ကနွဲ့ကလျ (ဘာသာပြန်)

By HuliHong

30.3K 2.2K 129

မူရင်းစာရေးသူ - ရွှေချန်းချိန် More

Description
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-14-
-15-
-16-
-17-
-18-
-19-
-20-
-21-
-22-
-23-
-24-
-25-
-26-
-27-
-28-
-29-
-30-
-31-
-32-
-33-
-34-
-35-
-36-
-37-
-38-
-39-
-40-
-41-
-42-
-43-
-44-
-45-
-46-
-47-
-48-
-49-
-50-
-51-
-52-
-53-
-54-
-55-
-56-
-57-
-58-
-59-
-60-
-61-
-62-
-63-
-64-
-65-
-66-
-67-
-68-
-69-
-70-

-13-

368 30 2
By HuliHong

[Unicode]

"ဟေ့! မင်း ငါ့ခါးကိုဖက်ထား"

ကျောင်းစောင့်ဦးလေးကြီးက စက်ဘီးကိုရပ်ရင်း လီချိန်ရှို့ကို နောက်လှည့်ပြောသည်။

"အာ?"

လီချိန်ရှို့ ကြောင်အသွား၏။

"ငါမင်းကို ဖက်ထားခိုင်းတာ။ ငါအရက်သောက်ထားတယ်လေ။ စက်ဘီးနင်းတာ ငြိမ်မှာမဟုတ်ဘူး။ လဲပြီး မင်းပြုတ်ကျရင် ဘယ်လိုလုပ်မလဲ?"

လီချိန်ရှို့ တွန့်ဆုတ်နေသည်။ မူလက စက်ဘီးထိုင်ခုံမှ လက်က သူ့အင်္ကျီစပေါ် ရောက်သွား၏။

"ငါမင်းကို ဖက်ထားခိုင်းနေတာ!"

ထိုကျောင်းစောင့်၏ အသံက ပိုမာလာသည်။

"ဟုတ်တယ်။ တင်းတင်းဖက်ထား။ ပြုတ်ကျခဲ့ရင် ငါကတော့ ဂရုစိုက်မှာ မဟုတ်ဘူးနော်"

အနားကပ်လိုက်လျှင် တကယ်ပဲ ထိုလူထံမှ အရက်နံ့နှင့် ချွေးနံ့ပါရ၏။ အနံ့က စူးလွန်း၍ လီချိန်ရှို့ပင် မျက်မှောင်ကြုတ်ရကာ လက်ကို အနည်းငယ် အပေါ်တင်ပြီး ခါးကို လက်နှစ်ဖက်နှင့် ဖက်လိုက်ရသည်။ ထိုကျောင်းစောင့်က တဟားဟားရယ်ပြီး ရုတ်တရက် သူ့လက်ဖမိုးကို ရိုက်သည်။

"ဒီလိုမှပေါ့။ မင်းပြုတ်ကျပြီး အနာတရဖြစ်ရင် ငါဖြင့် သနားနေမိမှာပဲ။ ဘယ်လောက်လိမ္မာတဲ့ ကလေးလဲ"

လီချိန်ရှို့စိတ်ထဲ တိုက်ပွဲတစ်ခုလို ရှုပ်ထွေးနေရသည်။ စိတ်ထဲတွင်လည်း သင်္ကာမကင်းဖြစ်လာသည်။

နှစ်ယောက်သား တစ်လမ်းလုံး ထိုလူက စကားမရှိစကားရှာပြောနေပြီး လီချိန်ရှို့က မေးတစ်ခွန်းဖြေတစ်ခွန်းသာ ပြန်ပြောနေသည်။ နာရီဝက်ခန့် စီးလာပြီးနောက် ထိုလူက မောသည်ဟု ညည်းညူ၍ နှစ်ယောက် လမ်းဆင်းလျှောက်ရပြန်သည်။ မြို့ဟောင်းဘက် သွားသည့်လမ်းတွင် ညဉ့်နက်သန်းခေါင်မို့ လူသွားလူလာက အလွန်ပါးသည်။ လမ်းမီးများကပင် မှိန်ပျပျ‌ဖြစ်နေရာ ဆယ်မီတာပတ်ဝန်းကျင်လောက်သာ စမ်းတဝါးဝါးမြင်ရပြီး မည်းမှောင်နေသည်က ကြောက်စရာ။

ထိုကျောင်းစောင့်က လက်ကို လီချိန်ရှို့ပခုံးထက် တင်လာသည်။ အနားကပ်ကာ ကျောင်းက သတင်းများအကြောင်း ပြောရင်း မျက်နှာကား အလွန်အနားကပ်လာသလို ခန္ဓာကိုယ်ကလည်း အလွန်အနားကပ်လာ၏။ သူသံသယတွေးတွေးနေစဉ်မှာပဲ ထိုလူ၏ လက်များက ပခုံးထက်မှ ခါးဆီသို့ ခရီးဆက်လာကာ ခပ်ဖွဖွ ဖက်လိုက်သည်။

လီချိန်ရှို့ ထိတ်လန့်သွားကာ အလျင်အမြန် လွတ်လမ်းရှာမိသည်။ ထိုကျောင်းစောင့်က လက်ကို မလွှတ်သည့်အပြင် ပြီတီတီအမူအရာနှင့် သူ့နားကပ်ကာ မေးသည်။

"မင်းပြောကြည့်! မင်းက လိင်တူကြိုက်တဲ့သူဆို။ တကယ်လား? ငါ့ကိုပြောပြစမ်း! ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးကွ''

လီချိန်ရှို့မျက်နှာက ဖြူဖျော့သွားကာ ထိုလူကို အားနှင့် တွန်းထုတ်ပစ်လိုက်သည်။

"ခင်ဗျား ဘာ... ဘာလုပ်တာလဲ?"

ထိုကျောင်းစောင့်က သူ့အား ရုတ်တရက် လက်လွှတ်ပေးလိုက်ပြီး လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်သော အမူအရာတို့ ထင်းနေသည်။

"ငါကတော့ ညကြီးမင်းကြီး မင်းကို အိမ်လိုက်ပို့ပေးရတယ်။ မင်းနဲ့ အပျော်စကားလေး ပြောတာတောင် မရဘူးလား။ တစ်ခွန်းလောက်လေးမေးတာ မရဘူးလား?"

ပြောရင်းနှင့် လီချိန်ရှို့၏ တင်ပါးကို ပွတ်သပ်ကာ ညှစ်ပင်ညှစ်လိုက်သေးပြီး ကောက်ကျစ်စွာ ရယ်မောရင်းပြောသည်။

"တကယ်ဆို မင်းပုံစံမျိုးနဲ့ကတော့ သေချာပေါက် ယောက်ျားတစ်ယောက်ကတော့......"

လီချိန်ရှို့ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ဘယ်လိုဖြစ်ဖြစ် သူ့ကိုယ်သူ ဒီလို ရွံစရာကိစ္စမျိုး တွေ့ရလိမ့်မည်ဟု ယောင်လို့ပင် မတွေးခဲ့ဖူး။

သူသည် ထိုကျောင်းစောင့်၏ ရင်ခွင်ထဲ တွန်းထိုးရုန်းကန်နေကာ ပါးစပ်မှ "ကယ်ကြပါဦး" ဟု အကြိမ်ကြိမ် အော်ဟစ်နေမိသည်။ မြင်နေရသော အနီးဝန်းကျင်မှ အိမ်များ မီးလင်းလာသည်။ ထိုကျောင်းစောင့်မှာလည်း ပိုလောကြီးလာပြီး နားထင်ကို အားကုန်လွှဲရိုက်လိုက်ရာ လီချိန်ရှို့မှာ အော်သံပင် မထွက်နိုင်တော့။

လီချိန်ရှို့ နားထဲမှ စူးနစ်စွာ နာကျင်ရမှုကိုသာ ခံစားမိသော်လည်း အားတင်းထားရကာ မရပ်တန့်နိုင်သော ပျားပိတုန်းလေးနှယ်။ ဒီအချိန်မှာ သူဘာကိုမှ ဂရုမပြုနိုင်တော့။ " ကယ်ကြပါဦး" ဟု အဆက်မပြတ်သွားအောင် အော်ဟစ်နေပြီး အားကုန်သုံးကာ တတ်သမျှ မြင်သမျှ တိုက်ခိုက်နည်းများနှင့် တွန်းထိုးကန်ကျောက်နေမိသည်။

ပရမ်းပတာ အခြေအနေများထဲ ဆဲဆိုသံနှင့် လက်သီးချက်တို့က မိုးစက်တွေလို သူ့ခန္ဓာပေါ် အဆက်မပြတ် ကျရောက်နေရာ သူ့ခြေထောက်ကို ကွေးထားမိသည်။ သိပ်မကြာလိုက်။ သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများ ရပ်တန့်သွားပြီး ရှုပ်ထွေးသော ခြေသံများနှင့် စက်ဘီးနင်းပြေးသွားသံများ ဆက်လာသည်။

လီချိန်ရှို့ ခေါင်းကို ဖက်ထားပြီး ကွေးကွေးလေး ဖြစ်နေသည်။ စိုစွတ်အေးစက်သော မြေပြင်ထက် အလောင်းတစ်လောင်းနှယ် တစ်စက်မှမလှုပ်။ ကြေကွဲဖွယ်ငိုသံက ညဉ့်နက်ထဲ ပျံ့လွင့်သွားသည်။ ထိုငိုကြွေးသံမှာ လက်တွေ့အပြင်မှာ ငိုနေသလို ထင်ယောင်ထင်မှား ဖြစ်စေသည်အထိ ကြေကွဲဖွယ်ကောင်းလွန်းနေကာ ရှိုက်သံအဖြစ် ပြောင်းလဲသွားပြီး မျက်ရည်များက ခြောက်ကပ်သွားသည်။ စွတ်စိုသော ခံစားမှုနှင့် ကြေကွဲနာကျင်ရခြင်းတို့ ပေါင်းဆုံသောအခါ အိပ်မက်မျက်နှာပြင်မှ ဖောက်ထွက်နိုင်လာသည်။

လီချိန်ရှို့သည် အိပ်မက်ဆိုးမှ နိုးထလာပြီး မျက်နှာတစ်ခုလုံးလည်း စိုရွှဲနေသည်။ ခေါင်းအုံးမှာလည်း စိုစွတ်နေ၍ အဆင်မပြေတော့။

