Unicode
" ငါတစ်ယောက်တည်း နမ်းနေခဲ့တာ
မဟုတ်ဘူးပဲ ဒေါက်တာ..."
ဘယ်လိုစိတ်နဲ့ ပြန်နမ်းခဲ့မိလည်း
မသိပေမယ့် လောလောဆယ်တော့
မျက်နှာပူတာမို့ အခန်းထဲက ထွက်သွားဖို့
လုပ်ပေမယ့် သူက Jennie ကို
ထွက်သွားမရအောင် အနောက်ကနေ
ဖက်ထားတယ် ။
သူ့အကျင့်အတိုင်း အတင်းအကြပ်
အားသုံးတာမျိုးမဟုတ်ဘဲ အခုလို
အသာအယာ ပွေ့ဖက်ထားတော့လည်း
ရှုန်းထွက်ဖို့က ခက်ပြန်တယ် ။
" အခုနေ ဒေါက်တာ့ရဲ့ မျက်နှာကို
တစိမ့်စိမ့်ငေးကြည့်ပစ်ချင်ပေမယ့်
ဒေါက်တာ ရှက်နေမှာ ငါသိပါတယ် "
ထိုသို့ပြောရင်း အနောက်ကနေပြီး
သူက Jennie ရဲ့လည်ပင်းကို
တစ်ချက်ဖိကပ်နမ်းလိုက်တယ့်အခါ သူမ
လန့်ပြီး ကြက်သီးမွှေးထသွားမိတယ် ။
Kim Jisoo နဲ့တော့ သူမရူးတော့မယ် ။
အသာအယာဖက်ထားတယ့်
လက်တွေကနေ ရှုန်းထွက်ပြီး
သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ် ။
သူက Jennie ကို ပြုံးရင်း
ကြည့်နေတော့ လည်ချောင်းတွေတောင်
ခြောက်သွားသလို ခံစားရတယ် ။
သူက ပြုံးနေရင် သိပ်ကြည့်ကောင်းတယ် ။
တကယ်တော့ ဒီတိုင်းလည်း
ချောနေတာပါပဲ ။
" စောနက ကိစ္စကို စိတ်ထဲမထားဖို့
မျှော်လင့်ပါတယ် ။ အဲ့တာ ခန္ဓာကိုယ်ရဲ့
တုံ့ပြန်မှုကြောင့် ဖြစ်သွားတယ့်
အမှားသက်သက်ပါ "
သူက Jennie ပြောတာကို
ကြားတာတောင်မှ
အပြုံးမပျက်ပေ ။ ပြီးကာမှ Jennie ရဲ့
နားနားသို့ကပ်ကာ
" ထပ်မှားကြမလား "
သူ့ပုခုံးကို ရိုက်ပစ်လိုက်တယ်။
သူမကသာ ရှက်နေပေမယ့် သူကတော့
သူမကိုပင် ကျီစယ်နေသေးတယ်။
" ကျေးဇူးပြုပြီး စောနက
ကိစ္စကို မေ့ပေးနိုင်မလား ။ ကျွန်မက
ဆရာဝန် တစ်ယောက်လေ...အဲ့တာမို့
လူနာတစ်ယောက်နဲ့ ဒီလိုမျိုးမဖြစ်ခဲ့သင့်ဘူး...
ရှင်နားလည်မယ်လို့...."
Jisoo က သူမရဲ့ နှုတ်ခမ်းကို
သူ့လက်ညိုးနဲ့အသာထိလိုက်တယ် ။
အဲ့အခါ ပြောလတ်စ စကားတွေပါ
ပျောက်ရှသွားပြီး မျက်တောင် ပုတ်ခတ်
ပုတ်ခတ်ဖြင့်ပဲ အရှေ့က သူ့ကို
ကြည့်မိတယ် ။
" Excuse me ဒေါက်တာ...။ ဒီဆေးရုံက
ဒေါက်တာနဲ့လူနာနမ်းရင် အလုပ်ထုတ်မယ်လို့
စည်းကမ်းချထားလို့လားဟင် "
" အဲ့လိုမဟုတ်ပေမယ့် မဖြစ်သင့်ဘူးလေ ။
ကျွန်မက ရှင့်ကို မူးယစ်ဆေးဖြတ်ဖို့
အတွက် တာဝန်ယူပြီး treatment လုပ်ပေးနေတယ့် ဆရာဝန်တစ်ယောက်လေ ဒါကြောင့် ..."
" ငါ့အခြေအနေမဆိုးတာ ဒေါက်တာ့
အသိပဲလေ ။ အစကတည်းက ဆေးရုံတက်
ဖြတ်ဖို့တောင် မလိုပါဘူး အိမ်မှာမနေချင်လို့
လာတက်တာပါဆို "
" နောက်အပတ် ရှင်ဆေးရုံ
ဆင်းလို့ရပြီနော် "
သူမ စကားလမ်းကြောင်း
လွှဲပစ်လိုက်တော့ သူက သက်ပြင်းချတယ် ။
ပြီးတော့ Jennie ရဲ့ မျက်လုံးကို
စေ့စေ့ကြည့်ရင်း
" စကားလမ်းကြောင်းလွှဲတိုင်း နမ်းမှာ "
သူက ပြောပြီး သူ့ကုတင်ဆီ
ပြန်လျှောက်သွားတယ် ။ ပြီးမှ
ကုတင်ပေါ်အေးဆေးတက်လှဲပြီး
" ဒေါက်တာ မပြန်တော့ဘူးလား ?
မပြန်ချင်လည်းရတယ်နော် ကုတင်က
ကျယ်တယ် "
Jennie သူ့ကို မျက်စောင်းထိုးရင်း
အခန်းထဲက ထွက်လာခဲ့လိုက်တယ် ။
အနောက်က သူ့ရဲ့ရယ်သံကိုတော့
ကြားပါရဲ့ ။
ဒီလိုလူနဲ့မှ သူမရဲ့စိတ်တွေ
ဘယ်လိုများ လွတ်ထွက်သွားတာပါလိမ့် ။
ပြန်တွေးမိတိုင်း ရှက်လွန်းလို့
ကြွက်တွင်းထဲသာ ဝင်အောင်း
ချင်မိတော့တယ် ။
🪐
နောက်တစ်နေ့ သူမ မနက်ပိုင်း Duty
ပြီးလို့ ဆေးရုံ reception မှာ nurses
အချို့နဲ့ စကားပြောနေတုန်း
Reception ကို ကောင်မလေးတစ်ယောက်
ရောက်လာတယ် ။
" Kim Jisoo အခန်းနံပတ်ပြောပြ "
အစက သတိမထားလိုက်မိပေမယ့်
ကောင်မလေးရဲ့ ထောင့်မကျိုးတယ့်
လေသံနဲ့ Jisoo ရဲ့နမည်ကြားတာကြောင့်
သူမ ဖြတ်ခနဲ ကြည့်လိုက်မိတယ်။
Kim Jisoo ရဲ့ သူငယ်ချင်းပဲ
နေလောက်မယ်။ ပုံစံကိုက သူ့လို
ထောင့်မကျိုးတယ့် ပုံစံမျိုးပါပဲ ။
Jean short pant နဲ့ကိုမှ
အဖြူအောင် crop top အကျီလေးနဲ့
တွဲဝတ်ထားပြီ အပေါ်က Jean jacket
အပွတစ်ထည် ဝတ်ထားတယ် ။
အနေအထားကတော့ ခပ် hot" ပဲ ။
ဆတ်ခနဲ သူမကို
တစ်ချက်စောင်းကြည့်ပြီး
ပြန်လှည့်သွားတယ် ။ mean girl ဆန်ဆန်
ပုံစံကြောင့် နည်းနည်းတော့
စိတ်ထဲ ကသိကအောက်တော့
ဖြစ်မိသား ။
" ဧည့်တွေ့ရဲ့ နမည်လေးတစ်ချက်လောက်
ပြောပြပေးပါလားရှင့် "
Reception က nurse က မေးတယ် ။
" Park Chaeyoung "
" လူနာနဲ့ပတ်သတ်မှုလေး
ပြောပြပေးပါလားရှင့် "
" Hey တို့က စစ်မှုထမ်းနေတယ့် လူကို
တပ်ထဲ လာတွေ့တာမဟုတ်ဘူးနော် ။
အဲ့လောက် စစ်မေးနေစရာလိုလို့လား...."
စိတ်မရှည်တယ့် လေသံနဲ့အတူ
မချိုသာတယ့် မျက်နှာထားကြောင့်
Nurses မလေးတွေက ဆက်ပြောဖို့ကို
တွန့်ဆုတ်သွားကြတယ် တူတယ် ။
ဒါကြောင့် ဘေးကနေ အမြင်မတော်တယ့်
သူမကပဲ
" Excuse me မိန်းကလေး...သူတို့က
လူနာတွေရဲ့ လုံခြုံအရေးအတွက်
တာဝန်အရစစ်မေးနေတာပါ ။ ဖြေပေးရတာ
ညီမအတွက် အပန်းမကြီးပါဘူး..."
