ကျွန်မယောက်ျားကပျိုတိုင်းကြို...

By dream_n99

62.4K 6.2K 144

နှစ်ခါလက်ထပ်ပွဲပျက်ခဲ့ပြီးနောက် စူးမီဟာမက်မွန်ပန်းပွင့်ပုပ်နှစ်ပွင့်နဲ့ကြုံတွေ့ခဲ့ရသည်။ တစ်ယောက်ကသူမအပေါ်လိုခ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
ဂရုဖွင့်ပါပြီ
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29.1
Chapter 29.2
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2

Chapter 32

593 75 0
By dream_n99

ဖုန့်ပေါင်သည်မိန်းကလေးယွင်ရှန်းအကြောင်းပြောချိန်တွင် 'သခင်ကြီးကအိမ်ပြန်လာခဲပါတယ်'ဆိုတဲ့စကားစုသည် သူမကိုနှစ်သိမ့်ပေးရုံသက်သက်ပဲလို့ စူးမီအမြဲထင်ခဲ့သည်။ ဒါပေမဲ့ သူမတို့အကြီးအကဲအိမ်တော်ကိုရောက်ပြီးကတည်းက ချင်ယန်တကယ့်ကိုပြန်ရောက်မလာခဲ့ပေ။ 

ထိုနေ့က ဖုန့်ပေါင်သည်ချင်ယန်ရဲ့အဝတ်အစားတွေနဲ့ စာအုပ်၊စာလိပ်တွေကို အစေခံတွေကိုသူမခြံဝန်းထဲသို့ ရွှေ့ခိုင်းခဲ့သည်။ ပထမညတွင် စူးမီအနည်းငယ်ရှက်ရွံ့သလိုခံစားရပေမဲ့ ရက်အနည်းငယ်ကြာအောင်ချင်ယန်မရှိတဲ့နောက်တွင် တဖြေးဖြေးနဲ့ကျင့်သားရသွားခဲ့သည်။ အခုကသူမလက်မထပ်ခင်ကနဲ့ သိပ်များများစားစားကွာခြားမှုမရှိပေ။ 

‌လရောင်ထွန်းလင်းသည့်ကောင်းကင်အောက်တွင် စူးမီသည် စပျစ်နွယ်ပင်တွေဖုံးလွှမ်းနေသည့် စင်္ကြံဘေးခြံဝန်းထဲက ကျောက်ထွင်းစားပွဲတွင်ထိုင်၍ မေးထောက်လျက်စာအုပ်ဖတ်နေသည်။ 

အခုချိန်သည်ဆောင်းဦးနှောင်းပိုင်းမရောက်သေးသဖြင့် စူးမီသည်ကိုယ်ပေါ်တွင်လွှမ်းခြုံထားသည့် အပြာရောင်ဖျော့ဖျော့ဝတ်ရုံဖြင့် နီလာရောင်အောက်ခံအင်္ကျီဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကိုနူးညံ့တဲ့စောင်လေးနဲ့ထွေးပတ်ထားရာ အအေးဓာတ်ကိုမခံစားရပေ။ 

သူမကျန်းလင်းမြို့မှာရှိစဉ်က ထိုကဲ့သို့ပင်ခြံဝန်းထဲတွင် မကြာခဏနေလေ့ရှိသည်။ အခုချိန်တွင်နေရာတွေပြောင်းလဲသွားပြီဖြစ်ပေမဲ့ အိမ်တော်ကြီးသည်ရှင်းလင်းနေသည်။ သူမနဲ့ချွမ်းမိန်တို့နေ့တစ်ဝက်လောက်လှည့်လည်ကြည့်ရှုခဲ့ပေမဲ့ အစေခံတစ်ယောက်စနှစ်ယောက်စလောက်ပဲ မြင်ခဲ့မိသည်။ ဒီအကြောင်းတွေးလိုက်တော့ အခုကအိမ်မှာရှိနေစဉ်ကထက်ပင် ပိုလွတ်လပ်ပေသည်။ 

" သခင်မလေး မအေးဘူးလား?"

ချွမ်းမိန် အနားလျှောက်လာပြီး လက်ဖက်ရည်ပူပူလေးတစ်ခွက်ငှဲ့ပေးသည်။ 

" ဘာလို့အခန်းထဲဝင်မဖတ်တာလဲ?"

စူးမီ လက်နှစ်ဖက်ဖြင့်လက်ဖက်ရည်ခွက်ကိုယူပြီး ခြံဝန်းအဝဆီဖြတ်ခနဲလှမ်းကြည့်လိုပ်သည်။ ဒီညလည်းချင်ယန်ပြန်မလာတာဖြစ်နိုင်သည်။ 

" အင်း ..ချွမ်းမိန်...သွားနားတော့လေ"

" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် သခင်မလေး"

စူးမီသည်လက်တစ်ဖက်လက်ဖက်ရည်ခွက်ပူနွေးနွေးကိုကိုင်ထားပြီး နောက်တစ်ဖက်နဲ့စာအုပ်ကိုင်ကာ အခန်းထဲပြန်ဝင်လာပြီးတံခါးပိတ်လိုက်သည်။ ဒီအခန်းသည်အရှေ့ဥယျာဉ်ထဲကဧည့်သည်ခန်းတစ်ခုသက်သက်ပဲဆိုပေမဲ့ အခန်းလေးခန်းပါဝင်ပြီး ဧရိယာနှစ်ခုခွဲခြားထားကာ စူးမီပိုင်တဲ့ခြံဝန်းလေးထက် အဆပေါင်းများစွာကြီးမားကျယ်ဝန်းသည်။ 

‌အနောက်ဘက်ခြမ်းကအတွင်းခန်းတွင် ရွှေရောင်နန်မူသစ်သားနဲ့ပြုလုပ်ထားသည့် တိုင်ခြောက်တိုင်ပါကုတင်ကြီးတစ်ခုရှိသည်။ ကုတင်ရဲ့လေးဖက်လေးတန်တွင် ဂိတ်တံခါးဝကပုံသဏ္ဍာန်တွေနဲ့အတော်လေးဆင်တူသည့် ဆန်းကြယ်တဲ့ရုပ်ကြွပုံရိပ်တွေထွင်းထုထားသည်။ အိပ်ရာနဲ့ဆန့်ကျင်ဘက်တွင် အစိမ်းရောင်နွယ်ပင်တွေနဲ့ အစိမ်းရောင်အခက်အလက်တွေထိုးထားသည့် ကြီးမားသည့်ချီလင်ပုံပန်းအိုးကြီးရှိသည်။ 

အပြင်ဘက်အခန်းကိုစာကြည့်ခန်းအသွင်ပြောင်းလဲထားပြီး အရှေ့ဘက်ကနံရံတွင်စူးမီနားမလည်သည့် အကြောင်းအရာအမျိုးမျိုးရေးထားသည့်စာအုပ်တွေနဲ့ တန်ဖိုးကြီးမှင်ကျောက်တုံးတွေတင်ထားသည့် နှင်းဆီသားနဲ့စကျင်ကျောက်စားပွဲတစ်ခုရှိသည်။ 

လွန်ခဲ့တဲ့ရက်တွေကစူးမီအိပ်ရာစောစောဝင်ခဲ့တာကြောင့် စာကြည့်စားပွဲကိုအသုံးမပြုခဲ့ပေ။ ဒီနေ့တွင် အကြောင်းပြချက်တစ်ချို့ကြောင့် သူမအိပ်မပျော်ရာစာကြည့်စားပွဲဆီ ဖယောင်းတိုင်မီးတိုင်ယူသွားပြီး လက်ထဲကစာအုပ်ကိုဆက်ဖတ်နေလိုက်‌သည်။ 

ထိုစာအုပ်ဖတ်ပြီးနောက် စူးမီသစ်သားဗီရိုဘေးကသေတ္တာဆီသွားပြီး နောက်တစ်အုပ်ထပ်ရွေးလိုက်သည်။ အရေးကြီးတဲ့အခန်းကိုဖတ်နေချိန်မှာပင် ရုတ်တရက်တံခါးတွန်းဖွင့်လိုက်သံကို ကြားလိုက်ရသည်။ စူးမီမော့မကြည့်ပေ။ တွေးကြည့်စရာတောင်မလိုပဲ ဒါကသူမ,မအိပ်သေးလို့ သူမအတွက်လက်ဖက်ရည်လာထည့်ပေးတဲ့ ချွမ်းမိန်ပဲဆိုတာစူးမီသိသည်။ 

" ချွမ်းမိန် ငါလက်ဖက်ရည်မလိုဘူး သွားနားတော့"

စူးမီ စာအုပ်ကနေမျက်စိခွာဖို့ဝန်လေးကာ ခေါင်းငုံ့ထားလျက်ပြောလိုက်သည်။ 

တံခါးအဟလေးပြန်ပိတ်သွားပြီး ခြေသံတွေနီးကပ်လာသည်။ 

" ဘာတွေဖတ်နေတာလဲ?

