❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ �...

Por Gardeniaflorida97

3.6K 564 821

❛အမုန်းမှလွန်မြောက်သော်...........❜ Más

မိတ်ဆက်
𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➀
𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➁
𝑩𝒆𝒚𝒐𝒏𝒅 𝑯𝒂𝒕𝒓𝒆𝒅:③
Beyond Hatred:4
Beyond Hatred:5
Beyond Hatred:6
Beyond Hatred:7
Beyond Hatred:8
Beyond Hatred:9
Beyond Hatred:10
😡☹️

မိတ်ဆက် (2)

375 57 38
Por Gardeniaflorida97

"ပါပါး ကလေးလေး"

အလယ်တွင် ၀ရံတာနှင့် ကွင်းပြင်တစ်ခုခြားလျက် မျက်နှာချင်းဆိုင်ရှိနေသော တစ်ဖက် ကျောင်းဆောင်၏ ပြူတင်း၀မှတစ်ဆင့် ထင်ထင်ရှားရှားမြင်နေရသည့် သားမျက်နှာကလေးကို အချိန်တစ်ခုကြာသည်အထိ မျက်တောင်မခတ်တမ်း ငေးကြည့်ဖြစ်သည်။အရှေ့သို့ အာရုံစိုက်စူးလျက် ဆရာသင်သမျှကို အသေအချာ လိုက်လံမှတ်သားနေခဲ့သော သားက တစ်ဖက်ကျောင်းခန်းအတွင်းမှ ကိုယ့်အကြည့်ကို သတိပြုမိဟန်မတူ။ကျောမလုံသည့် ခံစားချက်မျိုးလည်း ရဟန်မရှိ။စာကြမ်းပိုးလေးက သူ့တာ၀န်သူကျေလျက် ဦးတည်ရာတစ်ခုတည်းအပေါ်တွင်သာ အာရုံမပျံ့ ရှေးရှုနေလျက်ရှိသည်။

"ဆရာ"

"အာ ဟုတ်ကဲ့"

"တက်/ပျက် မှတ်တမ်းလေး"

သား မျက်နှာကလေးကို ကြည့်မ၀၊ရှုမ၀ ငေးနိုင်သမျှ မှတ်သားနေဆဲမှာပင် အသိအာရုံဆီ ၀င်ရောက်တွန်းထိုးလာသော အသံတစ်ခု၌ ကိုယ့်ပခုံးစွန်းများ တစ်ချက်တွန့်သည်။နှောင့်ယှက်လေခြင်း။ညည်းညူရေရွတ်ချင်ပါသော်ငြား အခကြေးငွေနှင့် လဲလှယ်၍ တိုင်းစက်ပေးထားရသော သည်အချိန်ကာလသည် မိမိ၏ ကိုယ်ပိုင်အချိန်မဟုတ်။

"အမြဲလိုလိုပဲနော။ဂျွန်ယောင်းတို့ ရှိတဲ့အခန်း ဆရာ ငေးကြည့်နေတတ်တယ်နော်"

"ဟုတ်ကဲ့။အဲဒီတော့..."

လက်ထောက်အကူ ထည့်သွင်းပေးထားသော ကျောင်းသား တက်/ပျက်မှတ်တမ်း ရစ်ဂျစ်စတာ(Register)ကို တစ်ချက်ပြန်စစ်၊ လက်မှတ်ထိုးပြီး၍ လက်ထဲထည့်မည်အပြင်တွင် စပ်ဖြဲဖြဲမျက်နှာနှင့် အမေးထုတ်လာသူထံ ကိုယ်အကြည့်က ခပ်တင်းတင်း စိုက်ရောက်သည်။

"သြော် ဘာရယ်မဟုတ်ပါဘူး။ဒီအတိုင်း ကြုံလို့ မေးကြည့်တာပါ"

ပြုံးချိုနေခဲ့သော မျက်နှာမှာ ရုတ်ခြည်းပင် ပျက်ယွင်းသွားပြီးလျှင် ဆက်၍ အမေးထုတ်လိုဟန်ရှိသော ပါးစပ်ပေါက်မှာ စေ့နေအောင် ပိတ်သွား၍ စကားကိုလည်း လျှောချသွား၏။

"ကျွန်တော့်ကလေးတွေ သင်ခန်းစာအသစ်အတွက် Listening Short Noteပေးစရာရှိလို့ ဆရာ့အလုပ်ပြီးပြီဆိုရင် ကျေးဇူးပြုပြီး အပြင်ထွက်လို့ ရပြီနော"

"အာ ဟုတ်ကဲ့ ဟုတ်ကဲ့ သင်ပါဗျ သင်စရာရှိတာ ဆက်သင်ပါ"

ယောင်လည်ဝေ့လည် လုပ်လိုဟန် ရှိသော မျက်စိရှေ့က ပုဂ္ဂိုလ်ကို ကိုယ့်မှာ ဧည့်ခံဖို့ အချိန်အားမရှိ။တစ်ဖက်ပြူတင်း၀သို့ တစ်ချက်ကြည့်၍ သားစာရေးနေသည်ကို မြင်ရပြီးချိန်တွင် အတန်းထဲက ကိုယ့်ကလေးအုပ်စုကို ပြန်၍ အကဲခတ်ရသည်။ရှာခိုင်းထားသည့် မှတ်စုများ ပြီးစီးသွား၍ ထင်ပါ၏။အတော်များများ Highlighterများ အဖုံးပြန်ပိတ်ပြီး တချို့ဆိုလျှင် တီးတိုးတီးတိုး ခေါင်းချင်းဆိုင်၍ စကားတွတ်ထိုးနေကြပြီ။ဆရာရှိနေ၍သာ အသံမထွက်ကြခြင်း။

"ကဲ အားလုံးပဲ outlineထုတ်ခိုင်းထားတာတွေ ပြီးပြီလား"

"ပြီးပါပြီ ဆရာ!"

"ဒါဆို Page Number 245ကို သွားမယ်။Audio tape 6.9ဟုတ်တယ်နော်"

"ဟုတ်ပါတယ်"

"အိုခေ ဒါဆိုရင် ဆရာက Person Aနဲ့Bရဲ့ Coversationကို ဖွင့်မယ်။သေချာနားထောင်ပြီးရင် အောက်မှာ ပြထားတဲ့ Matchingမှာ အနီးစပ်ဆုံးတူတဲ့အတွဲကို မင်းတို့တွေက ချိတ်ပေးရမယ်။ကဲ အားလုံးပဲ အာရုံစိုက်ပါ။ပြီးသွားမှ ဆရာ သားက မကြားလိုက်လို့၊သမီးက မကြားလိုက်လို့ဆိုတဲ့ ဆင်ခြေမျိုး မကြားချင်ဘူး။"

"ဟုတ်ကဲ့!"

"Are you ready?"

"Ready,teacher!"

"Fine.Let's get started!
Track No.6.9.
How to...."

တိပ်Recorderကိုယူ၍ ခလုတ်ဖွင့်မည်ပြုသည့်နောက်တော့ တိတ်ကျသွားသည့် အခန်းတွင်းက လေထုနှင့်ထပ်တူ ယောင်လည်ဝေ့လည် ရပ်နေသော ပုဂ္ဂိုလ်မှာလည်း အခန်းထဲကနေ၍ ခပ်သွက်သွက်ထွက်သွားတော့၏။

"ဟိ"

"မိန်းကလေးတွေ စာထဲ အာရုံစိုက်မယ်"

ထွက်သွားသော ဆရာဖြစ်သူ၏ မချိုမချဥ် လေငန်းဖမ်းသော မဲ့တဲ့တဲ့မျက်နှာကို တပည့်ဖြစ်သူ မြီးကောင်ပေါက်မများက အကျအန လိုက်ကြည့်၍ ဟိုထိုးဒီဆိတ် တခိခိရယ်ကြသည်။ကျန်ကလေးများ စာထဲ အာရုံမရပါဘဲ အနှောင့်အယှက်ဖြစ်မည်ကိုစိုး၍ ခုံကိုတစ်ချက်ပုတ် မာန်မှ ကုပ်ပုကာ စာအုပ်ဆီ မျက်လုံးပြန်ရောက်၏။

"ဟိ Scienceဆရာကလေ မျက်နှာကြီးက သိပ်သိသာတာနော။ငါတို့အတန်းပိုင်ကို
ပိုးတာ၊ပိုးတာ ခမျာ ကြိုက်ကလည်း ကြိုက်သေး ပြောကလည်း မပြောရဲရှာဘူး။ဟိုက တစ်ချက်ပဲ စိုက်ကြည့်ရသေး ငြိမ်ကုပ်ပု၀ပ်သွားတာပဲ"

"အေးဟယ် ငါတို့တော့ သိပ္ပံဆရာ့ကို သနားတာ။သူ့ခမျာ ငါတို့အတန်းပိုင်ကို တွေ့ချင်ရှာလွန်းလို့ အကြောင်းအမျိုးမျိုးပြပြီး လာရရှာတယ်။ဟိုဘက်အဆောင်နဲ့ ဒီဘက်အဆောင်ဆို ချောင်းပေါက်တော့မယ်"

"ဆရာထယ်ယောင်းကလည်း သွေးအေးလွန်းပါတယ်ဟာ။ရုပ်ကလေး ချောချောလှလှနဲ့မှ မလိုက်မဖက် စကားပြောတာက ရင့်သေးတယ်။မျက်နှာကြောကြီးကလည်း နှစ်ဆယ့်လေးနာရီ ရှစ်ခေါက်ချိုး။"

"ဟဲ့ နှစ်ဆယ့်လေးနာရီ ရှစ်ခေါက်ချိုးမှန်းသိရအောင် နင်က ဆရာ့အိမ်မှာ လိုက်နေတဲ့သူမလို့လား"

"အောင်မာ ဆရာတို့အိမ်နဲ့ ငါတို့အိမ်က တစ်လမ်းပဲခြားတာ။မနက်တိုင်း ရပ်ကွက်ထိပ်က အမှိုက်ကန်ဆီ ဆရာအမှိုက်လာပစ်ရင် တွေ့နေကျ။ညဆို လမ်းထိပ်စတိုး ငါ့အဒေါ်ဆိုင်ဆီ ကုန်ခြောက်တွေ ဘာတွေ လာ၀ယ်ရင်လည်း တွေ့နေကျ။တကယ်ကြီးအေ သိလား။ပြောရင်လည်း ငါ့ကို အပိုထင်ကြအုံးမယ်။ဆရာ့မျက်နှာကလေ လုံး၀ကို ရုပ်သေ။ရယ်တာပြုံးတာ တစ်ခါမှ မတွေ့ဖူးသေးတာ။တအားတည်တာနော်။ငါတို့ကျောင်းသားတွေ မပြောနဲ့ တစ်ခါတစ်ခါဆို ငါ့အဒေါ်တောင် ပြောတယ်။နင်တို့ဆရာက လူမှဟုတ်ရဲ့လားတဲ့"

"ဟဲ့ ဂျွန်ယောင်း နင်က ဒီကို ဘာလာလုပ်တာလဲ"

"ဆရာ့ဆီလာတွေ့တာ"

နေ့လယ် ကျောင်းဆင်းချိန်ဖြစ်၍ ဂျွန်ယောင်းတစ်ယောက် ပြုမြဲထုံးစံအတိုင်း ထမင်းခြင်းကြီးဆွဲကာ အထက်တန်း Section (B)သို့ ရောက်လာခဲ့ခြင်း။ဒီကနေ့ ပါပါးသဘောကျသော သုံးထပ်သားကို အချဥ်ရည်ရွှဲရွှဲ၊အသီးအရွက်အစုံပလုံနှင့် သုပ်ထားသော အစုံသုပ်ပါသဖြင့် ပါပါးကို အများကြီးထည့်ပေးလိုက်ဖို့ ဂျွန်ယောင်း ရည်ရွယ်ထားခြင်းကြောင့်လည်း ပါသည်။အခန်းထဲ၀င်ခဲ့တော့ ပါပါးတစ်ယောက် အခါများစွာကဲ့သို့ပင် အခန်းထဲရှိမနေ။ဆရာများနားနေခန်းဘက်သွား၍ ကျောင်းအုပ်ကြီး၏ Briefingကို သွားရောက်နားထောင်နေရဟန်ရှိ၏။ပါပါးမရှိနေသည့်အတွက် အတန်း၏နောက်ဆုံးခုံတွင် တိတ်တိတ်လေး၀င်ထိုင်ကာ ထမင်းချိုင့်ဖွင့်ဖို့ပြင်တုန်း အရှေ့ဆီမှ မိန်းကလေးများ အုပ်စုက ပါပါးအကြောင်း အတင်းတုပ်နေရာက ဂျွန်ယောင်းကို သတိထားမိပြီးသကာလ အနောက်သို့လှည့်၍ အမေးအမြန်းထူခြင်း။

"ဟဲ့ ဒါနဲ့ နင်နဲ့ ဆရာထယ်ယောင်းနဲ့က ဘာတော်တာလဲ"

