KIM'S DOCTOR
By hhi_hein
2.7K 433 68
Unicode/ Zawgi More
1
2
3
4
5
414 70 5
By hhi_hein
Unicode
ဆယ်ကျော်သက်တစ်ယောက်
မဟုတ်ပေမယ့် သူမကိုယ်သူမ
ပျက်စီးလာတယ်လို့ ခံစားရတယ် ။
ဆေးရုံမှာ Kim Jisoo မရှိတယ့်
အချိန်ကတည်းက ဆေးရုံသွားဖို့
သူမရဲ့ခြေလှမ်းတွေက မတက်ကြွချင်
တော့ဘူးလေ ။
သူမဆီလာတယ့် လူနာတွေ
ပြောဆိုဆွေးနွေးဖို့အတွက် အခန်းထဲ
တံခါးဖွင့်ဝင်လာတိုင်းလည်း သူမကို
ရိသဲ့သဲ့တွေပြောတတ်တယ့်
Kim Jisoo များဖြစ်နေမလားလို့
တွေးနေမိတတ်သေးတာ ။
သူမဆီ ရောက်လာတယ့် လူနာအဖြစ်
တွေ့ချင်တာတော့ ဘယ်ဟုတ်ပါ့မလဲ ။
သူနေခဲ့တယ့် အခန်းရှေ့ရောက်တိုင်းလည်း
ခြောက်ကပ်ကပ်နဲ့ ခံစားရတယ် ။
Jennie တော့ တော်တော်လေး
ပျက်ဆီးနေပါပြီ ။
ဒီနေ့ရက်ဆို သူနဲ့မတွေ့ရတာ
တစ်ပတ်လောက်ရှိပြီထင်တယ် ။
ဖုန်းနံပတ်မတောင်းသွားတာမလို့
အဆက်အသွယ်လည်း မရှ်ိကြဘူး ။
သူ မရှိတော့လည်း နားအေးတာပေါ့ ။
ဆေးရုံကအပြန် ကုန်တိုက်တစ်ခု
ဝင်ရင်း စားစရာသောက်စရာ
တစ်ပတ်စာ ဝယ်လိုက်သည် ။ ဝိုင်လည်း
ကုန်နေတာမို့ ဝိုင်ရွေးနေရင်း
ဘေးနားကို ဖြတ်ခနဲကြည့်မိတော့
Kim Jisoo ကို တွေ့လိုက်ရသည် ။
Park Chaeyoung ဆိုသော မိန်းကလေးနဲ့
အတူတူပါ ။ လက်တစ်ဖက်က
အထုပ်တွေဆွဲရင်း တစ်ဖက်က
ဟိုမိန်းကလေးရဲ့ပုခုံးကို သိုင်းဖက်
ထားတယ့် Kim Jisoo ကို နည်းနည်းမှ
ကြည့်လို့မရ ။ ပုံစံကိုက မြောက်ကြွ
မြောက်ကြွနဲ့။ 
ပြီးတော့ အနောက်က ပါလာတယ့်
ဝတ်စုံပြည့်နဲ့ လူသုံးယောက်ကိုလည်း
တွေ့ရသည် ။ ရုတ်တရက် လမ်းလျှောက်
နေရာကနေ ရပ်သွားတာမို့ သူမမှာ
အကြည့်လွှဲလိုက်ရပြန်သည် ။
" ဘာလို့ ဆက်တိုက်လိုက်နေတာလဲ "
နေရာက မလှမ်းမကမ်းမလို့
သူတို့ရဲ့စကားပြောသံကို ကြားရသည် ။
ပြီးတော့ Kim Jisoo ရဲ့ စကားပြော
သံကလည်း နိမ့်မနေ ။
" သူဌေးက မျက်ခြေပျက်မခံနဲ့ဆိုလို့ပါ "
" အေး...လိုက်လိုက် ။ ရည်းစားနဲ့ပတ်သွား
တာတောင် ကောင်းကောင်းမသွားရဘူး ။
နော့် Baby "
ပြောရင်း ဘေးနားက မိန်းကလေးရဲ့
ပါးကို ဖျက်ခနဲနမ်းလိုက်တာ
တွေ့လိုက်တာမလို့ Jennie ဒေါသက
ထောင်းခနဲ ထသွားသည် ။ လက်မှာ
ကိုင်ထားထက် ပိုက်ဆံအိတ်တောင်
လွတ်ကျချင်သွားတယ် ။
အဲ့နှစ်ယောက်က သူငယ်ချင်းတွေ
မဟုတ်ဘဲ ရည်းစားတွေလား ။ အဲ့တာဆိုရင်
သူမက သက်သက်  စိတ်ပြေလက်ပျောက်
ကစားခံလိုက်ရတာလား ။
အတွေးနဲ့အတူ မျက်ဝန်းထဲ
မျက်ရည်စို့ချင်လာသည် ။ သူမရဲ့
မာနကို ထိခိုက်တာပဲ ။
သူကစားသွားတာကို မသိဘဲ
