Forever and Ever and Always

By BiU333

6.5K 846 256

I promise I'll be yours forever More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17 🤍🤎
19
Finale

18

463 46 23
By BiU333

ဘေးတစ်စောင်းလှဲနေတဲ့ ဆောင်ဟွန်းရဲ့ ဘေးမှာတော့ မျက်လုံးလေးများမှိတ်ချထားပြီး ပက်လက်လေးလှဲနေတဲ့ဂျိတ်ခ်။ ချွေးတွေစိုနေတဲ့ နားသယ်စပ်လေးကို ဆောင်ဟွန်းဟာ လက်နဲ့ သုတ်ပေးလိုက်ရင်း

" ဘေဘီ အရမ်းနာနေလားဟင်"

ခေါင်းခါပြရင်း ဆောင်ဟွန်းရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။ ဆောင်ဟွန်းရဲ့ဆွဲကြိုးလေးစီက သူပိုင်တဲ့ လက်စွပ်လေးကို လက်ညှိုးလေးနဲ့ ကစားနေရင်း

" မင်းကို ငါ့ရဲ့ ပထမဆုံးတွေပဲပေးခဲ့တာ အဲ့ဒါကိုသိလား ဟွန်? "

" မင်းရဲ့ ပထမဆုံးတွေ? "

" Omm ငါ့ရဲ့အချစ်၊ ငါ့ရဲ့ ပထမဆုံးအနမ်း၊ ငါ့ရဲ့ ခန္ဓာကိုယ် အဲ့ဒါတွေအားလုံးကို မင်းပိုင်ခဲ့တာ"

ရင်ခွင်ထဲကဂျိတ်ခ်ရဲ့ ဆံပင်လေးတွေထဲကို အနမ်းလေးတွေ ခပ်ဖွဖွလိုက်ပေးနေတဲ့ ဆောင်ဟွန်းဟာ ဂျိတ်ခ်ရဲ့စကားကြောင့် ခဏတာတွေဝေသွားရတယ်

" နေပါဦး ပထမဆုံးအနမ်းက ဘာအဓိပ္ပါယ်လဲ? မင်းရဲ့ ပထဆုံးစထားတဲ့ရည်းစားနဲ့ ငါ့ရှေ့မှာ နမ်းခဲ့တာပါ "

" ခ်ခ်ခ် အဲ့ဒါ ငါ့ရဲ့ပထမဆုံးအနမ်းမဟုတ်ဘူး"

" ဟွန်? "

ရင်ခွင်ထဲက ကောင်လေးက လက်လေးတစ်ဖက်ကို ထောက်လိုက်ကာ ထလာပြီး မှောက်ရက်အနေအထားလေးအတိုင်း ဆောင်ဟွန်းကို ငုံ့ကြည့်လာသည်။ နောက် ဘယ်ဘက်လက်ညှိုးလေးက ဆောင်ဟွန်းရဲ့ နှုတ်ခမ်းတွေပေါ်ရောက်လာပြီး ပွတ်သပ်ကာဆော့ကစားနေရင်း

" အလယ်တန်း ပထမနှစ်တုန်းက နေ့လယ်စာစားချိန်မှာ နောက်ဆုံးတန်းကခုံပေါ်မှာ အိပ်ပျော်နေခဲ့တဲ့ ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းကောင်လေးစီက အနမ်းခံလိုက်ရတာကို မသိခဲ့ဘူးတဲ့ "

အံ့သြမှုတွေကြောင့် ဝိုင်းသွားတဲ့ ဆောင်ဟွန်းရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ကျီစယ်နေတဲ့မျက်နှာပေးလေးနဲ့ ဂျိတ်ခ်ကပဲ ဆက်ပြီး

" အဲ့တုန်းက မင်းရဲ့နှုတ်ခမ်းလေးတွေကို ကြည့်ပြီး ငါ မထိန်းချုပ်နိုင်ခဲ့ဘူး ခ်ခ်ခ်... မင်း ငါ့အပေါ်စိတ်ရှိနေတာကို ဘယ်တုန်းကမှ စပြီး သတိထားမိတာလဲ ဆောင်ဟွန်းနား "

