နားၾကပ္တပ္လိုက္ရင္း ျပန္ေျဖလာသည္ ။ " သီခ်င္းတစ္ပုဒ္ကို ငါးယြမ္ "ဆိုင္ကယ္က လမ္းၾကားေလးထဲမွေန၍ အရွိန္ျဖင့္ ထြက္လာခဲ့ၿပီး ေခ်ာင္ယြမ့္လင္က လ်န္ခ်န္၏ခါးအား တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားသည္ ။ သူ႔အေနႏွင့္ ေနာက္မက်လို႐ုံသာမက သူ၏ႏွလုံးထားထဲ၌ ဖုံးကြယ္ထားသည့္ ဆိုးသြမ္းလိုစိတ္ ေသးေသးေလးလည္း ရွိေနခဲ့ျခင္းပင္ ။ ေခ်ာင္ယြမ့္လင္မွာ ငယ္စဥ္ကတည္းက ႀကီးလာသည္တိုင္ေအာင္ မည္သည့္စိတ္လႈပ္ရွားစရာ ကိစၥရပ္မ်ိဳးကိုမွ မစမ္းသပ္ၾကည့္ဖူးခဲ့ပါေခ် ။ ဆိုင္ကယ္စီးရျခင္းက လ်န္ခ်န႔္အတြက္ သာမန္ဆန္လြန္းသည့္ ကိစၥရပ္တစ္ခုမွ်သာ ျဖစ္ႏိုင္ပါေသာ္ျငား သူ႔အတြက္မူ ပထမဆုံးအေတြ႕အႀကဳံပဲ ျဖစ္ေလသည္ ။ လ်န္ခ်န္က ျဖတ္လမ္းအား ေ႐ြးခ်ယ္ခဲ့ေလရာ မီးပြိဳင့္တစ္ခုတည္းသာ ႀကဳံေတြ႕ခဲ့ရၿပီး ႐ုတ္ျခည္းရပ္တန႔္လိုက္ျခင္းက ေခ်ာင္ယြမ့္လင္အား သူ၏ေက်ာပိုးအိတ္ႏွင့္အတူ အေရွ႕ဖက္ရွိလူ၏ ေနာက္ေက်ာျပင္အား ဝင္တိုက္မိေစလ်က္သား ။ ပူေလာင္ေနသည့္ ရာသီဥတုေအာက္၌ ခႏၶာကိုယ္ႏွစ္ခု ထိစပ္သြားမႈက ပိုလို႔ပင္ ပူလာေစသည္ျဖစ္ရာ လ်န္ခ်န္က သူ၏ခါးအား ခပ္တင္းတင္းဖက္ထားပါေသာ ထိုလက္တစ္စုံအား ဆြဲခြာပစ္လိုက္ေတာ့သည္ ။ရွက္႐ြံ႕မႈအား ေျပေလ်ာ့ေစရန္ ႀကိဳးစားေနပါရင္း ေခ်ာင္ယြမ့္လင္က ေျပာလာသည္ ။ " ဒီဆိုင္ကယ္က... ေတာ္ေတာ္ေလးကို စီးရတာ သက္ေတာင့္သက္သာရွိတာပဲ "နားၾကပ္တပ္ထားသည့္ လ်န္ခ်န္က သူေျပာသည္အား မၾကားပါ‌ေခ် ။ ပိုလို႔ပင္ ကို႔႐ို႕ကားယားႏိုင္လာခဲ့ၿပီးေနာက္ ‌ေခ်ာင္ယြမ့္လင္မွာ သူ၏လက္တို႔အား မည္သည့္ေနရာ၌ ထားရမွန္း မသိပါေတာ့ ။ မသင့္ေလ်ာ္သည့္ တစ္စုံတစ္ခုအား ထိမိမည္ကိုလည္း စိုးရိမ္ေလရာ မီးစိမ္းသြားခဲ့ခ်ိန္၌ လွည့္ပတ္ၾကည့္လိုက္ၿပီးေနာက္ ေက်ာင္းယူနီေဖာင္းေဘာင္းဘီ၏ အိတ္ကပ္ကိုသာ ဆုပ္ကိုင္ထားလိုက္ေတာ့သည္ ။ ဆိုင္ကယ္က လမ္းမမ်ားအား ျဖတ္ေက်ာ္သြားရင္း လ်န္ခ်န္က သူ႔ေရွ႕ရွိ လမ္းမကိုသာ အာ႐ုံစူးစိုက္ထားသည္ ။ သီခ်င္းသံႏွင့္ ေလတိုးသံတို႔မွအပ ရံဖန္ရံခါ တစ္စုံတစ္ေယာက္၏ ခပ္တိုးတိုး ေအာ္ဟစ္ေနသံကိုလည္း ၾကားႏိုင္ေနသလိုပင္ ။ ႐ုတ္တရက္ပင္ လ်န္ခ်န္၏နားၾကပ္တစ္ဖက္က ဆြဲျဖဳတ္ခံလိုက္ရၿပီး ေခ်ာင္ယြမ့္လင္၏ အေမာတေကာအသက္ရႉကာ ေအာ္ဟစ္ေနသံက သူ၏နားစည္အတြင္းသို႔ က်ယ္ေလာင္စြာ ဝင္ေရာက္လာေတာ့သည္ ။ " တဆိတ္ေလာက္!!!"