အကြည့်တွေက သူမဆီ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ် ။
ပြီးတော့ ခနဲ့တယ့် ပုံစံနဲ့
တစ်ချက်ရယ်တယ် ။
" အိုကေ...အိုကေ ဖြေပေးပါ့မယ် ။ ဒါနဲ့
ဒီဆေးရုံမှာ ဆရာမကြီးတွေ
သိပ်များတာပဲနော် "
သူမကို စောင်းပြောနေတယ့်
စကားပေမယ့် စိတ်ကိုလျော့ရင်း
မသိချင်ယောင်ဆောင်ပြီး ပြုံးပြလိုက်တယ် ။
ပြီးတော့ ဆက်နေနေရင်
တစ်ခုခုတော့ ဖြစ်တော့မှာမို့ နေရာက
ထွက်လာခဲ့လိုက်တယ် ။
Kim Jisoo ကမှ
တော်သေးတယ်လို့ပဲ စိတ်ထဲ
တွေးလိုက်မိတော့တယ် ။
🪐
အိမ်ပြန်ဖို့အတွက်
ကားစက်နှိုးဖို့ပြင်တုန်း ကားပါကင်ထဲ
ဝင်လာတယ့် မနက်က ကောင်မလေး ။
မနက်ကတည်းက ဧည့်တွေ့လာတာကို
အခုမှ ပြန်တာလား ? အချိန်ကပဲ 8 နာရီ
ထိုးနေပြီလေ ။
ပြီးတော့ ဘေးနားမှာ Jisoo
ပါပါလာတယ် ။ လိုက်ပို့တာထင်ပါရဲ့ ။
နစ်ယောက်သား ဘာတွေများ
ရပ်ပြောနေကြလည်း မသိ ရယ်မော
ပျော်ရွှင်နေလိုက်တာများ အမြင်ကတ်ချင်
စရာ ။
ကားထဲကသူမကိုလည်း မြင်ကြမယ့်
ပုံမပေါ်ပါဘူး ။ နှစ်ယောက်တည်း
တစ်ကမ္ဘာဖြစ်နေကြတာလေ ပတ်ဝန်းကျင်
ကို မေ့နေကြမှာပေါ့ ။
" မနက်ဖြန်ထပ်လာခဲ့မယ် "
သူမရဲ့စကားကို Jisoo က
ခေါင်းခါပြတယ် ။ ပြီးတော့ ပြုံးရင်း
သူမကို ကြည့်ပြီး
" နောက်အပတ်ဆေးရုံဆင်းရမှာပါဆို
ဘာလို့ထပ်လာနေမှာလဲ ရောဂါအသည်းအသန်
ဖြစ်လို့ ဆေးရုံ တက်နေရတာလည်းမဟုတ်ပါဘူး "
" ဒါပေမယ့် ငါဒီတစ်ခါပဲ
လာရသေးတယ်လေ ။ ဒါတောင် လေယာဉ်
ဆိုက်ဆိုက်ချင်း အပြေးရောက်လာတာ ။ နင်ဆေးရုံတက်နေရတာ င့ါကို ဖုန်းပြောတုန်း
ဘာလို့မပြောတာလဲ ! နင့်အိမ်သွားမှ
သိခဲ့ရတယ် "
ပြောရင်း သူမရဲ့ မျက်နှာက
မိုးပြိုတော့မလိုဖြစ်လာတယ် ။ ငိုတော့မယ်
ဆိုတာ သိနေတယ့် Jisoo က
ဟက်ခနဲ တစ်ချက်ရယ်ပြီး သူမရဲ့
ပါးနှစ်ဖက်ကို ဖိကာ
" ငါပြောရင် နင်က နင့်ရဲ့ Family vacationက ခိုးပြန်လာခဲ့မှာ သိနေတယ်လေ ။ မငိုစမ်းပါနဲ့ဟာ မသိရင် ငါက သေတော့မယ့် လူနာကြီးကျနေတာပဲ ဆေးသုံးတာမိလို့
ဆေးရုံတက်နေရတာလေပါဟ "
သူက မငိုနဲ့ပြောပေမယ့်
ကိုယ့်ကိုကိုယ် တားမရတယ့်
သူမကတော့ ငိုချမိပြီး အရှေ့က
Jisoo ရဲ့ရင်ခွင်ထဲဝင်ပြီး
ဖက်ထားပစ်လိုက်တယ် ။
" ဟော ဒီကောင်မလေးနဲ့ကတော့ "
ထိုသို့ Jisoo က
ပြောရင်း သူမရဲ့ဆံပင်တွေကို
ထိုးဖွပြီး စနောက်နေတယ် ။ သူ့ကို
ပြန်ရန်တွေ့ဖို့ ပြင်တုန်းမှာပဲ
ကားပါကင်ထဲက ရုတ်တရက်ကြီး
မောင်းထွက်သွားတယ် ကားတစ်စီး ။
ထိုကားကိုကြည့်ရင်း Chaeyoung
အနောက်ကနေ ကျိန်ဆဲလိုက်မိတော့တယ်...။
🪐
နောက်တစ်ရက် သူမ Night duty
ကျလို့ လူနာခန်းတွေဆီ round လှည့်ပြီး
ပြန်လာတုန်း အနောက်ကနေ
ခြေသံကြားတာကြောင့် လှည့်ကြည့်တော့
နှစ်ယောက်မရှိနိုင်တယ့် Kim Jisoo ။
သူ့ကို မြင်တာနဲ့ မနေ့က
ဟိုကောင်မလေးကိစ္စကိုပါ ခေါင်းထဲပေါ်
လာတာမို့ မျက်စောင်းတစ်ချက်ထိုးပြီး
သူမလမ်းသူဆက်လျှောက်တော့
Jisoo သူ့မရဲ့ ဘေးသို့ ရောက်လာသည် ။
" ဒေါက်တာက အရမ်းချေတာပဲ "
သူ့စကားကို သူမဘာမှတုံ့ပြန်မှု
မပေးဘဲထားလိုက်သည် ။ ရုတ်တရက်
Jisoo က သူမရဲ့လက်ကို လာကိုင်သည်မို့
သူ့ကို အလန့်တကြားလှည့်ကြည့်မိတော့
သူက ဘာမှမလုပ်ထားသလိုရုပ် ။
" လွှတ်စမ်း Kim Jisoo !
တခြားသူတွေ မြင်ကုန်မယ် "
သူမသတိပေးပေမယ့် သူက
မလွှတ်ပေးပါ ။ လျှောက်လမ်းမှာ
ဘယ်သူမှ မရှိသေးတာ ကံကောင်းတယ်လို့ပဲ
ပြောရမလား မသိတော့ ။
သူမရဲ့ ရုံးခန်းရှေ့ရောက်တော့
Jennie အမြန်အခန်းထဲ ဝင်လိုက်သည် ။
အနောက်က Jisoo ကတော့
လက်ဆွဲရက်နှင့်ပင် ပါလာခဲ့သည် ။
အခန်းထဲရောက်သည်နှင့် သူက
ချက်ချင်းဆိုဖာမှာဝင်ထိုင်လိုက်ပြီး
သူမကိုပါ ဆွဲကာ သူ့ပေါင်ပေါ်ထိုင်စေသည် ။
ရှူန်းဖို့ပြန်ပေမယ့်လည်း Jisoo က
သူမရဲ့ခါးကို အတင်းဖက်ထားပြီး
Jennie ကို ပြုံးကာ မော့ကြည့်နေသည် ။
" တစ်ယောက်ယောက်ဝင်လာရင်
ဘယ်လိုလုပ်မလဲလို့..."
