''ပိုးသားလို...အချစ်''(comple...

By lae0327

5.9K 781 130

ချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား More

Ep(1)💛
2💛
Ep(3)
Ep(4)💛
Ep(5)
Ep(6)❤
Ep(7)
Ep(8)
Ep(9)
Ep(10)💛💛
11 Ro💛
Ep(12)
Ep(13)💛
Ep(14)🔞
Ep(15)💛
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(21)
final

Ep(20)

196 32 6
By lae0327

ချယ့်အကိုလိုက်ပို့သောအုတ်ဂူလေးရှေ့ ဂျီဆူးမလှုပ်မယှက်ရပ်နေမိ၏။ တစ်ကယ်ပဲကိုး

ထင်ရှားစွာရေးထားသောမောင့်နာမည်စာသားအား လက်ဖြင့်တို့ထိကြည့်ရင်း ထိန်းမရနိုင်သောမျက်ရည်တို့သည်တစ်ပေါက်ပေါက်စီးကျ၍လာလေ၏။

ပြုံးပြနေသောဓာတ်ပုံထဲမှမောင့်အားထွေးဖက်ခွင့်ရချင်မိပါ၏။ ဘာလို့များထွက်သွားခဲ့ရသလဲမောင်။ ကျမကို ဘဝတစ်ခုလုံးစိတ်ချစွာနဲ့ဘယ်လိုများ ထားရစ်ခဲ့နိုင်ရတာလဲ။

သေးသေးလေးကအစ ထိခိုက်မှာစိတ်ပူတတ်တဲ့မောင်က အခုကျမကိုစိတ်ချလက်ချတစ်ယောက်ထဲ ထားရစ်ခဲ့နိုင်သလား။

အဘယ်အရပ်ကနေ ကျမကိုကြည့်နေသလဲမောင်။ ရှင်ကျန်ရင်းငရဲကျနေတဲ့ကျမကို တစ်ခါထဲခေါ်သွားခဲ့ပါရော့လား။

ဒီလူဟာဒီကမ္ဘာမှာရှင်သန်လိုစိတ်မရှိတော့တာတောင် သေမင်းဟာကျမကိုခေါ်ယူဖို့အလှည့်မကျသေးဟန်ပင်။အခြားသောလူကောင်းများကို လိုက်လံခေါ်ယူနေမည့်အစား မောင့်အားသေစေခဲ့သောကျမကိုသာ ခေါ်ယူသွားပါလားအသင်သေမင်း..။

ဒီဘဝမှာပေါင်းဖက်ခွင့်မရခဲ့တဲ့ကျမတို့ကို နောင်ဘဝတွင်တွေ့ဆုံခွင့်ပေးပါတော့။

ရှင်သန်လိုစိတ်မရှိတော့ပြီ။ မောင်မရှိတော့သောဤကမ္ဘာတွင်ကျမ မနေလိုတော့ပြီ။ ရှိနေသေးသောအားအင်ယဲ့ယဲ့ကို လွှတ်ချလိုက်ပြီမို့ကျမခန္ဓာကိုယ်သည် ခွေညွတ်၍ကျသွားခဲ့ရှာလေပြီ။
.
.
.
.
.
''သမီးလုပ်လက်စဒီအထည်လေးပြီးရင် နားလိုက်အုံးနော်

ကျမပြန်မဖြေပါ။ချုပ်လက်စအထည်ကိုသာ ဆက်လက်၍ချုပ်နေလိုက်သည်။ သူ့အားသတိမရစေရန် အားလပ်နေတာမျိုးမဖြစ်ရအောင် အလုပ်ကိုသာကျမ ဖိလုပ်နေမိသည်။

အိမ်ရှေ့တွင်စကားပြောသံအချို့ကို ကြားရပြီးနောက် ကျမအခန်းတံခါးအားလာခေါက်သံကြားရ၏။

''ဝင်ခဲ့လေ

မိမိအခန်းတံခါးကိုလာခေါက်မည့်သူဆိုလို့ အိုင်းရင်းမှတပါး အခြားသူမရှိ၍အခုလာသူမှာသူမဖြစ်ကြောင်းကို အတပ်သိ၏။

''လာလိုက်တိုင်းအလုပ်လုပ်နေတာပဲနော် နည်းနည်းပါးပါးနားပါအုံးလားကင်ဂျီဆူးရ

''မနားချင်ပါဘူးဟာ အလုပ်လုပ်နေတာကမှပိုနေလို့အဆင်ပြေသေးတယ် နင်အခုရောဘာလာလုပ်တာလဲ

''ဘာလုပ်ရမလဲ လာလည်တာပေါ့ အခုငါတက်နေတဲ့သင်တန်းပိတ်ထားတယ်လေ အဲ့ကြောင့်ပျင်းလို့လာတာ

ဒီလိုပါပဲ။ အိုင်းရင်းက တစ်နှစ်ကိုလေးငါးခါတော့ အိမ်လာလည်တတ်သည်။ တစ်ခါတစ်လေတော့ အိမ်မှာပင်ညအိပ်သွားတတ်သည်။

''လှလိုက်တာ ဒါနင်ချုပ်ထားတာလား

ကျမ ချုပ်ထား၍ဘေးဖယ်ထားသောအထည်တစ်ခုအားယူ၍ အိုင်းရင်းကပြော၏။

''ငါမချုပ်လို့ ဘယ်သူလာချုပ်မှာလဲ

''လှလိုက်တာ ငါဝတ်ကြည့်လို့ရတယ်မလား

''မရဘူး ပေသွားရင်ဒုက္ခရောက်လိမ့်မယ်

''ဟွန်း...သူ့ဟာဆိုအမြဲအဲ့လိုပဲ နေနေ မဝတ်ဘူး ငါ့ဘာသာဓာတ်ပုံရိုက်သွားမယ် ပြီးမှဒီပုံစံအတိုင်းချုပ်ဝတ်အုံးမယ်