လ်န္ခ်န္က ေခါင္းလွည့္ၾကည့္လာခဲ့ၿပီးေနာက္ စိတ္မရွည္စြာေမးလာသည္ ။ " အခုက ဘာျဖစ္ရျပန္တာလဲ ?"" ခင္ဗ်ားကို ကိုင္ထားလို႔မရဘူးလား ?" ေခ်ာင္ယြမ့္လင္က တစ္ခနၾကာေအာင္ ႐ုန္းကန္ေနခဲ့ပါရင္း‌ ေျပာသည္ ။ " ကြၽန္ေတာ္ ျပဳတ္က်ေတာ့မယ္ "လ်န္ခ်န္၏ မူလရည္႐ြယ္ခ်က္က မီးနီေနစဥ္အတြင္း သူ႔အား လႊတ္ထားေပးခိုင္းရန္ႏွင့္ မီးျပန္စိမ္းလာခ်ိန္၌ ျပန္ဖက္ခိုင္းရန္ျဖစ္သည္ ။ ကံမေကာင္းစြာပင္ မိမိက ထိုကိစၥရပ္အား ေမ့သြားခဲ့ျခင္းျဖစ္ၿပီး ေခ်ာင္ယြမ့္လင္ကလည္း နာခံမႈအျပည့္ႏွင့္ပင္ သူ႔အား ျပန္မဖက္လာခဲ့ပါေခ် ။ ထို႔ေၾကာင့္ အေနာက္ဖက္သို႔လက္လွမ္း၍ ေခ်ာင္ယြမ့္လင္၏လက္အား ဆြဲယူလိုက္ကာ သူ၏ခါးေပၚသို႔ ျပန္တင္ေပးလိုက္ခ်ိန္တြင္ တစ္ဖက္လူကလည္း ခ်က္ခ်င္းဆိုသလို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လာခဲ့ေလသည္ ။ လမ္း၏ က်န္အပိုင္း၌ လ်န္ခ်န္၏နားၾကပ္က သူ၏ရင္ဘတ္ေရွ႕၌ တြဲေလာင္းက်ေနခဲ့ၿပီး ခပ္ပြပြ တီရွပ္အက်ႌမွာလည္း အေနာက္ဖက္မွေန၍ သူ႔ကိုယ္ႏွင့္ တသားတည္း ဖိကပ္ခံထားရေတာ့သည္ ။ လ်န္ခ်န္က ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးအား က်င့္သားမရပါေသာ္လည္း မသက္မသာျဖစ္ေနျခင္းမ်ိဳးလည္း မဟုတ္ပါေခ် ။ဆိုင္ကယ္က သယ္ရွင္းအထက္တန္းေက်ာင္း၏ ဝင္ေပါက္ေရွ႕၌ ရပ္သြားခဲ့ခ်ိန္တြင္ ေလေဝွ႔ေသးေသးေလးသဖြယ္ လူေတာ္ေတာ္မ်ားမ်ား၏ အာ႐ုံအား ဖမ္းစားမိသြားေလသည္ ။ ‌‌ေခ်ာင္ယြမ့္လင္က ဆိုင္ကယ္ေပၚမွ ဆင္းလာခဲ့ၿပီးေနာက္ တြန႔္ဆုတ္စြာႏွင့္ပင္ ထိုင္ခုံအား ႏွစ္ခ်က္သုံးခ်က္မွ် ပုတ္ေပးလိုက္သည္ ။ လ်န္ခ်န္က သူ၏ဖုန္းအား ထုတ္လိုက္ကာ အခုေလးတင္ ၿပီးသြားျခင္းျဖစ္သည့္ စတုတၳေျမာက္သီခ်င္းအား ရပ္တန႔္လိုက္သည္ ။ေခ်ာင္ယြမ့္လင္က ေမးသည္ ။ " အဲ့တာဆို စုစုေပါင္း ယြမ္ႏွစ္ဆယ္မလား ?"