မျှော်နေမိတယ့် ကိုယ့်ကိုကိုယ်ပဲ
ဟားတိုက်ချင်မိသည် ။
ပြီးတော့  စိတ်ထဲက အဲ့ Kim Jisoo ကို
ထပ်မတွေးမိဖို့ ၊ ထပ်မတွေ့ဖို့အတွက်
အတွက် ဆုံးဖြတ်လိုက်သည် ။
ရွေးလက်စဝိုင်မဝယ်ဘဲ ဆိုဂျူပဲတစ်ပုံးပဲ
ဝယ်လာခဲ့လိုက်သည် ။ ဒီညတော့
အဝသောက်ပြီး အဲ့အရူးကို ခေါင်းထဲက
ထုတ်ပစ်လိုက်အုံးမယ် ။
🪐
အိမ်ထဲဝင်လာတော့
တွေ့ရခဲတယ့် မျက်နှာကြီးကို
မြင်လိုက်ရတာမို့ Jisoo ခပ်မဲ့မဲ့ပဲ
ပြုံးလိုက်မိတယ် ။ Chaeyoung ကတော့
ဘေးနားကနေ သူ့ရဲ့လက်ကို
ဆုပ်ကိုင်လာပြီး အပေါ်ထပ်ဆွဲခေါ်
သွားဖို့ ပြင်တာမို့ Jisoo
တားလိုက်ပြီး အဆင်ပြေကြောင်း
ခေါင်းညိမ့်ပြလိုက်သည် ။
Chaeyoung ရဲ့ မိဘတွေကလည်း
ဧည့်ခန်းထဲမှာထိုင်ရင်း သူ့ရဲ့အဖေ
ဖြစ်သူကို ဧည့်ခံနေကြသည် ။ Jisoo
သက်ပြင်းခပ်ရှည်ရှည်ကာ အဖေ့ရဲ့
အရှေ့ဝင်ထိုင်လိုက်သည် ။
သူများရှေ့မှာမလို့ ထင်ပါရဲ့
သူ့ကို ကောင်းကောင်းမွန်မွန်ပဲ
ပြောဆိုရှာတယ် ။
Chaeyoung ရဲ့မိဘတွေကလည်း
သူဆေးရုံတက်ထားရတယ့် ကိစ္စကို
မသိကြဘူးလေ ။ အဲ့ကိစ္စကို
အဖေနဲ့အမေရယ် ၊ Chaeyoung ရယ်ပဲ ၊
သူငယ်ချင်းအရင်းအချို့ရယ်ပဲ
သိကြတာ ။
စကားပြောကြပြီး
ပြန်တယ့်အခါ Jisoo ပါ
လိုက်ထွက်လာခဲ့သည် ။ အဲ့အခါမှ
" အိမ်ပြန်လာခဲ့ "
" ဒီမှာပဲနေမယ် "
" ငါ့စကားကို လွန်ဆန်နေတာလား
Kim Jisoo ။ ဆေးချတယ့်ကိစ္စပြီး
ငါ့ကို ဘယ်လိုထပ် အရှက်ခွဲဖို့
ပြင်ဆင်ထားသေးလဲ "
" ဘယ်သူမှ သိသွားခဲ့တာမှ မဟုတ်တာ "
စကားအဆုံး သူ့ရဲ့ပါးပြင်ပေါ်
ရောက်လာတယ့် အားပါးပါး
ရိုက်ချက်တစ်ခု ။ ပါးစပ်ထဲ စီးဝင်လာတယ့်
သွေးစတွေကို ထွေးထုတ်ရင်းပဲ
ခပ်မဲ့မဲ့ပြုံးလိုက်မိပြန်တယ် ။
" အချိုးပြေပြေနေစမ်း ! သတင်းတွေ
ထွက်လာရင် ငါ့အဆိုးမဆိုနဲ့ "
ပြောစရာရှိတာပြောပြီး  အဖေဖြစ်သူ
ပြန်သွားခါမှ Jisoo အိမ်ထဲဝင်လာခဲ့လိုက်သည်။ 
နှုတ်ခမ်းပါသွေးစို့သွားတာမလို့
Chaeyoung ရဲ့မိဘတွေ မမြင်အောင်
အပေါ်ထပ်ပဲ တန်းတက်လာခဲ့လိုက်သည်။ 
သူအခန်းတံခါးဖွင့်တာနဲ့
Chaeyoung က ချက်ချင်း သူ့အနား
ရောက်လာပြီး သွေးစို့နေတယ့်
သူ့ရဲ့နှုတ်ခမ်းကို ကိုင်ကာ
" ဒီအဖိုး‌ကြီးတော့ ! "
‌ချက်ချင်းဒေါသထွက်လာပြီး
မျက်နှာလေးနီရဲလာတယ့် Chaeyoung
ကိုကြည့်ပြီး ရီမိသွားသည် ။
အရင်ကတည်းက သူအရိုက်ခံရတာ
မြင်တိုင်း ၊ သူ့ဒဏ်ရာတွေမြင်တိုင်း
သူ့အဖေကို ကျိန်ဆဲတတ်တယ့်
Chaeyoung ရဲ့အကျင့်က ဘယ်တော့မှ
မပျောက် ။
" အဲ့အဖိုးကြီးက ငါ့အဖေနော် "