သူမနားအတွင်းသာယာနာပျော်ဖွယ်အသံဩဩထွက်ပေါ်လာပြီး စူးမီမတုံ့ပြန်နိုင်ခင်တွင် သူမလက်ထဲကစာအုပ်လေးလုယူခံလိုက်ရသည်။ အံ့အားသင့်သွားပြီးမော့ကြည့်လိုက်ရာ ချင်ယန်ကလွဲပြီးတခြားမဟုတ်တာကိုတွေ့လိုက်ရသည်။ သူကအခုတင်ရေချိုးပြီးခဲ့ခါစဖြစ်နိုင်ပြီး ကြာပန်းရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားသည်။ သူ့ရဲ့ဘေးတိုက်အသွင်ကလှပပြီး သူ့လက်ထဲတွင်အခုမှသူမဆီကယူသွားတဲ့ စာအုပ်ကိုင်ထားသည်။ 

စူးမီ သူပြန်ရောက်လာတာကိုမြင်လိုက်ရလို့ အနည်းငယ်ဝမ်းသာသွားခဲ့ပြီး နောက်အခိုက်တွင်သူ့လက်ထဲကစာအုပ်ကို လှန်လှောလိုက်တာကိုမြင်လိုက်ရသည်။ သူ့နှုတ်ခမ်းပါးတွေအနည်းငယ်ပွင့်ဟလာပြီး စာအုပ်ထဲကဇာတ်ကြောင်းအရအချစ်ကဗျာကို အသံထွက်ရွတ်ဆိုလာသည်။ 

"...မိန်းကလေး ‌ကျေးဇူးပြုလို့ဖြေးဖြေးသွားပါ မနေ့ကမင်းချန်ထားရစ်ခဲ့တဲ့မပြောပြနိုင်လောက်အောင်ထူးခြားတဲ့ကျက်သရေကြောင့် ကျွန်တော့်မှာအဆုံးမရှိ‌တဲ့အတွေးရေယာဉ်ကြောထဲမျောနေခဲ့ရပါတယ်"

ချင်ယန်ရွတ်ဆိုပြီးနောက် နှုတ်ခမ်းထက်မှာလှည့်ဖြားတတ်သောအပြုံးဖြင့် သူမဘက်လှည့်လာကာ....." ဒီအရာတွေကြောင့် မင်းရဲ့ချည်ထိုးပန်းထိုးအလုပ်တွေနှောင့်နှေးနေခဲ့တာလား?"

စူးမီသည်ချင်ယန်ရွတ်ဆိုသွားတဲ့အချစ်ကဗျာကို အခုလေးတင်ဖတ်ပြီးခဲ့ပြီး သူမဖတ်ခဲ့တုန်းက အတော်လေးဟန်များတယ်လို့တွေးခဲ့မိပေမဲ့ ချင်ယန်အသံခပ်တိုးတိုးဖြင့်ဖတ်တာကြားလိုက်ရတော့ အလွန်နားဝင်ချိုတယ်လို့တွေးလိုက်မိသည်။ ဒါပေမဲ့ ကြားရတာကောင်းတယ်ဆိုရင်တောင် စူးမီမျက်နှာကိုထိန်းချင်သေးသဖြင့် ထရပ်ပြီးအားတင်းပြောလိုက်သည်။ 

" ကျွန်မ မကြာသေးမီကမြို့တော်ကိုရောက်လာမှသာ ဖတ်ဖြစ်တာပါ သခင်ကြီးပြန်မလာရင် ကျွန်မဘာသာအဆင်ပြေအောင် ဖတ်ဖို့စာအုပ်တစ်ချို့ရှာခဲ့ရုံပါပဲ"

" ဪ"

ချင်ယန် လက်ထဲမှာကိုင်ထားသည့်စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး စူးမီအနားစားပွဲထောင့်ဆီလျှောက်လာသည်။ 

" ဒါဆိုဒီညကိုယ်ပြန်လာပြီ မင်းဘာလုပ်မလဲ?"

ချင်ယန်၏ရှည်လျားမြင့်မားသည့်ကိုယ်လုံးသည် သူမအပေါ်အုပ်မိုးနေပြီး မျက်နှာပေါ်မှာပြုံးယောင်ယောင်ဖြင့် စူးမီကိုစားပွဲခုံနဲ့ကုလားထိုင်ကြားမှာ ချောင်ပိတ်ထားသည်။ အဓိပ္ပါယ်မရှိတဲ့စကားတစ်ခွန်းဆိုတာအသိသာကြီးဖြစ်ပေမဲ့ အပြုံးရေးရေးဖြင့်ချင်ယန်ပြောလာသည့်အခါ စူးမီမျက်နှာကိုနီရဲသွားစေသည်။ 

" ကျွန်မ..ကျွန်မရှင့်အတွက်အိပ်ရာကိုအနွေးဓာတ်ပေးနိုင်ပါတယ်"

စူးမီပြန်ဖြေကာ နူးညံ့တဲ့ဖိနပ်တွေအပေါ်ခြေချပြီး ချင်ယန်နဲ့ကုလားထိုင်အကြားအဟလေးကနေ ကိုယ်လေးကျုံ့ထွက်ကာ အတွင်းခန်းထဲဝင်ပြေးသွားသည်။ 

ချင်ယန် ဒီနေ့ပြန်လာတော့ သူမကသူ့ကိုစောင့်နေသကဲ့သို့ မအိပ်သေးတာကိုမြင်လိုက်ရတော့ စိတ်ရွှန်လန်းသွားပြီး သူ့အပြုံးတွေကအရင်ကနဲ့ကွာခြားကာ အနည်းငယ်ပိုစစ်မှန်လာတာကို သူကိုယ်တိုင်ပင်သတိမထားမိခဲ့ပေ။ သူ့စိတ်ထဲတွင်ချွမ်ကျိုးကကိစ္စလေးလံနေသဖြင့် သူမအိပ်ရာပေါ်တတ်သွားတာကိုမတားမြစ်ပဲ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် စားပွဲမှာဝင်ထိုင်ကာ ဘေးကစာလွှာအပုံလိုက်ထဲကတစ်ခုကိုကောက်ယူလိုက်သည်။ ထိုအထဲမှာ ချွမ်ကျိုးနဲ့ပတ်သတ်တဲ့ အစီရင်ခံစာဟောင်းတစ်စောင်ရှိတာကို သူမှတ်မိသည်။ အများကြီးအသုံးမဝင်ပေမဲ့ ဖတ်လို့တော့ရပါသေးသည်။ 

အိပ်ရာသည်အနောက်ဘက်မှာရှိပြီး စားပွဲခုံသည်အရှေ့ဘက်မှာရှိတာကြောင့် စူးမီသည်အိပ်ရာအပေါ်ဘက်တွင်ကွေးနေတဲ့ဆီမှ ချင်ယန့်ဘက်မှာဘာတွေဖြစ်နေလဲဆိုတာကိုမြင်နိုင်သည်။ သူ့လက်ချောင်းသွယ်သွယ်တွေသည် မကြာခဏစာမျက်နှာတွေလှန်လှောသွားခဲ့ပြီး သေသေချာချာဖတ်ရှုနေသကဲ့သို့ အလေးအနက်အာရုံစိုက်နေပုံရသည်။ 

စူးမီသည်စောင်ခြုံ၍ထိုင်နေပြီး ညသန်းခေါင်ကျော်လာသည်အထိ ချင်ယန့်ကိုစောင့်ကြည့်နေခဲ့ကာ နောက်ဆုံးအနည်းငယ်အိပ်ငိုက်လာတော့မှ...." သခင်ကြီး ကျွန်မအရင်အိပ်လို့ရမလားဟင်"

" ကောင်းပြီ"

ချင်ယန် ‌ပြန်ဖြေလိုက်သည်။ 

စူးမီအပြင်ဘက်အခြမ်းကိုနေရာရွေ့တော့မည့်အချိန်တွင် ချင်ယန်မော့ကြည့်လာပြီးပြောသည်။ 

" စူးမီ ကိုယ်အတွင်းဘက်အခြမ်းမှာအိပ်ရတာမကြိုက်ဘူး"

တစ်နည်းအားဖြင့် သူမကိုနေရာမရွေ့ဖို့ပြောနေခြင်းပင်။ စူးမီအတွင်းခြမ်းမှာလှဲလျောင်းလိုက်ပြီး မကြာမီသူမရဲ့အသံရှူသံ စည်းချက်မှန်မှန်လေးပဲကြားရတော့သည်။ ချင်ယန် လက်ထဲကစာအုပ်ကိုချကာ အနည်းငယ်ခေါက်ထားသည့်ပိုးစောင်ကိုကြည့်လိုက်သည်။ ဒီညသန်းခေါင်တွင် သူချွမ်ကျိုးကိုထွက်ခွာရမှာဖြစ်ပေမဲ့ ဒီအရေးမကြီးတဲ့ကိစ္စလေးအတွက် သူမရမကပြန်လာခဲ့သည်။ ဒီခံစားချက်ကအသစ်အဆန်းပဲလို့ မခံစားမိပဲမနေနိုင်ပေ။ 

သူ့အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်ချိန်တွင် ဖွင့်ရက်သားသစ်သားသေတ္တာကို တွေ့လိုက်သည်။ ဒီသေတ္တာသည်စူးမီကျန်းလင်းကထွက်လာခဲ့စဉ်က သယ်လာခဲ့တဲ့ဟာမှန်းသူမှတ်မိသည်။ စစ်ဆေးကြည့်လိုက်တော့ သေတ္တာထဲမှာသေသေသပ်သပ်စီရီထားသည့် အပြာရောင်အဖုံးနဲ့စာအုပ်တွေဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ ချင်ယန် အိပ်ရာပေါ်ကစူးမီကိုကြည့်ကာ တီးတိုး‌ရေရွတ်လိုက်သည်။ 

" မကြာသေးမီကမြို့တော်ကိုရောက်လာမှသာ ဖတ်ဖြစ်တာပေါ့လေ...."