လီချိန်ရှို့သည် မျက်နှာကို လက်ဖြင့်ပွတ်လိုက်ပြီး မိမိ မီးမပိတ်ရသေးမှန်း အသိဝင်လာသည်။ မတော်တဆ အိပ်ပျော်သွားပြီး သူတွေးပင် မတွေးချင်ခဲ့သော ကိစ္စများကိုပင် အိပ်မက် မက်လိုက်သေးသည်။ အချိန်ကာလ အလွန်ကြာမြင့်နေပြီဖြစ်သော်ငြား အိပ်မက်နှင့် လက်တွေ့က ရောထွေး‌ဆဲ။

စိတ်တည်ငြိမ်လာအောင် မနည်းလုပ်ယူပြီးနောက် သူလှုပ်လှုပ်ရှားရှားနှင့် ကုတင်ပေါ်မှထကာ ရေတစ်ခွက်ထည့်လိုက်သည်။ မိမိ ဘယ်လောက်ကြာကြာ ငိုနေခဲ့မိလဲ မသိ။ လည်ချောင်းပင် ခြောက်နေလေပြီ။

သူမီးကို ပိတ်လိုက်သည်။ ထို့နောက် အဝတ်ကို ပြန်ဖြန့်ပြီး ရေခွက်ကို လက်ထဲတွင်ကိုင်ကာ လမင်းကို ငေးနေမိသည်။

ဆယ့်လေးနှစ်အရွယ် ထိုညက သူ့ဘဝတစ်လျှောက်လုံးမှာ ညတာအရှည်ဆုံးညဖြစ်မည်ထင်သည်။ သူငိုယိုရင်း နှစ်နာရီခန့် လမ်းလျှောက် အိမ်ပြန်ခဲ့သည့် ထိုညက ပြန်ရောက်ရောက်ချင်း သူ့အမေက မြေပြင်ပေါ်မှာ အဖြူရောင်အမြုပ်တွေနှင့် ဂရုစိုက်မဲ့သူမရှိ လဲကျနေသည်ကို ဆီးမြင်လိုက်ရသည်။

အိမ်နီးချင်းများ၏ အကူအညီနှင့် သူမအား ဆေးရုံတင်ပြီး ဆရာဝန်များက တစ်ညလုံး ကုသပေးခဲ့ကာ သူကတော့ မျက်တောင်ပင် မခတ်နိုင်ဘဲ ထိုင်စောင့်နေခဲ့ရသည်။ ဒုတိယနံနက်တွင် သူ့အား သူ့အမေက အရက်ရှိန်နှင့် လေအေးမိခြင်းကြောင့် လေဖြတ်သွားပြီဖြစ်ကြောင်း အသိပေးလာသည်။

သူထိုစဉ်က ထိုပါးလျလျ လူနာစာအုပ်ကို ဆုပ်ကိုင်ရင်း ဆေးရုံတွင် အော်ဟစ်ငိုယိုမိခဲ့သည်။ နေ့မှန်းမသိ ညမှန်းမသိ ငိုကြွေးခဲ့ရလွန်း၍ မူးမေ့လဲသွားရတဲ့အထိ ထင်သည်။ သူယခင်က ဘယ်လောက်ခက်ခဲခက်ခဲ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်လိမ့်မည်။ ကောင်းကင်ဘုံက မျှတစွာနှင့် သူ့အား ပြန်ပေးဆပ်လိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော် ထိုစဉ်က သူ့အိမ်မှာ စုဆောင်းနိုင်သမျှ ငွေရှစ်ရာတစ်ဆယ့်သုံးကျပ်၊ ကျောင်းမှ ‌ပိုးဟပ်နှင့် ကြွက်တွေကို ကြည့်သလို သူ့ကိုကြည့်တဲ့ အကြည့်တွေ၊ ထိုကျောင်းစောင့်၏ ကြောက်စရာအပြုံး စသည်တို့ကို တွေးမိလျှင်ပင် သူ့စိတ်အနက်ရှိုင်းဆုံးနေရာကနေ အသက်ပင် မရှင်ချင်တော့။ လုံးဝကို သေသွားပစ်လိုက်ချင်သည်။

သူထိုစဉ်က ငယ်လွန်းသေးသည်။ သူဘာကြောင့် ဒီလောက် ခက်ခဲနေရသလဲ အတွေးမပေါက်နိုင်။ မိမိ သူတစ်ပါးကို ထိခိုက်အောင်မလုပ်၊ မကောင်းတာမလုပ်ပဲနှင့် ဘာကြောင့် မိမိကို မချစ်ကြသလဲ။ ဘာကြောင့် ဒီတိုင်း ရှင်သန်နေရသလဲ သူမတွေးနိုင်။

ထိုစဉ်က သူသဘောမပေါက်‌သော ကိစ္စရပ်များစွာ ရှိခဲ့သည်။ လက်တွေ့က သဘောပေါက်အောင် တွေးတောချိန်လည်း မပေးခဲ့။

သူငိုရာမှ နိုးထလာပြီးနောက် တစ်ပတ်အတွင်းမှာပဲ အိမ်ကို ဈေးလျှော့ရောင်းလိုက်ကာ သူ့အမေကို ဆေးဆက်ကုပေးခဲ့သည်။ သူ့ညာဘက်နားက ထိုကျောင်းစောင့်ကြောင့် ချို့ယွင်းခဲ့ရသော်လည်း ဂရုမထားနိုင်တော့။ ထိုနေ့မှစ၍ သူကျောင်းလည်း မသွားနိုင်တော့။

သူ့အမေသည် ထိုနေ့မှစ၍ အလကားလူ ဖြစ်သွားတော့သည်။ စိတ်မမှန်တော့ပဲ ဘယ်သူက ဘယ်သူမှန်းတောင် မခွဲခြားနိုင်တော့ပဲ ဝေယျာဝစ္စ အသေးအမွှားအစ မပြုလုပ်နိုင်တော့။ သူ‌အမျိုးအိမ်တွေဆီ လှည့်ပြီး ပိုက်ဆံချေးရသည်။ ရွာထိပ်မှ ရွာအဆုံးထိ တစ်အိမ်တက်ဆင်း ချေးငှားရသည်။ သူအပင်ပန်းဆုံး ထိုအချိန်များက တစ်ရက်ကို အလုပ်သုံးခု ဆက်တိုက်လုပ်ရပြီး မြင့်မားသော ဆေးရုံစရိတ်ကို ထမ်းပိုးထားခဲ့ရကြောင်း မှတ်မိသေးသည်။

ထိုသို့ ပင်ပန်းဆင်းရဲခဲ့ရတာတောင်မှ တစ်နှစ်ကြာပြီးနောက်တွင်တော့ ဆေးရုံစရိတ်ကို သူမတတ်နိုင်တော့။ အိမ်ဟောင်းမှ ဆွေမျိုးများက သူ့ကိုမြင်တာနှင့် တံခါးပိတ်ထားကြသည်။ သူတစ်ရက်နှစ်ဆယ့်လေးနာရီလုံး ဇယ်ဆက်သလို အလုပ်လုပ်တာတောင်မှ သူ့အမေရဲ့ တစ်ရက်စာ ဆေးရုံစရိတ်ကို မတတ်နိုင်ခဲ့။ နည်းလမ်းမရှိတော့။ သူငှားနေသောအိမ်ဆီ သူ့အမေကိုခေါ်လာကာ ကိုယ်တိုင်ပြုစုရပြန်သည်။ သုံးလေးလတောင် မခံလိုက်၊ သူ့အမေ ဆုံးသွားတော့သည်။

သူထိုစဉ်က ပညာကမတတ်၊ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ရကာ မျှော်လင့်ချက်မဲ့ခြင်းမှလွဲ ဘာမှမကျန်ရစ်တော့။ စားသောက်ဆိုင်မှ ဆရာတစ်ယောက်က သူ့အား မဆိုးဘူးဟု မှတ်ယူကာ ငွေကြေးထောက်ပံ့ပြီး စားဖိုမှုးအတတ်ကို သင်ပေးခဲ့သည်။ နောက် သုံးလေးနှစ်ကြာပြီးနောက် ထိုဆရာ၏ မိတ်ဆက်ပေးမှုနှင့် ရှိန်းကျန့်တွင် အလုပ်ရသည်။ ထို့မှစ၍ ဒီမြို့လေးမှာပဲ အခြေချနေဖြစ်တော့သည်။

ဒီကိစ္စတွေကို သူတကယ်ပဲ မတွေးမိတာ နှစ်ပေါင်းများစွာကြာပြီ။ အကယ်၍ ရှောက်ချွင်သာ ပြန်မပေါ်လာလျှင် သူမေ့လုနီးပါးရှိနေပြီ။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မကောင်းခဲ့တာပဲဖြစ်ဖြစ် ပြောလို့မကောင်းတော့။ သူယခု သူ့ဘဝလေးကို ရောင့်ရဲသည်။ ဆွေမျိုးများ၏ ပိုက်ဆံကို မကြာခင် အကျေဆပ်နိုင်တော့မည်။ သူ့ဘဝက ကောင်းနေပြီ။

သို့သော် ရှောက်ချွင်ကို ပြန်တွေ့လိုက်ရခြင်းက သူ့ကို ရတက်မအေးစေခဲ့။ တစ်ချိန်က မြွေနှင့် ပေါက်ခံခဲ့ရသလို ဒီတစ်ခါလည်း ရှောက်ချွင်က သူ့ဘဝကို လှိုင်းလုံးများ သယ်ဆောင်လာမှာ ကြောက်သည်။ သို့သော် ရှောက်ချွင်ကလည်း အရင်ကအတိုင်း သူ၏ဝင်ရောက်လာမှုကို တားဆီးဖို့ အခွင့်အရေးမပေးခဲ့။

လီချိန်ရှို့သည် ခွက်ကိုပိုက်ကာ ငေးနေခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်က တစ်ဖက်မှ ပြောက်ကျားဖြစ်နေသော နံရံဖြစ်ပြီး ဘာမှကြည့်လောက်စရာ မရှိသော်လည်း သူ့မျက်လုံးတို့က ထိုနံရံပေါ်မှ အကြည့်မခွာ။ မူလက စိတ်ပင်ပန်း လူပင်ပန်းရုံသာ ဖြစ်သော်ငြား အခုတော့ အိပ်၍ပင်မပျော်တော့။

စနေနေ့သို့ ရောက်တော့မည်။ လီချိန်ရှို့ တွေးတောပြီးနောက် အလုပ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့အထင် ရှောက်ချွင်ပြောသလို သူမလုပ်သင့်။ သူလည်း သူ့အတွက်နှင့် ခွင့်တိုင်မည်ဟု ကတိမပေးခဲ့။ မထင်မှတ်ပါပဲ အလုပ်လုပ်နေစဉ် နေ့တစ်ဝက်မှာပင် ရှောက်ချွင်က ကိုယ်တိုင် ရောက်ချလာသည်။ ဒီတစ်ခါ သူ့ကို တိုက်ရိုက်ရှာတာ မဟုတ်ဘဲ သူတို့ မန်နေဂျာဆီကို သွားရှာတာပဲ ဖြစ်သည်။

လီချိန်ရှို့ ရုံးခန်းထဲ ဝင်လိုက်သည်နှင့် သူတို့ ဒါရိုက်တာချိန်နှင့် ရှောက်ချွင်တို့ ထိုင်နေပြီး ညီအစ်ကို အရင်းအချာတွေလို စကားလက်ဆုံကျနေ၏။ မန်နေဂျာကျန်းက ဘေးတွင်ရပ်နေပြီး မိုင်ကုန်ပြုံးဖြီးနေကာ ဒါရိုက်တာချိန်ကို အလွန်ဖော်လံဖားနေပုံရသည်။ သူဝင်လာတာ မြင်သည်နှင့် မန်နေဂျာကျန်းက တက်ကြွစွာ ရင်းနှီးဟန်နှင့် လက်ကိုဆွဲခေါ်ကာ...

