''ဘာလို့အရမ်းပိန်သွားရတာလဲ
ကျမပါးပြင်တို့အားထိတွေ့ကာ မောင်သည်စိတ်မကောင်းစွာဖြင့်ပြော၏။
''မောင်မရှိတော့ဘူးဆိုတဲ့နေ့ထဲက ပျော်စရာဆိုတာမှမရှိတာ
''အစားလည်းနည်းနည်းပဲစားတယ်ဆို အမအိုင်းရင်းပြောတယ်
(အိုင်းရင်းသည်ချယ်နှင့် တစ်ဝမ်းကွဲဆွေမျိုးတော်စပ်၏)
''အင်း မသေရုံစားတယ်လေ ပြောရရင်အသက်ရှင်ချင်စိတ်တောင်မရှိဘူး
''ဘာလို့လဲ
''ဘာလို့ဆိုတာမောင်မသိဘူးလား မောင်သေသွားတယ်ဆိုတာကိုလက်ခံဖို့နဲ့ မောင်မရှိပဲနေသွားဖို့က အရမ်းခက်ခဲတယ် ပြီးတော့ကျမကြောင့်ဆိုတဲ့အရာကြောင့်လည်း...
''မောင် မင်းကိုပြန်စေချင်တယ်
''ဘာလို့လဲ
''အနားမှာထားပြီးဒုက္ခတွေမပေးချင်လို့ ကိုယ့်ဘာသာတောင်မကာကွယ်နိုင်တော့တဲ့လူက မင်းကိုပဲဒုက္ခများစေမှာ
''ဘာမှမဖြစ်ဘူး
''မောင့်အတွက်တော့ဖြစ်တယ် မောင်ကမင်းပျော်နေတာကိုပဲလိုချင်တာ မောင့်ကိုပြုစုစောင့်ရှောက်ပေးပြီးအဲ့အခြေအနေထဲမှာမင်းကိုမနစ်မြုပ်စေချင်ဘူး
''မောင်နဲ့ရှိနေရင်ကျမပျော်မှာပဲကို
မောင်ကဘာမှမပြောတော့ပေ။ မောင့်စိတ်ကိုသိပေမယ့်လည်း ကျမလည်းမောင့်ကိုပြစ်မသွားနိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်သည်။
''မောင့်..
ချွဲနွဲ့စွာခေါ်လိုက်သော်လည်း မောင်ကမတုန့်ပြန်ပါ။
''မောင့်ကိုကျမချစ်တယ်
ကျမကိုကြည့်နေတဲ့မောင့်အနားတိုးကာ နှုတ်ခမ်းလေးကိုထပ်နမ်းဖို့ပြင်လိုက်တော့ မောင်ကမျက်နှာကိုလွှဲပစ်လိုက်သည်။
''ဘာလို့လဲ ကျမစိတ်ကိုရောနားလည်မပေးနိုင်ဘူးလား အရင်ကရှင်သေပြီဆိုတာကိုတစ်ကယ်ထင်မိလို့တစ်ယောက်ထဲနေနိုင်ခဲ့တာလေ အခုရှင် ရှင်နေသေးတာကိုသိပြီးမှတော့ ရှင့်ကိုထားပစ်ခဲ့ပြီးတစ်ယောက်ထဲနေနိုင်ပါ့မလား ဘာလို့ရှင်ဒီလောက်ခေါင်းမာနေရတာလဲ
''မောင့်ဘာသာနေလည်းဖြစ်ပါတယ်
''ဟုတ်လား အဲ့လိုဆိုဘာလို့ရှင့်အမကိုကျမနားလွှတ်လိုက်တာလဲ
''..
''ဖြေလေမောင် ရှင်ကျကျမကိုစိုးရိမ်ပြီးဂရုစိုက်ပေးပြီး ကျမကျရှင့်အပေါ်အဲ့လိုပြန်လုပ်ပေးလို့မရဘူးလား
မောင်သည်တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ မောင့်လက်ဖဝါးကိုထပ်ကိုင်လိုက်တော့ ငြိမ်၍နေ၏။
''မောင်ကျမကိုချစ်သေးတယ်မလား
''ဟင့်အင်း
''ဘာကိုဟင့်အင်းလဲ အရိုက်ခံချင်ပြန်တာလား
''ဒုက္ခိတဖြစ်နေတဲ့လူကိုထပ်နှိပ်စက်ချင်လို့လား
''မောင်နော် စကားအဖြစ်ပြောတဲ့ဟာကို ပြောလို့ချစ်သေးတယ်မလား
''မေးဖို့လိုလို့လား မောင့်ဘဝမှာချစ်ဖူးတဲ့တစ်ယောက်ထဲသောသူပဲကို
''အတူတူပဲလေမောင်ရ ကျမကရောမောင့်ကိုပဲချစ်ဖူးတာကို
''မသိဘူးကွာ မောင်မင်းကိုအားနာတယ်