လ်န္ခ်န္က သူ၏နားၾကပ္အား ျဖဳတ္ကာ ဖုန္းအား ရစ္ပတ္လိုက္ခ်ိန္တြင္ ေဝးရွင့္မွာေန၍ စာတစ္ေစာင္ေပၚထြက္လာကာ ေခ်ာင္ယြမ့္လင္ထံမွေန၍ ယြမ္ငါးဆယ္ပါဝင္သည့္ အနီေရာင္စာအိတ္တစ္အိတ္ ေရာက္လာေၾကာင္းအား အသိေပးခံလိုက္ရသည္ ။ယြမ္သုံးဆယ္ေတာင္မွ အပိုေပးထားသည္ျဖစ္ရာ ေနာက္တစ္ေခါက္ လိုက္ပို႔ရန္အတြက္ေတာင္မွ လုံေလာက္ေသးသည္ပင္ ။ သို႔ေသာ္လည္း ဤဆယ့္ေျခာက္ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းသားငယ္ကေလးက မၿပီးေသးပါပဲ ဆက္ေျပာလာသည္ ။ " ကြၽန္ေတာ့္ေက်ာင္းက ညရွစ္နာရီက်ဆင္းမွာ.. အဲ့အခ်ိန္က်ရင္ လာႀကိဳေပးလို႔ရမလား ?"လ်န္ခ်န္: " ..... "ပိုေနေသးသည့္ ဆယ္ယြမ္အတြက္ ေခ်ာင္ယြမ့္လင္က ထပ္ေျပာလာသည္ ။ " ၿပီးေတာ့ လာရင္းနဲ႔လမ္းမွာ အနံ႔နံတို႔ဖူး ဝယ္ခဲ့ေပးဦး "လ်န္ခ်န္မွာ ဆဲမိေတာ့မတတ္ ။ သို႔ေသာ္လည္း ေခ်ာင္ယြမ့္လင္က သူ႔အား အခြင့္အေရးမေပးလာ ။ လမ္းတစ္ဖက္ျခမ္း၏ ကားတစ္စီးက သူ႔ အတန္းပိုင္ဆရာ၏ ကားျဖစ္ပုံရေၾကာင္း ျမင္လိုက္ရၿပီး‌ေနာက္တြင္ အလ်င္အျမန္ပဲ ေျပာလာေတာ့သည္ ။ " ကြၽန္ေတာ္တို႔ အတန္းပိုင္ဆရာရဲ႕ကားထင္တယ္.. သြားေတာ့မယ္ "ေခ်ာင္ယြမ့္လင္က သူ၏ရည္႐ြယ္ခ်က္အား ရွင္းရွင္းလင္းလင္း ျပသသြားသည္ျဖစ္ရာ လ်န္ခ်န္က မည္သည့္စကားမွ ေျပာမေနေတာ့ ။ သူ၏ဖုန္းအား အိတ္ကပ္ထဲသို႔ ထည့္လိုက္ကာ စက္ႏႈိးလိုက္ၿပီးေနာက္တြင္ ဆိုင္ကယ္အား ေမာင္းထြက္လိုက္ေတာ့သည္ ။ ႐ိုးရာအက်ႌဆိုင္ေလးမွာ စီးပြားျဖစ္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ဝယ္သူအမ်ားစုမွာ ရင္းႏွီးေနၿပီးသား မ်က္ႏွာမ်ားသာ ။ ဝမ္ေ႐ြ႕က်ီးက ထိုသူတို႔အတြက္ အက်ႌအတိုင္း ယူေနရင္းႏွင့္ပင္ ေပါ့ေပါ့ပါးပါး အာလာပသလႅာပစကားမ်ား ဆိုေနခဲ့သည္ ။ အမ်ားစုမွာေတာ့ မိသားစုေရးရာႏွင့္ သားသမီးမ်ား အေၾကာင္းပင္ ။ ဝယ္သူတစ္ေယာက္က ေျပာလာသည္ ။ " ရွင့္ရဲ႕သမီးေလး အိမ္မျပန္လာတာေတာင္ အ‌ေတာ္ၾကာၿပီေနာ္... သူေလးက တကယ္ကို ထက္ျမက္ၿပီးလွတဲ့ သတင္း‌ေထာက္တစ္ေယာက္ပဲ " ဝမ္ေ႐ြ႕က်ီးက ၿပဳံးလာသည္ ။ " ဒီတိုင္း