"အိုက်ယား! ဆရာလေးရှောင်လီ... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ဒါရိုက်တာရှောက်က မင်းအတွက်နဲ့ အထူးလာခဲ့တာ"

လီချိန်ရှို့က ခေါင်းငုံ့ပြောသည်။

"မင်္ဂလာပါ ဒါရိုက်တာချိန်။ မင်္ဂလာပါ ဒါရိုက်တာရှောက်"

ဒါရိုက်တာချိန်က တဟားဟားရယ်သည်။

"ရှောင်လီရေ... ဒီညီလေးရှောက် ပြောပုံအရတော့ မင်းက အလုပ်ကို မနှောင့်နှေး‌စေချင်ဘူးဆို။ အဲ့ဘက်ကလည်း အလုပ်ကများနေပြီ။ ရက်မှန်မှန် အလုပ်လာတက်နေတုန်းပဲဆိုတော့ သူဌေးလုပ်တဲ့ ငါကတော့ အရမ်းဝမ်းသာရတာပေါ့ကွာ။ ဟုတ်လား?"

လီချိန်ရှို့သည် ရှောက်ချွင်ကို လှမ်းကြည့်လိုက်သည်။ သူဘာတွေများ ပြောထားလို့လဲ။ ဒါရိုက်တာချိန်က သက်ပြင်းလေးလေးချလိုက်ကာ ရှောက်ချွင်၏ ပခုံးကို ကိုင်လိုက်ပြီး...

"ညီလေးရှောက်ရေ... ငါမင်းကို အမှန်အတိုင်း ပြောမယ်ကွာ။ တကယ် ရင်ထဲက လာတဲ့စကားပါ။ မင်းမို့လို့နော်။ တခြား ဘယ်သူ့ကိုမဆို ငါတို့ဆိုင်သစ်ဖွင့်စမှာ ငါတို့ရဲ့ စားဖိုမှူးကို ငှားနိုင်ပါ့မလား"

ရှောက်ချွင်ကလည်း ရယ်မောရင်းပြော၏။

"အစ်ကိုချိန်ကတော့ တကယ်မိုက်တယ်"

"ငါအခု တာ့လျန်က စားဖိုမှူးတွေ ရွေးထားတယ်။ အားလုံးက ဆိုင်ဟောင်းက ပြောင်းလာမှာတွေ။ လူအားက အစကတည်းက မလောက်တာ။ စားဖိုမှူးအသစ်တွေလည်း အလုပ်ခေါ်ထားသေးတယ်။ ဒီနှစ်တွေမှာ စိတ်တိုင်းကျတဲ့ စားဖိုမှူးရှာရတာလည်း ခက်တာ မင်းသိတယ်မလား"

"အဲ့လိုပဲ မဟုတ်သေးဘူး။ လက်ရာကောင်းရုံနဲ့မရဘူး။ လူကလည်း အလုပ်မထွက်ဦးမှ"

"ဟုတ်ပ ဟုတ်ပ။ ငါတို့ရဲ့ ဆရာလေးရှောင်လီကိုပဲ ကြည့်ကွာ။ အရည်အချင်းနဲ့ ပတ်သက်ရင် အနည်းဆုံးဆိုပေမဲ့ လူရွယ်တွေထဲမှာ ငါသူ့ကိုပဲ မျက်စိကျရတာ ညီလေးရှောက်။ ဘာကြောင့်လဲသိလား?"

ရှောက်ချွင်က ရယ်ရင်းပြောသည်။

"အစ်ကိုချိန် သင်ပြပါဦး"

"ဆရာလေးရှောင်လီက လက်ရာကောင်းရုံပဲ မကဘူး။ စိတ်လည်း အေးရတယ်။ စိတ်အေးရတယ်ဆိုတဲ့ စကားက ဘယ်သူ့ကိုမှ အလွယ်မသုံးရဲဘူးဆိုပေမဲ့ ဆရာလေးရှောင်လီဆိုရင်တော့ ငါသုံးရဲတယ်။ သူ့ကို ငှားလိုက်ရင်တောင် သူပြန်မလာမှာ မစိုးရိမ်ရဘူးလေ။ ဟုတ်တယ်ဟုတ် ဆရာလေးရှောင်လီ?"

ဒါရိုက်တာချိန်က သူ့အား ပြုံးတုံ့တုံ့ကြည့်နေသည်။ လီချိန်ရှို့မှာ အပေါ်ယံတွင် တောင့်တင်းနေသော်လည်း မန်နေဂျာကျန်း၏ တိတ်တဆိတ် အချက်ပြမှုကြောင့် ခေါင်းညိတ်ပြလိုက်ရသည်။ မန်နေဂျာကျန်းက အလျင်စလို စကားဆက်၏။

''ဒါရိုက်တာရှောက်... ကျွန်တော်တို့ ဒါရိုက်တာချိန်ကလည်း တန်ဖိုးသိတတ်ပါတယ်။ မနေ့က ခင်ဗျားနဲ့ ဖုန်းပြောပြီးတော့ ကျွန်တော်နဲ့ ဆွေးနွေးသေးတယ်။ ခင်ဗျားက ဆရာလေးရှောင်လီကို နှစ်ပတ်လောက် ငှားမယ်ဆိုတော့ ဒီဘက်မှာလည်း သက်ရောက်မှုများတယ်ဗျ။ ကျွန်တော်လည်း အဲ့တုန်းက ခင်ဗျားဘက်က ငှားမယ်ဆိုတာလည်း မသိဘူးကိုး။ ကျွန်တော်လည်း လုံးဝမငှားဘူးငြင်းတာ။ သူသာမရှိရင် ကျွန်တော်တို့ ဟိုတယ်က အလုပ်တွေကလည်း ဆိုင်းငံ့သွားသလို ဖြစ်ဦးမှာလေ။ သူ့အလုပ်တွေ ဘယ်သူက လာလုပ်ပေးမှာလဲ။ ဘယ်သူက လုပ်နိုင်မှာလဲ။ အဲ့ဒါနဲ့ ကျွန်တော်က လုံးဝမရဘူးငြင်းမိတာပါပဲ။ ကျွန်တော်တို့ ဒါရိုက်တာချိန်ကလည်း တွေဝေနေတာ။ ပြီးတော့မှ မရလည်း ရရမယ်ဆိုပြီး ပြောတော့တာပဲ။ ဒါရိုက်တာရှောက် သုံးမယ်ဆိုမှတော့ ဒီနှစ်ပတ်လုံး အရောင်းအဝယ်လုပ်ရမယ်ဆိုလည်း လုပ်ရပါစေ၊ ဒါရိုက်တာရှောက်ရဲ့ ညစာစားပွဲပါတီကတော့ လှလှပပ ဖြစ်စေရမယ်ဆိုတာပဲဗျာ။ ဒါက ဒါရိုက်တာရှောက်ရဲ့ အထူးတလည် တောင်းဆိုမှုပဲ။ ရကိုရစေရမယ်တဲ့"

ရှောက်ချွင်က တဟားဟားအော်ရယ်သည်။

"အစ်ကိုချိန်ရေ ခင်ဗျားလူကို ကြည့်ပါဦး။ စကားကတော့ တတ်လှချည်လား။ အစ်ကိုချိန် ဒီလောက် ရက်ရောတာပဲ ကျေးဇူးတင်ပါတယ်။ နှစ်ပတ်ပြီးတာနဲ့ သေချာပေါက် ဆရာလေးရှောင်လီကို ဝဝဖြိုးဖြိုး ပြန်ပို့ပေးမှာပါ"

ဒါရိုက်တာချိန်က အားမနာပါနဲ့၊ ဖြစ်သင့်တာပဲ စသည်တို့ စဉ်ဆက်မပြတ်ပြောပြီးနောက် ရှောက်ချွင်ကိုဆွဲပြီး ကွမ်ကျိုး၊ ဖန်ယွီမှ ပိုင်ဆိုင်မှုများအကြောင်း ဆက်ပြောနေရာ မန်နေဂျာကျန်းနှင့် လီချိန်ရှို့မှာ ဘေးကပ်ရပ်နေရသည်။ လီချိန်ရှို့သည် သူတို့ပြောစကားများအကြား ပါးစပ်အဟောင်းသား။ ငှားပေးလိုက် ငှားယူလိုက်နှင့် ပြောဆိုနေကြပြီး တစ်ယောက်မှ သူ့သဘောထားကို မေးသည့်သူမရှိ။

မန်နေဂျာကျန်းက အလွန်ပါးနပ်စွာ သူ့အား အပြင်ကိုဆွဲခေါ်ပြီး ကော်ရစ်ဒါတွင် ရှောက်ချွင်အား စောင့်နေခိုင်းသည်။ လီချိန်ရှို့က မန်နေဂျာကျန်းကို ဆွဲကာ အလောတကြီးပြောသည်။

"မန်နေဂျာကျန်း... ဒါက... ဘယ်လို?"

ထိုအခါ ရုံးခန်းထဲမှ ရင်းနှီးမှုများက ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်ရင်းဖြင့်...

