SILENCE

By Florist520

2.2K 315 204

Your Silence Is Killing Me More

Intro
๐Ÿ’Œ (1)
๐Ÿ’Œ(1)-zawgyi
๐Ÿ’Œ (2)
๐Ÿ’Œ(2)-zawgyi
๐Ÿ’Œ (3)
๐Ÿ’Œ(3)-zawgyi
๐Ÿ’Œ (4)
๐Ÿ’Œ(4)-zawgyi
๐Ÿ’Œ (5)
๐Ÿ’Œ(5)-zawgyi
๐Ÿ’Œ (6)
๐Ÿ’Œ(6)-zawgyi
๐Ÿ’Œ (7)
๐Ÿ’Œ(7)-zawgyi
๐Ÿ’Œ (8)
๐Ÿ’Œ(8)-zawgyi
๐Ÿ’Œ
๐Ÿ’Œ (9)
๐Ÿ’Œ(9)-zawgyi
๐Ÿ’Œ (10)
๐Ÿ’Œ(10)-zawgyi
๐Ÿ’Œ (11)
๐Ÿ’Œ(11) - zawgyi
๐Ÿ’Œ(12)
๐Ÿ’Œ(12) - zawgyi
๐Ÿ’Œ (13)
๐Ÿ’Œ (14)
๐Ÿ’Œ (14) - zawgyi
๐Ÿ’Œ (15)
๐Ÿ’Œ (15) - zawgyi
๐Ÿ’Œ (16)
๐Ÿ’Œ (16) - zawgyi
๐Ÿ’Œ (17)
๐Ÿ’Œ (17) - zawgyi
๐Ÿ’Œ(18)
๐Ÿ’Œ(18) - zawgyi
๐Ÿ’Œ(19)-1
๐Ÿ’Œ(19)-2
๐Ÿ’Œ(19) - zawgyi
๐Ÿ’Œ(19)-2- zawgyi
๐Ÿ’Œ(20)
๐Ÿ’Œ(20) - zawgyi
๐Ÿ’Œ

๐Ÿ’Œ (13) - zawgyi

20 2 0
By Florist520

(၁၃)

အခက်ခဲဆုံးမှာ အတူတူရှိနေသူဟာ ဘဝရဲ့အကောင်းဆုံးသော အဖော်မွန်တဲ့။ဒါပေမယ့် Rikuဘဝရဲ့ အခက်အခဲဆုံးအချိန်တိုင်းမှာ ဘယ်သူမှ အနားမှာ ရှိမနေပေးဘူး။Rikuအဖေရော ‌အမေရော ညီမလေးရော ဘယ်သူကမှ Rikuအတွက် ဝိုင်းမခံစားပေးခဲ့ကြဘူး။

အထက်တန်းစာမေးပွဲပြီးလို့ Daeyoung ကိုရီးယားပြန်သွားတဲ့အချိန်ဟာ Riku ရဲ့တစ်ဘဝလုံးစာအတွက် အခက်ခဲဆုံးဖြစ်ခဲ့တယ်။ဒါပေမယ့် Daeyoung က အနားမှာမရှိခဲ့ဘူး။

အဲ့နေ့က Daeyoung တို့သားအမိကို ဘူတာရုံမှာတင် လမ်းခွဲပြီး ပြန်လာခဲ့တဲ့နေ့။ Daeyoung က ရထားပေါ်မတက်ခင် Rikuလက်ကို အမြတ်တနိုးကိုင်သွားတဲ့ အကြောင်း တွေးရင်း ပတ်ဝန်းကျင်ကို မေ့နေခဲ့တဲ့နေ့ပေါ့။

Rikuတစ်ယောက် အရှေ့ခြံတံခါးကို ဖွင့်ဝင်ချိန်မှာ ခန္ဓာကိုယ်ဟာ အေးစက်တောင့်တင်းသွားခဲ့တယ်။ကြားရက်တွေမှာ ပြန်မလာတတ်တဲ့ Rikuအဖေက အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်ပြီး အရက်တွေသောက်နေခဲ့တယ်။Rikuအမေက အိမ်ထဲမှာ စိတ်ပျက်လက်ပျက် လက်မှိုင်ချလို့ထိုင်နေတယ်။Rikuညီမလေးက အိမ်မှာရှိမနေဘူး။ဒီအခြေအနေဟာ Rikuရင်းနှီးနေကျအခြေအနေပဲ ကြောက်စရာအကောင်းဆုံး အခြေအနေတစ်ခုပဲ။