ပြောပြီးပုံတွေရိုက်နေသောအိုင်းရင်း။ ကျမနှင့်အိုင်းရင်းက ခင်တယ်ဆိုသော်ငြား စကားတော့သိပ်မပြောဖြစ်ပါ။ ဘာလို့ဆို ကျမမှအပိုစကားတွေမပြောချင်တော့ပဲ။

''ကင်ဂျီဆူး နင့်စာမေးပွဲနီးနေပြီမလား စာမလုပ်ဘူးလား

''လုပ်ပါတယ်

''စာမကျက်ပဲ အဝတ်ချုပ်နေတဲ့သူကို ငါအခုမှမြင်ဖူးတယ်

''ရတယ် ကျသွားလည်းဘာမှမဖြစ်ဘူး

ဘယ်အရာကိုမှ အလေးအနက်မထားသောဂျီဆူးအားကြည့်၍ အိုင်းရင်းပြောရမည့်စကားပျောက်သွားရသည်။

''နင်ဟာလေ စကားပြောလိုက်ရင်ဘုနဲ့ဘောက်ပဲ
အော်..ဒီမှာနင့်အတွက်ငါပစ္စည်းတစ်ချို့ဝယ်လာတယ်

ကျမ မော့၍ပင်မကြည့်မိပါ။ ဘာပစ္စည်းလဲ၊ဘယ်လိုဟာလဲဆိုတာကိုလည်း လုံးဝပင်သိချင်စိတ်မရှိပါ။

''မကြည့်ချင်ဘူးလား ငါခုံပေါ်တင်ထားလိုက်မယ်

'အင်း'ဟုသာပြန်ဖြေသောဂျီဆူး၏မှန်တင်ခုံပေါ် ဝယ်လာသည့်လက်ဆောင်ပစ္စည်းအိတ်လေးကို တင်လိုက်၏။

''ပျင်းလိုက်တာ

ပြော၍အခန်းထဲမှထွက်သွားသောအိုင်းရင်းနှင့် မေမေတို့၏ ရယ်မောသံများကိုတော့ များမကြာမီအချိန်လေးအတွင်းမှာပင် ကျမကြားရလေတော့၏။

.
.
.
.
.
ညနေစောင်းအချိန် ရေချိုးပြီးချိန်တွင်

''နင်အရမ်းလှနေရောပဲကင်ဂျီဆူး

အိုင်းရင်းကအဲ့သလိုပါပဲ။ အရမ်းမြှောက်ပြောတတ်လေ့ရှိသည်။

''ပုံမှန်ပါပဲ

''မဟုတ်ဘူး ဒီအကျီလေးနဲ့နင်လိုက်တယ် လှနေရော ငါပုံရိုက်ပေးမယ်လေ

သူ့ထုံးစံအတိုင်း ပုံရိုက်ပေးဖို့ပြောလာပြန်သည်။
အိုင်းရင်းက ပုံရိုက်ဝါသနာသိပ်ပါသည့်ဟန်ပင်။ အိမ်ကိုလာတိုင်းလည်း ရိုက်ချင်ချင် မရိုက်ချင်ချင် ဇွတ်အတင်းပုံရိုက်ပေးလေ့ရှိ၏။

''မရိုက်ချင်ပါဘူး

''ရိုက်ပါဆိုနေဟာ ပုံလေးတွေဆိုတာကရိုက်ကိုရိုက်သင့်တယ် ဒါမှနောင်တစ်ချိန်မှာအမှတ်တရတွေအနေနဲ့ရှိနေမှာ

''အမှတ်တရတွေက ရှိရှိမရှိရှိ ဘာအရေးပါနေလို့လဲ

''မရဘူးဟာ ရိုက်ရမယ် နင်သိပ်လှနေတာပါဆို

''အဲ့လိုပဲနင်အမြဲပြောနေကျလေ တစ်ကယ်ဟုတ်တာလည်းမဟုတ်ပဲ

''နင်ကလေ ငါကနင်အမြဲအလုပ်ပဲလုပ်နေတာကြောင့်ပါနော် စိတ်အပြောင်းအလဲလေးဖြစ်သွားအောင်လို့ပါ စေတနာနဲ့ကို လာ ခြံထဲသွားရအောင်

ကျမလက်အားဆွဲ၍ အိုင်းရင်းသည်ခြံထဲသို့ခေါ်သွား၏။

''ငါစိုက်ထားတဲ့ပန်းလေးတောင်ပွင့်နေပြီပဲ

ထိုအခါမှ ကျမသူပြနေသည့်ပန်းပင်လေးကိုကြည့်မိသည်။ တစ်ပွင့်ထဲသောအနီရောင်နှင်းဆီပွင့်လေးဟာ လှပစွာဖူးပွင့်၍နေ၏။

''ဘယ်လိုလဲ လှတယ်မလား

ထိုနှင်းဆီလေးအားပုံရိုက်ပြီးနောက် ပြလာလေရာ ကျမခေါင်းညိမ့်ပြလိုက်၏။ တစ်ကယ်လည်းလှပါသည်။

ထိုလှပနေသောပန်းလေးအား အိုင်းရင်းကချိုးယူလိုက်၍

''ရော့ ပန်လိုက် ပိုလှသွားလိမ့်မယ်

လက်ထဲရောက်လာတဲ့ပန်းလေးအားကြည့်ရင်း တစ်ချိန်ကအမှတ်တရလေးဆီပြန်တွေးမိ၏။ မောင်ပန်ပေးနေကျပန်းလေးတွေကို အခုတော့ပန်ဆင်ခွင့်မရတော့ပြီ။

