"ရှောင်းပေါင် မနက်အစောကြီးကတည်းကသွားနှင့်ပြီ"
ထိုစကားလေးကိုကြားယောင်ရင်း ရိပေါ်ခြေလှမ်းတွေလေးလံစွာနဲ့ ကျောင်းသို့လမ်းလျှောက်လာခဲ့သည်
ဆိုင်ကယ်ကမနက်ကလာခါနီးကမှဘီးပေါက်သွားတာမို့အိမ်မှာပဲထားခဲ့လိုက်တာမို့ ဒီမနက်Seanနဲ့အတူကားငှားပြီးကျောင်းသွားဖို့ အိမ်ကနေစောစောကြိုထွက်ခဲ့သည် ဒီရောက်တော့ သွားနှင့်ပြီဆိုတဲ့စကားကြောင့် ခေါင်းငိုက်စိုက်ချကာ ကျောင်းကိုလမ်းလျှောက်လာခဲ့သည်
ကျောင်းရှေ့ရောက်တော့ သူငယ်ချင်းဖြစ်သူ ကျင်းလုံနဲ့တွေ့တာမို့ ကျင်းလုံကအထူးအဆန်းဖြစ်ကာမေးသည်
"ရိပေါ် ဘာလို့တစ်ယောက်တည်းလဲ Seanရော"
"ကျောင်းထဲရောက်နေပြီထင်တယ်"
ကျင်းလုံးကိုပြုံးပြရင်းပြန်ဖြေလိုက်သည်
"မင်းတို့တူတူမလာဘူးလား ဘာလဲစကားများထားကြတာလား"
"မဟုတ်ပါဘူးကွာ ကိစ္စရှိလို့ကျောင်းကိုစောလာတာနေမှာ"
"အေးကွာ လာ အတန်းထဲသွားရအောင် သွားတွေ့လိုက်အုံးမှာလား"
"အင်း ငါခနသွားတွေ့လိုက်အုံးမယ်"
"အေး ငါလဲလိုက်ခဲ့မယ်"
Seanတို့အတန်းရှေ့ရောက်တော့ Seanကလုဝေနဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေတာမို့ သူအတန်းဝကလှမ်းကြည့်နေမိသည် Seanသူ့ဘက်လှည့်လာတာကြောင့် လက်ကလေးပြလိုက်တော့ သူ့ကိုမြင်တာနဲ့ခေါင်းလေးငုံ့သွားတာမို့ သူလဲတစ်ချက်သာပြုံးလိုက်ပြီး ထိုနေရာကနေထွက်လာခဲ့သည်
ကြားထဲက လုဝေနဲ့ ကျင်းလုံကတော့ တစ်ယောက်နဲ့တစ်ယောက်မေးငေါ့ကာ ဘာဖြစ်တာလဲဟုအသံတိတ်မေးနေကြသည်
အတန်းထဲရောက်တော့လဲရိပေါ်ကမှိုင်နေပြီး ခါတိုင်းထက်ငြိမ်သက်နေတယ်
ရိပေါ်စိတ်အခြေနေမကောင်တာကို အခွင့်ကောင်းယူချင်တဲ့သူကလဲရှိနေသေးသည်
"Kingရိပေါ် ကျွန်တော့ဘောပင် broခုံအောက်ထဲကျသွားလို့ခနလောက်ကောက်ပေးပါလား"
ရိပေါ်လဲတစ်ချက်စူးစိုက်ကြည့်လိုက်ပြီး ကောက်ပေးဖို့ပြင်လိုက်တော့ သူနားနားကပ်ပြီးပြောလိုက်တဲ့စကားကြောင့် ဒေါသကထောင်းခနဲထွက်သွားပြီး ထိုသူရင်ဘတ်ကအင်္ကျီကိုဆွဲပြီးထိုးဖို့ပြင်လိုက်သည်
ကျင်းလုံကသူနားပြေးလာပြီး သူ့ကိုမလုပ်ဖို့တားနေတာမို့ လက်ကရွယ်ရုံသာရှိသေးသည်
"အဲ့ဒါဘာဖြစ်နေကြတာလဲ!!!"