"Maeda Riku မင်းဘယ်တွေသွားနေတာလဲ"

အာဏာသံပါတဲ့ Rikuအဖေရဲ့အသံကြောင့် အိမ်ထဲထိုင်နေတဲ့ Rikuအမေက အပြေးအလွှားလေး ထွက်လာပြီး Rikuအနားမှာ မက်တပ်လာရပ်တယ်။

"သူငယ်ချင်းကို ဘူတာရုံလိုက်ပို့ပြီး ပြန်လာတာပါ"

"သူငယ်ချင်းလား မင်းရဲ့လင်လား"

Rikuဟာ သွေးတွေပြောင်းပြန်စီးသွားလို့ နှလုံးသားထဲမှာ သွေးတွေမရှိတော့သလို လူသေကောင်လို စဉ်းစားနိုင်စွမ်းရော တုံ့ပြန်နိုင်စွမ်းရော ပျောက်ဆုံးသွားတယ်။

Rikuအဖေက အရက်ခွက်ထဲက အရက်တွေအကုန်သောက်ပြီး ခွက်ကို Rikuခြေထောက်နား ပစ်ပေါက်လိုက်တယ်။ခွက်အစတွေက Rikuခြေထောက်ကို လာစင်တယ်။Rikuအမေက Rikuရှေ့ကနေ ကာရပ်ပေးရှာတယ်။

"မင်းဖယ် ငါဒီကောင်ကို ဆုံးမမှရမယ် "

"သူက ကလေးပဲရှိပါသေးတယ် ဖေကြီးရယ် ကျွန်မဆုံးမထားပါ့မယ်"

Rikuအမေက Rikuခန္ဓာကိုယ်လေးကို ကွယ်ထားပေးပြီး လက်နှစ်ဖက်ဖြန့်ကားလို့ မျက်ရည်တွေနဲ့ အဖေဖြစ်သူကိုတားတယ်။

"မင်းတစ်ယောက်ထဲနဲ့တင် ငါ့ကို$ရှက်ခွဲရတာ အားမရလို့ ဒီအကောင်ကပါ ငါ့ကို‌စော်ကားနေတာ ငါကသည်းခံနေရမှာလား "

Rikuအဖေက ဘေးနားက မြေအိုးကို ပစ်ပေါက်ခွဲပြီး သောင်းကျန်းပြန်တယ်။

"ဘယ်ကမှန်းမသိဘဲ လင်ကောင် မပေါ်ဘဲမွေးထားတဲ့ ဒီ‌ကလေကချေကောင်ကို ငါက ပြုစုထားရတာကို ငါ့ကို အခုလိုကျေးဇူးဆပ်ကြတယ်ပေါ့ ဟုတ်လား"

စကားလုံးတွေက Rikuနားနဲ့မခံသာလောက်အောင် ခါးသီးလွန်းတယ်။ဘယ်လိုပဲ Rikuက သားအရင်းမဟုတ်ဘူးပဲ ဆိုဆို Rikuမှာ အခုအရွယ်ထိ ကလန်ကဆန်လုပ်ခဲ့တဲ့ လုပ်ရပ်လေးတစ်ခုတောင်မရှိအောင် သည်းခံခဲ့သေးတာပဲ။Rikuက အခုမှကလေးပဲရှိသေးတယ်။

Rikuအရှေ့က ကာပေးထားတဲ့ Rikuအမေက တွန်းထုတ်ခံလိုက်ရတယ်။လဲကျသွားတဲ့ မိခင်ဖြစ်သူက သားငယ်ကို မကာကွယ်ပေးနိုင်တော့ဘူး။

Rikuပါးပေါ် စပ်ဖျန်းဖျန်း ရိုက်ချက်တစ်ခုကျလာတယ်။

"အဲ့လို ရွံစရာကိစ္စတွေကို မင်းခေါင်းထဲ ဘယ်ကတည်းက ဝင်လာတာလဲ ငါမင်းရဲ့ခေါင်းကို ရိုက်ခွဲပြီး အဲ့လိုအတွေးတွေကို ဆွဲထုတ်ပေးရမလား"

