Forever and Ever and Always

By BiU333

6.5K 846 256

I promise I'll be yours forever More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17 ๐Ÿค๐ŸคŽ
18
19
Finale

14

322 38 6
By BiU333

ဒီကြားထဲမှာ ဂျိတ်ခ်က သူ့ဖေဖေကုမ္ပဏီမှာ ဝင်လုပ်နေပြီဖြစ်ပြီး ဆောင်ဟွန်းကလည်း 5နှစ်ပြည့်ပွဲအတွက်အလုပ်ရှုပ်နေရသည်။ သိပ်မတွေ့ဖြစ်ပေမဲ့ တစ်​နေ့တစ်ခါတော့အနည်းဆုံး ဖုန်းဆက်ဖြစ်သည်။ ဂျိတ်ခ်ရဲ့ အသံလေးကိုပါမကြားရရင် ဆောင်ဟွန်းရဲ့ တစ်နေ့တာမှာ တစ်စုံတစ်ခုလစ်ဟာနေသလို မပြည့်စုံတဲ့ခံစားချက်ကြီးကို ခံစားရတတ်သည်။ ဒါတောင် တစ်ခါတစ်လေကျ မျက်နှာလေးကို အရမ်းမြင်ချင်လာတာကို သည်းမခံနိုင်တော့ဘူးဆိုရင်တော့ အရမ်းနောက်ကျနေရင်တောင် ဂျိတ်ခ်ရဲ့တိုက်ခန်းကို ဆောင်ဟွန်းရောက်သွားလေ့ရှိတယ်။ အဲ့လိုနေ့တွေဆို ဂျိတ်ခ်ကလည်း အလိုက်တသိ ဘာမှမမေးခဲ့သလို ဆောင်ဟွန်းက သူ့အိမ်မှာ အိပ်သွားမယ်ဟုပြောလာခဲ့လျှင်လည်း အသာတကြည်လက်ခံလေ့ရှိသည်။ sunooနဲ့အခြေအနေကလည်း ဆောင်ဟွန်းက လမ်းခွဲဖို့စကားစတယ်လို့ထင်ရင် sunooကတစ်ခုခုအကြောင်းပြပြီးရှောင်ထွက်သွားတတ်သည်။ဆောင်ဟွန်းကတော့ ဒီပွဲ ပြီးလျှင် sunooနဲ့သေချာမျက်နှာချင်းဆိုင်ပြီး အေးဆေး ပြောဖို့စိတ်ကူးထားတယ်။ sunooနဲ့က လမ်းခွဲသွားပြီးလျှင်တောင် အလုပ်ကိစ္စတွေနဲ့တွေ့နေရဦးမှာမလို့ အရမ်းအခြေအနေမဆိုးသွားအောင် ဂရုစိုက်ပြီးဖြေရှင်းမှရမည်ကို ဆောင်ဟွန်းသိသည်။ ဒါပေမဲ့ အခြေအနေတွေက အဲ့လိုဖြစ်မလာတဲ့အခါ.....

( ပွဲနေ့ ညနေ 5နာရီ )

5နှစ်ပြည့်ပွဲမှာ အမှတ်တရဖြစ်ချင်တာမလို့ ပွဲကို ကုမ္ပဏီမှာပဲ လုပ်ဖြစ်ခဲ့ပြီး brandစထုတ်တည်းကနေစလို့ ဒီနေ့အထိ ထုတ်ခဲ့သမျှ ဒီဇိုင်းအကုန်ကို ပြန်ပြဖို့ရာ မော်ဒယ်များပါငှားပြီး runway ကိုပါထည့်သွင်းထားခဲ့သည်။ ဒါဟာ ဂျုံဆောင်းနဲ့ဆောင်ဟွန်းရဲ့ ကြိုးစားမှု၊ စွန့်စားမှုတွေနဲ့ အောင်မြင်မှုတွေပဲ ဖြစ်သည်မလား။ sunooကတော့ ပင်တိုင်modelအဖြစ်ရော၊ သီချင်းဖျော်ဖြေဖို့ရာတွင်ပါ ကူညီပေးဖို့ လုပ်ထားသည်။

ပွဲမစခင်တည်းက ဆောင်ဟွန်း မျှော်နေမိတဲ့ ကောင်လေးဟာ ပွဲစပြီးအတော်ကြာမှ ရောက်လာခဲ့သည်။

" sorry အလုပ်မှာ အစည်းအဝေးရှိတာနဲ့နောက်ကျသွားတယ် "

" ရပါတယ် "

" မင်း speechမပြောရသေးဘူးမလား "

" Omm ခဏနေမှ "

" တော်သေးတယ် ဟူးး မောလိုက်တာ "

အရှေ့ဆုံးက VIP ဝိုင်းမှာ ထိုင်နေတဲ့ ဆောင်ဟွန်းရဲ့ ဘေးခုံမှာ ဂျိတ်ခ်ဟာဝင်ထိုင်ရင်း အမောဖြေနေသည်။ ဂျိတ်ခ်ရဲ့ ချွေးစို့နေ့တဲ့ လည်ပင်းလေးစီကို အကြည့်ရောက်သွားတော့ ဆောင်ဟွန်းရဲ့ လက်ဟာ အသားကျနေသည့်အတိုင်း သူ့အလိုလိုမြောက်တက်လာပြီး လည်ပင်းနားလေးထိ တိုးသွားလိုက်ရင်း လေးအေးလေးတွေရအောင် လက်ဖြူဖြူသွယ်သွယ်လေးတွေကို ကြိုးစားပြီး စတင် လှုပ်ခတ်တော့သည်။

" အေးဆေးလာလည်းရပါတယ် ဂျိတ်ခ်ရယ် "

လှုပ်ခတ်နေတဲ့ ဆောင်ဟွန်းရဲ့ လက်ကို ဆွဲချလိုက်လို့

" မင်း speechမပြောခင်ရောက်မှဖြစ်မှာမလို့လေ"

" အဲ့ဒါတော့ ဟုတ်တယ်။ မင်းမရှိရင် ငါ စိတ်လှုပ်ရှားပြီး တုန်နေလောက်မှာ "

ထပ်မံ မြောက်တက်လာတဲ့ ဆောင်ဟွန်းရဲ့ လက်ကို ဂျိတ်ခ်ဟာ ပြန်ဆွဲချလိုက်ရင်း

" မလုပ်နဲ့ "

" မင်း ပူနေတယ်မလား? "

" ခဏနေ အေးသွားမှာ။ မင်းက ဒီပွဲမှာ အဓိကနေရာမှာရှိနေတာနော် ပတ်ဆောင်ဟွန်းရှီ "

" အဲ့တော့ "