''အားနာဖို့လိုလို့လားမောင်ရယ် ကျမသာမောင့်နေရာမှာဖြစ်ခဲ့ရင်ရော မောင်ထားသွားမှာမဟုတ်ဘူးမလား
''ထားသွားမှာ နောက်ကောင်မလေးချောချောလေးရှာပြီးမင်းကိုမေ့ပစ်လိုက်မှာ...အား..ခွေးပေါက်လေးဘာလို့ကိုက်တာလဲ
ချယ့်စကားဆုံးသည်နှင့် လက်ကိုကိုက်ချလိုက်တဲ့သူမ။
''ဘယ်ကိုအခြားကောင်မလေး မောင်နော် မဟုတ်တာတွေလျှောက်ပြောမနေနဲ့
''တစ်ကယ်ပြောနေတာ
''မောင်လို့ တော်လိုက်တော့နော်
ကျမ ထအော်လိုက်မှသူကငြိမ်သွား၏။
''ထပ်ပြီးနှင်ထုတ်တာမထွက်လာနဲ့ စကားကောင်းကောင်းပြောနေတာကိုရောင့်တက်မနေနဲ့နော် စိတ်တိုလာရင်လုပ်ချင်ရာလုပ်ပစ်လိုက်မှာ
မောင်ကတိုးတိုးလေးပြော၏။''ကြောက်စရာကောင်းလိုက်တာ''တဲ့။
''နမ်းတာကိုလည်းမရှောင်နဲ့ စကားတွေလည်းလာမများနဲ့ ကျမပြောရင်ပြောတဲ့အတိုင်းလက်ခံလိုက်လေ ဘာလို့လာခေါင်းမာနေတာလဲ
''ဟုတ် ဟုတ် ကြောက်လိုက်တာဗျာ
''မောင်ကြိုက်တဲ့စွပ်ပြုတ်ဝယ်လာတယ် မောင်စားဖို့ပြင်ပေးမယ်နော်
ပြော၍သူမလေးထကာ ပန်းကန်ထဲလှယ်ထည့်၍ပြင်ဆင်နေ၏။ အရင်လိုမျက်နှာပြည့်ပြည့်လေးမဟုတ်နေပဲ ပါးလေးတွေကပ်ကာချောင်ကျနေပေမယ့် ကောင်မလေးဟာလှနေတုန်းပါပဲ။
ပြင်ဆင်ပြီးနောက် ချယ့်ဘေးမှာအပြုံးတွေနဲ့လာပြန်ထိုင်ပြီး တစ်ဇွန်းချင်းခွံ့ကျွေးနေခဲ့တယ်။
''မောင့်ဘာသာစားပါ့မယ် မောင့်လက်တွေကဘာမှမဖြစ်ဘူးလေ
''လုပ်ပေးချင်လို့ပါမောင်ရဲ့
မောင်ဘာမှမပြောတော့ပဲ ကျမခွံ့ကျွေးသမျှကိုသာ လက်ခံစားသောက်လေ၏။
''ကောင်းကောင်းစားသားပဲ
မောင့်နှုတ်ခမ်းထောင့်လေးတွေကို တစ်သျှူးနဲ့သုတ်ပေးပြီး ပြောလိုက်၏။
''မောင်ကကောင်းကောင်းစားတယ် ကောင်းကောင်းမစားတာကမောင်မဟုတ်ဘူး
''ဟုတ်လား ဘယ်သူပါလိမ့်နော်
''ကလေးနော်
အဲ့နမ်စားလေးကိုအခုမှပဲမောင်ဟာခေါ်လေ၏။ ကျမပြုံးမိပါသည်။
''အစားကောင်းကောင်းပြန်စားရမယ်နော်
''ဟုတ် မောင်အရင်လိုပြန်ရှိနေပြီပဲ စားမှာပေါ့မောင်ရဲ့
မောင့်မျက်နှာမှာအပြုံးလေးဖြတ်ပြေးသွားတယ်။ မောင့်အပြုံးလေးကို ချစ်ရလိုက်တာမောင်ရယ်။
''တော်ချင်ပြီလားမောင်
မောင်ဗိုက်ဝနေတဲ့ပုံလို့ထင်ရသည့်ချိန်မှ ကျမမေးလိုက်၏။
''ဟုတ်
တစ်ဝက်ကျော်ကျော်ကုန်သွားတဲ့ပန်းကန်လေးကိုပြန်တင်ပြီးနောက် မောင့်နှုတ်ခမ်းလေးကိုထပ်သုတ်ပေးလိုက်တယ်။
''မောင်
''ဗျာ
''အိမ်မက်လိုပဲ မောင်နဲ့အခုလိုပြန်ရှိနိုင်မယ်လို့မထင်ထားခဲ့မိဘူး
မောင်က ကျမကိုဆွဲဖက်တယ်။ မောင့်ကိုယ်နံ့လေးကို ရှူရှိုက်ရင်း ဒီရင်ခွင်နွေးနွေးထံ ကျမအချိန်ကြာကြာလေးခိုဝင်မိခဲ့ပါရဲ့..။
.
.
.
.
.
.
.