"ဟေ့... မင်းခုထိ နားမလည်ဘူးလား။ မနေ့က ဒါရိုက်တာ‌ရှောက် ‌သူဌေးဆီ ဖုန်းဆက်ပြီး လူငှားတယ်။ ပြောတာတော့ အ‌ချိန်ကလည်း ကပ်နေပြီး မင်းကို နှစ်ပတ်လောက် ငှားချင်လို့။ ဒါကြောင့် ခဏလောက် အလုပ်မတက်နိုင်ဘူးဆိုတဲ့ အကြောင်း"

လီချိန်ရှို့ မျက်နှာဖြူဖျော့လာသည်။ ပါးစပ်ခဏခဏဟလိုက်ပေမဲ့ ဘာစကားမှ ပြောမထွက်။ မန်နေဂျာကျန်းက သူ့ပခုံးကို ပုတ်သည်။

"ရှောင်လီရေ! ကောင်းကောင်းလုပ်။ ဒါက ‌ဝင်ငွေသစ်ဝင်နိုင်မဲ့အချိန်ပဲ။ ဘယ်သူက ဒီလောက် ကံကောင်းမှာလဲ။ မင်းသေချာမှတ်ထား။ ဒါရိုက်တာရှောက်ကို ကောင်းကောင်းဆက်ဆံ။ အလုပ်လုပ်ပြ။ သူ့ကို အပြစ်လုပ်မိရင်တော့...... ငါတို့သူဌေးတောင်မှ သူ့ကို ခယနေရတာ။ သူ့ကို လုံးဝ အပြစ်ပြုမိလို့ မဖြစ်ဘူး။ သိလား?"

လီချိန်ရှို့ တောင့်တောင့်ကြီး ခေါင်းညိတ်ပြသည်။

"ဒါဆို ဒီလိုပဲလုပ်ကြစို့။ မင်းဒီမှာ စောင့်နေ။ သူတို့စကားပြောပြီးတာနဲ့ ဒါရိုက်တာရှောက်က တစ်ခါတည်း မင်းကို ခေါ်သွားလိမ့်မယ်"

လီချိန်ရှို့သည် ရုံးခန်းအပြင်တွင် နာရီဝက်ကျော်လောက် ရပ်စောင့်နေလိုက်ရသည်။ ရှောက်ချွင်က နောက်ဆုံးတော့ ထွက်လာပြီး ဒါရိုက်တာ‌ချိန်က သူတို့နှစ်ယောက်ကို ကားရပ်နားရာထိ လိုက်ပို့သည်။ ခယနေတာများ ရှောက်ချွင် ကားတံခါးကိုပိတ်လိုက်မှသာ ပြုံးရယ်ရင်း နှုတ်ဆက်တော့သည်။

ရှောက်ချွင်နှင့် သေးငယ်ကျဉ်းမြောင်းသော နေရာမှာ ထိုင်ရရုံနှင့်ပင် လီချိန်ရှို့ မဖြစ်စဖူး စိတ်လှုပ်ရှားနေရကာ လက်က အမွေးအမျှင်လေးမှအစ ထွက်ပြေးလွတ်မြောက်ချင်စိတ် ကြီးစိုးနေသည်။

ရှောက်ချွင်သည် လီချိန်ရှို့ကို လှည့်ကြည့်ပြီး အရှေ့ဘက်သို့ အကြည့်ပြန်ပို့ကာ...

"ချိန်ရှို့ မင်းကတော့ တကယ် အလုပ်များသူကြီးပဲ။ ဒီနေ့ မင်းဖုန်းကိုဆက်တိုင်း စက်ပိတ်ထားတာချည်းပဲ"

"အလုပ်ချိန် ဖုန်းပိတ်ထားတယ်"

ရှောက်ချွင်က "ဩ" ဟု အသံပြုပြီးမှ ရုတ်တရက်ပြောသည်။

"လုံခြုံရေးခါးပတ် ပတ်ထား"

လီချိန်ရှို့ ကြောင်အသွားပြီး ခန္ဓာကိုယ်ကိုလှည့်ကာ ခါးပတ်ရှာသည်။ စိတ်လှုပ်ရှားနေ၍လားမသိ၊ ဘယ်လိုဆွဲဆွဲ ဆွဲထုတ်မရချေ။ ရှောက်ချွင်က ခပ်တိုးတိုး ရယ်လိုက်ကာ ကားကို လမ်းဘေးကပ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့တိုးရင်း လီချိန်ရှို့ကိုယ်ရှေ့မှ လက်မောင်းဖြင့် ဖြတ်၍ ခါးပတ်ကို ဆွဲယူသည်။

လီချိန်ရှို့ စိတ်လှုပ်ရှား၍ အသက်ပင်ပြင်းပြင်း မရှူရဲ။ ခုံအနောက်ဆီကို ကပ်နိုင်သမျှ ကပ်နေမိသည်။ ထပ်ကပ်လို့ မရတော့၍သာ၊ မဟုတ်လျှင် ရှောက်ချွင်နှင့်ကြား အကွာအဝေးတစ်ခုရှိစေဖို့ အနောက်ထိုင်ခုံထိပါ တိုးကပ်မိမည် ထင်သည်။

ရှောက်ချွင်သည် ငယ်ကတည်းက အရပ်က အလွန်ကွာခြားသည်။ ယခု လူကြီးဖြစ်လာသောအခါ လူကလည်း အရပ်ရှည်၍ ထွားကျိုင်းသည်။ ရှပ်အင်္ကျီအောက်မှ ကျယ်ပြောသော ပခုံးနှင့် ပြောပြ၍မတတ်အောင် သန်မာသော လက်မောင်းသားတို့က သူနှင့် လက်မဝက်ပင် မကွာသော အကွာအဝေးမှာဖြစ်ပြီး သူ့ကိုယ်ပေါ်မှ အေးမြလန်းဆန်း‌သော ရေမွှေးနံ့ကပါ နှာခေါင်းထဲ သင်းပျံ့လာသည်။

တစ်ခဏလောက်နှင့် ပြီးနိုင်သည့်ကိစ္စဆိုသော်လည်း ရှောက်ချွင်သည် ဖြည်းဖြည်းချင်း ထိုင်ခုံခါးပတ်ကို ဆွဲလိုက်ရင်း ခေါင်းလှည့်ကာ နက်ရှိုင်းသော မျက်ဝန်းများက လီချိန်ရှို့ မျက်ဝန်းတွေဆီ နီးကပ်လာသည်။ ထိုမျက်ဝန်းများထဲ ခံစားချက်ပေါင်းများစွာ ရှိနေသလို လီချိန်ရှို့၏ နှလုံးသားကို လှုပ်ယမ်းသွားစေကာ မျက်လုံးပါ ပိတ်မိသွားစေသည်အထိ။

သေးငယ်သော အပြုအမူလေးသည်ပင် လီချိန်ရှို့အတွက် ဤသို့ဤနှယ် ရှည်ကြာနေရပါ၏။ ရှောက်ချွင်သည် သူ၏ ဖော်ပြမရသော ဖိနှိပ်မှုကို သိမ်းဆည်းလိုက်ပြီး ခါးပတ်တပ်သံ 'ဖားတား' ဟု မြည်ပါမှ သူအသက်ရှူထုတ်မိသည်။

ရှောက်ချွင်သည် ရုတ်တရက် ကိုယ်ပါလှည့်လိုက်ပြီး ထိုင်ခုံနောက်ကို လက်နှင့်ထောက်လိုက်ကာ ထင်းလင်းမြင်သာသော ရယ်လိုသည့်သဘောဖြင့် သူ့နားနားကပ်ကာ တိုးတိုးပြောသည်။

"ဘာလို့ မင်းကိုယ်နဲ့ နှစ်ယောက်တည်း အတူတူရှိတိုင်း ဒီလို စိတ်လှုပ်ရှားရတာလဲ? ဟင်!"

လီချိန်ရှို့၏ လည်တိုင်က ဘောပင်လို ဖြောင့်တန်းကာ အကြည့်တို့က ရှေ့ကိုစိုက်ကြည့်ပြီး သူ့ဆီ လှည့်မကြည့်ရဲပဲ ခိုင်မာစွာပြောသည်။

"မဟုတ်ရပါဘူး"

ရှောက်ချွင်က ခပ်ဟဟရယ်သည်။ ထို့နောက် ခန္ဓာကိုယ်ကို မိမိထိုင်ခုံဆီ ပြန်ထိုင်လိုက်ကာ ကားကို ကားလမ်းမဆီ ပြန်မောင်းလိုက်သည်။ နှစ်ယောက်သား တစ်လမ်းလုံး စကားမဆိုကြ။

--------------------------------------------------------------------------------------------------------------------------------

[Zawgyi]

"ေဟ့! မင္း ငါ့ခါးကိုဖက္ထား"

ေက်ာင္းေစာင့္ဦးေလးႀကီးက စက္ဘီးကိုရပ္ရင္း လီခ်ိန္ရႈိ႕ကို ေနာက္လွည့္ေျပာသည္။

"အာ?"

လီခ်ိန္ရႈိ႕ ေၾကာင္အသြား၏။

"ငါမင္းကို ဖက္ထားခိုင္းတာ။ ငါအရက္ေသာက္ထားတယ္ေလ။ စက္ဘီးနင္းတာ ၿငိမ္မွာမဟုတ္ဘူး။ လဲၿပီး မင္းျပဳတ္က်ရင္ ဘယ္လိုလုပ္မလဲ?"

လီခ်ိန္ရႈိ႕ တြန႔္ဆုတ္ေနသည္။ မူလက စက္ဘီးထိုင္ခုံမွ လက္က သူ႔အက်ႌစေပၚ ေရာက္သြား၏။

"ငါမင္းကို ဖက္ထားခိုင္းေနတာ!"