မကြာမီ တံခါးခေါက်သံတိုးတိုးထွက်ပေါ်လာပြီး ဖုန့်ပေါင်အထဲဝင်လာသည်။ 

" သခင်ကြီး အပြင်မှာမြင်းနဲ့ရထားလုံးတွေအသင့်ဖြစ်ပါပြီ လင်အန်းလည်းအဲ့ဒီမှာပဲစောင့်နေပါတယ်"

" ကောင်းပြီ သွားကြမယ်"

ချင်ယန် ဖုန့်ပေါင်ကမ်းပေးသည့်ခြုံထည်ကို လွှမ်းခြုံလိုက်သည်။ 

ဖုန့်ပေါင် အခန်းတွင်းကိုဖြတ်ခနဲကြည့်လိုက်ပြီး ဒီအချိန်မှာဘာလို့ ဒီလောက်တိတ်ဆိတ်နေတာလဲလို့ သိချင်မိသွားသည်။ သူသည်စူးမီနှင့်အချိန်အကြာကြီးအတူမရှိခဲ့ပေမဲ့ သခင်ကြီးဆယ်ရက်ကျော်လောက်ထွက်သွားမယ်ဆိုတာကိုသိရင် သူမအနည်းငယ်ပွစိပွစိလုပ်ဖို့ကောင်းတယ်လို့ တွေးမိတဲ့အထိတော့သူမကိုကောင်းကောင်းသိသည်။ 

" ‌သခင်ကြီး အိမ်ထဲမှာလူလည်းသိပ်ရှိတာမဟုတ်ဘူး သခင်ကြီးနဲ့ချွမ်ကျိုးကိုလိုက်ခဲ့ဖို့ ကျွန်တော်သခင်မကိုအသိပေးလိုက်ရမလား?"

ဖုန့်ပေါင် ချင်ယန့်ကိုပါးနပ်စွာသတိပေးလိုက်သည်။ 

အိမ်ပြန်ရောက်လာပြီးနောက် စူးမီကိုချွမ်ကျိုးကိုခရီးသွားမဲ့ကိစ္စ မပြောရသေးတာကို ချင်ယန်ရုတ်တရက်သတိရသွားသည်။ ဒါပေမဲ့ ရက်အနည်းငယ်မျှသာသွားပြီး ပြန်လာမှာဖြစ်တာကြောင့် ဘာမှပြောစရာမလိုဘူးလို့ သူတွေးလိုက်သည်။ 

" မလိုဘူး"

ချင်ယန့်စကားတွေကိုကြားလိုက်ရတော့ ဖုန့်ပေါင်ရွေးချယ်စရာမရှိပဲ သဘောတူလိုက်ရသည်။ 

တကယ်တော့ သခင်ကြီးနောက်နှစ်ပေါင်းများစွာလိုက်ခဲ့ပြီးနောက်တွင် သခင်ကြီးသည်ကိစ္စတွေကိုတစ်ယောက်တည်းလုပ်ရတာကျင့်သားရနေပြီး ယေဘုယျအားဖြင့်အရာအားလုံးကိုလိုက်မစဉ်းစား‌တတ်ပေ။ သူ့အနေနဲ့သခင်ကြီးကိုသတိပေးချင်ရင်တောင် တဲ့တိုးကြီးမပြောရဲပေ။ ဘာပဲဖြစ်ဖြစ် သခင်ကြီးသာမပြောသွားရင် သခင်မတော့ထပ်ပြီးဝမ်းနည်းနေတော့မှာပဲလို့ ဖုန့်ပါင်ဝေဝါးဝါးခံစားမိသည်။ 

အာ...တကယ့်ကိုစိတ်ညစ်စရာပါပဲ။ အကယ်၍သူ့သခင်ကြီးစိတ်ဆိုးသွားရင်လည်း ဒုက္ခရောက်မဲ့သူကသူဖြစ်သွားပေလိမ့်မည်။ 


မနေ့ညကနောက်ကျတဲ့အထိနေလိုက်တာကြောင့် စူးမီနိုးလာချိန်တွင်နေတောင်မြင့်နေပြီ။ သူမကအိပ်တဲ့အခါသိပ်မလှုပ်ရှားတတ်ရာ သူမညာဘက်ခြမ်းသည်လစ်လပ်နေသည်။ မနေ့ညကချင်ယန်ဒီမှာမအိပ်ခဲ့ဘူးလား။ ပတ်ပတ်လည်ကိုကြည့်ရှုလိုက်တော့ သူမတစ်ယောက်ထဲသာရှိသည်။ 

စူးမီထထိုင်ကာ အိပ်ရာနောက်မှီကိုမှီပြီး လက်ချိုးရေတွက်ကြည့်လိုက်သည်။ ဒီတစ်ကြိမ်ကသူတို့ချင်းနောက်ဆုံးတစ်ခေါက်တွေ့ပြီးထဲက ငါးရက်ကြာမှတွေ့ရတာဖြစ်သည်။ နောက်တစ်ကြိမ်ဆို ငါးရက်ကြာပြီးလောက်မှဖြစ်ပေမည်။ 

ချွမ်ကျိုးကိုသွားသည့်လမ်းမကြီးပေါ်တွင် ခမ်းနားထည်ဝါသည့် အရာရှိ‌ရထားလုံးတစ်စီးရှိသည်။ အရာရှိရထားလုံးလို့ခေါ်ရခြင်းမှာ သာမာန်လူတွေရဲ့သတ်မှတ်ချက်တွင် မြင်းတစ်ကောင်ကိုပဲသုံးနိုင်ပေမဲ့ ရထားလုံးဦးထိပ်တွင်ဒေါင်ကောင်းကောင်းမြင်းကြီးနှစ်ကောင်ဆွဲထားတာကြောင့်ဖြစ်သည်။ ထို့ပြင် ရထားလုံးသည်နံရံမှာ'ကျီ'ဆိုတဲ့စာလုံးအမှတ်သညာပြုထားသည်။ 

ရထားလုံးသည်ရက်အနည်းငယ်ကြာအောင်ခုန်ပေါက်နေခဲ့ပေမဲ့ ချင်ယန်သည်ပင်ပန်းနွမ်းနယ်ပုံမပေါ်ပေ။ သူသည်ချွမ်ကျိုးကမ်းရိုးတန်း ကာကွယ်ရေးမြေပုံနဲ့ စစ်ဆေးရေးဂိတ်ပုံစံအပြင်အဆင်ကိုကိုင်ထားသည်။ ချွမ်ကျိုးကိုတတ်နိုင်သမျှအမြန်ဆုံးရောက်စေရန်အတွက် ရထားလုံးမောင်းသူနှစ်ဦးသည် နေ့နဲ့ညတစ်လှည့်စီမောင်းကြသည်။ ရထားလုံးထိုင်ခုံနေရာအလုံအလောက်မရှိသဖြင့် ဖုန့်ပေါင်ကိုချင်ယန့်ဘေးရထားလုံးထဲမှာထိုင်ခွင့်ပြုထားသည်။ 

ရထားလုံးအတွင်းတွင် ဖုန့်ပေါင်ခြေတစ်လှမ်းပင်မထွက်ရဲပဲ မွန်းကျပ်သလိုခံစားရသည်။ အကယ်၍သူ့မှာသာရွေးချယ်ခွင့်ရှိမည်ဆိုပါက အကြီးအကဲအိမ်တော်မှာပဲပိုနေချင်သည်။ သခင်မသည်သူ့အတွက်တာဝန်ပေးတာမရှိသလောက်ဖြစ်တာကြောင့် သူ့မှာဖိအားမရှိပေ။ အတွေးတွေထဲတွင်နစ်မြုပ်နေပြီး ရုတ်တရက်ချင်ယန့်အသံကြောင့်နှောင့်ယှက်ခံလိုက်ရသည်။ 

" ဘယ်လောက်ကြာအုံးမှာလဲ?"