"အေး ငါတို့လည်း အဲဒါ သိချင်နေတာ။နင် နေ့တိုင်းလိုလို ဆရာနဲ့ထမင်းအတူ လာစားနေကတည်းက ငါတို့တွေ သိချင်နေကြတာ။မဟုတ်မှ ဆရာက နင့်ဦးလေးလား"

"ဘာလို့ သိချင်တာလဲ။သိတော့ရော နင်တို့တွေ ဗိုက်ပြည့်မှာမို့လို့လား။ကိုယ့်ထမင်းကိုယ် စားစမ်းပါ။တအားစပ်စုတယ်။ရှုပ်ရှုပ်ယှက်ယှက်"

"အမလေး ကြီးကျယ်လိုက်တာ။မပြောချင်လည်း နေပေါ့။"

ပါပါးလည်း ရောက်မလာသေးသည်မို့ ပါပါးထက် အရင်ဦးအောင် မစားချင်။အေးရာအေးကြောင်း Math2စာအုပ်ထုတ်၍ သင်္ချာဆရာပေးသွားသော Trigoအခန်းကို အိမ်စာမယူရအောင် အပြီးတွက်ဖို့ ပြင်လိုက်သည်။မိန်းကလေးအုပ်စုမှာ ဂျွန်ယောင်း၏ ဘာသိဘာသာအပြုအမူကိုကြည့်၍ မကျေမနပ် မျက်စောင်းကြီးများ ကြိတ်ထိုးပြီးလျှင် ဗျစ်တောက်ပွစိရေရွတ်လျက် အရှေ့ပြန်လှည့်သွား၏။တအောင့်ကြာလျှင် ဇွန်းသံ၊ပန်းကန်သံ ဂလုံးဂလွမ်နှင့် ပွစိပွစိစကားသံများ တိတ်ကျသွားပြီး အမိတို့အုပ်စုမှာလည်း စားသောက်ပြီးစီး၍ ကင်တင်းသွားဖို့ ပြင်နေကြပြီ။နာရီတစ်ချက်ကြည့်တော့ ဆယ့်နှစ်ခွဲ။ပါပါးတို့ကျောင်းအုပ်ကြီး ရုံးခန်းက Lectureပေးခြင်း မပြီးစီးသေးသလား မသိ။တွက်လက်စစာကိုရပ်၍ ပြူတင်းအပြင်ဘက်သို့ လည်ပင်းတစ်ချက်ရှည်ကာ ကျောင်းအုပ်ရုံးခန်းဆီ ဂျွန်ယောင်း မျှော်ကြည့်သည်။

ပါပါးတော့ ဆာနေရှာတော့မှာ။ကျောင်းတက်မှ ပေါင်မုန့်တစ်လုံး၊ဟောလစ်တစ်ခွက်သောက်ပြီး စာဆက်သင်ရမည့် ကိစ္စကို ဂျွန်ယောင်းမကြိုက်ချင်။ဆရာတွေလည်း လူပါပဲ။အစာအိမ်ပါသည်။ပင်ပန်းတတ်သည်။အခကြေးငွေပေးထားတိုင်း လူကိုလူလိုမမြင်၊ စက်ရုပ်များ မှတ်နေသလားမသိ။တန်အောင် ခိုင်းစားဖို့ပဲ။

"သား"

မကျေမနပ် နှုတ်ခမ်းကြီးစူဖောင်းလျက် တွက်လက်စစာဆီ အာရုံပြန်စိုက်ထားချိန် နံဘေးဆီက နူးနူးညံ့ညံ့ခေါ်သံတစ်ခု၌ ဂျွန်ယောင်း၏ စိတ်ကလေး လှိုက်ခနဲ နွေးသွားရ၏။မော့ကြည့်လျှင် နူးညံ့နွေးထွေးသော အပြုံးတစ်ခုကို ဂျွန်ယောင်း လက်ခံရသည်။နံဘေးသို့ အနည်းငယ်တိုးကပ်၍ ပါပါးထိုင်ဖို့ နေရာပေးရ၏။ပါပါး၏ လက်သွယ်လေးများ ဂျွန်ယောင်းကျောဆီ အသာအယာလာရောက်ပွတ်သပ်သည်။ပါပါးဟူသော ဖြစ်တည်မှုဟာ ဂျွန်ယောင်းအတွက်တော့ ခေါ်သံလေးတစ်ခုကအစ နွေးထွေးနူးညံ့လှ၍ ခို၀င်နှစ်သိမ့်ချင်စရာ။

"ပါပါးသားလေးက ပါပါးကိုစောင့်နေတာလား"

"ဟုတ်တယ် ပါပါး။ဒီနေ့ ဟင်းချက်အဒေါ်ကြီးကို ပါပါးကြိုက်တဲ့ သုံးထပ်သားအစုံသုပ် သုတ်ခိုင်းထားတာ။အဲဒါလေး ပါလာတာနဲ့ ပါပါးကိုကျွေးချင်လို့ သားအပြေးလာခဲ့တာ။ကျောင်းအုပ်ကြီးကလည်း လွန်လွန်းတယ် ပါပါးရယ်။ဒီအချိန်ထိကို ဆရာတွေကို အနားမပေးဘူး။ထမင်းစားချိန်လေးတော့ လုံလုံလောက်လောက် ပေးသင့်ပါတယ်"

"ဟား ပါပါးသားလေးက ဒီတော့ ကျောင်းအုပ်ကြီးကို မကျေနပ်ဘူးပေါ့"

ပါပါးက ဂျွန်ယောင်းပန်းကန်ထဲသို့ သူ့ချိုင့်ထဲ ချက်ထည့်လာသော ဟင်းများ ခွဲထည့်ပေးသည်။ပဲပြားကိုကြွပ်မွှနေအောင်ကြော်၍ ခရမ်းချဥ်သီးအနှစ်များများနှင့် ချဥ်စပ်ချက်ထားသော ပဲပြားချဥ်စပ်ဟင်း။ကြက်ဥမွှေကြော်။ဒီကနေ့လည်း ထုံးစံမပျက် ပါပါးက ဂျွန်ယောင်းအကြိုက်ကို ချက်ထည့်လာပေးပြန်သည်။

"ပါပါးတော့ ပင်ပန်းတော့မှာပဲ။သင်ခန်းစာတွေအတွက်လည်း ပြင်ရသေးတယ်။သားအကြိုက် ဟင်း၊ထမင်းတွေလည်း ချက်ရသေးတယ်"

"မပင်ပန်းပါဘူး သားရယ်။သားမျက်နှာလေး မြင်ရရင်ကို ပါပါးအတွက်က အလိုလို အမောပြေတယ်"

နဖူးစပ်တွင် သီးထလာသော ချွေးပေါက်များအား တစ်ရှူးဖြင့်အသာအယာသုတ်ဖယ်၍ ပါပါးက ဂျွန်ယောင်းမျက်နှာကို အကြာကြီးငေးစိုက်ကြည့်နေသည်။

"သားကို သတိရတယ်၊တွေ့ချင်တယ်ဆိုတာ သိပါတယ်။ဒါပေမဲ့ ထမင်းတော့ စားအုံးလေနော ပါပါး။ကျောင်းတက်လို့ အတန်းချိန်ပြန်၀င်ရင် ဗိုက်ထဲက ဂွီဂေါ် ဂွီဂေါ် မြည်နေလိမ့်မယ်"

"ဟုတ်ပါပြီ"

ခပ်အေးအေး အပြုံးတစ်ခု နှုတ်ခမ်းပေါ် သိမ်းတင်လျက် ပါပါးက ဂျွန်းယောင်းဆံပင်ကို မထိတထိဖွသည်။ဂျွန်ယောင်းမျက်နှာဆီ ရှူကြည့်လေသည့်အခါတိုင်း ပါပါး၏ မျက်ဆံများ အရည်လဲ့လာတတ်၏။ရွှန်းကော့သောပါပါး၏ မျက်တောင်ထူကြီးများ တဖြတ်ဖြတ်ခတ်သည့်အခါများဆို ဂျွန်ယောင်းမှာ ငေး၍မ၀နိုင်စွာ ရင်သပ်ရှူမော။​ချွေးစများသီးခိုလျက် မွှေးညှင်းရှိန်းများ ထင်ရှားလှသော ပါပါး၏ ဘေးတိုက်မျက်နှာလှလှတွင် မေးရိုးထင်းထင်းမှာ ဂျွန်ယောင်းသဘောအကျဆုံးသောအရာ။ထင်းပေါ်ဖြောင့်စင်းသော ပါပါး၏ နှာတံကိုကြည့်မိလျှင် လှ,လှပါချည့်ဆိုသော မော်ဒယ်မင်းသမီးများ၏ နှာတံသည်ပင် ဂျွန်ယောင်းအဖို့ မှေးမှိန်သွားရမြဲ။ပါပါးသည် အတိတ်ဘ၀ကာလများက ဆုတောင်းကောင်းခဲ့ဟန်လည်း တူပါ၏။မျက်မှောင်ကုတ်ထားပြန်လျှင်လည်း လှပြန်သည်။ဒီ့အတွက်ကြောင့်ဖြစ်မည်။ပါတီပွဲရှိလျှင်ဖြစ်ဖြစ်၊မိတ်ဆုံစားပွဲရှိလျှင်ဖြစ်ဖြစ် အိမ်ပြန်နောက်ကျ၍ အရက်ဘီယာကလေး အဖော်ခေါ်လာတတ်သော ဒယ်ဒီ့၏ တချို့သော သန်းခေါင်ယံညကာလများတွင် ဒယ်ဒီတစ်ယောက် ဂျွန်ယောင်းကိုယ်ကို ထွေးဖက်တင်း၍ စကားတစ်ခွန်းကို ထပ်တလဲလဲ ဆိုတတ်၏။

"ဒယ်ဒီ့သားကလေ မင်းပါပါးရဲ့ ကိုယ်ပွားပဲ။မင်းပါပါးဟာလေ ဒယ်ဒီမုန်းလို့သာ မုန်းရတာ။သိပ်လှတဲ့ ယောကျ်ား။ရုပ်ရော စိတ်ပါ သွက်သွက်ခါအောင် ပြုစားနိုင်တဲ့ လူစား"တဲ့လေ။

"သည်လိုဆိုလည်း ဒယ်ဒီရယ် ပါပါးကို ဘာ့ကြောင့် မုန်းမလဲ။မုန်းရတာ ပူလောင်ပင်ပန်း လွန်းပါတယ်။တစ်ခါလောက်များ ခွင့်လွှတ်ကြည့်ပါလား"ဟူ၍ ဂျွန်ယောင်း နားချကြည့်ချင်သည်။ထိုစကားကို စိတ်ထဲကနေ၍ ကြိမ်ဖန်များစွာ ရေရွတ်ဖူးပါသော်ငြား ဒယ်ဒီ့ဒေါသကို ကြောက်၍သာ ပါးစပ်ပိတ်ထားရခြင်း။

"ဘာတွေတွေးနေသလဲ ကောင်လေး"

"ဟီး"

ငေးကောင်းတွေးကောင်းနေဆဲ ပါးဆီခပ်ဖွဖွ လာဖြစ်သော ပါပါးလက်ကြောင့် ဂျွန်ယောင်း ဟီးခနဲ ရယ်ပြလိုက်ရသည်။အတန်းထဲ လူမရှိ ရှင်းလင်းနေသည့်အတွက်ကြောင့် ကပ်ချွဲလုပ်ချင်သော ဂျွန်ယောင်းမှာ ဟန်မဆောင်နိုင်စွာ ပါပါးခါးဆီ လက်နှစ်ဖက်ဖြင့် တင်းနေအောင်ဖက်၍ ပါပါးပခုံးပေါ် မေးတင်မှီပစ်လိုက်၏။တစ်နေကုန် တစ်ကျောင်းထဲအတူတူရှိနေလည်း ပါပါးမျက်နှာကို တွေ့ရချိန်ဟာ တစ်နာရီပင် မပြည့်တတ်။ဖြစ်နိုင်လျှင် ပါပါးနှင့်အတူ တစ်အိမ်ထဲ နေချင်သည်။ပါပါး၏ ရင်ငွေ့ကိုခိုလှုံလျက် တစ်အိပ်ရာထဲ အိပ်ချင်သည်။ပါပါးကိုယ်တိုင် ချက်ကျွေးသော ထမင်း၊ဟင်းကို တစ်နေ့သုံးနပ်မှန်မှန် ပါပါးမျက်နှာဆီကြည့်ငေး၍ စားချင်သည်။ဝမ်းနည်းစရာရှိလျှင် ပါပါးရင်ခွင်ထဲ၀င်၍ ဖွင့်ဟငိုချချင်သည်။ဝမ်းသာစရာရှိလျှင်လည်း ပါပါးလက်ကိုဆွဲ၍ အားပါးတရပြောပြချင်သည်။ဒီစကားကို ဒယ်ဒီကြားလျှင် စိတ်မကောင်းဖြစ်မည်မှန်းသိပေသိ ပါပါးကိုယ်ငွေ့၊ပါပါးရင်ငွေ့ကို တောင့်တမိခြင်းမှာ မှန်သောသစ္စာ။

"ပါပါးမျက်နှာကို နောက်မှကြည့်။ထမင်းအရင်စား။ညနေကျောင်းဆင်းရင် ကျောင်းဂိတ်၀မှာ သားကို ပါပါးစောင့်နေမယ်"