ထိုေက်ာင္းေစာင့္၏ အသံက ပိုမာလာသည္။

"ဟုတ္တယ္။ တင္းတင္းဖက္ထား။ ျပဳတ္က်ခဲ့ရင္ ငါကေတာ့ ဂ႐ုစိုက္မွာ မဟုတ္ဘူးေနာ္"

အနားကပ္လိုက္လွ်င္ တကယ္ပဲ ထိုလူထံမွ အရက္နံ႔ႏွင့္ ေခြၽးနံ႔ပါရ၏။ အနံ႔က စူးလြန္း၍ လီခ်ိန္ရႈိ႕ပင္ မ်က္ေမွာင္ၾကဳတ္ရကာ လက္ကို အနည္းငယ္ အေပၚတင္ၿပီး ခါးကို လက္ႏွစ္ဖက္ႏွင့္ ဖက္လိုက္ရသည္။ ထိုေက်ာင္းေစာင့္က တဟားဟားရယ္ၿပီး ႐ုတ္တရက္ သူ႔လက္ဖမိုးကို ႐ိုက္သည္။

"ဒီလိုမွေပါ့။ မင္းျပဳတ္က်ၿပီး အနာတရျဖစ္ရင္ ငါျဖင့္ သနားေနမိမွာပဲ။ ဘယ္ေလာက္လိမၼာတဲ့ ကေလးလဲ"

လီခ်ိန္ရႈိ႕စိတ္ထဲ တိုက္ပြဲတစ္ခုလို ရႈပ္ေထြးေနရသည္။ စိတ္ထဲတြင္လည္း သကၤာမကင္းျဖစ္လာသည္။

ႏွစ္ေယာက္သား တစ္လမ္းလုံး ထိုလူက စကားမရွိစကားရွာေျပာေနၿပီး လီခ်ိန္ရႈိ႕က ေမးတစ္ခြန္းေျဖတစ္ခြန္းသာ ျပန္ေျပာေနသည္။ နာရီဝက္ခန႔္ စီးလာၿပီးေနာက္ ထိုလူက ေမာသည္ဟု ညည္းညဴ၍ ႏွစ္ေယာက္ လမ္းဆင္းေလွ်ာက္ရျပန္သည္။ ၿမိဳ႕ေဟာင္းဘက္ သြားသည့္လမ္းတြင္ ညဥ့္နက္သန္းေခါင္မို႔ လူသြားလူလာက အလြန္ပါးသည္။ လမ္းမီးမ်ားကပင္ မွိန္ပ်ပ်‌ျဖစ္ေနရာ ဆယ္မီတာပတ္ဝန္းက်င္ေလာက္သာ စမ္းတဝါးဝါးျမင္ရၿပီး မည္းေမွာင္ေနသည္က ေၾကာက္စရာ။

ထိုေက်ာင္းေစာင့္က လက္ကို လီခ်ိန္ရႈိ႕ပခုံးထက္ တင္လာသည္။ အနားကပ္ကာ ေက်ာင္းက သတင္းမ်ားအေၾကာင္း ေျပာရင္း မ်က္ႏွာကား အလြန္အနားကပ္လာသလို ခႏၶာကိုယ္ကလည္း အလြန္အနားကပ္လာ၏။ သူသံသယေတြးေတြးေနစဥ္မွာပဲ ထိုလူ၏ လက္မ်ားက ပခုံးထက္မွ ခါးဆီသို႔ ခရီးဆက္လာကာ ခပ္ဖြဖြ ဖက္လိုက္သည္။

လီခ်ိန္ရႈိ႕ ထိတ္လန႔္သြားကာ အလ်င္အျမန္ လြတ္လမ္းရွာမိသည္။ ထိုေက်ာင္းေစာင့္က လက္ကို မလႊတ္သည့္အျပင္ ၿပီတီတီအမူအရာႏွင့္ သူ႔နားကပ္ကာ ေမးသည္။

"မင္းေျပာၾကည့္! မင္းက လိင္တူႀကိဳက္တဲ့သူဆို။ တကယ္လား? ငါ့ကိုေျပာျပစမ္း! ငါ ဘယ္သူ႔ကိုမွ ျပန္မေျပာပါဘူးကြ''

လီခ်ိန္ရႈိ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ ထိုလူကို အားႏွင့္ တြန္းထုတ္ပစ္လိုက္သည္။

"ခင္ဗ်ား ဘာ... ဘာလုပ္တာလဲ?"

ထိုေက်ာင္းေစာင့္က သူ႔အား ႐ုတ္တရက္ လက္လႊတ္ေပးလိုက္ၿပီး လက္ေမာင္းကို တင္းတင္းဆုပ္ကိုင္ကာ မ်က္ႏွာေပၚတြင္လည္း ရက္စက္ၾကမ္းၾကဳတ္ေသာ အမူအရာတို႔ ထင္းေနသည္။

"ငါကေတာ့ ညႀကီးမင္းႀကီး မင္းကို အိမ္လိုက္ပို႔ေပးရတယ္။ မင္းနဲ႔ အေပ်ာ္စကားေလး ေျပာတာေတာင္ မရဘူးလား။ တစ္ခြန္းေလာက္ေလးေမးတာ မရဘူးလား?"

ေျပာရင္းႏွင့္ လီခ်ိန္ရႈိ႕၏ တင္ပါးကို ပြတ္သပ္ကာ ညႇစ္ပင္ညႇစ္လိုက္ေသးၿပီး ေကာက္က်စ္စြာ ရယ္ေမာရင္းေျပာသည္။

"တကယ္ဆို မင္းပုံစံမ်ိဳးနဲ႔ကေတာ့ ေသခ်ာေပါက္ ေယာက္်ားတစ္ေယာက္ကေတာ့......"

လီခ်ိန္ရႈိ႕ ထိတ္လန႔္စြာ ေအာ္ဟစ္လိုက္သည္။ ဘယ္လိုျဖစ္ျဖစ္ သူ႔ကိုယ္သူ ဒီလို ႐ြံစရာကိစၥမ်ိဳး ေတြ႕ရလိမ့္မည္ဟု ေယာင္လို႔ပင္ မေတြးခဲ့ဖူး။

သူသည္ ထိုေက်ာင္းေစာင့္၏ ရင္ခြင္ထဲ တြန္းထိုး႐ုန္းကန္ေနကာ ပါးစပ္မွ "ကယ္ၾကပါဦး" ဟု အႀကိမ္ႀကိမ္ ေအာ္ဟစ္ေနမိသည္။ ျမင္ေနရေသာ အနီးဝန္းက်င္မွ အိမ္မ်ား မီးလင္းလာသည္။ ထိုေက်ာင္းေစာင့္မွာလည္း ပိုေလာႀကီးလာၿပီး နားထင္ကို အားကုန္လႊဲ႐ိုက္လိုက္ရာ လီခ်ိန္ရႈိ႕မွာ ေအာ္သံပင္ မထြက္ႏိုင္ေတာ့။

လီခ်ိန္ရႈိ႕ နားထဲမွ စူးနစ္စြာ နာက်င္ရမႈကိုသာ ခံစားမိေသာ္လည္း အားတင္းထားရကာ မရပ္တန႔္ႏိုင္ေသာ ပ်ားပိတုန္းေလးႏွယ္။ ဒီအခ်ိန္မွာ သူဘာကိုမွ ဂ႐ုမျပဳႏိုင္ေတာ့။ " ကယ္ၾကပါဦး" ဟု အဆက္မျပတ္သြားေအာင္ ေအာ္ဟစ္ေနၿပီး အားကုန္သုံးကာ တတ္သမွ် ျမင္သမွ် တိုက္ခိုက္နည္းမ်ားႏွင့္ တြန္းထိုးကန္ေက်ာက္ေနမိသည္။

ပရမ္းပတာ အေျခအေနမ်ားထဲ ဆဲဆိုသံႏွင့္ လက္သီးခ်က္တို႔က မိုးစက္ေတြလို သူ႔ခႏၶာေပၚ အဆက္မျပတ္ က်ေရာက္ေနရာ သူ႔ေျခေထာက္ကို ေကြးထားမိသည္။ သိပ္မၾကာလိုက္။ သူ႔ခႏၶာကိုယ္ေပၚမွ နာက်င္မႈမ်ား ရပ္တန႔္သြားၿပီး ရႈပ္ေထြးေသာ ေျခသံမ်ားႏွင့္ စက္ဘီးနင္းေျပးသြားသံမ်ား ဆက္လာသည္။

လီခ်ိန္ရႈိ႕ ေခါင္းကို ဖက္ထားၿပီး ေကြးေကြးေလး ျဖစ္ေနသည္။ စိုစြတ္ေအးစက္ေသာ ေျမျပင္ထက္ အေလာင္းတစ္ေလာင္းႏွယ္ တစ္စက္မွမလႈပ္။ ေၾကကြဲဖြယ္ငိုသံက ညဥ့္နက္ထဲ ပ်ံ႕လြင့္သြားသည္။ ထိုငိုေႂကြးသံမွာ လက္ေတြ႕အျပင္မွာ ငိုေနသလို ထင္ေယာင္ထင္မွား ျဖစ္ေစသည္အထိ ေၾကကြဲဖြယ္ေကာင္းလြန္းေနကာ ရႈိက္သံအျဖစ္ ေျပာင္းလဲသြားၿပီး မ်က္ရည္မ်ားက ေျခာက္ကပ္သြားသည္။ စြတ္စိုေသာ ခံစားမႈႏွင့္ ေၾကကြဲနာက်င္ရျခင္းတို႔ ေပါင္းဆုံေသာအခါ အိပ္မက္မ်က္ႏွာျပင္မွ ေဖာက္ထြက္ႏိုင္လာသည္။

လီခ်ိန္ရႈိ႕သည္ အိပ္မက္ဆိုးမွ ႏိုးထလာၿပီး မ်က္ႏွာတစ္ခုလုံးလည္း စို႐ႊဲေနသည္။ ေခါင္းအုံးမွာလည္း စိုစြတ္ေန၍ အဆင္မေျပေတာ့။

လီခ်ိန္ရႈိ႕သည္ မ်က္ႏွာကို လက္ျဖင့္ပြတ္လိုက္ၿပီး မိမိ မီးမပိတ္ရေသးမွန္း အသိဝင္လာသည္။ မေတာ္တဆ အိပ္ေပ်ာ္သြားၿပီး သူေတြးပင္ မေတြးခ်င္ခဲ့ေသာ ကိစၥမ်ားကိုပင္ အိပ္မက္ မက္လိုက္ေသးသည္။ အခ်ိန္ကာလ အလြန္ၾကာျမင့္ေနၿပီျဖစ္ေသာ္ျငား အိပ္မက္ႏွင့္ လက္ေတြ႕က ေရာေထြး‌ဆဲ။

စိတ္တည္ၿငိမ္လာေအာင္ မနည္းလုပ္ယူၿပီးေနာက္ သူလႈပ္လႈပ္ရွားရွားႏွင့္ ကုတင္ေပၚမွထကာ ေရတစ္ခြက္ထည့္လိုက္သည္။ မိမိ ဘယ္ေလာက္ၾကာၾကာ ငိုေနခဲ့မိလဲ မသိ။ လည္ေခ်ာင္းပင္ ေျခာက္ေနေလၿပီ။

သူမီးကို ပိတ္လိုက္သည္။ ထို႔ေနာက္ အဝတ္ကို ျပန္ျဖန႔္ၿပီး ေရခြက္ကို လက္ထဲတြင္ကိုင္ကာ လမင္းကို ေငးေနမိသည္။

ဆယ့္ေလးႏွစ္အ႐ြယ္ ထိုညက သူ႔ဘဝတစ္ေလွ်ာက္လုံးမွာ ညတာအရွည္ဆုံးညျဖစ္မည္ထင္သည္။ သူငိုယိုရင္း ႏွစ္နာရီခန႔္ လမ္းေလွ်ာက္ အိမ္ျပန္ခဲ့သည့္ ထိုညက ျပန္ေရာက္ေရာက္ခ်င္း သူ႔အေမက ေျမျပင္ေပၚမွာ အျဖဴေရာင္အျမဳပ္ေတြႏွင့္ ဂ႐ုစိုက္မဲ့သူမရွိ လဲက်ေနသည္ကို ဆီးျမင္လိုက္ရသည္။