မောင်နှင့်ကျမအကြောင်းကို နှစ်ဖက်သောမိသားစုဝင်များအား အသိပေးပြီးဖြစ်၏။ကျန်သူအားလုံးက နားလည်ပေးကြသော်လည်း ကျမ၏အဖေမှာစိတ်ဆိုး၍ စကားပင်မပြောပါ။
မေမေကတော့ စိတ်ထဲမထားပါနှင့်ဟုဆို၏။ စိတ်မကောင်းဖြစ်မိသော်လည်း ကျမခေါင်းထဲကထုတ်ထားလိုက်၏။
အခု မောင်တို့အိမ်အသစ်ဆီ မောင်လည်းပြောင်းနေခဲ့ပြီဖြစ်၏။ ကျမလည်းမောင်နှင့်အတူလိုက်နေဖြစ်ပါသည်။
''ကလေး မောင်အရင်ကခေါ်ထားတဲ့လူနာစောင့်ကိုပြန်ခေါ်မလားလို့
''ဘာလို့လဲမောင်ရဲ့
မောင့်လက်မောင်းကိုခေါင်းအုံးအိပ်နေသောကျမ မောင့်မျက်နှာကိုမော့ကြည့်၍မေးလိုက်သည်။
''မောင့်ကလေးစာမေးပွဲဖြေရတော့မှာလေကွာ
''အာ့ဘာဖြစ်လဲ
''မောင့်နားကပ်နေနေမလို့လား မရဘူးနော် မောင့်ကလေးရှေ့ရေးရှိသေးတယ်
''ဘာလုပ်ဖို့ဖြေမှာလဲမောင်ရဲ့ မောင်တို့အိမ်ကပိုက်ဆံရှိတာပဲဟာ မဟုတ်လည်းအပြင်စီးပွားရေးတစ်ခုခုလုပ်လို့ရတာပဲ မဖြေတော့ဘူးလို့တော့စဥ်းစားထားတယ်
''လုပ်ပြီ မောင့်စကားနားထောင်မယ်ဆို
''နားထောင်နေတာပဲဟာ
''ဘယ်မှာနားထောင်နေလို့လဲ
''ကျောင်းမတက်ချင်တော့ဘူးမောင်ရဲ့ စာလည်းမလုပ်ချင်တော့ဘူး မောင့်နားပဲနေချင်တော့တာ
''ဟောဗျာ မရပါဘူး စကားနားထောင်ရပါမယ် ကလေးကျောင်းဆက်တက်ရမယ် ခုစာမေးပွဲကိုလည်းဖြေရမယ်
''မောင့်နားနေချင်တာလို့
''မရဘူးကွာ
''အဲ့ဆိုမောင်ဘာပေးမှာလဲ
''ကလေးလိုချင်တာပြော ဘယ်ဟာဖြစ်ဖြစ်မောင်လုပ်ပေးမယ် စာမေးပွဲတော့ဖြေရမယ်
သူမလေးကစဥ်းစားနေပြီးမှ ''ပြီးရော ပြီးရော''ဟု
ဘောက်ဆတ်ဆတ်ပြန်ဖြေ၏။
(နောက်တော့မှသိရ၏။ သူမလေးတောင်းသည်က ခရီးအတူထွက်ရအောင်တဲ့လေ)
.
.
.
.
.
''မောင်မပျော်ဘူးလားဟင်
သူမလေးဆန္ဒအရသာထွက်လာဖို့ကိုသဘောတူခဲ့ရသည်။ မိမိဒီအခြေအနေဖြစ်ပြီးထဲက အပြင်ကိုလုံးလုံးမထွက်ခဲ့ပါ။
''မောင်နည်းနည်းစိတ်လှုပ်ရှားနေလို့ပါ
''မောင့်နားကလေးရှိတယ်လေနော်
မောင့်လက်လေးကိုတင်းတင်းဆုပ်ကိုင်ရင်းပြောတော့ မောင်ဟာပြုံးပြရှာတယ်။
ကားလေးရပ်ပြီးတော့ မောင့်ကိုဝှီးချဲပေါ်တင်ဖို့ ကားမောင်းဦးလေးကြီးရောကျမရော အားထုတ်ရပါသည်။
''ရပြီနော်ဦးလေး
''ဟုတ်ကဲ့
''မနက်ဖြန်လာကြိုရတော့မယ်ဆိုဖုန်းဆက်လိုက်မယ်နော်
''ဟုတ် ဟုတ်
''ဒါဆိုပြန်တော့နော်
ကားသမားအားပြန်လွှတ်လိုက်ကာ မောင့်ဝှီးချဲလေးအားတွန်း၍ အပန်းဖြေစခန်းထဲသို့ဝင်လာခဲ့၏။
''အပြင်လေလေးတွေရတော့ နေလို့ပိုမကောင်းဘူးလားမောင်
မောင်က ကျမမျက်နှာအားမော့ကြည့်၍ပြုံးပြ၏။ မောင့်အပြုံးတွေဟာလတ်ဆတ်နေ၍ ကျမစိတ်ထဲအေးမြသွားရ၏။
ချယ်အပြင်ကိုမရောက်သည်မှာ တစ်နှစ်ကျော်နေပြီဖြစ်၍အခုမြင်မြင်နေသမျှတို့သည် မျက်စိပသာဒဖြစ်၍နေ၏။ စိမ်းစိုနေတဲ့မြက်ခင်းပြင်တွေ၊ လှလှပပစိုက်ပျိုးထားတဲ့ပန်းပင်တွေ အို..အရာအားလုံးပါပဲ။
''ပျော်လားမောင်
''အွန်း ပျော်တယ် မောင့်ကလေးရောပျော်ရဲ့လား
(မောင်က ကျမအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာမျိုးကိုသိပ်စိုးရိမ်တတ်၏။အခုလည်း ကျမ မပျော်မှာကိုမောင်စိုးရိမ်နေပြန်ပြီ)
''ပျော်တာပေါ့ မောင်အခုလိုပြုံးနေတာကိုမြင်ရတာဘယ်လောက်ကောင်းလိုက်သလဲ
''မောင်နဲ့လာရတာကိုမရှက်ဘူးလားဟင်
''အယ် မောင်မဟုတ်တာတွေတွေးနေပြန်ပြီ