Jisoo ရီကျဲကျဲပြောတော့ Chaeyoung က
မျက်စောင်းထိုးလာပြီး
" အရိုက်ခံလာရတာကို ရီနိုင်သေးတယ်နော် "
" ငိုရအောင် ကလေးမှ မဟုတ်တာ...အ "
ရီရင်း နှုတ်ခမ်းက စပ်သွားတာမို့
မျက်နှာမဲ့မိသွားတော့
" လာ ဆေးလိမ်းမယ် ! "
ဘယ်လောက်အရိုက်ခံရပါစေ
မျက်နှာပိုးမသေတယ့် Jisoo ကိုလည်း
အမြင်ကတ်မိတယ် ။ အဖေဆိုတယ့်
လူက သေအောင်ရိုက်နေလည်း
သူက ဘယ်တော့မှ အမှတ်မရှိဘူး ။
Chaeyoung လည်း
သူနဲ့ကျမှပဲ ဆရာဝန်လုံးလုံးဖြစ်တော့တယ် ။
သူနဲ့စသိပါပြီဆိုတည်းက
တစ်နေ့မဟုတ်တစ်နေ့ ဒဏ်ရာ
ရလာတတ်တယ့် သူ့ကို ဆေးလိမ်း
ပေးရတာက Chaeyoung ရဲ့အလုပ် ။
သူ့ကြောင့် Chaeyoung မှာ
ဆေးပုံးကို သပ်သက်ဆောင်ထား
နေရသည် ။ သူ့ကို ဆေးလိမ်းပေးရတိုင်း
Chaeyoung မှာ စိတ်မကောင်း
ဖြစ်လွန်းလို့ အဲ့အဖိုးကြီးကို
သတ်ပစ်ချင်တာ အကြိမ်ကြိမ် ။
ခေါင်းမာပေမယ့် မျက်နှာကတော့
နုနုလေးကို သူ့အဖေမလို့
လုပ်ရက်တယ်လို့ စိတ်ထဲက
ကျိန်ဆဲမိပြန်တယ် ။
" နောက်တစ်ခါ အရိုက်မခံနဲ့ ... ကြားလား "
" အဲ့တာဆို နင့်ဆေးဗူးတွေ
မကုန်ဘဲ နေမှာပေါ့ "
အမြင်ကတ်ကတ်နဲ့ ဒဏ်ရာကို
ဆေးဖိလိမ်းပစ်တော့မှ ရှုံ့မဲ့သွားတယ့်
သွားတယ့် မျက်နှာကိုကြည့်ပြီး
ရီမိသွားတယ် ။ အဲ့အခါမှ သူကလည်း
လိုက်ရီပြီး အရိုက်ခံရလာတယ့်
သူက Chaeyoung စိတ်မကောင်း
ဖြစ်နေတာ သိတာမလို့
ပါးစပ်ထဲရှိသမျှ ပေါက်ကရတွေ
ပြောပြီး Chaeyoung ကို ရီမောလာအောင်
လုပ်ပြန်တယ် ။ 
စကားလုံးတွေနဲ့ မပြောပြဖြစ်ပေမယ့်
ဒီလူသားမရှိဘဲ Chaeyoungတော့
ဘယ်လိုမှနေနိုင်မယ် မထင်ဘူး...။
🪐
" အင်း...ငါတို့လည်း လိုက်ခဲ့မယ်လေ  "
Jeju သွားမယ့်ကိစ္စကို သူငယ်ချင်းဖြစ်သူ
Seulgi ရယ် Joohyun ရယ်နဲ့ပါ
တိုင်ပင်လိုက်ကြသည် ။
သူတို့အခုလောလောဆယ်တော့
စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာစား
နေကြတာ ။ Jisoo ဆေးရုံဆင်းကတည်းက
ပထမဆုံး ပြန်တွေ့ကြခြင်းလေ ။
Chaeyoung ကတော့  ခဏနေမှ
လာခဲ့မယ်ပြောသည် ။
" နေအိမ်အကျယ်ချုပ်မဟုတ်တာပဲ
တော်သေးတယ် "
Seulgi က မှန်ထဲကနေတဆင့်
အပြင်က Jisoo နောက်ကို လိုက်လာတယ့်
အစောင့်သုံးယောက်အား လှမ်းကြည့်ရင်း
ပြော‌သည် ။ Jisoo ကတော့
ပုခုံးနှစ်ဖက်တွန့်လိုက်ရင်း
" သူတို့ကျေးဇူးနဲ့ ငါဘာသာ ဘယ်နေရာမှ
လွတ်လွတ်လပ်လပ်မသွားနိုင်ဘူးလေ ။
စိတ်မပူပါနဲ့ Jeju တော့ မပါလာနိုင်ပါဘူး ။
သူတို့ကို လေယာဉ်ကွင်းမှာတင်
မျက်စဖျောက်လို့ရပါတယ်..."
