''အ
စားသောက်ဆိုင်ထဲကနေထွက်လာပြီး ခြေဦးတည့်ရာအတိုင်းစိတ်လွတ်နေသောကိုယ်ဖြင့်ထွက်လာခဲ့မိသောဂျီဆူး၏ကိုယ်သည်တစ်စုံတစ်ခုဖြင့်တိုက်မိပြီးနောက် ယိုင်လဲကာကျသွားလေ၏။
''တောင်းပန်ပါတယ်နော် ဘာဖြစ်သွားသေးလဲဟင် ဘယ်နားနာသွားသေးလဲ
ထိုင်ရက်ကျသွားရာကနေဂျီဆူးကုန်းထလိုက်ပြီးနောက် ဆက်၍ထွက်လာခဲ့သည်။ထိုတိုက်မိတဲ့လူအားလည်း မော့၍ပင်မကြည့်ခဲ့မိပါ။
ယိုင်ယိုင်နဲ့နဲ့ဖြင့်ပင် ဝိုးတဝါးမြင်ရသည့်ထိုင်ခုံလေးမှာဖြစ်သလိုဝင်ထိုင်လိုက်၏။
မောင်ဒီလောကကြီးထဲမှာမရှိတော့ပြီဟု သူ့အကိုကဆိုသည်။ မိမိယုံလိုက်သင့်သလား။ မယုံလို့ရောဖြစ်မလားမောင်။
ဘယ်အရာကအမှန် ဘယ်အရာကအမှားလဲဆိုတာလည်းကျမ မခွဲခြားတတ်တော့ပါ။ အခုကျမမောင့်ကိုတွေ့ခွင့်ရရင် သိပ်ကောင်းမှာပါပဲ။ ကျမအမှားတွေအတွက်တောင်းပန်ပါတယ်မောင်။ ကျမသာ မောင့်အပေါ်စိတ်မဆိုးမိခဲ့ရင်မောင်အခုကျမအနားမှာရှိနေလောက်မလား။
ဘယ်ရောက်နေသလဲမောင်။ မောင်အခု ဘယ်ဆီများရောက်နေလဲ။ ကျမကြောင့်သာမဟုတ်ခဲ့ရင် မောင်အခုပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေလောက်အုံးမှာ။
မောင်သေပြီလို့မမှတ်ယူမိချင်ပေမယ့် မောင်သာအသက်ရှိနေသေးရင်ကျမကိုအခုလိုမဆက်သွယ်ပဲနေနိုင်မှာမဟုတ်ဘူးဆိုတာကျမသိနေပြန်တယ်။ မောင် ကျမကိုပြစ်မထားနိုင်ပါဘူး။ အဲ့အတွေးသည် ကျမရင်အားအလွန်တရာပူလောင်လာစေ၏။ မောင်...ကျမကိုသိပ်ချစ်တဲ့မောင်..မောင်ထွက်ခွာသွားရခြင်းက ကျမကြောင့်တဲ့လား။
ဘယ်နေရာမှာမှန်းမသိတဲ့အဲ့ထိုင်ခုံမှာ ကျမအသိစိတ်လွတ်စွာနဲ့အချိန်ဘယ်လောက်ထိတောင် ထိုင်နေခဲ့မိလဲကို မသိပါ။ ကျမအပေါ်ကို စိုစွတ်တဲ့အရာတွေ ကျလာတာကိုသိ၍မော့ကြည့်လိုက်မှ မိုးတွေရွာနေမှန်းကိုကျမသိလေ၏။
ကျမကိုကြည့်နေတဲ့မိုးမင်းကြီးကတောင် မောင်သေဆုံးသွားရခြင်းအတွက် ကျမကိုအပြစ်ပေးလာဟန်တူပါရဲ့။ အဲ့လိုဟုတ်သလားမောင်။
တဖြည်းဖြည်းကြမ်းလာတဲ့မိုးရေတွေကြား ကျမပါးပြင်ပေါ်ကမျက်ရည်တွေကိုတော့ဘယ်သူမှသတိပြုမိလောက်တော့မည်မထင်ပါ။
ကျမရှေ့က မြင်ကွင်းတွေသည်သဲကွဲစွာပင်မမြင်ရတော့သည်အထိ မိုးတွေကကြမ်းတမ်းစွာပင်ရွာသွန်းနေ၏။ ဒီနေရာကနေ ကျမထသွားလိုစိတ်လည်းမရှိပါ။ ဒီလောကကြီးထဲမှာ ဆက်ရှင်သန်လိုစိတ်လည်းမရှိတော့ပါ။
ကျမ မျက်လုံးထဲ ရယ်မောနေတဲ့မောင့်ရုပ်သွင်ဟာပြန်၍ပေါ်လာ၏။ အခုရော ရယ်မောပြီးကျမကိုကြည့်နေမလားမောင်။