အိမ္နီးခ်င္းမ်ား၏ အကူအညီႏွင့္ သူမအား ေဆး႐ုံတင္ၿပီး ဆရာဝန္မ်ားက တစ္ညလုံး ကုသေပးခဲ့ကာ သူကေတာ့ မ်က္ေတာင္ပင္ မခတ္ႏိုင္ဘဲ ထိုင္ေစာင့္ေနခဲ့ရသည္။ ဒုတိယနံနက္တြင္ သူ႔အား သူ႔အေမက အရက္ရွိန္ႏွင့္ ေလေအးမိျခင္းေၾကာင့္ ေလျဖတ္သြားၿပီျဖစ္ေၾကာင္း အသိေပးလာသည္။

သူထိုစဥ္က ထိုပါးလ်လ် လူနာစာအုပ္ကို ဆုပ္ကိုင္ရင္း ေဆး႐ုံတြင္ ေအာ္ဟစ္ငိုယိုမိခဲ့သည္။ ေန႔မွန္းမသိ ညမွန္းမသိ ငိုေႂကြးခဲ့ရလြန္း၍ မူးေမ့လဲသြားရတဲ့အထိ ထင္သည္။ သူယခင္က ဘယ္ေလာက္ခက္ခဲခက္ခဲ သူ႔ေျခေထာက္ေပၚ သူရပ္တည္ႏိုင္လိမ့္မည္။ ေကာင္းကင္ဘုံက မွ်တစြာႏွင့္ သူ႔အား ျပန္ေပးဆပ္လိမ့္မည္ဟု ထင္မွတ္မိခဲ့သည္။ သို႔ေသာ္ ထိုစဥ္က သူ႔အိမ္မွာ စုေဆာင္းႏိုင္သမွ် ေငြရွစ္ရာတစ္ဆယ့္သုံးက်ပ္၊ ေက်ာင္းမွ ‌ပိုးဟပ္ႏွင့္ ႂကြက္ေတြကို ၾကည့္သလို သူ႔ကိုၾကည့္တဲ့ အၾကည့္ေတြ၊ ထိုေက်ာင္းေစာင့္၏ ေၾကာက္စရာအၿပဳံး စသည္တို႔ကို ေတြးမိလွ်င္ပင္ သူ႔စိတ္အနက္ရႈိင္းဆုံးေနရာကေန အသက္ပင္ မရွင္ခ်င္ေတာ့။ လုံးဝကို ေသသြားပစ္လိုက္ခ်င္သည္။

သူထိုစဥ္က ငယ္လြန္းေသးသည္။ သူဘာေၾကာင့္ ဒီေလာက္ ခက္ခဲေနရသလဲ အေတြးမေပါက္ႏိုင္။ မိမိ သူတစ္ပါးကို ထိခိုက္ေအာင္မလုပ္၊ မေကာင္းတာမလုပ္ပဲႏွင့္ ဘာေၾကာင့္ မိမိကို မခ်စ္ၾကသလဲ။ ဘာေၾကာင့္ ဒီတိုင္း ရွင္သန္ေနရသလဲ သူမေတြးႏိုင္။

ထိုစဥ္က သူသေဘာမေပါက္‌ေသာ ကိစၥရပ္မ်ားစြာ ရွိခဲ့သည္။ လက္ေတြ႕က သေဘာေပါက္ေအာင္ ေတြးေတာခ်ိန္လည္း မေပးခဲ့။

သူငိုရာမွ ႏိုးထလာၿပီးေနာက္ တစ္ပတ္အတြင္းမွာပဲ အိမ္ကို ေဈးေလွ်ာ့ေရာင္းလိုက္ကာ သူ႔အေမကို ေဆးဆက္ကုေပးခဲ့သည္။ သူ႔ညာဘက္နားက ထိုေက်ာင္းေစာင့္ေၾကာင့္ ခ်ိဳ႕ယြင္းခဲ့ရေသာ္လည္း ဂ႐ုမထားႏိုင္ေတာ့။ ထိုေန႔မွစ၍ သူေက်ာင္းလည္း မသြားႏိုင္ေတာ့။

သူ႔အေမသည္ ထိုေန႔မွစ၍ အလကားလူ ျဖစ္သြားေတာ့သည္။ စိတ္မမွန္ေတာ့ပဲ ဘယ္သူက ဘယ္သူမွန္းေတာင္ မခြဲျခားႏိုင္ေတာ့ပဲ ေဝယ်ာဝစၥ အေသးအမႊားအစ မျပဳလုပ္ႏိုင္ေတာ့။ သူ‌အမ်ိဳးအိမ္ေတြဆီ လွည့္ၿပီး ပိုက္ဆံေခ်းရသည္။ ႐ြာထိပ္မွ ႐ြာအဆုံးထိ တစ္အိမ္တက္ဆင္း ေခ်းငွားရသည္။ သူအပင္ပန္းဆုံး ထိုအခ်ိန္မ်ားက တစ္ရက္ကို အလုပ္သုံးခု ဆက္တိုက္လုပ္ရၿပီး ျမင့္မားေသာ ေဆး႐ုံစရိတ္ကို ထမ္းပိုးထားခဲ့ရေၾကာင္း မွတ္မိေသးသည္။

ထိုသို႔ ပင္ပန္းဆင္းရဲခဲ့ရတာေတာင္မွ တစ္ႏွစ္ၾကာၿပီးေနာက္တြင္ေတာ့ ေဆး႐ုံစရိတ္ကို သူမတတ္ႏိုင္ေတာ့။ အိမ္ေဟာင္းမွ ေဆြမ်ိဳးမ်ားက သူ႔ကိုျမင္တာႏွင့္ တံခါးပိတ္ထားၾကသည္။ သူတစ္ရက္ႏွစ္ဆယ့္ေလးနာရီလုံး ဇယ္ဆက္သလို အလုပ္လုပ္တာေတာင္မွ သူ႔အေမရဲ႕ တစ္ရက္စာ ေဆး႐ုံစရိတ္ကို မတတ္ႏိုင္ခဲ့။ နည္းလမ္းမရွိေတာ့။ သူငွားေနေသာအိမ္ဆီ သူ႔အေမကိုေခၚလာကာ ကိုယ္တိုင္ျပဳစုရျပန္သည္။ သုံးေလးလေတာင္ မခံလိုက္၊ သူ႔အေမ ဆုံးသြားေတာ့သည္။

သူထိုစဥ္က ပညာကမတတ္၊ တစ္ကိုယ္တည္း က်န္ရစ္ခဲ့ရကာ ေမွ်ာ္လင့္ခ်က္မဲ့ျခင္းမွလြဲ ဘာမွမက်န္ရစ္ေတာ့။ စားေသာက္ဆိုင္မွ ဆရာတစ္ေယာက္က သူ႔အား မဆိုးဘူးဟု မွတ္ယူကာ ေငြေၾကးေထာက္ပံ့ၿပီး စားဖိုမႈးအတတ္ကို သင္ေပးခဲ့သည္။ ေနာက္ သုံးေလးႏွစ္ၾကာၿပီးေနာက္ ထိုဆရာ၏ မိတ္ဆက္ေပးမႈႏွင့္ ရွိန္းက်န႔္တြင္ အလုပ္ရသည္။ ထို႔မွစ၍ ဒီၿမိဳ႕ေလးမွာပဲ အေျခခ်ေနျဖစ္ေတာ့သည္။

ဒီကိစၥေတြကို သူတကယ္ပဲ မေတြးမိတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီ။ အကယ္၍ ေရွာက္ခြၽင္သာ ျပန္မေပၚလာလွ်င္ သူေမ့လုနီးပါးရွိေနၿပီ။ ေကာင္းတာပဲျဖစ္ျဖစ္ ဆိုးတာပဲျဖစ္ျဖစ္ ေနာက္ဆုံးမွာ မေကာင္းခဲ့တာပဲျဖစ္ျဖစ္ ေျပာလို႔မေကာင္းေတာ့။ သူယခု သူ႔ဘဝေလးကို ေရာင့္ရဲသည္။ ေဆြမ်ိဳးမ်ား၏ ပိုက္ဆံကို မၾကာခင္ အေက်ဆပ္ႏိုင္ေတာ့မည္။ သူ႔ဘဝက ေကာင္းေနၿပီ။

သို႔ေသာ္ ေရွာက္ခြၽင္ကို ျပန္ေတြ႕လိုက္ရျခင္းက သူ႔ကို ရတက္မေအးေစခဲ့။ တစ္ခ်ိန္က ေႁမြႏွင့္ ေပါက္ခံခဲ့ရသလို ဒီတစ္ခါလည္း ေရွာက္ခြၽင္က သူ႔ဘဝကို လႈိင္းလုံးမ်ား သယ္ေဆာင္လာမွာ ေၾကာက္သည္။ သို႔ေသာ္ ေရွာက္ခြၽင္ကလည္း အရင္ကအတိုင္း သူ၏ဝင္ေရာက္လာမႈကို တားဆီးဖို႔ အခြင့္အေရးမေပးခဲ့။

လီခ်ိန္ရႈိ႕သည္ ခြက္ကိုပိုက္ကာ ေငးေနခဲ့သည္။ ျပတင္းေပါက္အျပင္ဘက္က တစ္ဖက္မွ ေျပာက္က်ားျဖစ္ေနေသာ နံရံျဖစ္ၿပီး ဘာမွၾကည့္ေလာက္စရာ မရွိေသာ္လည္း သူ႔မ်က္လုံးတို႔က ထိုနံရံေပၚမွ အၾကည့္မခြာ။ မူလက စိတ္ပင္ပန္း လူပင္ပန္း႐ုံသာ ျဖစ္ေသာ္ျငား အခုေတာ့ အိပ္၍ပင္မေပ်ာ္ေတာ့။

စေနေန႔သို႔ ေရာက္ေတာ့မည္။ လီခ်ိန္ရႈိ႕ ေတြးေတာၿပီးေနာက္ အလုပ္သြားရန္သာ ဆုံးျဖတ္လိုက္သည္။ သူ႔အထင္ ေရွာက္ခြၽင္ေျပာသလို သူမလုပ္သင့္။ သူလည္း သူ႔အတြက္ႏွင့္ ခြင့္တိုင္မည္ဟု ကတိမေပးခဲ့။ မထင္မွတ္ပါပဲ အလုပ္လုပ္ေနစဥ္ ေန႔တစ္ဝက္မွာပင္ ေရွာက္ခြၽင္က ကိုယ္တိုင္ ေရာက္ခ်လာသည္။ ဒီတစ္ခါ သူ႔ကို တိုက္႐ိုက္ရွာတာ မဟုတ္ဘဲ သူတို႔ မန္ေနဂ်ာဆီကို သြားရွာတာပဲ ျဖစ္သည္။

လီခ်ိန္ရႈိ႕ ႐ုံးခန္းထဲ ဝင္လိုက္သည္ႏွင့္ သူတို႔ ဒါ႐ိုက္တာခ်ိန္ႏွင့္ ေရွာက္ခြၽင္တို႔ ထိုင္ေနၿပီး ညီအစ္ကို အရင္းအခ်ာေတြလို စကားလက္ဆုံက်ေန၏။ မန္ေနဂ်ာက်န္းက ေဘးတြင္ရပ္ေနၿပီး မိုင္ကုန္ၿပဳံးၿဖီးေနကာ ဒါ႐ိုက္တာခ်ိန္ကို အလြန္ေဖာ္လံဖားေနပုံရသည္။ သူဝင္လာတာ ျမင္သည္ႏွင့္ မန္ေနဂ်ာက်န္းက တက္ႂကြစြာ ရင္းႏွီးဟန္ႏွင့္ လက္ကိုဆြဲေခၚကာ...