''ဘာတွေတွေးနေတာလဲ

''ဟင်...မဟုတ်ပါဘူး

ပန်းလေးကိုနားရွက်ကြားထိုးညှပ်၍ပြန်ဖြေလိုက်၏။အိုင်းရင်းက ဖုန်းအလင်းအမှောင်ကိုတစ်ပတ်လည် ပတ်၍ရှုထောင့်ကောင်းအားရှာနေ၏။

''လာ ဒီနားလေနေ လင်းတယ်

သူပြောသည့်နေရာမှာနေ၍ ပုံအရိုက်ခံလိုက်၏။ ပို့စ်ပေးခိုင်းသည်ကတော့ အိုင်းရင်းပါပဲ။

''ဒီမှာကြည့် လှတယ်မလား

သူ့ဖုန်းထဲက ရိုက်ပြီးသောပုံတွေကို ကျမအားပြ၏။ သိပ်အသက်မပါသောအပြုံးတွေပေမယ့် ကြည့်၍တော့မဆိုးပါ။

''ငါ နင့်ကိုအရိုက်ပေးချင်ဆုံးပုံတစ်ပုံရှိတယ်

''ဘာများလဲ

''နင် သဘောကျပြီးရယ်နေတဲ့ပုံကိုငါသိပ်ရိုက်ပေးချင်တာပဲ

အဲ့လိုရယ်မောမှုမျိုး ကျမတစ်ဘဝလုံးမှာရှိမလာနိုင်လောက်တော့ဟု ထင်မိ၏။ ကျမခေါင်းထဲ ဖြစ်ချင်သည့်ရည်မှန်းချက်မျိုး၊ လိုချင်သည့်အရာမျိုး ဘယ်လိုအရာမှမရှိတော့ပါ။

''ပြီးဆုံးသွားတဲ့အရာတွေထဲမှာ နစ်မြုပ်မနေပါနဲ့လား သူကလည်းအဲ့လိုပဲဖြစ်စေချင်မှာပါ

''ချစ်တဲ့သူတိုင်းကပေါင်းဖက်နိုင်တာမှမဟုတ်ပဲ သေကွဲကွဲဖို့ကံပါလာတယ်လို့ပဲမှတ်လိုက်ပါလား

''နင့်ကြောင့်တစ်ယောက်ယောက်ထိခိုက်ဖူးလား

အိုင်းရင်းငြိမ်သွား၏။

''သူသေသွားတာငါ့ကြောင့်နော်

''မဟုတ်ပါဘူး သူသေတာကားတိုက်ခံရတာကြောင့်လေ

''ဟင့်အင်း ငါ့ကြောင့်ပါပဲ ငါသာစိတ်မဆိုးခဲ့ရင်သူ..

''ကဲပါ ပုံတွေမယူဘူးလား ဖုန်းပေး ကူးပေးမယ်

''အခန်းထဲကခုံပေါ်မှာပဲ

အိုင်းရင်းအထဲသွား၍ ဖုန်းလေးကိုဖွင့်လိုက်သည်ဆိုလျှင်ပဲ နှစ်ယောက်တွဲပုံလေးကိုမြင်ရ၍ သက်ပြင်းချမိ၏။ ကံကြမ္မာဆိုးကဘာလို့များ ချစ်သူနှစ်ဦးကြားကိုဝင်ရောက်ခဲ့သလဲ။
.
.
အစိမ်းရောင်မြက်ပင်လေးတွေကို ဆွဲနှုတ်နေသည်မှာအကြောင်းရင်းတော့မရှိပါ။ ကျမရဲ့မျက်လုံးတွေစိုက်ကြည့်နေတာဟာ မြက်ပင်တွေကိုလည်းမဟုတ်နေပါ။

''သမီးတို့ရေ ညနေစာစားရအောင်

မေမေ့အသံသည် ခပ်လွင်လွင်ထွက်ပေါ်လာ၏။ ကျမ ဆက်၍ထိုင်နေတုန်းမှာပဲ

''အန်တီခေါ်နေပြီ လာလေ သွားရအောင်

အိုင်းရင်းကပြန်လာခေါ်၏။ မက်မောခြင်းမရှိသောထိုထမင်းတစ်နပ်ကို ဝတ်ကျေတန်းကျေစားသောက်ရပေအုံးမည်။
.
.
.
.
.
''ဘယ်အချိန်ထိ ချုပ်နေမှာလဲကင်ဂျီဆူး

ကျမအနားဖုန်းသုံးမပျက်အိုင်းရင်းက ပြောလာ၏။ ကျမ မဖြေမိ။

''ဇတ်ကြောတွေမတက်ဘူးလား တစ်နေကုန်နီးပါးထိုင်နေတာကို ညတော့နားအုံးမှပေါ့

''စိတ်နှစ်ပြီးလုပ်လို့ရတဲ့အလုပ်ဆိုလို့ဒါပဲရှိတာ ပင်ပန်းပေမယ့်ကောင်းပါတယ်လေ

''တမင်နင့်ကိုယ်နင်များနှိပ်စက်နေတာလား

အဝတ်စတစ်ခုကိုဆွဲယူရင်း ''မဟုတ်ပါဘူး''ဟုပြန်ဖြေ၏။

''ငါမနက်ဖြန်အစောပြန်မှာ နောက်ခါလာရင်ဘာဝယ်လာပေးရမလဲ

''ရတယ် လိုတာမျိုးမရှိဘူး

''အင်းအင်း ငါအိပ်ပြီ နင်လည်းခဏနေအိပ်တော့

ကျမ တစ်ယောက်ထဲဆက်ထိုင်၍ အထည်ချုပ်ခြင်းကိုသာအာရုံစိုက်နေလိုက်၏။ အထည်လေးပြီးသွားတော့ နာရီကြည့်လိုက်ရာ ဆယ့်တစ်နာရီ။