ချစ်ရတဲ့မောင်.. ကျမကချစ်ရတဲ့မောင်..ကျမကိုချစ်တဲ့မောင်...ထိုကဲ့သို့သောကျမ၏မောင် လောကကြီးမှထွက်ခွာသွားရခြင်းအကြောင်းတရားသည် ကျမကြောင့်ဖြစ်နေခြင်းက အဘယ်မျှရက်စက်သောဇာတ်ညွှန်းပါလဲ။ ဘယ်လိုအပြစ်မျိုးကို ကျမကျူးလွန်ခဲ့ဖူးလို့ အခုလိုပြစ်ဒဏ်မျိုးကျမကိုချမှတ်ခြင်းခံရလေသလဲ။
ဒီပြစ်ဒဏ်ကိုခံယူပြီး ကျန်ရှိနေတဲ့ဘဝသက်တမ်းကို ကျမတစ်ယောက်ထဲဘယ်လိုဖြတ်သန်းရမလဲ။ အဲ့နေ့က ကျမသာစိတ်မဆိုးခဲ့ရင်..။ကျမသာ စက်မပိတ်ထားခဲ့ရင်..။ကျမသာ ဖုန်းကိုချမပစ်ခဲ့ရင်...။ကျမသာ...။ သူ့ကိုသေစေခဲ့သောအရာသည် ကျမသာ..။ကျမကြောင့်သာ..။
မွန်းကျပ်လွန်းလာတဲ့စိတ်၊အသက်ရှူဖို့ရာပင်ခက်ခဲလွန်းလာတာကြောင့် ကျမရဲ့အကျီကိုဆွဲဆုပ်ကာနေရ၏။ အသက်ကိုပြင်းစွာရှူကာ ခဏလောက်ငြိမ်နေခဲ့ပြီးမှ အနည်းငယ်သက်သာသွား၏။
ကျမရှေ့ရှိကားလမ်းမပေါ်တွင် ကားများသည်တစ်စီးပြီးတစ်စီးဖြတ်သန်းကာ သွားလာ၍နေ၏။ ကျမဘာလုပ်သင့်သလဲ။
မောင့်ကိုသေစေခဲ့သူဟာ ကျမဆိုလျှင် ကျမလည်းဒီလောကထဲဆက်နေဖို့ဘယ်ထိုက်တန်ပါ့မလဲ။ သေဆုံးသွားရခြင်းကမှ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေနဲ့ရှင်သန်နေရခြင်းထက် ပိုလို့ကောင်းနေအုံးမယ်။
အဲ့အတွေး အဲ့ဆုံးဖြတ်ချက်နဲ့ကျမ ထရပ်လိုက်မိတယ်။ အားအင်ချည့်နဲ့တာရော၊ အချိန်အတော်ကြာမိုးရေထဲထိုင်နေခဲ့မိတာရောကြောင့် ကျမရဲ့ခြေထောက်တွေက တုန်ရီနေတယ်။
ဒါပေမယ့်လို့ကျမ ဂရုပြုမနေပါဘူး ။ ရွာသွန်းနေတဲ့မိုးရေတွေထဲ အဝေးကမောင်းလာတဲ့ကားတစ်စီးကိုအနီးရောက်လာသည်အထိ ကျမစောင့်လိုက်တယ်။
စောင့်နေတဲ့ကားလေး မလှမ်းမကမ်းကိုရောက်လာပြီဆိုလျှင်ပဲ ကျမရဲ့ခြေထောက်ကိုလမ်းမပေါ်ချကာ ဖြတ်ပြေးလိုက်တော့တယ်..။
.
.
.
.
.
မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့ ရင်းနှီးမှုမရှိနေတဲ့နေရာတစ်ခုကိုရောက်နေကြောင်းသိလိုက်ရသည်။ လက်မှာတပ်ထားတဲ့ ဆေးထိုးအပ်ပိုက်ကိုဆွဲဖြုတ်လိုက်ရင်း ထဖို့ပြင်လိုက်စဥ်
''ဘယ်သွားမလို့လဲ နေအုံးလေ အဲ့လိုလုပ်လို့မရဘူးလေ
ကျမကိုလာပြောနေသူဟာ ကျမတစ်ခါမှမတွေ့ဖူးတဲ့မိန်းကလေးတစ်ယောက်ဖြစ်၍နေ၏။
''ဘယ်သူလဲ
''ပြောပြပါ့မယ် ထိုင်ပါအုံး အားအရမ်းနည်းနေလို့အားဆေးသွင်းထားရတယ် ဖုန်းကိုလည်းလက်ဗွေနဲ့ဖွင့်ပြီးအိမ်ကိုဖုန်းဆက်အကြောင်းကြားပေးထားတယ်နော်