''မောင်က ကလေးကိုအားနာလို့ပါ
''ဒီမယ်မောင် မောင်နဲ့ကျမကြားအားနာစရာဘာမှမလိုအပ်ဘူး မောင်ကကျမဘဝ မောင်ပဲကျမအတွက်အရေးကြီးတာ ဟုတ်ပြီလား
မောင်ကျေနပ်သွားဟန်တူ၏။ ဟိုဘက်ငေးလိုက်ဒီဘက်ငေးလိုက်နဲ့မောင်က ပျော်နေဟန်ပါပဲ။
အရိပ်ရသောအပင်ကြီးအောက် မောင့်အားခေါ်သွားခဲ့၏။ကျမတို့ရှေ့တွင် ကြည်လင်သောရေကန်ကြီးရှိ၍နေ၏။ ထိုကန်ကြီးထဲတွင် ကြာပန်းကလေးများကလည်းပွင့်၍နေ၏။
''လှတယ်
မောင့်နှုတ်ဖျားကနေထွက်ကျလာတဲ့ သဘောကျသောစကားလုံး။ ကြည်လင်နေသောမောင့်မျက်နှာလေးကိုကြည့်ရင်း ပါးလေးအား အမြတ်တနိုးငုံ့နမ်းလိုက်တော့
''အာ လူတွေရှိတယ်လေ မရှက်ဘူးလား
''ရှက်ပါဘူး ကိုယ့်ချစ်သူကိုယ်နမ်းတာပဲဟာ
မောင်ကသဘောကျပြီးရယ်နေတာများ သွားလေးတွေကိုစီလို့။
မောင့်ပခုံးပေါ်ထောက်ထားတဲ့ကျမလက်လေးနှစ်ဖက်ကို မောင်ကအရှေ့သို့ဆွဲယူလိုက်ရာမောင့်အားဖက်ထားသလိုလေးဖြစ်၍သွား၏။
''ကြာပန်းလေးတွေက မောင့်အချစ်နဲ့တူတယ် ကြည့်လေကြည့်လေပိုပြီးလှလာပေပဲ
''ဟော..မောင်ချုပ်နေပြီ
''ချုပ်တာမဟုတ်ရပါဘူးနော် မောင့်မျက်လုံးထဲမောင့်ကလေးကပိန်ပိန်ဝဝ ကြည့်လို့ကောင်းတယ် ဘယ်လိုနေနေလည်းချစ်စရာလေးကိုဖြစ်နေရော
ကျမရယ်သံလေးတွေထွက်လာတော့ မောင့်အပြုံးတွေဟာပိုချိုမြလာခဲ့သည်။
ကံတရားကကျမတို့ချစ်သူနှစ်ဦးကြားအနှောင့်အယှက်ဖြစ်စေခဲ့ပေမယ့်လည်း ပြန်ဆုံဆည်းခွင့်ရနိုင်သေးလို့ တော်ပါသေးတယ်။ အခု ကျမတို့နှစ်ယောက်လုံး ပျော်နေရပြီလေ။
''ချစ်တယ်မောင်
မောင်ကကျမပါးလေးကို ခေါင်းလေးစောင်း၍မမှီမကမ်းလှမ်းနမ်းရှာလေတယ်။ မောင်မှီအောင်ကျမကိုယ်လေးကို နှိမ့်ချပေးလိုက်ရသေးတယ်။
''မောင်လည်းအများကြီးချစ်တယ်ကလေး မောင့်အနားခုလိုနေပေးလို့ကျေးဇူးတင်ပါတယ် မစွန့်ပစ်သွားပဲ ပိုပြီးချစ်လာပေးလို့လည်းမောင်တစ်ကယ်ကျေးဇူးတင်တယ် ပြီးတော့မောင့်ဘဝမှာဒီအမျိုးသမီးလေးကိုအပိုင်ရခဲ့တာက သိပ်ကိုကံကောင်းပါလားလို့လည်းတွေးမိသေးတယ်
''မောင့်အနားဘာလို့နေနေပေးလဲသိလားမောင်
''ဘာလို့လဲ
ကျမမောင့်မျက်နှာကိုသေချာငုံ့ကြည့်၍ ပြုံးပြလိုက်ပြီးနောက်
''ချစ်လို့ပေါ့
မောင့်မျက်နှာမှာသဘောကျခြင်းတွေဟာ စုပုံလို့။
သိလားမောင်..။ မောင်နဲ့ကျမကို ခွဲနိုင်မယ့်အရာရယ်လို့ ဒီကမ္ဘာမှာဘာမှမရှိနိုင်တော့ပါဘူး။
ချစ်တယ်မောင်။ ဘယ်လိုကံဆိုးခြင်းတွေပဲလာလာ မောင့်လက်ကိုမလွှတ်ပဲအမြဲဆုပ်ကိုင်ထားပါ့မယ်။နောင်ကျန်ရှိတဲ့ဘဝရဲ့သက်တမ်းမှာ မောင့်ကိုပိုလို့ချစ်ပေးပါ့မယ်။
ပိုပိုပြီးဂရုစိုက်ပေးမယ့်မောင့်မိန်းကလေးကို မောင်ကလည်းအများကြီးသဘောကျပေးပေါ့...။
ပြီးပါပြီ
Zawgyi
''ဘာလို႔အရမ္းပိန္သြားရတာလဲ
က်မပါးျပင္တို႔အားထိေတြ႕ကာ ေမာင္သည္စိတ္မေကာင္းစြာျဖင့္ေျပာ၏။
''ေမာင္မရွိေတာ့ဘူးဆိုတဲ့ေန႕ထဲက ေပ်ာ္စရာဆိုတာမွမရွိတာ
''အစားလည္းနည္းနည္းပဲစားတယ္ဆို အမအိုင္းရင္းေျပာတယ္
(အိုင္းရင္းသည္ခ်ယ္ႏွင့္ တစ္ဝမ္းကြဲေဆြမ်ိဳးေတာ္စပ္၏)
''အင္း မေသ႐ုံစားတယ္ေလ ေျပာရရင္အသက္ရွင္ခ်င္စိတ္ေတာင္မရွိဘူး
''ဘာလို႔လဲ
''ဘာလို႔ဆိုတာေမာင္မသိဘူးလား ေမာင္ေသသြားတယ္ဆိုတာကိုလက္ခံဖို႔နဲ႕ ေမာင္မရွိပဲေနသြားဖို႔က အရမ္းခက္ခဲတယ္ ၿပီးေတာ့က်မေၾကာင့္ဆိုတဲ့အရာေၾကာင့္လည္း...