အသံနဲ့အတူ ဆရာက သူတို့အနားရောက်လာသည်
"Laoshi ကျွန်တော်က ကျွန်တော့ဘောပင်သူ့ခုံအောက်ပြုတ်ကျသွားလို့ ခနကောက်ခိုင်းတာကို ကျွန်တော့ကိုထိုးဖို့လုပ်နေတာ"
ကျန်းစစ်ဟန်ရဲ့ဟန်ဆောင်စကားများနဲ့အတူ ချက်ခြင်းပြောင်းလဲသွားတဲ့ ယုန်သူငယ်လိုအမူအရာကြောင့် ရိပေါ် ရွယ်ထားတဲ့လက်သီးနဲ့ မျက်နှာကိုထိုးချလိုက်သည်
"ဝမ်ရိပေါ် ဘာလို့အဲ့လောက်ရိုင်းစိုင်းနေရတာလဲ!!! ဆရာတစ်ယောက်လုံးရှိနေတာလေ"
"ကျွန်တော် ဘောပင်ကောက်ခိုင်းမိတာအဲ့လောက်မှားသွားတာလား ရိပေါ်ကော"
"ဟားးးဘာလဲကွ"
လူတွေကြည့်နေတော့မှ ယဥ်ကျေးပြနေတဲ့သူကြောင့် ရိပေါ်ပြောစရာတောင်ပျောက်ရှပြီး ခနဲ့ရယ်ရယ်လိုက်မိသည်
"အခုပြသနာကဘယ်ကစဖြစ်ကြတာလဲ ပြောကြစမ်း"
"ကျွန်တော်မှားတာပါ ကိုယ့်ဘာသာအသုံးမကျလို့ ဘောပင်ကလွင့်သွားလို့ကောက်ခိုင်းမိတာပါ ရိပေါ်ကောက ကျွန်တော်စရောက်ကတည်းကမကြည်တာကျွန်တော်သိပါတယ်"
"ဟျောင့် မင်းယောက်ျားမဟုတ်ဘူးလား"
"ဝမ်ရိပေါ်!!!"
ရိပေါ်စိတ်တိုတိုနဲ့ကော်လံဆကိုဆွဲကာမေးတော့ ဆရာကပါ အော်ပြီးတားလာသည် အတန်းထဲကသူတစ်ချို့ကလဲကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုးပြောနေကြသည်
"မင်းယောကျ်ားဆို ယောကျ်ားလိုပြော မင်းခုနကငါ့ကိုဘာပြောတာလဲ မင်းမမှတ်မိဘူးလားဟျောင့်"
"ရိပေါ်ကော ကျွန်တော်တောင်းပန်ပါတယ် နောက်မပြောတော့ပါဘူး ကျွန်တော်ကအဲ့လောက်စိတ်ဆိုးသွားမယ်မထင်လို့ပါ"
သူ့လက်ကိုကိုင်ကာ ဟန်ဆောင်တောင်းပန်နေတဲ့သူရဲ့လက်ကို ပုပ်ထုတ်လိုက်သည်
"ကဲကဲ ဘာဖြစ်ကြတာလဲလဲမပြောကြတော့laoshiလဲမသိဘူး laoshiကြားထဲကပဲဝင်ပြောပေးမယ် ရိပေါ် သားလဲကြေအေးပေးလိုက်တော့ သူလဲတောင်းပန်နေပြီ နောက်စိတ်လိုက်မာန်ပါမလုပ်မိစေနဲ့ ဟုတ်ပြီလား သားစစ်ဟန်လဲ သူများမကြိုက်တာ နောက်တစ်ခါမလုပ်မိစေနဲ့"
"......"