" lock ချခဲ့ပါတယ် ဒေါက်တာရဲ့ ။
အရမ်းစိတ်ပူတတ်တာပဲ ။ ကြည့်ပါအုံး
ငါ့ရဲ့ဒေါက်တာလေး ချွေးတွေတောင်
ပြန်နေပြီ "
ပြောရင်း Jisoo က သူ့ရဲ့လက်ဖြင့်
Jennie ရဲ့နဖူးပေါ်က အနည်းငယ်သော
ချွေးစတို့ကို သုတ်ပေးတော့ သူမ
ငြိမ်၍သာ နေရင်း Jisoo ကို ကြည့်နေမိသည် ။
မျက်တွင်းတွေက ပထမဆုံးတွေ့တုန်းက
လောက်မညိုတော့သလို မျက်နှာကလည်း
နည်းနည်းပိုပြီး လင်းလာသလို
ခံစားရသည် ။ ပြီးတော့ ညိုနေတယ့်
နှုတ်ခမ်းတွေတောင် သွေးရောင်လေး
သမ်းချင်လာပြီပဲ ။
အကြည့်တွေက သူ့နှုတ်ခမ်းကိုပဲ
စိတ်ဝင်တစားငေးမိပြီးသွားခါမှ
သတိဝင်ပြီး ရှက်စိတ်ဖြင့် အကြည့်လွှဲပြီး
ဆတ်ခနဲ မတ်တပ်ရပ်လိုက်မိသည် ။
ပြီးတော့ ဆိုဖာခုံပေါ် အေးအေးဆေးဆေး
ထိုင်နေတယ့် သူ့ကို ကြည့်ပြီး
" ပြန်...ပြန်တော့ "
" ဘယ်ကိုပြန်ရမှာလဲ "
" ရှင့်အခန်းကိုပေါ့ "
" ဒေါက်တာမရှိတယ့်နေရာဆို
ဘယ်နေရာမှ မသွားချင်ပါဘူး "
သူက ဆူပုတ်ပုတ်နဲ့ ကလေးလို
ပြောနေတော့ သူက ပြုံးချင်မိသွားသည် ။
မျက်နှာပိုးကို ပြန်သတ်ရင်းမှ
ချောင်းတစ်ချက်ဟန့်ကာ
" ရှင်မသွားလည်း ကျွန်မသွားမယ် "
ပြောရင်း အပေါ်မှ Duty coat ကို
ချွတ် ၊ စားပွဲပေါ်မှ လက်ဆွဲအိတ်ကိုဆွဲ၍
Jennie အရင်ထွက်လာခဲ့လိုက်သည် ။
အနောက်က ဒေါက်တာလို့ ခေါ်သံ
ကြားရပေမယ့် မကြားချင်ယောင်ဆောင်ပြီး
တော့သာ ခပ်သွက်သွက်နဲ့ ထွက်လာခဲ့လိုက်သည် ။
🪐
" ငါဆေးထပ်ချလိုက်ရမလား ဒေါက်တာ ။
အဲ့ကျရင် ဒီကိုပြန်လာလို့ရပြီ "
တမင်သက်သက်
နောက်ပြောင်နေမှန်းသိတာကြောင့်
Jennie သူ့ကို မျက်စောင်းထိုးလိုက်သည် ။
ဒီနေ့က Kim Jisoo ဆေးရုံဆင်းမည့်
နေ့ဖြစ်သည် ။ ကျေးဇူးရှင်က အပြင်ဝတ်စုံနဲ့
လူနာကုတင်ပေါ်မှာ အငြိမ့်သား
ထိုင်နေပြီး Jennie ကတော့ သူ့ကျေးဇူးနဲ့
ဆိုဖာစားပွဲဝိုင်းမှာ လာထိုင်နေရသည် ။
တခြား Nurse တွေလည်း
ဘယ်သူမှ မရှိတာမို့ နှစ်ယောက်တည်း
ဖြစ်နေသည် ။ ဒီအခန်းထဲမှာ
သူမအတွက် ဘာအလုပ်မှမရှိပေမယ့်
Kim Jisoo က သူ မပြန်ခင်
သူ့အခန်းထဲမလာပေးရင်
ဆေးရုံမဆင်းနိုင်ဘူးဆိုပြီး
လာခြိမ်းခြောက်နေတာမို့ Jennie မှာ
လာထိုင်ပေးနေရသည် ။
" အပြင်ရောက်ရင် ဘာမှ
လုပ်စရာလည်းမရှိဘူး...ပျင်းလိုက်တာ "
" ဘဝကို အကျိုးရှိအောင်နေရင်
ဘယ်ပျင်းစရာကောင်းမလဲ "
" အဲ့တာ ဒေါက်တာ ဖန်တီးပေးမှ
ရမှာလေ "
" ကျွန်မနဲ့ဘာဆိုင်လို့လဲ "
Jennie ပြောတော့ Kim Jisoo က
ခပ်ပြုံးပြုံးဖြင့် ခေါင်းခါသည် ။ ပြီးတော့
ကုတင်ပေါ်က ထလာပြီး သူမနဲ့ဘေးကပ်
လျက်မှာ ဝင်ထိုင်ကာ
" ငါ့ရင်ခွင်ထဲ မလာချင်ဘူးလား
ဒေါက်တာ..."
Jennie သူ့ကို မျက်စောင်းထိုးလိုက်တယ် ။
Kim Jisoo က လူတင်မကဘူး
စကားကပါ သိပ်အသားယူတာ ။
" မနမ်းချင်ဘူးလား ဒေါက်တာ "
Jennie တော့ ဒီလူတစ်ယောက်နဲ့တင်
ရူးချင်တာပဲ ။ သူမကို Kim Jisoo က
မျက်နှာလေးမဲ့ရှုံ့ပြရင်း ကလေးလို
ပူဆာနေတာလေ ။
" နမ်းရအောင် ကျွန်မတို့က
ဘာဆိုင်လို့လဲ "
မျက်စောင်းတစ်ချက်ထိုးပြီး
အကြည့်လွှဲလိုက်တော့ ဘေးနားက
သူ့ရဲ့ရီသံက ထွက်လာတယ် ။ တခြားမိန်းကလေးတွေလို အသံချိုချိုလေး
မဟုတ်တယ့် သူ့ရဲ့ ဩရှရှအသံလေးက
တစ်မူထူးတယ်လို့ထင်တယ် ။ ဘာမဟုတ်တယ့်
ရီသံဆိုတောင် နားထောင်လို့
ကောင်းနေတာမျိုးလေ ။
သဘောကျတယ်ရယ်တော့
မဟုတ်ရပါဘူး ။
ရုတ်တရက်ကြီး သူက
Jennie ရဲ့ပုခုံးပေါ် ခေါင်းမှီလာရင်း
တော့ ခန္ဓာကိုယ်က အနည်းငယ်
ကြက်သီးမွှေးထသွားသလို
ခံစားလိုက်ရသည် ။ ပြီးတော့ သူ့ရဲ့
လက်တွေက သူမရဲ့ခါးကို ရစ်ပတ်ဖို့
ပြင်နေတာ ရိပ်စားမိလိုက်တာမို့
သူ့ရဲ့လက်ကို ရိုက်ချလိုက်ရင်း
" ရှင့်ကို တရားစွဲတော့မယ် "
" ဒေါက်တာဘက်က ဆန္ဒရှိရင်
ပျော်ပျော်ကြီး ထောင်ထဲဝင်ပေးမှာပေါ့ "
ကင်မ်ဂျီဆူးအရူးနဲ့ ပြောစရာစကားလည်း
ပျောက်ရပါတယ် ။ သူ့ကို ဘာလို့
ထမသောင်းကျန်းပစ်နိုင်တာလည်း
ဆိုတာလည်း ကိုယ့်ကိုကိုယ် နားမလည်
တော့ဘူး ။ သူ့ကို ပြန်နမ်းမိခဲ့တယ့်
အထိဖြစ်ခဲ့တယ့် ကိုယ့်ကိုကိုယ်လည်း
နားမလည်ဘူး ။
အရင်ကသူမရဲ့ sexuality ကို
ကိုယ်တိုင်တောင် ခန်းမှန်းမိတာမျိုး ၊
တွေးကြည့်မိတာမျိုး မရှိခဲ့ဖူးသလို ၊
အဲ့အတွက် အချိန်မပေးခဲ့နိုင်တာမို့
သူမက ဘယ် gender ကို
သဘောကျသလဲဆိုတာတောင်
မတွေးကြည့်ခဲ့ဖူးဘူး ။ Straight လို့တော့