" ပါလာရင်တော့ ငါချက်ချင်း
အိမ်ထပြန်မယ် "
Joohyun ရဲ့စကားကြောင့် Jisoo
ရီလိုက်မိသည် ။ အဖေဖြစ်သူက
Jisoo ပြသာနာထပ်ရှာပြီး သတင်းထွက်မှာ
စိုးလို့ သူ့လူတွေကို လိုက်စောင့်ကြည့်ခိုင်း
နေတာကြောင့် Jisoo မှာ 
တွေ့ချင်မိတယ့် ဒေါက်တာ့ကိုတောင်
သွားမတွေ့နိုင် ။
သွားလာခွင့်တားမြစ်ထားတာမျိုး
မဟုတ်ပေမယ့် ဘယ်နေရာသွားသွား
အနောက်က ဆက်တိုက်ပါနေကြတော့
သူ့အတွက် မလွတ်လပ်ဘူးလေ ။
ခဏနေကျတော့ Chaeyoung
ရောက်လာသည် ။ ရောက်လာတာနဲ့
အရောင်သိပ်မလျော့သေးတယ့်
ဒဏ်ရာတွေကို ထိကြည့်ကိုင်ကြည့်
လုပ်ကြည့်နေသည် ။
" သူက နင့်ကလေးလား "
Seulgi ရဲ့ အမေးကြောင့်
မျက်စောင်းတစ်ခုကို အလိုအလျောက်
Chaeyoung ပေးလိုက်မိသည် ။
" ဘာဖြစ်ဖြစ်ပေါ့ "
🪐
အိပ်ခါနီး ခြေရေလက်ရေဆေးပြီး
သည်နှင့် အိပ်ဖို့ပြင်တုန်း
ကုတင်ပေါ်တင်ထားတယ့် ဖုန်းသံဟာ
မြည်လာသည် ။ လှမ်းကြည့်လိုက်တော့
သူစိမ်းဖုန်းနံပတ်မလို့မကိုင်ဘဲ
ထားလိုက်သည် ။ ဒါပေမယ့်
နောက်တစ်ကြိမ်ထပ်ခေါ်လာတာမို့
ဖုန်းအသံပိတ်ဖို့ရာ ယူလိုက်တုန်း
မှာပဲ ဖုန်းက ကျသွားပြီး Message
တစ်စောင်ဝင်လာသည် ။
' ဒေါက်တာ ဘာလို့ဖုန်းမကိုင်တာလဲ '
ဘယ်သူလဲဆိုတာ ချက်ချင်း
သိလိုက်တာမို့ စိတ်ထဲဒေါသက
ထောင်းခနဲ ထသွားသည် ။ ဟိုတစ်နေ့ကတင်
သူ့ကို ခေါင်းထဲက ထုတ်ဖို့ဆိုပြီး
ဆိုဂျူအမှောက်သောက်လိုက်တာ
အရက်နာကျပြီး ဆေးရုံတောင်
မသွားလိုက်နိုင် ။
" မျက်နှာပြောင်တယ့် လူ ! "
ဖုန်းထပ်ပြီးဝင်လာသည်မို့
ဒီတစ်ခါတော့ Jennie ကိုင်လိုက်သည် ။
" ဖုန်းကိုင်တာဘာလို့ အရမ်းကြာနေတာ
လဲ ဒေါက်တာ "
" ကြာကြာပေါ့ ရှင့်အပူပါလား "
သူ့ဘက်က ရီသံကို ကြားလိုက်ရသည် ။
" ‌ပြောရက်လိုက်တာ ဒေါက်တာကလဲ ။
ဒီက သူ့ဖုန်းနံပတ်ကို စုံစမ်းထားတယ့်
ဟာကို..."