"နောက်တစ်ခါရန်ထပ်ဖြစ်ရင် မိဘခေါ်ရလိမ့်မယ် ဒါနောက်ဆုံးသတိပေးခြင်းပဲဟုတ်ပြီလား"
"ဟုတ်ကဲ့ပါlaoahi"
"ဟုတ်ကဲ့ပါlaoshi"
"ဟုတ်ပြီ စစ်ဟန် သားကျောင်းဆေးခန်းသွားပြီးဆေးသွားထည့်ချည်"
"ဟုတ်laoshi"
အတန်းထဲကထွက်မသွားခင် ခနဲ့ပြုံးပြုံးပြပြီး မျက်ခုံးပင့်သွားသေးတဲ့သူကြောင့် ရိပေါ်လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်သည် တစ်နေ့တော့တွေ့ကြတာပေါ့ဟုလဲစိတ်ထဲကနေပဲကျိန်းထားလိုက်သည်
.
.
.
.
"လုဝေ လုဝေ ငါဗိုက်အရမ်းအောင့်နေလို့ လုပ်ပါအုံး"
"ဟမ် ဘယ်လိုဖြစ်တာလဲရှောင်းပေါင် တော်တော်အောင့်နေတာလား"
"အေး တော်တော်လေး အားးး"
လုဝေလဲအတန်းပိုင်ဆရာမဆီအပြေးသွားခေါ်ရသည်
"ဆရာမ ဆရာမ ကူညီပါအုံး Seanဗိုက်တွေအရမ်းအောင့်နေတယ်ပြောတယ် ကျွန်တော်ဘာလုပ်ပေးရမလဲမသိလို့ ကူညီပါအုံး"
"ဟယ်ဟုတ်လား ကျောင်းဆေးခန်းသွားမှရမှာပေါ့"
ဆရာမနဲ့အတူ လုဝေပါတွဲပေးပြီးကျောင်းဆေးခန်းသို့အပြေးလာခဲ့လ်ုက်သည် ကျောင်းဆေးခန်းမရောက်ခင်ဗိုက်ကပိုအောင့်လာတာမို့ သွားနေရာကနေထိုင်ချလိုက်သည်
"အဟီးးးလမ်းမလျှောက်နိုင်တော့ဘူး ဗိုက်ကအရမ်းအောင့်တယ်"
"Sean သားရယ် ခနပါပဲ အရှေ့ဆိုရောက်ပါပြီ ခနလောက်အားတင်းပြီးသွားရအောင်နော်"
"ဟင့်အင်း မရတော့ဘူး အီးးးဟီးးး"
ထိုအချိန် ကျောင်းဆေးခန်းကိုလာနေတဲ့ကျန်းစစ်ဟန်ကလဲသူတို့အရှေ့ရောက်လာခဲ့သည်
"ဘာဖြစ်ကြတာလဲဆရာမ"
"ဒီမှာသားရယ် ဒီကလေးဗိုက်အရမ်းအောင့်နေလ်ု့ လမ်းဆက်မလျှောက်နိုင်တော့လို့"
ဆရာမညွှန်ပြတဲ့သူကိုကြည့်တော့ မြေပြင်ပေါ်မှာထ်ုင်လျက်ကလေးငိုနေတဲ့သူက မနေ့ကသူ့ကိုရန်တွေ့သွားတဲ့ သူမြင်မြင်ချင်းသဘောကျမိသွားတဲ့ယုန်ပေါက်ကလေးဖြစ်နေသည်
"ကျွန်တော်ချီသွားလိုက်မယ်"
ပြောကာဆိုကာနဲ့ သူ့ရှေ့ကကောင်လေးကိုပွေ့ချီလိုက်သည်
"ကျေးဇူးပါသားရယ် ညီလေးကဗိုက်အရမ်းအောင်နေတာ လမ်းတောင်မလျှောက်နိုင်တော့ဘူး အမြန်ပို့ပေးပါသားရယ်"
"ရတယ် ရတယ်ဆရာမ"
ကျန်းစစ်ဟန်က Seanကိုပွေ့ချီလိုက်ပြီး ကျောင်းဆေးခန်းဆီအမြန်ပြေးသွားလိုက်သည် ဆရာမနဲ့လုဝေကတော့အနောက်ကနေသာ လိုက်လာခဲ့သည်