ပါပါးက ဂျွန်ယောင်းလက်ဖမိုးအား အသာဖွဖွဖြစ်ညှစ်ပြီးလျှင် ကျောပြင်ဆီ တစ်ချက်ပွတ်သပ်၍ ချော့ချော့မော့မော့ဆိုသည်။"ဂိတ်ဂျူတီကျသည်"ဟူသောစကား ပါပါးဆီက ကြားရသဖြင့် ပါပါးပခုံးပေါ်သို့ လေးတွဲ့ခိုမှီလျက် ကလေးပေါက်စလုပ်နေသော ငပျင်းလေးမှာ ချက်ခြင်းပင် ခေါင်းထောင်လာတော့၏။

"ဒီနေ့ ပါပါး ဂိတ်ဂျူတီကျတာလား"

"အင်း"

"ပျော်လိုက်တာ။ဒီလိုဆို ဒယ်ဒီ့ကို လေးမတ်တင်းအရောက်မှ လာကြိုဖို့ပြောမယ်။ပါပါးနဲ့ ဆယ့်ငါးမိနစ်လောက် ထိုင်အုံးမယ်"

"ပြောတာတော့ပြောပေါ့။သားဒယ်ဒီမသိစေနဲ့။သူသိသွားရင် သူနဲ့ပါပါး စာရင်းမရှင်းချင်ဘူး။ကြားလား သား။နောက်ပြီး ပါပါးကလေးကို ရိုက်နေ၊နှက်နေမှာကိုလည်း ပါပါးမကြိုက်ဘူး။အဲဒီအကောင်က တစ်ခါတစ်ခါဆို လူလိုအသိစိတ်ရှိတာ မဟုတ်ဘူး။ဒေါသစွက်လာရင် သိပ်ဘီလူးသရဲစီးတာ"

"ဒယ်ဒီက သားကိုချစ်ပါတယ် ပါပါးရဲ့။ဆုံးမရင်တောင် အကြောင်းအကျိုးညီညီ ရှိပါတယ်"

"ဘယ်လိုဖြစ်ဖြစ် သားရယ်။ပါပါးကလေးလေးကို ရုပ်အားဖြင့် နာကျင်စေတာ မပြောနဲ့။ဆူရင်ငေါက်ရင်တောင် ပါပါးစိတ်မချမ်းသာတာ။ပါပါးစကားနားထောင်နော ကြားလား။"

"ဟုတ်ကဲ့"

ပါပါးတစ်ယောက် ဤPrivate Schoolတွင် အထက်တန်းပြဆရာအဖြစ် အလုပ်၀င်နေသည့်ကိစ္စ ဒယ်ဒီမသိထား။ဂျွန်ယောင်းကို တွေ့ချင်လွန်းလှသဖြင့် ဤကျောင်း၌ အလုပ်ရအောင် ပါပါးမှာ နည်းမျိုးစုံသုံး၍ ကြိုးစားခဲ့ရခြင်း၌ ဒယ်ဒီသိသွားလျှင်လည်း လွယ်မည်မထင်ပါ။ဤSchool၏ ဖောင်ဒါများထဲတွင် ဒယ်ဒီကလည်း တစ်ယောက်အပါအ၀င်အဖြစ် ရှိနေသည် မဟုတ်ပါလား။စည်းကမ်းသတ်မှတ်ချက်များ၍ တင်းကြပ်လှသော ဤကျောင်းတွင် အမှားသေးသေးကလေး ပြုမိလျှင်တောင် ကျောင်းမှထုတ်ပိုင်ခွင့် ရှိ၏။ဤကဲ့သို့သော လုပ်ပိုင်ခွင့်နှင့် ရာထူးအာဏာမျိုးကလည်း ဒယ်ဒီ့လက်ထဲတွင် အပြည့်ရှိနေသည်။ဤအချက်ကို ပါပါးစိုးရိမ်သကဲ့သို့ ဂျွန်ယောင်းကလည်း စိုးရိမ်သဖြင့် ဤအကြောင်းအရာကိုတော့ ဒယ်ဒီမရိပ်မိရအောင် လုံလုံခြုံခြုံ ကွယ်၀ှက်ထားရလေသည်။

"ညနေကျ လေးမတ်တင်းအရောက်မှ လာကြိုတော့ ဒယ်ဒီ။သားသူငယ်ချင်းတွေနဲ့ Donutဆိုင် သွားစရာရှိတယ်"

"သား ကျူရှင်ချိန် မီမှာလား ဂျွန်ငယ်။ပြန်ရောက်မှ လေလော,လောလောနဲ့ ရှပ်တီးရှပ်ပြာလုပ်ရင် ဒယ်ဒီ ဆူတာ ခံရမယ်နော်"

"မီပါတယ် ဒယ်ဒီရဲ့။နာရီဝက်ကြီးများတောင် အချိန်ရတာ။ကျူရှင်က ၄:၁၅မှ စတာကို။လုပ်ပါနော ဒယ်ဒီ"

"ဖအေကို ချွဲဖို့ဆို တအားတတ်။ဟုတ်ပြီ ဟုတ်ပြီ ဒီလိုဆို လေးမတ်တင်းအရောက် ကျောင်းဂိတ်ပေါက်မှာ ဒယ်ဒီစောင့်မယ်"

"ကျေးဇူးတင်ပါတယ် ဒယ်ဒီ"

ဒယ်ဒီဆီ စာပို့ပြီး ခွင့်ပြုချက်ရသည်နှင့် ပါပါးပခုံးပေါ် မေးမှီတင်လျက် သွားညီညီလေးများ စီတန်းပေါ်အောင် ပါပါးကို ဂျွန်ယောင်း ရယ်ပြသည်။ပါပါးက အလည်လေးဟုဆိုကာ ခေါင်းကို မနာအောင် ထု၏။

****

"အရှေ့ဆုံးတန်းက နှစ်ယောက် ဘေးကိုမထွက်နဲ့။အနောက်က ကလေးတွေ ကိုယ့်နေရာကိုယ်နေကြမယ်။ခဏနေ အိမ်ပြန်ရောက်ရင် ဆော့ရမှာ မင်းတို့တွေ လောလောဆယ် ကိုယ့်နေရာကိုယ် ငြိမ်ငြိမ်လေးနေကြဦး"

"တီချယ် သားဆံပင်ကို အနောက်က ဂျစ်တူးမ ဆွဲဆောင့်နေတယ်!"

"သူက သမီးဖိနပ်ကို အရင်တက်နင်းတာ တီချယ်!"

"နင်ငါ့ကို ဘာလို့ တွန်းလဲ!"

"နင်မှ ငြိမ်ငြိမ်မနေတာ!"

"ဟဲ့ အော် အမလေး ငါလာပါပြီဟဲ့ ငါလာပြီ"

ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကျောင်းcampusနှင့် သက်ဆိုင်ရာကျောင်းခန်းများ၏ရှေ့တွင် အငယ်တန်းကလေးများဖြင့် နှစ်ယောက်တစ်တွဲ စီတန်းလျက် အတန်းရှည်ကြီးရှိနေသည်။သက်ဆိုင်ရာ ဆရာ၊ဆရာမအသီးသီးက မိမိတို့ အတန်းရှိ ကလေးများအား သူ့အစုနှင့်သူ နေရာတကျ၊ စည်းကမ်းတကျဖြစ်အောင် စီနေရင်း မိဘများလက်ထဲ အထိအခိုက်မရှိ အရောက်ပြန်ပို့နိုင်အောင် လုံးပန်းနေကြရ၏။ကျောင်းဆင်းဘဲလ်မြည်၍ ကျောင်းဂိတ်တံခါးဖွင့်သည်နှင့် ကလေးအုပ်စုမှာ ခုန်ပေါက်မြူးတူးလျက် မိဘများရှိရာဆီ သွားဖို့ တာဆူကြလေပြီ။

"မင်္ဂလာပါ တီချယ်ခင်ဗျ"

"မင်္ဂလာပါရှင် မင်္ဂလာပါ"

"မင်္ဂလာပါ ဆရာခင်ဗျ"

"အေး သား"

"မင်္ဂလာပါ တီချယ်ရှင့်"

"မင်္ဂလာပါ ဆရာရှင့်"

"အေး သမီးရေ ဖြည်းဖြည်းသွား ချော်လဲမယ်"

ဂိတ်ပေါက်ဖွင့်သည်နှင့် ကလေးအငယ်လေးများ စီတန်းနေရာက နှစ်ယောက်တစ်တွဲစီ လက်ချိတ်လျက် ခုန်ပေါက်ထွက်လာကြကာ ကျောင်းဆင်းလျှင် ပြုမြဲထုံးစံအတိုင်း ဂိတ်စောင့်ဆရာများကိုလည်း နှုတ်ဆက်ဖို့မမေ့ကြ။

"ဆရာ"

"ဟော ရောက်လာပြီလား"

"နည်းနည်းနောက်ကျသွားတယ်။ငါးပေါင်မုန့် စားမလား ဆရာ"

"သားဘာသာစားပါ။"

"ဆရာ့အတွက် သီးသန့်၀ယ်လာတာ။"

အငယ်တန်းများ အတန်းလိုက် စီတန်း၍ အသီးသီးထွက်သွားကြပြီးနောက်တွင် သားတို့ အကြီးတန်းများ အလှည့်သို့ရောက်လာ၏။အကြီးတန်းများဖြစ်သည့်အတွက် ဘေး၌ ကြီးကြပ်သူဆရာမပါ။သားက ကိုယ့်ကိုမြင်သည်နှင့် တန်းစီနေရာက ဖောက်ထွက်လာကာ ကိုယ်ထိုင်နေသည့်နံဘေး အပြေးကလေး ရောက်လာသည်။ကျောပိုးအိတ်ကို ဇစ်ဆွဲဖွင့်၍ ကင်တင်းက ၀ယ်ထားဟန်တူသော ပေါင်မုန့်ထုတ်ကို ကိုယ့်ဆီ ကမ်းပေးသည်။ဘေး၌ အခြားတာ၀န်ကျဆရာမတစ်ယောက်ရှိနေသဖြင့် သားက ကိုယ့်ကို ပါပါးဟူ၍ ခေါ်ဝေါ်သုံးနှုန်းခြင်းတော့မရှိ။

"ဂျွန်ယောင်းလေးက ဆရာ့ကို သိပ်ချစ်ပုံပဲ။ဆရာဂိတ်တာ၀န်ကျတဲ့အချိန်တိုင်း မုန့်လာကျွေးတတ်တယ်နော"

"တီချယ်လည်း စားပါအုံး"

"တော်ပါပြီရှင်။သားဘာသာ ၀အောင်စားပါ။ဒါနဲ့ ဒီနေ့လည်း သားဒယ်ဒီပဲ လာကြိုမှာမဟုတ်လား"

"ဟုတ်ကဲ့"

"ဂျွန်ယောင်းလေး ဒယ်ဒီလေ။ဆရာက ပြောင်းလာတာ မကြာသေးတော့ သိပါ့မလား မသိဘူး။နာမည်က ပတ်ဂျီမင်းတဲ့။ဒီကျောင်းရဲ့ founderလည်း ဟုတ်တယ်။ကောင်လေးက အသက်ကလေး သုံးဆယ်ကျော်ပဲ ရှိသေးတာ။ဆရာတို့နဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိမယ်ထင်တယ်။နယ်ပယ်စုံမှာကို အောင်မြင်တာနော်။သိပ်တော်တယ် သိလား ဆရာကင်မ်ရေ။ကလေးအတွက်ဆိုလည်း လိုလေသေးမရှိ။စည်းစနစ်ကလည်း တအားကျတာ။"

Section (C)တန်းခွဲကို အတန်းပိုင်ကိုင်သော သင်္ချာဆရာမက သားကိုတွေ့သည်နှင့် သားအနား ရောက်လာသည်။သားတို့အတန်းကို ဆရာမရော၊ကိုယ်ပါ ဘာသာရပ်သင်ဆရာများအဖြစ် တာ၀န်ယူရ၍ ဆရာမက သားနှင့်ကိုယ့်၏တရင်းတနှီးရှိမှုအပေါ် ထူးပြီးသံသယမ၀င်။

ရုတ်ခြည်းပင် အကြောင်းအရပ်မတိုက်ဆိုင်ပါဘဲ သူ့အကြောင်း ဆရာမက ဂုဏ်ဖော်ချီးကျူးပြောလာတော့ ကိုယ်တစ်ယောက် ပြုံးရုံသာပြုံး၍ စကားမပြန်။ဘာများ ထူးပြီး ချီးကျူးစရာ ရှိနေလို့လဲ။သင်းဘာသာသင်း တတ်နိုင်လို့ မိုးပျံအောင် ထင်ရှားကျော်ကြားနေပါစေ ကိုယ့်အတွက်တော့ ချဥ်ဖတ်အော်ကြောလန်ဟူသော ဂုဏ်ပုဒ်တစ်ခုကလွန်၍ ထူး,ချီးကျူးစရာမရှိ။ရိုက်သတ်ချင်စရာသာ ကောင်း၏။