" အဲ့တာရှင့်အပိုင်းလေ "
" ဘာများဖြစ်နေတာလဲ...ပြောလိုက်ရင်
ဘုနဲ့ဘောက်ချည်းပဲ "
" ဘာမှမဖြစ်ဘူး ။ ရည်းစားငုတ်တုတ်နဲ့
ဖြစ်နေပြီး ကျွန်မကို ထပ်မဆက်သွယ်နဲ့ ဒါပဲ ! "
တဖက်က ဖုန်းချသွားတယ့်
ဒေါက်တာ့ကြောင့် Jisoo မှာ ခေါင်းစား
သွားရသည် ။ နဂိုတည်းကလည်း
ချိုသာတယ့်လူမဟုတ်ပေမယ့် ဒီနေ့ကျမှ
ပိုပြီး ဆိုးနေသလိုလို ။ ဒေါက်တာ အခု
မူးများမူးနေသလား ထင်ရတယ် ။
" ဖုန်းပြောနေတာလား "
အခန်းထဲ ဝင်လာတယ့်
Chaeyoung က သူရှိတယ့် ဝံရံတာဆီ
လျှောက်လာတော့ Jisoo ဖုန်းကို
အိတ်ကပ်ထဲထည့်လိုက်ပြီး
" အင်း "
" ဘယ်သူနဲ့လဲ "
" လူနဲ့ပေါ့ "
စကားကို ကောင်းကောင်းမဖြေဘဲ
အနားက ထွက်သွားကာ
ကုတင်ပေါ်သွားလှဲနေတယ့် Kim Jisoo
ကြောင့် Chaeyoung  ခေါင်းခါ
လိုက်မိတော့သည် ။
Chaeyoung မှာ သူဆေးပြန်သုံးမှာ
စိုးတာကြောင့် အရိပ်တကြည့်ကြည့်လည်း
ဂရုစိုက်ရသေးသည် ။
Chaeyoung လည်း လိမ္မာပြီး
ရင့်ကျက်တယ့်လူငယ်တစ်ယောက်
မဟုတ်ပေမယ့် ဆေးတော့မသုံးခဲ့ဘူးလေ ။
အဲ့ Kim Jisoo ကသာ တွေ့သမျှ
လူမှန်သမျှ အကုန်ပေါင်းပြီး
ဆေးသုံးတယ့်အထိ ဖြစ်ခဲ့ရတာ ။
🪐
" 1 ပတ်လောက်တော့ကြာမယ် ။
ထပ်လိုက်ချင်တယ့်လူရှိသေးရင်
စာရင်းပေးလို့ရသေးတယ် "
ဆေးရုံအုပ်ရဲ့စကားကြောင့်‌
ဒေါက်တာတွေ တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်ကုန်ကြသည် ။
နယ်ဘက်ဆင်းမယ်ဆိုတာ သိပ်ပင်ပန်း
တယ့်ကိစ္စမဟုတ်လား ။
" ကျွန်မ လိုက်ပါ့မယ်..."
Jennie လက်ထောင်လိုက်တော့
အကုန်လုံးရဲ့အကြည့်က သူမဆီ
ရောက်လာကြသည် ။
ဘေးနားက Sooyoung က
သူမအား တံတောင်နဲ့လှမ်းတွတ်သည် ။
" ဘာအရူးထနေတာလဲ "
တစ်ခါမှ နယ်ဘက်ဆင်းတာ
မလိုက်ဘူးတယ့် သူမကို ဆေးရုံအုပ်အစ
အထူးအဆန်းဖြစ်နေသည် ။
လူကြောက်တာမျိုးမဟုတ်ပေမယ့်
မသိတယ့်လူတွေအများကြီးနဲ့ဆို
ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတာမလို့
အရင်က အခုလို ပညာပေးဟောပြောပွဲတွေ
မလိုက်ဖူးခဲ့ဘူးလေ ။
အခုတော့ စိတ်လည်း
အနားယူဖို့လိုအပ်သလို ၊ ခပ်ဝေးဝေး
နေရာကို သွားချင်စိတ်ဖြစ်မိတာ
မလို့ လိုက်ဖို့ဆုံးဖြတ်လိုက်တာ
ဖြစ်သည် ။
မသိတယ့်လူတွေအများကြီးကို
ဟောပြော‌ရတာက Kim Jisoo ရဲ့
အကြောင်းတွေးနေမိတာထက်
စာရင်တော့ ပိုကောင်းတယ်
မဟုတ်လား  ။
" မြို့ပေါ်မဟုတ်ဘူးနော် Kim Jennie ။
အဲ့ဘက်က ရွာတွေဆီသွားရမှာ "
Sooyoung က ခပ်တိုးတိုးဖြင့်
သတိပေးတော့ Jennie ခေါင်းညိမ့်ပြလိုက်ပြီး
" တောင်ပေါ်တွေတောင် သွားပြီး စေတနာ့ဝန်ထမ်း လုပ်ဖူးပါတယ်ဟဲ့ "