ထ၍အကြောဆန့်ကာ အိပ်ရာကိုကြည့်လိုက်တော့ အိုင်းရင်းကခြေထောက်ကြီးကားကာ မှောက်ခုံကြီးအိပ်ပျော်နေလေ၏။ အိုင်းရင်းက အတော်ကောင်းသည့်သူငယ်ချင်းတစ်ယောက်ဖြစ်သည်။

ကျမလို ဘဝကိုအရှုံးပေးပြီးသားလူတစ်ယောက်ကိုပင် အနွံတာခံကာပေါင်းသင်းပေးရှာ၏။ ကျမဘက်ကမကြိုဆိုပါပဲ ဝင်ရောက်လာခဲ့တာလည်း ဖြစ်သည်။

အိုင်းရင်း၏ခြေထောက်တွေကိုစုကာ ကျမ ဝင်အိပ်လို့ရအောင်ပြင်လိုက်၏။ အိပ်ရာပေါ်တွင်ရှိသောဖုန်းအားယူကာ ဘေးကခုံပေါ်တင်ဖို့ပြင်လိုက်စဥ် စာဝင်လာ၏။

သူများကိုယ်ရေးကိုယ်တာကို စိတ်မဝင်စားတတ်သူဖြစ်တာမို့ တမင်ကြည့်တာမျိုးမဟုတ်ပေမယ့် ထိုစာကိုကျမမြင်လိုက်ရ၏။

ပထမတော့ဒီအတိုင်းခုံပေါ်တင်လိုက်ပြီးကာမှ တစ်ဖန်ပြန်၍ယူကာကြည့်မိ၏။

ဒီစာက ဘာအဓိပ္ပါယ်ကိုဆိုလိုသနည်း။

ဒါက ဘာကို...

''အိုင်းရင်း အိုင်းရင်းထစမ်း

ချက်ချင်းပင်အိပ်ပျော်နေသောအိုင်းရင်းအားနှိုးရသည်။ အိပ်မှုန်စုန်ဖွားနှင့်အိုင်းရင်းက မျက်လုံးတွေကိုပွတ်သပ်ရင်း ထထိုင်၏။

''ဘာလို့နှိုးတာလဲ ဘာဖြစ်လို့လဲ

''ဒါကဘာလဲ ဒါကဘာလဲဆိုတာငါ့ကိုပြောစမ်းပါ

အိုင်းရင်းကိုယ်ကိုဆောင့်လှုပ်ပြီးခပ်ကြမ်းကြမ်းမေးမိတာကြောင့် အိုင်းရင်းပါလန့်ဖြန့်သွားပုံရ၏။

''ဘာလဲ ဘာကိုလဲ

သူ့ဖုန်းအားထောင်ပြလိုက်ကာ

''ဒီစာကဘာလဲ နင့်ကိုစာပို့နေတာဘယ်သူလဲအိုင်းရင်း သူလား သူဟုတ်တယ်မလား

အိုင်းရင်း၏မျက်နှာသည်ထိတ်လန့်၍နေ၏။

''ဘာတွေလဲ နင်ဘာတွေလာမေးနေတာလဲ

''ဒါဆိုဘယ်သူလဲငါ့ကိုပြောလေ ဒီစာကဘာအဓိပ္ပါယ်ဆိုတာလဲကိုပါ ငါ့ယုံအောင်ရှင်းပြလေ
သူမသေသေးဘူးမလား နင်ငါ့ကိုဘာလို့ဖုံးကွယ်ထားတာလဲ နင်တို့ဘာလို့ငါ့ကိုပေါင်းညာရတာလဲ ဟမ် ငါ့ကိုပြော ငါ့ကိုပြောစမ်းပါ ဘာလို့လဲ နင်တို့လိုချင်တာကဘာလဲ

သွေးပျက်နေသောဂျီဆူးကိုတစ်လှည့်၊ ဂျီဆူးမေးနေသောစာကိုတစ်လှည့်ကြည့်ကာ ဘယ်လိုဆက်လုပ်ရမည်ကိုအိုင်းရင်းမသိတော့ပါ။

''သူအခုဘာလုပ်နေလဲ ဒါနဲ့ငါ့ကောင်မလေးပုံတွေကိုလှလှရိုက်ပေးလို့ကျေးဇူးပဲ

ဝင်နေတဲ့စာကိုကြည့်ရင်း ဘယ်လိုဖြေရမည်ကိုကားစဥ်းစား၍မရ။ လိုင်းမပိတ်ပဲ အိပ်ပျော်သွားမိသည့်မိမိကိုယ်ကိုသာအပြစ်တင်ရပေတော့မည်။






































Zawgyi

ခ်ယ့္အကိုလိုက္ပို႔ေသာအုတ္ဂူေလးေရွ႕ ဂ်ီဆူးမလႈပ္မယွက္ရပ္ေနမိ၏။ တစ္ကယ္ပဲကိုး

ထင္ရွားစြာေရးထားေသာေမာင့္နာမည္စာသားအား လက္ျဖင့္တို႔ထိၾကည့္ရင္း ထိန္းမရနိုင္ေသာမ်က္ရည္တို႔သည္တစ္ေပါက္ေပါက္စီးက်၍လာေလ၏။