"အားးမာမားရေ သားဗိုက်အောင့်တယ် ကယ်ပါအူံး အီးးဟီးးး"
ဗိုက်အောင့်လို့ အမေတပြီးအော်ငိုနေတဲ့သူကြောင့် စိုးရိမ်နေတဲ့ကြားက ပြုံးလိုက်မိသေးသည်
"မင်းလေးကသိပ်ချစ်ဖို့ကောင်းတယ်"ဟုလဲစိတ်ထဲကတွေးမိလိုက်သည်
ဆရာဝန်က Seanဗိုက်ကိုစမ်းသပ်ပြီးတာနဲ့ဆေးတစ်လုံးထိုးပေးလိုက်သည်
"ကလေးကဘာဖြစ်တာလဲDoctor"
"လေခံပြီးဗိုက်အောင့်တာပါ မနက်ကဘာမှမစားခဲ့ဘူးထင်တယ် အခုဆေးထိုးပြီး ခနနေရင်သက်သာသွားမှာပါ"
Doctorကပြောတော့ ဆရာမက Seanကိုကြည့်ပြီးချက်ခြင်းမေးလာသည်
"ဟုတ်လားသား မနက်ကဘာမှမစားလာဘူးလား"
"ဟုတ်ဆရာမ"
"ဖြစ်ရမယ်သားရယ် တစ်ခါမှအစာမခံဖူးဘူးလား"
"ဟင့်အင်း"
"ဟုတ်ပြီ ဟုတ်ပြီ နောက်အဲ့လိုမဖြစ်စေနဲ့နော်သား doctorကလေးကိုအိမ်ပြန်ပို့ဖို့လိုလား"
"ခနလောက်နားနေလိုက်ရင်သက်သာသွားမှာပါ"
"ဆရာမတို့စောင့်နေပေးရအုံးမလားသား"
"ရတယ်ဆရာမ ကျေးဇူးတင်ပါတယ် ခနနေရင် ကျွန်တော့ဘာသာပဲပြန်လာလိုက်ပါ့မယ်"
"ရရဲ့လားသား လုဝေကိုနေခဲ့ခိုင်းလိုက်မယ်လေ"
"ရတယ် ရတယ်ဆရာမ လုဝေ ငါရတယ် ပြန်လိုက် ငါ့ကိုစာတွေကူးထားပေးနော်"
"အေးပါကွာ စိတ်ချပါ မင်းသာ အေးဆေးအနားယူပြီးမှပြန်လာခဲ့"
"အင်းပါ"
ဆရာမနဲ့လုဝေပြန်သွားတော့ Seanကကုတင်ပေါ်မှာ ပက်လက်လှဲနေရာကနေ ဘေးတစောင်းလှဲအိပ်လိုက်သည်
"ဒီက ကလေးကရော ဘာဖြစ်လာတာလဲ မျက်နှာကဒဏ်ရာတွေနဲ့"
ဆရာဝန်ကမေးလိုက်တဲ့အသံကြားမှ seanသူ့အနားမှာလူရှိမှန်းသတိရသည် သူလှည့်ကြည့်လိုက်တော့ မျက်နှာကဖူးယောင်နေတဲ့သူ ကြည့်ရတာရန်ဖြစ်ထားတဲ့ပုံပေါက်သည်
"မတော်တဆထိတာပါ doctor ဆေးလေးထည့်ချင်လို့"
"ဒီကကလေးနဲ့အသိတွေလား"
"ဗျာ"
"ခုနကချီလာတာတွေ့လို့လေ အသိတွေလားလို့"
Seanက နှစ်ယောက်စလုံးကိုပြူးကြောင်ကြောင်လေးကြည့်နေမိသည် ခုနကသူဗိုက်အရမ်းအောင့်လ်ု့အော်ငိုနေတာနဲ့ ဆေးခန်းဘယ်လိုရောက်လာမှန်းတောင်မသိလိုက်
"အာ ဆရာမက အကူညီတောင်းလို့ ခေါ်လာပေးတာပါ"
"ဟုတ်ပြီ ဟုတ်ပြီ ဆေးထည့်ပေးမယ် လာ"