မိမိအားပြန်လှဲစေ၍ ကျမမသိသောထိုမိန်းကလေးက ပြောနေ၏။
''အဲ့နေ့ကငါနဲ့ တိုက်မိခဲ့သေးတယ်လေ မမှတ်မိဘူးလား
''အော် အဲ့လူလား
''အင်း ရွယ်တူလောက်ပဲမို့နင်နဲ့ငါပဲသုံးမယ်နော် ရတယ်မလား
''ရပါတယ် ဒါနဲ့ငါဘယ်လိုဖြစ်ပြီးဒီကိုရောက်နေတာလဲ
''အဲ့နေ့က ကားတိုက်မိမလိုဖြစ်သွားတာကိုမှတ်မိလား
''အင်း
''မတိုက်မိသွားပေမယ့် နင်ကလဲနေခဲ့တယ်လေ အဲ့ကြောင့်ဆေးရုံကိုခေါ်လာပေးခဲ့တာ ကားသမားကိုတောင်ငါမနည်းတောင်းပန်ခဲ့ရတယ် တမင်ဝင်တိုးပြီးငွေညှစ်တာပါဆိုပြီးလုပ်နေလို့လေ
သေချင်တာတောင်မသေသွားဘူးပဲဟုတွေးမိ၍ စိတ်ပျက်မိသည်။ ဂျီဆူးဘာမှတော့ ပြန်ပြောမနေပါ။
''စိတ်ညစ်စရာတွေရှိနေတာလား
''တစ်ခုခုရင်ဖွင့်စရာရှိရင်ငါ့ကိုပြောလေ တစ်ခါတစ်လေကိစ္စကြီးတွေကမသိတဲ့လူကို ဖွင့်ပြောတာပိုကောင်းတယ်တဲ့
''အင်း ပြန်တော့လေ
''ငါ့ကိုကျေးဇူးတင်စကားတောင်မပြောဘူးလား
''ဘာအတွက်လဲ
မိမိအားကယ်တင်လာသူမိန်းကလေးက ကြောင်သွားလေ၏။
''ဟို...ငါနင့်ကိုဒီအထိခေါ်လာပေးခဲ့တယ်လေ ဘာပဲဖြစ်ဖြစ်ငါနင့်ကိုကူညီပေးခဲ့တာပဲမလား
''ငါကအသက်ရှင်ချင်နေတာမှမဟုတ်တာ
''ဘယ်လို
''ဟုတ်တယ် ငါသေသွားချင်တာ အမြန်သေသွားပြီးသူ့နောက်ကိုငါလိုက်သွားချင်ခဲ့တာ နင်ငါ့ကိုပြစ်ထားခဲ့သင့်တာ အဲ့လိုမှငါတမလွန်ကနေကျေးဇူးတင်နေအုံးမယ်
သူကပါးစပ်လေးအဟသားဖြင့် အံ့အားသင့်စွာကျမအား ကြည့်နေလေ၏။ ပင်ပန်းလွန်းနေတဲ့ခန္ဓာကိုယ်ကြောင့် ကျမမျက်လုံးတွေကို ပိတ်ချလိုက်တော့တယ်။
အဲ့မိန်းကလေးထပြန်သွားလား၊ဆက်ရှိနေသေးလားကိုလည်း ကျမ မသိချင်ပါ။ သိဖို့ရန်လည်းစိတ်မဝင်စားပါ။ ဤကမ္ဘာတွင်ကျမ သိလိုချင်သောကိစ္စဟူ၍တစ်စိုးတစ်စိမျှမရှိလေတော့ပြီ။
.
.
.
.
.
''သမီးလေး သမီး
မေမေနှင့်ဖေဖေ့အသံကိုကြားလိုက်ရ၍ ဂျီဆူးမျက်လုံးတွေကိုပြန်ဖွင့်လ်ုက်၏။ စိတ်ပူနေသောမျက်ဝန်းတွေဟာ အထင်းသားတွေနဲ့။
''ဘယ်လိုဖြစ်တာလဲသမီးရယ်
''အန်တီတို့က မိဘတွေလား
ဟိုမိန်းကလေးမပြန်သေးဘူးပဲ။
''အားနည်းနေတာကိုမိုးမိတော့ပိုဆိုးသွားပြီး လဲကျသွားရုံပါ ဘာမှလည်းကြီးကြီးမားမားမထိခိုက်သွားပါဘူး
သူမကပဲ မေမေတို့အားရှင်းပြ၍နေ၏။ ဆက်၍ဘာပြောကြလဲကိုလည်း မသိချင်တော့၍ မျက်လုံးတွေကိုသာပြန်မှိတ်ထားလိုက်တော့၏။
.
.
.
.
.
