๐™พ๐š—๐š•๐šข ๐š„

By BlackRoseTK93

26.2K 2.6K 895

Jeon Kim More

Intro
1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27

3

1.1K 108 19
By BlackRoseTK93

ဒါလေးကို စိတ်ချလက်ချဖတ်ပါနော်
မဟုတ်တာဘာမှမရေးထားဘူး
ဟုတ်တာလည်းမရေးထားဘူး ဟီးဟီး

စတာ ပုံစံကမတင်မကျတမျိုးလေးဖြစ်နေပေ
မယ့် ကျွန်မကိုယ်တိုင်က sensitive သမားမို့ စိတ်ချပြီးဖတ်ပါလို့ပြောပါရစေ 🙏

.....

ညနေမှာကျင်းပမယ့် မဂ်လာပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြသည်..နာမည်ကြီးသူဌေးသားနဲ့သူဌေးသမီးရဲ့ မဂ်လာပွဲကြောင့် သူဌေးသမီးကြိုက်တဲ့ အနီရောင်နှင်းဆီပန်းတွေဖြင့် ခန်းမတခုလုံးအလှဆင်နေကြသည် ဟိုတယ်ရဲ့ပန်းအလှဆင်အဖွဲ့ ၊ မီးအလင်းရောင် အလင်းအမှိန်တွေကိုလည်းသေချာပြင်ဆင်နေတဲ့ ဟိုတယ်ရဲ့မီးသမားအဖွဲ့ ၊ စားသောက်ဝိုင်းတွေကိုပြင်ဆင်နေရတာက Taehyung တို့ Housekeeping အဖွဲ့သားတွေဖြစ် သည်...

မနက် Hotel ကိုရောက်လာတာနဲ့ အပြင်အဆင်ပိုင်းကိုအရင်စစ်ဆေးဖို့ထွက်လာခဲ့တဲ့ Jungkook ဒါကသူပထမဆုံးအလုပ့ဝင်ရတဲ့နေ့ဖြစ်သလို ပထမဆုံးဦးစီးရတဲ့ပွဲလည်းဖြစ်သည်..အဖေစီမှာ အမှတ်ရဖို့သေချာကြိုးစားရမယ်လေ..အကိုတွေကအရမ်းတော်သလိုသူလည်းတော်ကြောင်းပြရတော့မှာပေါ့..

ခန်းမထဲဝင်လာကာ နေရာစုံသေချာလိုက်စစ်ဆေးကာ ညွှန်ကြားစရာရှိတာညွှန်ကြားပြီး အသေးစိတ်ကအစသေချာလေးစစ်ဆေးနေသလို ပွဲရဲ့တာဝန်ခံမန်နေဂျာဖြစ်သူကိုလည်း လိုလေစေ့မရှိအောင်မှာကြားနေသည်..အဝတ်တွေထည့်တဲ့လှည်းထဲစားပွဲခင်းတွေထည့်ကာ တွန်းလာပြီး အခန်းတွင်းသို့ဝင်လာတဲ့ Taehyung..
နေရာတိုင်းက စားပွဲတွေပေါ် စားပွဲခင်းတွေကို သေချာလေးခင်းကာ မညီညီအောင်ညှိနေသည်..
အလုပ်ပေါ်မှာသေချာစေ့စေ့စပ်စပ်လုပ်နေပုံကို အဝေးကနေလှမ်းကြည့်နေတဲ့ Jungkook.

နေရာစုံ ခင်းကျင်းရင်း သူ့အနားကစားပွဲနားကိုရောက်လာတဲ့ Taehyung..သူ့ကိုမြင်တော့ သူဌေးတယောက်ကိုအရိုအသေပေးသလို ခါးလေးကုန်းကာခေါင်းလေးငုံ့လို့ ရိုကျိုးစွာနှုတ် ဆက်ပြီး သူခင်းစရာရှိတဲ့စားပွဲကိုသာဆက်ခင်းနေသည်..

နီးကပ်လာလေ ပိုသိသာလေ နီးကပ်လာလေ ပိုတူနေတာကြောင့် Jungkook မှာအလုပ်ထဲစိတ်မပါတော့ သူ့ရဲ့ရှေ့က Taehyung ကိုသာကြည့်နေမိသည်..

ဘေးကပွဲမန်နေဂျာဖြစ်သူပြောနေတာကိုလည်းကြားတချက်မကြားတချက်ဖြင့်သာ..စားပွဲတွေအားလုံးကိုတယောက်ထဲခင်းကာအားလုံးပြီးသွားတော့ လှည်းလေးတွန်းကာပြန်ထွက်သွားတဲ့ Taehyung..