" မင်း ထွက်သွားတဲ့ အချိန်တုန်းက။ မင်း အနားမှာမရှိတော့ ငါ မနေတတ်ခဲ့ဘူး။ အဲ့နေ့ရက်တွေက ငါ့အတွက်အရမ်းဆိုးရွားခဲ့တဲ့ နေ့ရက်တွေပဲ "

" အဲ့ဒါဆို ငါက မင်းကို အရင်သဘောကျခဲ့တာပဲ။ မင်းနဲ့ စတွေ့တဲ့နေ့တည်းက ငါ ရင်တွေခုန်ခဲ့တာ....မင်းနဲ့ ခင်ခွင့်ရခဲ့လို့လည်း ငါအရမ်းပျော်ခဲ့ရတာ "

တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်ကနီးကပ်စွာကြည့်လို့ မြိုသိပ်ခဲ့ရတဲ့ခံစားချက်တွေကို သူတို့နှစ်ယောက်ဟာ ဖွင့်ဟဝန်ခံလျက်ရှိနေကြသည်။

" ငါရဲ့ စိတ်ကို ငါမသိတဲ့ထိ တုံးခဲ့ပေမဲ့ အဲ့ကတည်းက မင်းကလည်း ငါ့အတွက် တခြားလူတွေနဲ့မတူတဲ့ ငါ တန်ဖိုးထားခဲ့ရတဲ့ တစ်ဦးတည်းသောသူဖြစ်ခဲ့တာ ဘေဘီရဲ့ "

" ငါ့အပေါ်အဲ့လိုပြုမူပေးခဲ့တာကို ငါအရမ်းသဘောကျခဲ့တာ။ မင်းအပေါ် ငါအမြဲအနိုင်ယူခဲ့တာကလည်း ငါ့ကိုအလိုလိုက်ပေးတဲ့မင်းကိုမြင်ချင်ခဲ့လို့....အဲ့လိုမျိုးမင်းကို မြင်ရမှ ငါ့အပေါ်ထားတဲ့ မင်းစိတ်ကို ငါခံစားလို့ရခဲ့လို့ ငါမင်းကို အမြဲအနိုင်ယူခဲ့တာ။ ငါ့ကြောင့် မင်းထိခိုက်ဒဏ်ရာရတာတွေကို ငါမကြိုက်ဘူး၊ ငါ့ကြောင့်နဲ့ မင်းက တခြားသူကို အောက်ကျို့ခံတာကိုလည်း ငါမုန်းခဲ့တယ်...မင်းက ငါ့အတွက် တန်ဖိုးဖြတ်မရအောင် ချစ်ရတဲ့သူမလို့လေ "

ခံစားချက်တွေပွင့်အာလာတဲ့ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာလည်း မျက်ရည်လေးတွေဟာ ဝဲလို့...... ဂျိတ်ခ်ရဲ့ မျက်နှာလေးကို ဆောင်ဟွန်းစီသို့ နီးကပ်သွားအောင်ဆွဲယူလိုက်ပြီး နှုတ်ခမ်းဖူးလေးကို စုပ်ယူကာဖိကပ်လိုက်သည်။ သိမ်းပိုက်ထားတဲ့ နှုတ်ခမ်းတွေကိုလည်း မလွတ်ထွက်စေပဲ ဂျိတ်ခ်ကို အိပ်ယာပေါ်သို့ ပြန်လည်ဖိကပ်လိုက်တယ်။ အခုဆို ဂျိတ်ခ်က ပက်လက်လေးရှိနေပြီး ဆောင်ဟွန်းကတော့ အပေါ်ကနေအုပ်မိုးလျက် အနမ်းတွေဖလှယ်နေကြသည်။ ကျေနပ်လောက်တဲ့အချိန်ကြမှ နမ်းနေတာကို ရပ်လိုက်ပြီး နောက်ဆုံးတစ်ကြိမ်အဖြစ် အသံထွက်တဲ့ထိ တစ်ချက်လောက်ထပ်နမ်းလိုက်ရင်း

* မွ *

" ဘေဘီ ငါ့ကို ကတိတစ်ခုလောက်ပေးပါလား"