''ကင်ဂျီဆူး ဒီမှာနင့်အတွက်ဒိန်ချဥ်ဝယ်လာတယ်
ကျမအား ကင်ဂျီဆူးဟုသာခေါ်တတ်သောသူမသည် ဒိန်ချဥ်ဘူးအားပေးလာ၏။ ကျမ မယူမိပါ။
ဒီနေ့ကျမ ဆေးရုံကနေဆင်းခွင့်ရခဲ့ပြီ။ သုံးရက်တာဆေးရုံတက်ရသောကာလတွေမှာလည်း သူမကနေ့တိုင်းရောက်လာကာ သုံးလေးနာရီကြာအဖော်ပြုပေးတတ်သေးသည်။
''သမီး မေမေတို့ပြန်ကြတော့မလား
''ဖေဖေရော
''သမီးအဖေက ကားထဲမှာစောင့်ကျန်နေခဲ့တယ် သွားရအောင်လေသမီး ဒီကသမီးလေးကိုလည်းအန်တီတို့က ကျေးဇူးအများကြီးတင်ပါတယ်ကွယ် သမီးလေးကြောင့်သာမဟုတ်ရင်အန်တီတို့အတော်ဒုက္ခရောက်မှာ
''မဟုတ်တာအန်တီရယ် သမီးကစကားပြောစရာလူမရှိလို့အထီးကျန်နေတာ ကူညီတယ်ရယ်လို့လည်းမဟုတ်ပါဘူး အဲ့ကြောင့်အားနာမနေနဲ့နော်
''ဟုတ်ပါပြီကွယ် သွားရအောင်လေသမီး
''သမီးအိမ်မပြန်ချင်သေးဘူးမေမေ သမီးသွားစရာရှိသေးတယ်
''ဘယ်ကိုလဲသမီးရဲ့ သမီးကိုထပ်ပြီးမထားခဲ့နိုင်ဘူးကွယ် ခုတောင်ဆေးရုံရောက်နေတာမလား အိမ်သာပြန်လိုက်ခဲ့ပါကွယ် နော်
ချော့မြူနေသောမေမေ့အား ခေါင်းခါပြလိုက်ကာ
''ဟင့်အင်း သမီးပြန်လို့မဖြစ်သေးဘူး သမီးသွားကိုသွားရမယ့်နေရာရှိသေးတယ်
''သမီးပြန်နားပြီးကျန်းမာရေးပြန်ကောင်းမှ ပြန်လာကြမယ်လေကွယ်
''ဟင့်အင်း သမီးအတည်ပြုချင်တယ် နည်းနည်းစောပြီးတော့ပဲဖြစ်ဖြစ် ဟုတ်မဟုတ်ကိုသမီးသိချင်သေးတယ်
''ဘာကိုလဲသမီး သမီးကဘာကိုအတည်ပြုချင်နေတာလဲ
''သူ...သူသေသွားပြီတဲ့မေမေ မေမေရောယုံလား သူ့အကိုကသမီးကိုအဲ့လိုပြောသွားတယ် မေမေရောယုံလားဟင် မဖြစ်နိုင်ဘူးမလား
ကျလာတဲ့ကျမရဲ့မျက်ရည်တွေကို မေမေကတယုတယသုတ်သင်ပေး၏။
''သမီးရယ်
''သမီးကိုဖြေပါအုံးမေမေ အဲ့ဒါမဖြစ်နိုင်ဘူးလို့သမီးကိုပြောပေးပါလား
မေမေ့လက်တွေကိုဆုပ်ကိုင်ရင်း အားကိုးကြီးစွာဖြင့်မေးမိ၏။
''အဲ့ထက်ဆိုးတာကလေ သူသေသွားတာသမီးကြောင့်တဲ့ သူကားတိုက်ခံရတာသမီးကြောင့်တဲ့မေမေရဲ့
မေမေက ကျမကိုထွေးပွေ့ထားကာနှစ်သိမ့်ပေးရုံအပ မည်သည့်စကားကိုမျှမဆိုပါ။
''သမီးသူ့အကိုကိုဆက်သွယ်ပြီး သူ့အုတ်ဂူဆီသွားရမယ် အဲ့ဒါတော့သမီးသွားမှဖြစ်မယ်မေမေ
''ဘာသွားလုပ်မလို့လဲသမီးရယ် သမီးစိတ်ထဲသူမသေသေးဘူးလို့ထင်နေတယ်မလား အဲ့လိုပဲမှတ်ထားလိုက်လေနော် သူရှိနေသေးတယ် သူမသေသေးဘူးလို့ပဲမှတ်လိုက်ပါ ထပ်ပြီးမေမေ့သမီးလေးကိုထိခိုက်မှာမျိုး မေမေမလိုလားဘူးကွယ်
''ဟင့်အင်း သမီးကိုယ်တိုင်ကြည့်ရမယ် သမီးကိုယ်တိုင်သွားပြီးအတည်ပြုရမှာပေါ့