အရှေ့က စင်ပေါ်မှာ သီချင်းဆိုပြီး ဖျော်ဖြေနေတဲ့ အဆိုတော်ကောင်မလေးတစ်ယောက်ကိုလည်း အာရုံမရ၊ ဘယ်သူ့ကိုမှလည်း အာရုံမစိုက်အားပဲ ဆောင်ဟွန်းဟာ ဘေးမှာထိုင်နေတဲ့ ချွေးစို့နေတဲ့ လည်ပင်းလေးစီမှာပဲ အကြည့်တွေက မြဲနေခဲ့သည်။

" အကုန်လုံးရဲ့ မျက်လုံးတွေက မင်းစီမှာ။ အနေအထိုင်ဆင်ခြင်။ ငါ မင်းကို ဘယ်သူ့စီကမှ အပြောမခံနိုင်ဘူး "

" အပြောမခံချင်ရင် အပြောမခံရအောင်နေပေါ့ ရှင်းမ်ဂျိတ်ခ်ရှီ "

" ရားးး ပတ်ဂျုံဆောင်း မင်းဘာစကားပြောတာလဲ"

အခွင့်ရတာနဲ့ စကားလုံးတွေနဲ့ ထိုးနှက်နေကြ ဒီနှစ်ယောက်ဟာ အခုလည်း အလယ်မှာထိုင်နေတဲ့ဆောင်ဟွန်းကို ကျော်လို့ ရန်ဖြစ်နေကြသေးသည်။ ဂျောင်ဝန်းစီက ဆွဲစိတ်ခံလိုက်ရလို့ တိတ်သွားတဲ့ ဂျုံဆောင်းနဲ့ ဆောင်ဟွန်းက ပြုံးကာ ခေါင်းခါပြလိုက်လို့ ငြိမ်သွားတဲ့ ဂျိတ်ခ်။ အဆိုတော်ကောင်မလေးအလှည့်ပြီးသွားတော့ co-ceoဖြစ်တဲ့ ဆောင်ဟွန်းရဲ့ ကျေးဇူးတင်စကားပြောဖို့ အစီအစဥ်ရောက်လာခဲ့သည်။ ဆောင်ဟွန်းဟာ ဘေးက ဂျိတ်ခ်ရဲ့ ပေါင်ပေါ်ကို လက်ဖဝါးဖြန့်ပြီးတင်လိုက်တော့ ဖြန့်ထားတဲ့လက်ဖဝါးပေါ်ကို ချက်ချင်းဝင်ရောက်လာတဲ့ နွေးထွေးတဲ့လက်လေးတစ်ဖက်။ အဲ့လက်လေးကို ဆုပ်ကိုင်လို့ မျက်လုံးများမှိတ်ကာ ရရှိနေတဲ့ နွေးထွေးမှုလေးတွေကို ခံစားလိုက်သည်။ ထိုနွေးထွေးမှုလေးတွေက ဆောင်ဟွန်းတစ်ကိုယ်လုံးစီကို စီးဆင်းလာလို့ စိတ်လှုပ်ရှားမှုတွေကို ပယ်ဖျက်ပေးကာ ခွန်အားတွေကို လက်ဆောင်အဖြစ် ပေးလာခဲ့သည်။ ဘာစကားလုံးတွေမှ လိုအပ်မနေခဲ့ဘူး၊ ဆုပ်ကိုင်ပေးတဲ့ လက်လေးတစ်ဖက်ကပဲ ဆောင်ဟွန်းကို အရာအားလုံးကို ရင်ဆိုင်နိုင်စေတဲ့ သတ္တိတွေကို ပေးနိုင်စွမ်းရှိတယ်။

စင်ပေါ်မှာ စကားပြောနေတဲ့ ဆောင်ဟွန်းပေါ်ကို ဖြာကျနေတဲ့ ဆလိုက်မီးအရောင်အောက်မှာ ဖြူလွန်းတဲ့အသားအရည်နဲ့ လိုက်ဖက်ညီအောင် ကာကီရောင်suitကိုဝတ်ဆင်ထားပြီး ထူထဲမည်းမှောင်နေတဲ့ မျက်ခုံးနှစ်ဖက်အောက်က မျက်ဝန်းတွေဟာ စူးရဲနေခဲ့တယ်။ စကားပြောနေတဲ့ နှုတ်ခမ်းတစ်စုံက ထွက်လာတဲ့ သြရှရှအသံဟာ ဆွဲဆောင်မှုရှိလွန်းလှပြီး မော့ထားတဲ့ ခေါင်းဟာလည်း ယုံကြည်မှုတွေဘယ်လောက်တောင်ရှိတဲ့ ယောင်္ကျားတစ်ယောက်လည်းဆိုတာကို လူအများရှေ့မှာ သက်သေပြနေခဲ့တယ်။ speechပြောအပြီး ချီးကျူးဂုဏ်ပြုကြတဲ့ လက်ခုပ်သံတွေကြားထဲကနေ စင်အောက်ကို ပြန်ဆင်းအလာမှာ ရှေ့ဆုံးမှာ ထိုင်နေတဲ့ ချစ်ရတဲ့သူစီကို အကြည့်ပို့မိတော့ လက်ခုပ်တီးနေရင်းနဲ့ပဲ ဆောင်ဟွန်းကို " I am so proud of you" ဟု နှုတ်ခမ်းလေးတွေကို လှုပ်ပြရင်း ပြောပြနေခဲ့တယ်။ နောက်ထပ် speechပြောရမဲ့ ဂျုံဆောင်းနဲ့ ဆုံတော့ နှစ်ယောက်သား ဖက်ရင်း တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ဂုဏ်ပြုပေးခဲ့ကြသည်။ ဂျိတ်ခ်ရဲ့ ဘေးကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့

" ဝါး ပတ်ဆောင်ဟွန်းက မိုက်လိုက်တာ "

" ဟားဟား ခုမှ သိတာလား "

" သိပါတယ် ဒါပေမဲ့ ဒီနေ့ပိုမိုက်နေတယ် "

" ကျေးဇူးပါပဲ ရှင်းဂျိတ်ခ်ရှီ "

" ခ်ခ်ခ် "

" ဂျုံဆောင်းပြောပြီးရင် runwayစလိမ့်မယ်။ အဲ့ကျ ငါနဲ့ ဂျုံဆောင်း ဧည့်သည်တွေကို လိုက်နှုတ်ဆက်ရမှာမလို့ မင်း ဂျောင်ဝန်းနီးနဲ့ ခဏနေခဲ့နော် "

" Ok "

" အစားအသောက်တွေနဲ့အရက်တွေလည်း လာချပေးမှာမလို့ အရမ်းတော့မသောက်နဲ့နော် Jakey "

" ငါက ကလေးလား? စိတ်ပူမနေပါနဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ "

" ဒါနဲ့ ဆောနူကိုလည်း မတွေ့ပါလား "

" backstage မှာ ရှိတယ်။ runwayအတွက်ပြင်ဆင်နေရတယ်လေ "

"သြော် ငါလည်း runway ဝင်လျှောက်လိုက်ရမလား? ငါ့လို ရုပ်ရည်နဲ့ဆို အကုန်ငေးကြည့်ကြမှာ"

" အဲ့လို ကြည့်ကြမှာစိုးလို့ မင်းကတော့ မဖြစ်ဘူး "

ပြုံးရယ်နေတဲ့ မျက်နှာကနေ မျက်မှောင်ကျုံ့သွားပြီး တည်သွားတဲ့ ဆောင်ဟွန်းကို ဂျိတ်ခ်က

" ဘာလို့လဲ? "

" ဟိုမှာ ဂျုံဆောင်း ပြောတော့မယ် "

စကားလမ်းကြောင်းလွှဲလိုက်တဲ့ ဆောင်ဟွန်းကို ဂျိတ်ခ်ကတော့ နှုတ်ခမ်းဆူပြလျက် ဟိုဘက်လှည့်သွားသည်။ မင်းကတော့မဖြစ်ဘူး၊ မင်းရဲ့ တစ်ကိုယ်လုံးကို ငေးကြည့်ကြမဲ့ မျက်ဝန်းတွေက ငါ့ကို အဆင်မပြေစေဘူး Jakey၊ အခုတောင် ပွဲထဲက တချို့မျက်ဝန်းတွေက ဆွဲဆောင်မှုရှိလွန်းနေတဲ့ မင်းစီ ပျံဝဲနေတာကို ငါ မနည်းသည်းခံနေရတာ။

ဂျိတ်ခ်ဟာ ဂျောင်ဝန်းနီနဲ့ စကားတွေပြောနေတုန်းနှာခေါင်းထဲမှာ ဆောင်ဟွန်းနီရဲ့ ရေမွှေးနံ့ကိုရလိုက်တာကြောင့် အနောက်ဝိုင်းကို လှည့်ကြည့်လိုက်တော့ ဂျိတ်ခ်တို့နဲ့ ကပ်ရပ်အနောက်ဝိုင်းက လူတွေနဲ့ စကားပြောနေတဲ့ ဆောင်ဟွန်းတို့ကိုတွေ့ရသည်။ ဆောင်ဟွန်းရဲ့ ဘေးမှာတော့ ဆောနူက ရှိနေတယ်။ cocktailခွက်ကို ကောက်ကိုင်လိုက်ရင်း ဆောင်ဟွန်းတို့စကားဝိုင်းစီ မသိမသာနားစွင့်မိတော့...

" ဒီနေ့ပွဲကို အချိန်ပေးပြီး တက်ပေးလို့ ကျေးဇူးတင်ပါတယ် "

" မဟုတ်တာ။ အမှန်တော့ ကျွန်တော့်သမီးတွေက ဒီပွဲကို လိုက်ချင်နေကြတာ၊ကျောင်းကိစ္စနဲ့မအားဘူးဖြစ်နေလို့သာပေါ့။ "

" နောက်တစ်ခါကျရင်တော့ ရအောင်ခေါ်လာခဲ့ပါ အန်ကယ် "

" အန်ကယ် မင်းတို့စီမှာ ရှယ်ယာဝယ်ထားတာကို သူတို့ကကျေနပ်နေကြတာလေ။ သမီးတွေက ဒီကထုတ်တဲ့fashionတွေကို အရမ်းကိုကြိုက်ကြတာ"

" ဟုတ် ကျေးဇူးတင်ရပါတယ် အန်ကယ် "

" ဂျုံဆောင်းကတော့ ဆိုင်သူရှိနေပြီးသားဆိုတော့ အဟင်းဟင်း ဆောင်ဟွန်းကို အန်ကယ်က သားမက်တော်ချင်နေတာ "

ဘယ်နှစ်ခွက်မြောက်မှန်းမသိတဲ့ cocktailအပြင်းစားတစ်ခွက်ကို ထပ်မံ၍ မြိုချပြစ်လိုက်ရင်း စိတ်ထဲမှလည်း ပတ်ဆောင်ဟွန်းကို

' ငြင်းပြစ်လိုက်လေ။ ဘာလို့ဘာမှမပြောပဲနေနေတာလဲ ဒီကောင် ပတ်ဆောင်ဟွန်းတော့ သေချင်နေပြီလားမသိဘူး '

ဆောင်ဟွန်းက ဘာမှမပြောတော့ အဲ့လူကြီးကပဲ ထပ်ပြီး

" ဒါပေမဲ့ကွာ.... ဆောင်ဟွန်းက ဒီက ဆောနူနဲ့ပိုလိုက်ဖက်နေတယ်လို့ပဲ အန်ကယ့်မျက်စိထဲ ဘာလို့ အဲ့လိုမြင်နေရတာပါလိမ့်? "

ဂျိတ်ခ်သည်းမခံနိုင်တော့ဘူး။ အပြင်းစားcocktailကို အကုန်သောက်ပြစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တော့မှ ယိုင်ခနဲ ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကြောင့် သူသောက်ခဲ့သမျှအရက်တွေက အခုမှ အစွမ်းပြလာပြီဆိုတာကို သိလိုက်ရသည်။

" ဂျိတ်ခ်hyung ဘယ်သွားမလို့လဲ "

" hyung toilet ခဏသွားလိုက်ဦးမယ် "

" ကျွန်တော် လိုက်ခဲ့ပေးရမလား hyung "

" ရတယ် ဂျောင်ဝန်းနီ ရတယ် "


ထိုင်နေရာကနေ ထ ထွက်သွားတဲ့ ဂျိတ်ခ်ကို ဆောင်ဟွန်းမြင်လိုက်သည်။ဘာလို့လည်းမသိပေမဲ့ ဘေးမှာရှိနေတဲ့ အောက်ခံရှပ်ကို ဇာအပါးဝတ်ထားပြီး အပေါ်က coatကို ကိုယ်ကျပ်ဝတ်ထားလို့ သေးသွယ်တဲ့ခါးနဲ့ လှပတဲ့ကောက်ကြောင်းပေါ်နေတဲ့ ဆောနူထက် အမည်းရောင်ရှပ်နဲ့ ဘောင်းဘီရော coatရောကို ခပ်ပွပွဝတ်ဆင်ထားတဲ့ကောင်လေးတစ်​ယောက်ရဲ့ နောက်ကျောလေးကသာ ဆောင်ဟွန်းရဲ့ ရင်ခုန်သံတွေကို ပိုပြီးဆူညံလာစေနိုင်ခဲ့သည်။ ခပ်ယိုင်ယိုင်သွားနေတဲ့ ခြေလှမ်းလေးတွေကို ကြည့်ရင်း ဂျိတ်ခ်အနည်းငယ်မူးနေပြီဆိုတာ ဆောင်ဟွန်းသိနေသည်။