ဆေးထည့်နေတုန်းမျက်နှာကို တွန့်တွန့်သွားတဲ့သူကို တစ်နေရာရာမှာတွေ့ဖူးသလိုရှိတာမို့ seanသေချာကြည့်ပြီးစဥ်းစားနေမိသည်
"ရပြီ အမာရွတ်မကျန်အောင် ဒီဆေးပုံမှန်ထည့်အုံး"
"ဟုတ်ကဲ့doctor ကျေးဇူးပါဗျ"
Doctorဆီကဆေးယူပြီးတာနဲ့ သူ့ဘက်လှည့်ကြည့်လာတာကြောင့်Seanအကြည့်လွှဲပြီး စကားပြောဖို့ပြင်လိုက်သည်
"ကျေးဇူးတင်ပါတယ် လိုက်ပို့ပေးလို့"
"ရပါတယ် ကိုယ်လဲအမြင်မတော်လို့ကူညီလိုက်တာပါ"
"အာ ဟုတ် ဒါနဲ့ဒီကအကိုကို ကျွန်တော်တွေ့ဖူးသလိုပဲ"
"အဟင်းး ကိုယ့်ကိုမမှတ်မိဘူးလား"
"ကျွန်တော်နဲ့သိလို့လား"
"မနေ့က ကိုယ်ကိုဝင်တိုက်ပြီး ရန်တွေ့သွားတဲ့ကောင်လေးကို ကိုယ်ကမသိဘဲနေမလား"
အဲ့ဒီတော့မှseanမှတ်မိသွားသည် မနေ့ကသူလောနေတာနဲ့အော်ပစ်လိုက်တာ မျက်နှာတောင်သေချာမကြည့်မိလိုက်ဘူး ထိုသူကမှတ်မိနေတယ်ဆိုတော့ seanသွားလေးစိကာပြုံးပြလိုက်သည်
"အခုသက်သာပြီလား ပြန်တော့မလား"
"ဟုတ် ပြန်တော့မလို့"
"ကိုယ်လိုက်ပို့ရမလား"
"ဟင့်အင်းရတယ်"
"ဟုတ်ပါပြီ ဒါဆိုလဲ အတူတူတော့သွားမယ်မလား"
"ရတယ်လေ"
Seanနဲ့ထိုလူ ကျောင်းဆေးခန်းထဲကအတူတူထွက်လာခဲ့လ်ုက်သည်
"Breakချိန်တောင်ရောက်နေပြီပဲ"
ထိုသူကနာရီကိုကြည့်ပြီးပြောလိုက်သည်မို့ seanမသိမသာနဲ့ထိုလူလက်ထဲကနာရီကိုခိုးကြည့်လိုက်တော့ နေ့လည် ဆယ့်နှစ်နာရီတောင်ထိုးနေပြီ
"ဘာစားမလဲကိုယ်ဝယ်ကျွေးမယ်လေ"
"မစားတော့ဘူးရတယ် အတန်းထဲပြန်လိုက်တော့မယ် ထပ်ပြီးတော့ကျေးဇူးပါ"
"မဟုတ်တာ ခုနလေးတင်အစာမစားရသေးလို့ဗိုက်အောင်နေတာမှတ်လား လာပါအားမနာနဲ့"
"ရတယ် ကျွန်တော်မစားသေးဘူး ခနနေမှ"
Seanကိုယ့်ကိုစောင့်ရအုံးမှာမို့ သူ့အရှေ့ကလူခေါ်နေတာကိုငြင်းလိုက်သည်
"လာပါကွာ"
"ဟျောင့် မင်းဘာလုပ်တာလဲ?"
ထိုလူက seanလက်ကိုလှမ်းဆွဲလို့ကြောင်နေတုန်း ကိုယ်ကရောက်လာပြီး ထိုသူရဲ့ အင်္ကျီကော်လံစကိုဆွဲထားသည်
"ကိုယ့် ဘာလုပ်တာလဲလို့"
"ဒီကောင်က အချစ်လက်ကိုဆွဲနေတာလေ"
"ကိုယ့်!!!လွှတ်လိုက် အခုလွှတ်လိုက်"
ရုန်းရင်းဆံခတ်အခြေနေမို့ လူတွေက သူတို့သုံးယောက်ကိုပဲကွက်ကြည့်နေတာမို့ Seanကိုယ့်ကိုအော်ပြောလိုက်သည်
"Sean!!!"
"မအော်နဲ့!! သူများဘာဖြစ်နေမှန်းတောင်မသိဘဲ အခုမှလာပြီး ဘာလို့စိတ်လာတိုနေတာလဲ အခုအဲ့လက်ကိုလွှတ်လိုက်"
ရိပေါ်လဲ seanစိတ်ဆိုးပြီးအော်နေတာမို့ ကျန်းစစ်ဟန်ကိုစူးစိုက်ကြည့်ကာ သူကိုင်ထားတဲ့ကော်လံစကိုတင်းတင်းဆုပ်ပြီးမှလွှတ်ချလိုက်သည်
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်မသိလို့ပါ"
"ဟျောင့် မင်းခွေးစကားမပြောနဲ့ မင်းတမင်လုပ်တာငါသိတယ်"
"ကိုယ့် ဘာလို့သူများကိုအဲ့လိုတွေသွားပြောနေတာလဲ သူကစေတနာနဲ့ကူညီပေးတာ အခုလဲ ထမင်းသွားစားဖို့ရိုးရိုးသားသားခေါ်တာ"
"Seanအဲ့ကောင်အကြောင်းဘယ်လောက်သိလို့လဲ"
"နာမည်တောင်ခေါ်နေပြီပေါ့ တော်ပြီပြန်တော့မယ် သေချင်လဲသေပါလေ့စေတော့ မစားတော့ဘူး"
Seanကပြောဆိုပြီးထွက်သွားတာမို့ ရိပေါ်လဲ ကျန်းစစ်ဟန်ကိုတစ်ချက်စိုက်ကြည့်ပြီးသာ seanအနောက်ပြေးလိုက်ရသည်
ရိပေါ် မနက်ကကျန်းစစ်ဟန်နဲ့အတန်းထဲမှာရန်ဖြစ်ပြီးတာနဲ့ခနကြာတော့ laoshiကသူ့နားနေခန်းမှာစာအုပ်သွားယူခိုင်းတာမို့ စာအုပ်သွားယူပေးတော့ seanတို့အတန်းရှေ့ကဖြတ်ရတာကြောင့် အတန်းထဲလှမ်းကြည့်တော့ seanရော လုဝေရောနှစ်ယောက်စလုံးကိုမတွေ့ သူလဲ toiletသွားနေတာနေပါလိမ့်မယ်ဆိုပြီး သွားစရာရှိတဲ့နေရာကိုသာဆက်သွားလိုက်သည်
သူစာအုပ်ငွားယူပြီးပြန်လာတော့ အတန်းထဲထပ်ကြည့်တော့ လုဝေကိုပဲတွေ့တယ် seanကိုမတွေ့တာကြောင့် လုဝေကိုလှမ်းမေးတော့ Seanဗိုက်အရမ်းအောင့်လို့ဆေးခန်းရောက်နေတယ်ဆိုတာနဲ့ laoshiဆီစာအုပ်အပြေးပြန်ပေးပြီး ကျောင်းဆေးခန်းကိုလိုက်သွားခဲ့သည်
ဆေးခန်းရောက်တော့လဲ ခုနလေးတင်ပြန်သွားတယ်လ်ု့ပြောတာမို့ ဘယ်များသွားနေလဲ အတန်းထဲပြန်များရောက်သွားပြီလားဆိုပြီးလိုက်ရှာတော့ ကောင်လေးတစ်ယောက်နဲ့စကားတွေပြောနေတဲ့seanကိုလှမ်းတွေ့လိုက်သည် seanဘေးကဘယ်သူလဲသိချင်တာမို့ သေချာကြည့်တော့ ကျန်းစစ်ဟန်ဖြစ်နေသည် ပြီးတော့သူကSeanလက်ကိုတောင်ဖမ်းဆွဲထားလိုက်သေးသည်
တစ်ဆက်တည်းမနက်ကသူနားကပ်ပြီးပြောသွားတဲ့"အဲ့ဒီဒေါသတွေ Seanကိုငါ့အပိုင်အဖြစ်သိမ်းလိုက်တဲ့အခါကျရင် ထွက်ဖို့သိမ်းထားအုံး" ဆိုတဲ့စကားကိုနားထဲပြန်ကြားပြီးဒေါသကအလိမ့်လိုက်ထွက်လာပြီးပြေးသွားလိုက်သည် အင်္ကျီက္်လေံစကိုဆွဲထိုးဖို့ကြံတော့ Seanကသူ့ကိုကြည့်ပြီးမလုပ်ဖ်ု့အော်လာတာမို့ Seanစကားနားထောင်ပြီးလွှတ်ပေးလိုက်မိသည်
အခုတော့သူနောက်ကလိုက်ချော့ရပေအုံးမည်
"အချစ် ကိုယ်မှားသွားပါတယ် နောက်မဖြစ်စေရပါဘူး...နော်အချစ်နော်.."
"ခေါ်အုံးလေ Seanလို့"
နောက်လှည့်မကြည့်ဘဲပြောနေတဲ့သူနောက်ရိပေါ်လိုက်ရင်း ရှင်းပြနေမိသည်
"ကိုယ် အဲ့ဒီကောင်ကိုစိတ်တိုသွားလို့ပါကွာ"
"ကျွန်တော်ဘာဖြစ်နေလဲရောသိလား"
"ကိုယ်သိပြီးပါပြီကွာ အာ့ကြောင့်ချက်ခြင်းလိုက်လာတာလေကွာ ဒီရောက်တော့အဲ့ကောင်က အချစ်လက်ကိုဆွဲနေလို့ကိုယ်စိတ်တိုသွားလို့ပါ"
"ဘာလဲ အရင်လို တွေ့ကရာလူနဲ့စွပ်စွဲချင်သေးလို့လား"
ရုတ်တရက်ခြေလှမ်းတွေကိုရပ်ကာ နောက်လှည့်ပြောလာတဲ့သူရဲ့စကားကြောင့် ရိပေါ်ရင်ထဲနင့်ခနဲ
"မ မဟုတ်တာ ကိုယ်ကဘာလို့"
"အရင်ကဆိုတွေ့ရာလူနဲ့စွပ်စွဲခဲ့တာပဲလေ"
"ကိုယ်....အချစ်...."
ရိပေါ်seanလက်ကလေးနှစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး မျက်လုံးချင်းစုံကြည့်ကာ တိုးဖျဖျခေါ်လ်ုက်မိသည်
"ကိုယ့်ကို....ကိုယ့်ကို စိတ်နာသွားတာလားဟင်"
မျက်ရည်တွေဝဲပြီး သူ့ဆီကအဖြေကိုစောင့်ဆိုင်းနေတဲ့သူကိုကြည့်ပြီး seanရင်ထဲလဲမကောင်း မနေ့ကညကအဲ့ဒီအိမ်ကပြန်လာပြီးကတည်းက စိတ်ထဲဘယ်လိုဖြစ်နေမှန်းမသိ ရိပေါ်သူ့အပေါ်အနိုင်ကျင့်ခဲ့သမျှကိုပဲ ပြန်ပြန်မြင်နေတာ
"ကိုယ့်ကို မချစ်ချင်တော့ဘူးလား"
"ဟင့်အင်း မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး စိတ်ထဲတစ်မျိုးကြီးဖြစ်နေသေးလို့"
"ကိုယ် အချစ်ကိုချစ်တယ်နော် အချစ်ဘယ်လိုပဲစိတ်ထဲရှိနေရှိနေ ကိုယ်ကသိပ်ချစ်တယ်ဆိုတာလေးတော့ယုံထားပေးပါနော်"
"......."
.
.
.
.
.
တန်းလန်းခနထားခွင့်ပြု ပြန်လာခဲ့မယ်🥺
I'll be there(မင်းအနားမှာ)
Chrisellina283