"ဆရာ ဒီနားလေး နားမလည်လို့"

"ပြ"

သားတစ်ယောက် စာအုပ်ထုတ်၍ ဟိုဒီလှန်လောကြည့်နေရာက ကိုယ့်လက်ထဲ စာအုပ်လာထည့်ပေးသည့်အခါ ရှင်းပြဖို့ ပြင်ရသည်။

"သူ့ရဲ့ အဓိက ဆိုလိုရင်းက စာပိုဒ်ရဲ့အောက်ဆုံးစာကြောင်းမှာ ရှိတယ်။ဒီမှာကြည့် Bold Letterနဲ့ ရေးထားတာ တွေ့သလား"

"ဟုတ်။ခဏလေးနော ဖုန်းလာနေလို့"

စာရှင်းပြနေချိန် သားအိတ်ထဲ ဖုန်းမြည်သံ ထွက်လာသည်။သားတစ်ယောက် ဖုန်းကောက်ထုတ်ရာက နံပါတ်မြင်သည်နှင့် မျက်နှာကြီးပုတ်သွား၏။ဆောင့်အောင့်ငြူစူသော အသံဖြင့်

"ဒယ်ဒီရ လေးမတ်တင်းမှ လာကြိုပါဆို။အခုမှ သုံးနာရီခွဲပဲ ရှိသေးတယ်"

"ဒယ်ဒီရှိနေတော့ သားသူငယ်ချင်းတွေက ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် ရှိပါတော့မလဲ။ကျဥ်းကြပ်မှာပေါ့"

"တော်ပြီ ရတယ်။မစားတော့ဘူး။နောက်ရက်မှပဲ ပြန်ချိန်းတော့မယ်"

တစ်ဖက်က ဖုန်းချသွားဟန်တူ၏။သားတစ်ယောက် ငိုမဲ့မဲ့ မျက်နှာလုပ်၍ မော့ကြည့်လာပြီးသည့်နောက် ကျောပိုးအိတ်ထဲ စာအုပ်ကို အမြန်ကောက်သိမ်း၍ ထည့်သည်။

"ဒယ်ဒီဟာလေ သားကိုဆို အမြဲ မျက်စိဒေါက်ထောက်။အခုလည်း သူငယ်ချင်းတွေနဲ့ မုန့်သွားစားရင် ဒယ်ဒီလည်း လိုက်ခဲ့မယ်တဲ့။မလွန်ဘူးလား။ဟိုနေရာလိုက်ချင် ဒီနေရာလိုက်ချင်နဲ့ တအားဒယ်ဒီ စိတ်ပုတ်တယ်။စိတ်ဆိုးလိုက်တာ။သား သွားတော့မယ်နော် ဆရာ။မဟုတ်ရင် ကျောင်းထဲထိ ၀င်ပြီး လာခေါ်မှာတဲ့ ဒယ်ဒီက"

အသံကျယ်ကျယ်ဖြင့် ထိုသို့ဆိုပြီးလျှင် ကိုယ့်အနား ကိုယ်လေးယိမ်း၍ ကပ်လာပြီးမှ

"နောက်အပတ် ပါပါးဂိတ်တာ၀န်ကျတဲ့အချိန်မှ အကြောင်းပြချက်တစ်ခုခုရှာပြီး လာထိုင်မယ်နော။အခုက သူငယ်ချင်းအကြောင်းပြလည်း ဒယ်ဒီက မရဘူး"

"အေးပါ။ဖြည်းဖြည်းသွား"

ခပ်တိုးတိုးဆိုလျက် သားတစ်ယောက် ပြာယာခြောက်ချက်နိုင်စွာ ​ကျောပိုးအိတ်ကြိုးကို ပခုံးနှစ်ဖက်ထဲ လျှိုသွင်းလျက်နေရာ အိတ်ကကြိုးမှာ လိမ်နေသဖြင့် ဘေးက ကူပေးရသည်။ကျောင်းပေါက်၀သို့ တုတ်တုတ်တုတ်တုတ်ပြေးသွားရာက ကျောင်းအပြင်သို့ရောက်လျှင် သားတစ်ယောက် တစ်ခုခုကို သံယောဇဥ်မပြတ်စွာ လှည့်ကြည့်,လှည့်ကြည့်လုပ်နေသေးသည်။ကိုယ့်ထံက ခေါင်းတစ်ချက် အညိတ်ကိုမြင်မှ သားခမျာ မျက်နှာလွှဲရှာ၏။တစ်လမ်းကျော်ရှိ ပလပ်ဖောင်းပေါ်တွင် ထိုးရပ်ထားသော မာစီးတီးအဖြူကြီးရှေ့ရောက်လျှင် ကားတံခါးမှန်ကိုခေါက်၍ သားကိုယ်လေးက ဟိုယိမ်းဒီယိမ်း။ကားမှန်ချပြီး သားမျက်နှာကိုမြင်လျှင်မြင်ခြင်းပင် ကားပေါ်က လူတစ်ယောက် ဆင်းလာသည်။ရုံး၀တ်ဖော်မယ် suitကို သပ်ရပ်သန့်ပြန့်နေအောင် စမတ်ကျကျဆင်၍ ဆံပင်ကို အပြောင်လှန်သိမ်းဖြီးသင်ပြီး စူးတောက်နေသော နေရောင်အောက်မှာပင်လျှင် ထိုလူ့မျက်နှာက ပြုံးရွှင်နေသည်။သားဆီက ကျောပိုးအိတ်ကို လက်ပြောင်းယူသွားပြီး သားခေါင်းကို ဖွလျက် သားuniformကို သပ်ရပ်အောင် ညှိပေး၍ သားအဖနှစ်ဦးသား ဘာစကား၀ိုင်းကျနေသည်မသိ။ကားပေါ်သို့ သားတက်သွားသည့်နောက်တော့ ပြုံးနေသည့်မျက်နှာမှာ ချက်ခြင်းပင် တည်တံ့သွားပြီး လက်ပတ်နာရီတစ်ချက်ကြည့်၍ ကားပေါ်သို့ သိုးသိုးသွက်သွက် တက်သွားတော့၏။မျက်စိရှေ့က ကားအဖြူ ၀ူးခနဲ မောင်းထွက်သွားမှ တစ်ခံနေသော လေလုံးကြီး ၀မ်းဗိုက်အတွင်းသို့ကျသည်။မဲ့ပြုံးတစ်ချက် နှုတ်ခမ်းပေါ် တိတိပပတင်မိသွား၏။

သင်းဘာသာသင်း ဘယ်လောက်စမတ်ကျကျ ကိုယ့်အတွက်တော့ ကျက်သရေအတုံးလိုက်အတစ်လိုက် တုံးချင်စရာ။ကိုယ့်ဗိုက်ထဲကထွက်သည့် ကိုယ့်သွေးသားတောင်မှ သင်းလိုလူမျိုးနှင့်ကျမှ လွတ်လွတ်လပ်လပ် တွေ့ခွင့်မရ။

"မလာခဲ့နဲ့ မင်းလို ပေရေစုတ်ပြတ်နေတဲ့ ကလေးမျိုးနဲ့ ငါအတူမကစားနိုင်ဘူး"

"ထယ်ယောင်းက မညစ်ပတ်ပါဘူး ညီလေးရဲ့။သန့်ရှင်းပါတယ်။ကြည့်ပါလား မွှေးလို့ကြိုင်လို့။"

"ဟုတ်တယ် ငါက နေ့တိုင်းရေချိုးတယ်။မင်းလို သုံးရက်မှတစ်ခါ ရေချိုးပြီး အမွှေးအကြိုင်တွေ စွတ်ဖြန်းထားတဲ့ ညစ်ပတ်ကောင်မဟုတ်ဘူး"

"မကြိုက်ဘူးဗျာ။သူ့အင်္ကျီတွေက ဒီလောက် ညစ်ထေးနေတာ။ဟိုနေရာ တစ်ပေါက် ဒီနေရာတစ်ပေါက်နဲ့။ချုပ်ရာ၊သီရာတွေချည်းပဲ။ဒီလိုဆင်းရဲသားကလေးမျိုးနဲ့ ငါအပေါင်းအသင်းမလုပ်ဘူး။ငါနဲ့လာမပေါင်းနဲ့...ဝေးဝေးမှာနေ!"

"မပေါင်းနေပေါ့။မင်းမပေါင်းလည်း ကိုကြီးက ငါနဲ့အတူတူ ကစားမှာ။မင်းသာ ဘ၀င်မြင့်လေဟပ်ပြီး အပေါင်းမရှိ၊အသင်းမရှိ တစ်ယောက်တည်းနေ ဆိုက်ကိုအရူးကောင်"

မဲ့ပြုံးမှာ ကိုယ့်နှုတ်ခမ်းထက် သာ၍ထင်းနေအောင် ပေါ်သည်။ဘ၀င်မြင့်၊ ဘ၀င်ရူးရောဂါက ဒီအချိန်ထိ ကပ်ပါလာတုန်း။တစ်ဖက်သတ်၊တစ်ယူသန် ကိုယ့်တစ်ဖို့တည်းအမြင်နဲ့ တစ်ဖက်သားအပေါ် စွပ်စွဲစော်ကား ပြောဆိုတတ်တဲ့အကျင့် အခုချိန်ထိ ရှိတုန်း။ဒါတွေကြောင့်လည်း မင်းကိုငါ သေလောက်အောင် ရွံတာ ပတ်ဂျီမင်း!

4477words
Mon,March11

ပြောရရင် ကာရိုက်တာနှစ်ခုစလုံးက အငြိမ်ပါ။အေးတယ်၊ဘာသိဘာသာ နေတတ်တယ်၊မာနကိုယ်စီရှိတယ်၊မဟုတ်မခံစိတ်ထားမျိုးလည်း ရှိတယ်။ဒါပေသိ နှစ်ယောက်သားက မျက်နှာချင်းဆိုင်တွေ့ရင်တော့ မီးတောက်နဲ့လောင်စာ။

ကဲ ဒါဆို နောက်အပိုင်းကစပြီး ငယ်ဘ၀က သွားကြမလား။သဘောကျရင် Vote(သို့)feedbackတစ်ခုခု ချန်ထားခဲ့ကြနော်။မဟုတ်ရင် ကျွန်တော် ဆက်ရေးဖို့ အားပြတ်လို့။ကျန်တဲ့ongoingတွေလည်း ဆက်ရေးရအုံးမှာမို့ ဒါလေး ဖတ်သူများတဲ့အချိန်အထိ ခဏစောင့်အုံးမယ်နော်။Viewသုံးရာကျော်ရင် ပြန်လာခဲ့ပါမယ်။

Zawgyi

"ပါပါး ကေလးေလး"

အလယ္တြင္ ၀ရံတာႏွင့္ ကြင္းျပင္တစ္ခုျခားလ်က္ မ်က္ႏွာခ်င္းဆိုင္ရွိေနေသာ တစ္ဖက္ ေက်ာင္းေဆာင္၏ ျပဴတင္း၀မွတစ္ဆင့္ ထင္ထင္ရွားရွားျမင္ေနရသည့္ သားမ်က္ႏွာကေလးကို အခ်ိန္တစ္ခုၾကာသည္အထိ မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ျဖစ္သည္။အေရွ႕သို႔ အာ႐ုံစိုက္စူးလ်က္ ဆရာသင္သမွ်ကို အေသအခ်ာ လိုက္လံမွတ္သားေနခဲ့ေသာ သားက တစ္ဖက္ေက်ာင္းခန္းအတြင္းမွ ကိုယ့္အၾကည့္ကို သတိျပဳမိဟန္မတူ။ေက်ာမလုံသည့္ ခံစားခ်က္မ်ိဳးလည္း ရဟန္မရွိ။စာၾကမ္းပိုးေလးက သူ႕တာ၀န္သူေက်လ်က္ ဦးတည္ရာတစ္ခုတည္းအေပၚတြင္သာ အာ႐ုံမပ်ံ့ ေရွးရႈေနလ်က္ရွိသည္။

"ဆရာ"

"အာ ဟုတ္ကဲ့"

"တက္/ပ်က္ မွတ္တမ္းေလး"

သား မ်က္ႏွာကေလးကို ၾကည့္မ၀၊ရႈမ၀ ေငးနိုင္သမွ် မွတ္သားေနဆဲမွာပင္ အသိအာ႐ုံဆီ ၀င္ေရာက္တြန္းထိုးလာေသာ အသံတစ္ခု၌ ကိုယ့္ပခုံးစြန္းမ်ား တစ္ခ်က္တြန့္သည္။ေႏွာင့္ယွက္ေလျခင္း။ညည္းၫူေရ႐ြတ္ခ်င္ပါေသာ္ျငား အခေၾကးေငြႏွင့္ လဲလွယ္၍ တိုင္းစက္ေပးထားရေသာ သည္အခ်ိန္ကာလသည္ မိမိ၏ ကိုယ္ပိုင္အခ်ိန္မဟုတ္။

"အၿမဲလိုလိုပဲေနာ။ဂြၽန္ေယာင္းတို႔ ရွိတဲ့အခန္း ဆရာ ေငးၾကည့္ေနတတ္တယ္ေနာ္"

"ဟုတ္ကဲ့။အဲဒီေတာ့..."