''သွားခွင့်ပေးလိုက်ပါအန်တီရယ် သူသိချင်တာကိုသိပါစေလား
မေမေက သက်ပြင်းချ၍
''ဟုတ်ပြီ သမီးလုပ်ချင်တာကိုလုပ်ပါ မေမေသမီးအနားမှာရှိနေပေးမယ်ဟုတ်ပြီလား
ဝင်ပြောပေးသည့်မိန်းကလေးကို ကျမကြည့်လိုက်မိ၏ ။ ဟုတ်သားပဲ ဒီမိန်းကလေးရဲ့နာမည်ကို အခုထိကျမ မသိခဲ့သေးပါ။
Zawgyi
''အ
စားေသာက္ဆိုင္ထဲကေနထြက္လာၿပီး ေျခဦးတည့္ရာအတိုင္းစိတ္လြတ္ေနေသာကိုယ္ျဖင့္ထြက္လာခဲ့မိေသာဂ်ီဆူး၏ကိုယ္သည္တစ္စုံတစ္ခုျဖင့္တိုက္မိၿပီးေနာက္ ယိုင္လဲကာက်သြားေလ၏။
''ေတာင္းပန္ပါတယ္ေနာ္ ဘာျဖစ္သြားေသးလဲဟင္ ဘယ္နားနာသြားေသးလဲ
ထိုင္ရက္က်သြားရာကေနဂ်ီဆူးကုန္းထလိုက္ၿပီးေနာက္ ဆက္၍ထြက္လာခဲ့သည္။ထိုတိုက္မိတဲ့လူအားလည္း ေမာ့၍ပင္မၾကည့္ခဲ့မိပါ။
ယိုင္ယိုင္နဲ႕နဲ႕ျဖင့္ပင္ ဝိုးတဝါးျမင္ရသည့္ထိုင္ခုံေလးမွာျဖစ္သလိုဝင္ထိုင္လိုက္၏။
ေမာင္ဒီေလာကႀကီးထဲမွာမရွိေတာ့ၿပီဟု သူ႕အကိုကဆိုသည္။ မိမိယုံလိုက္သင့္သလား။ မယုံလို႔ေရာျဖစ္မလားေမာင္။
ဘယ္အရာကအမွန္ ဘယ္အရာကအမွားလဲဆိုတာလည္းက်မ မခြဲျခားတတ္ေတာ့ပါ။ အခုက်မေမာင့္ကိုေတြ႕ခြင့္ရရင္ သိပ္ေကာင္းမွာပါပဲ။ က်မအမွားေတြအတြက္ေတာင္းပန္ပါတယ္ေမာင္။ က်မသာ ေမာင့္အေပၚစိတ္မဆိုးမိခဲ့ရင္ေမာင္အခုက်မအနားမွာရွိေနေလာက္မလား။
ဘယ္ေရာက္ေနသလဲေမာင္။ ေမာင္အခု ဘယ္ဆီမ်ားေရာက္ေနလဲ။ က်မေၾကာင့္သာမဟုတ္ခဲ့ရင္ ေမာင္အခုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ရွိေနေလာက္အုံးမွာ။
ေမာင္ေသၿပီလို႔မမွတ္ယူမိခ်င္ေပမယ့္ ေမာင္သာအသက္ရွိေနေသးရင္က်မကိုအခုလိုမဆက္သြယ္ပဲေနနိုင္မွာမဟုတ္ဘူးဆိုတာက်မသိေနျပန္တယ္။ ေမာင္ က်မကိုျပစ္မထားနိုင္ပါဘူး။ အဲ့အေတြးသည္ က်မရင္အားအလြန္တရာပူေလာင္လာေစ၏။ ေမာင္...က်မကိုသိပ္ခ်စ္တဲ့ေမာင္..ေမာင္ထြက္ခြာသြားရျခင္းက က်မေၾကာင့္တဲ့လား။
ဘယ္ေနရာမွာမွန္းမသိတဲ့အဲ့ထိုင္ခုံမွာ က်မအသိစိတ္လြတ္စြာနဲ႕အခ်ိန္ဘယ္ေလာက္ထိေတာင္ ထိုင္ေနခဲ့မိလဲကို မသိပါ။ က်မအေပၚကို စိုစြတ္တဲ့အရာေတြ က်လာတာကိုသိ၍ေမာ့ၾကည့္လိုက္မွ မိုးေတြ႐ြာေနမွန္းကိုက်မသိေလ၏။
က်မကိုၾကည့္ေနတဲ့မိုးမင္းႀကီးကေတာင္ ေမာင္ေသဆုံးသြားရျခင္းအတြက္ က်မကိုအျပစ္ေပးလာဟန္တူပါရဲ႕။ အဲ့လိုဟုတ္သလားေမာင္။
တျဖည္းျဖည္းၾကမ္းလာတဲ့မိုးေရေတြၾကား က်မပါးျပင္ေပၚကမ်က္ရည္ေတြကိုေတာ့ဘယ္သူမွသတိျပဳမိေလာက္ေတာ့မည္မထင္ပါ။