ၿပဳံးျပေနေသာဓာတ္ပုံထဲမွေမာင့္အားေထြးဖက္ခြင့္ရခ်င္မိပါ၏။ ဘာလို႔မ်ားထြက္သြားခဲ့ရသလဲေမာင္။ က်မကို ဘဝတစ္ခုလုံးစိတ္ခ်စြာနဲ႕ဘယ္လိုမ်ား ထားရစ္ခဲ့နိုင္ရတာလဲ။

ေသးေသးေလးကအစ ထိခိုက္မွာစိတ္ပူတတ္တဲ့ေမာင္က အခုက်မကိုစိတ္ခ်လက္ခ်တစ္ေယာက္ထဲ ထားရစ္ခဲ့နိုင္သလား။

အဘယ္အရပ္ကေန က်မကိုၾကည့္ေနသလဲေမာင္။ ရွင္က်န္ရင္းငရဲက်ေနတဲ့က်မကို တစ္ခါထဲေခၚသြားခဲ့ပါေရာ့လား။

ဒီလူဟာဒီကမၻာမွာရွင္သန္လိုစိတ္မရွိေတာ့တာေတာင္ ေသမင္းဟာက်မကိုေခၚယူဖို႔အလွည့္မက်ေသးဟန္ပင္။အျခားေသာလူေကာင္းမ်ားကို လိုက္လံေခၚယူေနမည့္အစား ေမာင့္အားေသေစခဲ့ေသာက်မကိုသာ ေခၚယူသြားပါလားအသင္ေသမင္း..။

ဒီဘဝမွာေပါင္းဖက္ခြင့္မရခဲ့တဲ့က်မတို႔ကို ေနာင္ဘဝတြင္ေတြ႕ဆုံခြင့္ေပးပါေတာ့။

ရွင္သန္လိုစိတ္မရွိေတာ့ၿပီ။ ေမာင္မရွိေတာ့ေသာဤကမၻာတြင္က်မ မေနလိုေတာ့ၿပီ။ ရွိေနေသးေသာအားအင္ယဲ့ယဲ့ကို လႊတ္ခ်လိဳက္ၿပီမို႔က်မခႏၶာကိုယ္သည္ ေခြၫြတ္၍က်သြားခဲ့ရွာေလၿပီ။
.
.
.
.
.
''သမီးလုပ္လက္စဒီအထည္ေလးၿပီးရင္ နားလိုက္အုံးေနာ္

က်မျပန္မေျဖပါ။ခ်ဳပ္လက္စအထည္ကိုသာ ဆက္လက္၍ခ်ဳပ္ေနလိုက္သည္။ သူ႕အားသတိမရေစရန္ အားလပ္ေနတာမ်ိဳးမျဖစ္ရေအာင္ အလုပ္ကိုသာက်မ ဖိလုပ္ေနမိသည္။

အိမ္ေရွ႕တြင္စကားေျပာသံအခ်ိဳ႕ကို ၾကားရၿပီးေနာက္ က်မအခန္းတံခါးအားလာေခါက္သံၾကားရ၏။

''ဝင္ခဲ့ေလ

မိမိအခန္းတံခါးကိုလာေခါက္မည့္သူဆိုလို႔ အိုင္းရင္းမွတပါး အျခားသူမရွိ၍အခုလာသူမွာသူမျဖစ္ေၾကာင္းကို အတပ္သိ၏။

''လာလိုက္တိုင္းအလုပ္လုပ္ေနတာပဲေနာ္ နည္းနည္းပါးပါးနားပါအုံးလားကင္ဂ်ီဆူးရ

''မနားခ်င္ပါဘူးဟာ အလုပ္လုပ္ေနတာကမွပိုေနလို႔အဆင္ေျပေသးတယ္ နင္အခုေရာဘာလာလုပ္တာလဲ

''ဘာလုပ္ရမလဲ လာလည္တာေပါ့ အခုငါတက္ေနတဲ့သင္တန္းပိတ္ထားတယ္ေလ အဲ့ေၾကာင့္ပ်င္းလို႔လာတာ

ဒီလိုပါပဲ။ အိုင္းရင္းက တစ္ႏွစ္ကိုေလးငါးခါေတာ့ အိမ္လာလည္တတ္သည္။ တစ္ခါတစ္ေလေတာ့ အိမ္မွာပင္ညအိပ္သြားတတ္သည္။

''လွလိုက္တာ ဒါနင္ခ်ဳပ္ထားတာလား

က်မ ခ်ဳပ္ထား၍ေဘးဖယ္ထားေသာအထည္တစ္ခုအားယူ၍ အိုင္းရင္းကေျပာ၏။

''ငါမခ်ဳပ္လို႔ ဘယ္သူလာခ်ဳပ္မွာလဲ

''လွလိုက္တာ ငါဝတ္ၾကည့္လို႔ရတယ္မလား

''မရဘူး ေပသြားရင္ဒုကၡေရာက္လိမ့္မယ္

''ဟြန္း...သူ႕ဟာဆိုအၿမဲအဲ့လိုပဲ ေနေန မဝတ္ဘူး ငါ့ဘာသာဓာတ္ပုံရိုက္သြားမယ္ ၿပီးမွဒီပုံစံအတိုင္းခ်ဳပ္ဝတ္အုံးမယ္

ေျပာၿပီးပုံေတြရိုက္ေနေသာအိုင္းရင္း။ က်မႏွင့္အိုင္းရင္းက ခင္တယ္ဆိုေသာ္ျငား စကားေတာ့သိပ္မေျပာျဖစ္ပါ။ ဘာလို႔ဆို က်မမွအပိုစကားေတြမေျပာခ်င္ေတာ့ပဲ။