လက္ေထာက္အကူ ထည့္သြင္းေပးထားေသာ ေက်ာင္းသား တက္/ပ်က္မွတ္တမ္း ရစ္ဂ်စ္စတာ(Register)ကို တစ္ခ်က္ျပန္စစ္၊ လက္မွတ္ထိုးၿပီး၍ လက္ထဲထည့္မည္အျပင္တြင္ စပ္ၿဖဲၿဖဲမ်က္ႏွာႏွင့္ အေမးထုတ္လာသူထံ ကိုယ္အၾကည့္က ခပ္တင္းတင္း စိုက္ေရာက္သည္။

"ေၾသာ္ ဘာရယ္မဟုတ္ပါဘူး။ဒီအတိုင္း ႀကဳံလို႔ ေမးၾကည့္တာပါ"

ၿပဳံးခ်ိဳေနခဲ့ေသာ မ်က္ႏွာမွာ ႐ုတ္ျခည္းပင္ ပ်က္ယြင္းသြားၿပီးလွ်င္ ဆက္၍ အေမးထုတ္လိုဟန္ရွိေသာ ပါးစပ္ေပါက္မွာ ေစ့ေနေအာင္ ပိတ္သြား၍ စကားကိုလည္း ေလွ်ာခ်သြား၏။

"ကြၽန္ေတာ့္ကေလးေတြ သင္ခန္းစာအသစ္အတြက္ Listening Short Noteေပးစရာရွိလို႔ ဆရာ့အလုပ္ၿပီးၿပီဆိုရင္ ေက်းဇူးျပဳၿပီး အျပင္ထြက္လို႔ ရၿပီေနာ"

"အာ ဟုတ္ကဲ့ ဟုတ္ကဲ့ သင္ပါဗ် သင္စရာရွိတာ ဆက္သင္ပါ"

ေယာင္လည္ေဝ့လည္ လုပ္လိုဟန္ ရွိေသာ မ်က္စိေရွ႕က ပုဂၢိဳလ္ကို ကိုယ့္မွာ ဧည့္ခံဖို႔ အခ်ိန္အားမရွိ။တစ္ဖက္ျပဴတင္း၀သို႔ တစ္ခ်က္ၾကည့္၍ သားစာေရးေနသည္ကို ျမင္ရၿပီးခ်ိန္တြင္ အတန္းထဲက ကိုယ့္ကေလးအုပ္စုကို ျပန္၍ အကဲခတ္ရသည္။ရွာခိုင္းထားသည့္ မွတ္စုမ်ား ၿပီးစီးသြား၍ ထင္ပါ၏။အေတာ္မ်ားမ်ား Highlighterမ်ား အဖုံးျပန္ပိတ္ၿပီး တခ်ိဳ႕ဆိုလွ်င္ တီးတိုးတီးတိုး ေခါင္းခ်င္းဆိုင္၍ စကားတြတ္ထိုးေနၾကၿပီ။ဆရာရွိေန၍သာ အသံမထြက္ၾကျခင္း။

"ကဲ အားလုံးပဲ outlineထုတ္ခိုင္းထားတာေတြ ၿပီးၿပီလား"

"ၿပီးပါၿပီ ဆရာ!"

"ဒါဆို Page Number 245ကို သြားမယ္။Audio tape 6.9ဟုတ္တယ္ေနာ္"

"ဟုတ္ပါတယ္"

"အိုေခ ဒါဆိုရင္ ဆရာက Person Aနဲ႕Bရဲ႕ Coversationကို ဖြင့္မယ္။ေသခ်ာနားေထာင္ၿပီးရင္ ေအာက္မွာ ျပထားတဲ့ Matchingမွာ အနီးစပ္ဆုံးတူတဲ့အတြဲကို မင္းတို႔ေတြက ခ်ိတ္ေပးရမယ္။ကဲ အားလုံးပဲ အာ႐ုံစိုက္ပါ။ၿပီးသြားမွ ဆရာ သားက မၾကားလိုက္လို႔၊သမီးက မၾကားလိုက္လို႔ဆိုတဲ့ ဆင္ေျခမ်ိဳး မၾကားခ်င္ဘူး။"

"ဟုတ္ကဲ့!"

"Are you ready?"

"Ready,teacher!"

"Fine.Let's get started!
Track No.6.9.
How to...."

တိပ္Recorderကိုယူ၍ ခလုတ္ဖြင့္မည္ျပဳသည့္ေနာက္ေတာ့ တိတ္က်သြားသည့္ အခန္းတြင္းက ေလထုႏွင့္ထပ္တူ ေယာင္လည္ေဝ့လည္ ရပ္ေနေသာ ပုဂၢိဳလ္မွာလည္း အခန္းထဲကေန၍ ခပ္သြက္သြက္ထြက္သြားေတာ့၏။

"ဟိ"

"မိန္းကေလးေတြ စာထဲ အာ႐ုံစိုက္မယ္"

ထြက္သြားေသာ ဆရာျဖစ္သူ၏ မခ်ိဳမခ်ဥ္ ေလငန္းဖမ္းေသာ မဲ့တဲ့တဲ့မ်က္ႏွာကို တပည့္ျဖစ္သူ ၿမီးေကာင္ေပါက္မမ်ားက အက်အန လိုက္ၾကည့္၍ ဟိုထိုးဒီစိတ္ တခိခိရယ္ၾကသည္။က်န္ကေလးမ်ား စာထဲ အာ႐ုံမရပါဘဲ အေႏွာင့္အယွက္ျဖစ္မည္ကိုစိုး၍ ခုံကိုတစ္ခ်က္ပုတ္ မာန္မွ ကုပ္ပုကာ စာအုပ္ဆီ မ်က္လုံးျပန္ေရာက္၏။

"ဟိ Scienceဆရာကေလ မ်က္ႏွာႀကီးက သိပ္သိသာတာေနာ။ငါတို႔ အတန္းပိုင္ကို ပိုးတာ ပိုးတာ ခမ်ာ ႀကိဳက္ကလည္း ႀကိဳက္ေသး ေျပာကလည္း မေျပာရဲရွာဘူး။ဟိုက တစ္ခ်က္ပဲ စိုက္ၾကည့္ရေသး ၿငိမ္ကုပ္ပု၀ပ္သြားတာပဲ"

"ေအးဟယ္ ငါတို႔ေတာ့ ဆရာ့ကို သနားတာ။သူ႕ခမ်ာ ငါတို႔အတန္းပိုင္ကို ေတြ႕ခ်င္ရွာလြန္းလို႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး လာရရွာတယ္။ဟိုဘက္အေဆာင္နဲ႕ ဒီဘက္အေဆာင္ဆို ေခ်ာင္းေပါက္ေတာ့မယ္"

"ဆရာထယ္ေယာင္းကလည္း ေသြးေအးလြန္းပါတယ္ဟာ။႐ုပ္ကေလး ေခ်ာေခ်ာလွလွနဲ႕မွ မလိုက္မဖက္ စကားေျပာတာက ရင့္ေသးတယ္။မ်က္ႏွာေၾကာႀကီးကလည္း ႏွစ္ဆယ့္ေလးနာရီ ရွစ္ေခါက္ခ်ိဳး။"

"ဟဲ့ ႏွစ္ဆယ့္ေလးနာရီ ရွစ္ေခါက္ခ်ိဳးမွန္းသိရေအာင္ နင္က ဆရာ့အိမ္မွာ လိုက္ေနတဲ့သူမလို႔လား"

"ေအာင္မာ ဆရာတို႔အိမ္နဲ႕ ငါတို႔အိမ္က တစ္လမ္းပဲျခားတာ။မနက္တိုင္း ရပ္ကြက္ထိပ္က အမွိုက္ကန္ဆီ ဆရာအမွိုက္လာပစ္ရင္ ေတြ႕ေနက်။ညဆို လမ္းထိပ္စတိုး ငါ့အေဒၚဆိုင္ဆီ ကုန္ေျခာက္ေတြ ဘာေတြ လာ၀ယ္ရင္လည္း ေတြ႕ေနက်။တကယ္ႀကီးေအ သိလား။ေျပာရင္လည္း ငါ့ကို အပိုထင္ၾကအုံးမယ္။ဆရာ့မ်က္ႏွာကေလ လုံး၀ကို ႐ုပ္ေသ။ရယ္တာၿပဳံးတာ တစ္ခါမွ မေတြ႕ဖူးေသးတာ။တအားတည္တာေနာ္။ငါတို႔ေက်ာင္းသားေတြ မေျပာနဲ႕ တစ္ခါတစ္ခါဆို ငါ့အေဒၚေတာင္ ေျပာတယ္။နင္တို႔ဆရာက လူမွဟုတ္ရဲ႕လားတဲ့"

"ဟဲ့ ဂြၽန္ေယာင္း နင္က ဒီကို ဘာလာလုပ္တာလဲ"

"ဆရာ့ဆီလာေတြ႕တာ"

ေန႕လယ္ ေက်ာင္းဆင္းခ်ိန္ျဖစ္၍ ဂြၽန္ေယာင္းတစ္ေယာက္ ျပဳၿမဲထုံးစံအတိုင္း ထမင္းျခင္းႀကီးဆြဲကာ အထက္တန္း Section (B)သို႔ ေရာက္လာခဲ့ျခင္း။ဒီကေန႕ ပါပါးသေဘာက်ေသာ သုံးထပ္သားကို အခ်ဥ္ရည္႐ႊဲ႐ႊဲ၊အသီးအ႐ြက္အစုံပလုံႏွင့္ သုပ္ထားေသာ အစုံသုပ္ပါသျဖင့္ ပါပါးကို အမ်ားႀကီးထည့္ေပးလိုက္ဖို႔ ဂြၽန္ေယာင္း ရည္႐ြယ္ထားျခင္းေၾကာင့္လည္း ပါသည္။အခန္းထဲ၀င္ခဲ့ေတာ့ ပါပါးတစ္ေယာက္ အခါမ်ားစြာကဲ့သို႔ပင္ အခန္းထဲရွိမေန။ဆရာမ်ားနားေနခန္းဘက္သြား၍ ေက်ာင္းအုပ္ႀကီး၏ Briefingကို သြားေရာက္နားေထာင္ေနရဟန္ရွိ၏။ပါပါးမရွိေနသည့္အတြက္ အတန္း၏ေနာက္ဆုံးခုံတြင္ တိတ္တိတ္ေလး၀င္ထိုင္ကာ ထမင္းခ်ိဳင့္ဖြင့္ဖို႔ျပင္တုန္း အေရွ႕ဆီမွ မိန္းကေလးမ်ား အုပ္စုက ပါပါးအေၾကာင္း အတင္းတုပ္ေနရာက ဂြၽန္ေယာင္းကို သတိထားမိၿပီးသကာလ အေနာက္သို႔လွည့္၍ အေမးအျမန္းထူျခင္း။

"ဟဲ့ ဒါနဲ႕ နင္နဲ႕ ဆရာထယ္ေယာင္းနဲ႕က ဘာေတာ္တာလဲ"

"ေအး ငါတို႔လည္း အဲဒါ သိခ်င္ေနတာ။နင္ ေန႕တိုင္းလိုလို ဆရာနဲ႕ထမင္းအတူ လာစားေနကတည္းက ငါတို႔ေတြ သိခ်င္ေနၾကတာ။မဟုတ္မွ ဆရာက နင့္ဦးေလးလား"

"ဘာလို႔ သိခ်င္တာလဲ။သိေတာ့ေရာ နင္တို႔ေတြ ဗိုက္ျပည့္မွာမို႔လို႔လား။ကိုယ့္ထမင္းကိုယ္ စားစမ္းပါ။တအားစပ္စုတယ္။ရႈပ္ရႈပ္ယွက္ယွက္"

"အမေလး ႀကီးက်ယ္လိုက္တာ။မေျပာခ်င္လည္း ေနေပါ့။"

ပါပါးလည္း ေရာက္မလာေသးသည္မို႔ ပါပါးထက္ အရင္ဦးေအာင္ မစားခ်င္။ေအးရာေအးေၾကာင္း Math2စာအုပ္ထုတ္၍ သခၤ်ာဆရာေပးသြားေသာ Trigoအခန္းကို အိမ္စာမယူရေအာင္ အၿပီးတြက္ဖို႔ ျပင္လိုက္သည္။မိန္းကေလးအုပ္စုမွာ ဂြၽန္ေယာင္း၏ ဘာသိဘာသာအျပဳအမူကိုၾကည့္၍ မေက်မနပ္ မ်က္ေစာင္းႀကီးမ်ား ႀကိတ္ထိုးၿပီးလွ်င္ ဗ်စ္ေတာက္ပြစိေရ႐ြတ္လ်က္ အေရွ႕ျပန္လွည့္သြား၏။တေအာင့္ၾကာလွ်င္ ဇြန္းသံ၊ပန္းကန္သံ ဂလုံးဂလြမ္ႏွင့္ ပြစိပြစိစကားသံမ်ား တိတ္က်သြားၿပီး အမိတို႔အုပ္စုမွာလည္း စားေသာက္ၿပီးစီး၍ ကင္တင္းသြားဖို႔ ျပင္ေနၾကၿပီ။နာရီတစ္ခ်က္ၾကည့္ေတာ့ ဆယ့္ႏွစ္ခြဲ။ပါပါးတို႔ေက်ာင္းအုပ္ႀကီး ႐ုံးခန္းက Lectureေပးျခင္း မၿပီးစီးေသးသလား မသိ။တြက္လက္စစာကိုရပ္၍ ျပဴတင္းအျပင္ဘက္သို႔ လည္ပင္းတစ္ခ်က္ရွည္၍ ေက်ာင္းအုပ္႐ုံးခန္းဆီ ဂြၽန္ေယာင္း ေမွ်ာ္ၾကည့္သည္။