" ဘာကတိလဲ "

" ငါ့စီမှာ ဘယ်လိုကိစ္စတွေပဲ ဖြစ်လာပါစေ ငါ့စီကနေ ဘယ်တော့မှမထွက်သွားပါဘူးလို့ ကတိပေးပါလား? "

" Lee Heeseung က မင်းကို ဘာတွေပြောလိုက်တာလဲ? "

" ကျန်တာတွေကို ငါဖြေရှင်းလိုက်မှာမလို့ အဲ့ဒါတွေကို မင်း ခေါင်းထဲမထည့်နဲ့။ ငါ့အတွက် လိုအပ်တာက မင်းစီက အဲ့ကတိလေးပဲ Jakey"

" ငါ မင်းကို ယုံတယ်။ ငါလေ Lee Heesungလက်ကနေ မင်းကို ကာကွယ်ပေးနိုင်တဲ့အခြေနေတစ်ခုကိုရအောင် ငါကြိုးစားဖို့လုပ်ခဲ့တာ။ ဒါပေမဲ့ မင်းကလေ၊ ငါသိပ်ချစ်ရတဲ့မင်းက အခုလိုအခြေအနေထိရောက်အောင် လုပ်နိုင်ခဲ့လို့ ငါမင်းကို ဘယ်လောက်တောင်ကျေးဇူးတင်နေခဲ့ရသလဲလေ။ "

" ........ "

" ငါပြန်လာတာ ငါ့ရဲ့ စိတ်တွေကို မင်းကိုဖွင့်ပြောပြီး မင်းဘေးနားမှာနေတော့မလို့....ဒါပေမဲ့ မင်းက ရည်းစားတစ်ယောက်ထားလိုက်လိမ့်မယ်လို့ ငါ မတွေးခဲ့မိဘူး "

" တောင်းပန်ပါတယ် "

" ဘာပဲဖြစ်ဖြစ် အခုမင်းအချစ်တွေကို ငါအပိုင်ရနေပြီပဲလေ... * မွ * "

ဒီညလေးမှာတော့ ဆောင်ဟွန်းနဲ့ဂျိတ်ခ်ဟာ တစ်ယောက်တစ်လှည့်စီ အနမ်းတွေပေးမဝနိုင်အောင်ဖြစ်နေကြရသည်။

" ငါ ခန့်မှန်းထားပြီးသားပါ။ မင်းနဲ့ဆောနူအကြောင်းသိလိုက်ရတဲ့နေ့က ဘာလို့ Lee Heeseungက ငါ့ကို အေးဆေးပြန်လာခွင့်ပေးခဲ့တာလဲဆိုတာကို သဘောပေါက်သွားခဲ့တာ။
အခုငါတို့ အခြေအနေကိုလည်း သူ သိနေလောက်မှာ၊ အဲ့ဒါမလို့ လည်း သူပြန်လာတာနေမှာ.... ဒါပေမဲ့ ငါ မင်းကိုယုံတယ် မင်းက သူ့ကို အနိုင်ယူနိုင်မယ်ဆိုတာကို ငါသိတယ် "

* မွ *

" နောက်ပြီးတော့ ငါက ထာဝရ ပတ်ဆောင်ဟွန်းတစ်ယောက်တည်းရဲ့အပိုင်ဖြစ်ပြီးတော့ မင်းအနားမှာပဲ အမြဲတမ်း ရှိနေမယ်လို့ ငါ ကတိပေးတယ် ဆောင်ဟွန်းနား"

ဂျိတ်ခ်ရဲ့ ပါးပေါ်သို့ ခုန်ဆင်းသွားတဲ့ ဆောင်ဟွန်းရဲ့ မျက်ဝန်းထဲက မျက်ရည်စက်လေးတွေ.... ဆောင်ဟွန်းကို မျက်ရည်ကျအောင် လုပ်နိုင်တဲ့တစ်ဦးတည်းသော ကောင်လေးကပဲ ဆောင်ဟွန်းရဲ့ မျက်ရည်တွေကို အနမ်းတွေနဲ့ ပြန်လည်ကုစားပေးနေခဲ့တယ်။