Rikuရဲ့ ခေါင်းဟာ ထုံကျင်သွားအောင် ဆံပင်တွေကို ဆွဲခံထားရတယ်။အိမ်ရှေ့မှာ ဒူးထောက်ပြီး နောက်ကျောကို ဆုတ်ပြဲနေအောင် ရိုက်ခံခဲ့ရတယ်။

"ငါက ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေရတာကို ကြားလိုက်ရတဲ့သတင်းက ဘာ ငါ့သားဆိုတဲ့ကောင်က တစ်ခြားကောင်လေးနဲ့ နမ်းနေတယ်တဲ့ ကြားလို့ကောင်းလား ကောင်းသေးလား"

တစ်ချက်ရိုက်တိုင်း ကျောပြင်မှာ အလျိုးရာအကြောင်းလိုက်ထင်ရုံမက ကျယ်လောင်လာတဲ့အဖေဖြစ်သူရဲ့ အော်ဟစ်သံနဲ့ ဘေးနားက ငိုယိုနေတဲ့ အမေရဲ့ငိုယိုပြီး တောင်းပန်နေသံတွေဟာ Rikuတစ်ဘဝလုံးအတွက် မမေ့နိုင်ဆုံးအရာတွေ ဖြစ်လာခဲ့တယ်။

"မင်းက ယောင်္ကျားလား မိန်းမလား Maeda Riku ငါမေးတာကို ဖြေစမ်း မင်းပါးစပ်က ဖြေစမ်း"

Rikuက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လို့ တုံ့ပြန်မှုတစ်ခုတောင် မပြုခဲ့ဘူး။သေလောက်အောင် နောက်ကျောပြင်ဟာ စုပ်ပြဲနေတာတောင်နာကျင်နေတဲ့ အသံတစ်သံ မထွက်ခဲ့ဘူး။

"ရွံစရာကောင်"

Rikuက မျက်လုံးအစုံကို မှိတ်လို့ နာကျင်မှုကိုပဲ ခံစားနေရတယ်။

"အေး မင်းမပြောနဲ့ မင်းရဲ့အဲ့ပါးစပ်ကို ဆက်ပိတ်ထား။
ဒီနေ့ ဗုဒ္ဓဟူးနေ့ အရာရှိရုံးကဖွင့်သေးတယ်
ငါအဲ့ဘက်အိမ်ကအကောင်ရဲ့ အဖေ့ဆီကို သွားပြီး ပြောပစ်မယ် အရှက်ကွဲမယ်ဆိုရင်တောင် ငါတစ်ယောက်ထဲ အကွဲမခံနိုင်ဘူး သူ့သားဆိုတဲ့ကောင်ကလဲ မိန်းမလိုမိန်းမရ ဖြစ်နေကြောင်း ငါသွားပြောမယ်"

နာကျင်မှုက အဲ့အချိန်မှ စတယ်။တော်ပြီလေ သူတစ်ယောက်ပဲ ပင်ပန်းပါရစေ နာကျင်ပါရစေ။Daeyoungကတော့ မနာကျင်ရမြှဖစ်မယ်။

ရိုက်နေတာကို ရပ်ပြီး အိမ်ပြင်ထွက်ဖို့ ပြင်နေတဲ့ အဖေဖြစ်သူရဲ့ ခေထောက်တွေကို Rikuက အတင်းဖက်ပြီး တားတယ်။

"ငါအဲ့အကောင်ဆီမသွားခင် မင်းပါးစပ်က တစ်ခုခုပြောစမ်း
ငါကြားခဲ့တာ မဟုတ်ဘူးလို့ပဲငြင်းငြင်း နောက်တစ်ခါမပတ်သက်တော့ဘူးလို့ပဲ ပြောပြော မင်းပါးစပ်က ပြောစမ်း"

Rikuပါးတွေကို အတင်းဆွဲညှစ်ပြီး ဒေါသတကြီး အော်ဟစ်ပြန်တယ်။

"ကျွန်တော်... ကျွန်တော် ထပ်ပြီး မပတ်သတ်တော့ပါဘူး"