မေးခွန်းကိုကြားလိုက်ရတော့ ဖုန့်ပေါင်ကန့်လန့်ကာကိုအလျင်မြန်မ,တင်ပြီး ရထားလုံးမောင်းသူကိုမေးမြန်းလိုက်သည်။ 

" ကျွန်တော်တို့ချွမ်ကျိုးမြို့အဝင်ဂိတ်နဲ့သိပ်မဝေးတော့ဘူးလို့ ပြောပါတယ် သခင်ကြီး"

" မြို့အဝင်ဂိတ်မှာရပ်စရာမလိုဘူး"

" နားလည်ပါပြီ သခင်ကြီး"

ချင်ယန်ရဲ့အဆင့်အတန်းကိုထောက်ဆလျှင် ပင်မမြို့အဝင်ဂိတ်ကိုဖြတ်သန်းခြင်းသည် ရပ်တန့်ပြီးမြို့စောင့်အဖွဲ့တွေရဲ့စစ်ဆေးမေးမြန်းမှုကို ခံယူစရာမလိုပေ။ ဒါပေမဲ့ ဘာလို့သခင်ကြီးကရထားလုံးပေါ်မှာ 'ကျီ'ဆိုတဲ့စာလုံးကို ညတွင်းချင်းကတိုက်ကရိုက်အမှတ်သညာပြုခိုင်းလဲဆိုတာကို ဖုန့်ပေါင်နားမလည်ပေ။ သူနားမလည်တဲ့အရာကိုတွေးမနေပဲ ဖုန့်ပေါင်သည်ကိစ္စဝိစ္စတွေကိုကိုင်တွယ်ဖြေရှင်းတဲ့ သူ့ပုံစံအတိုင်းလိုက်နာလိုက်သည်။ မကြာမီတွင် သူ့ရဲ့နိုးနိုးကြားကြားနဲ့မတ်မတ်အနေအထားအတိုင်း ပြန်ထိုင်လိုက်သည်။ 

ချွမ်ကျိုးသည်လူပေါင်းစုံဖြင့် ကြက်ပျံမကျစည်ကားသည့် ကုန်သွယ်ရေးမြို့တော်တစ်ခုဖြစ်ရာ မြို့အဝင်ဂိတ်သည်ပျန်းလင်းနဲ့တခြားမြို့တွေထက် ပိုတင်းကြပ်သည်။ ဒါပေမဲ့ တမူကွဲပြားသည့်ဒေါင်ကောင်းကောင်းမြင်းနှစ်ကောင်နဲ့ အပြာရောင်အမိုးရထားလုံးဖြင့် ချင်ယန်လိုလူမျိုးအတွက်တော့ ချောချောမွေ့မွေ့ဖြတ်သန်းနိုင်သည့်နောက်ထပ်ဂိတ်တံခါးတစ်ခုရှိသည်။ 

ရထားလုံးသည်ချွမ်ကျိုးမြို့အဝင်ဂိတ်တံခါးကိုဖြတ်ကာ မရပ်မနားခရီးဆက်သွားသည်။ မြို့စောင့်တပ်သားသည် 'ကျီ'ဆိုတဲ့စကားလုံးကိုခဏတဖြုတ် ဖြတ်ခနဲမြင်လိုက်မိကာ အရာရှိရထားလုံးတွေအတွက်ထုံးစံအတိုင်း သတင်းပို့ရမည်ဖြစ်သည်။ 

" ကျီကျိုးကအရာရှိရထားလုံးမြို့အဝင်ဂိတ်ကိုဖြတ်သွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုမြန်မြန်အကြောင်းကြားလိုက်"

မြို့စောင့်တပ်သားသည်သွက်လက်စွာမြင်းပေါ်တတ်၍ ချွမ်ကျိုးအုပ်ချုပ်ရေးမှူးရုံးအဆောက်အဦးဆီ ဒုန်းစိုင်းစီးသွားသည်။ ပင်မခန်းမဆောင်ထဲတွင် အရာရှိဝတ်စုံဝတ်ဆင်ထားသည့် အရာရှိနှစ်ယောက်ထိုင်နေသည်။ 

" ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့တပ်မှူးကိုအကြောင်းကြားပါတယ် ကျီကျိုးကအရာရှိရထားလုံးတစ်စီးမြို့အဝင်ဂိတ်ကိုဖြတ်သန်းလာပါတယ်"

ချွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးသည်လက်ဝေ့ယမ်းလိုက်ရာ တပ်သားပြန်ထွက်ခွာသွားသည်။ 

" ကျီကျိုးကချွမ်ကျိုးဘေးမှာရှိလို့ တစ်ယောက်ယောက်ကရိုးရိုးလေးဖြတ်သွားရုံပဲဟာ ဘာတွေဒီလောက်ကြောင့်ကြနေတာလဲစုန့်လင်?"

ချွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဝူစုန့်လင်ရဲ့ကျုံ့ထားတဲ့မျက်ခုံးတွေကိုအကဲခတ်ပြီး ဘာမဟုတ်တာလေးကိုဇာချဲ့နေတယ်လို့ မတွေးမိပဲမနေနိုင်ပေ။ 

" ကျုပ်ကကျီကျိုးအကြောင်းစိတ်ပူနေတာမဟုတ်ဘူး ကျုပ်သတိထားရမဲ့ အရှေ့ပိုင်းဌာနကလူရမ်းကားတွေရဲ့လှုပ်ရှားမှုတွေကိုစိတ်ပူနေတာ မကြာသေးမီကသူတို့ပင်လယ်ဓားပြတွေကိုဖမ်းမိခဲ့ပြီးတော့ ရုတ်တရက်ကြီးငြိမ်ချက်သားကောင်းသွားတယ်....သူတို့အတိုင်းပျောက်ကွယ်သွားမယ်ဆိုတာ ကျုပ်မယုံဘူး"

" ပင်လယ်ဓားပြတွေငါတို့စကားမပြောဆိုတတ်ဘူးလေ သူတို့တစ်ခုခုကိုဖော်ထုတ်ခဲ့ရင်တောင် သူတို့တကယ်တမ်းဘာများလုပ်နိုင်မှာလဲ? အရှေ့ပိုင်းဌာနဆိုတာ မိန်းမစိုးတွေနဲ့ပြည့်နေတဲ့ အဖွဲ့အစည်းငယ်လေးတစ်ခုသက်သက်ပါကွာ ဒီလောက်အလွန်အကျွံသတိထားနေဖို့ လိုလို့လား?"

ဝူစုန့်လင် မျက်လုံးတွေကျဉ်းမြောင်းကာ အတွေးထဲနစ်မြုပ်သွားသည်။ 

"....ခင်ဗျားမှန်ပါစေလို့ ကျုပ်မျှော်လင့်တယ် ချွမ်ကျိုးမှာကျုပ်နေလို့မဝသေးဘူး"




Zawgyi

ဖုန႔္ေပါင္သည္မိန္းကေလးယြင္ရွန္းအေၾကာင္းေျပာခ်ိန္တြင္ 'သခင္ႀကီးကအိမ္ျပန္လာခဲပါတယ္'ဆိုတဲ့စကားစုသည္ သူမကိုႏွစ္သိမ့္ေပး႐ုံသက္သက္ပဲလို႔ စူးမီအၿမဲထင္ခဲ့သည္။ ဒါေပမဲ့ သူမတို႔အႀကီးအကဲအိမ္ေတာ္ကိုေရာက္ၿပီးကတည္းက ခ်င္ယန္တကယ့္ကိုျပန္ေရာက္မလာခဲ့ေပ။

ထိုေန႕က ဖုန႔္ေပါင္သည္ခ်င္ယန္ရဲ႕အဝတ္အစားေတြနဲ႕ စာအုပ္၊စာလိပ္ေတြကို အေစခံေတြကိုသူမၿခံဝန္းထဲသို႔ ေ႐ႊ႕ခိုင္းခဲ့သည္။ ပထမညတြင္ စူးမီအနည္းငယ္ရွက္႐ြံ႕သလိုခံစားရေပမဲ့ ရက္အနည္းငယ္ၾကာေအာင္ခ်င္ယန္မရွိတဲ့ေနာက္တြင္ တေျဖးေျဖးနဲ႕က်င့္သားရသြားခဲ့သည္။ အခုကသူမလက္မထပ္ခင္ကနဲ႕ သိပ္မ်ားမ်ားစားစားကြာျခားမႈမရွိေပ။