"အိုက္ယား! ဆရာေလးေရွာင္လီ... ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီ။ ဒါ႐ိုက္တာေရွာက္က မင္းအတြက္နဲ႔ အထူးလာခဲ့တာ"

လီခ်ိန္ရႈိ႕က ေခါင္းငုံ႔ေျပာသည္။

"မဂၤလာပါ ဒါ႐ိုက္တာခ်ိန္။ မဂၤလာပါ ဒါ႐ိုက္တာေရွာက္"

ဒါ႐ိုက္တာခ်ိန္က တဟားဟားရယ္သည္။

"ေရွာင္လီေရ... ဒီညီေလးေရွာက္ ေျပာပုံအရေတာ့ မင္းက အလုပ္ကို မေႏွာင့္ေႏွး‌ေစခ်င္ဘူးဆို။ အဲ့ဘက္ကလည္း အလုပ္ကမ်ားေနၿပီ။ ရက္မွန္မွန္ အလုပ္လာတက္ေနတုန္းပဲဆိုေတာ့ သူေဌးလုပ္တဲ့ ငါကေတာ့ အရမ္းဝမ္းသာရတာေပါ့ကြာ။ ဟုတ္လား?"

လီခ်ိန္ရႈိ႕သည္ ေရွာက္ခြၽင္ကို လွမ္းၾကည့္လိုက္သည္။ သူဘာေတြမ်ား ေျပာထားလို႔လဲ။ ဒါ႐ိုက္တာခ်ိန္က သက္ျပင္းေလးေလးခ်လိုက္ကာ ေရွာက္ခြၽင္၏ ပခုံးကို ကိုင္လိုက္ၿပီး...

"ညီေလးေရွာက္ေရ... ငါမင္းကို အမွန္အတိုင္း ေျပာမယ္ကြာ။ တကယ္ ရင္ထဲက လာတဲ့စကားပါ။ မင္းမို႔လို႔ေနာ္။ တျခား ဘယ္သူ႔ကိုမဆို ငါတို႔ဆိုင္သစ္ဖြင့္စမွာ ငါတို႔ရဲ႕ စားဖိုမႉးကို ငွားႏိုင္ပါ့မလား"

ေရွာက္ခြၽင္ကလည္း ရယ္ေမာရင္းေျပာ၏။

"အစ္ကိုခ်ိန္ကေတာ့ တကယ္မိုက္တယ္"

"ငါအခု တာ့လ်န္က စားဖိုမႉးေတြ ေ႐ြးထားတယ္။ အားလုံးက ဆိုင္ေဟာင္းက ေျပာင္းလာမွာေတြ။ လူအားက အစကတည္းက မေလာက္တာ။ စားဖိုမႉးအသစ္ေတြလည္း အလုပ္ေခၚထားေသးတယ္။ ဒီႏွစ္ေတြမွာ စိတ္တိုင္းက်တဲ့ စားဖိုမႉးရွာရတာလည္း ခက္တာ မင္းသိတယ္မလား"

"အဲ့လိုပဲ မဟုတ္ေသးဘူး။ လက္ရာေကာင္း႐ုံနဲ႔မရဘူး။ လူကလည္း အလုပ္မထြက္ဦးမွ"

"ဟုတ္ပ ဟုတ္ပ။ ငါတို႔ရဲ႕ ဆရာေလးေရွာင္လီကိုပဲ ၾကည့္ကြာ။ အရည္အခ်င္းနဲ႔ ပတ္သက္ရင္ အနည္းဆုံးဆိုေပမဲ့ လူ႐ြယ္ေတြထဲမွာ ငါသူ႔ကိုပဲ မ်က္စိက်ရတာ ညီေလးေရွာက္။ ဘာေၾကာင့္လဲသိလား?"

ေရွာက္ခြၽင္က ရယ္ရင္းေျပာသည္။

"အစ္ကိုခ်ိန္ သင္ျပပါဦး"

"ဆရာေလးေရွာင္လီက လက္ရာေကာင္း႐ုံပဲ မကဘူး။ စိတ္လည္း ေအးရတယ္။ စိတ္ေအးရတယ္ဆိုတဲ့ စကားက ဘယ္သူ႔ကိုမွ အလြယ္မသုံးရဲဘူးဆိုေပမဲ့ ဆရာေလးေရွာင္လီဆိုရင္ေတာ့ ငါသုံးရဲတယ္။ သူ႔ကို ငွားလိုက္ရင္ေတာင္ သူျပန္မလာမွာ မစိုးရိမ္ရဘူးေလ။ ဟုတ္တယ္ဟုတ္ ဆရာေလးေရွာင္လီ?"

ဒါ႐ိုက္တာခ်ိန္က သူ႔အား ၿပဳံးတုံ႔တုံ႔ၾကည့္ေနသည္။ လီခ်ိန္ရႈိ႕မွာ အေပၚယံတြင္ ေတာင့္တင္းေနေသာ္လည္း မန္ေနဂ်ာက်န္း၏ တိတ္တဆိတ္ အခ်က္ျပမႈေၾကာင့္ ေခါင္းညိတ္ျပလိုက္ရသည္။ မန္ေနဂ်ာက်န္းက အလ်င္စလို စကားဆက္၏။

''ဒါ႐ိုက္တာေရွာက္... ကြၽန္ေတာ္တို႔ ဒါ႐ိုက္တာခ်ိန္ကလည္း တန္ဖိုးသိတတ္ပါတယ္။ မေန႔က ခင္ဗ်ားနဲ႔ ဖုန္းေျပာၿပီးေတာ့ ကြၽန္ေတာ္နဲ႔ ေဆြးေႏြးေသးတယ္။ ခင္ဗ်ားက ဆရာေလးေရွာင္လီကို ႏွစ္ပတ္ေလာက္ ငွားမယ္ဆိုေတာ့ ဒီဘက္မွာလည္း သက္ေရာက္မႈမ်ားတယ္ဗ်။ ကြၽန္ေတာ္လည္း အဲ့တုန္းက ခင္ဗ်ားဘက္က ငွားမယ္ဆိုတာလည္း မသိဘူးကိုး။ ကြၽန္ေတာ္လည္း လုံးဝမငွားဘူးျငင္းတာ။ သူသာမရွိရင္ ကြၽန္ေတာ္တို႔ ဟိုတယ္က အလုပ္ေတြကလည္း ဆိုင္းငံ့သြားသလို ျဖစ္ဦးမွာေလ။ သူ႔အလုပ္ေတြ ဘယ္သူက လာလုပ္ေပးမွာလဲ။ ဘယ္သူက လုပ္ႏိုင္မွာလဲ။ အဲ့ဒါနဲ႔ ကြၽန္ေတာ္က လုံးဝမရဘူးျငင္းမိတာပါပဲ။ ကြၽန္ေတာ္တို႔ ဒါ႐ိုက္တာခ်ိန္ကလည္း ေတြေဝေနတာ။ ၿပီးေတာ့မွ မရလည္း ရရမယ္ဆိုၿပီး ေျပာေတာ့တာပဲ။ ဒါ႐ိုက္တာေရွာက္ သုံးမယ္ဆိုမွေတာ့ ဒီႏွစ္ပတ္လုံး အေရာင္းအဝယ္လုပ္ရမယ္ဆိုလည္း လုပ္ရပါေစ၊ ဒါ႐ိုက္တာေရွာက္ရဲ႕ ညစာစားပြဲပါတီကေတာ့ လွလွပပ ျဖစ္ေစရမယ္ဆိုတာပဲဗ်ာ။ ဒါက ဒါ႐ိုက္တာေရွာက္ရဲ႕ အထူးတလည္ ေတာင္းဆိုမႈပဲ။ ရကိုရေစရမယ္တဲ့"

ေရွာက္ခြၽင္က တဟားဟားေအာ္ရယ္သည္။

"အစ္ကိုခ်ိန္ေရ ခင္ဗ်ားလူကို ၾကည့္ပါဦး။ စကားကေတာ့ တတ္လွခ်ည္လား။ အစ္ကိုခ်ိန္ ဒီေလာက္ ရက္ေရာတာပဲ ေက်းဇူးတင္ပါတယ္။ ႏွစ္ပတ္ၿပီးတာနဲ႔ ေသခ်ာေပါက္ ဆရာေလးေရွာင္လီကို ဝဝၿဖိဳးၿဖိဳး ျပန္ပို႔ေပးမွာပါ"

ဒါ႐ိုက္တာခ်ိန္က အားမနာပါနဲ႔၊ ျဖစ္သင့္တာပဲ စသည္တို႔ စဥ္ဆက္မျပတ္ေျပာၿပီးေနာက္ ေရွာက္ခြၽင္ကိုဆြဲၿပီး ကြမ္က်ိဳး၊ ဖန္ယြီမွ ပိုင္ဆိုင္မႈမ်ားအေၾကာင္း ဆက္ေျပာေနရာ မန္ေနဂ်ာက်န္းႏွင့္ လီခ်ိန္ရႈိ႕မွာ ေဘးကပ္ရပ္ေနရသည္။ လီခ်ိန္ရႈိ႕သည္ သူတို႔ေျပာစကားမ်ားအၾကား ပါးစပ္အေဟာင္းသား။ ငွားေပးလိုက္ ငွားယူလိုက္ႏွင့္ ေျပာဆိုေနၾကၿပီး တစ္ေယာက္မွ သူ႔သေဘာထားကို ေမးသည့္သူမရွိ။

မန္ေနဂ်ာက်န္းက အလြန္ပါးနပ္စြာ သူ႔အား အျပင္ကိုဆြဲေခၚၿပီး ေကာ္ရစ္ဒါတြင္ ေရွာက္ခြၽင္အား ေစာင့္ေနခိုင္းသည္။ လီခ်ိန္ရႈိ႕က မန္ေနဂ်ာက်န္းကို ဆြဲကာ အေလာတႀကီးေျပာသည္။

"မန္ေနဂ်ာက်န္း... ဒါက... ဘယ္လို?"