ပါပါးေတာ့ ဆာေနရွာေတာ့မွာ။ေက်ာင္းတက္မွ ေပါင္မုန့္တစ္လုံး၊ေဟာလစ္တစ္ခြက္ေသာက္ၿပီး စာဆက္သင္ရမည့္ ကိစၥကို ဂြၽန္ေယာင္းမႀကိဳက္ခ်င္။ဆရာေတြလည္း လူပါပဲ။အစာအိမ္ပါသည္။ပင္ပန္းတတ္သည္။အခေၾကးေငြေပးထားတိုင္း လူကိုလူလိုမျမင္၊ စက္႐ုပ္မ်ား မွတ္ေနသလားမသိ။တန္ေအာင္ ခိုင္းစားဖို႔ပဲ။

"သား"

မေက်မနပ္ ႏႈတ္ခမ္းႀကီးစူေဖာင္းလ်က္ တြက္လက္စစာဆီ အာ႐ုံျပန္စိုက္ထားခ်ိန္ နံေဘးဆီက ႏူးႏူးညံ့ညံ့ေခၚသံတစ္ခု၌ ဂြၽန္ေယာင္း၏ စိတ္ကေလး လွိုက္ခနဲ ေႏြးသြားရ၏။ေမာ့ၾကည့္လွ်င္ ႏူးညံ့ေႏြးေထြးေသာ အၿပဳံးတစ္ခုကို ဂြၽန္ေယာင္းေတြ႕သည္။နံေဘးသို႔ အနည္းငယ္တိုးကပ္၍ ပါပါးထိုင္ဖို႔ ေနရာေပးရ၏။ပါပါး၏ လက္သြယ္ေလးမ်ား ဂြၽန္ေယာင္းေက်ာဆီ အသာအယာလာေရာက္ပြတ္သပ္သည္။ပါပါးဟူေသာ ျဖစ္တည္မႈဟာ ဂြၽန္ေယာင္းအတြက္ေတာ့ ေခၚသံေလးတစ္ခုကအစ ေႏြးေထြးႏူးညံ့လွ၍ ခို၀င္ႏွစ္သိမ့္ခ်င္စရာ။

"ပါပါးသားေလးက ပါပါးကိုေစာင့္ေနတာလား"

"ဟုတ္တယ္ ပါပါး။ဒီေန႕ ဟင္းခ်က္အေဒၚႀကီးကို ပါပါးႀကိဳက္တဲ့ သုံးထပ္သားအစုံသုပ္ သုတ္ခိုင္းထားတာ။အဲဒါေလး ပါလာတာနဲ႕ ပါပါးကိုေကြၽးခ်င္လို႔ သားအေျပးလာခဲ့တာ။ေက်ာင္းအုပ္ႀကီးကလည္း လြန္လြန္းတယ္ ပါပါးရယ္။ဒီအခ်ိန္ထိကို ဆရာေတြကို အနားမေပးဘူး။ထမင္းစားခ်ိန္ေလးေတာ့ လုံလုံေလာက္ေလာက္ ေပးသင့္ပါတယ္"

"ဟား ပါပါးသားေလးက ဒီေတာ့ ေက်ာင္းအုပ္ႀကီးကို မေက်နပ္ဘူးေပါ့"

ပါပါးက ဂြၽန္ေယာင္းပန္းကန္ထဲသို႔ သူ႕ခ်ိဳင့္ထဲ ခ်က္ထည့္လာေသာ ဟင္းမ်ား ခြဲထည့္ေပးသည္။ပဲျပားကိုႂကြပ္မႊေနေအာင္ေၾကာ္၍ ခရမ္းခ်ဥ္သီးအႏွစ္မ်ားမ်ားႏွင့္ ခ်ဥ္စပ္ခ်က္ထားေသာ ပဲျပားခ်ဥ္စပ္ဟင္း။ၾကက္ဥေမႊေၾကာ္။ဒီကေန႕လည္း ထုံးစံမပ်က္ ပါပါးက ဂြၽန္ေယာင္းအႀကိဳက္ကို ခ်က္ထည့္လာေပးျပန္သည္။

"ပါပါးေတာ့ ပင္ပန္းေတာ့မွာပဲ။သင္ခန္းစာေတြအတြက္လည္း ျပင္ရေသးတယ္။သားအႀကိဳက္ ဟင္း၊ထမင္းေတြလည္း ခ်က္ရေသးတယ္"

"မပင္ပန္းပါဘူး သားရယ္။သားမ်က္ႏွာေလး ျမင္ရရင္ကို ပါပါးအတြက္က အလိုလို အေမာေျပတယ္"

နဖူးစပ္တြင္ သီးထလာေသာ ေခြၽးေပါက္မ်ားအား တစ္ရႉးျဖင့္အသာအယာသုတ္ဖယ္၍ ပါပါးက ဂြၽန္ေယာင္းမ်က္ႏွာကို အၾကာႀကီးေငးစိုက္ၾကည့္ေနသည္။

"သားကို သတိရတယ္၊ေတြ႕ခ်င္တယ္ဆိုတာ သိပါတယ္။ဒါေပမဲ့ ထမင္းေတာ့ စားအုံးေလေနာ ပါပါး။ေက်ာင္းတက္လို႔ အတန္းခ်ိန္ျပန္၀င္ရင္ ဗိုက္ထဲက ဂြီေဂၚ ဂြီေဂၚ ျမည္ေနလိမ့္မယ္"

"ဟုတ္ပါၿပီ"

ခပ္ေအးေအး အၿပဳံးတစ္ခု ႏႈတ္ခမ္းေပၚ သိမ္းတင္လ်က္ ပါပါးက ဂြၽန္းေယာင္းဆံပင္ကို မထိတထိဖြသည္။ဂြၽန္ေယာင္းမ်က္ႏွာဆီ ၾကည့္တိုင္း ပါပါး၏ မ်က္ဆံမ်ား အရည္လဲ့လာတတ္၏။႐ႊန္းေကာ့ေသာပါပါး၏ မ်က္ေတာင္ထူႀကီးမ်ား တျဖတ္ျဖတ္ခတ္သည့္အခါတိုင္း ဂြၽန္ေယာင္းမွာ ေငး၍မ၀နိုင္စြာ ရင္သပ္ရႉေမာ။​ေခြၽးစမ်ားသီးခိုလ်က္ ေမႊးညွင္းရွိန္းမ်ား ထင္ရွားလွေသာ ပါပါး၏ ေဘးတိုက္မ်က္ႏွာလွလွတြင္ ေမးရိုးထင္းထင္းမွာ ဂြၽန္ေယာင္းသေဘာအက်ဆဳံးေသာအရာ။ထင္းေပၚေျဖာင့္စင္းေသာ ပါပါး၏ ႏွာတံကိုၾကည့္မိလွ်င္ လွ,လွပါခ်ည့္ဆိုေသာ ေမာ္ဒယ္မင္းသမီးမ်ား၏ ႏွာတံသည္ပင္ ဂြၽန္ေယာင္းအဖို႔ ေမွးမွိန္သြားရၿမဲ။ပါပါးသည္ အတိတ္ဘ၀ကာလမ်ားက ဆုေတာင္းေကာင္းခဲ့ဟန္လည္း တူပါ၏။မ်က္ေမွာင္ကုတ္ထားျပန္လွ်င္လည္း လွျပန္သည္။ဒီ့အတြက္ေၾကာင့္ျဖစ္မည္။ပါတီပြဲရွိလွ်င္ျဖစ္ျဖစ္၊မိတ္ဆုံစားပြဲရွိလွ်င္ျဖစ္ျဖစ္ အိမ္ျပန္ေနာက္က်၍ အရက္ဘီယာကေလး အေဖာ္ေခၚလာတတ္ေသာ ဒယ္ဒီ့၏ တစ္ခ်ိဳ႕ေသာ သန္းေခါင္ယံညကာလမ်ားတြင္ ဒယ္ဒီတစ္ေယာက္ ဂြၽန္ေယာင္းကိုယ္ကို ေထြးဖက္တင္း၍ စကားတစ္ခြန္းကို ထပ္တလဲလဲ ဆိုတတ္၏။

"ဒယ္ဒီ့သားကေလ မင္းပါပါးရဲ႕ ကိုယ္ပြားပဲ။မင္းပါပါးဟာေလ ဒယ္ဒီမုန္းလို႔သာ မုန္းရတာ။သိပ္လွတဲ့ ေယာက်္ား။႐ုပ္ေရာ စိတ္ပါ သြက္သြက္ခါေအာင္ ျပဳစားနိုင္တဲ့ လူစား"တဲ့ေလ။

"သည္လိုဆိုလည္း ဒယ္ဒီရယ္ ပါပါးကို ဘာ့ေၾကာင့္ မုန္းမလဲ။မုန္းရတာ ပူေလာင္ပင္ပန္း လြန္းပါတယ္။တစ္ခါေလာက္မ်ား ခြင့္လႊတ္ၾကည့္ပါလား"ဟူ၍ ဂြၽန္ေယာင္း နားခ်ၾကည့္ခ်င္သည္။ထိုစကားကို စိတ္ထဲကေန၍ ႀကိမ္ဖန္မ်ားစြာ ေရ႐ြတ္ဖူးပါေသာ္ျငား ဒယ္ဒီ့ေဒါသကို ေၾကာက္၍သာ ပါးစပ္ပိတ္ထားရျခင္း။

"ဘာေတြေတြးေနသလဲ ေကာင္ေလး"

"ဟီး"

ေငးေကာင္းေတြးေကာင္းေနဆဲ ပါးဆီခပ္ဖြဖြ လာျဖစ္ေသာ ပါပါးလက္ေၾကာင့္ ဂြၽန္ေယာင္း ဟီးခနဲ ရယ္ျပလိုက္ရသည္။အတန္းထဲ လူမရွိ ရွင္းလင္းေနသည့္အတြက္ေၾကာင့္ ကပ္ခြၽဲလုပ္ခ်င္ေသာ ဂြၽန္ေယာင္းမွာ ဟန္မေဆာင္နိုင္စြာ ပါပါးခါးဆီ လက္ႏွစ္ဖက္ျဖင့္ တင္းေနေအာင္ဖက္၍ ပါပါးပခုံးေပၚ ေမးတင္မွီပစ္လိုက္၏။တစ္ေနကုန္ တစ္ေက်ာင္းထဲအတူတူရွိေနလည္း ပါပါးမ်က္ႏွာကို ေတြ႕ရခ်ိန္ဟာ တစ္နာရီပင္ မျပည့္တတ္။ျဖစ္နိုင္လွ်င္ ပါပါးႏွင့္အတူ တစ္အိမ္ထဲ ေနခ်င္သည္။ပါပါး၏ ရင္ေငြ႕ကိုခိုလႈံလ်က္ တစ္အိပ္ရာထဲ အိပ္ခ်င္သည္။ပါပါးကိုယ္တိုင္ ခ်က္ေကြၽးေသာ ထမင္း၊ဟင္းကို တစ္ေန႕သုံးနပ္မွန္မွန္ ပါပါးမ်က္ႏွာကိုၾကည့္၍ စားခ်င္သည္။ဝမ္းနည္းစရာရွိလွ်င္ ပါပါးရင္ခြင္ထဲ၀င္၍ ဖြင့္ဟငိုခ်ခ်င္သည္။ဝမ္းသာစရာရွိလွ်င္လည္း ပါပါးလက္ကိုဆြဲ၍ အားပါးတရေျပာျပခ်င္သည္။ဒီစကားကို ဒယ္ဒီၾကားလွ်င္ စိတ္မေကာင္းျဖစ္မည္မွန္းသိေပသိ ပါပါးကိုယ္ေငြ႕၊ပါပါးရင္ေငြ႕ကို ေတာင့္တမိျခင္းမွာ မွန္ေသာသစၥာ။

"ပါပါးမ်က္ႏွာကို ေနာက္မွၾကည့္။ထမင္းအရင္စား။ညေနေက်ာင္းဆင္းရင္ ေက်ာင္းဂိတ္၀မွာ သားကို ပါပါးေစာင့္ေနမယ္"