ကိုယ့်ကိုကိုယ် ထင်ခဲ့တယ်
ထင်တာပဲ ။
ဒါပေမယ့်လည်း Kim Jisoo နဲ့ တွေ့ပြီး
နောက်ပိုင်း သူမရဲ့ sexuality က သူမအတွက်
တွေးစရာဖြစ်လာပြီ ။ အခုထိတော့
အဖြေမထွက်သေးပေမယ့်ပေါ့။
ထိုအချိန် တံခါးဖွင့်သံ
ကြားလိုက်တာမို့ ပုခုံးပေါ်က
Jisoo ကို တွန်းလိုက်ပြီး မတ်တက်ထရပ်
လိုက်သည် ။ အခန်းထဲဝင်လာသော
လူဟာ သူမအတွက် သိပ်ကို ကြိုဆိုချင်စရာ
ကောင်းတယ့် ဧည့်သည်မျိုးတော့
မဟုတ်နေ ။
" ပြန်ကြစို့ "
သူမကို ဝတ်ကျေတန်းကျေသဘောမျိုး
တောင်မနှုတ်ဆက်ပဲ Jisoo ကိုပဲ
ရှိသမျှ attention ပေးနေတယ့်
Park Chaeyoung ဆိုတယ့်
မိန်းကလေးကြောင့် နည်းနည်းတော့
အောင့်သက်သက် ခံစားလိုက်ရတယ် ။
Kim Jisoo ကတော့ သူ့ရဲ့ ရှိသမျှ
attention အကုန် Jennie ကိုပေးပြီး
ပြုံးပြနေရှာတယ် ။
" သယ်စရာမရှိဘူးလား "
" အင်း ဘာမှမယူလာခဲ့ဘူးလေ "
" ပြီးရော "
အခန်းထဲ သူတို့အချင်းချင်း
စကားတွေပြောနေတယ့်ကြား သူမက
ကိုယ်ပျောက်လူသားလို ခံစားလာရတာမလို့
အခန်းထဲက ထွက်သွားမလို့ရှိသေး
Kim Jisoo က ဘေးနား ရောက်လာပြန်ပြီး
" ပြန်ပြီနော် ဒေါက်တာ ။ ထပ်တွေ့ကြမယ် "
" ကျွန်မတော့ ထပ်မတွေ့ချင်တော့ဘူး ။
ဒီကို နောက်တစ်ကြိမ် ထပ်ပြီး
မလာရအောင်ပဲ နေပါ "
Jennie ပြောတော့ သူက ခပ်ပြုံးပြုံးဖြင့်
ခေါင်းငြိမ့်ပြပြီး
" အဲ့တာဆိုရင် တစ်ခြားတစ်နေရာမှာ
ဆုံကြတာပေါ့ ဒေါက်တာ "
Jennie သူ့ကို ခေါင်းငြိမ်ပြလိုက်မိသလား ၊
ငြင်းလိုက်မိသလား မသိတော့ပါဘူး ။
သူကတော့ Park Chaeyoung
ဆိုတယ့် မိန်းကလေးရဲ့
ပုခုံးပေါ် လက်တင် သိုင်းဖက်ရင်း
ထွက်သွားတယ် ။
လျှောက်လမ်းပေါ်က အဲ့နှစ်ယောက်ကို
အနောက်ကနေ လှမ်းကြည့်ရင်း
စိတ်ထဲ အလိုမကျသလို ခံစားလာရတယ် ။
ဘာလို့ အဲ့လောက် နီးကပ်နေတာလဲ ဆိုပြီး
ဒေါသစိတ်လည်း ဖြစ်မိသား ။
သူ့တို့နှစ်ယောက်ဆက်ဆံရေးက
သူငယ်ချင်းတွေဆိုတာ သိပေမယ့်လည်း
သူမရဲ့စိတ်ထဲ သဘောမတွေ့မိဘူး ။
ဒါပေမယ့် အဲ့လို ကလေးခံစားချက်
တွေဖြစ်နေတယ့် ကိုယ့်စိတ်ကိုကိုယ်
ပိုပြီး သဘောမတွေ့ဘူး ။ စိတ်ပျက်လိုက်တာ ။
_
" အပျင်းပြေ တစ်နေရာရာ
ခရီးထွက်ကြ မလား "
ဆေးရုံက အခုမှ ဆင်းလာရတယ့်
Jisoo ကို စိတ်ပြေလက်ပျောက်
အနေနဲ့မေးလိုက်သည် ။ သူကတော့
ခေါင်းခါပြပြီး
" မသွားချင်ဘူး...ပျင်းတယ် "
" ပျင်းနေတာသိလို့ သွားကြမယ်
ပြောတာလေ "
ခရီးသွားဖို့ တိုင်ပင်တာကိုတောင်
ပျင်းနေတယ့် Jisoo ကို ကြည့်ရင်း
သက်ပြင်းချလိုက်မိသည် ။
" နင့်အိမ်ကိုပဲ မောင်းနော် ။ နင့်အိမ်ပဲ
လိုက်နေမယ် အိမ်မပြန်ချင်ဘူး..."
" ကောင်းတာပေါ့ ။ ပြန်မနေနဲ့ "
သူမအိမ်က Jisoo အိမ်ထက်
စာရင် ပိုပြီး သက်သောင့်သက်သာ
ရှိပြီး လွတ်လပ်သည် ။ သူမရဲ့
မိဘတွေကလည်း သဘောကောင်းပြီး
ပေါ့ပေါ့ပါးပါး နဲ့ အေးအေးဆေးဆေး
ပုံစံတွေမလို့ Jisoo ရဲ့မိဘတွေနဲ့
မိုးနဲ့မြေလိုကွာခြားသည် ။
Jisoo ရဲ့အမေကတော့
သူ့အဖေလိုမဆိုးဘဲ သဘောကောင်း
ပြီး ပြောရဆိုရကောင်းပေမယ့်
နောက်အိမ်ထောင်နဲ့ဆိုတော့
အဆင်ပြေမနေဘူးလေ ။
Jisoo ကို သူမရဲ့အိမ်ပဲ ခေါ်လာပြီး
နေခိုင်းလိုက်သည် ။ နေရတာ
သက်သောင့်သက်သာမရှိရင် သူမရဲ့
အပိုရှိနေတယ့် တိုက်ခန်းမှာ သွားနေ
ကြမလားမေးပေမယ့်လည်း
Kim Jisoo က ဒီမှာပဲနေမယ်တယ့် ။
သူမရဲ့မိသားစုနဲ့ Kim Jisoo က
သက်သောင့်သက်သာဖြစ်တာထက်ကို
ပိုနေတော့တာပါပဲ ။
" Jeju သွားကြမလား "
" ပျင်းတယ်လို့ "
" ပျင်းလည်း သွားမှာပဲဟာ ။
စိတ်ပြေလက်ပျောက် လည်ပတ်ရအောင်
စီစဉ်ပေးနေတာကို ။ စေတနာကို
မစော်ကားစမ်းနဲ့ "
ခြေရင်းက ဆိုဖာပေါ် ထိုင်ရင်း
Tv Game ဆော့နေတယ့် Jisoo ကို
ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သည်။
" ဟာ! ဒီမှာဆော့နေတာ ရှုံးတော့မှာပဲ "
သူကအော်တော့ နောက်တစ်လုံးနဲ့
ထပ်ပေါက်လိုက်ပြီး
" ရှုံးပါစေပေါ့ ။ စကားအပိုမထွက်လာနဲ့
တော့နော် ငါသွားမယ်ဆိုသွားမယ်ပဲ ။
နောက်...2 ပတ်လောက်နေရင်
သွားကြမလား ။ ချက်ချင်းကြီးဆို
နင်ပိုပင်ပန်းနေလိမ့်မယ် "
" သဘောပဲ "
သူမကို attention မပေးဘဲ
Game ပဲ နှိပ်နေတယ့် Jisoo ကို
အနောက်ကနေ မျက်စောင်းထိုးကြီးကြီး
တစ်ချက် ပေးပစ်လိုက်သည်...။
To be continued
Zawgi
" ငါတစ္ေယာက္တည္း နမ္းေနခဲ့တာ
မဟုတ္ဘူးပဲ ေဒါက္တာ..."