" ဂျုံဆောင်း ငါ toilet သွားလိုက်ဦးမယ် "

ဂျုံဆောင်းရဲ့ နားနားကို အသာကပ်ပြောရင်း

" အန်ကယ်ကျွန်တော့်ကို ခွင့်ပြုပါဦး "

" အေးပါကွယ် "

အဲ့ဒီ​ စကားဝိုင်းထဲကနေ ထွက်လာလိုက်ပြီး ဆောင်ဟွန်းရဲ့ ဦးတည်ရာဟာ ဂျိတ်ခ်နောက်သို့လိုက်ဖို့ရာအတွက်ဖြစ်သည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားတဲ့ ဆောင်ဟွန်းရဲ့ လက်မောင်းတွေပေါ်ကို ကျရောက်လာတဲ့ လက်ဖြူဖြူလေးတစ်ဖက်ကြောင့် ဘေးကို လှည့်ကြည့်လိုက်တော့

" ဘယ်သွားမလို့လဲ ကိုကို "

" သန့်စင်ခန်း ခဏ "

" ငါလည်း လိုက်မယ် "








" Oh!!! Sorry "

ဂျိတ်ခ်က သန့်စင်ခန်းထဲကိုအဝင်မှာ အထဲကနေ ထွက်လာတဲ့လူတစ်ယောက်နဲ့ တိုက်မိတာကြောင့် sorryလို့ပြောလိုက်ပြီးနောက် သန့်စင်ခန်းထဲကို ဝင်သွားဖို့ရာလုပ်လိုက်ပေမဲ့ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး တားလိုက်တဲ့ ထိုလူကြောင့် ဂျိတ်ခ်ဟာ အဲ့လူမျက်နှာကို သေချာစိုက်ကြည့်ပေးလိုက်သည်။ မူးနေပေမဲ့ သဲသဲကွဲကွဲမြင်နေရတဲ့ အဲ့လူမျက်နှာကို ကြည့်ပြီး တစ်နေရာရာမှာ မြင်ဖူးသလိုခံစားလိုက်ရတယ်။

" မင်းပဲ..... ဟီဆွန်းရဲ့ ကောင်လေးပဲ "

" ဟင် ခင်ဗျား "

အဲ့လူဘယ်သူလဲဆိုတာကို မှတ်မိသွားတာနဲ့ တစ်ပြိုင်နက် သူ့လက်ကို ဆုပ်ကိုင်ထားတဲ့အဲ့လူရဲ့ ရွံစရာလက်တွေကို အားနဲ့ဆောင့်ချလိုက်သည်။

" ဟက်ဟက် အခုထိလည်း ဒေါသတွေကြီးတုန်းပါပဲလား "

" ခင်ဗျား ဒီကို ဘယ်လိုရောက်နေတာလဲ? "

" ကိုယ်က တရားဝင်အဖိတ်ခံရလို့ ရောက်နေတာပေါ့။ ကိုယ့်အဖေက ဒီကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ပဲလေ "

" အဲ့ဒါတွေ စိတ်မဝင်စားဘူး။ ခင်ဗျား ဆောင်ဟွန်းကိုသာ မနှောက်ယှက်ပါနဲ့ "

" ဟားဟား မနှောက်ယှက်ပါဘူး "

အဲ့လူဟာ ဂျိတ်ခ်ရဲ့ နားနားကို ကပ်တိုးလေး ပြောလာတဲ့စကားကြောင့် ဂျိတ်ခ် ဒီနေရာမှာ လူသတ်မိတော့မယ်ထင်တယ်။

" ကိုယ်က ဆောင်ဟွန်းကို အတည်လိုချင်တာပါ "

ထိန်းမရတော့တဲ့ ဒေါသတွေနဲ့ ဂျိတ်ခ်ဟာ အဲ့လူရဲ့ ကော်လံနှစ်ဖက်ကိုဆောင့်ဆွဲလိုက်ပြီး

" အဲ့နေ့က မကွဲသွားတဲ့ ခေါင်း အခုကွဲချင်နေပြီထင်တယ် ဟုတ်လား!!!!! "

အရက်မူးမနေခဲ့တဲ့ အဲ့လူရဲ့ သန်မာတဲ့လက်ဟာ ဖြတ်ခနဲ ဂျိတ်ခ်ရဲ့ လည်ပင်းစီကို ရောက်လာပြီး အားနဲ့ညှစ်ကိုင်လာသည်။

" ဒီမှာ မင်းနဲ့ ဆောင်ဟွန်းက ဘာဆိုင်နေလို့လဲ? သြော်အော် မင်းကရုပ်လေးဗန်းပြပြီး heeseungလည်းမလွတ် ဆောင်ဟွန်းလည်းမလွတ် အကုန်လုံးကို မင်းပဲပိုင်ချင်နေတယ်ပေါ့ "

အနည်းငယ်မူးနေတဲ့ ဒဏ်နဲ့ အားနဲ့ညှစ်ခံထားရတဲ့ ဒဏ်ကြောင့် ဂျိတ်ခ် အသက်ရှူမဝချင်သလိုဖြစ်လာနေပြီ။ အညှစ်ခံထားရတဲ့ လက်စီကနေ ရုန်းဖို့ကြိုးစားပေမဲ့ ဂျိတ်ခ်ကရုန်းလေ ထိုလူက မလွှတ်ပေးပဲ ပိုညှစ်လေဖြစ်နေသည်။ အဲ့လို ရုတ်ရင်းဆန်ခတ်ဖြစ်နေပြီး ခဏအကြာမှာတော့ ဂျိတ်ခ် လည်ပင်းပေါ်က လက်တွေ လွတ်ထွက်သွားတာကြောင့် ကြမ်းပြင်ပေါ်ကို ဒူးခွေကျသွားကာ အသက်ကို အမြန်လုရှူနေရသည်။ အနည်းငယ်အဆင်ပြေသွားချိန်မှာမှ နားထဲမှာ တိုးဝင်လာတဲ့ " ကိုကို" ဆိုတဲ့ အသံကြောင့် လန့်ဖြန့်ပြီး အရှေ့ကို ကြည့်မိတော့ ကြမ်းပြင်ပေါ်မှာ ပက်လက်လန်နေတဲ့ ထိုလူရယ်၊ ထိုလူကို ခွထားပြီး အပေါ်ကနေ မျက်နှာကို လက်သီးနဲ့ ဆွဲထိုးနေတဲ့ ဆောင်ဟွန်းရယ်၊ ဆောင်ဟွန်းရဲ့ လက်တွေကို ငိုပြီး ဆွဲတားနေတဲ့ ဆောနူရယ်ကို တွေ့ရသည်။