ပါပါးက ဂြၽန္ေယာင္းလက္ဖမိုးအား အသာဖြဖြျဖစ္ညွစ္ၿပီးလွ်င္ ေက်ာျပင္ဆီ တစ္ခ်က္ပြတ္သပ္၍ ေခ်ာ့ေခ်ာ့ေမာ့ေမာ့ဆိုသည္။"ဂိတ္ဂ်ဴတီက်သည္"ဟူေသာစကား ပါပါးဆီက ၾကားရသျဖင့္ ပါပါးပခုံးေပၚသို႔ ေလးတြဲ႕ခိုမွီလ်က္ ကေလးေပါက္စလုပ္ေနေသာ ငပ်င္းေလးမွာ ခ်က္ျခင္းပင္ ေခါင္းေထာင္လာေတာ့၏။

"ဒီေန႕ ပါပါး ဂိတ္ဂ်ဴတီက်တာလား"

"အင္း"

"ေပ်ာ္လိုက္တာ။ဒီလိုဆို ဒယ္ဒီ့ကို ေလးမတ္တင္းအေရာက္မွ လာႀကိဳဖို႔ေျပာမယ္။ပါပါးနဲ႕ ဆယ့္ငါးမိနစ္ေလာက္ ထိုင္အုံးမယ္"

"ေျပာတာေတာ့ေျပာေပါ့။သားဒယ္ဒီမသိေစနဲ႕။သူသိသြားရင္ သူနဲ႕ပါပါး စာရင္းမရွင္းခ်င္ဘူး။ၾကားလား သား။ေနာက္ၿပီး ပါပါးကေလးကို ရိုက္ေနႏွက္ေနမွာကိုလည္း ပါပါးမႀကိဳက္ဘူး။အဲဒီအေကာင္က တစ္ခါတစ္ခါဆို လူလိုအသိစိတ္ရွိတာ မဟုတ္ဘူး။ေဒါသစြက္လာရင္ သိပ္ဘီလူးသရဲစီးတာ"

"ဒယ္ဒီက သားကိုခ်စ္ပါတယ္ ပါပါးရဲ႕။ဆုံးမရင္ေတာင္ အေၾကာင္းအက်ိဳးညီညီ ရွိပါတယ္"

"ဘယ္လိုျဖစ္ျဖစ္ သားရယ္။ပါပါးကေလးေလးကို ႐ုပ္အားျဖင့္ နာက်င္ေစတာ မေျပာနဲ႕။ဆူရင္ေငါက္ရင္ေတာင္ ပါပါးစိတ္မခ်မ္းသာတာ။ပါပါးစကားနားေထာင္ေနာ ၾကားလား။"

"ဟုတ္ကဲ့"

ပါပါးတစ္ေယာက္ ဤPrivate Schoolတြင္ အထက္တန္းျပဆရာအျဖစ္ အလုပ္၀င္ေနသည့္ကိစၥ ဒယ္ဒီမသိထား။ဂြၽန္ေယာင္းကို ေတြ႕ခ်င္လြန္းလွ၍ ဤေက်ာင္း၌ အလုပ္ရေအာင္ ပါပါးမွာ နည္းမ်ိဳးစုံသုံး၍ ႀကိဳးစားခဲ့ရျခင္း၌ ဒယ္ဒီသိသြားလွ်င္လည္း လြယ္မည္မထင္ပါ။ဤSchool၏ ေဖာင္ဒါမ်ားထဲတြင္ ဒယ္ဒီကလည္း တစ္ေယာက္အပါအ၀င္အျဖစ္ ရွိေနသည္ မဟုတ္ပါလား။စည္းကမ္းသတ္မွတ္ခ်က္မ်ား၍ တင္းၾကပ္လွေသာ ဤေက်ာင္းတြင္ အမွားေသးေသးကေလး ျပဳမိလွ်င္ေတာင္ ေက်ာင္းမွထုတ္ပိုင္ခြင့္ ရွိ၏။ဤကဲ့သို႔ေသာ လုပ္ပိုင္ခြင့္ႏွင့္ ရာထူးအာဏာမ်ိဳးကလည္း ဒယ္ဒီ့လက္ထဲတြင္ အျပည့္ရွိ၏။ဤအခ်က္ကို ပါပါးစိုးရိမ္သကဲ့သို႔ ဂြၽန္ေယာင္းကလည္း စိုးရိမ္သျဖင့္ ဤအေၾကာင္းအရာကိုေတာ့ ဒယ္ဒီမရိပ္မိရေအာင္ လုံလုံၿခဳံၿခဳံ ကြယ္၀ွက္ထားရေလသည္။

"ညေနက် ေလးမတ္တင္းအေရာက္မွ လာႀကိဳေတာ့ ဒယ္ဒီ။သားသူငယ္ခ်င္းေတြနဲ႕ Donutဆိုင္ သြားစရာရွိတယ္"

"သား က်ဴရွင္ခ်ိန္ မီမွာလား ဂြၽန္ငယ္။ျပန္ေရာက္မွ ေလေလာ,ေလာေလာနဲ႕ ရွပ္တီးရွပ္ျပာလုပ္ရင္ ဒယ္ဒီ ဆူတာ ခံရမယ္ေနာ္"

"မီပါတယ္ ဒယ္ဒီရဲ႕။နာရီဝက္ႀကီးမ်ားေတာင္ အခ်ိန္ရတာ။က်ဴရွင္က ၄:၁၅မွ စတာကို။လုပ္ပါေနာ ဒယ္ဒီ"

"ဖေအကို ခြၽဲဖို႔ဆို တအားတတ္။ဟုတ္ၿပီ ဟုတ္ၿပီ ဒီလိုဆို ေလးမတ္တင္းအေရာက္ ဒယ္ဒီ ေက်ာင္းဂိတ္ေပါက္မွာ ေစာင့္မယ္"

"ေက်းဇူးတင္ပါတယ္ ဒယ္ဒီ"

ဒယ္ဒီဆီ စာပို႔ၿပီး ခြင့္ျပဳခ်က္ရသည္ႏွင့္ ပါပါးပခုံးေပၚ ေမးမွီတင္လ်က္ သြားညီညီေလးမ်ား စီတန္းေပၚေအာင္ ပါပါးကို ဂြၽန္ေယာင္း ရယ္ျပသည္။ပါပါးက အလည္ေလးဟုဆိုကာ ေခါင္းကို မနာေအာင္ ထု၏။

****

"အေရွ႕ဆုံးတန္းက ႏွစ္ေယာက္ ေဘးကိုမထြက္နဲ႕။အေနာက္က ကေလးေတြ ကိုယ့္ေနရာကိုယ္ေနၾကမယ္။ခဏေန အိမ္ျပန္ေရာက္ရင္ ေဆာ့ရမွာ မင္းတို႔ေတြ ေလာေလာဆယ္ ကိုယ့္ေနရာကိုယ္ ၿငိမ္ၿငိမ္ေလးေနၾကဦး"

"တီခ်ယ္ သားဆံပင္ကို အေနာက္က ဂ်စ္တူးမ ဆြဲေဆာင့္ေနတယ္!"

"သူက သမီးဖိနပ္ကို အရင္တက္နင္းတာ တီခ်ယ္!"

"နင္ငါ့ကို ဘာလို႔ တြန္းလဲ!"

"နင္မွ ၿငိမ္ၿငိမ္မေနတာ!"

"ဟဲ့ ေအာ္ အမေလး ငါလာပါၿပီဟဲ့ ငါလာၿပီ"

ေက်ာင္းဆင္းခ်ိန္ျဖစ္သျဖင့္ ေက်ာင္းcampusႏွင့္ သက္ဆိုင္ရာေက်ာင္းခန္းမ်ား၏ေရွ႕တြင္ အငယ္တန္းကေလးမ်ားျဖင့္ ႏွစ္ေယာက္တစ္တြဲ စီတန္းလ်က္ အတန္းရွည္ႀကီးရွိေနသည္။သက္ဆိုင္ရာ ဆရာ၊ဆရာမအသီးသီးက မိမိတို႔ အတန္းရွိ ကေလးမ်ားအား သူ႕အစုႏွင့္သူ ေနရာတက် စည္းကမ္းတက်ျဖစ္ေအာင္ စီေနရင္း မိဘမ်ားလက္ထဲ အထိအခိုက္မရွိ အေရာက္ျပန္ပို႔နိုင္ေအာင္ လုံးပန္းေနၾကရ၏။ေက်ာင္းဆင္းဘဲလ္ျမည္၍ ေက်ာင္းဂိတ္တံခါးဖြင့္သည္ႏွင့္ ကေလးအုပ္စုမွာ ခုန္ေပါက္ျမဴးတူးလ်က္ မိဘမ်ားရွိရာဆီ သြားဖို႔ တာဆူၾကေလၿပီ။

"မဂၤလာပါ တီခ်ယ္ခင္ဗ်"

"မဂၤလာပါရွင္ မဂၤလာပါ"

"မဂၤလာပါ ဆရာခင္ဗ်"

"ေအး သား"

"မဂၤလာပါ တီခ်ယ္ရွင့္"

"မဂၤလာပါ ဆရာရွင့္"

"ေအး သမီးေရ ျဖည္းျဖည္းသြား ေခ်ာ္လဲမယ္"

ဂိတ္ေပါက္ဖြင့္သည္ႏွင့္ ကေလးအငယ္ေလးမ်ား စီတန္းေနရာက ႏွစ္ေယာက္တစ္တြဲစီ လက္ခ်ိတ္လ်က္ ခုန္ေပါက္ထြက္လာၾကကာ ေက်ာင္းဆင္းလွ်င္ လုပ္ၿမဲထုံးစံအတိုင္း ဂိတ္ေစာင့္ဆရာမ်ားကိုလည္း ႏႈတ္ဆက္ဖို႔မေမ့ၾက။

"ဆရာ"

"ေဟာ ေရာက္လာၿပီလား"

"နည္းနည္းေနာက္က်သြားတယ္။ငါးေပါင္မုန့္ စားမလား ဆရာ"

"သားဘာသာစားပါ။"

"ဆရာ့အတြက္ သီးသန့္၀ယ္လာတာ။"

အငယ္တန္းမ်ား အတန္းလိုက္ စီးတန္း၍ အသီးသီးထြက္သြားၾကၿပီးေနာက္တြင္ သားတို႔ အႀကီးတန္းမ်ား အလွည့္သို႔ေရာက္လာ၏။အႀကီးတန္းမ်ားျဖစ္သည့္အတြက္ ေဘး၌ ႀကီးၾကပ္သူဆရာမပါ။သားက ကိုယ့္ကိုျမင္သည္ႏွင့္ တန္းစီေနရာက ေဖာက္ထြက္လာကာ ကိုယ္ထိုင္ေနသည့္နံေဘး အေျပးကေလး ေရာက္လာသည္။ေက်ာပိုးအိတ္ကို ဇစ္ဆြဲဖြင့္၍ ကင္တင္းက ၀ယ္ထားဟန္တူေသာ ေပါင္မုန့္ထုတ္ကို ကိုယ့္ဆီ ကမ္းေပးသည္။ေဘး၌ အျခားတာ၀န္က်ဆရာမတစ္ေယာက္ရွိေနသျဖင့္ သားက ကိုယ့္ကို ပါပါးဟူ၍ ေခၚေဝၚသုံးႏႈန္းျခင္းေတာ့မရွိ။

"ဂြၽန္ေယာင္းေလးက ဆရာ့ကို သိပ္ခ်စ္ပုံပဲ။ဆရာဂိတ္တာ၀န္က်တဲ့အခ်ိန္တိုင္း မုန့္လာေကြၽးတတ္တယ္ေနာ"

"တီခ်ယ္လည္း စားပါအုံး"

"ေတာ္ပါၿပီရွင္။သားဘာသာ ၀ေအာင္စားပါ။ဒါနဲ႕ ဒီေန႕လည္း သားဒယ္ဒီပဲ လာႀကိဳမွာမဟုတ္လား"

"ဟုတ္ကဲ့"

"ဂြၽန္ေယာင္းေလး ဒယ္ဒီေလ။ဆရာက ေျပာင္းလာတာ မၾကာေသးေတာ့ သိပါ့မလား မသိဘူး။နာမည္က ပတ္ဂ်ီမင္းတဲ့။ဒီေက်ာင္းရဲ႕ founderလည္း ဟုတ္တယ္။ေကာင္ေလးက အသက္ကေလး သုံးဆယ္ေက်ာ္ပဲ ရွိေသးတာ။ဆရာတို႔နဲ႕ မတိမ္းမယိမ္းေလာက္ပဲ ရွိမယ္ထင္တယ္။နယ္ပယ္စုံမွာကို ေအာင္ျမင္တာေနာ္။သိပ္ေတာ္တယ္ သိလား ဆရာကင္မ္ေရ။ကေလးအတြက္ဆိုလည္း လိုေလေသးမရွိ။စည္းစနစ္ကလည္း တအားက်တာ။"

Section (C)တန္းခြဲကို အတန္းပိုင္ကိုင္ေသာ သခၤ်ာဆရာမက သားကိုေတြ႕သည္ႏွင့္ သားအနား ေရာက္လာသည္။သားတို႔အတန္းကို ဆရာမေရာ၊ကိုယ္ပါ ဘာသာရပ္သင္ဆရာမ်ားအျဖစ္ တာ၀န္ယူရ၍ ဆရာမက သားႏွင့္ကိုယ့္၏တရင္းတႏွီးရွိမႈအေပၚ ထူးၿပီးသံသယမ၀င္။