က်မေရွ႕က ျမင္ကြင္းေတြသည္သဲကြဲစြာပင္မျမင္ရေတာ့သည္အထိ မိုးေတြကၾကမ္းတမ္းစြာပင္႐ြာသြန္းေန၏။ ဒီေနရာကေန က်မထသြားလိုစိတ္လည္းမရွိပါ။ ဒီေလာကႀကီးထဲမွာ ဆက္ရွင္သန္လိုစိတ္လည္းမရွိေတာ့ပါ။
က်မ မ်က္လုံးထဲ ရယ္ေမာေနတဲ့ေမာင့္႐ုပ္သြင္ဟာျပန္၍ေပၚလာ၏။ အခုေရာ ရယ္ေမာၿပီးက်မကိုၾကည့္ေနမလားေမာင္။
ခ်စ္ရတဲ့ေမာင္.. က်မကခ်စ္ရတဲ့ေမာင္..က်မကိုခ်စ္တဲ့ေမာင္...ထိုကဲ့သို႔ေသာက်မ၏ေမာင္ ေလာကႀကီးမွထြက္ခြာသြားရျခင္းအေၾကာင္းတရားသည္ က်မေၾကာင့္ျဖစ္ေနျခင္းက အဘယ္မွ်ရက္စက္ေသာဇာတ္ၫႊန္းပါလဲ။ ဘယ္လိုအျပစ္မ်ိဳးကို က်မက်ဴးလြန္ခဲ့ဖူးလို႔ အခုလိုျပစ္ဒဏ္မ်ိဳးက်မကိုခ်မွတ္ျခင္းခံရေလသလဲ။
ဒီျပစ္ဒဏ္ကိုခံယူၿပီး က်န္ရွိေနတဲ့ဘဝသက္တမ္းကို က်မတစ္ေယာက္ထဲဘယ္လိုျဖတ္သန္းရမလဲ။ အဲ့ေန႕က က်မသာစိတ္မဆိုးခဲ့ရင္..။က်မသာ စက္မပိတ္ထားခဲ့ရင္..။က်မသာ ဖုန္းကိုခ်မပစ္ခဲ့ရင္...။က်မသာ...။ သူ႕ကိုေသေစခဲ့ေသာအရာသည္ က်မသာ..။က်မေၾကာင့္သာ..။
မြန္းက်ပ္လြန္းလာတဲ့စိတ္၊အသက္ရႉဖို႔ရာပင္ခက္ခဲလြန္းလာတာေၾကာင့္ က်မရဲ႕အက်ီကိုဆြဲဆုပ္ကာေနရ၏။ အသက္ကိုျပင္းစြာရႉကာ ခဏေလာက္ၿငိမ္ေနခဲ့ၿပီးမွ အနည္းငယ္သက္သာသြား၏။
က်မေရွ႕ရွိကားလမ္းမေပၚတြင္ ကားမ်ားသည္တစ္စီးၿပီးတစ္စီးျဖတ္သန္းကာ သြားလာ၍ေန၏။ က်မဘာလုပ္သင့္သလဲ။
ေမာင့္ကိုေသေစခဲ့သူဟာ က်မဆိုလွ်င္ က်မလည္းဒီေလာကထဲဆက္ေနဖို႔ဘယ္ထိုက္တန္ပါ့မလဲ။ ေသဆုံးသြားရျခင္းကမွ ကိုယ့္ကိုယ္ကိုအျပစ္တင္စိတ္ေတြနဲ႕ရွင္သန္ေနရျခင္းထက္ ပိုလို႔ေကာင္းေနအုံးမယ္။
အဲ့အေတြး အဲ့ဆုံးျဖတ္ခ်က္နဲ႕က်မ ထရပ္လိုက္မိတယ္။ အားအင္ခ်ည့္နဲ႕တာေရာ၊ အခ်ိန္အေတာ္ၾကာမိုးေရထဲထိုင္ေနခဲ့မိတာေရာေၾကာင့္ က်မရဲ႕ေျခေထာက္ေတြက တုန္ရီေနတယ္။
ဒါေပမယ့္လို႔က်မ ဂ႐ုျပဳမေနပါဘူး ။ ႐ြာသြန္းေနတဲ့မိုးေရေတြထဲ အေဝးကေမာင္းလာတဲ့ကားတစ္စီးကိုအနီးေရာက္လာသည္အထိ က်မေစာင့္လိုက္တယ္။
ေစာင့္ေနတဲ့ကားေလး မလွမ္းမကမ္းကိုေရာက္လာၿပီဆိုလွ်င္ပဲ က်မရဲ႕ေျခေထာက္ကိုလမ္းမေပၚခ်ကာ ျဖတ္ေျပးလိုက္ေတာ့တယ္..။
.
.
.
.
.
မ်က္လုံးေတြကိုဖြင့္လိုက္တာနဲ႕ ရင္းႏွီးမႈမရွိေနတဲ့ေနရာတစ္ခုကိုေရာက္ေနေၾကာင္းသိလိုက္ရသည္။ လက္မွာတပ္ထားတဲ့ ေဆးထိုးအပ္ပိုက္ကိုဆြဲျဖဳတ္လိုက္ရင္း ထဖို႔ျပင္လိုက္စဥ္
''ဘယ္သြားမလို႔လဲ ေနအုံးေလ အဲ့လိုလုပ္လို႔မရဘူးေလ
က်မကိုလာေျပာေနသူဟာ က်မတစ္ခါမွမေတြ႕ဖူးတဲ့မိန္းကေလးတစ္ေယာက္ျဖစ္၍ေန၏။
''ဘယ္သူလဲ