''ေမာင္ မင္းကိုျပန္ေစခ်င္တယ္
''ဘာလို႔လဲ
''အနားမွာထားၿပီးဒုကၡေတြမေပးခ်င္လို႔ ကိုယ့္ဘာသာေတာင္မကာကြယ္နိုင္ေတာ့တဲ့လူက မင္းကိုပဲဒုကၡမ်ားေစမွာ
''ဘာမွမျဖစ္ဘူး
''ေမာင့္အတြက္ေတာ့ျဖစ္တယ္ ေမာင္ကမင္းေပ်ာ္ေနတာကိုပဲလိုခ်င္တာ ေမာင့္ကိုျပဳစုေစာင့္ေရွာက္ေပးၿပီးအဲ့အေျခအေနထဲမွာမင္းကိုမနစ္ျမဳပ္ေစခ်င္ဘူး
''ေမာင္နဲ႕ရွိေနရင္က်မေပ်ာ္မွာပဲကို
ေမာင္ကဘာမွမေျပာေတာ့ေပ။ ေမာင့္စိတ္ကိုသိေပမယ့္လည္း က်မလည္းေမာင့္ကိုျပစ္မသြားနိုင္ဘူးဆိုတာကိုေတာ့ နားလည္ေစခ်င္သည္။
''ေမာင့္..
ခြၽဲႏြဲ႕စြာေခၚလိုက္ေသာ္လည္း ေမာင္ကမတုန့္ျပန္ပါ။
''ေမာင့္ကိုက်မခ်စ္တယ္
က်မကိုၾကည့္ေနတဲ့ေမာင့္အနားတိုးကာ ႏႈတ္ခမ္းေလးကိုထပ္နမ္းဖို႔ျပင္လိုက္ေတာ့ ေမာင္ကမ်က္ႏွာကိုလႊဲပစ္လိုက္သည္။
''ဘာလို႔လဲ က်မစိတ္ကိုေရာနားလည္မေပးနိုင္ဘူးလား အရင္ကရွင္ေသၿပီဆိုတာကိုတစ္ကယ္ထင္မိလို႔တစ္ေယာက္ထဲေနနိုင္ခဲ့တာေလ အခုရွင္ ရွင္ေနေသးတာကိုသိၿပီးမွေတာ့ ရွင့္ကိုထားပစ္ခဲ့ၿပီးတစ္ေယာက္ထဲေနနိုင္ပါ့မလား ဘာလို႔ရွင္ဒီေလာက္ေခါင္းမာေနရတာလဲ
''ေမာင့္ဘာသာေနလည္းျဖစ္ပါတယ္
''ဟုတ္လား အဲ့လိုဆိုဘာလို႔ရွင့္အမကိုက်မနားလႊတ္လိုက္တာလဲ
''..
''ေျဖေလေမာင္ ရွင္က်က်မကိုစိုးရိမ္ၿပီးဂ႐ုစိုက္ေပးၿပီး က်မက်ရွင့္အေပၚအဲ့လိုျပန္လုပ္ေပးလို႔မရဘူးလား
ေမာင္သည္တိတ္ဆိတ္ၿမဲတိတ္ဆိတ္ေန၏။ ေမာင့္လက္ဖဝါးကိုထပ္ကိုင္လိုက္ေတာ့ ၿငိမ္၍ေန၏။
''ေမာင္က်မကိုခ်စ္ေသးတယ္မလား
''ဟင့္အင္း
''ဘာကိုဟင့္အင္းလဲ အရိုက္ခံခ်င္ျပန္တာလား
''ဒုကၡိတျဖစ္ေနတဲ့လူကိုထပ္ႏွိပ္စက္ခ်င္လို႔လား
''ေမာင္ေနာ္ စကားအျဖစ္ေျပာတဲ့ဟာကို ေျပာလို႔ခ်စ္ေသးတယ္မလား
''ေမးဖို႔လိုလို႔လား ေမာင့္ဘဝမွာခ်စ္ဖူးတဲ့တစ္ေယာက္ထဲေသာသူပဲကို
''အတူတူပဲေလေမာင္ရ က်မကေရာေမာင့္ကိုပဲခ်စ္ဖူးတာကို
''မသိဘူးကြာ ေမာင္မင္းကိုအားနာတယ္
''အားနာဖို႔လိုလို႔လားေမာင္ရယ္ က်မသာေမာင့္ေနရာမွာျဖစ္ခဲ့ရင္ေရာ ေမာင္ထားသြားမွာမဟုတ္ဘူးမလား
''ထားသြားမွာ ေနာက္ေကာင္မေလးေခ်ာေခ်ာေလးရွာၿပီးမင္းကိုေမ့ပစ္လိုက္မွာ...အား..ေခြးေပါက္ေလးဘာလို႔ကိုက္တာလဲ
ခ်ယ့္စကားဆုံးသည္ႏွင့္ လက္ကိုကိုက္ခ်လိဳက္တဲ့သူမ။