''ကင္ဂ်ီဆူး နင့္စာေမးပြဲနီးေနၿပီမလား စာမလုပ္ဘူးလား

''လုပ္ပါတယ္

''စာမက်က္ပဲ အဝတ္ခ်ဳပ္ေနတဲ့သူကို ငါအခုမွျမင္ဖူးတယ္

''ရတယ္ က်သြားလည္းဘာမွမျဖစ္ဘူး

ဘယ္အရာကိုမွ အေလးအနက္မထားေသာဂ်ီဆူးအားၾကည့္၍ အိုင္းရင္းေျပာရမည့္စကားေပ်ာက္သြားရသည္။

''နင္ဟာေလ စကားေျပာလိုက္ရင္ဘုနဲ႕ေဘာက္ပဲ
ေအာ္..ဒီမွာနင့္အတြက္ငါပစၥည္းတစ္ခ်ိဳ႕ဝယ္လာတယ္

က်မ ေမာ့၍ပင္မၾကည့္မိပါ။ ဘာပစၥည္းလဲ၊ဘယ္လိုဟာလဲဆိုတာကိုလည္း လုံးဝပင္သိခ်င္စိတ္မရွိပါ။

''မၾကည့္ခ်င္ဘူးလား ငါခုံေပၚတင္ထားလိုက္မယ္

'အင္း'ဟုသာျပန္ေျဖေသာဂ်ီဆူး၏မွန္တင္ခုံေပၚ ဝယ္လာသည့္လက္ေဆာင္ပစၥည္းအိတ္ေလးကို တင္လိုက္၏။

''ပ်င္းလိုက္တာ

ေျပာ၍အခန္းထဲမွထြက္သြားေသာအိုင္းရင္းႏွင့္ ေမေမတို႔၏ ရယ္ေမာသံမ်ားကိုေတာ့ မ်ားမၾကာမီအခ်ိန္ေလးအတြင္းမွာပင္ က်မၾကားရေလေတာ့၏။

.
.
.
.
.
ညေနေစာင္းအခ်ိန္ ေရခ်ိဳးၿပီးခ်ိန္တြင္

''နင္အရမ္းလွေနေရာပဲကင္ဂ်ီဆူး

အိုင္းရင္းကအဲ့သလိုပါပဲ။ အရမ္းျမႇောက္ေျပာတတ္ေလ့ရွိသည္။

''ပုံမွန္ပါပဲ

''မဟုတ္ဘူး ဒီအက်ီေလးနဲ႕နင္လိုက္တယ္ လွေနေရာ ငါပုံရိုက္ေပးမယ္ေလ

သူ႕ထုံးစံအတိုင္း ပုံရိုက္ေပးဖို႔ေျပာလာျပန္သည္။
အိုင္းရင္းက ပုံရိုက္ဝါသနာသိပ္ပါသည့္ဟန္ပင္။ အိမ္ကိုလာတိုင္းလည္း ရိုက္ခ်င္ခ်င္ မရိုက္ခ်င္ခ်င္ ဇြတ္အတင္းပုံရိုက္ေပးေလ့ရွိ၏။

''မရိုက္ခ်င္ပါဘူး

''ရိုက္ပါဆိုေနဟာ ပုံေလးေတြဆိုတာကရိုက္ကိုရိုက္သင့္တယ္ ဒါမွေနာင္တစ္ခ်ိန္မွာအမွတ္တရေတြအေနနဲ႕ရွိေနမွာ

''အမွတ္တရေတြက ရွိရွိမရွိရွိ ဘာအေရးပါေနလို႔လဲ

''မရဘူးဟာ ရိုက္ရမယ္ နင္သိပ္လွေနတာပါဆို

''အဲ့လိုပဲနင္အၿမဲေျပာေနက်ေလ တစ္ကယ္ဟုတ္တာလည္းမဟုတ္ပဲ

''နင္ကေလ ငါကနင္အၿမဲအလုပ္ပဲလုပ္ေနတာေၾကာင့္ပါေနာ္ စိတ္အေျပာင္းအလဲေလးျဖစ္သြားေအာင္လို႔ပါ ေစတနာနဲ႕ကို လာ ၿခံထဲသြားရေအာင္

က်မလက္အားဆြဲ၍ အိုင္းရင္းသည္ၿခံထဲသို႔ေခၚသြား၏။

''ငါစိုက္ထားတဲ့ပန္းေလးေတာင္ပြင့္ေနၿပီပဲ

ထိုအခါမွ က်မသူျပေနသည့္ပန္းပင္ေလးကိုၾကည့္မိသည္။ တစ္ပြင့္ထဲေသာအနီေရာင္ႏွင္းဆီပြင့္ေလးဟာ လွပစြာဖူးပြင့္၍ေန၏။

''ဘယ္လိုလဲ လွတယ္မလား

ထိုႏွင္းဆီေလးအားပုံရိုက္ၿပီးေနာက္ ျပလာေလရာ က်မေခါင္းညိမ့္ျပလိုက္၏။ တစ္ကယ္လည္းလွပါသည္။

ထိုလွပေနေသာပန္းေလးအား အိုင္းရင္းကခ်ိဳးယူလိုက္၍

''ေရာ့ ပန္လိုက္ ပိုလွသြားလိမ့္မယ္

လက္ထဲေရာက္လာတဲ့ပန္းေလးအားၾကည့္ရင္း တစ္ခ်ိန္ကအမွတ္တရေလးဆီျပန္ေတြးမိ၏။ ေမာင္ပန္ေပးေနက်ပန္းေလးေတြကို အခုေတာ့ပန္ဆင္ခြင့္မရေတာ့ၿပီ။