အလုပ္ရႈပ္ေနတာမို႔ပါ... သတင္းေထာက္အလုပ္က ခရီးေတြလည္း အမ်ားႀကီး သြားရတယ္ေလ... တစ္ခါတစ္ေလက် လဝက္ေလာက္ အျပင္ပဲေရာက္ေနၿပီး မိသားစုအတြက္ အခ်ိန္သိပ္မေပးျဖစ္တာ "ထိုသူက ဆက္ေမးလာသည္ ။ " ရွင့္ရဲ႕သားမက္ကလည္း ဆရာဝန္မလား.. သူလည္း အလုပ္တအားရႈပ္ေနမွာပဲ ?"" သူတို႔ႏွစ္ေယာက္လုံး အလုပ္တအားရႈပ္ေနၾကတာ " ဝမ္ေ႐ြ႕က်ီးက ေအးေဆးစြာ ျပန္ေျဖသည္ ။ " သိပ္မၾကာခင္ကပဲ သူတို႔ႏွစ္ေယာက္ ကြာရွင္းလိုက္ၾကၿပီေလ... အခုဆို ကိုယ့္ဘဝနဲ႔ကိုယ္ပဲ အလုပ္ရႈပ္ေနၾကေတာ့တာေပါ့ "ေဈးဝယ္သူက အနည္းငယ္မွ် ေနရခက္သြားပါရင္း ဖာေထးေျပာဆိုလာသည္ ။ " ဘာပဲျဖစ္ျဖစ္ သူတို႔က ငယ္ၾကေသးတာပဲေလ... အနာဂတ္က်ရင္ တစ္ေယာက္ေယာက္ကို ရွာေတြ႕ၾကမွာပါ "ဝမ္ေ႐ြ႕က်ီးက ေျပာသည္ ။ " ကံစီမံရာပဲေပါ့... ငါက ငါ့ေျမးေလးအတြက္ပဲ စိတ္မေကာင္းတာပါ "ေဈးဝယ္က ခပ္တိုးတိုးေမးလာသည္ ။ " သူက က်န္းမာေရး အေျခအေနမေကာင္းပဲ ေမြးလာခဲ့တာမလား ?"ဝမ္ေ႐ြ႕က်ီးက ေခ်ာင္ယြမ့္လင္အား ေတြးလိုက္ၿပီး‌ေနာက္ သက္ျပင္းခ်မိသြားသည္ ။ ျပတင္းေပါက္အျပင္ဖက္သို႔ လွမ္းၾကည့္လိုက္ခ်ိန္၌ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ျမင္လိုက္ရေလသည္ ။ လ်န္ခ်န္က ဆိုင္ထဲသို႔ ဝင္လာခဲ့ခ်ိန္တြင္ ေျပာလက္စစကားဝိုင္းက တိခနဲရပ္တန႔္သြားသည္ ။ ထိုေဈးဝယ္သူက ခ်ီးက်ဴးလာသည္ ။ " ဒီလူငယ္ေလးက တကယ္ၾကည့္ေကာင္းတာပဲ "လ်န္ခ်န္က ထိုခ်ီးက်ဴးစကားမွာ သူႏွင့္မဆိုင္သည့္အလား သူတို႔အား ျဖတ္ေလွ်ာက္သြားသည္ ။ဝမ္ေ႐ြ႕က်ီးက ကိစၥရပ္မ်ားအား ေခ်ာေမြ႕သြားေစရန္ ႀကိဳးစားလိုက္ရင္း ေမးျမန္းလာသည္ ။ " ေရွာင္လ်န္.. ဘယ္လိုျဖစ္လို႔ ျပန္လာတာလဲ ?"လ်န္ခ်န္၏ အျပင္ထြက္ခ်ိန္တို႔က ပုံေသမရွိသည္ျဖစ္ရာ သူကျပန္ေျဖလာသည္ ။ " ဒီေန႔ အိမ္မွာပဲေနမလို႔ "" အိမ္မွာလား ?" ဝမ္ေ႐ြ႕က်ီးက အံ့အားတႀကီးေျပာလာသည္ ။ " အဲ့တာဆို မင္းအျပင္သြားစရာရွိလို႔ သြားရင္းနဲ႔ ယြမ့္လင္ကို ေက်ာင္းလိုက္ပို႔ေပးတာ မဟုတ္ဘူးလား ?"" မဟုတ္ဘူး " လ်န္ခ်န္က ခန္းဆီးစအား မတင္လိုက္ၿပီးေနာက္ အထဲသို႔ ဝင္သြားေတာ့သည္ ။ သူ႔အေနႏွင့္ ရာသီဥတုသာယာေသာေၾကာင့္ ဆိုင္ကယ္အား သန႔္ရွင္းေရးလုပ္ရန္ ရည္႐ြယ္ခဲ့ျခင္းျဖစ္ၿပီး အျပင္ထြက္ရန္ မစီစဥ္ထားခဲ့ပါေခ် ။ မေမွ်ာ္လင့္ထားသည့္ ပို႔ေဆာင္မႈကိုေတာ့ ေခါက္ဆြဲေၾကာ္တစ္ပန္းကန္အတြက္ အခေၾကးေငြဟုသာ ယူဆလိုက္သည္ ။ လ်န္ခ်န္က အခန္းသို႔ ျပန္လာခဲ့ၿပီး ေထာင့္နားရွိ ေအာက္ဖက္အံဆြဲထဲမွေန၍ ေလးလံသည့္ ေက်ာပိုးအိတ္အား ထုတ္ယူလိုက္သည္ ။ အိတ္ထဲ၌ စာ႐ြက္မ်ား ၊ ခပ္ထူထူ စာအုပ္မ်ားႏွင့္ ျပည့္သိပ္ေနသည္ ။ စာ႐ြက္အထပ္လိုက္အား ဆြဲထုတ္လိုက္ၿပီးေနာက္ စားပြဲတြင္ ဝင္ထိုင္လိုက္ကာ ကြန္ပ်ဴတာအေဟာင္းအား ဖြင့္လိုက္ေလသည္ ။ စက္က အရမ္းကိုေႏွးေကြးေနၿပီး အခ်ိဳ႕သင္ေထာက္ကူစာတမ္းမ်ားအား ရွာေဖြရန္ႏွင့္ QQ အားဖြင့္ၾကည့္ႏိုင္ရန္သာ အသုံးျပဳလို႔ ရႏိုင္သည္ပင္ ။ လ်န္ခ်န္က ညေနေစာင္းအထိ အခန္းထဲတြင္သာ တစ္ေနကုန္ေနခဲ့ၿပီး ေနာက္ဆုံးတြင္‌ေတာ့ မ်က္မွန္အား ခြၽတ္လိုက္ကာ အခန္းမီးအား ဖြင့္ရန္အတြက္ ထိုင္ခုံမွ ထသြားခဲ့သည္ ။ မီးဖြင့္ၿပီးေနာက္ လ်န္ခ်န္က ျပတင္းေပါက္ရွိရာသို႔ ေလွ်ာက္သြားလိုက္သည္ ။ ဝင္ခါနီးေနေရာင္ျခည္က ရွားေစာင္းလက္ပတ္အိုးေလးအား လိေမၼာ္ေရာင္သမ္းေနေစၿပီး အပင္ထက္မွ ဆူးေလးမ်ားအား ထိကိုင္ၾကည့္လိုက္ခ်ိန္တြင္ လက္ဖဝါးျပင္ထက္မွ ထုံက်င္ကိုက္ခဲေနမႈက ေျဖးေျဖးခ်င္း ေျပေလ်ာ့သြားသည့္ႏွယ္ ။ သူ၏ဖုန္းက ျမည္လာခဲ့ေလရာ နီရဲေနသည့္ လက္ေခ်ာင္းထိပ္ေလးအား ျပန္႐ုတ္သိမ္းလိုက္သည္ ။ဖုန္းစခရင္အား တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္တြင္ လ်န္ခ်န္က ေျဖဆိုလိုက္သည္ ။ " ဟယ္လို ယင္းေကာ "ဖုန္းတစ္ဖက္မွလူက ေျပာလာသည္ ။ " လာခဲ့ဦး... တစ္ေယာက္ေယာက္ကို ေစာင့္ၾကည့္ေပးစရာ ရွိတယ္ "လ်န္ခ်န္က ျပန္ေျဖသည္ ။ " ေကာင္းၿပီ.. ကြၽန္ေတာ္အခုပဲ လာခဲ့လိုက္မယ္ "အတန္းတစ္၌ ညေနခင္းစာေလ့လာမႈ၏ ပထမအခ်ိန္သို႔ ေရာက္ေနသည္ပင္ ။ စာေလ့လာမႈအေၾကာင္းအရာက မိမိစိတ္ႀကိဳက္ျဖစ္ကာ အဖြဲ႕လိုက္ ေဆြးေႏြးလို႔လည္းရသလို လက္ေတြ႕စမ္းသပ္ခန္းႏွင့္ စာၾကည့္တိုက္သို႔သြားကာ ေလ့လာလို႔လည္းရၿပီး ႐ိုး႐ိုးရွင္းရွင္း အိမ္စာအျဖစ္ ယူသြား၍လည္းရသည္ပင္ ။ေခ်ာင္ယြမ့္လင္က တ႐ုတ္စာေပဖတ္စာအုပ္ လွန္ဖြင့္ထားၿပီး ပထမစာပိုဒ္အား ဖတ္ေနဆဲမွာပင္ ထ်န္းယြီက သူရွိရာဖက္သို႔ မွီခ်လာရင္း ေမးသည္ ။ " ေက်ာင္းဆင္းရင္ ငါ့အိမ္ကိုလိုက္ခဲ့ခ်င္လား ?"" မင္းအိမ္လိုက္ၿပီး ဘာလုပ္ရမွာလဲ ?"" လေတာင္ကုန္ေတာ့မယ္ေလကြာ " ထ်န္းယြီကေျပာသည္ ။ " ဒီလအတြက္ ငါတို႔ရဲ႕ CAS လႈပ္ရွားမႈကို ဘယ္ေနရာမွာလုပ္ၾကမလဲ ေဆြးေႏြးၾကမယ္‌ေလ "CAS ဆိုသည္မွာကား အဂၤလိပ္စာလုံးမ်ားျဖစ္ေသာ Creativity (တီထြင္ႀကံဆမႈ) ၊ Activity (လက္ေတြ႕လႈပ္ရွားမႈ) ႏွင့္ Service (ဝန္ေဆာင္မႈ) တို႔အား အတိုေကာက္အျဖစ္ ေရးထားေသာ စကားလုံးျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူတိုင္းက CAS လက္ေတြ႕လႈပ္ရွားမႈအတြက္ အနည္းဆုံး နာရီ တစ္ရာ့ငါးဆယ္ခန႔္ ေဆာင္႐ြက္ရန္လိုေပသည္ ။ ယခင္တစ္ေခါက္၏ ဝန္ေဆာင္မႈအပိုင္းတြင္ တိရစာၦန္႐ုံ၌ ဆင္ေခ်းမ်ား က်ဳံးေပးရျခင္းပင္ ပါဝင္ေသးသည္ ။ ေခ်ာင္ယြမ့္လင္က စာပိုဒ္အား ၿပီးဆုံးေအာင္ဖတ္လိုက္ၿပီးေနာက္ ေျပာလာသည္ ။ " ေဝးရွင့္မွာပဲ ေျပာၾကရေအာင္ "ထ်န္းယြီက ျပန္ေျဖသည္ ။ " ေဝးရွင့္က အရမ္းအလုပ္ရႈပ္တယ္ "" အာ့ဆိုလည္း ဖုန္းေခၚလိုက္ရင္ေရာ ?" ေခ်ာင္ယြမ့္လင္က လိုက္ေလ်ာေပးလိုဟန္ လုံးဝရွိမေန ။ ခပ္တိုးတိုးရွင္းျပေနသည့္ သူ၏အသံထဲတြင္လည္း ဂုဏ္ယူဝင့္ႂကြားေနဟန္ေလး အနည္းငယ္မွ် စြန္းထင္းေနလ်က္ ။ " ဒီေန႔ေတာ့ မရဘူးကြ... ေက်ာင္းဆင္းရင္ ငါ့ကို တစ္ေယာက္ေယာက္က လာႀကိဳမွာမို႔ "ထ်န္းယြီက စပ္စုခ်င္သြားေလသည္ ။ " ဘယ္သူလာႀကိဳမွာလဲ ?"ေခ်ာင္ယြမ့္လင္၏ စာေရးေနသည့္ႏႈန္းက အနည္းငယ္မွ် ေႏွးေကြးသြားခဲ့ပါရင္း လ်န္ခ်န္႔အား မည္သို႔ၫႊန္းဆိုေဖာ္ျပရမည္မွန္း စဥ္းစားေနခဲ့ေလသည္ ။ အိမ္ငွား ? အဲ့လိုသာဆို အိမ္ငွားတစ္ေယာက္က ဘာလို႔ေက်ာင္းကိုလာႀကိဳတာလဲဆိုၿပီး ထ်န္းယြီက ေသခ်ာေပါက္ ေမးလိမ့္မယ္... ပစၥည္းပို႔သမား ဆိုရင္ေရာ ? ဒါေပမယ့္ ပစၥည္းပို႔တာနဲ႔ လူကိုလိုက္ပို႔တာနဲ႔က တူမွမတူပဲ...