လေရာင္ထြန္းလင္းသည့္ေကာင္းကင္ေအာက္တြင္ စူးမီသည္ စပ်စ္ႏြယ္ပင္ေတြဖုံးလႊမ္းေနသည့္ စၾကၤံေဘးၿခံဝန္းထဲက ေက်ာက္ထြင္းစားပြဲတြင္ထိုင္၍ ေမးေထာက္လ်က္စာအုပ္ဖတ္ေနသည္။

အခုခ်ိန္သည္ေဆာင္းဦးႏွောင္းပိုင္းမေရာက္ေသးသျဖင့္ စူးမီသည္ကိုယ္ေပၚတြင္လႊမ္းၿခဳံထားသည့္ အျပာေရာင္ေဖ်ာ့ေဖ်ာ့ဝတ္႐ုံျဖင့္ နီလာေရာင္ေအာက္ခံအကၤ်ီဝတ္ဆင္ထားကာ ခႏၶာကိုယ္ကိုႏူးညံ့တဲ့ေစာင္ေလးနဲ႕ေထြးပတ္ထားရာ အေအးဓာတ္ကိုမခံစားရေပ။

သူမက်န္းလင္းၿမိဳ႕မွာရွိစဥ္က ထိုကဲ့သို႔ပင္ၿခံဝန္းထဲတြင္ မၾကာခဏေနေလ့ရွိသည္။ အခုခ်ိန္တြင္ေနရာေတြေျပာင္းလဲသြားၿပီျဖစ္ေပမဲ့ အိမ္ေတာ္ႀကီးသည္ရွင္းလင္းေနသည္။ သူမနဲ႕ခြၽမ္းမိန္တို႔ေန႕တစ္ဝက္ေလာက္လွည့္လည္ၾကည့္ရႈခဲ့ေပမဲ့ အေစခံတစ္ေယာက္စႏွစ္ေယာက္စေလာက္ပဲ ျမင္ခဲ့မိသည္။ ဒီအေၾကာင္းေတြးလိုက္ေတာ့ အခုကအိမ္မွာရွိေနစဥ္ကထက္ပင္ ပိုလြတ္လပ္ေပသည္။

" သခင္မေလး မေအးဘူးလား?"

ခြၽမ္းမိန္ အနားေလွ်ာက္လာၿပီး လက္ဖက္ရည္ပူပူေလးတစ္ခြက္ငွဲ႕ေပးသည္။

" ဘာလို႔အခန္းထဲဝင္မဖတ္တာလဲ?"

စူးမီ လက္ႏွစ္ဖက္ျဖင့္လက္ဖက္ရည္ခြက္ကိုယူၿပီး ၿခံဝန္းအဝဆီျဖတ္ခနဲလွမ္းၾကည့္လိုပ္သည္။ ဒီညလည္းခ်င္ယန္ျပန္မလာတာျဖစ္နိုင္သည္။

" အင္း ..ခြၽမ္းမိန္...သြားနားေတာ့ေလ"

" ဟုတ္ကဲ့...ေက်းဇူးတင္ပါတယ္ သခင္မေလး"

စူးမီသည္လက္တစ္ဖက္လက္ဖက္ရည္ခြက္ပူႏြေးႏြေးကိုကိုင္ထားၿပီး ေနာက္တစ္ဖက္နဲ႕စာအုပ္ကိုင္ကာ အခန္းထဲျပန္ဝင္လာၿပီးတံခါးပိတ္လိုက္သည္။ ဒီအခန္းသည္အေရွ႕ဥယ်ာဥ္ထဲကဧည့္သည္ခန္းတစ္ခုသက္သက္ပဲဆိုေပမဲ့ အခန္းေလးခန္းပါဝင္ၿပီး ဧရိယာႏွစ္ခုခြဲျခားထားကာ စူးမီပိုင္တဲ့ၿခံဝန္းေလးထက္ အဆေပါင္းမ်ားစြာႀကီးမားက်ယ္ဝန္းသည္။

အေနာက္ဘက္ျခမ္းကအတြင္းခန္းတြင္ ေ႐ႊေရာင္နန္မူသစ္သားနဲ႕ျပဳလုပ္ထားသည့္ တိုင္ေျခာက္တိုင္ပါကုတင္ႀကီးတစ္ခုရွိသည္။ ကုတင္ရဲ႕ေလးဖက္ေလးတန္တြင္ ဂိတ္တံခါးဝကပုံသ႑ာန္ေတြနဲ႕အေတာ္ေလးဆင္တူသည့္ ဆန္းၾကယ္တဲ့႐ုပ္ႂကြပုံရိပ္ေတြထြင္းထုထားသည္။ အိပ္ရာနဲ႕ဆန႔္က်င္ဘက္တြင္ အစိမ္းေရာင္ႏြယ္ပင္ေတြနဲ႕ အစိမ္းေရာင္အခက္အလက္ေတြထိုးထားသည့္ ႀကီးမားသည့္ခ်ီလင္ပုံပန္းအိုးႀကီးရွိသည္။

အျပင္ဘက္အခန္းကိုစာၾကည့္ခန္းအသြင္ေျပာင္းလဲထားၿပီး အေရွ႕ဘက္ကနံရံတြင္စူးမီနားမလည္သည့္ အေၾကာင္းအရာအမ်ိဳးမ်ိဳးေရးထားသည့္စာအုပ္ေတြနဲ႕ တန္ဖိုးႀကီးမွင္ေက်ာက္တုံးေတြတင္ထားသည့္ ႏွင္းဆီသားနဲ႕စက်င္ေက်ာက္စားပြဲတစ္ခုရွိသည္။

လြန္ခဲ့တဲ့ရက္ေတြကစူးမီအိပ္ရာေစာေစာဝင္ခဲ့တာေၾကာင့္ စာၾကည့္စားပြဲကိုအသုံးမျပဳခဲ့ေပ။ ဒီေန႕တြင္ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ သူမအိပ္မေပ်ာ္ရာစာၾကည့္စားပြဲဆီ ဖေယာင္းတိုင္မီးတိုင္ယူသြားၿပီး လက္ထဲကစာအုပ္ကိုဆက္ဖတ္ေနလိုက္သည္။

ထိုစာအုပ္ဖတ္ၿပီးေနာက္ စူးမီသစ္သားဗီရိုေဘးကေသတၱာဆီသြားၿပီး ေနာက္တစ္အုပ္ထပ္ေ႐ြးလိုက္သည္။ အေရးႀကီးတဲ့အခန္းကိုဖတ္ေနခ်ိန္မွာပင္ ႐ုတ္တရက္တံခါးတြန္းဖြင့္လိုက္သံကို ၾကားလိုက္ရသည္။ စူးမီေမာ့မၾကည့္ေပ။ ေတြးၾကည့္စရာေတာင္မလိုပဲ ဒါကသူမ,မအိပ္ေသးလို႔ သူမအတြက္လက္ဖက္ရည္လာထည့္ေပးတဲ့ ခြၽမ္းမိန္ပဲဆိုတာစူးမီသိသည္။

" ခြၽမ္းမိန္ ငါလက္ဖက္ရည္မလိုဘူး သြားနားေတာ့"

စူးမီ စာအုပ္ကေနမ်က္စိခြာဖို႔ဝန္ေလးကာ ေခါင္းငုံ႕ထားလ်က္ေျပာလိုက္သည္။

တံခါးအဟေလးျပန္ပိတ္သြားၿပီး ေျခသံေတြနီးကပ္လာသည္။

" ဘာေတြဖတ္ေနတာလဲ?

သူမနားအတြင္းသာယာနာေပ်ာ္ဖြယ္အသံဩဩထြက္ေပၚလာၿပီး စူးမီမတုံ႕ျပန္နိုင္ခင္တြင္ သူမလက္ထဲကစာအုပ္ေလးလုယူခံလိုက္ရသည္။ အံ့အားသင့္သြားၿပီးေမာ့ၾကည့္လိုက္ရာ ခ်င္ယန္ကလြဲၿပီးတျခားမဟုတ္တာကိုေတြ႕လိုက္ရသည္။ သူကအခုတင္ေရခ်ိဳးၿပီးခဲ့ခါစျဖစ္နိုင္ၿပီး ၾကာပန္းေရာင္ပိုးသားဝတ္စုံကိုဝတ္ဆင္ထားသည္။ သူ႕ရဲ႕ေဘးတိုက္အသြင္ကလွပၿပီး သူ႕လက္ထဲတြင္အခုမွသူမဆီကယူသြားတဲ့ စာအုပ္ကိုင္ထားသည္။

စူးမီ သူျပန္ေရာက္လာတာကိုျမင္လိုက္ရလို႔ အနည္းငယ္ဝမ္းသာသြားခဲ့ၿပီး ေနာက္အခိုက္တြင္သူ႕လက္ထဲကစာအုပ္ကို လွန္ေလွာလိုက္တာကိုျမင္လိုက္ရသည္။ သူ႕ႏႈတ္ခမ္းပါးေတြအနည္းငယ္ပြင့္ဟလာၿပီး စာအုပ္ထဲကဇာတ္ေၾကာင္းအရအခ်စ္ကဗ်ာကို အသံထြက္႐ြတ္ဆိုလာသည္။

"...မိန္းကေလး ေက်းဇူးျပဳလို႔ေျဖးေျဖးသြားပါ မေန႕ကမင္းခ်န္ထားရစ္ခဲ့တဲ့မေျပာျပနိုင္ေလာက္ေအာင္ထူးျခားတဲ့က်က္သေရေၾကာင့္ ကြၽန္ေတာ့္မွာအဆုံးမရွိတဲ့အေတြးေရယာဥ္ေၾကာထဲေမ်ာေနခဲ့ရပါတယ္"

ခ်င္ယန္႐ြတ္ဆိုၿပီးေနာက္ ႏႈတ္ခမ္းထက္မွာလွည့္ျဖားတတ္ေသာအၿပဳံးျဖင့္ သူမဘက္လွည့္လာကာ....." ဒီအရာေတြေၾကာင့္ မင္းရဲ႕ခ်ည္ထိုးပန္းထိုးအလုပ္ေတြႏွောင့္ႏွေးေနခဲ့တာလား?"