''ဘာေတြေတြးေနတာလဲ

''ဟင္...မဟုတ္ပါဘူး

ပန္းေလးကိုနား႐ြက္ၾကားထိုးညွပ္၍ျပန္ေျဖလိုက္၏။အိုင္းရင္းက ဖုန္းအလင္းအေမွာင္ကိုတစ္ပတ္လည္ ပတ္၍ရႈေထာင့္ေကာင္းအားရွာေန၏။

''လာ ဒီနားေလေန လင္းတယ္

သူေျပာသည့္ေနရာမွာေန၍ ပုံအရိုက္ခံလိုက္၏။ ပို႔စ္ေပးခိုင္းသည္ကေတာ့ အိုင္းရင္းပါပဲ။

''ဒီမွာၾကည့္ လွတယ္မလား

သူ႕ဖုန္းထဲက ရိုက္ၿပီးေသာပုံေတြကို က်မအားျပ၏။ သိပ္အသက္မပါေသာအၿပဳံးေတြေပမယ့္ ၾကည့္၍ေတာ့မဆိုးပါ။

''ငါ နင့္ကိုအရိုက္ေပးခ်င္ဆုံးပုံတစ္ပုံရွိတယ္

''ဘာမ်ားလဲ

''နင္ သေဘာက်ၿပီးရယ္ေနတဲ့ပုံကိုငါသိပ္ရိုက္ေပးခ်င္တာပဲ

အဲ့လိုရယ္ေမာမႈမ်ိဳး က်မတစ္ဘဝလုံးမွာရွိမလာနိုင္ေလာက္ေတာ့ဟု ထင္မိ၏။ က်မေခါင္းထဲ ျဖစ္ခ်င္သည့္ရည္မွန္းခ်က္မ်ိဳး၊ လိုခ်င္သည့္အရာမ်ိဳး ဘယ္လိုအရာမွမရွိေတာ့ပါ။

''ၿပီးဆုံးသြားတဲ့အရာေတြထဲမွာ နစ္ျမဳပ္မေနပါနဲ႕လား သူကလည္းအဲ့လိုပဲျဖစ္ေစခ်င္မွာပါ

''ခ်စ္တဲ့သူတိုင္းကေပါင္းဖက္နိုင္တာမွမဟုတ္ပဲ ေသကြဲကြဲဖို႔ကံပါလာတယ္လို႔ပဲမွတ္လိုက္ပါလား

''နင့္ေၾကာင့္တစ္ေယာက္ေယာက္ထိခိုက္ဖူးလား

အိုင္းရင္းၿငိမ္သြား၏။

''သူေသသြားတာငါ့ေၾကာင့္ေနာ္

''မဟုတ္ပါဘူး သူေသတာကားတိုက္ခံရတာေၾကာင့္ေလ

''ဟင့္အင္း ငါ့ေၾကာင့္ပါပဲ ငါသာစိတ္မဆိုးခဲ့ရင္သူ..

''ကဲပါ ပုံေတြမယူဘူးလား ဖုန္းေပး ကူးေပးမယ္

''အခန္းထဲကခုံေပၚမွာပဲ

အိုင္းရင္းအထဲသြား၍ ဖုန္းေလးကိုဖြင့္လိုက္သည္ဆိုလွ်င္ပဲ ႏွစ္ေယာက္တြဲပုံေလးကိုျမင္ရ၍ သက္ျပင္းခ်မိ၏။ ကံၾကမၼာဆိုးကဘာလို႔မ်ား ခ်စ္သူႏွစ္ဦးၾကားကိုဝင္ေရာက္ခဲ့သလဲ။
.
.
အစိမ္းေရာင္ျမက္ပင္ေလးေတြကို ဆြဲႏႈတ္ေနသည္မွာအေၾကာင္းရင္းေတာ့မရွိပါ။ က်မရဲ႕မ်က္လုံးေတြစိုက္ၾကည့္ေနတာဟာ ျမက္ပင္ေတြကိုလည္းမဟုတ္ေနပါ။

''သမီးတို႔ေရ ညေနစာစားရေအာင္

ေမေမ့အသံသည္ ခပ္လြင္လြင္ထြက္ေပၚလာ၏။ က်မ ဆက္၍ထိုင္ေနတုန္းမွာပဲ

''အန္တီေခၚေနၿပီ လာေလ သြားရေအာင္

အိုင္းရင္းကျပန္လာေခၚ၏။ မက္ေမာျခင္းမရွိေသာထိုထမင္းတစ္နပ္ကို ဝတ္ေက်တန္းေက်စားေသာက္ရေပအုံးမည္။
.
.
.
.
.
''ဘယ္အခ်ိန္ထိ ခ်ဳပ္ေနမွာလဲကင္ဂ်ီဆူး

က်မအနားဖုန္းသုံးမပ်က္အိုင္းရင္းက ေျပာလာ၏။ က်မ မေျဖမိ။

''ဇတ္ေၾကာေတြမတက္ဘူးလား တစ္ေနကုန္နီးပါးထိုင္ေနတာကို ညေတာ့နားအုံးမွေပါ့

''စိတ္ႏွစ္ၿပီးလုပ္လို႔ရတဲ့အလုပ္ဆိုလို႔ဒါပဲရွိတာ ပင္ပန္းေပမယ့္ေကာင္းပါတယ္ေလ

''တမင္နင့္ကိုယ္နင္မ်ားႏွိပ္စက္ေနတာလား

အဝတ္စတစ္ခုကိုဆြဲယူရင္း ''မဟုတ္ပါဘူး''ဟုျပန္ေျဖ၏။

''ငါမနက္ျဖန္အေစာျပန္မွာ ေနာက္ခါလာရင္ဘာဝယ္လာေပးရမလဲ

''ရတယ္ လိုတာမ်ိဳးမရွိဘူး

''အင္းအင္း ငါအိပ္ၿပီ နင္လည္းခဏေနအိပ္ေတာ့

က်မ တစ္ေယာက္ထဲဆက္ထိုင္၍ အထည္ခ်ဳပ္ျခင္းကိုသာအာ႐ုံစိုက္ေနလိုက္၏။ အထည္ေလးၿပီးသြားေတာ့ နာရီၾကည့္လိုက္ရာ ဆယ့္တစ္နာရီ။