" သူဌေး ဒါပြီးရင် အခန်းလေးတချက်လောက်စစ်ဆေးပေးပါအုံး လိုအပ်တာလေးတွေကို အခန်းပြင်ဆင်မယ့် Taehyung တို့အဖွဲ့ကို ပြောလို့ရပါတယ် သူဌေး "

Taehyung တို့အဖွဲ့လို့ပြောလိုက်တော့Jungkook ချက်ချင်းဆိုသလိုပဲ ခန်းမထဲက ထွက်ကာ မဂ်လာဦးအခန်းကိုပြင်ဆင်ရန် သူရဲ့ရုံးခန်းရှိရာ အထပ်သို့တက်လာခဲ့ပြီး VIP room တွေရှိရာသို့ထွက်လာခဲ့သည်..

တော်ရုံဘယ်သူနဲ့မှစကားမပြောကာ လုပ်စရာရှိတဲ့အလုပ်ကိုသာသေချာလေးလုပ်နေတဲ့ Taehyung ကိုအခန်းဝကနေလှမ်းကြည့်နေတဲ့ Jungkook..

Taehyung တို့အဖွဲ့က အခန်းတခုလုံးကိုအားလုံးပြင်ဆင်ပြီးပြီဆိုမှ သူကဝင်ကာစစ်ဆေးတော့ သူ့ဘေးနားကနေခေါင်းလေးငုံ့ကာထွက်သွားတဲ့ Taehyung ကို လှမ်းခေါ်လိုက်သည်.

" Kim Taehyung "

" ဟုတ်ကဲ့ သူဌေး "

"ဟိုဘက် ခေါင်းအုံးအောက်က အစွန်းလေးက အပြင်သေချာမထွက်ဘူး အဲ့တာတချက်လောက်သွားညှိလိုက် "

" ဟုတ်ကဲ့ "

သူပြောတဲ့ခေါင်းအုံးကိုသေချာလေးညှိပြီးတော့ သူ့ကိုလှမ်းကြည့်နေတဲ့ Taehyung..သူလည်းဘယ်နေရာတွေလိုအပ်သေးလည်းလိုက်ကြည့်ပြီး

" အဆင်ပြေပြီ တာဝန်ကျေပါတယ် Kim Taehyung"

" ဟုတ်ကဲ့ "

Taehyung အခန်းထဲကနေထွက်သွားတော့ သူလည်းအခန်းထဲကနေထွက်လာခဲ့သည်..ပြင်ဆင်ပြီးသားအခန်းကိုသေချာပိတ်လို့ တွန်းလှည်းလေးတွန်းကာထွက်သွားတဲ့ Taehyung ကို ကျွန်တော် အနောက်ကနေကြည့်နေမိသေးသည်..

သူမနဲ့တော်တော်လေးတူနေပေမယ့် သူမထက်အပြုံးအရယ်မရှိသလို သူမထက်ပိုပြီးအေးဆက်လွန်းနေသည်..သူမကိုလည်းရင်းနှီးခွင့်မရသလို အလုပ်သမားဖြစ်တဲ့ Kim Taehyung ကိုလည်း သူဘယ်လိုစကားပြောရမလည်း..

ညနေမဂ်လာပွဲပြီးတာနဲ့သူလည်းအိမ်သို့တန်းပြန်လာပြီး ထမင်းစားပြီးတာနဲ့သူငယ်ချင်းတွေရှိတဲ့ club သို့ထွက်လာခဲ့သည်. သူငယ်ချင်းတွေကို တွေ့ချင်တာထက်သူမကိုတွေ့ချင်တဲ့စိတ်ကပိုများနေမယ်ဆိုလည်းမမှားဘူးပေါ့..

....

" နင်ဒီရက်ပိုင်းဘာလုပ်နေတာလည်းကောင်မ စောက်ဆံတပြားမှမရှိပဲ အလေလိုက်နေတာလား စောက်ဆံရနေတဲ့အကောင်ကိုဘာလို့ဖျတ်ရတာလည်း!!!"