စူးမီသည္ခ်င္ယန္႐ြတ္ဆိုသြားတဲ့အခ်စ္ကဗ်ာကို အခုေလးတင္ဖတ္ၿပီးခဲ့ၿပီး သူမဖတ္ခဲ့တုန္းက အေတာ္ေလးဟန္မ်ားတယ္လို႔ေတြးခဲ့မိေပမဲ့ ခ်င္ယန္အသံခပ္တိုးတိုးျဖင့္ဖတ္တာၾကားလိုက္ရေတာ့ အလြန္နားဝင္ခ်ိဳတယ္လို႔ေတြးလိုက္မိသည္။ ဒါေပမဲ့ ၾကားရတာေကာင္းတယ္ဆိုရင္ေတာင္ စူးမီမ်က္ႏွာကိုထိန္းခ်င္ေသးသျဖင့္ ထရပ္ၿပီးအားတင္းေျပာလိုက္သည္။

" ကြၽန္မ မၾကာေသးမီကၿမိဳ႕ေတာ္ကိုေရာက္လာမွသာ ဖတ္ျဖစ္တာပါ သခင္ႀကီးျပန္မလာရင္ ကြၽန္မဘာသာအဆင္ေျပေအာင္ ဖတ္ဖို႔စာအုပ္တစ္ခ်ိဳ႕ရွာခဲ့႐ုံပါပဲ"

" ဪ"

ခ်င္ယန္ လက္ထဲမွာကိုင္ထားသည့္စာအုပ္ကို စားပြဲေပၚတင္လိုက္ၿပီး စူးမီအနားစားပြဲေထာင့္ဆီေလွ်ာက္လာသည္။

" ဒါဆိုဒီညကိုယ္ျပန္လာၿပီ မင္းဘာလုပ္မလဲ?"

ခ်င္ယန္၏ရွည္လ်ားျမင့္မားသည့္ကိုယ္လုံးသည္ သူမအေပၚအုပ္မိုးေနၿပီး မ်က္ႏွာေပၚမွာၿပဳံးေယာင္ေယာင္ျဖင့္ စူးမီကိုစားပြဲခုံနဲ႕ကုလားထိုင္ၾကားမွာ ေခ်ာင္ပိတ္ထားသည္။ အဓိပ္ပါယ်မရှိတဲ့စကားတစ်ခွန်းဆိုတာအသိသာကြီးဖြစ်ပေမဲ့ အၿပဳံးေရးေရးျဖင့္ခ်င္ယန္ေျပာလာသည့္အခါ စူးမီမ်က္ႏွာကိုနီရဲသြားေစသည္။

" ကြၽန္မ..ကြၽန္မရွင့္အတြက္အိပ္ရာကိုအႏြေးဓာတ္ေပးနိုင္ပါတယ္"

စူးမီျပန္ေျဖကာ ႏူးညံ့တဲ့ဖိနပ္ေတြအေပၚေျခခ်ၿပီး ခ်င္ယန္နဲ႕ကုလားထိုင္အၾကားအဟေလးကေန ကိုယ္ေလးက်ဳံ႕ထြက္ကာ အတြင္းခန္းထဲဝင္ေျပးသြားသည္။

ခ်င္ယန္ ဒီေန႕ျပန္လာေတာ့ သူမကသူ႕ကိုေစာင့္ေနသကဲ့သို႔ မအိပ္ေသးတာကိုျမင္လိုက္ရေတာ့ စိတ္႐ႊန္လန္းသြားၿပီး သူ႕အၿပဳံးေတြကအရင္ကနဲ႕ကြာျခားကာ အနည္းငယ္ပိုစစ္မွန္လာတာကို သူကိုယ္တိုင္ပင္သတိမထားမိခဲ့ေပ။ သူ႕စိတ္ထဲတြင္ခြၽမ္က်ိဳးကကိစၥေလးလံေနသျဖင့္ သူမအိပ္ရာေပၚတတ္သြားတာကိုမတားျမစ္ပဲ ေစာင့္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ စားပြဲမွာဝင္ထိုင္ကာ ေဘးကစာလႊာအပုံလိုက္ထဲကတစ္ခုကိုေကာက္ယူလိုက္သည္။ ထိုအထဲမွာ ခြၽမ္က်ိဳးနဲ႕ပတ္သတ္တဲ့ အစီရင္ခံစာေဟာင္းတစ္ေစာင္ရွိတာကို သူမွတ္မိသည္။ အမ်ားႀကီးအသုံးမဝင္ေပမဲ့ ဖတ္လို႔ေတာ့ရပါေသးသည္။

အိပ္ရာသည္အေနာက္ဘက္မွာရွိၿပီး စားပြဲခုံသည္အေရွ႕ဘက္မွာရွိတာေၾကာင့္ စူးမီသည္အိပ္ရာအေပၚဘက္တြင္ေကြးေနတဲ့ဆီမွ ခ်င္ယန႔္ဘက္မွာဘာေတြျဖစ္ေနလဲဆိုတာကိုျမင္နိုင္သည္။ သူ႕လက္ေခ်ာင္းသြယ္သြယ္ေတြသည္ မၾကာခဏစာမ်က္ႏွာေတြလွန္ေလွာသြားခဲ့ၿပီး ေသေသခ်ာခ်ာဖတ္ရႈေနသကဲ့သို႔ အေလးအနက္အာ႐ုံစိုက္ေနပုံရသည္။

စူးမီသည္ေစာင္ၿခဳံ၍ထိုင္ေနၿပီး ညသန္းေခါင္ေက်ာ္လာသည္အထိ ခ်င္ယန႔္ကိုေစာင့္ၾကည့္ေနခဲ့ကာ ေနာက္ဆုံးအနည္းငယ္အိပ္ငိုက္လာေတာ့မွ...." သခင္ႀကီး ကြၽန္မအရင္အိပ္လို႔ရမလားဟင္"

" ေကာင္းၿပီ"

ခ်င္ယန္ ျပန္ေျဖလိုက္သည္။

စူးမီအျပင္ဘက္အျခမ္းကိုေနရာေ႐ြ႕ေတာ့မည့္အခ်ိန္တြင္ ခ်င္ယန္ေမာ့ၾကည့္လာၿပီးေျပာသည္။

" စူးမီ ကိုယ္အတြင္းဘက္အျခမ္းမွာအိပ္ရတာမႀကိဳက္ဘူး"

တစ္နည္းအားျဖင့္ သူမကိုေနရာမေ႐ြ႕ဖို႔ေျပာေနျခင္းပင္။ စူးမီအတြင္းျခမ္းမွာလွဲေလ်ာင္းလိုက္ၿပီး မၾကာမီသူမရဲ႕အသံရႉသံ စည္းခ်က္မွန္မွန္ေလးပဲၾကားရေတာ့သည္။ ခ်င္ယန္ လက္ထဲကစာအုပ္ကိုခ်ကာ အနည္းငယ္ေခါက္ထားသည့္ပိုးေစာင္ကိုၾကည့္လိုက္သည္။ ဒီညသန္းေခါင္တြင္ သူခြၽမ္က်ိဳးကိုထြက္ခြာရမွာျဖစ္ေပမဲ့ ဒီအေရးမႀကီးတဲ့ကိစၥေလးအတြက္ သူမရမကျပန္လာခဲ့သည္။ ဒီခံစားခ်က္ကအသစ္အဆန္းပဲလို႔ မခံစားမိပဲမေနနိုင္ေပ။

သူ႕အၾကည့္ေတြကိုျပန္႐ုတ္သိမ္းလိုက္ခ်ိန္တြင္ ဖြင့္ရက္သားသစ္သားေသတၱာကို ေတြ႕လိုက္သည္။ ဒီေသတၱာသည္စူးမီက်န္းလင္းကထြက္လာခဲ့စဥ္က သယ္လာခဲ့တဲ့ဟာမွန္းသူမွတ္မိသည္။ စစ္ေဆးၾကည့္လိုက္ေတာ့ ေသတၱာထဲမွာေသေသသပ္သပ္စီရီထားသည့္ အျပာေရာင္အဖုံးနဲ႕စာအုပ္ေတြျဖင့္ျပည့္ေနသည္ကိုေတြ႕လိုက္ရသည္။ ခ်င္ယန္ အိပ္ရာေပၚကစူးမီကိုၾကည့္ကာ တီးတိုးေရ႐ြတ္လိုက္သည္။

" မၾကာေသးမီကၿမိဳ႕ေတာ္ကိုေရာက္လာမွသာ ဖတ္ျဖစ္တာေပါ့ေလ...."