ထ၍အေၾကာဆန့္ကာ အိပ္ရာကိုၾကည့္လိုက္ေတာ့ အိုင္းရင္းကေျခေထာက္ႀကီးကားကာ ေမွာက္ခုံႀကီးအိပ္ေပ်ာ္ေနေလ၏။ အိုင္းရင္းက အေတာ္ေကာင္းသည့္သူငယ္ခ်င္းတစ္ေယာက္ျဖစ္သည္။

က်မလို ဘဝကိုအရႈံးေပးၿပီးသားလူတစ္ေယာက္ကိုပင္ အႏြံတာခံကာေပါင္းသင္းေပးရွာ၏။ က်မဘက္ကမႀကိဳဆိုပါပဲ ဝင္ေရာက္လာခဲ့တာလည္း ျဖစ္သည္။

အိုင္းရင္း၏ေျခေထာက္ေတြကိုစုကာ က်မ ဝင္အိပ္လို႔ရေအာင္ျပင္လိုက္၏။ အိပ္ရာေပၚတြင္ရွိေသာဖုန္းအားယူကာ ေဘးကခုံေပၚတင္ဖို႔ျပင္လိုက္စဥ္ စာဝင္လာ၏။

သူမ်ားကိုယ္ေရးကိုယ္တာကို စိတ္မဝင္စားတတ္သူျဖစ္တာမို႔ တမင္ၾကည့္တာမ်ိဳးမဟုတ္ေပမယ့္ ထိုစာကိုက်မျမင္လိုက္ရ၏။

ပထမေတာ့ဒီအတိုင္းခုံေပၚတင္လိုက္ၿပီးကာမွ တစ္ဖန္ျပန္၍ယူကာၾကည့္မိ၏။

ဒီစာက ဘာအဓိပ္ပါယ်ကိုဆိုလိုသနည်း။

ဒါက ဘာကို...

''အိုင္းရင္း အိုင္းရင္းထစမ္း

ခ်က္ခ်င္းပင္အိပ္ေပ်ာ္ေနေသာအိုင္းရင္းအားႏွိုးရသည္။ အိပ္မႈန္စုန္ဖြားႏွင့္အိုင္းရင္းက မ်က္လုံးေတြကိုပြတ္သပ္ရင္း ထထိုင္၏။

''ဘာလို႔ႏွိုးတာလဲ ဘာျဖစ္လို႔လဲ

''ဒါကဘာလဲ ဒါကဘာလဲဆိုတာငါ့ကိုေျပာစမ္းပါ

အိုင္းရင္းကိုယ္ကိုေဆာင့္လႈပ္ၿပီးခပ္ၾကမ္းၾကမ္းေမးမိတာေၾကာင့္ အိုင္းရင္းပါလန့္ျဖန့္သြားပုံရ၏။

''ဘာလဲ ဘာကိုလဲ

သူ႕ဖုန္းအားေထာင္ျပလိုက္ကာ

''ဒီစာကဘာလဲ နင့္ကိုစာပို႔ေနတာဘယ္သူလဲအိုင္းရင္း သူလား သူဟုတ္တယ္မလား

အိုင္းရင္း၏မ်က္ႏွာသည္ထိတ္လန့္၍ေန၏။

''ဘာေတြလဲ နင္ဘာေတြလာေမးေနတာလဲ

''ဒါဆိုဘယ္သူလဲငါ့ကိုေျပာေလ ဒီစာကဘာအဓိပ္ပါယ်ဆိုတာလဲကိုပါ ငါ့ယုံေအာင္ရွင္းျပေလ
သူမေသေသးဘူးမလား နင္ငါ့ကိုဘာလို႔ဖုံးကြယ္ထားတာလဲ နင္တို႔ဘာလို႔ငါ့ကိုေပါင္းညာရတာလဲ ဟမ္ ငါ့ကိုေျပာ ငါ့ကိုေျပာစမ္းပါ ဘာလို႔လဲ နင္တို႔လိုခ်င္တာကဘာလဲ

ေသြးပ်က္ေနေသာဂ်ီဆူးကိုတစ္လွည့္၊ ဂ်ီဆူးေမးေနေသာစာကိုတစ္လွည့္ၾကည့္ကာ ဘယ္လိုဆက္လုပ္ရမည္ကိုအိုင္းရင္းမသိေတာ့ပါ။

''သူအခုဘာလုပ္ေနလဲ ဒါနဲ႕ငါ့ေကာင္မေလးပုံေတြကိုလွလွရိုက္ေပးလို႔ေက်းဇူးပဲ

ဝင္ေနတဲ့စာကိုၾကည့္ရင္း ဘယ္လိုေျဖရမည္ကိုကားစဥ္းစား၍မရ။ လိုင္းမပိတ္ပဲ အိပ္ေပ်ာ္သြားမိသည့္မိမိကိုယ္ကိုသာအျပစ္တင္ရေပေတာ့မည္။

Continue Reading

You'll Also Like

883K 20K 48
In wich a one night stand turns out to be a lot more than that.
1.3M 56K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1M 63.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
267K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...