ဘယ္လိုစိတ္နဲ႔ ျပန္နမ္းခဲ့မိလည္း
မသိေပမယ့္ ေလာေလာဆယ္ေတာ့
မ်က္ႏွာပူတာမို႔ အခန္းထဲက ထြက္သြားဖို႔
လုပ္ေပမယ့္ သူက Jennie ကို
ထြက္သြားမရေအာင္ အေနာက္ကေန
ဖက္ထားတယ္ ။
သူ႔အက်င့္အတိုင္း အတင္းအၾကပ္
အားသုံးတာမ်ိဳးမဟုတ္ဘဲ အခုလို
အသာအယာ ေပြ႕ဖက္ထားေတာ့လည္း
ရႈန္းထြက္ဖို႔က ခက္ျပန္တယ္ ။
" အခုေန ေဒါက္တာ့ရဲ႕ မ်က္ႏွာကို
တစိမ့္စိမ့္ေငးၾကည့္ပစ္ခ်င္ေပမယ့္
ေဒါက္တာ ရွက္ေနမွာ ငါသိပါတယ္ "
ထိုသို႔ေျပာရင္း အေနာက္ကေနၿပီး
သူက Jennie ရဲ႕လည္ပင္းကို
တစ္ခ်က္ဖိကပ္နမ္းလိုက္တယ့္အခါ သူမ
လန႔္ၿပီး ၾကက္သီးေမႊးထသြားမိတယ္ ။
Kim Jisoo နဲ႔ေတာ့ သူမ႐ူးေတာ့မယ္ ။
အသာအယာဖက္ထားတယ့္
လက္ေတြကေန ရႈန္းထြက္ၿပီး
သူနဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္တယ္ ။
သူက Jennie ကို ၿပဳံးရင္း
ၾကည့္ေနေတာ့ လည္ေခ်ာင္းေတြေတာင္
ေျခာက္သြားသလို ခံစားရတယ္ ။
သူက ၿပဳံးေနရင္ သိပ္ၾကည့္ေကာင္းတယ္ ။
တကယ္ေတာ့ ဒီတိုင္းလည္း
ေခ်ာေနတာပါပဲ ။
" ေစာနက ကိစၥကို စိတ္ထဲမထားဖို႔
ေမွ်ာ္လင့္ပါတယ္ ။ အဲ့တာ ခႏၶာကိုယ္ရဲ႕
တုံ႔ျပန္မႈေၾကာင့္ ျဖစ္သြားတယ့္
အမွားသက္သက္ပါ "
သူက Jennie ေျပာတာကို
ၾကားတာေတာင္မွ
အၿပဳံးမပ်က္ေပ ။ ၿပီးကာမွ Jennie ရဲ႕
နားနားသို႔ကပ္ကာ
" ထပ္မွားၾကမလား "
သူ႔ပုခုံးကို ႐ိုက္ပစ္လိုက္တယ္။
သူမကသာ ရွက္ေနေပမယ့္ သူကေတာ့
သူမကိုပင္ က်ီစယ္ေနေသးတယ္။
" ေက်းဇူးျပဳၿပီး ေစာနက
ကိစၥကို ေမ့ေပးႏိုင္မလား ။ ကြၽန္မက
ဆရာဝန္ တစ္ေယာက္ေလ...အဲ့တာမို႔
လူနာတစ္ေယာက္နဲ႔ ဒီလိုမ်ိဳးမျဖစ္ခဲ့သင့္ဘူး...
ရွင္နားလည္မယ္လို႔...."
Jisoo က သူမရဲ႕ ႏႈတ္ခမ္းကို
သူ႔လက္ညိဳးနဲ႔အသာထိလိုက္တယ္ ။
အဲ့အခါ ေျပာလတ္စ စကားေတြပါ
ေပ်ာက္ရွသြားၿပီး မ်က္ေတာင္ ပုတ္ခတ္
ပုတ္ခတ္ျဖင့္ပဲ အေရွ႕က သူ႔ကို
ၾကည့္မိတယ္ ။
" Excuse me ေဒါက္တာ...။ ဒီေဆး႐ုံက
ေဒါက္တာနဲ႔လူနာနမ္းရင္ အလုပ္ထုတ္မယ္လို႔
စည္းကမ္းခ်ထားလို႔လားဟင္ "
" အဲ့လိုမဟုတ္ေပမယ့္ မျဖစ္သင့္ဘူးေလ ။
ကြၽန္မက ရွင့္ကို မူးယစ္ေဆးျဖတ္ဖို႔
အတြက္ တာဝန္ယူၿပီး treatment လုပ္ေပးေနတယ့္ ဆရာဝန္တစ္ေယာက္ေလ ဒါေၾကာင့္ ..."
" ငါ့အေျခအေနမဆိုးတာ ေဒါက္တာ့
အသိပဲေလ ။ အစကတည္းက ေဆး႐ုံတက္
ျဖတ္ဖို႔ေတာင္ မလိုပါဘူး အိမ္မွာမေနခ်င္လို႔
လာတက္တာပါဆို "
" ေနာက္အပတ္ ရွင္ေဆး႐ုံ
ဆင္းလို႔ရၿပီေနာ္ "
သူမ စကားလမ္းေၾကာင္း
လႊဲပစ္လိုက္ေတာ့ သူက သက္ျပင္းခ်တယ္ ။
ၿပီးေတာ့ Jennie ရဲ႕ မ်က္လုံးကို
ေစ့ေစ့ၾကည့္ရင္း
" စကားလမ္းေၾကာင္းလႊဲတိုင္း နမ္းမွာ "
သူက ေျပာၿပီး သူ႔ကုတင္ဆီ
ျပန္ေလွ်ာက္သြားတယ္ ။ ၿပီးမွ
ကုတင္ေပၚေအးေဆးတက္လွဲၿပီး
" ေဒါက္တာ မျပန္ေတာ့ဘူးလား ?
မျပန္ခ်င္လည္းရတယ္ေနာ္ ကုတင္က
က်ယ္တယ္ "
Jennie သူ႔ကို မ်က္ေစာင္းထိုးရင္း
အခန္းထဲက ထြက္လာခဲ့လိုက္တယ္ ။
အေနာက္က သူ႔ရဲ႕ရယ္သံကိုေတာ့
ၾကားပါရဲ႕ ။
ဒီလိုလူနဲ႔မွ သူမရဲ႕စိတ္ေတြ
ဘယ္လိုမ်ား လြတ္ထြက္သြားတာပါလိမ့္ ။
ျပန္ေတြးမိတိုင္း ရွက္လြန္းလို႔
ႂကြက္တြင္းထဲသာ ဝင္ေအာင္း
ခ်င္မိေတာ့တယ္ ။
🪐
ေနာက္တစ္ေန႔ သူမ မနက္ပိုင္း Duty
ၿပီးလို႔ ေဆး႐ုံ reception မွာ nurses
အခ်ိဳ႕နဲ႔ စကားေျပာေနတုန္း
Reception ကို ေကာင္မေလးတစ္ေယာက္
ေရာက္လာတယ္ ။
" Kim Jisoo အခန္းနံပတ္ေျပာျပ "
အစက သတိမထားလိုက္မိေပမယ့္
ေကာင္မေလးရဲ႕ ေထာင့္မက်ိဳးတယ့္
ေလသံနဲ႔ Jisoo ရဲ႕နမည္ၾကားတာေၾကာင့္
သူမ ျဖတ္ခနဲ ၾကည့္လိုက္မိတယ္။
Kim Jisoo ရဲ႕ သူငယ္ခ်င္းပဲ
ေနေလာက္မယ္။ ပုံစံကိုက သူ႔လို
ေထာင့္မက်ိဳးတယ့္ ပုံစံမ်ိဳးပါပဲ ။
Jean short pant နဲ႔ကိုမွ
အျဖဴေအာင္ crop top အက်ီေလးနဲ႔
တြဲဝတ္ထားၿပီ အေပၚက Jean jacket
အပြတစ္ထည္ ဝတ္ထားတယ္ ။
အေနအထားကေတာ့ ခပ္ hot" ပဲ ။
ဆတ္ခနဲ သူမကို
တစ္ခ်က္ေစာင္းၾကည့္ၿပီး
ျပန္လွည့္သြားတယ္ ။ mean girl ဆန္ဆန္
ပုံစံေၾကာင့္ နည္းနည္းေတာ့
စိတ္ထဲ ကသိကေအာက္ေတာ့
ျဖစ္မိသား ။
" ဧည့္ေတြ႕ရဲ႕ နမည္ေလးတစ္ခ်က္ေလာက္
ေျပာျပေပးပါလားရွင့္ "
Reception က nurse က ေမးတယ္ ။
" Park Chaeyoung "
" လူနာနဲ႔ပတ္သတ္မႈေလး
ေျပာျပေပးပါလားရွင့္ "
" Hey တို႔က စစ္မႈထမ္းေနတယ့္ လူကို
တပ္ထဲ လာေတြ႕တာမဟုတ္ဘူးေနာ္ ။
အဲ့ေလာက္ စစ္ေမးေနစရာလိုလို႔လား...."
စိတ္မရွည္တယ့္ ေလသံနဲ႔အတူ
မခ်ိဳသာတယ့္ မ်က္ႏွာထားေၾကာင့္
Nurses မေလးေတြက ဆက္ေျပာဖို႔ကို
တြန႔္ဆုတ္သြားၾကတယ္ တူတယ္ ။
ဒါေၾကာင့္ ေဘးကေန အျမင္မေတာ္တယ့္
သူမကပဲ
" Excuse me မိန္းကေလး...သူတို႔က
လူနာေတြရဲ႕ လုံၿခဳံအေရးအတြက္
တာဝန္အရစစ္ေမးေနတာပါ ။ ေျဖေပးရတာ
ညီမအတြက္ အပန္းမႀကီးပါဘူး..."