႐ုတ္ျခည္းပင္ အေၾကာင္းအရပ္မတိုက္ဆိုင္ပါဘဲ သူ႕အေၾကာင္း ဆရာမက ဂုဏ္ေဖာ္ခ်ီးက်ဴးေျပာလာေတာ့ ကိုယ္တစ္ေယာက္ ၿပဳံး႐ုံသာၿပဳံး၍ စကားမျပန္။ဘာမ်ား ထူးၿပီး ခ်ီးက်ဴးစရာ ရွိေနလို႔လဲ။သင္းဘာသာသင္း တတ္နိုင္လို႔ မိုးပ်ံေအာင္ ထင္ရွားေက်ာ္ၾကားေနပါေစ ကိုယ့္အတြက္ေတာ့ ခ်ဥ္ဖတ္ေအာ္ေၾကာလန္ဟူေသာ ဂုဏ္ပုဒ္တစ္ခုကလြန္၍ ထူး,ခ်ီးက်ဴးစရာမရွိ။ရိုက္သတ္ခ်င္စရာသာ ေကာင္း၏။

"ဆရာ ဒီနားေလး နားမလည္လို႔"

"ျပ"

သားတစ္ေယာက္ စာအုပ္ထုတ္၍ ဟိုဒီလွန္ေလာၾကည့္ေနရာက ကိုယ့္လက္ထဲ စာအုပ္လာထည့္ေပးသည့္အခါ ရွင္းျပဖို႔ ျပင္ရသည္။

"သူ႕ရဲ႕ အဓိက ဆိုလိုရင္းက စာပိုဒ္ရဲ႕ေအာက္ဆုံးစာေၾကာင္းမွာ ရွိတယ္။ဒီမွာၾကည့္ Bold Letterနဲ႕ ေရးထားတာ ေတြ႕သလား"

"ဟုတ္။ခဏေလးေနာ ဖုန္းလာေနလို႔"

စာရွင္းျပေနခ်ိန္ သားအိတ္ထဲ ဖုန္းျမည္သံ ထြက္လာသည္။သားတစ္ေယာက္ ဖုန္းေကာက္ထုတ္ရာက နံပါတ္ျမင္သည္ႏွင့္ မ်က္ႏွာႀကီးပုတ္သြား၏။ေဆာင့္ေအာင္ျငဴစူေသာ အသံျဖင့္

"ဒယ္ဒီရ ေလးမတ္တင္းမွ လာႀကိဳပါဆို။အခုမွ သုံးနာရီခြဲပဲ ရွိေသးတယ္"

"ဒယ္ဒီရွိေနေတာ့ သားသူငယ္ခ်င္းေတြက ဘယ္လိုလုပ္ၿပီး လြတ္လြတ္လပ္လပ္ ရွိပါေတာ့မလဲ။က်ဥ္းၾကပ္မွာေပါ့"

"ေတာ္ၿပီ ရတယ္။မစားေတာ့ဘူး။ေနာက္ရက္မွပဲ ျပန္ခ်ိန္းေတာ့မယ္"

တစ္ဖက္က ဖုန္းခ်သြားဟန္တူ၏။သားတစ္ေယာက္ ငိုမဲ့မဲ့ မ်က္ႏွာလုပ္၍ ေမာ့ၾကည့္လာၿပီးသည့္ေနာက္ ေက်ာပိုးအိတ္ထဲ စာအုပ္ကို အျမန္ေကာက္သိမ္း၍ ထည့္သည္။

"ဒယ္ဒီဟာေလ သားကိုဆို အၿမဲ မ်က္စိေဒါက္ေထာက္။အခုလည္း သူငယ္ခ်င္းေတြနဲ႕ မုန့္သြားစားရင္ ဒယ္ဒီလည္း လိုက္ခဲ့မယ္တဲ့။မလြန္ဘူးလား။ဟိုေနရာလိုက္ခ်င္ ဒီေနရာလိုက္ခ်င္နဲ႕ တအားဒယ္ဒီ စိတ္ပုတ္တယ္။စိတ္ဆိုးလိုက္တာ။သား သြားေတာ့မယ္ေနာ္ ဆရာ။မဟုတ္ရင္ ေက်ာင္းထဲထိ ၀င္ၿပီး လာေခၚမွာတဲ့ ဒယ္ဒီက"

အသံက်ယ္က်ယ္ျဖင့္ ထိုသို႔ဆိုၿပီးလွ်င္ ကိုယ့္အနား ကိုယ္ေလးယိမ္း၍ ကပ္လာၿပီးမွ

"ေနာက္အပတ္ ပါပါးဂိတ္တာ၀န္က်တဲ့အခ်ိန္မွ အေၾကာင္းျပခ်က္တစ္ခုခုရွာၿပီး လာထိုင္မယ္ေနာ။အခုက သူငယ္ခ်င္းအေၾကာင္းျပလည္း ဒယ္ဒီက မရဘူး"

"ေအးပါ။ျဖည္းျဖည္းသြား"

ခပ္တိုးတိုးဆိုလ်က္ သားတစ္ေယာက္ ျပာယာေျခာက္ခ်က္နိုင္စြာ ​ေက်ာပိုးအိတ္ႀကိဳးကို ပခုံးႏွစ္ဖက္ထဲ လွ်ိုသြင္းလ်က္ေနရာ အိတ္ကႀကိဳးမွာ လိမ္ေနသျဖင့္ ေဘးက ကူေပးရသည္။ေက်ာင္းေပါက္၀သို႔ တုတ္တုတ္တုတ္တုတ္ေျပးသြားရာက ေက်ာင္းအျပင္သို႔ေရာက္လွ်င္ သားတစ္ေယာက္ တစ္ခုခုကို သံေယာဇဥ္မျပတ္စြာ လွည့္ၾကည့္,လွည့္ၾကည့္လုပ္ေနေသးသည္။ကိုယ့္ထံက ေခါင္းတစ္ခ်က္ အညိတ္ကိုျမင္မွ သားခမ်ာ မ်က္ႏွာလႊဲရွာ၏။တစ္လမ္းေက်ာ္ရွိ ပလပ္ေဖာင္းေပၚတြင္ ထိုးရပ္ထားေသာ မာစီးတီးအျဖဴႀကီးေရွ႕ေရာက္လွ်င္ ကားတံခါးမွန္ကိုေခါက္၍ သားကိုယ္ေလးက ဟိုယိမ္းဒီယိမ္း။ကားမွန္ခ်ၿပီး သားမ်က္ႏွာကိုျမင္လွ်င္ျမင္ျခင္းပင္ ကားေပၚက လူတစ္ေယာက္ ဆင္းလာသည္။႐ုံး၀တ္ေဖာ္မယ္ suitကို သပ္ရပ္သန့္ျပန့္ေနေအာင္ စမတ္က်က်ဆင္၍ ဆံပင္ကို အေျပာင္လွန္သိမ္းၿဖီးသင္ၿပီး စူးေတာက္ေနေသာ ေနေရာင္ေအာက္မွာပင္လွ်င္ ထိုလူ႕မ်က္ႏွာက ၿပဳံး႐ႊင္ေနသည္။သားဆီက ေက်ာပိုးအိတ္ကို လက္ေျပာင္းယူသြားၿပီး သားေခါင္းကို ဖြလ်က္ သားuniformကို သပ္ရပ္ေအာင္ ညွိေပး၍ သားအဖႏွစ္ဦးသား ဘာစကား၀ိုင္းက်ေနသည္မသိ။ကားေပၚသို႔ သားတက္သြားသည့္ေနာက္ေတာ့ ၿပဳံးေနသည့္မ်က္ႏွာမွာ ခ်က္ျခင္းပင္ တည္တံ့သြားၿပီး လက္ပတ္နာရီတစ္ခ်က္ၾကည့္၍ ကားေပၚသို႔ သိုးသိုးသြက္သြက္ တက္သြားေတာ့၏။မ်က္စိေရွ႕က ကားအျဖဴ ၀ူးခနဲ ေမာင္းထြက္သြားမွ တစ္ခံေနေသာ ေလလုံးႀကီး ၀မ္းဗိုက္အတြင္းသို႔က်သည္။မဲ့ၿပဳံးတစ္ခ်က္ ႏႈတ္ခမ္းေပၚ တိတိပပတင္မိသြား၏။

သင္းဘာသာသင္း ဘယ္ေလာက္စမတ္က်က် ကိုယ့္အတြက္ေတာ့ က်က္သေရအတုံးလိုက္အတစ္လိုက္ တုံးခ်င္စရာ။ကိုယ့္ဗိုက္ထဲကထြက္သည့္ ကိုယ့္ေသြးသားေတာင္မွ သင္းလိုလူမ်ိဳးႏွင့္က်မွ လြတ္လြတ္လပ္လပ္ ေတြ႕ခြင့္မရ။

"မလာခဲ့နဲ႕ မင္းလို ေပေရစုတ္ျပတ္ေနတဲ့ ကေလးမ်ိဳးနဲ႕ ငါအတူမကစားနိုင္ဘူး"

"ထယ္ေယာင္းက မညစ္ပတ္ပါဘူး ညီေလးရဲ႕။သန့္ရွင္းပါတယ္။ၾကည့္ပါလား ေမႊးလို႔ႀကိဳင္လို႔။"

"ဟုတ္တယ္ ငါက ေန႕တိုင္းေရခ်ိဳးတယ္။မင္းလို သုံးရက္မွတစ္ခါ ေရခ်ိဳးၿပီး အေမႊးအႀကိဳင္ေတြ စြတ္ျဖန္းထားတဲ့ ညစ္ပတ္ေကာင္မဟုတ္ဘူး"

"မႀကိဳက္ဘူးဗ်ာ။သူ႕အကၤ်ီေတြက ဒီေလာက္ ညစ္ေထးေနတာ။ဟိုေနရာ တစ္ေပါက္ ဒီေနရာတစ္ေပါက္နဲ႕။ခ်ဳပ္ရာ၊သီရာေတြခ်ည္းပဲ။ဒီလိုဆင္းရဲသားကေလးမ်ိဳးနဲ႕ ငါအေပါင္းအသင္းမလုပ္ဘူး။ငါနဲ႕လာမေပါင္းနဲ႕...ေဝးေဝးမွာေန!"

"မေပါင္းေနေပါ့။မင္းမေပါင္းလည္း ကိုႀကီးက ငါနဲ႕အတူတူ ကစားမွာ။မင္းသာ ဘ၀င္ျမင့္ေလဟပ္ၿပီး အေပါင္းမရွိ၊အသင္းမရွိ တစ္ေယာက္တည္းေန ဆိုက္ကိုအ႐ူးေကာင္"

မဲ့ၿပဳံးမွာ ထယ္ေယာင္းႏႈတ္ခမ္းထက္ သာ၍ထင္းေနေအာင္ ေပၚသည္။ဘ၀င္ျမင့္၊ ဘ၀င္႐ူးေရာဂါက ဒီအခ်ိန္ထိ ကပ္ပါလာတုန္း။တစ္ဖက္သတ္၊တစ္ယူသန္ ကိုယ့္တစ္ဖို႔တည္းအျမင္နဲ႕ တစ္ဖက္သားအေပၚ စြပ္စြဲေစာ္ကား ေျပာဆိုတတ္တဲ့အက်င့္ အခုခ်ိန္ထိ ရွိတုန္း။ဒါေတြေၾကာင့္လည္း မင္းကိုငါ ေသေလာက္ေအာင္ ႐ြံတာ ပတ္ဂ်ီမင္း!

4477words
Mon,March11

ေျပာရရင္ ကာရိုက္တာႏွစ္ခုစလုံးက အၿငိမ္ပါ။ေအးတယ္၊ဘာသိဘာသာ ေနတတ္တယ္၊မာနကိုယ္စီရွိတယ္၊မဟုတ္မခံစိတ္ထားမ်ိဳးလည္း ရွိတယ္။ဒါေပသိ ႏွစ္ေယာက္သားက မ်က္ႏွာခ်င္းဆိုင္ေတြ႕ရင္ေတာ့ ဓာတ္ဆီနဲ႕ေလာင္စာ။

ကဲ ဒါဆို ေနာက္အပိုင္းကစၿပီး ငယ္ဘ၀က သြားၾကမလား။သေဘာက်ရင္ Vote(သို႔)feedbackတစ္ခုခု ခ်န္ထားခဲ့ၾကေနာ္။မဟုတ္ရင္ ကြၽန္ေတာ္ ဆက္ေရးဖို႔ အားျပတ္လို႔။က်န္တဲ့ongoingေတြလည္း ဆက္ေရးရအုံးမွာမို႔ ဒါေလး ဖတ္သူမ်ားတဲ့အခ်ိန္အထိ ခဏေစာင့္အုံးမယ္ေနာ္။Viewသုံးရာေက်ာ္ရင္ ျပန္လာခဲ့ပါမယ္။

Seguir leyendo

También te gustarán

96.5K 2.2K 12
Park Jimin x Kim Taehyung
3.4K 504 11
A littleလေး Warningများမယ်ထင်ပါတယ်။
327K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
668K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...