အချစ်တွေနဲ့ အိပ်စက်ခဲ့ရတဲ့ ညလေးတစ်ညကို ကျော်လွန်လို့ နေရောင်ခြည်နွေးနွေးလေးတွေဟာ အခန်းထဲကို ဝင်ရောက်လာပြီး ချစ်သူရဲ့ရင်ခွင်ထဲမှာ မှေးစက်နေတဲ့ ဂျိတ်ခ်ကို လာရောက်နှိုးလာကြတော့သည်။

မျက်လုံးတွေကို မဖွင့်လိုက်ခင်တည်းက နှာခေါင်းထဲကို အရင်ဝင်ရောက်လာတဲ့ ဂျိတ်ခ်အရမ်းသဘောကျရတဲ့ ဆောင်ဟွန်းနီစီက ရနေကျ အမွေးနံ့လေးကို ရှူရှိုက်လိုက်လို့ အပြုံးတွေနဲ့ နိုးလာခဲ့သည်။ အိပ်ပျော်နေဆဲဖြစ်တဲ့ ဆောင်ဟွန်းကို မနိုးသွားစေချင်တာကြောင့် ခါးပေါ်မှာရှိနေတဲ့ ဆောင်ဟွန်းနီရဲ့ လက်တွေကို အသာအယာဆွဲယူကာ ဖယ်ရှားလိုက်ပြီးတဲ့နောက် နှာခေါင်းနဲနှုတ်ခမ်းကြားကနေရာလေးကို အနမ်းတစ်ချက်ပေးကာ အိပ်ယာထဲမှ ထလာခဲ့လိုက်သည်။

မီးဖိုချောင်ထဲမှာ မနက်စာအတွက် ခေါက်ဆွဲပြုတ်နေတဲ့ ဂျိတ်ခ်ဟာ အနောက်ဖက်ကနေ အဖက်ခံလိုက်ရတော့ နွေးထွေးသွားတဲ့ခံစားမှုကို သဘောကျစွာပဲ ထိုရင်ခွင်စီသို့ ဂျိတ်ခ်ရဲ့ နောက်ကျောလေးကို ပြန်လည်ကာမှီချလိုက်ရင်း ပိုမိုလို့တိုးကပ်ပြစ်လိုက်သည်။

" good morning ဘေဘီ "

"morning... နိုးလာပြီပေါ့ "

ဖက်တွယ်ထားတဲ့ ခါးပေါ်ကလက်တွေက ပိုတင်းကြပ်လာပြီး ပုခုံးပေါ်နဲ့ ဂုတ်သားလေးတွေကို အနမ်းတွေ ဖွဖွလေး လိုက်ပေးနေတဲ့ ဆောင်ဟွန်းက

"Omm ဘာလို့ ငါ့ကို မနှိုးတာလဲ "

" နည်းနည်းစောသေးလို့လေ...မနက်စာရခါနီးမှ လာနှိုးမလို့လုပ်နေတာ "

ဆောင်ဟွန်းရှိရာ အနောက်ဖက်သို့ ခေါင်းလေးစောင်းကာ လှည့်လာပြီး နှုတ်ခမ်းလေးတွေကို ရှေ့သို့ ဆူပြလာကာ ဆောင်ဟွန်းကို နမ်းစေခိုင်းခဲ့သည်။ တစ်ချက်လောက်နမ်းရုံနဲ့ မတင်းတိမ်နိုင်တာကြောင့် ဂျိတ်ခ်ကို ဆောင်ဟွန်းဘက်သို့ ဆွဲလှည့်လိုက်ပြီး ခါးလေးကနေ ထိန်းကိုင်ကာ kitchen counterပေါ်သို့ ဂျိတ်ခ်ကို တင်လိုက်တော့

" ရေဆူတော့မယ် ဆောင်ဟွန်းရှီ၊ ခေါက်ဆွဲထည့်ရတော့မယ် "