ထိုအခါ ႐ုံးခန္းထဲမွ ရင္းႏွီးမႈမ်ားက ေပ်ာက္ကြယ္သြားကာ မ်က္ေမွာင္ၾကဳတ္ရင္းျဖင့္...

"ေဟ့... မင္းခုထိ နားမလည္ဘူးလား။ မေန႔က ဒါ႐ိုက္တာ‌ေရွာက္ ‌သူေဌးဆီ ဖုန္းဆက္ၿပီး လူငွားတယ္။ ေျပာတာေတာ့ အ‌ခ်ိန္ကလည္း ကပ္ေနၿပီး မင္းကို ႏွစ္ပတ္ေလာက္ ငွားခ်င္လို႔။ ဒါေၾကာင့္ ခဏေလာက္ အလုပ္မတက္ႏိုင္ဘူးဆိုတဲ့ အေၾကာင္း"

လီခ်ိန္ရႈိ႕ မ်က္ႏွာျဖဴေဖ်ာ့လာသည္။ ပါးစပ္ခဏခဏဟလိုက္ေပမဲ့ ဘာစကားမွ ေျပာမထြက္။ မန္ေနဂ်ာက်န္းက သူ႔ပခုံးကို ပုတ္သည္။

"ေရွာင္လီေရ! ေကာင္းေကာင္းလုပ္။ ဒါက ‌ဝင္ေငြသစ္ဝင္ႏိုင္မဲ့အခ်ိန္ပဲ။ ဘယ္သူက ဒီေလာက္ ကံေကာင္းမွာလဲ။ မင္းေသခ်ာမွတ္ထား။ ဒါ႐ိုက္တာေရွာက္ကို ေကာင္းေကာင္းဆက္ဆံ။ အလုပ္လုပ္ျပ။ သူ႔ကို အျပစ္လုပ္မိရင္ေတာ့...... ငါတို႔သူေဌးေတာင္မွ သူ႔ကို ခယေနရတာ။ သူ႔ကို လုံးဝ အျပစ္ျပဳမိလို႔ မျဖစ္ဘူး။ သိလား?"

လီခ်ိန္ရႈိ႕ ေတာင့္ေတာင့္ႀကီး ေခါင္းညိတ္ျပသည္။

"ဒါဆို ဒီလိုပဲလုပ္ၾကစို႔။ မင္းဒီမွာ ေစာင့္ေန။ သူတို႔စကားေျပာၿပီးတာနဲ႔ ဒါ႐ိုက္တာေရွာက္က တစ္ခါတည္း မင္းကို ေခၚသြားလိမ့္မယ္"

လီခ်ိန္ရႈိ႕သည္ ႐ုံးခန္းအျပင္တြင္ နာရီဝက္ေက်ာ္ေလာက္ ရပ္ေစာင့္ေနလိုက္ရသည္။ ေရွာက္ခြၽင္က ေနာက္ဆုံးေတာ့ ထြက္လာၿပီး ဒါ႐ိုက္တာ‌ခ်ိန္က သူတို႔ႏွစ္ေယာက္ကို ကားရပ္နားရာထိ လိုက္ပို႔သည္။ ခယေနတာမ်ား ေရွာက္ခြၽင္ ကားတံခါးကိုပိတ္လိုက္မွသာ ၿပဳံးရယ္ရင္း ႏႈတ္ဆက္ေတာ့သည္။

ေရွာက္ခြၽင္ႏွင့္ ေသးငယ္က်ဥ္းေျမာင္းေသာ ေနရာမွာ ထိုင္ရ႐ုံႏွင့္ပင္ လီခ်ိန္ရႈိ႕ မျဖစ္စဖူး စိတ္လႈပ္ရွားေနရကာ လက္က အေမြးအမွ်င္ေလးမွအစ ထြက္ေျပးလြတ္ေျမာက္ခ်င္စိတ္ ႀကီးစိုးေနသည္။

ေရွာက္ခြၽင္သည္ လီခ်ိန္ရႈိ႕ကို လွည့္ၾကည့္ၿပီး အေရွ႕ဘက္သို႔ အၾကည့္ျပန္ပို႔ကာ...

"ခ်ိန္ရႈိ႕ မင္းကေတာ့ တကယ္ အလုပ္မ်ားသူႀကီးပဲ။ ဒီေန႔ မင္းဖုန္းကိုဆက္တိုင္း စက္ပိတ္ထားတာခ်ည္းပဲ"

"အလုပ္ခ်ိန္ ဖုန္းပိတ္ထားတယ္"

ေရွာက္ခြၽင္က "ဩ" ဟု အသံျပဳၿပီးမွ ႐ုတ္တရက္ေျပာသည္။

"လုံၿခဳံေရးခါးပတ္ ပတ္ထား"

လီခ်ိန္ရႈိ႕ ေၾကာင္အသြားၿပီး ခႏၶာကိုယ္ကိုလွည့္ကာ ခါးပတ္ရွာသည္။ စိတ္လႈပ္ရွားေန၍လားမသိ၊ ဘယ္လိုဆြဲဆြဲ ဆြဲထုတ္မရေခ်။ ေရွာက္ခြၽင္က ခပ္တိုးတိုး ရယ္လိုက္ကာ ကားကို လမ္းေဘးကပ္ရပ္လိုက္ၿပီး ခႏၶာကိုယ္ကို ေရွ႕တိုးရင္း လီခ်ိန္ရႈိ႕ကိုယ္ေရွ႕မွ လက္ေမာင္းျဖင့္ ျဖတ္၍ ခါးပတ္ကို ဆြဲယူသည္။

လီခ်ိန္ရႈိ႕ စိတ္လႈပ္ရွား၍ အသက္ပင္ျပင္းျပင္း မရႉရဲ။ ခုံအေနာက္ဆီကို ကပ္ႏိုင္သမွ် ကပ္ေနမိသည္။ ထပ္ကပ္လို႔ မရေတာ့၍သာ၊ မဟုတ္လွ်င္ ေရွာက္ခြၽင္ႏွင့္ၾကား အကြာအေဝးတစ္ခုရွိေစဖို႔ အေနာက္ထိုင္ခုံထိပါ တိုးကပ္မိမည္ ထင္သည္။

ေရွာက္ခြၽင္သည္ ငယ္ကတည္းက အရပ္က အလြန္ကြာျခားသည္။ ယခု လူႀကီးျဖစ္လာေသာအခါ လူကလည္း အရပ္ရွည္၍ ထြားက်ိဳင္းသည္။ ရွပ္အက်ႌေအာက္မွ က်ယ္ေျပာေသာ ပခုံးႏွင့္ ေျပာျပ၍မတတ္ေအာင္ သန္မာေသာ လက္ေမာင္းသားတို႔က သူႏွင့္ လက္မဝက္ပင္ မကြာေသာ အကြာအေဝးမွာျဖစ္ၿပီး သူ႔ကိုယ္ေပၚမွ ေအးျမလန္းဆန္း‌ေသာ ေရေမႊးနံ႔ကပါ ႏွာေခါင္းထဲ သင္းပ်ံ႕လာသည္။

တစ္ခဏေလာက္ႏွင့္ ၿပီးႏိုင္သည့္ကိစၥဆိုေသာ္လည္း ေရွာက္ခြၽင္သည္ ျဖည္းျဖည္းခ်င္း ထိုင္ခုံခါးပတ္ကို ဆြဲလိုက္ရင္း ေခါင္းလွည့္ကာ နက္ရႈိင္းေသာ မ်က္ဝန္းမ်ားက လီခ်ိန္ရႈိ႕ မ်က္ဝန္းေတြဆီ နီးကပ္လာသည္။ ထိုမ်က္ဝန္းမ်ားထဲ ခံစားခ်က္ေပါင္းမ်ားစြာ ရွိေနသလို လီခ်ိန္ရႈိ႕၏ ႏွလုံးသားကို လႈပ္ယမ္းသြားေစကာ မ်က္လုံးပါ ပိတ္မိသြားေစသည္အထိ။

ေသးငယ္ေသာ အျပဳအမူေလးသည္ပင္ လီခ်ိန္ရႈိ႕အတြက္ ဤသို႔ဤႏွယ္ ရွည္ၾကာေနရပါ၏။ ေရွာက္ခြၽင္သည္ သူ၏ ေဖာ္ျပမရေသာ ဖိႏွိပ္မႈကို သိမ္းဆည္းလိုက္ၿပီး ခါးပတ္တပ္သံ 'ဖားတား' ဟု ျမည္ပါမွ သူအသက္ရႉထုတ္မိသည္။

ေရွာက္ခြၽင္သည္ ႐ုတ္တရက္ ကိုယ္ပါလွည့္လိုက္ၿပီး ထိုင္ခုံေနာက္ကို လက္ႏွင့္ေထာက္လိုက္ကာ ထင္းလင္းျမင္သာေသာ ရယ္လိုသည့္သေဘာျဖင့္ သူ႔နားနားကပ္ကာ တိုးတိုးေျပာသည္။

"ဘာလို႔ မင္းကိုယ္နဲ႔ ႏွစ္ေယာက္တည္း အတူတူရွိတိုင္း ဒီလို စိတ္လႈပ္ရွားရတာလဲ? ဟင္!"

လီခ်ိန္ရႈိ႕၏ လည္တိုင္က ေဘာပင္လို ေျဖာင့္တန္းကာ အၾကည့္တို႔က ေရွ႕ကိုစိုက္ၾကည့္ၿပီး သူ႔ဆီ လွည့္မၾကည့္ရဲပဲ ခိုင္မာစြာေျပာသည္။

"မဟုတ္ရပါဘူး"

ေရွာက္ခြၽင္က ခပ္ဟဟရယ္သည္။ ထို႔ေနာက္ ခႏၶာကိုယ္ကို မိမိထိုင္ခုံဆီ ျပန္ထိုင္လိုက္ကာ ကားကို ကားလမ္းမဆီ ျပန္ေမာင္းလိုက္သည္။ ႏွစ္ေယာက္သား တစ္လမ္းလုံး စကားမဆိုၾက။

--------------------------------------------------------------------------------------------------------------------------------

Continue Reading

You'll Also Like

4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
473K 6.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
2.9M 61.4K 19
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...