သူငယ္ခ်င္းဟု ေျပာလိုက္ရန္ကိုလည္း အနည္းငယ္မွ် တြန႔္ဆုတ္မိသြားလ်က္သား ။ တစ္ခနမွ် ေတြးၿပီးေနာက္တြင္ ေခ်ာင္ယြမ့္လင္က ေျပာလာသည္ ။ " ဒီက သခင္ေလးက ဆိုင္ကယ္တကၠစီတစ္စီးကို ငွားထားလို႔ေပါ့ကြ "ညရွစ္နာရီတြင္ ေက်ာင္းဆင္းလာခဲ့ၿပီး ေက်ာင္းသားမ်ားအားလုံးက အျပင္သို႔ ထြက္လာခဲ့ၾကသည္ ။ ေခ်ာင္ယြမ့္လင္က ‌စိုးရိမ္တႀကီးႏွင့္ပင္ ဆိုင္ကယ္အား ေစာင့္ေနခဲ့ျခင္းမွာလည္း ပထမဆုံးအႀကိမ္သာ ။ အၿမဲတမ္းအလုပ္ရႈပ္ေနသည့္ မိဘမ်ားရွိသည့္အေလ်ာက္ ငယ္႐ြယ္စဥ္အခ်ိန္တုန္းက သူ႔အား ကေလးထိန္းအန္တီကသာ ေက်ာင္းလာႀကိဳေပးတတ္ၿပီး တစ္ခါတစ္ရံတြင္လည္း ေက်ာင္း၏ အပို႔အႀကိဳဘတ္စ္ကားျဖင့္သာ ျပန္ရေလ့ရွိသည္ ။ ႏွစ္တစ္ႏွစ္လုံး၌ သူ၏ေမြးေန႔တစ္ရက္တည္းတြင္သာ ေခ်ာင္ဝမ္ယြမ့္ႏွင့္ လင္းခ်န္ပိတို႔က သူ႔အားအတူတူ လာႀကိဳေပးတတ္ၾကၿပီး ဤအစဥ္အလာမွာပဲ မူလတန္းၿပီးသြားခ်ိန္၌ ရပ္တန႔္သြားခဲ့သည္ ။ လူမ်ားစြာ ရႈပ္ေထြးေနသည္ျဖစ္ရာ ေခ်ာင္ယြမ့္လင္က ေက်ာင္း၏ဝင္ေပါက္ေရွ႕တြင္သာ ရပ္ေနခဲ့ၿပီး သူ၏အၾကည့္တို႔ကလည္း ျဖတ္သန္းသြားလာေနသည့္ လမ္းသြားလမ္းလာမ်ားအား လိုက္လံၾကည့္ရႈေနသည္ ။ မိနစ္ေလးဆယ္ခန႔္ ၾကာသြားခ်ိန္တြင္ လူမ်ားက ပိုလို႔ပင္ နည္းပါးလာၿပီး ေက်ာင္းဝန္းတစ္ခုလုံးမွာလည္း ဗလာက်င္းလုမတတ္ ။ လ်န္ခ်န္က ဘာလို႔မလာေသးတာလဲ ? အခ်ိန္ကို ေလးစားမႈမရွိတာမ်ိဳးလား ? ေမ့သြားတာေတာ့ မျဖစ္ႏိုင္ေလာက္ပါဘူးေနာ္ ?ေခ်ာင္ယြမ့္လင္က ဖုန္းထုတ္ကာ လူစြမ္းေကာင္းႏွင့္ စကားေျပာခန္းထဲသို႔ ဝင္ၾကည့္လိုက္သည္ ။ သူ႔အား အံ့အားသင့္သြားေစသည္မွာကား ယြမ္ငါးဆယ္မွာ ယခင္အတိုင္းပဲ ရွိေနေသးျခင္းပင္ ။ လ်န္ခ်န္က သူ၏စာအိတ္နီအား လက္မခံထားခဲ့ ။ ထိုသူက စာအိတ္နီအား လက္မခံခဲ့ေလရာ သူ႔အားလာႀကိဳရန္ သေဘာမတူခဲ့ေၾကာင္းအား ဆိုလိုေနျခင္းပင္ ျဖစ္သည္ ။ ေခ်ာင္ယြမ့္လင္မွာ အခ်ည္းႏွီးေစာင့္ဆိုင္းေနခဲ့ရျခင္းသာ ။ ထို႔ေၾကာင့္ တကၠစီတစ္စီးကိုပဲ တားလိုက္ကာ တံခါးအား ေဆာင့္ပိတ္လိုက္ရင္း အထဲသို႔ဝင္ထိုင္လိုက္သည္ ။ တစ္ခနမွ် ဖုန္းကစားေနခဲ့ၿပီးေနာက္တြင္ ေဝးရွင့္အား ျပန္ဖြင့္လိုက္ရင္း လ်န္ခ်န္ႏွင့္ စကားေျပာခန္းထဲသို႔ ျပန္ဝင္လိုက္ျပန္သည္ ။ သူက စာတစ္ေစာင္ပို႔လိုက္ပါ၏: ဘာလို႔ စာအိတ္နီကို လက္မခံတာလဲ ?