''ဘယ္ကိုအျခားေကာင္မေလး ေမာင္ေနာ္ မဟုတ္တာေတြေလွ်ာက္ေျပာမေနနဲ႕
''တစ္ကယ္ေျပာေနတာ
''ေမာင္လို႔ ေတာ္လိုက္ေတာ့ေနာ္
က်မ ထေအာ္လိုက္မွသူကၿငိမ္သြား၏။
''ထပ္ၿပီးႏွင္ထုတ္တာမထြက္လာနဲ႕ စကားေကာင္းေကာင္းေျပာေနတာကိုေရာင့္တက္မေနနဲ႕ေနာ္ စိတ္တိုလာရင္လုပ္ခ်င္ရာလုပ္ပစ္လိုက္မွာ
ေမာင္ကတိုးတိုးေလးေျပာ၏။''ေၾကာက္စရာေကာင္းလိုက္တာ''တဲ့။
''နမ္းတာကိုလည္းမေရွာင္နဲ႕ စကားေတြလည္းလာမမ်ားနဲ႕ က်မေျပာရင္ေျပာတဲ့အတိုင္းလက္ခံလိုက္ေလ ဘာလို႔လာေခါင္းမာေနတာလဲ
''ဟုတ္ ဟုတ္ ေၾကာက္လိုက္တာဗ်ာ
''ေမာင္ႀကိဳက္တဲ့စြပ္ျပဳတ္ဝယ္လာတယ္ ေမာင္စားဖို႔ျပင္ေပးမယ္ေနာ္
ေျပာ၍သူမေလးထကာ ပန္းကန္ထဲလွယ္ထည့္၍ျပင္ဆင္ေန၏။ အရင္လိုမ်က္ႏွာျပည့္ျပည့္ေလးမဟုတ္ေနပဲ ပါးေလးေတြကပ္ကာေခ်ာင္က်ေနေပမယ့္ ေကာင္မေလးဟာလွေနတုန္းပါပဲ။
ျပင္ဆင္ၿပီးေနာက္ ခ်ယ့္ေဘးမွာအၿပဳံးေတြနဲ႕လာျပန္ထိုင္ၿပီး တစ္ဇြန္းခ်င္းခြံ႕ေကြၽးေနခဲ့တယ္။
''ေမာင့္ဘာသာစားပါ့မယ္ ေမာင့္လက္ေတြကဘာမွမျဖစ္ဘူးေလ
''လုပ္ေပးခ်င္လို႔ပါေမာင္ရဲ႕
ေမာင္ဘာမွမေျပာေတာ့ပဲ က်မခြံ႕ေကြၽးသမွ်ကိုသာ လက္ခံစားေသာက္ေလ၏။
''ေကာင္းေကာင္းစားသားပဲ
ေမာင့္ႏႈတ္ခမ္းေထာင့္ေလးေတြကို တစ္သ်ႉးနဲ႕သုတ္ေပးၿပီး ေျပာလိုက္၏။
''ေမာင္ကေကာင္းေကာင္းစားတယ္ ေကာင္းေကာင္းမစားတာကေမာင္မဟုတ္ဘူး
''ဟုတ္လား ဘယ္သူပါလိမ့္ေနာ္
''ကေလးေနာ္
အဲ့နမ္စားေလးကိုအခုမွပဲေမာင္ဟာေခၚေလ၏။ က်မၿပဳံးမိပါသည္။
''အစားေကာင္းေကာင္းျပန္စားရမယ္ေနာ္
''ဟုတ္ ေမာင္အရင္လိုျပန္ရွိေနၿပီပဲ စားမွာေပါ့ေမာင္ရဲ႕
ေမာင့္မ်က္ႏွာမွာအၿပဳံးေလးျဖတ္ေျပးသြားတယ္။ ေမာင့္အၿပဳံးေလးကို ခ်စ္ရလိုက္တာေမာင္ရယ္။
''ေတာ္ခ်င္ၿပီလားေမာင္
ေမာင္ဗိုက္ဝေနတဲ့ပုံလို႔ထင္ရသည့္ခ်ိန္မွ က်မေမးလိုက္၏။
''ဟုတ္
တစ္ဝက္ေက်ာ္ေက်ာ္ကုန္သြားတဲ့ပန္းကန္ေလးကိုျပန္တင္ၿပီးေနာက္ ေမာင့္ႏႈတ္ခမ္းေလးကိုထပ္သုတ္ေပးလိုက္တယ္။
''ေမာင္
''ဗ်ာ
''အိမ္မက္လိုပဲ ေမာင္နဲ႕အခုလိုျပန္ရွိနိုင္မယ္လို႔မထင္ထားခဲ့မိဘူး
ေမာင္က က်မကိုဆြဲဖက္တယ္။ ေမာင့္ကိုယ္နံ႕ေလးကို ရႉရွိုက္ရင္း ဒီရင္ခြင္ႏြေးႏြေးထံ က်မအခ်ိန္ၾကာၾကာေလးခိုဝင္မိခဲ့ပါရဲ႕..။
.
.
.
.
.
.
.