Sooyoung က ခေါင်းတဆတ်ဆတ်
ညိမ့်ပြသည် ။
သူကတော့ လိုက်မယ့်ပုံမပေါ်ပါ ။
🪐
" နင့်လက်က tattoo လား "
Seulgi ရဲ့ အမေးကြောင့်
Jisoo ပြုံးလိုက်ရင်း သူ့လက်ကောက်ဝတ်ကို
ရှေ့တိုးပြလိုက်သည် ။ အဲ့တော့
Seulgi က မျက်မှောင်ကြီးကြုံ့ကာ
ဖတ်ပြီး
" Kim...? ကိုယ့်ကိုကိုယ်အဲ့လောက်
ချစ်နေသလား ? "
Seulgi ရဲ့ခေါင်းကို ထုထည့်လိုက်သည် ။
" ငါ့မျိုးရိုးနမည်ကြီး ရည်ရွယ်တာ
မဟုတ်ဘူးဟဲ့ ။ တခြားသူရဲ့မျိုးရိုးနမည်...။  ဒါက ယာယီ tattoo‌လေးပါ
အစစ်မဟုတ်ဘူး..."
" သွားမယ်လေ ဟိုနှစ်ယောက် ! "
Joohyun နဲ့ Chaeyoung က
သူတို့ကို လေယာဉ်ပေါ်တက်ဖို့ လှမ်း
ခေါ်နေတာမလို့ သူတို့စကားကဖြတ်ကာ
ပြေးသွားကြသည် ။
" Chaeyoung ! Jisoo tattoo
ထိုးလာတယ် "
" ဟုတ်လား "
" မဟုတ်ပါဘူး...ယာယီတက်တူးလေးပါ...။
အစစ်မဟုတ်ဘူး "
လက်ကောက်ဝတ်က တက်တူးကို
ပြလိုက်တော့ Chaeyoung က
မျက်မှောင်ကြုံ့ကာ
သူ့ကိုကြည့်လာပြီး
" အဲ့တာ ဘာကိုရည်ရွယ်တာလဲ "
သူမ မေးတာကို မဖြေဘဲ
အရှေ့ကနေ Seulgi နဲ့ပြေးသွားတယ့်
Jisoo ကို ကြည့်ပြီး စိတ်ထဲ ထင့်သွားရသည် ။
ဘေးနားက Joohyun ကတော့
သူမရဲ့ လက်မောင်းကို လာချိတ်ရင်း
" ဘာတွေလျှောက်တွေးနေတာလဲ ။
ဒီအတိုင်း သူ့နမည်သူရေးလာတာ
ဖြစ်မှာပေါ့ဟယ် ။ Kim Jisoo က
အမြဲ ဘာမှမ‌တွေးဘဲ  လုပ်ချင်တာ
လုပ်နေကြပဲကို ။ ခရီးသွားမှာ
‌ပြုံးနေစမ်းပါ "
သူမရဲ့စိတ်ကို သိနေတယ့်
Joohyun က နှစ်သိမ့်ပေးသည် ။ စပြီး
ရင်ဖွင့်ခဲ့တာမျိုးမရှိပေမယ့် အမြဲတမ်း
အကဲခတ်မြန်တယ့် Joohyun က
သူမရဲ့စိတ်ကို သိနေခဲ့တယ်လေ ။
Chaeyoung ဘာမှမဖြစ်သလို
ဘေးနားက Joohyun ကို
ပြုံးပြလိုက်ရင်း
" ဘာမှမတွေးပါဘူးဟာ ။
သွားကြရအောင် "
🪐
" ကျန်းမာလေးလည်း ဂရုစိုက်အုံးနော် ။
ဟိုဆေးရုံဆင်းသွားတယ့် လူနာလေး
ကိုလည်း တအားလွမ်းမနေနဲ့အုံး "
သူမကို လေဆိပ်လိုက်ပို့ရင်း
စနောက်နေတယ့် Sooyoung ကို
မျက်စောင်းထိုးလိုက်မိသည် ။
Sooyoung က သူမနဲ့Kim Jisoo
အဆင့်ကျော်ခဲ့မိတယ့် ကိစ္စကို
မသိသလို အခုသူမ ကစားခံလိုက်
ရတယ့် ကိစ္စကိုလည်း မသိသေးဘူး ။
သူက ဒီတိုင်း Kim Jisoo က
Jennie ကို သဘောကျတယ်
ထင်နေလို့ စနေတာ ။ သူ့သူငယ်ချင်း
ကစားခံလိုက်ရတာကိုတော့
မသိသေးဘူး ။
Jennie ကလည်း မပြောပြဖြစ်ပါဘူး ။
ရှက်လွန်းလို့ ပြောလည်းမပြောပြ
ချင်ဘူး ။
လောလောဆယ် စိတ်ကတော့
အဲ့ Kim Jisoo မျက်စိရှေ့
ရောက်လာတာနဲ့ လည်ပင်းညှစ်ပြီး
အသေသတ်ပစ်လိုက်ချင်သည် ။
" အဲ့အရူးကို နင်ပဲလွမ်း !