" ကိုကို တော်ပါတော့!!!!! "

" ကိုကို!!!!! "

" ကိုကို တော်တော့လို့ ပြောနေတယ်လေ!!! "

" ဆောင်ဟွန်းနား "

အရှိန်မပြတ်ထိုးနှက်နေတဲ့ လက်သီးဖြူဖြူလေးဟာ တိုးလျစွာထွက်ပေါ်လာတဲ့ တုန်ရီနေတဲ့ အသံလေးကြောင့် လေထဲမှာရပ်တန့်သွားတဲ့နောက် ဒေါသတွေနဲ့ မျက်ဝန်းတစ်စုံဟာလည်း ထိုအသံလာရာစီသို့ ကြည့်မိတဲ့အခါ ဒေါသတွေပြည့်လျံနေတဲ့ မျက်ဝန်းတွေကနေ စိုးရိမ်မှုတွေပြည်လျံနေတဲ့ မျက်ဝန်းတွေအဖြစ်သို့ ပြောင်းလဲသွားသည်။ ခွထိုင်ထားတဲ့ ခန္ဓာကိုယ်ပေါ်ကနေ ထလာပြီး ကြမ်းပြင်ပေါ်မှာ ထိုင်လျက်လေးဖြစ်နေတဲ့ ဂျိတ်ခ်စီသို့ ရောက်လာခဲ့သည်။

" Jakey!! အဆင်ပြေရဲ့လား? မင်း အဆင်ပြေရဲ့လားဟင် "

" ငါ အဆင်ပြေတာမလို့ မင်း ဒေါသတွေလျော့လိုက်တော့နော် "

" မဟုတ်ဘူး အဲ့ကောင်ကို ငါ ဒီနေရာမှာ သတ်မှာ။ မင်းကို နာကျင်အောင်လုပ်တဲ့ အဲ့ကောင်ကို သတ်ပြစ်မှာ "

အဲ့လူစီကို ပြန်သွားဖို့ ထရပ်လိုက်တဲ့ ဆောင်ဟွန်းရဲ့ လက်တွေကို ဂျိတ်ခ်အလျှင်အမြန် လှမ်းဆွဲထားလိုက်ရသည်။

" တော်ပါတော့ ဆောင်ဟွန်းနား...ငါ....ငါ့ကို ဒီနေရာကနေ ခေါ်သွားပေးပါ "

ကြမ်းပြင်ပေါ်က ကိုယ်လေးကို အသာအယာဆွဲထူလို့ လမ်းလျောက်လို့ရအောင် တွဲပေးလိုက်ပြီး ဆောင်ဟွန်းဟာ ဂျိတ်ခ်ကို သူ့ရဲ့ ရုံးခန်းထဲကို ခေါ်လာလိုက်သည်။ ရုံးခန်းထဲက ဆိုဖာပေါ်မှာ ဂျိတ်ခ်ကို လှဲနေစေကာ ခဏအနားယူလိုက်ဖို့ ပြောပြီးနောက် ဆောင်ဟွန်းဟာ အတွင်းရေးမှူးကို ခုနက အရှုပ်တွေကို ဂျုံဆောင်းကို ပြောပြပြီးရှင်းလိုက်ဖို့ ဖုန်းဆက်ကာ ခိုင်းစေလိုက်သည်။

ထို့နောက် အသာမှေးနေတဲ့ ဂျိတ်ခ်ရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပြီးတဲ့နောက် ဂျိတ်ခ်ရဲ့ မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးကာ လက်နဲ့ဆော့ကစားနေမိသည်။ မျက်လုံးတွေပိတ်ထားလျက်နဲ့ကို နီရဲနေတဲ့နှုတ်ခမ်းလေးတစ်စုံကတော့ အနည်းငယ် ကွေးညွတ်လာလို့ အပြုံးသေးသေးလေးတစ်ခုက ဖြစ်ပေါ်လာပြီးတဲ့နောက်

" ပတ်ဆောင်ဟွန်း ရုပ်ဆိုးကောင် "

ရွှင်မြူးသံလေးနဲ့ ကျီစယ်တဲ့စကားလေးက ခုနကမှ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာ မဖြစ်ခဲ့သည့်အလား

" ဘာပြောတယ် "

" ပတ်ဆောင်ဟွန်း ရုပ်ဆိုးကောင်လို့ "

ဆောင်ဟွန်းကို ရုပ်ဆိုးကောင်လို့ ပြောနေတဲ့ ဂျိတ်ခ်ကို အသည်းယားလာလွန်း၍ ဆောင်ဟွန်းဟာ လက်နှစ်ဖက်နဲ့ ဂျိတ်ခ်ရဲ့ ခါးကို ကိုင်လိုက်လို့ လက်ချောင်းလေးတွေနဲ့ ကလိထိုးလိုက်တဲ့အခါ ယားတတ်တဲ့ ဂျိတ်ခ်ဟာ တဟားဟား အော်ရယ်ကာ လူးလွန့်လာတော့သည်။

" အားး ယားတယ် "

" ပြန်ပြောဦး မင်း ခုနကဘာပြောလိုက်တယ် "

" မလုပ်နဲ့ ဆောင်ဟွန်းနားးးး ယားတယ် ယားတယ်လို့ "

" ဘာဖြစ်တယ် ပတ်ဆောင်ဟွန်း ဘာဆိုလား ဟမ် "

" တော်တော့လို့....ယားတယ် ဆောင်ဟွန်းနား....မလုပ်နဲ့ "

" မတော်ဘူး ခုနကဘာဖြစ်တယ် ပြန်ပြော "