''ေျပာျပပါ့မယ္ ထိုင္ပါအုံး အားအရမ္းနည္းေနလို႔အားေဆးသြင္းထားရတယ္ ဖုန္းကိုလည္းလက္ေဗြနဲ႕ဖြင့္ၿပီးအိမ္ကိုဖုန္းဆက္အေၾကာင္းၾကားေပးထားတယ္ေနာ္
မိမိအားျပန္လွဲေစ၍ က်မမသိေသာထိုမိန္းကေလးက ေျပာေန၏။
''အဲ့ေန႕ကငါနဲ႕ တိုက္မိခဲ့ေသးတယ္ေလ မမွတ္မိဘူးလား
''ေအာ္ အဲ့လူလား
''အင္း ႐ြယ္တူေလာက္ပဲမို႔နင္နဲ႕ငါပဲသုံးမယ္ေနာ္ ရတယ္မလား
''ရပါတယ္ ဒါနဲ႕ငါဘယ္လိုျဖစ္ၿပီးဒီကိုေရာက္ေနတာလဲ
''အဲ့ေန႕က ကားတိုက္မိမလိုျဖစ္သြားတာကိုမွတ္မိလား
''အင္း
''မတိုက္မိသြားေပမယ့္ နင္ကလဲေနခဲ့တယ္ေလ အဲ့ေၾကာင့္ေဆး႐ုံကိုေခၚလာေပးခဲ့တာ ကားသမားကိုေတာင္ငါမနည္းေတာင္းပန္ခဲ့ရတယ္ တမင္ဝင္တိုးၿပီးေငြညွစ္တာပါဆိုၿပီးလုပ္ေနလို႔ေလ
ေသခ်င္တာေတာင္မေသသြားဘူးပဲဟုေတြးမိ၍ စိတ္ပ်က္မိသည္။ ဂ်ီဆူးဘာမွေတာ့ ျပန္ေျပာမေနပါ။
''စိတ္ညစ္စရာေတြရွိေနတာလား
''တစ္ခုခုရင္ဖြင့္စရာရွိရင္ငါ့ကိုေျပာေလ တစ္ခါတစ္ေလကိစၥႀကီးေတြကမသိတဲ့လူကို ဖြင့္ေျပာတာပိုေကာင္းတယ္တဲ့
''အင္း ျပန္ေတာ့ေလ
''ငါ့ကိုေက်းဇူးတင္စကားေတာင္မေျပာဘူးလား
''ဘာအတြက္လဲ
မိမိအားကယ္တင္လာသူမိန္းကေလးက ေၾကာင္သြားေလ၏။
''ဟို...ငါနင့္ကိုဒီအထိေခၚလာေပးခဲ့တယ္ေလ ဘာပဲျဖစ္ျဖစ္ငါနင့္ကိုကူညီေပးခဲ့တာပဲမလား
''ငါကအသက္ရွင္ခ်င္ေနတာမွမဟုတ္တာ
''ဘယ္လို
''ဟုတ္တယ္ ငါေသသြားခ်င္တာ အျမန္ေသသြားၿပီးသူ႕ေနာက္ကိုငါလိုက္သြားခ်င္ခဲ့တာ နင္ငါ့ကိုျပစ္ထားခဲ့သင့္တာ အဲ့လိုမွငါတမလြန္ကေနေက်းဇူးတင္ေနအုံးမယ္
သူကပါးစပ္ေလးအဟသားျဖင့္ အံ့အားသင့္စြာက်မအား ၾကည့္ေနေလ၏။ ပင္ပန္းလြန္းေနတဲ့ခႏၶာကိုယ္ေၾကာင့္ က်မမ်က္လုံးေတြကို ပိတ္ခ်လိဳက္ေတာ့တယ္။
အဲ့မိန္းကေလးထျပန္သြားလား၊ဆက္ရွိေနေသးလားကိုလည္း က်မ မသိခ်င္ပါ။ သိဖို႔ရန္လည္းစိတ္မဝင္စားပါ။ ဤကမၻာတြင္က်မ သိလိုခ်င္ေသာကိစၥဟူ၍တစ္စိုးတစ္စိမွ်မရွိေလေတာ့ၿပီ။
.
.
.
.
.
''သမီးေလး သမီး
ေမေမႏွင့္ေဖေဖ့အသံကိုၾကားလိုက္ရ၍ ဂျီဆူးမျက်လုံးတွေကိုပြန်ဖွင့်လ်ုက်၏။ စိတ္ပူေနေသာမ်က္ဝန္းေတြဟာ အထင္းသားေတြနဲ႕။
''ဘယ္လိုျဖစ္တာလဲသမီးရယ္
''အန္တီတို႔က မိဘေတြလား
ဟိုမိန္းကေလးမျပန္ေသးဘူးပဲ။
''အားနည္းေနတာကိုမိုးမိေတာ့ပိုဆိုးသြားၿပီး လဲက်သြား႐ုံပါ ဘာမွလည္းႀကီးႀကီးမားမားမထိခိုက္သြားပါဘူး
သူမကပဲ ေမေမတို႔အားရွင္းျပ၍ေန၏။ ဆက္၍ဘာေျပာၾကလဲကိုလည္း မသိခ်င္ေတာ့၍ မ်က္လုံးေတြကိုသာျပန္မွိတ္ထားလိုက္ေတာ့၏။
.
.
.
.
.