ငါတော့ စိတ်ကူးထဲကို မရှိဘူး "
" အဲ့တာဆိုရင်တော့ ကျေးဇူးပါ ။
ငါပဲ သူ့ကို ယူလိုက်တော့မယ် "
" ယူယူမယူယူ..."
Sooyoung ကတော့
သူမရဲ့ဆူပုတ်နေတယ့် မျက်နှာထားကို
ကြည့်ပြီး အူတက်နေသည် ။
" သွားတော့မယ်...တခြားအဖွဲ့တွေ
အထဲမှာ ရောက်နေကြပြီတယ့် "
Sooyoung ကို နှုတ်ဆက်ခဲ့ရင်း
သူမ လေဆိပ်ထဲသို့ ဝင်လာခဲ့လိုက်သည် ။
စိတ်ပြေလက်ပျောက်နဲ့နေရင်း
ခေါင်းထဲ ရှိသမျှကို ဖျောက်ပစ်လိုက်
အုံးမည် ။ အဲ့ Kim Jisoo ကတော့
ထိပ်ဆုံး‌ကပေါ့ ။
To be continued
Zawgi
ဆယ်ကျော်သက်တစ်ယောက်
တော့ဘူးလေ ။
သူမဆီလာတယ့် လူနာတွေ
တွေးနေမိတတ်သေးတာ ။
ပျက်ဆီးနေပါပြီ ။
အဆက်အသွယ်လည်း မရှိကြဘူး ။
တစ်ပတ်စာ ဝယ်လိုက်သည် ။ ဝိုင်လည်း
အတူတူပါ ။ လက်တစ်ဖက်က
ကြည့်လို့မရ ။ ပုံစံကိုက မြောက်ကြွ
မြောက်ကြွနဲ့။ 
တွေ့ရသည် ။ ရုတ်တရက် လမ်းလျှောက်
သံကလည်း နိမ့်မနေ ။
" အေး...လိုက်လိုက် ။ ရည်းစားနဲ့ပတ်သွား
နော့် Baby "
ထောင်းခနဲ ထသွားသည် ။ လက်မှာ
လွတ်ကျချင်သွားတယ် ။
ကစားခံလိုက်ရတာလား ။
မာနကို ထိခိုက်တာပဲ ။
ဟားတိုက်ချင်မိသည် ။
ဝယ်လာခဲ့လိုက်သည် ။ ဒီညတော့
ထုတ်ပစ်လိုက်အုံးမယ် ။
🪐
အိမ်ထဲဝင်လာတော့
ပြုံးလိုက်မိတယ် ။ Chaeyoung ကတော့
ပြောဆိုရှာတယ် ။
မသိကြဘူးလေ ။ အဲ့ကိစ္စကို
သိကြတာ ။
စကားပြောကြပြီး
ပြန်တယ့်အခါ Jisoo ပါ
လိုက်ထွက်လာခဲ့သည် ။ အဲ့အခါမှ
" အိမ်ပြန်လာခဲ့ "
" ဒီမှာပဲနေမယ် "
Kim Jisoo ။ ဆေးချတယ့်ကိစ္စပြီး
ပြင်ဆင်ထားသေးလဲ "
" ဒီအဖိုး‌ကြီးတော့ ! "
မပျောက် ။
" လာ ဆေးလိမ်းမယ် ! "
အမြင်ကတ်မိတယ် ။ အဖေဆိုတယ့်
Chaeyoung လည်း
ကျိန်ဆဲမိပြန်တယ် ။
မကုန်ဘဲ နေမှာပေါ့ "
ရီမိသွားတယ် ။ အဲ့အခါမှ သူကလည်း
ဖြစ်နေတာ သိတာမလို့
လုပ်ပြန်တယ် ။ 
🪐
တိုင်ပင်လိုက်ကြသည် ။
လာခဲ့မယ်ပြောသည် ။
တော်သေးတယ် "
ပြော‌သည် ။ Jisoo ကတော့
အိမ်ထပြန်မယ် "
ရီလိုက်မိသည် ။ အဖေဖြစ်သူက
နေတာကြောင့် Jisoo မှာ 
သွားမတွေ့နိုင် ။
ခဏနေကျတော့ Chaeyoung
ရောက်လာသည် ။ ရောက်လာတာနဲ့
လုပ်ကြည့်နေသည် ။
" သူက နင့်ကလေးလား "
" ဘာဖြစ်ဖြစ်ပေါ့ "
🪐
မြည်လာသည် ။ လှမ်းကြည့်လိုက်တော့
ထားလိုက်သည် ။ ဒါပေမယ့်
တစ်စောင်ဝင်လာသည် ။
ထောင်းခနဲ ထသွားသည် ။ ဟိုတစ်နေ့ကတင်
မသွားလိုက်နိုင် ။
" မျက်နှာပြောင်တယ့် လူ ! "
လဲ ဒေါက်တာ "
ဟာကို..."
" အဲ့တာရှင့်အပိုင်းလေ "
ဘုနဲ့ဘောက်ချည်းပဲ "
" ဘာမှမဖြစ်ဘူး ။ ရည်းစားငုတ်တုတ်နဲ့
သွားရသည် ။ နဂိုတည်းကလည်း
" ဖုန်းပြောနေတာလား "
အခန်းထဲ ဝင်လာတယ့်
" အင်း "
" ဘယ်သူနဲ့လဲ "
" လူနဲ့ပေါ့ "
အနားက ထွက်သွားကာ
လိုက်မိတော့သည် ။
ဂရုစိုက်ရသေးသည် ။
🪐
" 1 ပတ်လောက်တော့ကြာမယ် ။
တယ့်ကိစ္စမဟုတ်လား ။
" ကျွန်မ လိုက်ပါ့မယ်..."
ရောက်လာကြသည် ။
ဘေးနားက Sooyoung က
" ဘာအရူးထနေတာလဲ "
တစ်ခါမှ နယ်ဘက်ဆင်းတာ
အထူးအဆန်းဖြစ်နေသည် ။
မလိုက်ဖူးခဲ့ဘူးလေ ။
အခုတော့ စိတ်လည်း
ဖြစ်သည် ။
မဟုတ်လား  ။
ညိမ့်ပြသည် ။
🪐
" နင့်လက်က tattoo လား "
ရှေ့တိုးပြလိုက်သည် ။ အဲ့တော့
ဖတ်ပြီး
ချစ်နေသလား ? "
အစစ်မဟုတ်ဘူး..."
ပြေးသွားကြသည် ။
ထိုးလာတယ် "
" ဟုတ်လား "
အစစ်မဟုတ်ဘူး "
မျက်မှောင်ကြုံ့ကာ
သူ့ကိုကြည့်လာပြီး
သူမ မေးတာကို မဖြေဘဲ
ဘေးနားက Joohyun ကတော့
ဖြစ်မှာပေါ့ဟယ် ။ Kim Jisoo က
လုပ်နေကြပဲကို ။ ခရီးသွားမှာ
‌ပြုံးနေစမ်းပါ "
ဘေးနားက Joohyun ကို
ပြုံးပြလိုက်ရင်း
" ဘာမှမတွေးပါဘူးဟာ ။
သွားကြရအောင် "
🪐
Jennie ကို သဘောကျတယ်
ထင်နေလို့ စနေတာ ။ သူ့သူငယ်ချင်း
မသိသေးဘူး ။
ချင်ဘူး ။
လောလောဆယ် စိတ်ကတော့
" ယူယူမယူယူ..."
Sooyoung ကတော့
ကြည့်ပြီး အူတက်နေသည် ။
အုံးမည် ။ အဲ့ Kim Jisoo ကတော့
ထိပ်ဆုံး‌ကပေါ့ ။
To be continued
Continue Reading
You'll Also Like
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
5.1K 240 19
Love=အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာမြောက်မြားလှတဲ့အဓိပ္ပါယ်တွေရှိနေတယ်။ချစ်သူနှစ်ဦးဟာအထင်လွဲမှုတွေ၊သဝန်တိုလွန်းတာတွေ၊တစ်ကိုယ်ကောင်းဆန်မှုတွေ၊မာနတွေနဲ့...
1.7K 206 6
အနုပညာ ၊ မဟုတ်တာ ၊ မင်း မရှိရင် သူက စကားလုံးသက်သက်ပါပဲ ။