" ကျွန်မကိုစော်ကားဖို့လုပ်နေတာကို စောက်ဆံရဖို့နဲ့ငြိမ်ခံရမှာလား "

" နင်ကဘာတွေတန်ဖိုးရှိနေလို့လည်း မကောင်းတဲ့မိန်းမရဲ့သမီးကို ဘယ်လင်ကောင်းသားကောင်းသူဌေးသားကမှ ရွှေပေါ်မြတင်ပြီးမယူဘူးမြဲမြဲမှတ်ထား "

" အမေက မကောင်းတဲ့မိန်းမဖြစ်တာနဲ့ပဲ ကျွန်မကပါမကောင်းတဲ့မိန်းမဖြစ်ရရောလား အမေကမကောင်းတဲ့မိန်းမဖြစ်တာနဲ့ပဲ ကျွန်မကလင်ကောင်းသားကောင်းမရရရောလား ဟမ်အမေ "

" နင်ဟာလေ ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးနေတာ "

" ကြီးတယ်ကြီးတယ် သိပ်ကိုအထင်ကြီးတာ ဘာလို့လည်းသိလား ကျွန်မက အမေလိုပိုက်ဆံနောက်လိုက်ပြီးကိုယ့်ဘဝကိုဖျတ်စီးမယ်မိန်းမ မဟုတ်လို့ပဲ"

"နင့်လိုလူမျိုးက လက်ထပ်ဖို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး နင့်ကိုတန်ဖိုးထားပြီးချစ်လာပေး
မယ့်သူရှိလာမှာမဟုတ်လို့ပဲ "

" အဲ့တာအမေကြောင့်လေ အဲ့တာအမေကြောင့်လေ!!!"

" မြေးလေး "

အနားမှာရှိတဲ့ ကုတ်အကျီကိုကောက်ဆွဲကာအိမ်ထဲကနေထွက်လာခဲ့လိုက်တော့သည်..ညစာစားဖို့လုပ်နေတုန်းအမေနဲ့စကားများလာတာကြောင့် ဗိုက်ကဆာနေတာနဲ့ပဲ လမ်းဘေးက စားသောက် ဆိုင်လေးတဆိုင်ထဲ ရှိတဲ့ပိုက်ဆံနဲ့ ခေါက်ဆွဲဝင်စားလိုက်သည်..

မျက်စောင်းထိုးဝိုင်းက အတွဲတတွဲရှိနေသလို ထိုအကောင်က လှမ်းပြီးကြည့်ကြည့်နေတာကြောင့် အိမ်မှာကလည်းစိတ်မကြည်လာပါဘူးဆို ဒေါသပါထွက်လာအောင်လုပ်နေသည် .

သူအကောင်လှမ်းလှမ်းကြည့်နေတာကိုရိပ်မိနေတဲ့သူကောင်မ..သူမလည်းစားစရာရှိတာမြန်မြန်စားပြီး စားပွဲပေါ်ပိုက်ဆံတင်ထားခဲ့ကာ ဆိုင်ထဲကထွက်လာတော့ အနောက်ကနေသူ့ရဲ့ဆံပင်ကိုလှမ်းဆွဲလိုက်ခြင်းခံလိုက်ရပြီး လှည့်ကြည့်လိုက်ချိန်မှာသူရဲ့ပါးပြင်ပေါ်သို့ကျရောက်လာတဲ့ ခုဏကောင်မရဲ့လက်ဝါး.

ဖြန်း

" ကောင်မ ငါ့ရည်းစားကိုလာမြုဆွယ်နေတယ် "

သူမကျစ်တချက်သက်သာ ထိုကောင်မရဲ့အကျီကို ပြန်ဆွဲလိုက်တော့ သူ့ရဲ့အကောင်ကရှေ့တိုးလို့လာသည်..ချက်ချင်းသူ့အကောင်ဘက်လှည့်ကာလက်ညို့ထိုးလို့

" ရှေ့မတိုးလာနဲ့ မိန်းကလေးခြင်းဖြစ်တာ နင်ဝင်မပါနဲ့ စောက်ခွက်ဖျတ်ရိုက်လိုက်မယ် နောက် ဆုတ်နေ "

ထိုကောင်မရဲ့အကောင်ကိုလက်ညိုးထိုးကကြိမ်းလိုက်ပြီးမှ ထိုကောင်မဘက်လှည့်ကာ ပါးကိုအားနဲ့တချက်ရိုက်လိုက်သည်..

ဖြောင်းးး

" ဒါက ငါ့ကိုရိုက်လို့ "

ဖြောင်းးးး

" ဒါက ငါ့ကိုရိုက်လို့ပြန်ရိုက်တာ "

ဖြောင်းးးးး

နောက်ဆုံးတချက်မှာ ပိုအားထည့်ပြီးရိုက်လိုက်သလို ဆွဲထားတဲ့အကျီကိုပါလွှတ်ချလိုက်တာကြောင့် ထိုကောင်မဟာ လည်ထွက်သွားပြီးလမ်းမပေါ်သို့လဲကျသွားသည်..