ရှိသမျှအားအကုန်သုံးလို့ ဆောင်ဟွန်းရဲ့လက်တွေကို တွန်းဖယ်နေတဲ့ဂျိတ်ခ်ကို ဒီအချိန်မှာ အလျော့မပေးချင်တဲ့ ဆောင်ဟွန်းဟာ တမင်ညစ်ပြီး ခါးနဲ့ ဗိုက် လွတ်တဲ့နေရာလေးတွေကို ကလိလိုက်ထိုးနေမိသည်။ ရုတ်တရက် ဂျိတ်ခ်က ဆောင်ဟွန်းရဲ့ ရင်ဘတ်ကအင်္ကျီစကို လက်နှစ်ဖက်နဲ့ ကိုင်ဆုပ်လိုက်လို့ ဆောင်ဟွန်းကို သူ့မျက်နှာနားထိရောက်အောင် အားနဲ့ ဆွဲချလိုက်တယ်။ အပေါ်coatအင်္ကျီတွေကိုချွတ်ထားလို့ လက်ရှိဝတ်ဆင်ထားတာဟာ ရှပ်လက်ရှည်အဖြူလေးတစ်ထည်သာ၊ထိုရှပ်အဖြူလေးဟာ အားနဲ့အဆွဲခံလိုက်ရတဲ့အခါ အပေါ်ဆုံးကြယ်သီးတစ်လုံးကပြုတ်ထွက်သွားပြီး အထဲမှနေ၍ ဆောင်ဟွန်းအမြဲဆွဲထားနေကျဆွဲကြိုးလေးက အပြင်ကို ထွက်ကျလာခဲ့သည်။ အနီးကပ်မြင်နေရတဲ့ ပါးနုနုလေးတွေ၊ မျက်ဝန်းလေးတွေဟာ ဘယ်လောက်ကြည့်ကြည့် ဘယ်တော့မှရိုးသွားခြင်းမရှိခဲ့ဘူး။ ဆောင်ဟွန်းရဲ့ အနည်းငယ်ရှည်နေတဲ့ ရှေ့ဆံပင်လေးတွေဟာလည်း ဂျိတ်ခ်ရဲ့ မျက်နှာပေါ်ကို မထိတထိ ကျီစယ်နေသလိုဖြစ်နေသည်။ ထိန်းချုပ်လို့မရတော့တဲ့ ရင်ခုန်သံတွေဟာ ဘယ်လောက်ထိတောင် မြန်ဆန်နေခဲ့လဲဆို ဆောင်ဟွန်းဟာ အသက်ရှူသံပြင်းပြင်းတွေပါ ထွက်ပေါ်လာခဲ့ပြီး ဂျိတ်ခ်ရဲ့ ခါးပေါ်မှာ တင်ကျန်ရှိနေဆဲဖြစ်တဲ့ ဆောင်ဟွန်းရဲ့လက်တစ်ဖက်ဟာ ဂျိတ်ခ်ရဲ့ ခါးကို တစ်ချက်ဖြစ်ညှစ်မိသွားတဲ့အထိကို ဖြစ်ခဲ့ရသည်။

" ယားတယ်လို့ ပြောနေတယ်မလား "

ဂျိတ်ခ်ဟာ မူးနေရင် ပိုပြီးချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေပေါ်လာတတ်တာကို လွန်ခဲ့တဲ့ 8နှစ်လောက်က ဆောင်ဟွန်းတွေ့မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ သူဆက်ပြီး ကြည့်နေမိရင် ဂျိတ်ခ်ကို တစ်ခုခုလုပ်ပြစ်မိတော့မယ်ထင်တယ်။ အသိစိတ်ကို ပြန်ထိန်းလို့ ချောင်းတစ်ချက်ဟန့်လိုက်ကာ အုပ်မိုးလျက်ဖြစ်နေတဲ့ ကိုယ်ကို ပြန်မတ်လိုက်တဲ့အချိန်မှာပဲ ဂျိတ်ခ်က ဆွဲကြိုးကို လှမ်းဆွဲလိုက်တာကြောင့် ထပ်မံပြီး ဂျိတ်ခ်နဲ့ ပြန်လည်နီးကပ်သွားပြန်သည်။ ဟန်ချက်ပျက်သွားတဲ့ကိုယ်က ဂျိတ်ခ်ပေါ်ကို ဖိမိမှာစိုးတာကြောင့် ဆိုဖာပေါ်ကို လက်နဲ့ အမြန်ထောက်လိုက်ရသေးသည်။ ဆောင်ဟွန်းကသာ ကမ္ဘာပျက်နေရပေမဲ့ အမူးသမားလေးကတော့ ဘာမှမဖြစ်သည့်နှယ် ဆွဲကြိုးလေးနဲ့အတူတွဲဝတ်ဆင်ထားတဲ့ လက်စွပ်လေးကို လက်မလေးနဲ့ပွတ်သတ်နေခဲ့သည်။

" မင်းနဲ့အနီးဆုံးမှာ သိမ်းထားပေးခဲ့တာပဲ"

" Omm...အဟမ်း...မင်း ပြန်ယူတော့မလား "

" ဟင့်အင်း မင်းပဲယူထားပေး "

ဆောင်ဟွန်းကို ရူးသွပ်သွားစေချင်၍လားတော့မသိပေမဲ့ ဂျိတ်ခ်ဟာ ရဲတင်းလွန်းတဲ့အပြုအမူတစ်ခုကိုပြုလုပ်လိုက်လေသည်။ လှဲနေတဲ့ ခေါင်းလေးကို အနည်းငယ် မလိုက်လို့ လက်စွပ်လေးကို လှမ်းနမ်းလိုက်တာကြောင့် အရမ်းနီးကပ်နေတဲ့ ဆောင်ဟွန်းရဲ့နှုတ်ခမ်းတွေဟာ ဂျိတ်ခ်ရဲ့ နှဖူးပေါ်ကို ကျရောက်သွားခဲ့ရတယ်။ တစ်ကိုယ်လုံးပူလောင်လာတဲ့ ခံစားချက်နဲ့အတူ ဆောင်ဟွန်းရဲ့ လည်ဇလုပ်ဟာ အပေါ်အောက်ရွေ့လျားသွားရသည်။ နှုတ်ခမ်းတွေနဲ့ထိကပ်နေတဲ့ နှဖူးလေး ပြန်လည်ခွာသွားတဲ့နောက်တော့ ဆောင်ဟွန်းရဲ့ အကြည့်တွေဟာ သူ့ကို ရီဝေဝေကြည့်နေတဲ့ မျက်ဝန်းလေးတွေထံသို့၊ ထိုမှတဆင့် ဖြောင့်စင်းနေတဲ့ နှာတံလေး၊ အဲ့ကနေမှ တစ်ဖြည်းဖြည်းအောက်ကို ဆက်ရွေ့လျားမိတော့ နီရဲနေတဲ့ နှုတ်ခမ်းဖူးလေးစီမှာ ဆောင်ဟွန်းရဲ့ မျက်ဝန်းတွေရပ်တန့်သွားခဲ့တော့တယ်။ တယုတယနဲ့ နမ်းရှိုက်ခွင့်လေးရဖို့ရာအတွက် အချိန်တိုင်းလိုလိုမှာ ဆုတောင်းနေခဲ့ရတဲ့ ထိုနှုတ်ခမ်းလေးတွေဟာ ဆောင်ဟွန်းကို ညှို့ယူလို့နေခဲ့ပြီ......

