🪐
ညနေစာစားဖို့အတွက်
အခန်းထဲက ထွက်လာတော့
လူနာဝတ်စုံနဲ့ Jisoo ကိုတွေ့သည် ။
ဂိမ်းစက်တစ်လုံးကိုင်ပြီး သူမရဲ့
အခန်းရှေ့တည့်တည့်က တန်းလျားမှာ
ထိုင်နေတာ ။ ဂိမ်းတော့ဆော့မနေဘူး ဒီတိုင်းကိုင်ထားပြီး သူမကို ကြည့်နေတာ ။သူ့ရဲ့အဲ့လို ရီဝေဝေအကြည့်တွေနဲ့ဆုံမိရင် ၊
သူအဲ့လို သူမကို စိုက်ကြည့်နေရင်
Jennie စိတ်လှုပ်ရှားမိတယ် ။မျက်တွင်းအနည်းငယ်ညိုနေတယ့်
မျက်ဝန်းတွေက သူမကိုယ်သူမ
မေးခွန်းတွေများစေတယ် ။ ဒါကြောင့်
လောလောဆယ် သူ့အကြည့်တွေကနေ
ရှောင်ဖယ်ပြီး ထွက်လာခဲ့တော့
သူက ဘေးကနေ ပါလာတယ် ။" ဘယ်သွားမို့လို့လဲ "
" အိမ် "
" ဒီကို ပြန်မလာတော့ဘူးလား "
" ညဂျူတီအတွက် ပြန်လာရမှာ "
" ပြန်လာရင် ညစာအတူစားရအောင် "
Jennie ခြေလှမ်းတွေကို
ရပ်လိုက်မိတယ် ။ သူမတို့ ဆေးရုံ
ဝင်ပေါက်ရှေ့ရောက်နေကြပြီလေ ။အရှေ့က Jisoo ကလူနာဝတ်စုံနဲ့တောင်
ကြည့်ကောင်းနေသေးက ခေါင်းကိုက်စရာပဲ ။
တကယ်ကို ကြည့်ကောင်းနေတာ ။" ကျွန်မ မအားဘူး "
" Date ဖို့ချိန်းထားတယ့်လူရှိလို့လား "
သူက အေးအေးဆေးဆေးပဲမေးတယ် ။
ချိန်းထားတာ ဘယ်သူမှမရှိပေမယ့်
Jennie နားအေးချင်တာမို့" ရှိတယ် "
သူ့ရဲ့တုံ့ပြန်မှုကို Jennie သိချင်တယ် ။
သူမမှာ Date မယ့်လူရှိတယ်ဆို
Jisoo ကဘယ်လိုမျိုး တုံ့ပြန်မလဲ
စိတ်ဝင်စားမိတယ် ။Jisoo က သူမရဲ့စကားကို တုံ့ပြန်ပုံက
အေးအေးဆေးဆေးပင် ။" Ommm အဲ့လူက ငါပဲလေ ။
ပြန်လာရင် Date ကြစို့ ဒေါက်တာ "ပြောပြီးသည်နှင့် Jisoo က
ဆေးရုံထဲ ပြန်ဝင်သွားတယ် ။ သူမသာ
မလှုပ်မယှက်နဲ့ ဆေးရုံရှေ့မှာ ရပ်နေရင်း
အထဲဝင်သွားတယ့် သူ့ကို
လှမ်းကြည့်နေမိတာ ။