အၾကည့္ေတြက သူမဆီ
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာတယ္ ။
ၿပီးေတာ့ ခနဲ႔တယ့္ ပုံစံနဲ႔
တစ္ခ်က္ရယ္တယ္ ။
" အိုေက...အိုေက ေျဖေပးပါ့မယ္ ။ ဒါနဲ႔
ဒီေဆး႐ုံမွာ ဆရာမႀကီးေတြ
သိပ္မ်ားတာပဲေနာ္ "
သူမကို ေစာင္းေျပာေနတယ့္
စကားေပမယ့္ စိတ္ကိုေလ်ာ့ရင္း
မသိခ်င္ေယာင္ေဆာင္ၿပီး ၿပဳံးျပလိုက္တယ္ ။
ၿပီးေတာ့ ဆက္ေနေနရင္
တစ္ခုခုေတာ့ ျဖစ္ေတာ့မွာမို႔ ေနရာက
ထြက္လာခဲ့လိုက္တယ္ ။
Kim Jisoo ကမွ
ေတာ္ေသးတယ္လို႔ပဲ စိတ္ထဲ
ေတြးလိုက္မိေတာ့တယ္ ။
🪐
အိမ္ျပန္ဖို႔အတြက္
ကားစက္ႏႈိးဖို႔ျပင္တုန္း ကားပါကင္ထဲ
ဝင္လာတယ့္ မနက္က ေကာင္မေလး ။
မနက္ကတည္းက ဧည့္ေတြ႕လာတာကို
အခုမွ ျပန္တာလား ? အခ်ိန္ကပဲ 8 နာရီ
ထိုးေနၿပီေလ ။
ၿပီးေတာ့ ေဘးနားမွာ Jisoo
ပါပါလာတယ္ ။ လိုက္ပို႔တာထင္ပါရဲ႕ ။
နစ္ေယာက္သား ဘာေတြမ်ား
ရပ္ေျပာေနၾကလည္း မသိ ရယ္ေမာ
ေပ်ာ္႐ႊင္ေနလိုက္တာမ်ား အျမင္ကတ္ခ်င္
စရာ ။
ကားထဲကသူမကိုလည္း ျမင္ၾကမယ့္
ပုံမေပၚပါဘူး ။ ႏွစ္ေယာက္တည္း
တစ္ကမာၻျဖစ္ေနၾကတာေလ ပတ္ဝန္းက်င္
ကို ေမ့ေနၾကမွာေပါ့ ။
" မနက္ျဖန္ထပ္လာခဲ့မယ္ "
သူမရဲ႕စကားကို Jisoo က
ေခါင္းခါျပတယ္ ။ ၿပီးေတာ့ ၿပဳံးရင္း
သူမကို ၾကည့္ၿပီး
" ေနာက္အပတ္ေဆး႐ုံဆင္းရမွာပါဆို
ဘာလို႔ထပ္လာေနမွာလဲ ေရာဂါအသည္းအသန္
ျဖစ္လို႔ ေဆး႐ုံ တက္ေနရတာလည္းမဟုတ္ပါဘူး "
" ဒါေပမယ့္ ငါဒီတစ္ခါပဲ
လာရေသးတယ္ေလ ။ ဒါေတာင္ ေလယာဥ္
ဆိုက္ဆိုက္ခ်င္း အေျပးေရာက္လာတာ ။ နင္ေဆး႐ုံတက္ေနရတာ င့ါကို ဖုန္းေျပာတုန္း
ဘာလို႔မေျပာတာလဲ ! နင့္အိမ္သြားမွ
သိခဲ့ရတယ္ "
ေျပာရင္း သူမရဲ႕ မ်က္ႏွာက
မိုးၿပိဳေတာ့မလိုျဖစ္လာတယ္ ။ ငိုေတာ့မယ္
ဆိုတာ သိေနတယ့္ Jisoo က
ဟက္ခနဲ တစ္ခ်က္ရယ္ၿပီး သူမရဲ႕
ပါးႏွစ္ဖက္ကို ဖိကာ
" ငါေျပာရင္ နင္က နင့္ရဲ႕ Family vacationက ခိုးျပန္လာခဲ့မွာ သိေနတယ္ေလ ။ မငိုစမ္းပါနဲ႔ဟာ မသိရင္ ငါက ေသေတာ့မယ့္ လူနာႀကီးက်ေနတာပဲ ေဆးသုံးတာမိလို႔
ေဆး႐ုံတက္ေနရတာေလပါဟ "
သူက မငိုနဲ႔ေျပာေပမယ့္
ကိုယ့္ကိုကိုယ္ တားမရတယ့္
သူမကေတာ့ ငိုခ်မိၿပီး အေရွ႕က
Jisoo ရဲ႕ရင္ခြင္ထဲဝင္ၿပီး
ဖက္ထားပစ္လိုက္တယ္ ။
" ေဟာ ဒီေကာင္မေလးနဲ႔ကေတာ့ "
ထိုသို႔ Jisoo က
ေျပာရင္း သူမရဲ႕ဆံပင္ေတြကို
ထိုးဖြၿပီး စေနာက္ေနတယ္ ။ သူ႔ကို
ျပန္ရန္ေတြ႕ဖို႔ ျပင္တုန္းမွာပဲ
ကားပါကင္ထဲက ႐ုတ္တရက္ႀကီး
ေမာင္းထြက္သြားတယ္ ကားတစ္စီး ။
ထိုကားကိုၾကည့္ရင္း Chaeyoung
အေနာက္ကေန က်ိန္ဆဲလိုက္မိေတာ့တယ္...။
🪐
ေနာက္တစ္ရက္ သူမ Night duty
က်လို႔ လူနာခန္းေတြဆီ round လွည့္ၿပီး
ျပန္လာတုန္း အေနာက္ကေန
ေျခသံၾကားတာေၾကာင့္ လွည့္ၾကည့္ေတာ့
ႏွစ္ေယာက္မရွိႏိုင္တယ့္ Kim Jisoo ။
သူ႔ကို ျမင္တာနဲ႔ မေန႔က
ဟိုေကာင္မေလးကိစၥကိုပါ ေခါင္းထဲေပၚ
လာတာမို႔ မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး
သူမလမ္းသူဆက္ေလွ်ာက္ေတာ့
Jisoo သူ႔မရဲ႕ ေဘးသို႔ ေရာက္လာသည္ ။
" ေဒါက္တာက အရမ္းေခ်တာပဲ "
သူ႔စကားကို သူမဘာမွတုံ႔ျပန္မႈ
မေပးဘဲထားလိုက္သည္ ။ ႐ုတ္တရက္
Jisoo က သူမရဲ႕လက္ကို လာကိုင္သည္မို႔
သူ႔ကို အလန႔္တၾကားလွည့္ၾကည့္မိေတာ့
သူက ဘာမွမလုပ္ထားသလို႐ုပ္ ။
" လႊတ္စမ္း Kim Jisoo !
တျခားသူေတြ ျမင္ကုန္မယ္ "
သူမသတိေပးေပမယ့္ သူက
မလႊတ္ေပးပါ ။ ေလွ်ာက္လမ္းမွာ
ဘယ္သူမွ မရွိေသးတာ ကံေကာင္းတယ္လို႔ပဲ
ေျပာရမလား မသိေတာ့ ။
သူမရဲ႕ ႐ုံးခန္းေရွ႕ေရာက္ေတာ့
Jennie အျမန္အခန္းထဲ ဝင္လိုက္သည္ ။
အေနာက္က Jisoo ကေတာ့
လက္ဆြဲရက္ႏွင့္ပင္ ပါလာခဲ့သည္ ။
အခန္းထဲေရာက္သည္ႏွင့္ သူက
ခ်က္ခ်င္းဆိုဖာမွာဝင္ထိုင္လိုက္ၿပီး
သူမကိုပါ ဆြဲကာ သူ႔ေပါင္ေပၚထိုင္ေစသည္ ။
ရွဴန္းဖို႔ျပန္ေပမယ့္လည္း Jisoo က
သူမရဲ႕ခါးကို အတင္းဖက္ထားၿပီး
Jennie ကို ၿပဳံးကာ ေမာ့ၾကည့္ေနသည္ ။
" တစ္ေယာက္ေယာက္ဝင္လာရင္
ဘယ္လိုလုပ္မလဲလို႔..."