"ဟ မင်းက မဟုတ်ဘူးလို့တော့ မငြင်းဘူးပဲ မင်းအမေတဲ့ တစ်ပုံစံတည်း
အေး အခုမင်းစကားကို မှတ်ထား နောက်တစ်ခါ အသံကြားရရင် မင်းရော မင်းအမေရော နှစ်ယောက်လုံးကို ငါသတ်ပစ်မယ်"

Rikuကို ခြေထောက်နဲ့ တစ်ချက်ကန်ပြီး အိမ်ပြင်ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ပြီး Rikuစိတ်ထဲမှာ အော်ဟစ်တေခဲ့တယ်။

"ကျေးဇူးပြုပြီး Daeyoung ကိုတော့ နာကျင်အောင်မလုပ်လိုက်ပါနဲ့" ဆိုတာ။

ညရောက်တော့ အိမ်ထဲမှာ Rikuတို့ သားအမိနှစ်ယောက်ပဲရှိနေခဲ့တယ်။Rikuအမေက Rikuနောက်ကျောက စုပါပြဲဒဏ်ရာတွေကို ဆေးလိမ်းပေးရင်းငိုတယ်။Rikuလဲ နာတယ် စပ်တယ် ဒါပေမယ့် မျက်လုံးဟာ မျက်ရည်တစ်စက်ကျမလာခဲ့ဘူး။ငိုဖို့ အင်အားမရှိသလို ငိုဖို့အကြောင်းအရင်းရော အခွင့်အရေးရော မရှိဘူး။

"ငါ့သားရယ် ဘာလို့များ ဘာလို့များ ဒီလိုလုပ်ခဲ့ရတာလဲ"

"အမေ ချစ်တာက အပြစ်လား"

"အချစ်ဆိုတာ မရှိဘူး အချစ်ဟာ အပြစ်ပဲ"

Rikuအမေရဲ့ အက်ကွဲကွဲအသံတွေဟာ အနည်းငယ်မာကျောနေပြန်တယ်။

"အဲ့တာဆို ကျွန်တော့်ရဲ့ အဖေအရင်းကရော အမေ့ကို မချစ်ဘူးလား"

"မင်းအဖေက အမေ့ကိုချစ်တယ်ပြောပြီး အဝေးကိုထွက်သွားခဲ့တာ အခုထိပြန်မလာတာ မင်းရဲ့တစ်သက်ပဲ"

"အဲ့ဒါဆို ကျွန်တော် မွေးလာတာကလဲ အပြစ်ပေါ့လေ"

Rikuအမေက ဘာစကားမှမပြောတော့ဘဲ ထထွက်သွားတယ်။တစ်လမ်းကျော် အိမ်ကို ပို့ထားတဲ့ ညီမငယ်ကို သွားခေါ်ဖို့ ထွက်သွားတယ်။အိမ်မှာ Rikuတစ်ယောက်ပဲ ကျန်ခဲ့တယ်။ဆက်လို့မရတဲ့ အံစာတုံးကို ဟိုလှည့် ဒီလှည့် လှည့်ရင်း ရင်ဘတ်က နာကျင်လာတယ်။

သူဟာ Daeyoung ဆိုတာ မရှိရင် အခွံသက်သက်ပဲ။

ငယ်ငယ်က စကားအရမ်းများလို့ အတန်းထဲက နှင်ထုတ်ခံရဖူးတယ်။
Daeyoung က သူနဲ့အတူ စကားတွေပြောချင်မှပြောလိမ့်မယ် ဒါပေမယ့် နားညီးတယ်လို့ တစ်ချက်မညီးဖူးပဲ နားထောင်ပေးတဲ့သူတစ်ယောက်ပဲ။

စက်ဘီးလေးတောင် မစီးတတ်ဖူးလားဆိုပြီး ရိုက်ခံခဲ့ရဖူးတယ်။
Daeyoung ကတော့ ရှေ့စက်ဘီးလက်ကိုင်ကို ကိုင်ပြီး Riku ရဲ့ကျောင်းသွားဖော် သူငယ်ချင်း ဖြစ်လာခဲ့တဲ့ သူတစ်ယောက်ပဲ။