ဘေးက မီးဖိုခလုတ်ကို ဆောင်ဟွန်းဟာ တမင်ပိတ်ပြစ်လိုက်ပြီး စားပွဲပေါ်က ဂျိတ်ခ်ရဲ့ ဘေးနှစ်ဖက်ကို လက်ထောက်ကာ အိပ်ယာထကာစ ဘာမှမပြင်ဆင်ထားတာတောင် ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေးစီသို့ တိုးကပ်သွားလိုက်သည်။ ပြုံးရယ်နေတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တော့ ဂျိတ်ခ်က ဆောင်ဟွန်းရဲ့ ရင်ဘတ်နဲ့ ပုခုံးတွေကို ပွတ်သပ်ပေးလာသည်။ ဆောင်ဟွန်းရဲ့ လက်တွေကတော့ တစ်ဖက်က ဂျိတ်ခ်ရဲ့ပေါင်ကိုပွတ်သပ်နေပြီး၊နောက် တစ်ဖက်ကတော့ ခါးလေးကို ဖက်ထားသည်။ ဂျိတ်ခ်ရဲ့ ခံတွင်းထဲထိ ဆောင်ဟွန်းရဲ့ လျှာတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့ ဂျိတ်ခ်ဟာ ဆောင်ဟွန်းရဲ့ အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်ကာဆွဲလိုက်ရင်း

" တော်တော့....ငါတို့ အဲ့လိုနဲ့ အလုပ်နောက်ကျတော့မယ် "

" အလုပ်မသွားချင်ဘူး "

" ဟာ ဒါ ceoတစ်ယောက်ပြောရမဲ့စကားလား ဟမ်"

" မသိဘူးအဲ့ဒါတွေ၊ မင်းအနားမှာ နေချင်တာပဲသိတယ် "

" မင်းက ceoမလို့ မသွားလည်းရပေမဲ့ ငါကတော့မရဘူး ဖေဖေ့စီက အဆူခံရလိမ့်မယ် ခ်ခ်ခ် "

မဲ့ကျသွားတဲ့ ဆောင်ဟွန်းရဲ့ နှုတ်ခမ်းတွေကို ဂျိတ်ခ်က တစ်ချက်နမ်းလိုက်ပြီး

" ပြန်လာရင်တွေ့ရမှာပဲကို....သွား ရေချိုး အဝတ်အစားလဲ ငါ ခေါက်ဆွဲပြုတ်ထားလိုက်မယ် "


ထမင်းစားပွဲမှာ ဆောင်ဟွန်းအလာကို ထိုင်ပြီးစောင့်နေတဲ့ ဂျိတ်ခ်ရဲ့ ပါးလေးသို့ အနမ်းလေးတစ်ချက်ပေးပြီး ဘေးမှာဝင်ထိုင်လိုက်သည်။

" အင်္ကျီတွေမခြောက်သေးဘူး "

" ငါ့ suitတွေ ယူဝတ်သွားလေ "

" တော်မှမတော်တာ Jakeyရ...ရတယ် ငါ အိမ်ပြန်လဲလိုက်မယ် "

" ညက ဘယ်လိုဖြစ်ပြီး မိုးတွေစိုလာရတာလဲ? မင်းရဲ့ကားကရော? "

" ဒီနားက တစ်နေရာမှာ ရပ်ထားခဲ့တာ၊ ကားတွေအရမ်းပိတ်နေလို့လေ ညက "

" ငါ့ကို အဲ့လောက်တောင်တွေ့ချင်နေခဲ့တာပေါ့ "

" Omm သည်းမခံနိုင်လောက်အောင်ပဲ..ငါ အဲ့နေရာမှာ နည်းနည်း​လောက်ပဲ ထပ်နေနေမိရင် ရူးသွားလောက်မယ် ထင်တယ် "

" ခ်ခ်ခ် "

ချက်တတ်တာဆိုလို့ ခေါက်ဆွဲပဲပြုတ်တတ်တဲ့ ဂျိတ်ခ် ပြုတ်ကျွေးတဲ့ ခေါက်ဆွဲကို စားရင်း တီတီတာတာ စကားတွေပြောရတာကို ဆောင်ဟွန်းဟာ ပျော်လိုက်တာ....ပျော်ရွှင်မှုတွေက ဂျိတ်ခ်နဲ့တွေ့မှ ဖြစ်တတ်လာတယ်ထင်ပါတယ်။