မၾကာမီ တံခါးေခါက္သံတိုးတိုးထြက္ေပၚလာၿပီး ဖုန႔္ေပါင္အထဲဝင္လာသည္။

" သခင္ႀကီး အျပင္မွာျမင္းနဲ႕ရထားလုံးေတြအသင့္ျဖစ္ပါၿပီ လင္အန္းလည္းအဲ့ဒီမွာပဲေစာင့္ေနပါတယ္"

" ေကာင္းၿပီ သြားၾကမယ္"

ခ်င္ယန္ ဖုန႔္ေပါင္ကမ္းေပးသည့္ၿခဳံထည္ကို လႊမ္းၿခဳံလိုက္သည္။

ဖုန႔္ေပါင္ အခန္းတြင္းကိုျဖတ္ခနဲၾကည့္လိုက္ၿပီး ဒီအခ်ိန္မွာဘာလို႔ ဒီေလာက္တိတ္ဆိတ္ေနတာလဲလို႔ သိခ်င္မိသြားသည္။ သူသည္စူးမီႏွင့္အခ်ိန္အၾကာႀကီးအတူမရွိခဲ့ေပမဲ့ သခင္ႀကီးဆယ္ရက္ေက်ာ္ေလာက္ထြက္သြားမယ္ဆိုတာကိုသိရင္ သူမအနည္းငယ္ပြစိပြစိလုပ္ဖို႔ေကာင္းတယ္လို႔ ေတြးမိတဲ့အထိေတာ့သူမကိုေကာင္းေကာင္းသိသည္။

" သခင္ႀကီး အိမ္ထဲမွာလူလည္းသိပ္ရွိတာမဟုတ္ဘူး သခင္ႀကီးနဲ႕ခြၽမ္က်ိဳးကိုလိုက္ခဲ့ဖို႔ ကြၽန္ေတာ္သခင္မကိုအသိေပးလိုက္ရမလား?"

ဖုန႔္ေပါင္ ခ်င္ယန႔္ကိုပါးနပ္စြာသတိေပးလိုက္သည္။

အိမ္ျပန္ေရာက္လာၿပီးေနာက္ စူးမီကိုခြၽမ္က်ိဳးကိုခရီးသြားမဲ့ကိစၥ မေျပာရေသးတာကို ခ်င္ယန္႐ုတ္တရက္သတိရသြားသည္။ ဒါေပမဲ့ ရက္အနည္းငယ္မွ်သာသြားၿပီး ျပန္လာမွာျဖစ္တာေၾကာင့္ ဘာမွေျပာစရာမလိုဘူးလို႔ သူေတြးလိုက္သည္။

" မလိုဘူး"

ခ်င္ယန႔္စကားေတြကိုၾကားလိုက္ရေတာ့ ဖုန႔္ေပါင္ေ႐ြးခ်ယ္စရာမရွိပဲ သေဘာတူလိုက္ရသည္။

တကယ္ေတာ့ သခင္ႀကီးေနာက္ႏွစ္ေပါင္းမ်ားစြာလိုက္ခဲ့ၿပီးေနာက္တြင္ သခင္ႀကီးသည္ကိစၥေတြကိုတစ္ေယာက္တည္းလုပ္ရတာက်င့္သားရေနၿပီး ေယဘုယ်အားျဖင့္အရာအားလုံးကိုလိုက္မစဥ္းစားတတ္ေပ။ သူ႕အေနနဲ႕သခင္ႀကီးကိုသတိေပးခ်င္ရင္ေတာင္ တဲ့တိုးႀကီးမေျပာရဲေပ။ ဘာပဲျဖစ္ျဖစ္ သခင္ႀကီးသာမေျပာသြားရင္ သခင္မေတာ့ထပ္ၿပီးဝမ္းနည္းေနေတာ့မွာပဲလို႔ ဖုန႔္ပါင္ေဝဝါးဝါးခံစားမိသည္။

အာ...တကယ့္ကိုစိတ္ညစ္စရာပါပဲ။ အကယ္၍သူ႕သခင္ႀကီးစိတ္ဆိုးသြားရင္လည္း ဒုကၡေရာက္မဲ့သူကသူျဖစ္သြားေပလိမ့္မည္။




မေန႕ညကေနာက္က်တဲ့အထိေနလိုက္တာေၾကာင့္ စူးမီနိုးလာခ်ိန္တြင္ေနေတာင္ျမင့္ေနၿပီ။ သူမကအိပ္တဲ့အခါသိပ္မလႈပ္ရွားတတ္ရာ သူမညာဘက္ျခမ္းသည္လစ္လပ္ေနသည္။ မေန႕ညကခ်င္ယန္ဒီမွာမအိပ္ခဲ့ဘူးလား။ ပတ္ပတ္လည္ကိုၾကည့္ရႈလိုက္ေတာ့ သူမတစ္ေယာက္ထဲသာရွိသည္။

စူးမီထထိုင္ကာ အိပ္ရာေနာက္မွီကိုမွီၿပီး လက္ခ်ိဳးေရတြက္ၾကည့္လိုက္သည္။ ဒီတစ္ႀကိမ္ကသူတို႔ခ်င္းေနာက္ဆုံးတစ္ေခါက္ေတြ႕ၿပီးထဲက ငါးရက္ၾကာမွေတြ႕ရတာျဖစ္သည္။ ေနာက္တစ္ႀကိမ္ဆို ငါးရက္ၾကာၿပီးေလာက္မွျဖစ္ေပမည္။

ခြၽမ္က်ိဳးကိုသြားသည့္လမ္းမႀကီးေပၚတြင္ ခမ္းနားထည္ဝါသည့္ အရာရွိရထားလုံးတစ္စီးရွိသည္။ အရာရွိရထားလုံးလို႔ေခၚရျခင္းမွာ သာမာန္လူေတြရဲ႕သတ္မွတ္ခ်က္တြင္ ျမင္းတစ္ေကာင္ကိုပဲသုံးနိုင္ေပမဲ့ ရထားလုံးဦးထိပ္တြင္ေဒါင္ေကာင္းေကာင္းျမင္းႀကီးႏွစ္ေကာင္ဆြဲထားတာေၾကာင့္ျဖစ္သည္။ ထို႔ျပင္ ရထားလုံးသည္နံရံမွာ'က်ီ'ဆိုတဲ့စာလုံးအမွတ္သညာျပဳထားသည္။

ရထားလုံးသည္ရက္အနည္းငယ္ၾကာေအာင္ခုန္ေပါက္ေနခဲ့ေပမဲ့ ခ်င္ယန္သည္ပင္ပန္းႏြမ္းနယ္ပုံမေပၚေပ။ သူသည္ခြၽမ္က်ိဳးကမ္းရိုးတန္း ကာကြယ္ေရးေျမပုံနဲ႕ စစ္ေဆးေရးဂိတ္ပုံစံအျပင္အဆင္ကိုကိုင္ထားသည္။ ခြၽမ္က်ိဳးကိုတတ္နိုင္သမွ်အျမန္ဆုံးေရာက္ေစရန္အတြက္ ရထားလုံးေမာင္းသူႏွစ္ဦးသည္ ေန႕နဲ႕ညတစ္လွည့္စီေမာင္းၾကသည္။ ရထားလုံးထိုင္ခုံေနရာအလုံအေလာက္မရွိသျဖင့္ ဖုန႔္ေပါင္ကိုခ်င္ယန႔္ေဘးရထားလုံးထဲမွာထိုင္ခြင့္ျပဳထားသည္။

ရထားလုံးအတြင္းတြင္ ဖုန႔္ေပါင္ေျခတစ္လွမ္းပင္မထြက္ရဲပဲ မြန္းက်ပ္သလိုခံစားရသည္။ အကယ္၍သူ႕မွာသာေ႐ြးခ်ယ္ခြင့္ရွိမည္ဆိုပါက အႀကီးအကဲအိမ္ေတာ္မွာပဲပိုေနခ်င္သည္။ သခင္မသည္သူ႕အတြက္တာဝန္ေပးတာမရွိသေလာက္ျဖစ္တာေၾကာင့္ သူ႕မွာဖိအားမရွိေပ။ အေတြးေတြထဲတြင္နစ္ျမဳပ္ေနၿပီး ႐ုတ္တရက္ခ်င္ယန႔္အသံေၾကာင့္ႏွောင့္ယွက္ခံလိုက္ရသည္။

" ဘယ္ေလာက္ၾကာအုံးမွာလဲ?"