" လင်ဒရူးမ နင့်အကောင်စောက်ခွက်ကိုလည်းကြည့်အုံး ငါကမြူဆွယ်ရအောင် "

ကျွန်တော် ကလပ်သွားရန်ထွက်လာရင်းလမ်းမှာ သူမက စားသောက်ဆိုင်လေးထဲကထွက်လာတာကိုမြင်လိုက်လို့ဆိုင်ကယ်ကိုရပ်နေတုန်း အမျိုး သမီးတယောက်က သူမ ကိုပါးရိုက်လိုက်တာကြောင့် ချက်ချင်းဘဲ သူမ ရှိရာပြေးထွက်လာခဲ့ပေမယ့် သူမ က သူမ ပါပဲလေလို့ပြောရလောက်အောင် ချက်ချင်းလက်တုန့်ပြန်လိုက်ပုံက ကျွန်တော်ရပ်ကြည့်မိနေတဲ့အထိကိုပဲ..

ဒီနေ့သူမဝတ်ထားတာက မြင်နေကြပုံစံမဟုတ်ဘူး ခေါင်းစွပ်အနွေးထည်ကိုမှ အပေါ်ကလည်သာဂျက်ကပ်ကိုဝတ်ထားကာ  ဘောင်းဘီကလည်း လည်သာဘောင်းဘီအကျပ်ကိုမှဒေါက် ဖိနပ်မြင့်မြင့်ကိုစီးထားသည်..

သူမကကျွန်တော်ကိုမမြင်ဘူးထင်တယ် ပြသနာကိုစိတ်ကြိုက်ဖြေရှင်းပြီး ခေါင်းစွပ်ကို စွပ်ကာ လည်သာဂျက်ကပ်ရဲ့အိတ်ကပ်ထဲလက်ကလေး
နှိက်လို့ ထွက်သွားသည်..

သူမနောက်ကျွန်တော်လိုက်ကြည့်မိတော့ 24hours ဆိုင်ထဲဝင်သွားတာမြင်လိုက်လို့အနောက်ကနေလိုက်လို့သွားသည်..သူမဘေးနားသွားရပ်လိုက်ပြီး သူမဝယ်သောက်တဲ့ဆေးလိပ်ဖိုးကိုရှင်းပေးလိုက်သည်..

သူ့ကိုမျက်လုံးလေးစောင်းကာကြည့်ပြီး ဆေး လိပ်ဘူးကိုယူကာ ထွက်သွားတဲ့ သူမ..ဆိုင်ရှေ့မှာ ဆေးလိပ်တလိပ်ကိုထုတ်ကာ သောက်နေပြန် သည်ကျွန်တော်သူဘေးနားသွားရပ်လိုက်တော့ သူမဘက်ကစကားစပြောသည်..

" ငါနင်ရဲ့ဆိုင်ကယ်လိုက်စီးလို့ရမလား "

သူမတောင်းဆိုနေတာလား ကျွန်တော်စီကနေ.. ကျွန်တော် သူမ ကိုပြုံးပြလိုက်သည်.

" ရတယ် "

ဆေးလိပ်ကိုလမ်းမပေါ်ပစ်ချကာ ဒေါက်ဖိနပ်ဖြင့်ဖိခြေလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကိုစောင်းကာ ကျွန်တော်ရဲ့အနောက်ကနေထိုင်လိုက်ပြီး ကျွန်တော်ရဲ့ခါးကိုဖက်လိုက်တဲ့သူမ..

" ဟန်မြစ်ဘက်ကိုသွား "

သူမပြောတဲ့အတိုင်းဟန်မြစ်ဘက်သို့မောင်းထွက်လာခဲ့လိုက်သည်..လူရှင်းတဲ့နေရာတခုမှာဆိုင်ကယ်ကိုရပ်ကာ နှစ်ယောက်အတူတူ ဘောင်လေးတခုမှာထိုင်ရင်း

" ခုဏ.... "

" စိတ်ရှုပ်နေလို့ "

" ဘာတွေစိတ်ရှုပ်စရာရှိလို့လည်း "

ကျွန်တော်ပြန်မေးလိုက်မိတော့ သူမ အမြဲကြည့်တက်တဲ့ပုံစံခေါင်းလေးစောင်းကာ ဆံနွယ်လေးတွေကြားကနေကြည့်လာတဲ့မျက်ဝန်းတစုံ.
ကျွန်တော်ကိုပြုံးပြကာ တဖက်သို့ပြန်လှည့်သွားသည်

" နင်လိုသူဌေးသားက ဒါတွေနားလည်မှာမဟုတ်ဘူး"

" ဒါပေမယ့် မင်းပြောပြလေ ငါနားထောင်ပေးမယ် မင်းရင်ထဲပေါ့သွားအောင်ပေါ့ "

" ငါ့နာမည် Kim Taeri "

" Kim Taeri "

" အင်း "

" ငါ့နာမည်က Jeon Jungkook "

" သိတယ် "

" အင်း ငါ မင်းကို Taeri လို့ခေါ်လို့ရမလား "

ထပ်မှန်သူမကျွန်တော်ကိုလှည့်ကြည့်ပြန်သည်..
ပြီးတော့ခေါင်လေးညိတ်ပြသည်.