ေမာင္ႏွင့္က်မအေၾကာင္းကို ႏွစ္ဖက္ေသာမိသားစုဝင္မ်ားအား အသိေပးၿပီးျဖစ္၏။က်န္သူအားလုံးက နားလည္ေပးၾကေသာ္လည္း က်မ၏အေဖမွာစိတ္ဆိုး၍ စကားပင္မေျပာပါ။
ေမေမကေတာ့ စိတ္ထဲမထားပါႏွင့္ဟုဆို၏။ စိတ္မေကာင္းျဖစ္မိေသာ္လည္း က်မေခါင္းထဲကထုတ္ထားလိုက္၏။
အခု ေမာင္တို႔အိမ္အသစ္ဆီ ေမာင္လည္းေျပာင္းေနခဲ့ၿပီျဖစ္၏။ က်မလည္းေမာင္ႏွင့္အတူလိုက္ေနျဖစ္ပါသည္။
''ကေလး ေမာင္အရင္ကေခၚထားတဲ့လူနာေစာင့္ကိုျပန္ေခၚမလားလို႔
''ဘာလို႔လဲေမာင္ရဲ႕
ေမာင့္လက္ေမာင္းကိုေခါင္းအုံးအိပ္ေနေသာက်မ ေမာင့္မ်က္ႏွာကိုေမာ့ၾကည့္၍ေမးလိုက္သည္။
''ေမာင့္ကေလးစာေမးပြဲေျဖရေတာ့မွာေလကြာ
''အာ့ဘာျဖစ္လဲ
''ေမာင့္နားကပ္ေနေနမလို႔လား မရဘူးေနာ္ ေမာင့္ကေလးေရွ႕ေရးရွိေသးတယ္
''ဘာလုပ္ဖို႔ေျဖမွာလဲေမာင္ရဲ႕ ေမာင္တို႔အိမ္ကပိုက္ဆံရွိတာပဲဟာ မဟုတ္လည္းအျပင္စီးပြားေရးတစ္ခုခုလုပ္လို႔ရတာပဲ မေျဖေတာ့ဘူးလို႔ေတာ့စဥ္းစားထားတယ္
''လုပ္ၿပီ ေမာင့္စကားနားေထာင္မယ္ဆို
''နားေထာင္ေနတာပဲဟာ
''ဘယ္မွာနားေထာင္ေနလို႔လဲ
''ေက်ာင္းမတက္ခ်င္ေတာ့ဘူးေမာင္ရဲ႕ စာလည္းမလုပ္ခ်င္ေတာ့ဘူး ေမာင့္နားပဲေနခ်င္ေတာ့တာ
''ေဟာဗ်ာ မရပါဘူး စကားနားေထာင္ရပါမယ္ ကေလးေက်ာင္းဆက္တက္ရမယ္ ခုစာေမးပြဲကိုလည္းေျဖရမယ္
''ေမာင့္နားေနခ်င္တာလို႔
''မရဘူးကြာ
''အဲ့ဆိုေမာင္ဘာေပးမွာလဲ
''ကေလးလိုခ်င္တာေျပာ ဘယ္ဟာျဖစ္ျဖစ္ေမာင္လုပ္ေပးမယ္ စာေမးပြဲေတာ့ေျဖရမယ္
သူမေလးကစဥ္းစားေနၿပီးမွ ''ၿပီးေရာ ၿပီးေရာ''ဟု
ေဘာက္ဆတ္ဆတ္ျပန္ေျဖ၏။
(ေနာက္ေတာ့မွသိရ၏။ သူမေလးေတာင္းသည္က ခရီးအတူထြက္ရေအာင္တဲ့ေလ)
.
.
.
.
.
''ေမာင္မေပ်ာ္ဘူးလားဟင္
သူမေလးဆႏၵအရသာထြက္လာဖို႔ကိုသေဘာတူခဲ့ရသည္။ မိမိဒီအေျခအေနျဖစ္ၿပီးထဲက အျပင္ကိုလုံးလုံးမထြက္ခဲ့ပါ။
''ေမာင္နည္းနည္းစိတ္လႈပ္ရွားေနလို႔ပါ
''ေမာင့္နားကေလးရွိတယ္ေလေနာ္
ေမာင့္လက္ေလးကိုတင္းတင္းဆုပ္ကိုင္ရင္းေျပာေတာ့ ေမာင္ဟာၿပဳံးျပရွာတယ္။
ကားေလးရပ္ၿပီးေတာ့ ေမာင့္ကိုဝွီးခ်ဲေပၚတင္ဖို႔ ကားေမာင္းဦးေလးႀကီးေရာက်မေရာ အားထုတ္ရပါသည္။
''ရၿပီေနာ္ဦးေလး
''ဟုတ္ကဲ့
''မနက္ျဖန္လာႀကိဳရေတာ့မယ္ဆိုဖုန္းဆက္လိုက္မယ္ေနာ္
''ဟုတ္ ဟုတ္
''ဒါဆိုျပန္ေတာ့ေနာ္
ကားသမားအားျပန္လႊတ္လိုက္ကာ ေမာင့္ဝွီးခ်ဲေလးအားတြန္း၍ အပန္းေျဖစခန္းထဲသို႔ဝင္လာခဲ့၏။
''အျပင္ေလေလးေတြရေတာ့ ေနလို႔ပိုမေကာင္းဘူးလားေမာင္
ေမာင္က က်မမ်က္ႏွာအားေမာ့ၾကည့္၍ၿပဳံးျပ၏။ ေမာင့္အၿပဳံးေတြဟာလတ္ဆတ္ေန၍ က်မစိတ္ထဲေအးျမသြားရ၏။
ခ်ယ္အျပင္ကိုမေရာက္သည္မွာ တစ္ႏွစ္ေက်ာ္ေနၿပီျဖစ္၍အခုျမင္ျမင္ေနသမွ်တို႔သည္ မ်က္စိပသာဒျဖစ္၍ေန၏။ စိမ္းစိုေနတဲ့ျမက္ခင္းျပင္ေတြ၊ လွလွပပစိုက္ပ်ိဳးထားတဲ့ပန္းပင္ေတြ အို..အရာအားလုံးပါပဲ။
''ေပ်ာ္လားေမာင္
''အြန္း ေပ်ာ္တယ္ ေမာင့္ကေလးေရာေပ်ာ္ရဲ႕လား