" lock ခ်ခဲ့ပါတယ္ ေဒါက္တာရဲ႕ ။
အရမ္းစိတ္ပူတတ္တာပဲ ။ ၾကည့္ပါအုံး
ငါ့ရဲ႕ေဒါက္တာေလး ေခြၽးေတြေတာင္
ျပန္ေနၿပီ "
ေျပာရင္း Jisoo က သူ႔ရဲ႕လက္ျဖင့္
Jennie ရဲ႕နဖူးေပၚက အနည္းငယ္ေသာ
ေခြၽးစတို႔ကို သုတ္ေပးေတာ့ သူမ
ၿငိမ္၍သာ ေနရင္း Jisoo ကို ၾကည့္ေနမိသည္ ။
မ်က္တြင္းေတြက ပထမဆုံးေတြ႕တုန္းက
ေလာက္မညိဳေတာ့သလို မ်က္ႏွာကလည္း
နည္းနည္းပိုၿပီး လင္းလာသလို
ခံစားရသည္ ။ ၿပီးေတာ့ ညိဳေနတယ့္
ႏႈတ္ခမ္းေတြေတာင္ ေသြးေရာင္ေလး
သမ္းခ်င္လာၿပီပဲ ။
အၾကည့္ေတြက သူ႔ႏႈတ္ခမ္းကိုပဲ
စိတ္ဝင္တစားေငးမိၿပီးသြားခါမွ
သတိဝင္ၿပီး ရွက္စိတ္ျဖင့္ အၾကည့္လႊဲၿပီး
ဆတ္ခနဲ မတ္တပ္ရပ္လိုက္မိသည္ ။
ၿပီးေတာ့ ဆိုဖာခုံေပၚ ေအးေအးေဆးေဆး
ထိုင္ေနတယ့္ သူ႔ကို ၾကည့္ၿပီး
" ျပန္...ျပန္ေတာ့ "
" ဘယ္ကိုျပန္ရမွာလဲ "
" ရွင့္အခန္းကိုေပါ့ "
" ေဒါက္တာမရွိတယ့္ေနရာဆို
ဘယ္ေနရာမွ မသြားခ်င္ပါဘူး "
သူက ဆူပုတ္ပုတ္နဲ႔ ကေလးလို
ေျပာေနေတာ့ သူက ၿပဳံးခ်င္မိသြားသည္ ။
မ်က္ႏွာပိုးကို ျပန္သတ္ရင္းမွ
ေခ်ာင္းတစ္ခ်က္ဟန႔္ကာ
" ရွင္မသြားလည္း ကြၽန္မသြားမယ္ "
ေျပာရင္း အေပၚမွ Duty coat ကို
ခြၽတ္ ၊ စားပြဲေပၚမွ လက္ဆြဲအိတ္ကိုဆြဲ၍
Jennie အရင္ထြက္လာခဲ့လိုက္သည္ ။
အေနာက္က ေဒါက္တာလို႔ ေခၚသံ
ၾကားရေပမယ့္ မၾကားခ်င္ေယာင္ေဆာင္ၿပီး
ေတာ့သာ ခပ္သြက္သြက္နဲ႔ ထြက္လာခဲ့လိုက္သည္ ။
🪐
" ငါေဆးထပ္ခ်လိုက္ရမလား ေဒါက္တာ ။
အဲ့က်ရင္ ဒီကိုျပန္လာလို႔ရၿပီ "
တမင္သက္သက္
ေနာက္ေျပာင္ေနမွန္းသိတာေၾကာင့္
Jennie သူ႔ကို မ်က္ေစာင္းထိုးလိုက္သည္ ။
ဒီေန႔က Kim Jisoo ေဆး႐ုံဆင္းမည့္
ေန႔ျဖစ္သည္ ။ ေက်းဇူးရွင္က အျပင္ဝတ္စုံနဲ႔
လူနာကုတင္ေပၚမွာ အၿငိမ့္သား
ထိုင္ေနၿပီး Jennie ကေတာ့ သူ႔ေက်းဇူးနဲ႔
ဆိုဖာစားပြဲဝိုင္းမွာ လာထိုင္ေနရသည္ ။
တျခား Nurse ေတြလည္း
ဘယ္သူမွ မရွိတာမို႔ ႏွစ္ေယာက္တည္း
ျဖစ္ေနသည္ ။ ဒီအခန္းထဲမွာ
သူမအတြက္ ဘာအလုပ္မွမရွိေပမယ့္
Kim Jisoo က သူ မျပန္ခင္
သူ႔အခန္းထဲမလာေပးရင္
ေဆး႐ုံမဆင္းႏိုင္ဘူးဆိုၿပီး
လာၿခိမ္းေျခာက္ေနတာမို႔ Jennie မွာ
လာထိုင္ေပးေနရသည္ ။
" အျပင္ေရာက္ရင္ ဘာမွ
လုပ္စရာလည္းမရွိဘူး...ပ်င္းလိုက္တာ "
" ဘဝကို အက်ိဳးရွိေအာင္ေနရင္
ဘယ္ပ်င္းစရာေကာင္းမလဲ "
" အဲ့တာ ေဒါက္တာ ဖန္တီးေပးမွ
ရမွာေလ "
" ကြၽန္မနဲ႔ဘာဆိုင္လို႔လဲ "
Jennie ေျပာေတာ့ Kim Jisoo က
ခပ္ၿပဳံးၿပဳံးျဖင့္ ေခါင္းခါသည္ ။ ၿပီးေတာ့
ကုတင္ေပၚက ထလာၿပီး သူမနဲ႔ေဘးကပ္
လ်က္မွာ ဝင္ထိုင္ကာ
" ငါ့ရင္ခြင္ထဲ မလာခ်င္ဘူးလား
ေဒါက္တာ..."
Jennie သူ႔ကို မ်က္ေစာင္းထိုးလိုက္တယ္ ။
Kim Jisoo က လူတင္မကဘူး
စကားကပါ သိပ္အသားယူတာ ။
" မနမ္းခ်င္ဘူးလား ေဒါက္တာ "
Jennie ေတာ့ ဒီလူတစ္ေယာက္နဲ႔တင္
႐ူးခ်င္တာပဲ ။ သူမကို Kim Jisoo က
မ်က္ႏွာေလးမဲ့ရႈံ႕ျပရင္း ကေလးလို
ပူဆာေနတာေလ ။
" နမ္းရေအာင္ ကြၽန္မတို႔က
ဘာဆိုင္လို႔လဲ "
မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး
အၾကည့္လႊဲလိုက္ေတာ့ ေဘးနားက
သူ႔ရဲ႕ရီသံက ထြက္လာတယ္ ။ တျခားမိန္းကေလးေတြလို အသံခ်ိဳခ်ိဳေလး
မဟုတ္တယ့္ သူ႔ရဲ႕ ဩရွရွအသံေလးက
တစ္မူထူးတယ္လို႔ထင္တယ္ ။ ဘာမဟုတ္တယ့္
ရီသံဆိုေတာင္ နားေထာင္လို႔
ေကာင္းေနတာမ်ိဳးေလ ။
သေဘာက်တယ္ရယ္ေတာ့
မဟုတ္ရပါဘူး ။
႐ုတ္တရက္ႀကီး သူက
Jennie ရဲ႕ပုခုံးေပၚ ေခါင္းမွီလာရင္း
ေတာ့ ခႏၶာကိုယ္က အနည္းငယ္
ၾကက္သီးေမႊးထသြားသလို
ခံစားလိုက္ရသည္ ။ ၿပီးေတာ့ သူ႔ရဲ႕
လက္ေတြက သူမရဲ႕ခါးကို ရစ္ပတ္ဖို႔
ျပင္ေနတာ ရိပ္စားမိလိုက္တာမို႔
သူ႔ရဲ႕လက္ကို ႐ိုက္ခ်လိုက္ရင္း
" ရွင့္ကို တရားစြဲေတာ့မယ္ "
" ေဒါက္တာဘက္က ဆႏၵရွိရင္
ေပ်ာ္ေပ်ာ္ႀကီး ေထာင္ထဲဝင္ေပးမွာေပါ့ "
ကင္မ္ဂ်ီဆူးအ႐ူးနဲ႔ ေျပာစရာစကားလည္း
ေပ်ာက္ရပါတယ္ ။ သူ႔ကို ဘာလို႔
ထမေသာင္းက်န္းပစ္ႏိုင္တာလည္း
ဆိုတာလည္း ကိုယ့္ကိုကိုယ္ နားမလည္
ေတာ့ဘူး ။ သူ႔ကို ျပန္နမ္းမိခဲ့တယ့္
အထိျဖစ္ခဲ့တယ့္ ကိုယ့္ကိုကိုယ္လည္း
နားမလည္ဘူး ။
အရင္ကသူမရဲ႕ sexuality ကို
ကိုယ္တိုင္ေတာင္ ခန္းမွန္းမိတာမ်ိဳး ၊
ေတြးၾကည့္မိတာမ်ိဳး မရွိခဲ့ဖူးသလို ၊
အဲ့အတြက္ အခ်ိန္မေပးခဲ့ႏိုင္တာမို႔
သူမက ဘယ္ gender ကို