လမ္းတစ္ျပခန႔္ပင္ ေမာင္းႏွင္လာခဲ့ၿပီး‌ေသာ္ျငား လ်န္ခ်န္က စာျပန္မလာခဲ့ ။ ေခ်ာင္ယြမ့္လင္: အဲ့တာက မလုံေလာက္လို႔လား ?ေခ်ာင္ယြမ့္လင္: ေဈးက ညႇိလို႔ရပါတယ္ေခ်ာင္ယြမ့္လင္: ကြၽန္ေတာ္ ခင္ဗ်ားကို အပိုေၾကးလည္းေပးမယ္ေလေခ်ာင္ယြမ့္လင္: အနံ႔နံတို႔ဖူးကို မစားရလို႔လည္း ျဖစ္ပါတယ္ေခ်ာင္ယြမ့္လင္: ခင္ဗ်ား သေဘာတူရဲ႕လား ?လမ္းၾကားေလးႏွင့္ အေတာ္ေလးကို နီးကပ္ေနၿပီျဖစ္ပါေသာ္ျငား လ်န္ခ်န္က စာမျပန္လာေသးပါေခ် ။ ‌‌ေခ်ာင္ယြမ့္လင္က သူပို႔ထားသည့္ စာေျခာက္ေၾကာင္းအား စိုက္ၾကည့္ေနခဲ့သည္ ။ ဆိုင္ကယ္အစုတ္အျပတ္တစ္စီးအတြက္ ဘာလို႔ ဒီေလာက္ေတာင္မွ ေအာက္က်ခံေနရတာလဲ ? ဒီေလာက္ေျပာၿပီးတာေတာင္မွ အျငင္းခံရရင္ သူ႔မ်က္ႏွာကို ဘယ္နားသြားထားရေတာ့မွာတုန္း ?သို႔ေသာ္လည္း ေနာက္ျပန္ဆုတ္ရန္အတြက္မူ ေနာက္က်လြန္းေနၿပီျဖစ္ေလရာ ေခ်ာင္ယြမ့္လင္က ဆုံးျဖတ္ခ်က္တစ္ခုအား အလ်င္အျမန္ခ်လိုက္ၿပီးေနာက္ ခုနစ္ေၾကာင္းေျမာက္စာအား ျပန္ျပင္လိုက္သည္: ‌ေမ့လိုက္ပါေတာ့ ပို႔သည့္ခလုတ္အား ႏွိပ္လိုက္လွ်င္ႏွိပ္လိုက္ျခင္းမွာပင္ လူစြမ္းေကာင္းက စကားလုံးတစ္လုံးတည္းျဖင့္ စာျပန္လာခဲ့ပါ၏ ။ေကာင္းၿပီ ။<t/n_ 行 (Xíng) - Okay)*****Thanks!March 21st 2024*****

Continue Reading

You'll Also Like

5.3K 175 7
Takes Place after Ep 14 Everything is settled now Kinn and Porsche are in established relationship Then why is he still throwing petals at midnight 3...
2.5K 76 5
It is Twilight's First date what do you think she would do?
4.2M 265K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
19.5K 784 17
This is a story of 22 year's old girl who once used be an innocent, cute, bubbly, kind, lovely, fragile and weak girl but something's happened that m...