ညက ဆောင်ဟွန်းကားရပ်ထားခဲ့တဲ့ နေရာကို ဂျိတ်ခ်က လိုက်ပို့ပေးပြီးနောက် သူတို့ နှုတ်ဆက်လိုက်ကြတယ်။ နောက်နေ့တွေတော့ ဂျိတ်ခ်ကို အသွားအပြန် အကြိုအပို့ လုပ်ပေးဖို့ ဆောင်ဟွန်းစိတ်ကူးမိလိုက်သေးသည်။ ကိုယ့်ကားနဲ့ ကိုယ် အိမ်ပြန် အဝတ်အစားလဲပြီးမှ ကုမ္ပဏီသို့ သွားလိုက်သည်။

အတွင်းရေးမှူးလေးကို ဒီနေ့ ရိုက်ကူးရေးရှိလားမေးကြည့်တော့ နောက်လအတွက် fashion မဂ္ဂဇင်းမှာ ရိုက်ဖို့ modelတွေအစမ်းဝတ်ကြည့်ဖို့တော့ ရှိတယ်ဟု ဆိုလာသည်။ အမှန်တော့ ဒီနေ့ ဆောနူ ကုမ္ပဏီကို လာဖို့ ရှိမရှိသိချင်တာပါ။

" Hello ဆောနူ ကိုယ်ပါ "

" အင်း ကိုကို "

" ဒီနေ့ ဒီကို လာဖို့ရှိတယ်ကြားလို့ အချိန်ရရင် တွေ့လို့ရမလား? ကိုယ်ပြောစရာရှိလို့ "

" okလေ ပြီးရင် ငါ ကိုကို့ရုံးခန်းစီ တက်လာခဲ့လိုက်မယ် "




နာရီအနည်းငယ်အကြာမှာတော့ ရုံးခန်းထဲကို ဆောနူရောက်လာခဲ့သည်။

" ဘာသောက်ဦးမလဲ ဆောနူ "

" မသောက်တော့ပါဘူး...ဘာပြောစရာရှိလို့လဲ ကိုကို "

" ဒီလို ကိုယ် ဆောနူကို အကူအညီတစ်ခုလောက်တောင်းချင်လို့၊ အကယ်၍များ ပွဲနေ့က ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ကိုယ် တရားရင်ဆိုင်ဖို့ ဖြစ်လာခဲ့ရင် ဆောနူ သက်သေအဖြစ်လိုက်ပေးနိုင်မလား "

" ကိုကို တရားစွဲခံရမှာလား "

" ဖြစ်လာခဲ့ရင်ပြောတာ၊ အဲ့နေရာမှာ cctvလည်းမရှိဘူးလေ...ဆောနူလည်း ဖြစ်ခဲ့တာတွေကို မြင်ခဲ့တာပဲ ဘယ်သူမှားလည်း ဆောနူ သိတယ်မလား"

" ငါ အဲ့လိုလုပ်ပေးရင် ကိုကိုက ငါ့ချစ်သူအဖြစ်နဲ့ နေပေးမှာလား "

" ဟင်? "

" ကိုကိုသာ ငါ့ချစ်သူအဖြစ်ဆက်နေပေးမယ်ဆိုရင် ငါဘာဖြစ်ဖြစ်အကုန်လုပ်ပေးမယ်"

" ကိုယ်...... "

" ကိုကို စဥ်းစားပေါ့....ငါက ဒီလိုကိစ္စတွေနဲ့ လူကြားထဲထွက်ရဖို့ ငါ့မှာ အရင်းနှီးအရမ်းများတယ်...ဒါပေမဲ့ ကိုကို့ကြောင့်နဲ့ဆို ငါ အကုန်လုပ်ပေးနိုင်ပါတယ်။ ကိုကို ပြန်လုပ်ပေးရမှာက ငါတို့ဆက်ဆံရေးကိုအရင်အတိုင်းပဲ ပြန်ဖြစ်အောင်လုပ်ပေးဖို့ပဲ.... ငါသွားတော့မယ် အချိန်သိပ်မရလို့ "