" မျက်မှောင်ကြီးကျုံ့မထားပါနဲ့ "

စုကျုံ့နေတဲ့မျက်ခုံးနှစ်ဖက်ရဲ့ အလယ်တည့်တည့်ကို လက်ညှိုးလေးနဲ့ထောက်လို့ အသာလေးပွတ်သပ်နေတာဟာ ပြေလျော့သွားစေရန် အမိန့်တွေပေးနေသည့်နှယ်။ သူ့အလိုကျ ပြေလျော့သွားတဲ့နောက် ထိုလက်ညှိိုးလေးဟာ အောက်ဖက်ကိုဆင်းလာပြီး နှာခေါင်းရဲ့ဘယ်ဖက်မှာရှိနေတဲ့ မှည့်လေးပေါ်သို့ ရောက်လာခဲ့သည်။

" မင်းရဲ့ မှည့်လေးတွေက ပိုမည်းပြီး ပိုလှလာတယ် ဆောင်ဟွန်းနား "

" ပိုင်ရှင်ကိုစောင့်နေရလို့ ပိုမည်းလာတာ "

ပြုံးပါတယ်၊ ဆောင်ဟွန်းရဲ့ စကားကို သဘောကျသည့်အလား နှစ်လိုဖွယ်ရာပြုံးလာတယ်။နောက်ပြီး ညာဘက်မျက်လုံးအောက်က မှည့်လေးကို လက်နဲ့ပွတ်သပ်နေရင်း

" ပိုင်ရှင်ကလည်း ထိတွေ့ခွင့်ရဖို့ ဘယ်လောက်တောင်စောင့်ခဲ့ရလဲဆိုတာ မင်း မှည့်လေးတွေကသိလောက်မှာမဟုတ်ဘူး "

ဆောင်ဟွန်း သူ့ကို နမ်းမိတော့မယ်ထင်တယ်။ စကားပြောတိုင်း လှုပ်သွားတဲ့ နှုတ်ခမ်းလေးဟာ ကိုက်စားလိုက်ချင်စရာကောင်းနေခဲ့တယ်။အဲ့အချိန်မှာ တံခါးဖွင့်သံတစ်ခု နားထဲကို တိုးဝင်လာခဲ့တယ်၊ ဒါပေမဲ့ ဆောင်ဟွန်းဟာ ကြည့်နေမိတဲ့ ထိုနှုတ်ခမ်းလေးတွေစီကနေ အာရုံလွှဲလို့မရခဲ့ဘူး။ အခုချိန် ဆောင်ဟွန်းရဲ့ ဦးနှောက်ထဲမှာ အလုပ်လုပ်နေတဲ့အရာက ထိုနှုတ်ခမ်းလေးတွေကို နမ်းလိုက်ရမလားဆိုတဲ့ အတွေးတွေပဲ ဖြစ်နေသည်။ ဆောင်ဟွန်းရင်ဘတ်ကို အသာတွန်းလို့ လှဲနေရာမှ ဂျိတ်ခ်ကထထိုင်လိုက်၍ တံခါးဝကို ငေးကြည့်နေတာကြောင့် ဂျိတ်ခ်ကြည့်နေတဲ့ နေရာစီသို့ ဆောင်ဟွန်းပါ လှမ်းကြည့်လိုက်တဲ့အခါ ငိုနေတဲ့ ဆောနူရယ်၊ ဆောနူကို ဖက်ထားပေးတဲ့ ဂျောင်ဝန်းနီရယ်၊နှဖူးကို လက်ညှိုးနဲ့လက်မသုံးပြီး ဖိထားတဲ့ ဂျုံဆောင်းရယ်ကို တွေ့လိုက်ရသည်။ အဲ့မြင်ကွင်းတွေဟာ ဆောင်ဟွန်းကို တုန်လှုပ်သွားဖို့ရာ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဂျိတ်ခ်ရဲ့ မျက်နှာလေးကိုသာ ပြန်ငေးကြည့်မိတဲ့အခါ ဂျိတ်ခ်ဟာလည်း ဆောင်ဟွန်းနည်းတူ တည်ငြိမ်နေခဲ့တယ်။ ဆောနူစီကို သွားရန်မျက်စပြစ်ပြပြီး ဆောင်ဟွန်းကို တွန်းလွှတ်နေတာကြောင့် မတတ်သာပဲ ထ၍ လျှောက်သွားနေတုန်း ဆောင်ဟွန်းစီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး ဆောင်ဟွန်းရဲ့ မျက်နှာကို အားနဲ့ရိုက်ပြစ်လိုက်တဲ့ ဆောနူ။ " ဖြန်း " ဆိုတဲ့ အသံနဲ့အတူ ဂျိတ်ခ်ရဲ့" ဂင်မ်ဆောနူ" ဆိုတဲ့အသံဟာ ရှေ့ဆင့်နောက်ဆင့်ပဲ ထွက်ပေါ်လာတယ်။

" ငါ့ရှေ့မှာတောင် မင်း ဖောက်ပြန်နေတယ် ဟုတ်လား ကိုကို "

" ..... "

" မင်း ​ဖြေလေ...ငါ့မျက်စိရှေ့မှာ တခြားသူနဲ့..."

ဆောင်ဟွန်းကို ထုရိုက်နေတဲ့ဆောနူနဲ့ ဆောင်ဟွန်းကြားကို ဂျိတ်ခ်ဟာ အပြေးဝင်လာခဲ့သည်။

" မင်း ဆောင်ဟွန်းကို လက်ဖျားနဲ့တောင် မထိနဲ့ ဂင်မ်ဆောနူ "

" ထိတော့ဘာဖြစ်လဲ? ရိုက်တော့ရော ဘာဖြစ်လဲ? ကိုယ့်ချစ်သူကိုယ်ရိုက်တာ... hyungကမှ အခု သူများချစ်သူကို မြူစွယ်နေတာမဟုတ်ဘူးလား? "

ဂျိတ်ခ်ရဲ့ အနောက်မှာရှိနေတဲ့ ဆောင်ဟွန်းရဲ့ လက်မောင်းကို လှမ်းဆွဲနေတဲ့ ဆောနူကို ဂျိတ်ခ်ဟာ ဆိုဖာပေါ်ကို ပိတ်တွန်းပြစ်လိုက်သည်။

" ရှင်းမ်ဂျိတ်ခ်!!!! "

" ဆောနူ!! "

ဂျုံဆောင်းနဲ့ ဂျောင်းဝန်းစီက ထွက်လာတဲ့အသံတွေဟာ ကျယ်လောင်စွာ....