သေဘာက်သလဲဆိုတာေတာင္
မေတြးၾကည့္ခဲ့ဖူးဘူး ။ Straight လို႔ေတာ့
ကိုယ့္ကိုကိုယ္ ထင္ခဲ့တယ္
ထင္တာပဲ ။
ဒါေပမယ့္လည္း Kim Jisoo နဲ႔ ေတြ႕ၿပီး
ေနာက္ပိုင္း သူမရဲ႕ sexuality က သူမအတြက္
ေတြးစရာျဖစ္လာၿပီ ။ အခုထိေတာ့
အေျဖမထြက္ေသးေပမယ့္ေပါ့။
ထိုအခ်ိန္ တံခါးဖြင့္သံ
ၾကားလိုက္တာမို႔ ပုခုံးေပၚက
Jisoo ကို တြန္းလိုက္ၿပီး မတ္တက္ထရပ္
လိုက္သည္ ။ အခန္းထဲဝင္လာေသာ
လူဟာ သူမအတြက္ သိပ္ကို ႀကိဳဆိုခ်င္စရာ
ေကာင္းတယ့္ ဧည့္သည္မ်ိဳးေတာ့
မဟုတ္ေန ။
" ျပန္ၾကစို႔ "
သူမကို ဝတ္ေက်တန္းေက်သေဘာမ်ိဳး
ေတာင္မႏႈတ္ဆက္ပဲ Jisoo ကိုပဲ
ရွိသမွ် attention ေပးေနတယ့္
Park Chaeyoung ဆိုတယ့္
မိန္းကေလးေၾကာင့္ နည္းနည္းေတာ့
ေအာင့္သက္သက္ ခံစားလိုက္ရတယ္ ။
Kim Jisoo ကေတာ့ သူ႔ရဲ႕ ရွိသမွ်
attention အကုန္ Jennie ကိုေပးၿပီး
ၿပဳံးျပေနရွာတယ္ ။
" သယ္စရာမရွိဘူးလား "
" အင္း ဘာမွမယူလာခဲ့ဘူးေလ "
" ၿပီးေရာ "
အခန္းထဲ သူတို႔အခ်င္းခ်င္း
စကားေတြေျပာေနတယ့္ၾကား သူမက
ကိုယ္ေပ်ာက္လူသားလို ခံစားလာရတာမလို႔
အခန္းထဲက ထြက္သြားမလို႔ရွိေသး
Kim Jisoo က ေဘးနား ေရာက္လာျပန္ၿပီး
" ျပန္ၿပီေနာ္ ေဒါက္တာ ။ ထပ္ေတြ႕ၾကမယ္ "
" ကြၽန္မေတာ့ ထပ္မေတြ႕ခ်င္ေတာ့ဘူး ။
ဒီကို ေနာက္တစ္ႀကိမ္ ထပ္ၿပီး
မလာရေအာင္ပဲ ေနပါ "
Jennie ေျပာေတာ့ သူက ခပ္ၿပဳံးၿပဳံးျဖင့္
ေခါင္းၿငိမ့္ျပၿပီး
" အဲ့တာဆိုရင္ တစ္ျခားတစ္ေနရာမွာ
ဆုံၾကတာေပါ့ ေဒါက္တာ "
Jennie သူ႔ကို ေခါင္းၿငိမ္ျပလိုက္မိသလား ၊
ျငင္းလိုက္မိသလား မသိေတာ့ပါဘူး ။
သူကေတာ့ Park Chaeyoung
ဆိုတယ့္ မိန္းကေလးရဲ႕
ပုခုံးေပၚ လက္တင္ သိုင္းဖက္ရင္း
ထြက္သြားတယ္ ။
ေလွ်ာက္လမ္းေပၚက အဲ့ႏွစ္ေယာက္ကို
အေနာက္ကေန လွမ္းၾကည့္ရင္း
စိတ္ထဲ အလိုမက်သလို ခံစားလာရတယ္ ။
ဘာလို႔ အဲ့ေလာက္ နီးကပ္ေနတာလဲ ဆိုၿပီး
ေဒါသစိတ္လည္း ျဖစ္မိသား ။
သူ႔တို႔ႏွစ္ေယာက္ဆက္ဆံေရးက
သူငယ္ခ်င္းေတြဆိုတာ သိေပမယ့္လည္း
သူမရဲ႕စိတ္ထဲ သေဘာမေတြ႕မိဘူး ။
ဒါေပမယ့္ အဲ့လို ကေလးခံစားခ်က္
ေတြျဖစ္ေနတယ့္ ကိုယ့္စိတ္ကိုကိုယ္
ပိုၿပီး သေဘာမေတြ႕ဘူး ။ စိတ္ပ်က္လိုက္တာ ။
_
" အပ်င္းေျပ တစ္ေနရာရာ
ခရီးထြက္ၾက မလား "
ေဆး႐ုံက အခုမွ ဆင္းလာရတယ့္
Jisoo ကို စိတ္ေျပလက္ေပ်ာက္
အေနနဲ႔ေမးလိုက္သည္ ။ သူကေတာ့
ေခါင္းခါျပၿပီး
" မသြားခ်င္ဘူး...ပ်င္းတယ္ "
" ပ်င္းေနတာသိလို႔ သြားၾကမယ္
ေျပာတာေလ "
ခရီးသြားဖို႔ တိုင္ပင္တာကိုေတာင္
ပ်င္းေနတယ့္ Jisoo ကို ၾကည့္ရင္း
သက္ျပင္းခ်လိုက္မိသည္ ။
" နင့္အိမ္ကိုပဲ ေမာင္းေနာ္ ။ နင့္အိမ္ပဲ
လိုက္ေနမယ္ အိမ္မျပန္ခ်င္ဘူး..."
" ေကာင္းတာေပါ့ ။ ျပန္မေနနဲ႔ "
သူမအိမ္က Jisoo အိမ္ထက္
စာရင္ ပိုၿပီး သက္ေသာင့္သက္သာ
ရွိၿပီး လြတ္လပ္သည္ ။ သူမရဲ႕
မိဘေတြကလည္း သေဘာေကာင္းၿပီး
ေပါ့ေပါ့ပါးပါး နဲ႔ ေအးေအးေဆးေဆး
ပုံစံေတြမလို႔ Jisoo ရဲ႕မိဘေတြနဲ႔
မိုးနဲ႔ေျမလိုကြာျခားသည္ ။
Jisoo ရဲ႕အေမကေတာ့
သူ႔အေဖလိုမဆိုးဘဲ သေဘာေကာင္း
ၿပီး ေျပာရဆိုရေကာင္းေပမယ့္
ေနာက္အိမ္ေထာင္နဲ႔ဆိုေတာ့
အဆင္ေျပမေနဘူးေလ ။
Jisoo ကို သူမရဲ႕အိမ္ပဲ ေခၚလာၿပီး
ေနခိုင္းလိုက္သည္ ။ ေနရတာ
သက္ေသာင့္သက္သာမရွိရင္ သူမရဲ႕
အပိုရွိေနတယ့္ တိုက္ခန္းမွာ သြားေန
ၾကမလားေမးေပမယ့္လည္း
Kim Jisoo က ဒီမွာပဲေနမယ္တယ့္ ။
သူမရဲ႕မိသားစုနဲ႔ Kim Jisoo က
သက္ေသာင့္သက္သာျဖစ္တာထက္ကို
ပိုေနေတာ့တာပါပဲ ။
" Jeju သြားၾကမလား "
" ပ်င္းတယ္လို႔ "
" ပ်င္းလည္း သြားမွာပဲဟာ ။
စိတ္ေျပလက္ေပ်ာက္ လည္ပတ္ရေအာင္
စီစဥ္ေပးေနတာကို ။ ေစတနာကို
မေစာ္ကားစမ္းနဲ႔ "
ေျခရင္းက ဆိုဖာေပၚ ထိုင္ရင္း
Tv Game ေဆာ့ေနတယ့္ Jisoo ကို
ေခါင္းအုံးနဲ႔ ပစ္ေပါက္လိုက္သည္။
" ဟာ! ဒီမွာေဆာ့ေနတာ ရႈံးေတာ့မွာပဲ "
သူကေအာ္ေတာ့ ေနာက္တစ္လုံးနဲ႔
ထပ္ေပါက္လိုက္ၿပီး
" ရႈံးပါေစေပါ့ ။ စကားအပိုမထြက္လာနဲ႔
ေတာ့ေနာ္ ငါသြားမယ္ဆိုသြားမယ္ပဲ ။
ေနာက္...2 ပတ္ေလာက္ေနရင္
သြားၾကမလား ။ ခ်က္ခ်င္းႀကီးဆို
နင္ပိုပင္ပန္းေနလိမ့္မယ္ "
" သေဘာပဲ "
သူမကို attention မေပးဘဲ
Game ပဲ ႏွိပ္ေနတယ့္ Jisoo ကို
အေနာက္ကေန မ်က္ေစာင္းထိုးႀကီးႀကီး
တစ္ခ်က္ ေပးပစ္လိုက္သည္...။
To be continued