(ေမာင္က က်မအတြက္ဝန္ထုပ္ဝန္ပိုးျဖစ္ေနမွာမ်ိဳးကိုသိပ္စိုးရိမ္တတ္၏။အခုလည္း က်မ မေပ်ာ္မွာကိုေမာင္စိုးရိမ္ေနျပန္ၿပီ)
''ေပ်ာ္တာေပါ့ ေမာင္အခုလိုၿပဳံးေနတာကိုျမင္ရတာဘယ္ေလာက္ေကာင္းလိုက္သလဲ
''ေမာင္နဲ႕လာရတာကိုမရွက္ဘူးလားဟင္
''အယ္ ေမာင္မဟုတ္တာေတြေတြးေနျပန္ၿပီ
''ေမာင္က ကေလးကိုအားနာလို႔ပါ
''ဒီမယ္ေမာင္ ေမာင္နဲ႕က်မၾကားအားနာစရာဘာမွမလိုအပ္ဘူး ေမာင္ကက်မဘဝ ေမာင္ပဲက်မအတြက္အေရးႀကီးတာ ဟုတ္ၿပီလား
ေမာင္ေက်နပ္သြားဟန္တူ၏။ ဟိုဘက္ေငးလိုက္ဒီဘက္ေငးလိုက္နဲ႕ေမာင္က ေပ်ာ္ေနဟန္ပါပဲ။
အရိပ္ရေသာအပင္ႀကီးေအာက္ ေမာင့္အားေခၚသြားခဲ့၏။က်မတို႔ေရွ႕တြင္ ၾကည္လင္ေသာေရကန္ႀကီးရွိ၍ေန၏။ ထိုကန္ႀကီးထဲတြင္ ၾကာပန္းကေလးမ်ားကလည္းပြင့္၍ေန၏။
''လွတယ္
ေမာင့္ႏႈတ္ဖ်ားကေနထြက္က်လာတဲ့ သေဘာက်ေသာစကားလုံး။ ၾကည္လင္ေနေသာေမာင့္မ်က္ႏွာေလးကိုၾကည့္ရင္း ပါးေလးအား အျမတ္တနိုးငုံ႕နမ္းလိုက္ေတာ့
''အာ လူေတြရွိတယ္ေလ မရွက္ဘူးလား
''ရွက္ပါဘူး ကိုယ့္ခ်စ္သူကိုယ္နမ္းတာပဲဟာ
ေမာင္ကသေဘာက်ၿပီးရယ္ေနတာမ်ား သြားေလးေတြကိုစီလို႔။
ေမာင့္ပခုံးေပၚေထာက္ထားတဲ့က်မလက္ေလးႏွစ္ဖက္ကို ေမာင္ကအေရွ႕သို႔ဆြဲယူလိုက္ရာေမာင့္အားဖက္ထားသလိုေလးျဖစ္၍သြား၏။
''ၾကာပန္းေလးေတြက ေမာင့္အခ်စ္နဲ႕တူတယ္ ၾကည့္ေလၾကည့္ေလပိုၿပီးလွလာေပပဲ
''ေဟာ..ေမာင္ခ်ဳပ္ေနၿပီ
''ခ်ဳပ္တာမဟုတ္ရပါဘူးေနာ္ ေမာင့္မ်က္လုံးထဲေမာင့္ကေလးကပိန္ပိန္ဝဝ ၾကည့္လို႔ေကာင္းတယ္ ဘယ္လိုေနေနလည္းခ်စ္စရာေလးကိုျဖစ္ေနေရာ
က်မရယ္သံေလးေတြထြက္လာေတာ့ ေမာင့္အၿပဳံးေတြဟာပိုခ်ိဳျမလာခဲ့သည္။
ကံတရားကက်မတို႔ခ်စ္သူႏွစ္ဦးၾကားအႏွောင့္အယွက္ျဖစ္ေစခဲ့ေပမယ့္လည္း ျပန္ဆုံဆည္းခြင့္ရနိုင္ေသးလို႔ ေတာ္ပါေသးတယ္။ အခု က်မတို႔ႏွစ္ေယာက္လုံး ေပ်ာ္ေနရၿပီေလ။
''ခ်စ္တယ္ေမာင္
ေမာင္ကက်မပါးေလးကို ေခါင္းေလးေစာင္း၍မမွီမကမ္းလွမ္းနမ္းရွာေလတယ္။ ေမာင္မွီေအာင္က်မကိုယ္ေလးကို ႏွိမ့္ခ်ေပးလိုက္ရေသးတယ္။
''ေမာင္လည္းအမ်ားႀကီးခ်စ္တယ္ကေလး ေမာင့္အနားခုလိုေနေပးလို႔ေက်းဇူးတင္ပါတယ္ မစြန့္ပစ္သြားပဲ ပိုၿပီးခ်စ္လာေပးလို႔လည္းေမာင္တစ္ကယ္ေက်းဇူးတင္တယ္ ၿပီးေတာ့ေမာင့္ဘဝမွာဒီအမ်ိဳးသမီးေလးကိုအပိုင္ရခဲ့တာက သိပ္ကိုကံေကာင္းပါလားလို႔လည္းေတြးမိေသးတယ္
''ေမာင့္အနားဘာလို႔ေနေနေပးလဲသိလားေမာင္
''ဘာလို႔လဲ
က်မေမာင့္မ်က္ႏွာကိုေသခ်ာငုံ႕ၾကည့္၍ ၿပဳံးျပလိုက္ၿပီးေနာက္
''ခ်စ္လို႔ေပါ့
ေမာင့္မ်က္ႏွာမွာသေဘာက်ျခင္းေတြဟာ စုပုံလို႔။
သိလားေမာင္..။ ေမာင္နဲ႕က်မကို ခြဲနိုင္မယ့္အရာရယ္လို႔ ဒီကမၻာမွာဘာမွမရွိနိုင္ေတာ့ပါဘူး။
ခ်စ္တယ္ေမာင္။ ဘယ္လိုကံဆိုးျခင္းေတြပဲလာလာ ေမာင့္လက္ကိုမလႊတ္ပဲအၿမဲဆုပ္ကိုင္ထားပါ့မယ္။ေနာင္က်န္ရွိတဲ့ဘဝရဲ႕သက္တမ္းမွာ ေမာင့္ကိုပိုလို႔ခ်စ္ေပးပါ့မယ္။
ပိုပိုၿပီးဂ႐ုစိုက္ေပးမယ့္ေမာင့္မိန္းကေလးကို ေမာင္ကလည္းအမ်ားႀကီးသေဘာက်ေပးေပါ့...။
ၿပီးပါၿပီ