" မထိရဘူး!!!! မင်း နောက်တစ်ခါ ဆောင်ဟွန်းကို အဲ့လိုထပ်လုပ်ရင် ငါ မင်းကို သတ်ပြစ်မိလိမ့်မယ် "

" ရှင်းမ်ဂျိတ်ခ်မတော်သေးဘူးလား!!! "

" Jakey တော်တော့ "

ဂျုံဆောင်းရဲ့ အော်သံကို လျစ်လျူရှုလို့ ဆောင်ဟွန်းရဲ့အရှေ့မှာ မြင်နေရတဲ့ လက်သီးစုပ်လေးကိုသာ အသာကိုင်လိုက်လို့ ဂျိတ်ခ်ကို ဆောင်ဟွန်းဖက်သို့ ဆွဲလှည့်လိုက်သည်။

"အိမ်မှာ ပြန်အနားယူလိုက်နော်။ ငါ ဒါတွေဖြေရှင်းလိုက်ဦးမယ်။ ပြီးရင် ငါ မင်းစီလာခဲ့မယ်"

အောက်နှုတ်ခမ်းကို ဖိကိုက်ထားတဲ့ ဂျိတ်ခ်ရဲ့ မျက်ဝန်းတွေဟာ ဆောင်ဟွန်းအရိုက်ခံလိုက်ရ
တဲ့ ပါးပြင်ပေါ်မှာ တည်ရှိနေခဲ့သည်။

" ဂျုံဆောင်း ဂျိတ်ခ်ကို အိမ်ပြန်လိုက်ပို့ပေးပါ...ဂျောင်ဝန်းနီးလည်းပြန်တော့။ ငါ ဆောနူနဲ့စကားပြောလိုက်ဦးမယ် "

ဂျုံဆောင်းက ဂျိတ်ခ်လက်ကိုဆွဲပြီးခေါ်သွားတော့ ဂျိတ်ခ်က ဆောနူကိုကြည့်ကာ တောက်တစ်ချက်ခေါက်သွားသေးသည်။ အခုဆို အခန်းထဲမှာ မျက်နှာကို လက်နဲ့အုပ်ကာ ငိုနေတဲ့ ဆောနူနဲ့ ဆောနူရဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေတဲ့ ဆောင်ဟွန်းပဲ ကျန်ခဲ့တော့သည်။

" ဆောနူ "

ဆောင်ဟွန်းက ခေါ်လိုက်တော့မှ ဆောနူက မျက်ရည်တွေကို လက်နဲ့သုတ်ပြစ်ပြီး ဆောင်ဟွန်းကို ပြေးဖက်လာသည်။

" ငါ မှားသွားတယ်။ ကိုကို့ကို ရိုက်လိုက်မိတာ ငါ တောင်းပန်ပါတယ် "

" ဆောနူထပ်ရိုက်ချင် ရိုက်လိုက်ပါ ကိုယ်အဆင်ပြေတာမလို့ "

" ဟင့်အင်း မရိုက်ဘူး မရိုက်ဘူး "

" တောင်းပန်ပါတယ်ဆောနူ။ ကိုယ်တို့ ဆက်ဆံရေးကို ဒီနေရာမှာပဲ ရပ်ပြစ်လိုက်ကြရအောင် "

" မပြောပါနဲ့ ကိုကိုရယ်။ ငါက တောင်းပန်ပါ့မယ်။ ကိုကို ဂျိတ်ခ်hyungနဲ့ ဘာဖြစ်ဖြစ် ငါမသိချင်ယောင်ဆောင်နေပေးမှာမလို့ ငါ့ကို ကိုကို့ဘေးနားလေးမှာပဲ နေခွင့်ပေးပါ နော် "

ရင်ခွင်ထဲက ဆောနူကို ပုခုံးကနေကိုင်၍ ဆွဲခွာလိုက်ပြီးတဲ့နောက် ဆောနူကို ကြည့်ကာ

" ကိုယ် ဂျိတ်ခ်ကို ချစ်တယ် ဆောနူ "

" ဂျိတ်ခ်hyungမှာ ရည်းစားရှိတယ်လေ ကိုကိုရယ်"

" ကိုယ်က အဲ့လူထက်အရင် သူ့ကိုချစ်မိခဲ့တာပါ။ ကိုယ့်ဘဝမှာ အလိုအပ်ဆုံးကလည်း သူတစ်ယောက်တည်းဖြစ်ခဲ့တာ "

" တော်တော့ ကိုကို! "

" အဲ့လိုမျိုး ကိုယ်က မင်းကို မချစ်ပေးနိုင်ဘူး ဆောနူ။ အဲ့ဒါကြောင့်မလို့ ကိုယ်တို့ အေးဆေးလမ်းခွဲလိုက်ရအောင် နော် "

" ငါ့ဘက်ကတော့ လမ်းမခွဲပေးနိုင်ဘူး ကိုကို။ သူ့ကြောင့် ဖြစ်လာတဲ့ ကိုကို့ရဲ့ အပြုံးတွေကို ကြည့်ပြီးငါဘယ်လောက် စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရလဲ ကိုကိုသိလား ဟမ်....ကိုကို့မျက်ဝန်းတွေထဲ သူကလွဲပြီး တခြားဘယ်သူမှမရှိတော့တဲ့အခါတွေမှာရော ငါ့ကို ထားသွားမှာကို ဘယ်လောက်တောင်ကြောက်နေခဲ့ရသလဲ? "

" ကိုယ်ကအဲ့လိုမျိုးဖြစ်နေတာမလို့၊ ကိုယ့်စိတ်တွေကို သူကပဲထိန်းချုပ်ထားတာမလို့၊ အဲ့တာကြောင့်မလို့ ကိုယ်ဒီဆက်ဆံရေးကြီးကို ရပ်တန့်ပြစ်ချင်နေတာ ဆောနူ...ကိုယ်တို့..... "

" ငါ ကိုကို့ကို ဘယ်လောက်တောင် ချစ်ခဲ့ရလဲ? ကိုကိုရဲ့ ချစ်သူဖြစ်ခွင့်ရလို့ ဘယ်လောက်တောင် ပျော်ခဲ့ရသလဲ? အဲ့ဒါကို ကိုကိုသိရဲ့လား? အခုမှလာပြီးတော့တော့ လမ်းမခွဲ​ပေးနိုင်ဘူး ကိုကို။ မင်းက ငါ့ချစ်သူ၊ ငါနဲ့ဆိုင်တဲ့သူပဲ ဖြစ်ရမယ် "

ပြောချင်တာတွေပြောပြီး ပြေးထွက်သွားတဲ့ ဆောနူကြောင့် ဒီရှုပ်ထွေးနေတဲ့အခြေအနေကြီးက ဒီတိုင်းပဲ ဖြစ်သွားပြန်ပြီဖြစ်သည်။

Continue Reading

You'll Also Like

1M 39.5K 92
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
947K 58.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
485 85 7
royal blue, light blue, darkblue, indigo...All are blue