‌ကိုယ်အပူချိန်တွေတက်ပြီး ဖျားနေတာတောင်အိမ်မှာ တစ်ယောက်ထဲ ပစ်ထားခံရဖူးတယ်။
Daeyoung ကတော့ တစ်ညလုံး ပုခုံးတစ်ခုကို Rikuဆီ အပိုင်ပေးခဲ့ပြီး နဖူးလေး တစ်ချက်တစ်ချက် စမ်းပြီး ဂရုစိုက်ခဲ့တဲ့ သူပဲ။

Rikuဆိုတာ Daeyoung မရှိရင် ဖြစ်တည်မှုပျောက်သွားမယ့် လူတစ်ယောက်သာသာပဲ။ဒါပေမယ့် Daeyoung အတွက်တော့ Rikuက အနှောက်အယှက်ကောင် ဖြစ်နေအုံးမယ်။အခုအချိန် Rikuဟာ တစ်ကိုယ်ကောင်ဆန်ပြီး တွယ်ကပ်နေအုံးမယ်ဆိုရင် Daeyoung က နာကျင်ရလိမ့်မယ်။

တောင်းပန်စကားတော့ ဆိုချင်တယ် အချစ်ရယ်။

နောက်တစ်ရက်မှာ Rikuအဖေဖြစ်သူ အိုဆာကာမှာ ကားအက်ဆီးဒန့်ဖြစ်လို့ သားအမိနှစ်ယောက် အလောတကြီး အိုဆာကာကို လိုက်သွားရတယ်။ဆေးရုံမှာ အစောင့်လုပ်ရင်း Daeyoung နဲ့မတူတဲ့ အိုဆာကာက တက္ကသိုလ်မှာ ဝင်ခွင့်ဖြေဖို့ပြင်ခဲ့တယ်။နေဖို့နေရာရော အလုပ်တွေကိုရော ၁၉နှစ်ကောင်လေးဟာ ပုခုံးပေါ်ထမ်းခဲ့တယ်။

Daeyoung နဲ့မပတ်သက်ဖို့ ဆုံးဖြတ်ပေမယ့် Rikuက မလုပ်နိုင်ခဲ့ဘူး။Daeyoungက သူ့အိမ်ထဲမှာရှိနေရင်တောင် Rikuက ခွေးခြေခုံလေးနဲ့ ခိုးကြည့်ရတယ်။Daeyoungမျက်နှာညှိုးနေတာကို ကြည့်ပြီး Rikuက ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်မိတယ်။

၂၀၀၀ခုနှစ်ရဲ့ ညမှာ Daeyoung ကို နာနာကျင်ကျင်တွေပြောခဲ့တယ်။ရင်ထဲက လာတဲ့စကားတွေမဟုတ်ရပါဘူးအချစ်ရယ်။ရင်ထဲကစကားတွေမှာ "မင်းကို ချစ်တယ်" ဆိုတာတွေပဲ ပြည့်ကျပ်နေတာပါ။

Daeyoung ကမေးတယ်။
"ငါကမင်းရဲ့သူငယ်ချင်း မဟုတ်ဘူးလား" တဲ့။
မင်းကငါ့ရဲ့ အချစ်ပါ။

"ငါကမင်းအတွက်ဘာဖြစ်ခဲ့တာလဲ" တဲ့။
မင်းကငါ့ရဲ့ အချစ်ဖြစ်ခဲ့တာပါ။

Daeyoungက "ငါမယုံဘူး" တဲ့။
မင်းကို မနာကျင်စေချင်တာကိုတော့ ယုံပေးပါ အချစ်ရယ်။

၂၀၀၀ခုနှစ်မှာ ကမ္ဘာပျက်ခဲ့တယ်။မီးရှူးမီးပန်းတွေကလဲ မလှဘူး။
၂၀၀၀ခုနှစ်က သိပ်ကို စိတ်ပျက်စရာကောင်းပါလား။ဒီလိုကမ္ဘာပျက်မယ်မှန်းသိခဲ့ရင် Riku က အစောကြီးကတည်းက ပျော်မနေသင့်ခဲ့ဘူး။

_SILENCE_

အခုလက်ရှိမှာတော့ Daeyoung က အနားမှာ ရှိနေပေးခဲ့တယ်။Rikuကလဲ အရင်ကလို တွန်းမထုတ်ပစ်ခဲ့ဘူး။

"Hanaမှာ ကိုယ်ဝန်ရှိနေပြီတဲ့ Riku ငါ့ကို ကြည့်ပြီး အဖြေတစ်ခုခုပေးစမ်းပါ"