ေမးခြန္းကိုၾကားလိုက္ရေတာ့ ဖုန႔္ေပါင္ကန႔္လန႔္ကာကိုအလ်င္ျမန္မ,တင္ၿပီး ရထားလုံးေမာင္းသူကိုေမးျမန္းလိုက္သည္။

" ကြၽန္ေတာ္တို႔ခြၽမ္က်ိဳးၿမိဳ႕အဝင္ဂိတ္နဲ႕သိပ္မေဝးေတာ့ဘူးလို႔ ေျပာပါတယ္ သခင္ႀကီး"

" ၿမိဳ႕အဝင္ဂိတ္မွာရပ္စရာမလိုဘူး"

" နားလည္ပါၿပီ သခင္ႀကီး"

ခ်င္ယန္ရဲ႕အဆင့္အတန္းကိုေထာက္ဆလွ်င္ ပင္မၿမိဳ႕အဝင္ဂိတ္ကိုျဖတ္သန္းျခင္းသည္ ရပ္တန႔္ၿပီးၿမိဳ႕ေစာင့္အဖြဲ႕ေတြရဲ႕စစ္ေဆးေမးျမန္းမႈကို ခံယူစရာမလိုေပ။ ဒါေပမဲ့ ဘာလို႔သခင္ႀကီးကရထားလုံးေပၚမွာ 'က်ီ'ဆိုတဲ့စာလုံးကို ညတြင္းခ်င္းကတိုက္ကရိုက္အမွတ္သညာျပဳခိုင္းလဲဆိုတာကို ဖုန႔္ေပါင္နားမလည္ေပ။ သူနားမလည္တဲ့အရာကိုေတြးမေနပဲ ဖုန႔္ေပါင္သည္ကိစၥဝိစၥေတြကိုကိုင္တြယ္ေျဖရွင္းတဲ့ သူ႕ပုံစံအတိုင္းလိုက္နာလိုက္သည္။ မၾကာမီတြင္ သူ႕ရဲ႕နိုးနိုးၾကားၾကားနဲ႕မတ္မတ္အေနအထားအတိုင္း ျပန္ထိုင္လိုက္သည္။

ခြၽမ္က်ိဳးသည္လူေပါင္းစုံျဖင့္ ၾကက္ပ်ံမက်စည္ကားသည့္ ကုန္သြယ္ေရးၿမိဳ႕ေတာ္တစ္ခုျဖစ္ရာ ၿမိဳ႕အဝင္ဂိတ္သည္ပ်န္းလင္းနဲ႕တျခားၿမိဳ႕ေတြထက္ ပိုတင္းၾကပ္သည္။ ဒါေပမဲ့ တမူကြဲျပားသည့္ေဒါင္ေကာင္းေကာင္းျမင္းႏွစ္ေကာင္နဲ႕ အျပာေရာင္အမိုးရထားလုံးျဖင့္ ခ်င္ယန္လိုလူမ်ိဳးအတြက္ေတာ့ ေခ်ာေခ်ာေမြ႕ေမြ႕ျဖတ္သန္းနိုင္သည့္ေနာက္ထပ္ဂိတ္တံခါးတစ္ခုရွိသည္။

ရထားလုံးသည္ခြၽမ္က်ိဳးၿမိဳ႕အဝင္ဂိတ္တံခါးကိုျဖတ္ကာ မရပ္မနားခရီးဆက္သြားသည္။ ၿမိဳ႕ေစာင့္တပ္သားသည္ 'က်ီ'ဆိုတဲ့စကားလုံးကိုခဏတျဖဳတ္ ျဖတ္ခနဲျမင္လိုက္မိကာ အရာရွိရထားလုံးေတြအတြက္ထုံးစံအတိုင္း သတင္းပို႔ရမည္ျဖစ္သည္။

" က်ီက်ိဳးကအရာရွိရထားလုံးၿမိဳ႕အဝင္ဂိတ္ကိုျဖတ္သြားတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကိုျမန္ျမန္အေၾကာင္းၾကားလိုက္"

ၿမိဳ႕ေစာင့္တပ္သားသည္သြက္လက္စြာျမင္းေပၚတတ္၍ ခြၽမ္က်ိဳးအုပ္ခ်ဳပ္ေရးမႉး႐ုံးအေဆာက္အဦးဆီ ဒုန္းစိုင္းစီးသြားသည္။ ပင္မခန္းမေဆာင္ထဲတြင္ အရာရွိဝတ္စုံဝတ္ဆင္ထားသည့္ အရာရွိႏွစ္ေယာက္ထိုင္ေနသည္။

" ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႕တပ္မႉးကိုအေၾကာင္းၾကားပါတယ္ က်ီက်ိဳးကအရာရွိရထားလုံးတစ္စီးၿမိဳ႕အဝင္ဂိတ္ကိုျဖတ္သန္းလာပါတယ္"

ခြၽမ္က်ိဳးျပည္နယ္အုပ္ခ်ဳပ္ေရးမႉးသည္လက္ေဝ့ယမ္းလိုက္ရာ တပ္သားျပန္ထြက္ခြာသြားသည္။

" က်ီက်ိဳးကခြၽမ္က်ိဳးေဘးမွာရွိလို႔ တစ္ေယာက္ေယာက္ကရိုးရိုးေလးျဖတ္သြား႐ုံပဲဟာ ဘာေတြဒီေလာက္ေၾကာင့္ၾကေနတာလဲစုန႔္လင္?"

ခြၽမ္က်ိဳးျပည္နယ္အုပ္ခ်ဳပ္ေရးမႉးသည္ ဝူစုန႔္လင္ရဲ႕က်ဳံ႕ထားတဲ့မ်က္ခုံးေတြကိုအကဲခတ္ၿပီး ဘာမဟုတ္တာေလးကိုဇာခ်ဲ့ေနတယ္လို႔ မေတြးမိပဲမေနနိုင္ေပ။

" က်ဳပ္ကက်ီက်ိဳးအေၾကာင္းစိတ္ပူေနတာမဟုတ္ဘူး က်ဳပ္သတိထားရမဲ့ အေရွ႕ပိုင္းဌာနကလူရမ္းကားေတြရဲ႕လႈပ္ရွားမႈေတြကိုစိတ္ပူေနတာ မၾကာေသးမီကသူတို႔ပင္လယ္ဓားျပေတြကိုဖမ္းမိခဲ့ၿပီးေတာ့ ႐ုတ္တရက္ႀကီးၿငိမ္ခ်က္သားေကာင္းသြားတယ္....သူတို႔အတိုင္းေပ်ာက္ကြယ္သြားမယ္ဆိုတာ က်ဳပ္မယုံဘူး"

" ပင္လယ္ဓားျပေတြငါတို႔စကားမေျပာဆိုတတ္ဘူးေလ သူတို႔တစ္ခုခုကိုေဖာ္ထုတ္ခဲ့ရင္ေတာင္ သူတို႔တကယ္တမ္းဘာမ်ားလုပ္နိုင္မွာလဲ? အေရွ႕ပိုင္းဌာနဆိုတာ မိန္းမစိုးေတြနဲ႕ျပည့္ေနတဲ့ အဖြဲ႕အစည္းငယ္ေလးတစ္ခုသက္သက္ပါကြာ ဒီေလာက္အလြန္အကြၽံသတိထားေနဖို႔ လိုလို႔လား?"

ဝူစုန႔္လင္ မ်က္လုံးေတြက်ဥ္းေျမာင္းကာ အေတြးထဲနစ္ျမဳပ္သြားသည္။

"....ခင္ဗ်ားမွန္ပါေစလို႔ က်ဳပ္ေမွ်ာ္လင့္တယ္ ခြၽမ္က်ိဳးမွာက်ဳပ္ေနလို႔မဝေသးဘူး"




Continue Reading

You'll Also Like

64.9K 7.5K 58
Ch 1443 MC Gu Qing Yao ( ကုချင်းယောင်) ML Mo Bei Han ( မိုဖေးဟန်) စုံတွဲတစ်တွဲက အတူတူပြန်လည်မွေးဖွားလာကာ တစ်ယောက်ကိုတစ်ယောက် ညှို့ယူနေကြသည်။ သူမရဲ့ အ...
161K 4.5K 196
The Gluttonous house's auction feast had an exceptionally good furnace in constitution of a little girl with sky-high price, everyone in looting. Su...
281K 7.4K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...