3

509 91 7
                                    

သူမရဲ့ရုံးခန်းတံခါးခေါက်သံနှင့်အတူ
Jisoo ကအထဲကိုဝင်လာတယ် ။
သူ့ရဲ့ ပီတီတီမျက်နှာပေးကြောင့်
Jennie တော့ ခပ်လန့်လန့်ရယ် ။
ဒါပေမယ့်လည်း အရင်ဆုံး
Treatmentအတွက် ဆွေးနွေးဖို့
ချိန်းထားတာကို လာပေးတယ့်အတွက်ပဲ
အရင် ကျေးဇူးတင်ရမယ်တူတယ် ။

သူက ထုံးစံအတိုင်း အေးအေးဆေးဆေးနဲ့
Jennie ရဲ့ စားပွဲရှေ့က ထိုင်ခုံမှာ
ဝင်ထိုင်တယ် ။ ပြီးတော့ ထုံးစံကအတိုင်း
သူမကို ရီဝေဝေနဲ့ကြည့်နေပြန်တယ် ။

" မကြိုက်လောက်ဘူးထင်လို့
ဒေါက်တာဆီမလာဘဲနေတာကို ဒေါက်တာ
ကတော့ ငါ့ကို လာခေါ်တာပဲ "

" Jisoo...ကျွန်မက ဆရာဝန်ပါ  ။
Personal ကိစ္စအတွက်နဲ့ ရှင့်ကို
treatment လုပ်နေတယ့်
ကိစ္စကို ပျက်ကွက်မှာမဟုတ်ဘူး "

သူမပြောတော့ သူက
နောက်ပြောင်‌နေသလို ခေါင်းတဆတ်ဆတ်
ငြိမ့်နေတယ် ။ တကယ်ပဲ
ကောက်ထုလိုက်ချင်မိတယ် ။

Jennie အနေနဲ့တကယ်ပဲ
နေရခက်သလိုခံစားပေမယ့်
သူမက ဆရာဝန်တစ်ယောက်ဆိုတာ
လည်း မေ့ထားလို့ မဖြစ်ဘူးလေ ။
ကိုယ့်လူနာကိုယ် တာဝန်ယူရမှာပေါ့ ။

" အဲ့လို တစ်လတ်စတည်း
ငါ့နှုတ်ခမ်းကိုပါ treatment လုပ်ပေးပါလား
ဒေါက်တာ...။ Cigarette လည်း
မသောက်ရဘူးဆိုတော့ နေရခက်နေတယ် "

Jennie သူ့ကို မျက်စောင်းထိုးလိုက်တော့
သူက သဘောတကျရယ်တယ် ။
ဒီအရူးကို အစကတည်းက
ဆေးရုံပြောင်းခိုင်းပစ်သင့်တာ ။

အတွေးသက်သက်ပါပဲ...

" ဒေါက်တာ..."

" ပြော "

" စိမ်းကားလိုက်တာ။  ဒီကိုလာဖို့
ခေါ်လာတယ့် လူက
သူမဟုတ်တယ့်အတိုင်းပဲ "

သူမကို ဆူပုတ်ပုတ်နဲ့ ‌ရန်ရှာနေတယ့်
Kim Jisoo ရုပ်ကြောင့်
ရယ်ချင်မိသွားတယ် ။
သူက တဇွတ်ထိုးဆန်ပြီး
ယဉ်ကျေးမှုအရှိတယ့်အပြင်
ဒီလိုလည်း ကလေးဆန်တတ်သေးတာပဲ။ 

ရယ်ချင်တယ့်စိတ်ကိုတော့
မြိုသိပ်လိုက်ပြီး အရှေ့က သူ့ကို
မျက်နှာထားတည်တည်နဲ့
ကြည့်လိုက်ရင်း

KIM'S DOCTOR Where stories live. Discover now