အခန်းရဲ့ ငြောင်မှာ ကုတ်ကုတ်လေးထိုင်နေတဲ့ Rikuကို Daeyoung က ပုခုံးကိုကိုင်လှုပ်ပြီး မေးလာတယ်။

Daeyoung က ဒီသတင်းကိုသိတာမဆန်းလောက်ပါဘူး။Amiဆီက ကြားခဲ့တာ ဖြစ်နိုင်တယ်။အတန်းထဲမှာ Hanaက ရုတ်တရက်မူးလဲသွားခဲ့လို့ Rikuက ဆေးပေးခန်းကို အတူလိုက်သွားပေးခဲ့တယ်။ဆရာဝန်ကတော့ ကိုယ်ဝန်ရှိနေပြီမို့ ဂုဏ်ယူပါတယ်ဆိုပြီး ပြောလာတယ်။Rikuက Hanaဆီ ပြေးသွားပြီး ဟုတ် မဟုတ် အတည်ပြုဖို့ကြိုးစားပေမယ့် အဲ့မိန်းကလေးက ခေါင်းကိုရမ်းလို့ ငိုပဲ ငိုနေခဲ့တယ်။

"ငါမဟုတ်ဘူး Daeyoung ငါတကယ်မဟုတ်ဘူး မင်းမယုံရင် ငါ့ရဲ့ခန္ဓာကိုယ်ကို စစ်ကြည့်လို့ရတယ် ငါ့ရဲ့ DNA ကို စစ်ကြည့်လို့ရတယ်"

Daeyoung က Rikuကို ပွေ့ဖက်လိုက်တယ်။

"ရပြီ မင်းကမဟုတ်ဘူးဆို မဟုတ်ဘူးပေါ့ ငါမင်းကို ယုံတယ်"

Daeyoung က Rikuရဲ့ ဖြစ်တည်မှုလေး၊ယုံကြည်မှုလေး၊နှလုံးသားလေးပါ။

နောက်ရက်မှာ Rikuနဲ့Hanaနဲ့ စကားပြောဖို့ ကော်ဖီဆိုင်မှာ ချိန်းကြတယ်။

"Hana အဆင်ပြေရဲ့လား"

Hana က အရင်ရက်လို ဖြူဖျော့မနေဘဲ နှုတ်ခမ်းနီနဲ့ မျက်နှာလေး ဝင်းနေတယ်။

"အင်း ငါအဆင်ပြေတယ် ငါအဲ့နေ့ကတည်းပြောပြခဲ့သင့်တာ ငါနင့်အပြင် နောက်တစ်ယောက်ထားခဲ့တယ် ငါတောင်းပန်ပါတယ်"

"ဟာ တောင်းပန်စရာလား ကိုယ့်ဘက်က Hanaကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူးလေ Hanaမမှားပါဘူး"

Rikuက အဲ့ဒီHanaရဲ့နောက်ရည်းစားဆိုတာကို နည်းနည်းတောင်ကျေးဇူးတင်သွားတယ်။သူသာမရှိရင် Rikuကို ဘယ်သူကမှ ယုံကြည်ပေးကြမှာမဟုတ်ဘူး အင်း တစ်ယောက်သောသူက လွဲလို့ပေါ့။

ညနေခင်းမှာ Rikuပြန်လာခဲ့တဲ့လမ်းက အရင်ရက်တွေကထက် လှပနေသလိုပဲ။Rikuတို့အိမ်ရှိတဲ့ လမ်းထိပ်မှာ Daeyoung က ရပ်စောင့်နေတယ်။ဖြည်းဖြည်းချင်းလမ်းလျှောက်လာတဲ့ Rikuဆီကို Daeyoung က ပြေးလာခဲ့တယ်။

"Riku ညစာကို ကြက်ဥထမင်းကြော်စားရအောင် မင်းဗိုက်ဆာနေပြီမို့လား"

"အင်း"

Daeyoung က စကားပြောရင်းပဲ Rikuလက်လေးကို သဘာဝကျကျကိုင်လိုက်တယ်။

"Daeyoung ငါမေးစရာရှိတယ်"

"မေးပါဗျာ"