" အင်း ငါပြန်တော့မယ် "

ချက်ချင်းပဲ သူမထိုင်နေရာကနေထကာ ပြန်တော့မယ်ဟုပြောကာလှည့်ထွက်သွားသည်..

" ငါနဲ့အတူတူမပြန်ဘူးလား "

" ဟင့်အင်း ငါ Bus စီးပြီးပြန်တော့မယ် "

ခုဏပုံစံအတိုင်း အကျီအိတ်ကပ်ထဲလက်ကလေး
နှိက်လို့ထွက်သွားတဲ့ သူမကို ကျွန်တော်လှမ်းခေါ်လိုက်တော့ သူမကပြန်လှည့်ကြည့်လာသည်..

" Taeri ....ငါတို့တွဲရအောင် "

BlackroseTK93
Taekookforever🐰🐯🐯

zawgyi

မဟုတ္တာဘာမွမေရးထားဘူး


....











" Kim Taehyung "

" ဟုတ်ကဲ့ သူဌေး "


" ဟုတ်ကဲ့ "



" ဟုတ်ကဲ့ "




....









" မြေးလေး "




ဖြန်း





ဖြောင်းးး

" ဒါက ငါ့ကိုရိုက်လို့ "

ဖြောင်းးးး


ဖြောင်းးးးး










" ရတယ် "


" ဟန်မြစ်ဘက်ကိုသွား "


" ခုဏ.... "

" စိတ်ရှုပ်နေလို့ "





" ငါ့နာမည် Kim Taeri "

" Kim Taeri "

" အင်း "


" သိတယ် "



" အင်း ငါပြန်တော့မယ် "






BlackroseTK93
Taekookforever🐰🐯🐯

Continue Reading

You'll Also Like

12.1K 602 11
UNICODE...... ๐Ÿ”žแ€กแ€•แ€ญแ€ฏแ€„แ€บแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€œแ€ญแ€ฏแ€œแ€ญแ€ฏแ€™แ€พแ€ฌ Sexแ€กแ€แ€”แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€•แ€ซแ€แ€„แ€บแ€žแ€Šแ€ทแ€บแ€กแ€แ€ฝแ€€แ€บ แ€€แ€œแ€ฑแ€ธแ€žแ€ฐแ€„แ€šแ€บแ€™แ€ปแ€ฌแ€ธแ€แ€ปแ€„แ€ทแ€บแ€แ€ปแ€ญแ€”แ€บแ€•แ€ผแ€ฎแ€ธแ€™แ€พแ€–แ€แ€บแ€›แ€”แ€บ๐Ÿ”ž ZAWGYI...... ๐Ÿ”žแ€กแ€•แ€ญแ€ฏแ€„แ€นแ€ธแ€แ€ญแ€ฏแ€„แ€นแ€ธแ€œแ€ญแ€ฏแ€œแ€ญแ€ฏแ€™แ€ฝแ€ฌ Sexแ€กแ€แ€”แ€น...
9.6K 719 13
In the world of boys, Mr.Jeon is my gentleman. [ แ€ฅแ€ฎแ€ธแ€”แ€ฒแ€ท แ€€แ€œแ€ฑแ€ธ type ] Top -Jeon Jungkook Bottom- Kim Taehyung [Taekook] [Myanmar fanfiction] ยฉCoco_Jeon
22.2K 503 24
For all of you Aether (male traveler) fans out there, here's a book of oneshots for one of Genshin's best bois. Unfortunately, there are no requests...
22.4K 1.6K 22
"แ€กแ€†แ€ญแ€ฏแ€แ€ฑแ€ฌแ€บKim Taehyung แ€”แ€ฒแ€ทJeonJungkook แ€€แ€กแ€แ€ฝแ€ฒแ€แ€ฝแ€ฑแ€œแ€ฌแ€ธ " "V Hyung แ€˜แ€šแ€บแ€œแ€ญแ€ฏ แ€œแ€ฏแ€•แ€บแ€€แ€ผแ€™แ€แ€ฏแ€”แ€บแ€ธ" "แ€แ€”แ€บแ€แ€ถแ€œแ€ญแ€ฏแ€€แ€บแ€€แ€ผแ€™แ€œแ€ฌแ€ธ jungkookie"