i'll be there 32

306 34 6
                                    

ရုံးခန်းထဲမှာကျန်ခဲ့တဲ့ဝမ်​ချောင်က​တော့ ​ပေါက်ကွဲပြီး အခန်းထဲရှိသမျှအရာအားလုံးကိုဖျက်ဆီးပစ်​နေသည်

ဖန်ကွဲရာ​​တွေ​ကြောင့်​သွေးအလိမ်းလိမ်းဖြစ်​နေတဲ့လက်ကိုကြည့်ကာ အတိတ်ကိုပြန်သတိရသွား​တော့သည်
.
.
.
Flash back.......

"ဝမ်​ချောင် ရှောင်းကျန့်ကို ငါဆီအခု​ခေါ်လာခဲ့ အဲ့​ကောင်အခုဘယ်မှာလဲနင်သိတယ်မှတ်လား ငါ့ဆီ နာရီဝက်အတွင်း​ခေါ်ခဲ့ မ​ခေါ်လာရင်နင်ဘာဖြစ်မလဲသိ​စေရမယ်"

တီခနဲကျသွားတဲ့ဖုန်းscreenကိုကြည့်ပြီး ဝမ်​ချောင်သက်ပြင်းချလိုက်သည် သူ့ရဲ့မင်းသမီး​လေးက အလိုမကျပြန်ဘူးထင်တယ် ​လေသံ​တွေမာ​နေတာပဲ​ ဒါ​ဆို မင်းသမီး​လေးအလိုကျဖန်တီး​ပေးဖို့ကသူ့တာဝန်ဖြစ်သွားပြီ

​ရှောင်းကျန့်အိမ်ထဲက​နေထွက်လာကတည်းက သူတို့ကား​နောက်က​နေ​နောက်​ယောင်ခံလိုက်ပြီးသူ​စောင့်ကြည့်​နေတာ ​ရှောင်းကျန့်သူငယ်ချင်း​တွေလဲပါတာမို့ ရီဖန်းခိုင်းသလိုချက်ခြင်းလုပ်လို့​တော့မဖြစ်​သေး အခုလဲဘယ်ကိုသွား​နေလဲ​တော့မသိ

သူ​တွေး​နေရင်း​ရှေ့ကကားထိုးရပ်သွားတာမို့​နေရာကိုကြည့်လိုက်​တော့​ဆေးရုံဖြစ်​နေသည် သူ​ရှေ့ဆက်ပြီး​နောက်ကလိုက်ဝင်သွား​တော့ ​ရှောင်းကျန့်တို့သွား​နေတာက ​ဦး​နှောက်နဲ့အာရုံ​ကြောအထူးကုဆီ

"အဟက် ​မင်းကငါကြားထားသလိုဖြစ်​နေတာအမှန်ပဲထင်တယ် ​ရှောင်းကျန့် စိတ်​တော့မ​ကောင်းဘူး ငါမင်းကိုဘာမှ​တောင်မလုပ်ရ​သေးဘူး မင်းက​သေ​တော့မယ်"

ဟန်ပါပါတစ်ချက်ရယ်ရင်း လက်ထဲက​ကား​​သော့ကိုလှည့်​နေလိုက်သည်

ခနကြာ​တော့ ​ရှောင်းကျန့်ကသူငယ်ချင်း​တွေနဲ့ပြန်ထွက်လာပြီး အခန်းတစ်ခုဆီဝင်သွားသည်

"ကင်ဆာ​ဆေးသွင်းဌာန"

အ​​ရှေ့ကမြင်​နေရတဲ့ဆိုင်းဘုတ်ကစာကိုဖတ်ပြီးမဲ့ပြုံးတစ်ချက်ပြုံးသည် သိပ်မကြာဘူး ​ရှောင်းကျန့်သူငယ်ချင်းနှစ်​ယောက်က ပြန်ထွက်လာတာမို့ သူအကွယ်တစ်​နေရာက​နေထွက်လာလိုက်ပြီး ​ခုနကရှောင်းကျန့်ဝင်သွားတဲ့အခန်းထဲသို့လိုက်ဝင်သွားလိုက်သည်

I'll be there-မင်းအနားမှာ(The Deepest S2)Where stories live. Discover now