''ကင္ဂ်ီဆူး ဒီမွာနင့္အတြက္ဒိန္ခ်ဥ္ဝယ္လာတယ္
က်မအား ကင္ဂ်ီဆူးဟုသာေခၚတတ္ေသာသူမသည္ ဒိန္ခ်ဥ္ဘူးအားေပးလာ၏။ က်မ မယူမိပါ။
ဒီေန႕က်မ ေဆး႐ုံကေနဆင္းခြင့္ရခဲ့ၿပီ။ သုံးရက္တာေဆး႐ုံတက္ရေသာကာလေတြမွာလည္း သူမကေန႕တိုင္းေရာက္လာကာ သုံးေလးနာရီၾကာအေဖာ္ျပဳေပးတတ္ေသးသည္။
''သမီး ေမေမတို႔ျပန္ၾကေတာ့မလား
''ေဖေဖေရာ
''သမီးအေဖက ကားထဲမွာေစာင့္က်န္ေနခဲ့တယ္ သြားရေအာင္ေလသမီး ဒီကသမီးေလးကိုလည္းအန္တီတို႔က ေက်းဇူးအမ်ားႀကီးတင္ပါတယ္ကြယ္ သမီးေလးေၾကာင့္သာမဟုတ္ရင္အန္တီတို႔အေတာ္ဒုကၡေရာက္မွာ
''မဟုတ္တာအန္တီရယ္ သမီးကစကားေျပာစရာလူမရွိလို႔အထီးက်န္ေနတာ ကူညီတယ္ရယ္လို႔လည္းမဟုတ္ပါဘူး အဲ့ေၾကာင့္အားနာမေနနဲ႕ေနာ္
''ဟုတ္ပါၿပီကြယ္ သြားရေအာင္ေလသမီး
''သမီးအိမ္မျပန္ခ်င္ေသးဘူးေမေမ သမီးသြားစရာရွိေသးတယ္
''ဘယ္ကိုလဲသမီးရဲ႕ သမီးကိုထပ္ၿပီးမထားခဲ့နိုင္ဘူးကြယ္ ခုေတာင္ေဆး႐ုံေရာက္ေနတာမလား အိမ္သာျပန္လိုက္ခဲ့ပါကြယ္ ေနာ္
ေခ်ာ့ျမဴေနေသာေမေမ့အား ေခါင္းခါျပလိုက္ကာ
''ဟင့္အင္း သမီးျပန္လို႔မျဖစ္ေသးဘူး သမီးသြားကိုသြားရမယ့္ေနရာရွိေသးတယ္
''သမီးျပန္နားၿပီးက်န္းမာေရးျပန္ေကာင္းမွ ျပန္လာၾကမယ္ေလကြယ္
''ဟင့္အင္း သမီးအတည္ျပဳခ်င္တယ္ နည္းနည္းေစာၿပီးေတာ့ပဲျဖစ္ျဖစ္ ဟုတ္မဟုတ္ကိုသမီးသိခ်င္ေသးတယ္
''ဘာကိုလဲသမီး သမီးကဘာကိုအတည္ျပဳခ်င္ေနတာလဲ
''သူ...သူေသသြားၿပီတဲ့ေမေမ ေမေမေရာယုံလား သူ႕အကိုကသမီးကိုအဲ့လိုေျပာသြားတယ္ ေမေမေရာယုံလားဟင္ မျဖစ္နိုင္ဘူးမလား
က်လာတဲ့က်မရဲ႕မ်က္ရည္ေတြကို ေမေမကတယုတယသုတ္သင္ေပး၏။
''သမီးရယ္
''သမီးကိုေျဖပါအုံးေမေမ အဲ့ဒါမျဖစ္နိုင္ဘူးလို႔သမီးကိုေျပာေပးပါလား
ေမေမ့လက္ေတြကိုဆုပ္ကိုင္ရင္း အားကိုးႀကီးစြာျဖင့္ေမးမိ၏။
''အဲ့ထက္ဆိုးတာကေလ သူေသသြားတာသမီးေၾကာင့္တဲ့ သူကားတိုက္ခံရတာသမီးေၾကာင့္တဲ့ေမေမရဲ႕
ေမေမက က်မကိုေထြးေပြ႕ထားကာႏွစ္သိမ့္ေပး႐ုံအပ မည္သည့္စကားကိုမွ်မဆိုပါ။
''သမီးသူ႕အကိုကိုဆက္သြယ္ၿပီး သူ႕အုတ္ဂူဆီသြားရမယ္ အဲ့ဒါေတာ့သမီးသြားမွျဖစ္မယ္ေမေမ
''ဘာသြားလုပ္မလို႔လဲသမီးရယ္ သမီးစိတ္ထဲသူမေသေသးဘူးလို႔ထင္ေနတယ္မလား အဲ့လိုပဲမွတ္ထားလိုက္ေလေနာ္ သူရွိေနေသးတယ္ သူမေသေသးဘူးလို႔ပဲမွတ္လိုက္ပါ ထပ္ၿပီးေမေမ့သမီးေလးကိုထိခိုက္မွာမ်ိဳး ေမေမမလိုလားဘူးကြယ္
''ဟင့္အင္း သမီးကိုယ္တိုင္ၾကည့္ရမယ္ သမီးကိုယ္တိုင္သြားၿပီးအတည္ျပဳရမွာေပါ့
''သြားခြင့္ေပးလိုက္ပါအန္တီရယ္ သူသိခ်င္တာကိုသိပါေစလား
ေမေမက သက္ျပင္းခ်၍
''ဟုတ္ၿပီ သမီးလုပ္ခ်င္တာကိုလုပ္ပါ ေမေမသမီးအနားမွာရွိေနေပးမယ္ဟုတ္ၿပီလား
ဝင္ေျပာေပးသည့္မိန္းကေလးကို က်မၾကည့္လိုက္မိ၏ ။ ဟုတ္သားပဲ ဒီမိန္းကေလးရဲ႕နာမည္ကို အခုထိက်မ မသိခဲ့ေသးပါ။