ထွက်သွားတဲ့ ဆောနူကို ကြည့်ရင်း စဥ်းစားစရာကိုမလိုပဲ သေချာနေခဲ့တဲ့ ဆောင်ဟွန်းဟာ

" ဆောနူ! ဆောရီးပါ၊ ကိုယ် ဆောနူအပေါ် အေးစက်ခဲ့တာတွေအတွက် တကယ် စိတ်ရင်းနဲ့တောင်းပန်ပါတယ်"

ဆိုဖာမှာ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး coatအင်္ကျီကြယ်သီးကို တပ်လိုက်ကာ

" နောက်ပြီး ကိုယ်တို့တွေ့တာ ဒီနေ့က နောက်ဆုံးဖြစ်မယ်ထင်တယ်။ ကိုယ် အကူအညီတောင်းမိတာကိုလည်း မေ့လိုက်ပါ၊ ကိုယ်တခြားနည်းလမ်းပဲ ရှာလိုက်မှာမလို့ "

" ကိုကို!!!! "

ချက်ချင်း မျက်ရည်တွေကျပြီး ငိုလာတဲ့ဆောနူဟာ ဆောင်ဟွန်းစီကို လာဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလာတယ်ဆိုလျှင်ပဲ ဆောင်ဟွန်းကတော့ သူ့ကို ကျောခိုင်းလိုက်ကာ အလုပ်စားပွဲစီသို့ ပြန်လျှောက်သွားလိုက်သည်။

" ကိုယ် လုပ်စရာတွေရှိသေးလို့ အဲ့ဒါဆို ဒီလောက်ပဲ... နှုတ်ဆက်ပါတယ် ဆောနူ "

ဆောင်ဟွန်း ဒီနေ့မှာ သိလိုက်ရတဲ့ အသိတစ်ခုက  တစ်ချို့တွေကတော့ သူတို့ လိုချင်တဲ့အချစ်ကို အပေးအယူတွေနဲ့ မရ ရအောင် ယူဖို့ လုပ်နေတာတွေကို မြင်လိုက်တော့ ဆောင်ဟွန်းနဲ့ ဂျိတ်ခ်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ရဲ့ ချစ်ခြင်းတွေမှာတော့ အပေးအယူဆိုတာတွေမရှိခဲ့ပဲ ကိုယ်က တတ်နိုင်သလောက် ကိုယ်ချစ်ရတဲ့သူအပေါ် ပေးဆပ်ချင်တဲ့ အချစ်တွေပဲရှိခဲ့​ကြတယ်ဆိုတာကို သိလာရတယ်။ အဲ့ဒါကြောင့်လည်း သူတို့အချစ်တွေက အနေဝေးသွားလည်း၊ အချိန်တွေကြာသွားလည်း မပြောင်းလဲပဲ ခိုင်မြဲနေခဲ့ကြတာ ဖြစ်မယ်။

ဆောင်ဟွန်းက ဂျိတ်ခ်နဲ့ ပတ်သတ်ပြီး အရာအားလုံးကို လုပ်နိုင်သလောက်လုပ်ပြီး ရင်ဆိုင်မှာဖြစ်ပေမဲ့ အဲ့အထဲမှာ ဂျိတ်ခ်ကို ဖယ်ထုတ်ပြီးတခြားလူရင်ခွင်ထဲ ဝင်ဖို့ဆိုတာတော့ မပါဘူး။ ရင်မဆိုင်နိုင်လို့ ဆောင်ဟွန်းမှာ ရှိသမျှအရာအားလုံး ဆုံးရှုံးသွားခဲ့ရင်တောင် ဂျိတ်ခ်သာ ရှိနေမယ်ဆိုရင် ဂျိတ်ခ်ရဲ့လက်ကိုတွဲပြီး ပြန်လည်ရပ်တည်နိုင်မဲ့ ယုံကြည်ချက်တွေ ဆောင်ဟွန်းစီမှာ အပြည့်ရှိတယ်။

Continue Reading

You'll Also Like

1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.3M 53.3K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.2M 53.3K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC