"အထဲဝင်ချင်သေးလားအချစ်"
ခြံရှေ့မှာနှစ်ယောက်အတူတူရပ်နေရင်း လက်ဖဝါးလေးကိုဖွဖွဆုပ်ကိုင်လို့မေးမိတော့ အသက်ရှူသံပြင်းပြင်းနဲ့အတူ ရှိုက်သံလေးတစ်ချို့ကိုကြားမိတယ်
"အချစ် ကိုယ်မှားတာ ဒီနေရာမှာအမှတ်တရကောင်းတွေမှမရှိတာ မငိုနဲ့တော့နော် မဝင်ချင်ဘူးဆိုလဲပြန်ရအောင်နော်"
ပုခုံးလေးကိုအသာဖက်ကာဝင်ခွင်ထဲထည့်ထားမိတော့ လက်ညှိုးလေးထိုးကာပြောလာတဲ့စကားများကြောင့် သူရင်နာရပြန်သည်
"အဲ့နားလေးမှာ အဲ့ဒီတံခါးဝမှာ ပြန်လာမယ့်အချိန်ကိုညတိုင်းစောင့်နေခဲ့တာ ဘယ်တော့များပြန်လာပါ့မလဲလို့နေ့တိုင်းမျှော်နေတာကို ပြန်မလာဘူး ပြန်လာပြန်တော့လဲရှင်းပြတာကိုနားမထောင်ဘူး သူ့စိတ်ချည်းပဲ လူကို...အဟင့်...လူကိုအမြဲ..."
"မှားသွားပါတယ် နောက်မလုပ်တော့ပါဘူး တောင်းပန်ပါတယ် မငိုပါနဲ့တော့နော်"
လက်ညှိုးလေးတစ်ထိုးထိုးနဲ့ပြောနေတဲ့သူလေးကို တင်းနေအောင်ဖက်ထားပြီးတောင်းပန်မိသည် ပြောနေတဲ့အကြောင်းအရာက သူအိမ်ပြန်လာတဲ့နေ့ဝမ်ချောင်နဲ့အိမ်မှာတွေ့တဲ့နေ့အကြောင်းဖြစ်မယ်ဆိုတာ သူသဘောပေါက်လိုက်တယ် အဲ့နေ့ကသူအရမ်းလွန်သွားခဲ့တယ်ဆိုတာလဲသူသိတယ် အဲ့တုန်းကတင်မဟုတ်ဘဲ သူကဘဝတစ်လျှောက်လုံးကို လွန်နေခဲ့တာအိမ်ပြန်မရောက်လိုက်နဲ့ ရောက်တာနဲ့ပြသနာတစ်ခုမဟုတ်တစ်ခုရှာပြီးနှိပ်စက်ခဲ့တာ
"အဲ့နေ့ကသူ့ဘာသာဝင်လာတာ သူဘယ်သူမှန်းလဲမမှတ်မိဘူး မှန်ပေါ်မှာကပ်ထားတဲ့လူ (၇)ယောက်ကလွဲပြီးဘယ်သူ့ကိုမှမမှတ်မိပါဘူးဆိုနေမှ အဲ့ဒါကိုရှင်းပြခွင့်လေးတောင်မရဘူး ပြီးရင် ပြန်လာလို့ဝမ်းသာကြိုနေတဲ့သူကို ရိုက်သေးတယ် ဒီကျောတွေနာတာထက် ဒံရင်ဘတ်ထဲကနာတယ်လို့ ရင်ဘတ်ထဲကအရမ်းနာတယ်"
"......."
သူ့မှာချေပဖို့ စကားလုံးတောင်ရှာမတွေ့ခဲ့ဘူး သူလုပ်ခဲ့တာတွေမှန်နေတာပဲလေ
YOU ARE READING
I'll be there-မင်းအနားမှာ(The Deepest S2)
Fanfictionအရင်ကဆိုးခဲ့သမျှအပြစ်တွေကိုပေးဆပ်ရင်း အရာရာအရှုံးပေးပြီးချစ်သွားပါ့မယ်