"တကယ်လို့ ဟိုးအရင်တုန်းကလဲ ငါ့မှာ အခုလိုအခြေအနေမျိုးရှိလာခဲ့ရင်ရော မင်းဘယ်လိုလုပ်မှာလဲ"

"ငါမင်းကို ဖက်ပြီး ဖွက်ထားပေးမယ်"

"ပြီးတော့ရော"

"ယောလေးရဲ့ အဖိုးအကြောင်းပြောပြမယ်"

Rikuက ရယ်ပြီး Daeyoung လက်မောင်းကို ရိုက်လိုက်တယ်။Daeyoungကလဲ Rikuရယ်တာကိုမြင်ပြီး လိုက်ရယ်တယ်။

"မင်းကလေ အဲ့ယောလေးအဖိုးအကြောင်း အရမ်းကိုပြောချင်နေတော့တာပဲ"

"ငါမင်းကို အရင်နှစ်တွေကတည်းက ပြောပြချင်နေခဲ့တာကို"

လက်ကိုမသိမသာကိုင်ပြီး ဒီလမ်းလေးကို လျှောက်ရတာဟာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လဲ။အရင်ကလို ညမိုးချုပ်ကြီး တစ်ယောက်ထဲ ပြန်ရတဲ့ရက်တွေနဲ့မတူတော့ဘူး။မှောင်မဲနေတဲ့လမ်းကို စမ်းတစ်ဝါးဝါးလျှောက်နေတာနဲ့မတူတော့ဘူး။အခုRikuမှာ အလင်းရောင်လေးရှိနေပြီ။

Rikuရဲ့နေ့ဘက်မှာလင်းတဲ့နေမင်းကြီး ညဘက်မှာသာတဲ့ လမင်းလေး။

လူနှစ်ယောက်ချစ်တာဟာ ရွံစရာကောင်းနေတယ်ဆိုရင်တောင် Rikuကတော့ ရှေ့ဆက်တိုးပြီး ချစ်ရလိမ့်မယ်။နောက်ကျောပြင်က အလျှိုးရာတွေက ဒီလူ့ကို လက်လွှတ်ရတာထက် ပိုပြီး နာကျင်နိုင်အုံးမှာလား။
တစ်ကိုယ်ကောင်းဆန်တာဟာ ဒီလူ့ကို ပိုင်ဆိုင်ချင်တဲ့ အတ္တကြောင့်ဖြစ်တည်လာတဲ့ မရင့်ကျက်မှုလေးပါ။ဒါကို ဘုရားသခင်က ခွင့်လွှတ်ပေးလိမ့်မယ်။

Continue Reading

You'll Also Like

4.1K 140 5
"แ€…แ€ฎแ€ธแ€€แ€›แ€€แ€บแ€บแ€แ€ฝแ€ฑแ€‘แ€€แ€บ แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€•แ€ผแ€ฎแ€ธ แ€…แ€ญแ€แ€บแ€แ€„แ€บแ€…แ€ฌแ€ธแ€•แ€ฑแ€ธแ€™แ€œแ€ฌแ€ธ "
3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3K 367 22
hanibani short story
CLOUD By Berry

Short Story

6K 547 10
แ€œแ€ฝแ€„แ€ทแ€บแ€™แ€ผแ€ฑแ€ฌแ€”แ€ฑแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€ธแ€€แ€„แ€บแ€•แ€ฑแ€ซแ€บแ€€ แ€กแ€–แ€ผแ€ฐแ€›แ€ฑแ€ฌแ€„แ€บแ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏ แ€–แ€™แ€บแ€ธแ€†แ€ฏแ€•แ€บแ€–แ€ญแ€ฏแ€ทโ€Œแ€€แ€ผแ€ญแ€ฏแ€ธแ€…แ€ฌแ€ธแ€–แ€ฐแ€ธแ€œแ€ฌแ€ธ? แ€œแ€ผแ€„แ€ทแ€นแ€ฑแ€ปแ€™แ€ฌแ€ฑแ€”แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ธแ€€แ€„แ€นแ€ฑแ€•แšแ€€ แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€แ€ญแ€™แ€นแ€แ€ญแ€ฏแ€€แ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€–แ€™แ€นแ€ธแ€†แ€ฏแ€•แ€นแ€–แ€ญแ€ฏ...